သဖန်းသားဟာ အပင်မှ ခုတ်ဖြတ်ပြီးခါစ အစိုလည်းဖြစ်နေမယ်၊ ရေလည်းစိမ်ထားမယ်
ဆိုရင် အဲဒီလို သစ်သားအစိုကို အချင်းချင်းဖြစ်စေ၊ အခြားသစ်သားနဲ့ဖြစ်စေ ပွတ်ပေမယ်လို့
မီးမပွင့်ဘူး၊ မီးမဖြစ်ဘူး။ အဲဒီလိုပဲ သားမယားစသော ကာမဂုဏ်အာရုံ ၀တ္ထုတွေကလည်း ရှိနေ
မယ်၊ နှစ်သက်သာယာတဲ့ ကိလေသာကာမတွေကလည်း ဖြစ်နေမယ်ဆိုရင် ကိုယ်ပင်ပန်းအောင်
ဘယ်လိုပဲ အားထုတ်ပေမယ်လို့ လောကုတ္တရာဉာဏ်အမြင် တရားထူးကို မရနိုင်ဘူးတဲ့။
သဖန်းသားဟာ ရေစိုစွတ်ခြင်းတော့ မရှိဘူး၊ ဒါပေမယ့် အပင်မှ ခုတ်ဖြတ်ပြီးခါစ စိမ်းစို
နေသေးရင် အဲဒီသစ်သားစိုကို မီးပွတ်လို့ မီးမပွင့်ဘူး၊ မီးမဖြစ်ဘူး၊ အဲဒီလိုပဲ သားမယားစသော
ကာမဂုဏ်အာရုံ ၀တ္ထုတွေက အနီးအပါးမှာ သိမ်းပိုက်ထားတာ မရှိပေမယ်လို့ စိတ်ကူးဖြင့် နှစ်
သက်သာယာနေတဲ့ ကိလေသာကာမတွေက ဖြစ်နေမယ်ဆိုရင် ကိုယ်ပင်ပန်းအောင် ဘယ်လိုပဲ
အားထုတ်ပေမယ်လို့ လောကုတ္တရာဉာဏ်အမြင် တရားထူးကို မရနိုင်ဘူးတဲ့။
( ဒီဥပမာကတော့ ဗြဟ္မဏဓမ္မကတို့၏ ရသေ့ပြုခြင်းကို ရည်ရွယ်ကြောင်း အဌကထာမှာ
ပြဆိုထားပါတယ်။ အဲဒီ ဗြဟ္မဏဓမ္မိကဆိုတဲ့ ပုဏ္ဏားတွေဟာ ငယ်စဉ်ကစပြီး အသက် ၄၈ နှစ်
အထိ ဗြဟ္မစရိယ အကျင့်ကို ကျင့်ကြတယ်။ အဲဒီကနောက်မှာ အမျိုးအနွယ်မပြတ်စေရန်ဆိုတဲ့
ရည်ရွယ်ချက်ဖြင့် အကျင့်မှထွက်ပြီး အိမ်ထောင်ပြုကြပါသတဲ့၊ ဒီလိုဆိုတော့ သူတို့မှာ ဗြဟ္မစရိ
ယကို ကျင့်နေစဉ်ကလည်း ကာမရာဂတွေ ဖြစ်နေမှာပဲ။ )
သဖန်းသားဟာ သွေ့ခြောက်လည်းနေမယ်။ ရေနဲ့လည်း မတွေ့မထိရဘူးဆိုရင် အဲဒီ
သစ်သားခြောက်ကို မီးပွတ်ရင် အလွယ်တကူနဲ့ မီးပွင့်လာမယ်။ အဲဒီလိုပဲ ကာမအာရုံ ၀တ္ထုတွေ
ကိုလည်း စွန့်ပယ်ထားပြီး ဖြစ်မယ်။ စိတ်ကူးဖြင့် နှစ်သက်သာယာတဲ့ ကိလေသာကာမတွေကို
လည်း အာလယပြတ် ကောင်းကောင်းပယ်ထားပြီး ဖြစ်မယ်ဆိုရင် ကိုယ်အပင်ပန်းခံပြီး အား
ထုတ်ရင်လည်း လောကုတ္တရာဉာဏ်အမြင် တရားထူးကို ရနိုင်တယ်။ ကိုယ်အပင်ပန်းမခံဘဲ
ချမ်းသာလွယ်ကူတဲ့ အကျင့်ဖြင့်လည်း လောကုတ္တရာဉာဏ်အမြင် တရားထူးကို ရနိုင်တယ်။ ။
{ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓမ္မစကြာတရား
တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
February 20, 2015
တရားထူးရနိုင်၊ မရနိုင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment