August 31, 2013
ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ...
ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့...
တော်ကြားပေါင်းမယ် တော်ကြာကွဲမယ်...
ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
ဟီးးး မဆုံချင်တော့ပါဘူးဘုရား...
ဒကာကြီး နောင်ဘဝမှာ မပေါင်းချင်တော့ဘူးဆို လွယ်လွယ်လေးပဲ...
အတွဲလေးမျိုး ဘုရားဟောထားတာရှိတယ်...
ဒကာကြီးက နောင်ဘဝ မတွေ့ချင်တော့ဘူးဆိုရင်
သူအမြဲလုပ်နေတဲ့ ကုသိုလ်တွေကို အတူတူမလုပ်နဲ့တော့...
ဒကာမကြီးက ကုသိုလ်ကောင်းမှုလုပ်တာများတော့ သူကနတ်ပြည်သွား...
ဒီတော့ ဒကာကြီးက မတွေ့ချင်ဘူးဆိုရင်တော့ အပါယ်သွားပေါ့...
ဒါတော့ မဖြစ်ဘူးဘုရား သူ့သွားခိုင်းရမယ်...
အော်... ချစ်တာချစ်တာ သံယောဇဉ်တွေ ရှိတုန်းကလည်းလွန်လွန်ကဲကဲ...
ပါးသွားပြီဆိုတော့လည်း ဖွဲနဲ့ဆန်ကွဲ တန်ဖိုးမထား မမြင်ကြတော့ဘူး...
အရှင်ဘုရား လေးမျိုးဆိုတာ ပြောပြပါဦးဘုရား...
ဒီလိုဒကာကြီးရဲ့...
ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေကို သဒ္ဓါတရားတူမျှစွာ အတူပြုကြရင်...
နတ်သမီးနတ်သားစုံတွဲတဲ့...
ဒီဘဝလည်းကောင်း သံသရာမှာလည်း အတူတူပျော်ပျော်ပါးပါးပေါ့...
ဒီဘဝမှာ အမျိုးသားကကုသိုလ်တွေပြု အမျိုးသမီးကမပြုဘူးဆိုရင်တော့...
အမျိုးသားကနတ်သားနဲ့တူ အမျိုးသမီးကငရဲသူတဲ့...
ဒီဘဝမှာလည်း အဆင်မပြေ နောင်ဘဝကျရင်လည်း မတွေ့ရတော့ဘူးပေါ့...
ဒီဘဝမှာ အမျိုးသားကကုသိုလ်မပြု အမျိုးသမီးကကုသိုလ်တွေပြုဆိုရင်တော့...
အမျိုးသားကငရဲသားနဲ့တူ အမျိုးသမီးကနတ်သမီးနဲ့တူတယ်တဲ့...
အသွင်မတူတော့အဆင်မပြေ နောင်ဘဝကျရင်လည်း မတွေ့နိုင်တော့ပါဘူး...
ဒီဘဝမှာ နှစ်ဦးလုံး အကုသိုလ်တွေ အတူတူပြုကြရင်တော့...
ငရဲသူ ငရဲသားစုံတွဲတဲ့...
နောင်ဘဝ ငရဲဘုံမှာ တူတူတွေ့ဆုံကြပြီး ပင်ပန်းကြတော့မှာပေါ့...
ဒီတော့ တွေ့လည်းမတွေ့ချင် အပါယ်လည်းမသွားချင် ဘယ်လိုလုပ်မလဲ...
ဘုန်းကြီးတို့ ၃၁-ဘုံကို ခြုံလိုက်ရင် သုနဲ့ဒုဆိုပြီး...
သုဆိုတာ သုဂတိ ကောင်းသောဘုံ...
ဒုဆိုတာ ဒုဂ္ဂတိ မကောင်းသောဘုံဆိုပြီး နှစ်မျိုးခွဲလိုက်ရင်...
သုဂတိဘုံမှာ လူ-၁ နတ်-၆ ဗြဟ္မာ-၂ဝ ပေါင်း၂၇-ဘုံ ရှိပါတယ်...
ဒုဂ္ဂတိဘုံခေါ်တာကတော့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်-၄ ဘုံပေါ့...
ကိုယ်ကအပါယ်မသွားချင်ဘူးဆိုရင် ကောင်းမှုကုသိုလ်ပဲ ပြုရတော့မယ်...
ဒီဘဝမှာက လင်ရယ်မယားရယ်ဖြစ်နေတော့ အကြောင်းအမျိုးမျိုးနဲ့
ကုသိုလ်တွေက အတူတူ ပြုနေကြရဦးမှာ...
ကိုယ်က သူ့ထက်ပိုပြီး ကုသိုလ်တွေပြုနိုင်မယ် တရားတွေ ကျင့်နိုင်မယ်ဆိုရင်တော့
သူနဲ့မတွေ့နိုင်တဲ့ မတူညီသော သုဂတိဘုံကို ဒကာကြီးရောက်နိုင်ပါတယ်...
ဥပမာ...
သူက ဒါနကုသိုလ် သီလကုသိုလ်ပဲရှိတယ်ထားလိုက်...
ကိုယ်က ဈာန်ကုသိုလ် အဘိညာဏ်ရအောင်လုပ် ဒါဆို သူနဲ့မတွေ့နိုင်တော့ပါဘူး...
ဟိုရောက်မှ တွေ့ချင်သေးတယ်ဆိုပြီး
အဘိညာဏ်နဲ့ ခဏခဏ ခြောင်းကြည့်မနေနဲ့တော့ပေါ့လေ...
နောက်တစ်ခုက ဒီလိုရှိပါသေးတယ်ဒကာကြီးရယ်...
ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဘဝတွေကို ပြန်ကြည့်ရင်...
ဘုရားအလောင်းတော်နဲ့ ယသောဓရာအလောင်း ဘဝမျိုးစုံ တွေ့ဆုံကြရတာပါ...
သူကနိမ့်လိုက် ကိုယ်ကနိမ့်ကျလိုက်နဲ့ပေါ့...
တစ်ချို့ဘဝတွေမှာ မတွေ့ချင် မမြင်ချင် ငြင်းခုံ ရန်ဖြစ်မှုတွေ ရှိခဲ့ကြတာပါပဲ...
ဘဝမျိုးစုံ ခန္တီတရား ကရုဏာတရား မေတ္တာတရားတွေ ဖြည့်ခဲ့ကြရပါတယ်...
ဒကာကြီးထက် သူကနိမ့်နေရင် ကရုဏာ မေတ္တာ ခန္တီ တရားတွေနဲ့နေပါ...
ဒကာကြီးထက် သူကမြင့်သွားရင် မုဒိတာ မေတ္တာ ခန္တီ တရားတွေနဲ့နေပေါ့...
ဒီလိုနေသွားနိုင်ရင် ဒီဘဝကော နောင်တမလွန်ပါ ကောင်းသွားမှာပါ...
သူပြင်တာကို ကိုယ်ကမစောင့်ပါနဲ့...
ကိုယ်ကပြင်လိုက်ပါ...
နှစ်ဦးလုံးအတွက် အကျိုးကြီးပါတယ်...
လင်ခန်းမယားခန်း အိမ်ထောင်ရေးမို့ ပေါင်းပါလို့ မပြောလိုပေမဲ့
သူတော်ကောင်းတရားတွေ ကျင့်ကြပါလို့ ပြောချင်ပါတယ်...
မိသားစု ဥမကွဲ သိုက်မပျက် ပျော်ရွင်ချမ်းမြေ့ကြပါစေ...
လိမ်လိမ်မာမာနေ...
ဦးလောကနာထ
၁၂.၂၆.၂ဝ၁၁
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
   ဗုဒ္ဓတရားတော်များ by U Lawkanartha  /  612d  //  keep unread  //  preview  //  trash
                       ဆိုက်မှ ကူယူဖေါ်ပြပါသည်။
ကုက္ကုစ္စကို အရှုခံအာရုံအဖြစ်ထား၍ ရှုမှတ်ပုံတရားတော် အပိုင်း (၂) - ပိုင်းလော့ဆရာတော်ကြီး
အပိုင်း (၂) 
သွားချင်တာက နိဗ္ဗာန်၊ ရောက်တာက အပါယ်ဖြစ်လိမ့်မယ်။ သဘောပေါက်ရဲ့ လား။ အထက်နဲ့အောက်နဲ့ လွဲလိမ့်မယ်နော်။ သတိထား။ ကုက္ကုစ္စက အင်မတန် အန္တရာယ်များတယ်၊ အဲဒီတော့ သူ့သဘောတရားကို သိလို့ရှိရင် လက်ရှိအခြေအနေကို မကျော်နဲ့စကားကို ပြန်သုံးနော်။ အချိန်တိုင်းမှာ အခုချိန်လေးဘဲ၊ အချိန်မမေ့နဲ့။ အခုချိန်လေးဘဲ။ မျက်စိလေးမှိတ်ပြီး ခံစားကြည့်လိုက်တော့ ဒီမှာ တင်းဖွဲ့နေတယ်၊ ရင်ထဲမှာလည်း အပူဓါတ်ရှိတယ်၊ အခဲမကြေဘူး ခေါ်တာပေါ့၊ အခဲကြီးက တင်းဖွဲ့နေတော့ အခဲမကြေဘူးဖြစ်နေတယ်။ အဲ့ဒီအခဲမကြေဖြစ်နေတာကြီးကို အ၀ိဇ္ဇာနဲ့ ဖုံးထားပြီးတော့ အပြစ်ရှာရင်လွဲပြီ၊ သဘောပေါက်ရဲ့ လား။ ဘယ်သူ့ကြောင့်။ ခုနက ဘယ်လိုလုပ်လိုက်လို့ ဖြစ်တာ။ ငါကလည်း ညံ့သွားတာနဲ့။ အဲ့ဒီမှာ စကားနဲ့ အဖြေရှာလို့တော့ မပြီးတော့ဘူး၊ ဒါဆိုရင် သွားချင်တာက နိဗ္ဗာန်။ ဦးတည်နေတာက အပါယ်လေးပါး ဖြစ်နေတော့ လမ်းလွဲမနေဘူးလား။ ကျွန်ဆင်းရဲဖြစ်နေပြီ။ သဘောပေါက်ရဲ့ လား။ နားလည်တယ်နော်။
အဲ့ဒီအချိန်မှာ သတိထားရမှာက လက်ရှိအနေ အတင်းအလျော့ကို ကြည့်လိုက်တာနဲ့ ဒါဟာကျက်စားမတတ်ရင် ကုက္ကုစ္စ ဖြစ်လိမ့်မယ်လို့ ချက်ခြင်းသတိရ ရမယ်။ ဒေါသလည်း ပါသွားလိမ့်မယ်။ နားလည်ပြီနော်။ ဒါဖြင့်ရင် တင်းဖွဲ့ပြီး အားမရတဲ့ သဘောတရားလေးဟာ ဒေါသအရှိန်ကျန်ခဲ့တာနော်၊ ကိုယ်မှားခဲ့တာ၊ လွန်သွားတာ၊ မလုပ်လိုက်မိတာလေးတွေဟာ ဒီမှာပေါ်လာပြီ။ ပေါ်တော့ကာ ဒိဋ္ဌိကြိုးလေး ပိုမတင်းဘူးလား၊ တင်းပြီ။ အပူချိန်ရော ပိုမြင့်မလာဘူးလား။ အဲ့ဒါကို မနေ့က (မိုးကုတ်) ဆရာတော်ဘုရားကြီးပြောသလို လမ်းခင်းပစ်လိုက်၊ အရှုခံထားပစ်လိုက်၊ နားလည်ပြီလား။ အေး. ဒီဟာကြီးက အရှုခံသဘောတရားလို့ ကြည့်ပစ်လိုက်။ ဒါခန္ဓာဖြစ်နေတာကိုး။ အရှုခံ ခန္ဓာလေ။ မမေ့နဲ့နော်။ ဘာသိသိ သိတယ်ဆိုရင်ဘဲ ခံစားလို့ သိဆိုရင်ဘဲ ခန္ဓာငါးပါးလေ။ မမေ့နဲ့။ ဒါဟာ အရေးအကြီးဆုံးပဲနော်။ အင်မတန် ကျယ်ဝန်းတယ် ဒီနေရာကျတော့။ ဒီကာယပသာဒမှာ ပေါ်တာက ကျယ်ဝန်းပါတယ်။
