October 20, 2014

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံ ဆောက်တည်တဲ့သူ။

မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို

ကိုးကွယ် အားထားပါ၏။ “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာမြတ် အပေါင်းကို ကိုးကွယ်အားထားပါ၏
လို့...အမေက သရဏဂုံ သီလတွေကို ခံယူဆောက်တည်ပါသည်။ ပညာရှိတဲ့ မိဘဆိုတော့ အမေ
က သူ့အတွက် သရဏဂုံ သီလတွေ ဆောက်တည်သလို၊   ဒါက...  သားအတွက် ဆောက်တည်
တာပါ ဆိုပြီးတော့ ၀မ်းကြာတိုက်ထဲက ဗောဓိကုမာရ မင်းသားလေး အတွက်လည်း တစ်ဖန် သရ
ဏဂုံ သီလကို ဘုရားရှင်ထံတော်မှောက်မှာ တစ်ခါထပ်ပြီး ဆောက်တည်တာဟာ အံ့သြစရာပါ။
ကြည်ညိုစရာပါ။ အတုယူစရာပါ။
      သားရတနာ၊ သမီးရတနာ မမွေးမီကတည်းက သရဏဂုံ ဆောက်တည်လို့  ရပါတယ်။ ဒီလို
သဘောတွေက ဗုဒ္ဓအဆုံးအမ စာထဲပေထဲမှာ အတိအကျပါပါတယ်။ သရဏဂုံ ဆောက်တည်တာ
စကားအသံအထွက် အနေနဲ့ ပီတာမပီတာ ခဏထား၊  စိတ်ဓါတ်က သက်ဝင်ဖို့ အရေးကြီးတယ်။
အမေရဲ့ စိတ်ဓါတ်စွမ်းအားနဲ့  သားကို ရည်မှန်းပြီး သရဏဂုံ ဆောက်တည်ပြီးသား ဖြစ်ပါတယ်။
      ဒီအမေနဲ့ ဒီသားဟာ ချက်ကြိုးနဲ့ ဆက်နွယ်နေတာပဲ။ တစ်ဦးနဲ့တစ်ဦး အကုန်သိနေပါတယ်။
အမေ့စိတ်ဓါတ် သားဆီရောက်တယ်၊ သားစိတ်ဓါတ် အမေ့ဆီရောက်တယ်။  အဲသလို ဘုရားရှင်
ရဲ့ ထံမှောက်မှာ သရဏဂုံ ဆောက်တည်ထားတဲ့ သားဟာေ

အာရုံနဲ့မနော၊ ရုပ်နဲ့နာမ်၊ ပညတ်နဲ့ပရမတ်၊ သညာနဲ့ပညာ၊

အာရုံနဲ့မနော
အာရုံနဲ့ သညာပေါင်းတော့ သင်္ခါရဖြစ်သွားတယ်။ မနောဟာ အာရုံ
(၆) ပါးနဲ့ပေါင်းတဲ့အတွက် သင်္ခါရတွေ ဖြစ်နေတယ်။ အာရုံတွေ နောက်လိုက်လို့
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတွေဖြစ်နေတယ်။ အာရုံမလွတ်လို့
တဏှာ၊ မာန၊ ဒိဋ္ဌိ ရင်ဝမှာ လှံစိုက်နေတယ်။ အတွင်းနဲ့ အပြင်ပေါင်းလို့
အာရုံမလွတ်လို့ ပူရတာ။ အတွင်းမနောက အပြင်အာရုံကို ယူရင် ဒိဋ္ဌိပဲ။
အာရုံပေါ်မှာ မျောနေကြတယ်။ အာရုံပေါ်မှာ မြှုပ်နေကြတယ်။ ပေါ်အောင်
မလုပ်ကြဘူး။ အာရုံ (၆) ပါးလွတ်တာ ၀ိဇ္ဇာ၊ မနောက အာရုံ မလိုက်ရင်လုံပြီ။
အာရုံကို မှတ်လည်း မမှတ်ဘူး။ ယူလည်း မယူဘူး၊ အဲဒါ ပညာပဲ၊ အပြင်အာရုံ
မြင်တယ်၊ ကြားတယ်၊ နံတယ်၊ ဒီအယူကို မယူဘူး။ အတွင်း အာရုံပဲ သူသတိ
အမြဲတမ်းထားနေတယ်။ အပြင်အာရုံ မယူရင် တဏှာ မရှိဘူး၊ တဏှာမရှိရင်
ဥပါဒါန် မရှိဘူး။ ဥပါဒါန်မရှိရင် ကံပြတ်တယ်။
ရုပ်နဲ့နာမ်
ခြေမရှိ လက်မရှိကောင် နာမ်က ခိုင်းတော့ ရုပ်ခွေး ဖြစ်တာပဲ၊
ခန္ဓာငါးပါးကို ထုံးလိုမွှေ၊ ရေလိုနှောက်မှ ဥာဏ်နဲ့ကြည့်မှ ဒီရုပ်နာမ်ကိုသိမှာ။
ရုပ်မှာကပ်နေတဲ့ တဏှာကို သိမှာ။