ဒီဘက်က ရုပ်သမူ ဆိုပါတော့၊ ရုပ်သမူကို ဖြစ်ခွင့်ရတာက ဘာတွေ ဖွဲ့ထားလဲဆိုရင် အခြေခံက ဓါတ်လေးပါး။ ပထ၀ီပါမနေဘူးလား။ ဟုတ်ပြီ။ မှတ်မိတယ်နော်။ ပြီးတော့ တေဇော၊ ၀ါယော၊ အာပေါ။ အဲဒီမှာ အမှီရုပ်ကတော့ အားလုံး သိပြီးသားပဲနော်။ ဥပါဒါ ရုပ်က ၄ ခု။ ဆိုကြမယ်။ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ။ သတိထားနော်။ ဒီရုပ်တွေကိုဘဲအာရုံ အဖြစ်နဲ့ ကျက်စားမှာ။ သဘောပေါက်လား။ စိတ်၊ စေတသိက်တွေက ဒီရုပ်ကိုဘဲ အာရုံအဖြစ်နဲ့ ကျက်စားမှာလေ။
ပြန်ပြောမယ်နော်။ မျက်စိမှာတိုက်မှာက ၀ဏ္ဏဆိုတဲ့အဆင်း။ အဲဒါကိုဘဲ အာရုံအဖြစ်နှင့် ကျက်စားမှာ။ နာမ်ခန္ဓာလေးပါးက ဒွါရမှာ ဒီလိုအာရုံ ရုပ်တွေ တိုက်တော့မှ၊ ဒီဘက်က တိုက်တဲ့နေရာလေးကို သတိထားနော်၊ အာရုံဒွါရ တိုက်တာမှာ ဒီဘက်က အခံဓါတ်ရှိတယ်၊ ဒီဘက်မှာ နာမ်လေးပါးက တစ်ပေါင်းတည်းဖြစ်ပြီးတော့ ကျက်စားကြတာ၊ အာရုံအဖြစ်နဲ့နော်။ တူသောအာရုံဆိုတာကို နားလည်ပြီးလား။
အဲ့ဒီတော့မှ သိလိုက်တာ။ ကာလမခြား မနောမှာရော မသိဘူးလား၊ ဒါသတိထားနော်။ ကာလမခြား မနောမှာလည်းဘဲ ခန္ဓာဖြစ်တာဘဲ။ အဲ့ဒီမှာလည်းဘဲ ရုပ်ကိုဘဲ စွဲလိုက်တာဘဲ၊ သိဆိုတာ ရုပ်ကိုဘဲ သိတာလေ၊ ရုပ်ကိုသိတာ။ ရုပ်ရဲ့သဘောတရားက ဆန်းကြယ်တာက ဒွါရကို ဆိုင်ရာ ဆိုင်ရာ ကြည့်တော့ကာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်။ ၆ခုရှိတာကိုး။ ဒွါရ ၆ ပါးနော်။ အဲ့ဒီထဲမှာ ပြန်စဉ်းစား။ အကျယ်ဝန်းဆုံးက ဘယ်ဒွါရဖြစ်မယ်ထင်လဲ။ တနည်းအားဖြင့် ပရိယာယ် အများဆုံးက ဘယ်ဒွါရဖြစ်မယ့် ခန္ဓာကိုထင်လဲ၊ သတိထားနော်၊ ဒါအရေးကြီးတယ်နော်၊
မျက်စိကတော့ အဆင်းတစ်မျိုးတည်းကိုဘဲ သူကမြင်တာ၊ ပြီးရင် ကာလမခြား မနောသွားပို့လိုက်တယ်။ မနောရောက်သွားတာ။ ဒါသဘောပေါက်ရဲ့လား။ မနောကလည်း တကယ်တော့ ပြဿနာမရှုပ်ဘူး။ ပေါ်တဲ့ အမူအယာအရိပ်ကို ရင်ထဲဖြိုခွဲလိုက်ရင် ပျောက်သွားတာ၊ သူက ပြဿနာမရှိဘူး။ သဘောပေါက်ရဲ့လား။ တစ်ခါဘေးက ငုတ်ပါတဲ့ သဒ္ဒဆိုတဲ့ အသံကလည်းဘဲ ဒါက နားအတွက်ဆိုတော့ ဒါလဲ ပြဿနာ မရှိဘူး၊ သိပ်ပြီးတော့ ကြီးကျယ်တာ မဟုတ်ဘူး။ မကျယ်ဝန်းဘူးနော်၊ ကာလမခြား မနောပေါ်။ ရှုရင်ပျောက်သွားတာဘဲ။ တခါ ဂန္ဓ အနံ့ကလည်းဘဲ နှာခေါင်းအတွက်။ ဒါလဲ ပြဿနာသိပ်မရှိဘူး၊ မနောပေါ်တာမိရင် ပြီးသွားတာဘဲ။ တခါ အရသာလည်း လျှာမှာပေါ်တာလည်း ပြဿနာမရှိဘူး၊ မနောပေါ်တာမိရင် ပြီးတယ်။
အဲ…ကိုယ်မှာ ပေါ်တာက တော်တော် ကျယ်ဝန်းတာ။ သူက ဓါတ် ၃ပါး ယူထားတာကိုး။ ကျယ်ဝန်းတယ်နော်။ မနောကတော့ ဖွဲ့စည်းအာပေါတစ်မျိုးတည်းဆိုတော့ ပြဿနာမရှိပါဘူး။ ပုံဖွဲ့လိုက်တာနဲ့ ဒီက ဃနကြေအောင် ဉာဏ်လေးထုတ်လိုက်ရင် ပြီးသွားတာဘဲ။
သူက ပရိယာယ် တော်တော်များတာ။ ကိုယ်မှာပေါ်တာက။ ပြန်စဉ်းစားနော်။ သူက စိတ်ကျက်စား မှားလိုက်တာနဲ့ ကိုယ်ပါပြောင်းပြောင်းသွားတာ။ ဆန်းကျယ်တယ်။ သေသေချာချာမှတ်နော်။ ဓါတ် ၃ပါးမှာက ပထ၀ီဆိုတာက အကြမ်း အနုမဟုတ်လား။ တေဇောက အပူ အအေး၊ ၀ါယောကတော့ အတင်း အလျော့။ အဟုန်ဓါတ်ကိုး..။ အပူ အအေးနဲ့ အတင်း အလျော့နဲ့ အကြမ်း အနုက အမြဲတမ်း အပြောင်းအလဲ ရှိနေတာ။ ဒါဖြင့်ရင် နှလုံးသွေးမှာ စိတ်ကမှီထားပြီးတော့ကာ အာရုံကျက်စားတိုင်း ကျက်စားတိုင်း သူနှင့်ဆက်သွယ်မနေဘူးလား။ သူကအဓိကဖြစ်နေတာ။ သဘောပေါက်လား။ ပြန်ပြောမယ်နော်။
နှလုံးသွေးနှင့် တစ်ကိုယ်လုံးနှင့် အဆက်အသွယ်ရှိမနေဘူးလား။ ရှိနေတယ်။ သဘောပေါက်လား။ စိတ်ကျက်စားမှားလိုက်တာနဲ့ အပူဓါတ် ထွက်တယ်ဆိုရင် အပူဓါတ်က မနောကခံစားတာလား၊ ကိုယ်က ခံစားတာလား။ (ကိုယ်က ခံစားတာပါဘုရား။) ဟုတ်တယ် ကိုယ်က ခံစားတာ။ တင်းတာကလည်းဘဲ မနောမှာ ပေါ်တဲ့ အသိလား၊ ကိုယ်မှာပေါ်တဲ့ အသိလား။ (ကိုယ်မှာပေါ်တဲ့ အသိပါဘုရား။) ကပ်ပြီချော်နေတာကို သတိထားနော်။ တင်းနေတယ်ဆိုတာက မနောမှာ ပေါ်တဲ့ ခန္ဓာမဟုတ်ဘူး၊ ကိုယ်မှာပေါ်တဲ့ ခန္ဓာ။
စိတ်က ကျက်စားတာက အာရုံဘဲ အရိပ်ကိုဘဲ ကျက်စားရတာလေ။ ရုပ်၊ နာမ်၊ ပညတ်၊ နိဗ္ဗာန် ဒါလေးဘဲ ကျက်စားတာ။ သူက ပညတ် အမည်ခံတယ်၊ အမည်တပ်တယ်။ ပေါ်တဲ့ ပုံရိပ်ကလေးကို ဖွဲ့တယ်။ စကားလုံးတန်ဆာဆင်တယ်။ သူက ကျက်စားတာဘဲ ရှိတယ်။ ဒီက အပူအအေးဆိုတာက ကိုယ်မှာ ပေါ်တဲ့ ခန္ဓာဖြစ်နေတာ။ ကာယပသာဒမှာ ပေါ်တဲ့ ခန္ဓာဖြစ်နေတာ။ သူက ကျယ်ဝန်းတယ်။ အဲ့တော့ ကျက်စားတာ နည်းနည်း ကြမ်းသွားပြီဆိုရင် အပူဓါတ်ထွက်တာနဲ့ ဒီမှာ တင်းဖွဲ့ ချည်တော့တာဘဲ။ အဲ့ဒီတော့ ဒီမှာ ပြောင်းမသွားဘူးလား။ တင်း ဖွဲ့ ချည် ပြောင်းတာကို ကိုယ်က ဒေါသလို့ အမည်ပြောင်းတော့ အမည်အတိုင်း ဒေါသက လိုက်လိုက်တာပေါ့နော်။ အမှန်ကတော့ ခန္ဓာပြောင်းသွားတာဘဲ။ ခန္ဓာမီးက တမျိုးအသွင်းပြောင်းပြလိုက်တာဘဲ အမှန်က။ အရှုခံခန္ဓာက အသွင်ပြောင်းပြလိုက်တာ။ သဘောပေါက်ရဲ့ လား။
(ဆက်ရန်)  
                                ဆိုက်ကူယူဖေါ်ပြပါသည်။
ကုက္ကုစ္စကို အရှုခံအာရုံအဖြစ်ထား၍ ရှုမှတ်ပုံတရားတော် အပိုင်း (၁) - ပိုင်းလော့ဆရာတော်ကြီး
***ဤတရားတော်သည် ဓမ္မာနုပဿနာပိုင်းကို အားထုတ်နေကြသော ယောဂီများအတွက် အထူးသင့်လျှော်ပါသည်။***
အပိုင်း (၁)
ဒေါသတရားထဲမှာ ကုက္ကုစ္စဆိုတဲ့ တရားပါတာကို သတိထားရအောင်နော်၊ ဒါသင်ရအောင်၊ ဒီကုက္ကုစ္စဆိုတာ ပြုလိုက်မိတဲ့ မကောင်းမှုတစ်ခုကို ပြန်ပြီးတော့ နောင်တတဖန် ပူပန်တာ၊ တခါ မပြုလိုက်ရတဲ့ အခွင့်အရေးကောင်းကို လွတ်သွားတာကိုလည်း ပြီးပြီးသားကို ပြန်တွေးပြီးတော့ကာ ကိုယ့်ကိုယ်ကို အပြစ်တင် ပူပန်တာ ပြောတာ၊ အဲ့ဒါကိုစာပေကျမ်းဂန်များထဲမှာ ကြည့်လိုက်တော့ အနာဂါမ်များကျမှ အကြွင်းမဲ့ ပယ်နိုင်တယ်၊ အဲ့ဒီဓါတ်ကလည်းဘဲ နည်းနည်းအန္တရာယ်တစ်ခုဘဲနော်။ သူက ဒိဋ္ဌိကြိုးကို တင်းစေတာဘဲ။ ဒါတွေကို သုံးသပ်ရအောင် ။ရှုတဲ့ဉာဏ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် တကယ့်သဘာဝ အရှိတရား/အရှုခံတရားက အားလုံးသိတဲ့အတိုင်း ခန္ဓာငါးပါး ဖြစ်မနေဘူးလား၊ ခန္ဓာငါးပါး သဘောတရားကို ဘုရားရှင် ရှုတဲ့အခါမှာ သူ့သဘာဝအမှန်က အတိတ်ခန္ဓာ အစဉ်မလိုက်ရဘူး၊ အနာဂတ် ခန္ဓာ မတောင့်တရဘူး။ အတိတ်ခန္ဓာက ချုပ်ပျောက်ပြီးပြီဆိုတော့ ပြန်လာပါ့မလား၊ မလာဘူး၊ အနာဂတ်ခန္ဓာက ပေါ်မလာသေးဘူးဆိုတော့ ရှိသေးရဲ့လား၊ ဒါဖြင့်ရင် ထိုထိုပေါ်ဆဲမှာ ကြည့်လိုက်သော်လည်းပဲ ရဲနေတဲ့ အိုးကင်းပေါ် ရေစက်ကျသလို အသစ်အသစ်ထိတိုင်းပျောက်၊ ဉာဏ်နဲ့ကြည့်ရင်တော့ ချုပ်ငြိမ်းတာကိုပါ တွေ့ရမှာ၊ ဖွားသေဘဲတွေ့ရမှာနော်၊ ဒီအမြင်မသန်တဲ့အခါမှာ ကာလလေးတွေ ဆက်စပ်သွားတတ်တယ်။
ပြီးခဲ့တဲ့ နာရီ မိနစ်က ထိုင်ရင်းနဲ့ စိတ်မရှည်စရာ ပြောချလိုက်တယ်ပေါ့နော်၊ ပြောပြီးတဲ့အခါ ဒီဘက်ကို ကျောပေးလှည့်လာတော့ တချို့ ပါလာကြတယ်၊ ဒီဘက်နာရီထိပါလာကြတယ်၊ သဘောပေါက်လား၊ အဲ့ဒါ ကုက္ကုစ္စတရားဘဲ။သဘောပေါက်လား။ ပြန်ပြောမယ်နော်။ အချိုးမတည့်တာ အပြစ်တင်စရာ တစ်ခုခုကို မြင်လို့ပြောပြီးပြီ၊ ပြောပြီးတဲ့နောက်ကို ဒီဘက် စက္ကန့်၊ မိနစ်၊ နာရီမှာလည်း အင်း.. ငါပြောကို ပြောရမှ၊ ပြောလိုက်တာဘဲ ကောင်းပါတယ်၊ ငါပြောခဲ့တာ ဒါကြောင့်ပြောခဲ့တာ.. မပြီးသေးဘူး၊ အရှိန်မပြေသေးဘူးပေါ့၊ သဘောပေါက်လား၊ ပြီးတော့ ကိုယ့်ဘာသာလဲသိနေတယ်။ အင်း.. ငါ ဒေါသတွေ၊ ဒေါသတွေ ဖြစ်နေတာဘဲ။ ငါညံ့တော့ညံ့တာဘဲလို့ မတွေးကြဘူးလား၊ ဒါဖြင့်ရင် ကာလအားဖြင့် လိုက်လာတယ်လို့ ခေါ်တယ်နော်၊ ဟိုနေရာမှ မပြတ်ခဲ့ဘူး၊ ဒီဘက်နာရီထိပါလာတာ၊ အဲ့ဒါ ကုက္ကုစ္စလို့ခေါ်တယ်၊ ခုယောဂီတွေ တွေ့မနေဘူးလား၊ ဒါ ကိုယ်တွေ့ဖြစ်ရပ်ပဲ။ ဖြစ်နေတာနော်၊ အမှန်ကတော့ ပြောနေဆဲမှာဘဲ ပြီးဆုံးသွားတာ။ ပြောပြီးရင် မရှိတော့ဘူး၊ မရှိရဘူး၊ ဒါပေမယ့် ပါလာတယ်။ အရှိန်က ပါလာတယ်၊ ပါလာတာတောင်မှ ကိုယ့်ကိုယ်ကိုတောင် အားမရဘူး ။ငါညံ့သွားပြန်ပြီ။ ငါလွတ်သွားပြန်ပြီဆိုပြီးတော့ ဒီဘက်ပါမလာဘူးလား၊ အဲ့ဒါ ဘာခေါ်ကြမလဲ။ ကုက္ကုစ္စ။ နားလည်တယ်နော်၊ တော်တော် အရေးကြီးတယ်နော်။
တခါတလေကျရင်၊ ဘုရားကဆုံးမတယ်။ အတွင်းနှုတ်ခမ်းနဲ့အမျှ ပြည့်တဲ့ ဆီပြည့်ခွက်ကို ကိုင်သလို သတိက အပြည့်ထားရမယ်၊ ဘုရားက ဆုံးမပါရဲ့သားနဲ့ ကိုယ်ကသွားရင်းလာရင်းနဲ့ လွတ်သွားတယ်၊ လွတ်သွားတဲ့အခါကျရင် လွတ်မှန်းသိလိုက်ပြီ၊ ရိုးရိုးမသိဘူး။ သူက ငါလွတ်သွားပြန်ပြီ..ကိုယ့်ကိုယ်ကို အားမရလိုက်ဘူး၊ အားမရတော့ကာ နေနှင့်အုံး။ ပြီးမှဘဲ ရှုတော့မယ်ဆိုပြီးတော့ အချိန်ဆွဲလိုက်သေးတယ်၊ ဆွဲတော့ကာ အဲ့ဒီအချိန်ကာလလေးမှာ ပေါ်တဲ့စိတ် အသစ်အသစ်က ဘာနဲ့ထုံသွားလဲဆိုတော့ ဒေါသနဲ့ ထုံသွားလိုက်တာ ကုက္ကုစ္စနဲ့ နေရာယူသွားပြန်တယ်၊ သေချာမှတ်နော်၊ သူက ဉာဏ်လေးက နည်းနည်းလေး နောက်ကျ နောက်ကျသွားတာပေါ့၊ အလှည့်လေးတွေဘဲနော်၊ လွတ်သွားတာလေးကို သိသွားတာနဲ့ တပြိုင်နက် အဲဒီ လွတ်သွားတာသိတဲ့ သဘောနဲ့ ယှဉ်ပြီးတော့ကာ ကိုယ်ကို ပြန်လှည့်ကြည့်လိုက်ရုံဘဲ။၊ ကြိုးအတင်း အလျော့ ကြည့်လိုက်တာဘဲပေါ့နော်၊ အတင်းအလျော့ကြည့်လိုက်လို့ တင်းဖွဲ့ပြီးတော့ကာ အဲဒီသဘောတရားကိုဘဲ၊ လက်ရှိ အခြေအနေကိုဘဲ သူကရှုရတာ၊ နောက်လည်းဘဲ အပြစ်မတင်နဲ့။ ရှေ့လည်းဘဲ မသွားနဲ့၊ ချက်ချင်း ဖြိုချလိုက်ရတာ၊ အဲ့ဒီမှာ လျင်မြန်တဲ့ ဉာဏ်အလင်းရှိသောကြောင့်၊ ဉာဏ်ထက်မြက်တဲ့ အလင်းဓာတ်မြန်သောကြောင့် ဒါတစ်ဆင့် တက်ပြီးတော့ ပြောတာပေါ့။အဓိပ္ဗါယ်က ဒီအနာဂါမ်ဆိုတဲ့ သဘောက န အာဂါမိ လို့ပြောတာ၊ ဘာတဲ့တုန်း။ န အာဂါမိ။ အဓိပ္ပါယ်က ကာမဘုံထဲကို ပြန်မလာတော့တာ ပြောတာ၊ တစ်ဖန် ပြန်မလာတော့ဘူး၊ န ဆိုတာ ပြန်မလာတာ ။မရှိတာကိုပြောတာနော်၊ အာဂါမိ ဆိုတော့ မလာတော့ဘူး၊ သဘောတရားက သူက ဖြစ်လိုက်တယ်ဆိုရင် နောက်ထပ် တစ်ဖန်ဖြစ်ခွင့် မပေးတော့ဘူးလို့ ပြောတာ၊ ဆန့်ကျင်ဘက်ပေါ်လာရင် တင်းခနဲ ပူခနဲ ပေါ်စရာပေါ်လာလို့ရှိရင် ပေါ်တာနဲ့ နောက်စိတ်တစ်စုကို ဖြစ်ခွင့်မပေးတော့ဘူး၊ ဉာဏ်အုပ်ချလိုက်တာနဲ့ ချက်ခြင်းရှင်းသွားတာ၊ အရှင်းမြန်တယ်ပေါ့၊ ပြောပြီးတာနဲ့ မပါတော့ဘူး၊ အရှင်းမြန်တယ်၊ ကြာကြာမပါဘူး၊ စက္ကန့် မိနစ် မကြာဘူးပေါ့၊ ဟိုဘက်ကို မကူးဘူး၊ ဖြစ်တော့ဖြစ်တယ်၊ အသတ်မြန်တယ်။
ဒေါသမကုန်ဘူးနော်၊ လုံးဝကုန်တာမဟုတ်ဘူးနော်။ သဘောပေါက်လား၊ သေချာမှတ်၊ ပယ်နိုင်တဲ့အားကို ပြောတာ၊ ဒေါသအကုန်လုံးအကြွင်းမဲ့ ကုန်တာက အရ ဟန္တာ နော်၊ သဘောပေါက်လား။ သေချာမှတ်နော်၊ ဒါဘုန်းဘုန်းတို့လည်း ပထမ မသိဘူး မင်းကွန်းဆရာတော်ဘုရားကြီးတို့ ဖြေတော့ မေးတာကို ကြည့်တော့မှ သိတာ၊ အော်.. ဒီလိုပါလားလို့။ ပြန်ပြောမယ်နော်။ ဆန့်ကျင်ဘက်ဆိုရင် ကွာဟချက် ပေါ်ရင် တင်းခနဲ ဖြစ်မသွားဘူးလား၊ ဖြစ်သွားတယ်၊ တရားလည်း နည်းနည်းလွတ်မသွားဘူးလား၊ လွတ်သွားတယ်၊ လွတ်သွားပြီးတဲ့ အခါမှာ ပညာအလင်းအားနည်းတဲ့ ပုဂ္ဂိုလ်က ငါနဲ့လုံးထွေးပြီးတော့ကာ အင်း.. ငါညံ့သွားပြန်ပြီ၊ ခုနကဟာက ဘယ်လိုမှန်တာ ဘယ်လိုမှားတာနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီးတော့ကာ အချိန်ကုန်သွားတယ်၊ အဲဒီအချိန်မှာပေါ်တဲ့၊ စိတ်အချက်ပေါင်းက မျက်တောင် တစ်ခက်ကို ကုဋေတစ်သိန်းကျော်ပေါ်တာမဟုတ်လား၊ စိတ်အချက်ပေါင်းများစွာမှာ ဒေါသနဲ့ ထုံသွားတာ၊ ကုက္ကုစ္စဒေါသနဲ့ ထုံသွားတာ၊ အဲ့ဒါ အရှုံးတစ်ခု၊ ကြိုးလည်းတင်းနေတာဘဲ၊ သဘောပေါက်လား။ အဖြတ်နှေးတယ် ခေါ်တာပေါ့၊ မမြန်သေးဘူးနော်၊ အဲ့ဒီနေရာမှ ကုက္ကုစ္စလို့ နားလည်ထားရတယ်။
ဘုန်းကြီးတို့ကိုယ်တိုင်လည်း ဒီလိုပဲ ကျင့်လာရတာ၊ ကျင့်စဉ်ကခံရတယ်လေ၊ ကုက္ကုစ္စမှန်းမသိဘူး အစက။ ဒီရွှေမြင်တင်တောင်မှာ ဒီလိုပဲစပြီး (၁) ၀ါဆိုပြီးတော့ စတရားပွားများတော့ ဒီ ၀ိပဿနာပိုင်းလည်းပါတာပေါ့နော်၊ အသုဘကမ္မဋ္ဌာန်းလဲ ပွားများတော့ ဆွမ်းခံသွားရင် ဒီမြင်တိုင်း မြင်တိုင်းမှာ ကိုယ့်ရဲ့ ခန္ဓာမှာ ဒီနှလုံးအိမ်မှာပေါ့ အပြောင်းအလဲ အတင်းအလျော့ကို လေ့လာရင်း ကြည့်ရတာကို၊ အဲဒီအချိန်မှာ ရွာထဲမှာက တစ်ခု အချိုးမပြေတာ တွေ့ရတယ်၊ ဆွမ်းလောင်းတဲ့ ဒကာမ (၂) ဦးလောက်က အ၀တ်အစားက၀တ်ရင် မလုံမလဲ ၀တ်တတ်တယ်၊ ကလေးအမေတွေတော့ ကလေးအမေတွေပေါ့နော်၊ အပေါ်ပိုင်းတွေက မလုံမလဲ တွေဝတ်ထားတတ်တယ်၊ ရဟန်းက ဒါကို နှလုံးမသွင်းရဘူး၊ မကြည့်ရဘူးဆိုတာကိုး..၊ အဲ့ဒီတော့ ကိုယ်ကသွားရင်းလာရင်း နီးတော့လည်း ကြည့်မိတာပေါ့နော်၊ ကြည့်မိတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို မသန့်မရှင်းထင်တယ်ပေါ့၊ အဲဒီအချိန်မှာ အသုဘ ကမ္မဋ္ဌာန်း ပွားရမယ်ဆို ကြိုတင်သွားကတည်းက လေ့ကျင့်ထားတာပေါ့၊ အနားရောက်တဲ့အခါ ဒါကို စိတ်က မသန့်မရှင်း ဖြစ်ဖြစ်သွားပြီးတော့ ပြန်ပြန်ပါပါလာတယ်၊ တစ်လမ်းလုံးပါပါလာတယ်၊ ကိုယ့်ကိုယ်ကို ညံ့တယ်လို့ ပါပါလာတာ။ တော်တော် ရက်ကလေးကြာသွားတယ်။
တစ်နေ့ကျမှ တောင်တက်ခါနီးလေးမှာကျမှ။ မှတ်မိသေးတယ်။ မန်ကျည်းပင်လေး တစ်ပင်နားကျမှ လင်းခနဲ သိလိုက်တာ။ အော်.. ကုက္ကုစ္စကြီးဝင်နေတာပါလားလို့၊ ခုနက နာရီဟာ မရှိတော့ဘူး။ ဒီရောက်အောင် ပါလာတာ နည်းတဲ့ ခရီးမဟုတ်ဘူး၊ မျက်တောင် တစ်ခက်ပေါင်းများစွာပေါ့။ အများကြီးပါလာတာ၊ ကုက္ကုစ္စနဲ့ ထုံလာပါလားလို့ သွားမြင်တော့မှ လင်းခနဲ ပြတ်သွားတာ၊ ဟိုမှာတင်ပြီးရမှာ ပါလာတာ တောက်လျှောက်ကြီးပါလာတာ သဘောပေါက်ရဲ့လား၊ နောက်တခါ ဒီလိုဘဲ။ ခုနက ပြောတဲ့ မသန့်မရှင်းမြင်ရတဲ့ပုံက မြင်မှလို့အောက်မေ့တာ မဟုတ်ဘူး၊ နောက်မှ သဘောပေါက်တာ။ တစ်နေ့ ဂရုစိုက်ပြီးတော့ ဒီလိုပဲ နေရင်း မနောကိုဘဲ ဂရုစိုက်ရတာပေါ့နော်၊ အဲ့ဒီအိမ်မရောက်ခင် (၂) အိမ် ကျော်လောက်ကတည်းက ပုံက ပေါ်နှင့်နေပြီးကိုး..။ မနောမှာပေါ်နေတာ။ အဲဒီတော့ အော်…မနောမှာ စပေါ်နေတာဘဲ။ ဒီမှာကိုက စရှုပ်နေတာ မသိလိုက်တာ၊ ဒီမှာတော့ မသန့်မှန်းတော့ သိလိုက်တာပေါ့နော်။ နည်းနည်းလေးတော့ ရှုပ်ထွေးသွားမှန်းသိလိုက်တယ်၊ ဒါပေမယ့်လို့ ဘယ်က စရှုပ်မှန်းမသိလို့ ရှာရတာ ပင်ပန်းလိုက်တာ၊ မနောမှာစပြီးတော့ (၂) အိမ်ကျော်လောက်ကတည်းက ပေါ်နေတာ။ အမှန်က မကြည့်ခင်က မြင်နေတာကြီးကိုး..။ အဲ့ဒီတော့ ဒီက စတာပါလားလို့ သိတော့မှ နိုင်တော့တာ။ အဲ့ဒီတော့ ကြည့်လည်းပြဿနာမရှိတော့ဘူးပေါ့နော်၊ ပြီးတော့လည်းဘဲ အပြစ်တင်တာလည်းဘဲ ကုက္ကုစ္စ မှန်းသိတော့မ နိုင်တော့တာ (၂) ခုပေါ့။ သဘောပေါက်တယ်နော်၊ မကြည့်ခင်က မြင်နေတာရယ် ပြီးတဲ့အခါ ပြန်တွေးပြီးတော့ အပြစ်တင်တာရယ် တော်တော် အလုပ်ရှုပ်တယ်၊ အဲ့နှစ်ခု တော်တော်ဆိုးတာ။ အဲ့ဒါကို ရအောင်ရှာရမယ်နော်။
ခုလဲ အဲ့ဒီနည်းကို မှတ်ထားနော်၊ ဥပမာအားဖြင့်- ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်းဖြင့် လွတ်သွားတယ်၊ တရားထိုင်ရင်းလည်း လွတ်သွားမှာဘဲနော်၊ မလွတ်မရှိဘူး။ လွတ်မှာဘဲ။ ဘာကြောင့်လည်းဆိုတော့ မိမိရဲ့ဉာဏ်အင်အားက တစ်သံသရာလုံး ပါလာတဲ တဏှာရဲ့ အရှိန်အဟုန်ပေါ့နော်၊ ဒီဓါတ်ကို ချက်ချင်းတော့ ဘယ်ပြတ်အုံးမလဲ၊ ချက်ချင်းဘယ်နိုင်အုံးမလဲနော်၊ လွတ်တဲ့အခါ လွတ်သွားမှာပေါ့၊ သဘောပေါက်လား၊ ကွာဟတာလေးတွေ၊ ဉာဏ်အင်းအားလေးတွေက နည်းသေးတော့ကာ ဘယ်သိအုံးမလဲ။ မနိုင်သေးဘူးပေါ့နော်၊ လွတ်သွားတာကို ဘုန်းကြီးတို့တွေက သိမ်းတဲ့အခါမှာ ကုက္ကုစ္စနဲ့ မသိမ်းဖို့ လိုအပ်တာ။ အဲ့ဒါလေးတစ်ခု လိုအပ်တာ။ အသိမ်းလေးမှာ အရေးကြီးတာ၊ အသိမ်းလေးမှာ ကုက္ကုစ္စ ခံခံနေတာ သတိထားပါနော်၊ သဘောပေါက်လား။
ပြန်ပြောမယ်နော်။ ဖြစ်တတ်တယ်။ ရှုမှတ်နေရင်းနဲ့ကိုဘဲ တခါတလေကျ လွတ်သွားတယ်၊ သဘောပေါက်လား၊ ကိုယ့်ကိုယ်ကို အားရပါ့မလား၊ အဲဒါ ကုက္ကုစ္စ စ၀င်နေတာ၊ တချို့ဆိုရင် တရားရှုပြီးတော့ နည်းပေးလိုက်တယ်ပေါ့။ တရားထိုင်ပြီးလည်း ပြီးရော ပြန်ဆုံတဲ့အခါမှာ မျက်နှာက မကြည်လင်တော့ဘူး၊ မကြည်တော့ဘုန်းဘုန်းက ဘာလို့ မကြည်တာလဲကြည့်တော့ သူ့တို့ကိုယ်သူ တို့ အားမရဖြစ်လာကြတာ၊ အဲဒါ ဘယ်ဒဏ်ခံရတာလဲ၊ ကုက္ကုစ္စဒဏ်ခံရတာ သဘောပေါက်လား၊ ခုတရားယောဂီတွေ ရှစ်နာရီထိုးတော့ ပြန်ခေါ်တယ် မဟုတ်လား၊ ကဲ မနက်က ထိုင်ခါစလို ကြည်ရဲ့လား၊ မကြည်ဘူးမဟုတ်လား၊ သိမ်မကြည်ဘူးနော်၊ ဘာလို့လဲဆို ကိုယ့်ကိုယ်ကို သိပ်အားမရလာတာ၊ ခဏခဏ လွတ်တာများလာတာကိုး..၊ နားလည်လား၊ ဆရာသမားရှေ့မှာ အားထုတ်တုန်းကတော့ မပျံ့လွင့်ဘူးဆိုတော့ ကြည်ပြီး ဟုတ်နေတာဘဲ မဟုတ်လား၊ အဲ့ ပုံစံ မဖြစ်ကောင်းဘူးလားလို့ ကိုယ့်ကိုယ်ကို အားမရတဲ့ သဘောလေးဝင်နေတာ၊ အဲ့ဒါဘာလဲ.. ကုက္ကုစ္စ၊ နားလည်ပြီ၊ ဘာခေါ်ကြမလဲ။ ကုက္ကုစ္စ၊ ဒေါသ၊ ဒေါသ အဲ့ဒါက။ နားလည်ပြီလား၊ သူ့ကို ရအောင်ရှာနော်။
ကုက္ကုစ္စ အင်မတန်ဆိုးတယ်နော်၊ ဒီ ကုက္ကုစ္စရဲ့သဘောတရားက မမြင်လို့ ကြီးထွားလာလို့ရှိရင် စိတ်ကျရောဂါ ဖြစ်တတ်တယ်၊ ရဟန်းလည်း လူထွက်ချင်စိတ်ပေါက်တတ်တယ်၊ကိုယ့်ကိုယ်ကို အသုံးမကျဘူး မြင်လာတာကိုး၊ မထူးတော့ပါဘူး ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ မျှောချချင်စိတ်ပေါက်တတ်တယ်၊ ကုက္ကုစ္စ တော်တော်ဆိုးတာ၊ သဘောပေါက်လား၊ သူကတဲ့ မှတ်ထား ။ ကျွန်ဆင်းရဲတဲ့၊ ဘာဆင်းရဲတဲ့တုန်း ကျွန်ဆင်းရဲ ကျွန်ဆင်းရဲ၊ ကျွန်ဆင်းရဲဆိုတာ တခြားမဟုတ်ဘူး သူလုပ်ချင်တာတွေ လုပ်ခွင့်မရဘူး၊ စဉ်းစားနော်။ အိပ်ချင်လည်း အိပ်လို့မရဘူး၊ သွားချင်လည်း သွားလို့မရဘူး၊ သခင်ခိုင်းတာဘဲ ခံနေရတာ သဘောပေါက်လား၊ သခင်ဆိုတာ အဲဒါ အ၀ိဇ္ဇာတဏှာပြောတာနော်၊ ကိုယ်က တရားကို မပြတ်မလပ် အားထုတ်ချင်တယ်၊ နိဗ္ဗာန်ပေါက်သွားချင်တယ်၊ အားစိုက်တယ်ပေါ့၊ ဒါပေမယ့်လို့ ကုက္ကုစ္စကို မမြင်လိုက်ဘူးဆိုရင် အချိန်ကာလ တော်တော်ကြာကြာဟာ သူမွှေနေတာနဲ့ ခံနေရတယ်။
သွားချင်တာက နိဗ္ဗာန်၊ ဖြစ်တာက ဒေါသ။ တော်တော် အခြေအနေဆိုးနေတာ ။ သဘောပေါက်လား၊ လိုချင်တာက နိဗ္ဗာန်၊ ဖြစ်တော့ ဒေါသဆိုတော့ ပြောင်းပြန်ဖြစ်မနေဘူးလား၊ ကုက္ကုစ္စ အင်မတန်ဆိုးတာ၊ သဘောပေါက်ရဲ့ လား၊ တခါတလေ ဘုန်းကြီးသွားအမှတ်ရသေးတယ်၊ ဒကာတစ်ယောက် ပြောပြလို့။ ဘုန်းဘုန်းဘုရားတဲ့။ ရန်ကုန်ထဲသွားတာ ရန်ကုန်ထဲမရောက်ဘူးတဲ့၊ အချုပ်ခန်းရောက်သွားတယ်တဲ့၊ဘာဖြစ်တာလဲပေါ့၊ လမ်းမှာဘုရားတဲ့.. ပုံစံမကျတာမြင်တော့ တပည့်တော်ဝင်ပြီး ရိုက်ရင်း၊ ပုတ်ရင်း၊ ထိုးရင်းနဲ့ တပည့်တော် ရန်ကုန်မရောက်ဘပဲ အချုပ်ခန်းရောက်သွားလို့တဲ့၊ တည့်တည့်ရောက်ချင်တာ မရောက်ပဲနဲ့ အချုပ်ခန်းရောက်သွားလို့တဲ့၊ အဲ့ဒီစကားသွားအမှတ်ရတယ်နော်၊ လိုချင်တာ နိဗ္ဗာန်လို့ အားစိုက်ရင်း လုပ်ရင်းလုပ်ရင်းနဲ့ က ကိုယ့်ကိုယ်ကို အားမရ ဒေါသက၀င်နေတော့ကာ နိဗ္ဗာန်သွားမှာလား အပါယ်သွားမှာလား၊ ဒါကြောင့် ကျွန်ဆင်းရဲခေါ်တာ။ သဘောပေါက်လား၊ သူကပိုဆိုးတယ်။
ကုက္ကုစ္စက အန္တရာယ်များတယ်နော်။ ဒါလည်းဘဲ အနာဂါမ်ကျမှ သူက ပယ်ရမယ်လို့ဆိုတော့၊ မမြင်တတ်ဘူး၊ အောက်အခြေခံ သောတာပန်လောက်ကတော့ သူက ဒိုးလိုမွှေမှာ၊ အမွှေခံရလိမ့်မယ်သူက၊ သဘောပေါက်ရဲ့လား၊ အရေးကြီးတယ်နော်၊ အနာဂါမ်လောက်ကျမှ ဒါကို ပယ်နိုင်တာ၊ မြင်အောင်လည်း ကြည့်တတ်ဖို့လိုအပ်တယ်၊ စာမှာတော့ ရှိတယ်၊ အလုပ်မှာတော့ တော်တော်ရှာရခက်တယ်၊ သဘောပေါက်ရဲ့လား၊ ပြန်ပြောမယ်နော်..။
အချိန်တိုင်း လူကို ပြန်အကဲခတ်ပါနော်၊ လက်ရှိအချိန်ကို မကျော်နဲ့ စကားလည်း သိတယ်နော်၊ ကောင်းပြီ။ နောက်ကို ပြန်ပြီးဆင်းတာလည်း ကျော်တယ်ခေါ်တာဘဲ။ ရှေ့သွားလည်း ကျော်တယ်ခေါ်တာဘဲ။ လက်ရှိ အခြေအနေကနေ မရွေ့စေရဘူးနော်၊ အဲဒီတော့ လက်ရှိ အခြေအနေမှာ ပြန်အကဲခတ်လိုက်ရတယ်။ ယောာဂီအဟောင်းတွေက သိနေပြီ။ ဒိဋ္ဌိအတင်းအလျှော့ကို အကဲခပ်နော်။ ကိုယ့်သန္တန်မှာ.. ဒီ…မေးက ဖွဲ့တဲ့ တင်းတဲ့သဘောတရားက ဘယ်လောက် ကြပ်သွားလဲ၊ မျက်လုံးမှာရှိတဲ့ ဖွဲ့စည်းပုံကလဲ ဘယ်လောက် တင်းကြပ်လာသလဲ၊ နားအုံတွေလည်း ပါတယ်နော်၊ ပုခုံးတွေ၊ ၀မ်းဗိုက်တွေ၊ ပေါင်တွေကအစ တင်းကြပ်တဲ့ ဖွဲ့စည်းမှုနဲ့ အတူ ဒိဋ္ဌိကြိုးတင်းလို့ရှိရင် စကားပါထွက်နေတယ်၊ ရင်ထဲစကားတွေက ပြောနေတာရှိတယ်၊ အဲ့ဒါကို …. ငါညံ့တယ်လို့ အပြစ်မတင်ရဘူးနော်၊ ငါညံ့တယ်လို့ အပြစ်တင်လိုက်ရင် ကုက္ကုစ္စ ဖြစ်သွားပြီ။
(ဆက်ရန်…)
                             ဆိုက်ကူယူဖေါ်ပြပါသည်။
August 30, 2013
အရိယသစ္စာနှင့်တန်ဖိုး
အရိယသစ္စာတို့သည် (၁)ဒုက္ခ အရိယသစ္စာ (၂)ဒုက္ခသမုဒယ အရိယသစ္စာ (၃)ဒုက္ခနိရောဓ အရိယသစ္စာ (၄)ဒုက္ခနိရောဓဂါ
မိနီပဋိပဒါ အရိယသစ္စာဟု(၄)မျိုးရှိသည်။
(၁)ဘုံသုံးပါး၌ဖြစ်သော ဝဋ်တရားတို့သည် ဒုက္ခသဘော အစစ်အမှန်ဖြစ်၏။
(၂)တဏှာသည် ဒုက္ခ၏ဖြစ်ကြောင်းသဘော အစစ်အမှန်ဖြစ်၏။
(၃)နိဗ္ဗာန်သည် ဒုက္ခချူပ်ငြိမ်းမှုသဘော အစစ်အမှန်ဖြစ်၏။
(၄)မဂ္ဂင်(၈)ပါးတို့သည် နိဗ္ဗာန်ရောက်ကြောင်းသဘော အစစ်အမှန်ဖြစ်၏။
ထိုအရိယသစ္စာတို့ကို မဂ်ဥာဏ်တို့ဖြင့် မျက်မှောက်ပြုခြင်းကြောင့် ဝဋ်ဒုက္ခခပ်သိမ်းတို့ ချုပ်ပြတ်ငြိမ်းရာ နိဗ္ဗာဓာတ်သ
ဘောသို့ ရောက်ရှိ၏။
ပရမတ်တရား(၄)ပါး
၁။စိတ်_အာရုံကို သိမှုသဘော။
၂။စေတသိတ်_စိတ်၌မှီ၍ စိတ်ကို ချယ်လှယ်သိမှုသဘော။
၃။ရုပ်_အအေး အပူစသည်တို့ကြောင့် ဖောက်ပြန်တတ်မှုသဘော။
၎။နိဗ္ဗာန်_အငြိမ်းဓာတ်သဘော။
ထိုပရမတ်(၄)ပါးမှလွဲ၍ မိန်းမ ယောက်ျား ပုဂ္ဂိုလ် နာမည်စသည်အားလုံးတို့သည် ဥပဒါပညတ် သမူဟပညတ်
သဏ္ဍာနပညတ် သန္တတိပညတ်စည်တို့ဖြင့် မှည့်ခေါ်ဝေါ်ခြင်းအကျိုးငှါ ပညတ်ထားရုံမျှသာတည်း။
လင်္ကာ။စိတ် စေတသိတ် ရုပ် နိဗ္ဗာန်အား ခွဲ၍ထား လေးပါးပရမတ်။
အရှင်ဣန္ဒြိယ (သျင်မိုးဝေ)
 ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ by Khin Myo Sint  /  29min  //  keep unread  //  preview  //  trash
  ကူယူဖေါ်ပြပါသည်။
ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။
၁။ စိဉ္စမာဏ
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။
၂။ သုပ္ပဗုဒ္ဓ
သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့် သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။
၃။ အရှင်ဒေဝဒတ်
ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။
၎။ နန္ဒကဘီလူး
နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ် နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။
၅။ နန္ဒလုလင်
နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ ဥပ္ပလဝဏ် ထေရီမဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမတစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။
ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။
 ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ by aungaung  /  19d  //  keep unread  //  preview  //  trash
             ကူယူဖေါ်ပြပါသည်။
“ဗုဒ္မသည် လက်တွေ့ ကျင့်ကြံရန်သာ တိုက်တွန်းသည်။
ဗုဒ္မသည် “လူသားများတွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်သည့် ဥာဏ် ရှိကြသည်။ အနိုင့်အထက် တိုက်တွန်းမှုမရှိပဲ ၄င်းတို့ ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် အခွင့်အရေး ပေးရမည်။ “ ဟု ဆို၏။ မှန်ကန်သောလမ်းကို မိမိတို့ ဘာသာရွေးချယ် လျှောက်လှမ်းနိုင်ရန် ဖြစ်သည်။ “ဗုဒ္မသည် သူ၏ သင်ကြားမှုကို ယုံကြည်နေရန်ထက် လက်တွေ့ ကျင့်ကြံရန်သာ တိုက်တွန်းသည်။
လူသားတို့  ကျူးလွန်သောအပြစ်ကို ဗုဒ္မက ခွင့်လွှတ်သည်ဟု မဆိုပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မိမိပြုသောအမှုအတွက် မိမိတဦးတည်းသာလျှင် တာဝန်ရှိသည်။မကောင်းမှုကျူးလွန်ထားလျှင် မကောင်းကျိုးများနှင့် ရင်ဆိုင်ရမည်။ ဖြစ်ပြီး ကောင်းမှုပြုထားလျှင်ကောင်းကျိုးခံစားရမည်သာ ဟုဆိုသည်။ မိမိတို့ စိုက်ပျိုးသည့် စပါးကို မိမိတို့ ကိုယ်တိုင် ရိတ်သိမ်းကြရမည်။လူတိုင်းသည် မိမိကြမ္မာကို မိမိသာဖန်တီးကြသည် ဟု ဆို၏။ လူတို့  တွေ့ ကြုံခံစားရသည့် ဥစ္စာပစ္စည်းပြည့်စုံမှု မပြည်စုံမှု့ ဆင်းရဲခြင်း ချမ်းသာခြင်းစသည်တို့ မှာ တစ်ဦးတစ်ယောက်၏ သြဇာသက်ရောက်မှုကြောင့်မဟုတ်၊ လူတို့  အတိတ်ကပြုခဲ့ ဖူးသော အဆိုး အကောင်း ကုသိုလ်ကံများကြောင့်သာ ဖြစ်သည်။ ဗုဒ္မသည် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်ကင်းနိုင်မည့် နည်းလမ်းကို ညွှန်ပြသူသာဖြစ်၍ ထိုလမ်းအတိုင်းလိုက်ခြင်း မလိုက်ခြင်းမှာ မိမိတို့  အပေါ်မှာသာတည်သည်။
သေဆုံးခြင်းသည် ဘ၀၏ အဆုံးနိဂုံးမဟုတ်။ သက်ရှိလူသားတဦးသည် ရေ၊မြေ၊လေ၊မီး ဓါတ်ကြီးလေးပါး အစုအဝေးသာဖြစ်၍ ရုပ်ပိုင်းအရ သေဆုံးခြင်းမှာ ….မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ ဖြင့်
ထပ်ကာဖန်ဖန် လည်ပတ်နေသော ဘ၀သံသရာ၏ ကြားကာလ တခုမျှသာ ဖြစ်သည်။ ထို့ ကြောင့် သေပြီးနောက် ဇာတိတဖန်ဖြစ်လာသူသည် မူလပုဂ္ဂိုလ်လည်းမဟုတ်၊ တခြားပုဂ္ဂိုလ်လည်းမဟုတ် သော သတ္တ၀ါတဦးသည် တဘ၀ပြီး တဘ၀ ဆက်လက်အသက်ရှင်သွားသည်ဟု မှတ်ယူနိုင်သည်။
ဗုဒ္မသည် လူမှုရေးပြုပြင် ပြောင်းလဲပေးသူသာမက လူလူခြင်းခွဲခြားဆက်ဆံမှု ဇတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု ဆင်းရဲချမ်းသာကွာဟမှုကိုလည်း တားမြစ်၍ ဒီမိုကရေစီ ၀ါဒကို ပျိုးထောင်ခဲ့ သူ ၊
အမျိုးသမီးများ၏ အခွင့်အရေးကို မြှင့်တင်ခဲ့ သူလည်း ဖြစ်သည်။ စိတ်ဝမ်းကွဲသူများကို စည်းလုံးစေပြီး အသိအမြင်မဲ့ သူတို့အား တွေးခေါ်စေခြင်းဖြင့် အသိညာဏ်ပွင့်လင်းစေ၏။
Whatever may be your purpose in life, we invite you to take a closer look at this way of life and the ideals expounded by its founder. We are ready to help you in your search for Truth.
မည်သို့ ပင်ဖြစ်စေကာမူ သင်၏ ဘ၀ရည်မှန်းချက်သည် ဤဘ၀လမ်းစဉ်နှင့် ဤလမ်းစဉ်ကို တည်ထောင်သူ က အသေးစိတ်ရှင်းလင်းဟောကြားထားသော အကောင်းဆုံးစံများကို အနီးကပ်လေ့လာဖို့ အတွက် သင့်အားဖိတ်ခေါ်ပါသည်။ သင်၏ အမှန်တရားရှာဖွေမှု ၌သင့်အား ကူညီရန် ကျွန်ုပ်တို့  အသင့်ရှိပါသည်။
သို့ အတွက် အဆုံးစွန် အမှန်တရားနှင့် ဘ၀ရည်မှန်းချက်တို့ ကို ရှာဖွေရန် သင်၏ မွန်မြတ်သော ကြိုးပမ်းမှု၌ ဘက်မလိုက်ပါနှင့်။ ဘာသာရေးအယူသီးမှုကိုရှောင်ရှားပါ။ ဗုဒ္မသည် အခြား ကိုးကွယ်မှု ဘာသာ များ၏ ဟောပြောသင်ပြချက်များကို မဖတ်ရှုရ။မဆည်းပူးရဟူ၍ တားဆီးပိတ်ပင်မှုမပြု။ပေ။ (ဘာသာရေးအယူသီးသူသည် ဆင်ချင်တုံတရား၏ လမ်းညွှန်မှုကို၎င်း စေ့စပ်သေချာစွာ ပိုင်းခြားစိတ်ဖြာ၍ လေ့လာရသည့် သိပ္မံသဘောတရား၏လမးညွှန်မှုကို၎င်း လက်မခံချေ) ဗုဒ္မမိန့် မြွက်သည့် ဘ၀ရည်မှန်းချက်ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ နမ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများ၏ အဆုံးနိဂုံး ကို ရှာဖွေရန်သာဖြစ်သည်။ ။
Try to make an in-depth study and understand the fundamental teachings of the teachers.
ဒေါက်တာ မင်းတင်မွန် ၏ ဘ၀ရည်မှန်းချက်နှင့် ဘ၀လမ်းစဉ် စာအုပ်မှ ကောက်နှုတ်ဖေါ်ပြသည်။
၃၁ဘုံနှင့် နိမိတ်ကြီးလေးပါး
နိမိတ်ကြီးလေးပါး
ဤကမ္ဘာမြေကြီး၏ အထက်ဆုံးတွင် ဘုံအဆင့်ဆင့်ပေါင်း(၂၀) ရှိပါသည်။ အမျိုးအစားအနေနဲ့ကတော့ ရုပ်သာရှိ၍ နာမ်မရှိသော ဗြဟ္မာ ၊ နာမ်သာရှိ၍ ရုပ်မရှိသော ဗြဟ္မာ၊ ရုပ်ရော နာမ်ရောပါရှိ၍ ဆင်းနိုင် တက်နိုင်သော ဗြဟ္မာဟူ၍ သုံးမျိုးရှိ၏။ ကာမဂုဏ်ချမ်းသာမခံစားကြ၍ မြတ်သော ဗြဟ္မာဘုံ(၂၀)တွင် နေကြပါ၏။ ၄င်းဘုံ(၂၀)၏အောက်မှ (၆)ဘုံသည် နတ်ပြည်(၆)ထပ်ဖြစ်၏။ နတ်ပြည်(၆)ထပ်၏ အောက်တွင် ရှိသော ဤမဟာပထဝီမြေကြီးသည် လူပြည်၊ လူ့ဘုံဖြစ်ဖြစ်၏။
၎င်းလူ့ဘုံ၏ အောက်တွင် အပါယ်လေးဘုံရှိ၏။ ၄င်းအပါယ်လေးဘုံမှ တိရိစ္ဆာန် ပြိတ္တာ အသူရကယ်(၃)မျိုးတို့သည် လူ့ပြည်တွင် နေထိုင်နိုင်ကြ၏။ ငရဲသားမူကား ကမ္ဘာမြေကြီး၏ အောက်ဆုံး အဝီစိတွင် အထပ်အဆင့်(၈)ဖြင့် ငရဲခံ ကြရလေသည်။
ကျွန်ုပ်တို့သည် ရှေးဘဝက ကောင်းမှု ကုသိုလ်ကံအဟုန်ကြောင့် ကာမ(၁၁)ဘုံဟုခေါ်သော နတ်ပြည်(၆) ထပ်၊ လူဘုံ(၁)ထပ်၊ အပါယ်လေးဘုံတည်းဟူသော ဘုံ(၁၁)ဘုံတွင် လှူဒါန်းနိုင် စုဆောင်းပေးကမ်းနိုင် ကုသိုလ်ကောင်းမှုပြုနိုင်၊ နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတို့ကို ကျင့်ဆောင်နိုင်သည့် လူ့လောက လူဘုံတွင်ရောက်ရှိနေကြရာ အပါယ်လေးဘုံကိုဆင်းမလား၊ အထက်ဘုံကိုတက်မလားဆိုတာ စေ့စေ့ တွေးပြီး စဉ်းစားထားသင့်ကြပါတယ်။ ဆင်းရန်၊ တက်ရန်နည်းလမ်းတွေ အများကြီး ရှိပါတယ်။ စက်ရဟတ် ဆိုတာ(၃၁) ဘုံကလည်တာမဟုတ်ပါဘူး။ သတ္တဝါ၊ လူနတ်တွေကသာ တက်လိုက်ဆင်းလိုက်နဲ့လည်နေကြ တာဖြစ်ပါတယ်။
သံဝေဂအကြောင်းကို ပြောရရင် အလောင်းတော်သိဒ္ဓတ္တမင်းသားသည် ကာမ(၁၁)ဘုံတည်းဟူသော လူဘုံ မှာလူဖြစ်လာပြီး အသက်(၂၉)နှစ်ရောက်မှ နတ်ပြသော နိမိတ်ကြီးလေးပါးကို သိမြင်ရ၍ သတိသံဝေဂရပြီး တောထွက်ခဲ့၏။ယနေ့ခေတ်မှာတော့ နတ်ပြမှမြင်နိုင်သည်မဟုတ်ပါ။
၁။လူအိုရုံကိုသွားကြည့်ရင် အိုနေတဲ့ရုပ်အမျိုးမျိုး၊ သွားကြိုး ဆံဖြူ မျက်စေ့မှုံ၊ နားမကြား၊ အရေတွဲ ခါးကိုင်း တုံတုံရီရီဖြစ်နေသော အဘိုးအို အဖွားအိုတို့ကို တွေ့မြင်ပြီး တစ်နေ့ကျရင် ငါလည်းထိုကဲ့သို့ အိုရဦးမှာပဲလို့ သတိသံဝေဂ တစ်ချက်ယူထားလိုက်ပါ။
၂။ရန်ကုန်ဆေးရုံကြီးကိုသွားပြီး ရောဂါသည်လူနာတွေနှင့် ထိခိုက်ဒဏ်ရာရပြီး ကြိုးပဲ့ပြတ်သတ်နေတဲ့ လူနာတွေကိုကြည့်ရင် ကြင်နာသနား စိတ်နှင့် တရားစိတ်တစ်စိတ်ပေါ်လာပြီး အော် နာခြင်းဆင်းရဲ ဒုက္ခဆို တာ ဒါတွေပါလားလို့ စိတ်ထဲမှာ သံဝေဂတစ်ချက်ရအောင်ယူလိုက်ပါ။
၃။ထို့နောက် လူသေတွေထားတဲ့ ရေခဲတိုက်ထဲကိုရောက်အောင်ဝင်ကြည့်လိုက်စမ်းပါ။ လက်မှာ လူနာ နံပတ်နဲ့ အမည်ကိုရေးပြီး ကြိုးနှင့်ချည်ပြီး မိန်းမယောင်္ကျား၊ ဗလာကိုယ်နဲ့စုပုံထပ် ထားတာကိုတွေ့ရပါလိမ့် မယ်။ယခုတော့ နေရာတွေခွဲထားလိုက်သဖြင့် ပုံမထားတော့၊ စီထားတယ်လို့ သိရပါတယ်။ အဲဒီတော့ မကြာ ခင်တစ်နေ့နေ့မှာ ငါလည်းသေရမှာပါကလားဆိုပြီး သတိသံဝေဂတစ်ချက်ယူလိုက်ပါ။
၎။ရဟန်းသံဃာကိုတော့ ပကတိမျက်စေ့နှင့် ဥာဏ်မျက်စေ့နှစ်ခုပေါင်း၍ ကြည့်ရှုဖူးမျှော်ပါ။ ၄င်းရဟန်း သံဃာတို့သည် လောဘ ဒေါသ မောကင်းကွာ၊ တဏှာကာမ၊ ကိလေသာနှင့် ရာဂ အမိုက်နှစ်ချိုက်မပျော် မမွေ့လျှော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်းမှန် သည့် သံဃာတော်တွေပါလား၊ သာသနာတော်သုံးရပ်ကိုလက်ဆင့်ကမ်းပြီး ယူဆောင်လာတဲ့ သံဃာတော် တွေပဲ၊ မျက်စေ့ နား နှာခေါင်း လျှာ ကိုယ်စိတ်တို့ကို ထိမ်းချုပ်ပြီး ဝိနည်းတော်နဲ့အညီ နေထိုင်ကြသော မြင့်မြတ်သော ပုဂ္ဂိုလ်တွေပါလားဆိုပြီး အားကျ၍ သံဝေဂတစ်ချက်ယူလိုက်ပါ။
အဲဒီလိုသံဝေဂရစေရန် အခြေခံလေးချက်လောက်ကို သိမြင်ပြီး စဉ်းစားဆင်ခြင်လိုက်ပါက အားကိုးအား ထားစရာ ရှာချင်စိတ်ပေါ်လာပြီး ဘုရားသွားမယ်၊ ကျောင်းသွားမယ်။ တရားစာဖတ်မယ်။ တရားနာမယ်၊ လှူဒါန်းမယ်၊ ဥပုသ်စောင့်မယ်၊ ငါးပါးသီလမြဲအောင်နေမယ်၊ မေတ္တာပို့မယ်၊ တရားရိပ်သာတစ်ခုခုကို သွားမယ်ဆိုတဲ့ ကောင်းမှုကုသိုလ်စိတ်တွေများလာမည်ဖြစ်ပါကြောင်း သံဝေဂရရန် အကြံပေးနှိုးဆော် လိုက်ပါသည်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
မှတဆင့်ခံစားတင်ပြသည်။
သာသနာတွင်း နဲ့ သာသနာပ
သာသနာတွင်း နဲ သာသနာပ ခွဲခြားပုံကိုမေးလိုက်ရင် တပည်တော်တို ဘယ်မှာကြုံနေပါသလဲ ဆိုတော ဗုဒွ့ဘာသာဝင်တိုင်း ဖြေကြမှာပါ သာသနာတွင်း ပါဘုရားလို အဲတောသာသနာတွင်း ဖြစ်နေတော သာသနာတွင်း တရားဖြစ်တဲ့ သစ္စာ အနုလောမိဂ ဥာဏ် သမာဒိဋ္ဌိ ရှိရမှ ရမယ် သာသနာတွင်းသားဖြစ်ခဲ့ရင် သစ္စာနဲ လျော်တာကို သိရမယ် သစ္စာ ဥာဏ်ရရမယ် သစ္စာ သိတဲ့ သမာဒိဋ္ဌိ ရှိမှ သာသနာတွင်း သားဖြစ်ပါတယ်
သစ္စာ သိမှ သာသနာတွင်းသားဖြစ်ပြီ ကျွှတ်တမ်းဝင်နိုင်ပါတယ် ဆိုတာကို မှတ်ပါ ဗုဒွ့ ဘာသာဝင်ဖြစ်ပြီး သစ္စာ နဲ လျော်တာကိုမသိ သစ္စာဥာဏ် မရ သမာဒိဋ္ဌိ မရှိရင် ဗုဒွ့ာ ဘာသာဝင်ဆိုလဲ သှုဟာ သာသနာ ပ ဖြစ်နေတယ် ကြောက်စရာကောင်းပါတယ် သှုတိုတွေဟာ ဘာနဲ အချိန်ကုန်နေကြ သလဲဆိုတော ကမ္မသကဓ သမာဒိဋ္ဌိ နဲ အချိန်ကုန်နေကြပါတယ် သာသန ပ သားတွေမှာ ကမ္မသကဓ သမာဒိဋ္ဌိ ဆိုတဲ့ ကံ ကံ၏အကျိုး ကိုယုံကြည်သော ဥာဏ် ကောင်းတာလုပ်ရင် ကောင်းကျိုး ပေးမယ် ငါလုပ်ရင် ငါရမယ် သှုလုပ်ရင် သှုရမယ် ကံ ကံ၏အကျိုးကိုယုံကြည်သော ဥာဏ် ကာမ္မသကဓ သမ္မာဒိဋ္ဌိ ဥာဏ် နဲ အချိန်ကုန်နေကြပါတယ်
သီလဆောက်တည်လိုရှိရင် နောက်ဘဝ သီလအကျိုးခံစားရမယ် အသက်ရှည် အနာရောဂါကင်း အားအင်ဗလ စသည် ဒါန လုပ်ရင်လဲ ဒါန အကျိုးကိုရမယ် ပစ္စည်း ဥစ္စာ ပွားများမယ် ပင်းပင်းပန်းပန်း ရှာ စရာမလို တောဘှုး အလွယ်တကှုရမယ် ဆိုတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ ဥာဏ် မျှ နဲ့ အချိန်တွေကုန်ကြလိုရှိရင် သာသနာ တွင်းသားမဟုတ်သေးပါဘှုး အခါကြီးရက်ကြိးများ ကြရင်လဲ လှုကြီးသှုမ တွေကို ကန်တော့ ပြီးတိုသည်ကား နောက်ဘဝ ကြရင် အကျိုးကျေးဇှုးတွေ ကုသိုလ် တွေ ရမယ် ဆိုပြီးလှူ ကြ တန်းကြ အချိန်တွေ ကုန်နေကြပါတယ် ခန္တာ ကတော သာသနာတွင်းကြုံတယ် ဥာဏ်ကတော သာသနာတွင်း မကြုံရင် သာသနာ ပ ပါဘဲ
သစ္စာ အနုလောမိဂ ကား ဒါမဟုတ်ပါဘှုး သစ္စာ အနုလောမိဂ သမာဒိဋ္ဌိ ကားမတ် ဆိုက် ဖို ဆိုက် သမာဒိဋ္ဌိ ပါ မတ်ဥာဏ် ဖိုဥာဏ် နိဗွ့ာန် ရတဲ့သမာဒိဋ္ဌိ ကတော ဖြစ် ပျက် အလုပ်ဟာဖြင့် သစ္စာမြင်တဲ့ သမာဒိဋ္ဌိ လိုမှတ်ပါ ဝိပသနာ လိုလဲဆိုပါ သစ္စာ နဲ လျော်တဲ့ သမာဒိဋ္ဌိ လိုလဲဆိုလိုက်ပါ
အဲဒီ သမာဒိဋ္ဌိက ဘာလေးလှူလှူ ဘာလဲတန်းတန်း လှူကြတန်းကြတာများလွန်းလို သစ္စာ နဲ လျော်တဲ့ ဒီ ဖြစ် ပျက် ဒုက္ခသစ္စာ ကိုသိပြီ သကလ ဒီဒုက္ခ ဝတ်မှကျွှတ်ရပါလို၏ ကျွှတ်ချင့်တဲ့ ဥာဏ်နဲ့ လှူတန်းပါ၏ လိုပြောင်းဖြစ်အောင်ပြောင်း ပြီ လှူတန်းကြလို ပြောုချင်ပါတယ် မှာကြားပါတယ် သာသနာ တွင်းသားဖြစ်စေချင်လွန်းလိုပါ မတ်ဥာဏ် ဖိုဥာဏ် နိဗွ့ာန် ကို ကျေးဇှုးပြုမှာ ဧကန်ဖြစ်နေလို တိုက်တွန်းရပါတယ် လိုအားလုံးသိထားကြပါ
လှူကြတန်းကြ ပေးကမ်းကြ လိုဆရာသမားက တောင်းတဲ့ဆုနဲပြည်ပါစေလို ဆုပေးတဲ့အခါ ပေးတဲ့ဆုနဲပြည်ပါရစေလို ဆုတောင်းတော တကာ တကာမ တိုဥာဏ်က သစ္စာ နဲလျော်တဲ့ ဥာဏ် မလိုက်လို ရှိရင် ကာမ္မသကဓ သမာဒိဋ္ဌိ ဖြစ်သွားမှာကို စိုးရိမ်လို ကာမ္မသကဓ သမာဒိဋ္ဌိဖြစ်သွားလိုရှိရင် ကာမ္မသကဓ သမာဒိဋ္ဌိ သှုစွမ်းရည်ကိုပြောရလိုရှိရင် အတ္တ ဒိဋ္ဌိကိုမပယ်နိုင်ဘှုး မိစ္စာဒိဋ္ဌိကိုမပယ် နိုင်ဘှုး မပယ်နိုင်တော ဒီအလှူ သည် အတ္တဒိဋ္ဌိ ကကန့်ကွက်ပါလိမ့်မည် ငါလုပ် ငါရဆိုတဲ့ အဲ အတ္တဒိဋ္ဌိ မပြုတ်ဘဲနဲ မပြုတ်ဘဲနဲနေတော သာသနာ ပ မှာလဲ ဒီဟာကရှိနေတယ် သာသနာ ပ ကာမ္မသကဓ သမာဒိဋ္ဌိ ဖြစ်မှာစိုးရိမ်းလွန်းလို ခန္တာ ဥာဏ်လှည်ပြီး သမာဒိဋ္ဌိ ဥာဏ် အဖြစ် ပျက် တွေရှုပြီး ကြံစိတဲ့ စိတ်လဲ ကြံ ပြီး ပျက်တာပဲ ယားတဲ စိတ်ကလေးလဲ ယားပြီးပျက် တာပဲ ယားတဲ့နေရာတွင်ပျောက်တာပဲ ဆိုတာလေးဥာဏ်နဲ နှလုံးသွင်းပြီ အော် ဒီဒုက္ခသစ္စာ ကြီးမှ ကျွှတ်လွတ် ခြင်းကို မြင်ပြီ ကျွှတ်ချင် လွတ်ချင်တဲ့ ဥာဏ်လေးနဲ လှူတန်း ပါ၏ လိုဆိုလိုရှိရင် သာသနာတွင်း သားလဲဖြစ် သစ္စာ သိပြီး သမာဒိဋ္ဌိ ဥာဏ်လဲဖြစ် နိဗွ့ာန် ကိုကျေးဇှုးပြုတောမယ် ဆိုတာကိုမှတ်လိုက်ပါ(မိုးကုတ်ဆရာတော် ဘုရားကြီး) ကျွှတ်လွတ်ခြင်းရဲ့ စစ်မှန်သော အေးချမ်းမှုကိုရကြပါစေhttps://www.facebook.com/rocker.gyi.988
ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဘာသာတရား ဆောင်ပုဒ်များ(၁၇)။
“သတိတမံ ဉာဏ်မြေကတုတ်”
==================
ကိလေရေလျဉ်၊ စီးလာလျှင်
သင့်တွင်ဘာနှင့် တားမည်နည်း။
ကိလေရေလျဉ်၊ စီးလာလျှင်
အစဉ်သတိ တားပါမည်။
မျက်စိ နား နှုာ၊ လျှာ ကိုယ် မန
ခြောက်ဒွါရ၌၊ ရောက်ကျလာတုံ
ခြောက်အာရုံကို၊ အကုန်ရှုလျှင်
ရေအလျဉ်၊ မ၀င်လာဘဲ တန့်ပါသည်။ ။
ကိလေရေလျဉ်၊ စီးလာလျှင်
သင့်တွင်ဘာနှင့် ပိတ်မည်နည်း။
ကိလေရေလျဉ်၊ စီးလာလျှင်
အစဉ်ဉာဏ်နှင့် ပိတ်ပါမည်။
မဂ်ဉာဏ်လေးထွေ၊ တာခိုင်ပေမူ
ကိလေရေလျဉ်၊ စီးမ၀င်
အစဉ် ပိတ်တော့သည်။ ။
-----------------------------------------------------------------------
“ ဆင်းရဲဘယ်မှာ ချုပ်သနည်း”
=================
သတိနှင့်ဉာဏ်၊ ရုပ်နှင့်နာမ်
ဘယ်ဌာန် ဘယ်ရပ်၊ ချုပ်သနည်း။
ကမ္မ၀ိဉာဏ်၊ ချုပ်သည့်ဌာန်
ရုပ်နာမ်လုံးဝ၊ ချုပ်လေသည်။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပါသည်။}
ဦးသိန်းဝေ။
-----------------------------------------------------------------------------------------
** ငရဲမီး နှင့် အဆိပ်သီး **
===============
၁ ။ ဘုရားပစ္စည်း၊ ငရဲမီး
သုံးနည်း အလွန်ခက်။
၂ ။ သံဃာ့ပစ္စည်း၊ အဆိပ်သီး
စားနည်း အလွန်ခက်။
၃ ။ စားသုံးမိလျှင်၊ တနင်နင်
သေလျှင် အလွန်ခက်။
၎ ။ ငရဲသို့ကျ၊ ၀ဋ်ဒုက္ခ
လွတ်ပြန် ရဖို့ခက်။
၅ ။ ငရဲဘ၀၊ လွတ်ပြန်က
ပြိတ္တာ ဘုံသို့ဆက်။
၆ ။ ပြိတ္တာဘ၀၊ လွတ်ပြန်က
လူ့ဘုံ ရောက်ဖို့ခက်။
၇ ။ လူ့ဘုံရောက်လာ၊ သာသနာ
ကြုံရ ပြန်ဖို့ခက်။
၈ ။ သာသနာတွင်း၊ ကြုံကြိုက်လျင်း
ကျင့်ခြင်း သာလို့ခက်။
၉ ။ ဘုရားသခင်၊ ဉာဏ်တော်ရှင်
ဖူးမြင် ရဖို့ခက်။
၁၀။ အရိယာသံဃာ၊ ပေါ်သောအခါ
လှူဒါန်း ရဖို့ခက်။ ။
(ပေတ၀တ္ထု၊ တိရောကဋသုတ်၊)
 ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ by thein wai  /  24d  //  keep unread  //  preview  //  trash
                                      ကူယူဖေါ်ပြပါသည်။
" အိုသူ ကို မနာရလေအောင် " တရားတော်
အချို့ အချို့ သူတွေထံမှာ အလှ တရားဟာ ဘယ်သော အခါမှာမှ ပျောက်ကွယ် မသွားနိုင် ပါဘူး။ နုပျိုစဉ် အခါက မျက်နှာပြင်မှာ ထင်ပေါ် ခဲ့တဲ့ အလှဟာ အရွယ် ရာက်လာတော့ နှလုံးသားဆီ ပြောင်းသွား တာလောက်ပဲ ထူးသွား တာပါ-တဲ့။ အိုမှုကို အံတု တတ်စေဖို့ ညွှန်ပြတဲ့ စကားလေး တစ်ခုပေါ့။ သို့ပေမယ့်........
အိုမှုကနေ သယ်ယူလာတဲ့ အချို့မလှပမှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ဆိုတာက လူတိုင်းအတွက် လွယ်တာမှ မဟုတ်တာ။ ကံတရားအပေါ်မှာသာ မှီတည်နေတယ်လို့ ဆိုရမှာမျိုး။
ငယ်ရွယ်စဉ် ကာလမှာတော့ တစ်နေ့တစ်နေ့ဟာ သိပ်အကုန်မြန်တယ်။ တစ်နှစ်တစ်နှစ်ကတော့ ကုန်ခဲလွန်းတယ်။ ဒါပေမယ့် အရွယ်အိုလာသူတွေ အဖို့တော့ တစ်နေ့တစ်နေ့က သိပ်ကြာလွန်းတယ်။ အဲ တစ်နှစ်တစ်နှစ်ကြပြန်တော့ သိပ်တိုလွန်း တယ်၊ကုန်လွယ်လွန်းလှတယ်-လို့ အီဗန်နိုဗစ်ခ်ျ ဆိုသူက ပြောဖူးတယ်။ သူပြောတာ ဟုတ်ရဲ့လားလို့ ပြန်စဉ်းစားကြည့်မိ တယ်။ ကိုယ်က သူပြောတဲ့ အရွယ်အိုလာသူလို့ ဆိုရလောက်အောင် မအိုသေးပေမယ့်(ကိုယ့်ကိုယ်ကို ယူဆပါတယ်) သူ့ စကားကို ဟုတ်တယ်လို့ လက်ခံနိုင်လောက်အောင် လုံလောက်တဲ့အရွယ်တော့ ရောက်နေပါပြီ။
မိတ်ဆွေသူငယ်ချင်းများနဲ့ အပူပင်ကင်းမဲ့စွာ ကစားပျော်ပါးလို့ မဝနိုင်တဲ့ ကလေးဘဝမှာ တစ်နေ့တာအချိန်ကာလဆို သိပ် အကုန်မြန်လွန်း လှတာပေါ့။ အီဗန်နိုဗစ်ခ်ျရဲ့ စကားက ကစားပွဲတစ်ခုမှ မဆုံးမီ မိုးကချုပ်လာလို့ အိမ်ရှိလူကြီးသူမများရဲ့ တကြော်ကြော်ခေါ်ရတဲ့ ငယ်စဉ်ဘဝ ကို အောင့်မေ့ အမှတ်ရစေပါတယ်။ အဲဒီ ငယ်စဉ်အချိန်ကပေါ့။ ကိုယ့်ပတ်ဝန်းကျင်ရှိ အရွယ်ရောက်သူ အကိုအမတွေရဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်တာမျိုးကို ကြည့်ပြီး အားကျမိခဲ့တာ။
ကိုယ်လည်း မြန် မြန်ကြီးပြီး သူတို့လိုပဲ လူကြီးသူမတွေရဲ့ မျက်စိဒေါက်ထောက် ကြောင့်ကြကြီးစွာ စောင့်ကြည့်ခံရတဲ့ဘဝကနေ ကျွတ်ပြီး လွတ်လွတ်လပ်လပ် သွားလာနေချင်ခဲ့မိတာ။ ဒါကြောင့် အရွယ်မြန်မြန်ရောက်၊ အသက်မြန်မြန် ကြီးချင်နေခဲ့တာ။ သို့ပေမယ့် အဲဒီအချိန်က တစ်နှစ် တစ်နှစ်ဆိုတာက သိပ်ကြာလွန်းခဲ့တာပေါ့။
လူ့ဘဝသက်တမ်းရဲ့ ထက်ဝက်ကျော်လွန်လာတဲ့ ခုများမှာတော့ တစ်နှစ်ဆိုတဲ့ အချိန်က အကုန်မြန်နေခဲ့ပြီ။ နှစ်ကူးတဲ့နှစ် ဆန်းတစ်ရက်ဆိုတာ မနေ့တစ်နေ့ကပဲလို့ ထင်နေဆဲမှာပဲ နောက်တစ်နှစ်ကူးဖို့က တာစူနေခဲ့ပြန်ပြီလို့ ထင်နေတတ်ပြီ။ အချိန်တွေကလည်း အကုန်မြန်လွန်းလိုက်တာ။ အာဏာရှိသူ၊ တန်ခိုးရှိသူတစ်ဦးဦးက ကိုယ့်အချိန်တွေကို အနိုင်အထက် လုယူသွားသည့်အလား။
အိုနာသေဆိုတဲ့စကားက အရွယ်လွန်သူတို့အတွက် ညွှန်းဆိုတဲ့ စကား။ အိုခြင်းပြီးလျင်ဖြင့် နာခြင်း၊ ဒီကမှ သေခြင်းဆီ။ ဒီ စကားလုံးသုံးလုံးက လူတစ်ယောက်နဲ့ တွဲစပ်လိုက်ရင် တွဲစပ်ခံရသူမှာ ကောင်းခြင်းလက္ခဏာ ဆောင်တယ်လို့ မဆိုသာ တော့ဘူး။ လူအို လူနာ လူသေဆိုတဲ့ စကားလုံး ကိုယ်တိုင်ကိုပင်လျင် မင်္ဂလာရှိတယ်ရယ်လို့ အများက လက်မခံချင်ကြပါဘူး။
ဒါကြောင့် အိုတယ် နာတယ် သေတယ်ဆိုတဲ့စကား ကိုယ့်ဆီကို ကျရောက်လာမှာမျိုးကို မလိုလားတတ်ကြပါဘူး။ သို့ ပေမယ့် ဒီအိုနာသေ ဧည့်သည်က အချိန်တန်လျင် မခေါ်ပဲ ပုံမှန်ဆိုက်ရောက် လာတတ် တဲ့ ငြင်းမရနိုင်တဲ့ ဧည့်သည်လေ။ နောက်ဆုံး သူပြန်သွားတဲ့အခါ ကိုယ့်ကိုယ်ပါ မရဏဆိုတဲ့ သေခြင်းဆီအထိ မရမက အပါခေါ်သွားနိုင်အောင် လည်း သူက အင်အားကြီးသူ မဟုတ်လား။
ပြောရလျင်တော့ ဇရာ ဗျာဓိ မရဏ ဆိုတဲ့ အိုနာသေ ဖြစ်စဉ်က ရှောင်လွှဲ လို့ မရတာ သဘာဝ။ သို့ပေမယ့် ရုပ်ခန္ဓာ ဇရာကျချိန်မှာ စိတ်ဒဏ်ရာ အနာမရစေဖို့ ဖေးမကူညီကြမယ် ဆိုလျင်ဖြင့် အိုနေသူတွေအတွက် နာခြင်း ဒဏ် အတန်ငယ် သက်သာပေလိမ့်မယ်။ ကိုယ်နာပေါ်မှာ စိတ်နာမထပ်လေသမို့ အတန်ငယ် သက်သာရာ ရနိုင်ပါလိမ့်မယ်။
ဗီဒီယို မှတ်တမ်းတိုလေးတစ်ခု ကြည့်ရတယ်။ အရွယ်အိုသူတစ်ယောက်ရဲ့ မှတ်ဉာဏ်အားနည်းမှုအကြောင်း ရိုက်ထားတာ။ ပန်းခြံထဲက ခုံတန်း တစ်ခုပေါ်မှာ သားအဖနှစ်ယောက် ထိုင်လို့။ သားက သတင်းစာကို ဖတ်လျက်။ ဖခင်ကြီးကတော့ သစ် ကိုင်းဖျားပေါ်နားလာတဲ့ ငှက်ကလေးကို ကြည့်နေတယ်။ သတင်းစာဖတ်နေတဲ့ သားကို ဒါ ဘာကောင်လဲလို့မေးတယ်။ သားက ငှက်လေးဆီ အသာမော့ကြည့်ပြီး ဒါ "စာ" လို့ဖြေတယ်။
စာလေးက ခုန်ဆွခုန်ဆွနဲ့ ကျောက်တုံးတစ်တုံးပေါ် ရွှေ့ သွားတယ်။ ဒီတော့ ဖခင်ကြီးက ဒါ ဘာကောင်လဲလို့ မေးပြန်တယ်။ သားဖြစ်သူရဲ့အသံက နည်းနည်းမာလာတယ်။ "ဒါ စာ"လို့ ပြန်ဖြေပါတယ်။ စာလေးက တစ်နေရာကို ရွှေ့သွားပြန်တယ်။ ဒီတော့ ဖခင်ကြီးက ဒါ ဘာလဲလို့ မေးပြန်ပါတယ်။ သားက မော့ မကြည့်ပဲ အသံကျယ်ကျယ်နဲ့ "စာ စာ" လို့ အော်ပါတယ်။ စိတ်လည်း အတော်တိုနေတဲ့ဟန်နဲ့။
စာလေးက တစ်နေရာရွှေ့သွားပြန်တယ်။ ဒါဘာကောင်လဲလို့ မေးလို့မှ မဆုံးမီ သားက။ ဒါ "စာ စာ စာ"။ "စလုံး ရေးချစာ" လို့ ကလေးငယ် တစ်ယောက်ကို စာလုံးပေါင်းပြဟန်နဲ့ အော်ပြောပါတယ်။ အသံရော အမူအယာပါ အဆုံးစွန် စိတ်တိုနေ ဟန်။ ပြီးတော့ နှုတ်ကလည်း ခုတင်ပဲ ပြောပြီးပြီ။ ဒါတောင် မမှတ်မိဘူးလားလို့ စိတ်ဆိုးမာန်ဆိုး အော်ငေါက်ပါတယ်။
ဒီတော့ ဖခင်ကြီးက ထိုင်နေရာက အသာထကာ အိမ်ထဲကို ဖြေးဖြေးဝင်သွားပါတယ်။ သားက အတော်စိတ်ပျက်လက်ပျက် အမူအယာနဲ့ သတင်းစာကို ပစ်ချပြီး ဒါက ဘယ်သွားမလို့လဲ လို့ အော်ငေါက်ပါတယ်။ သားက သူ့လက်ကို နဖူးမှာထောက် ပြီးငိုင်တွေလို့။ တော်တော်မှပဲ စိတ်ဆိုးစိတ်ပျက်နေဟန်။
ဖခင်ကြီး အိမ်ထဲက ပြန်အထွက်မှာတော့ လက်ထဲမှာ မှတ်စုစာအုပ်ဟောင်းလေးတစ်ခုကို ကိုင်လို့။ ခုံပေါ်ထိုင်နေတဲ့ သူ့ သားကို အသာလက်တို့ကာ သူ့လက်ထဲမှာ အထူးမှတ်ထားတဲ့ စာမျက်နှာလေးကို သားကို ပေးဖတ်ပါတယ်။ ကျယ်ကျယ် ဖတ်ပါလို့လည်း နှုတ်ကပြောပါတယ်။
သားက စာကိုအသံထွက်ဖတ်ပါတယ်။မှတ်တမ်းလေးထဲမှာ "ဒီနေ့ သားလေးသုံးနှစ်ပြည့်တဲ့နေ့။ သားက ကျနော်နဲ့ ပန်းခြံ ထဲက ခုံတန်းလေးမှာ ထိုင်နေခဲ့တယ်။ စာလေးတစ်ကောင်က ခုံနဲ့မလှန်းမကန်း ပန်းရုံလေးပေါ် လာနားတယ်။ တီတီတာ တာ စကားပြောတတ်စအရွယ် သားငယ် က ဖေဖေ ဒါဘာကောင်လဲလို့ မေးတယ်။ ဒါ စာလို့ခေါ်တယ်သားလို့ ကျနော်က ဖြေခဲ့တယ်။ နောက်ပြီးသားလေးကိုလည်း ဖက်ခဲ့တယ်။
ခဏအကြာတော့ စာလေး တစ်နေရာကို အနည်းငယ်ရွှေ့သွား တယ်။ ဖေဖေ အဲဒါဘာကောင်လဲလို့ မေးပြန်တယ်။ ဒါ စာလို့ခေါ်တယ်သားလို့ ကျနော်က ပြန်ဖြေတယ်။ နောက်ပြီး ကျ နော်က သားလေးကို တစ်ချက်ပွေ့ဖက်လိုက်တယ်။ ဒီလိုနဲ့ ဒီမနက်ခင်းလေးမှာ စာလေးတစ်နေရာရွှေ့သွား တိုင်း သားလေး က ဒါဘာကောင်လဲ ဖေဖေလို့ မေးခဲ့တာ။ နှစ်ဆယ့်တစ်ကြိမ်ရှိခဲ့တယ်။ သားလေးမေးလေတိုင်း "စာ" လို့ခေါ်တယ်လို့ ကျ နော်က ဖြေပေးခဲ့ပြီး ဖြေပြီးတိုင်းပဲ သားလေးကို ကျနော်က တစ်ကြိမ်ပွေ့ဖက်ခဲ့တယ်။ ဒါလေးတောင် မမှတ်မိနိုင်ရကောင်း လားလို့ ကျနော်က အပြစ်မတင်ခဲ့သလို စိတ်လည်း မဆိုးမိပါဘူး။ အပြစ်မဲ့တဲ့ကျနော့်သားလေးရဲ့ နှစ်လုံးသားနုနုလေး ဒဏ် ဖြစ်မသွားစေချင်ဘူးလေ"။
စာကိုဖတ်ပြီး သားဖြစ်သူက အတန်ငယ်တွေသွားတယ်။ သူ့အပေါ်ထားခဲ့တဲ့ ဖခင်ကြီးရဲ့ တုနှိုင်းမဲ့မေတ္တာကို နားလည်သွားပုံ ပါ။ ဖခင်ကြီးကို ပွေ့ဖက်ပြီး ဖခင်နဖူးကို အသာနမ်းပါတယ်။ (၃) မိနစ်ခန့်ကျော်ကျော်လေးသာကြာတဲ့ ဒီဗီဒီယိုခွေလေးက အချိန်ပမာဏမဲ့ ကာလမဲ့တဲ့ လူအို(ဖခင်)တစ်ယောက်ရဲ့ အကြင်နာနဲ့ မေတ္တာတရားကို ကောင်းကောင်းဖော်ပြနိုင်ခဲ့ပါတယ်။ နောက်ပြီး လူအိုတစ်ယောက်ရဲ့ ဘဝမှန်ကိုလည်း ပိုလွင်စေပါတယ်။
ဇရာဆိုတာက ယိုယွင်းယုတ်လျော့ခြင်းကို ဆိုလိုတာ။ အိုခြင်းဆိုတာ နုပျိုလန်းဆန်းခြင်းတွေ၊ တက်ကြွသန်မာခြင်းတွေ ယုတ်လျော့ပြီး အိုဆွေးအားနည်းလာမှုပဲ မဟုတ်ပါလား။ အိုချိန်ရောက်လာရင် ကျန်းမာသန်စွမ်းစဉ်က သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်ခဲ့တဲ့ အလုပ်တွေကိုလည်း လုပ်နိုင်တော့မယ် မဟုတ်ပေဘူး။ အရွယ်ရလာလို့ ရှောင်လွှဲ မရနိုင်တာကြောင့် အိုတာတော့ အိုကြရမှာပါ။
အိုခြင်းနောက်ကပ်ရက်မှာပဲ အမျိုးမျိုးသော ရောဂါအထွေထွေကြောင့် နာခြင်းကလည်း လိုက် ပါလာမှာ မလွဲပါဘူး။ သဘာဝကပေးခဲ့တဲ့ ဒီမလွှဲမရှောင်သာ နာခြင်းမျိုးကြောင့် အဖိုးအဖွားတွေမှာ စိတ်ဒဏ်သင့်စေမှာ အမှန်ပဲလေ။ ဒါပေမယ့် ငယ်ရွယ်သူတွေဆီက အကြင်နာ မရလို့ နာကျင်ကြရမှာမျိုးတော့ မဖြစ်စေဖို့ လိုပေလိမ့်မယ်။ ဖြစ်စဉ်သဘောအရ အိုပြီးလို့ နာကြရတဲ့ ခန္ဓာနာအပေါ်မှာ ဖြစ်စဉ်ထဲမှာ မပါလေတဲ့ ငယ်ရွယ်သူတွေပေးလို့ နာကြရမည့် ဝေဒနာဒဏ်နာထပ်ကာ မသင့်စေဖို့ လိုပေလိမ့်မယ်။
ဒို့တွေ ခုလိုနေနိုင်အောင် သူတို့တွေက ဒို့အတွက် ရှေ့ကနေ အရာရာ ဖန်တီးထားပေးကြတာ မဟုတ်လား။ ဒို့စားနေတဲ့ အစာတွေ၊ ဒို့ဝတ်နေတဲ့ အဝတ်တွေ၊ ဒို့ဖြတ်နေတဲ့တံတားတွေ၊ ဒို့လျှောက်နေတဲ့လမ်းတွေ။ ဒါတွေဒါတွေကို ဒို့တွေရဲ့ အဘိုး တွေ၊အဘွားတွေ၊ အဖေအမေတွေက သူတို့တွေရဲ့ သွေးတွေ ချွေးတွေနဲ့ ခင်းခဲ့ကြ တည်ဆောက်ခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ဒို့တွေရဲ့ အသက်ရှင်ဖြစ်တည်နေမှုကိုက သူတို့တွေပေးခဲ့ကြလို့သာပဲ မဟုတ်လား။
တကယ်တော့ အိုခြင်း ဆိုတာ ဒုတိယအကြိမ် ကလေးဘဝကို ပြန်လည်ရောက်သွားခြင်းပါ။ ဒီအကြိမ်မှာ ကလေးပမာ ထပ်ခါထပ်ခါမေး တဲ့ မေးခွန်း ကို စိတ်ရှည်စွာ ဖြေကြားရမှာက လူကြီးတစ်ယောက်ရဲ့ တာဝန်ပါ။ ဒို့တွေဟာ လူကြီးလူကောင်းတစ်ယောက်ပါလို့ ကိုယ့် ကိုယ်ကို ယူဆတယ်ဆိုရင် ဒါ ဒို့တာဝန် ဒို့အလှည့်ပဲလေ။
"ခု အချိန်မှာ ငါ့ရဲ့အချိန်များစွာနဲ့ ဘယ်လောက်နည်းနည်းလေးပဲ ငါလုပ်နိုင်ခဲ့တယ်ဆိုတာ နားလည်ခဲ့ပါပြီ။ ငါ့ရဲ့ နည်းနည်း လေးသာကျန်တော့တဲ့ အချိန်နဲ့ဆို ဘာတွေကို ဘယ်လောက်များများ ငါလုပ်နိုင်ဦးတော့မှာလဲ"လို့ အသက် ကြီးရင့်သူတွေ က အားလျော့စွာ စဉ်းစားမိတတ်ပါတယ်တဲ့။ အားနည်းလာတဲ့ ကိုယ်အားစိတ်အားတွေအပေါ်မှာ အားမရနိုင်စွာ ဖြစ်တတ် တာ အသက်ကြီးရင့်သူများရဲ့ သဘာဝပဲလေ။
နှေးရမည့်အရွယ် များမို့ နှေးတတ်တာ၊ လေးရမည့်အရွယ်ရောက်ကြလို့ လေး ကြတာကို နှေးရလေးရကောင်းလားလို့ အပြစ်မတင်မိဖို့ အရေးကြီးပါတယ်။ မေ့ချိန်ရောက်လို့ မေ့ကြတာကို မေ့ရကောင်း လားလို့လည်း အပြစ်တင်သင့်မယ် မဟုတ်ဘူးပေါ့။ ဖေးမရမည့် သူတွေကို ဖေးမခြင်း ဆိုတာ ကောင်းမြတ်လှတဲ့ မင်္ဂလာ တစ်ရပ်သာပါ။ ။
မှီခိုကျမ်းကိုး-
-ဆရာတော်အရှင်ဉာဏိက ၏ "" အိုသူ ကို မနာရလေအောင် ""ဓမ္မဆောင်းပါး ။
 ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ by လုံမငြိမ်းချမ်း  /  15d  //  keep unread  //  preview  //  trash
                                                    ကူယူပေါ်ပြပါသည်။