ငြိမ်းသတ်ရန်လိုသော မီး ၁၁ ပါး။

၁။ လောဘမီး = တပ်မက်နှစ်သက်သဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
၎။ ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

၅။ ဇရာမီး = အိုမင်းရသဖြင့် ပူလောင်ခြင်း။
၆။ မရဏမီး = သေပျက်ရသဖြင့် ပူလောင်ခြင်း။
၇။ သောကမီး = စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
၈။ ပရိဒေ၀မီး = ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
၉။ ဒုက္ခမီး = ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
၁၀။ ဒေါမနဿမီး = စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
၁၁။ ဥပါယာသမီး = စိတ်ပင်ပန်းဆင်းရဲရသဖြင့် ပူလောင်ခြင်းတို့ ဖြစ်ပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

ကံ၏အကျိုးပေးပုံကို တိတိကျကျ တိုင်းတာခြင်း

   ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊  အဂတိမလိုက်စား
သော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည် 
 သူ  ဖြစ်ဖြစ်၊ ကံ၏အကျိုးသည်၊ လွမ်းမိုးပါသည်။

      ကံကောင်းခြင်း၊ ကံဆိုးခြင်း၊ ဟူသည် ကိုယ်ပြုလုပ်သော အချက်
အပေါ် တည်မှီလျက် ရှိသည်။ ကံကောင်းလိုသော်၊ ကံဖြူစင် မြင့်မြတ်
လိုသော် မည်သို့ ပြုရမည်နည်း။ ကံကောင်းလာစေရန် အဘယ်ပုဂ္ဂိုလ်
များ၏ အစောင့်အရှောက်ကို ခံရမည်နည်း။ စင်စစ်သော် ကံ၏အဆိုး
အကောင်းကို ဖန်တီးနိုင်သူမှာ မည်သည့်တန်ခိုးရှင်မှမဟုတ်။ ဘိုးတော်
မယ်တော်၊ ၀ိဇ္ဇာ၊ ဇော်ဂျီ တို့ လည်း မဟုတ်။ ကံကိုဖန်တီးရှင်မှာ မိမိ၏
အတွင်း အဇ္ဈတ္တ၌ ကိန်းဝပ်နေသော မိမိ၏စေတနာ ဖြစ်သည်။
မိမိပြုသောကံသည် မိမိနောက်သို့ အရိပ်ပမာ ထပ်ချင်းမကွာ ရှိနေ၏။
      ကံ၏အကျိုးနှင့် ပတ်သတ်၍ ကျေးဇူးတော်ရှင်တောင်တန်းသာသ
နာပြု ဆရာတော်ကြီး အရှင်ဦးဥတ္တမ

လိုချင်တာကို ရှေ့တန်းတင်လျှင်။

   ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
တော်တွေ ကြွလာတဲ့အခါ အပေါ်သို့တက်ဖို့ လှေကားကို အ၀တ်ဖြူကြီး ခင်းထားတယ်။ ဇနီး

မောင်နှံက လှေကားဦးမှာရပ်ပြီး လျှောက်ကြတယ်။ “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟော
ဒီ လှေကားအပေါ် အ၀တ်ဖြူကိုနင်းပြီး တိုက်ခန်းအဆောင် အပေါ်ထပ်ကို ကြွတော်မူပါဘု
ရား”ဆိုတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အဲဒီအ၀တ်ဖြူ ခင်းထားတဲ့ လှေကားပေါ်ကို
မကြွဘူး။ နောက်တစ်ခါ ထပ်ပြီး ပင့်လျှောက်ကြပြန်တယ်။ နှစ်ခါလျှောက်တယ်၊ ဘုရားရှင်
မကြွဘူး။  သုံးခါလျှောက်တော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို  လှည့်
ကြည့်တော်မူပါတယ်။ အဲဒီလို ဘုရားရှင်က လှည့်ကြည့်တော်မူတော့ အရှင်အာနန္ဒာက သိ
တယ်။ လှေကားအထက်မှာ ခင်းထားတဲ့ အ၀တ်ဖြူကြီးကို ဖယ်လိုက်တယ်။
      ဗောဓိကုမာရ ဇနီးမောင်နှံက “ဘုန်းတော်ကြီး မြတ်စွာဘုရား မဖယ်ပစ်တော် မူပါနဲ့
ဘုရား” လို့ လျှောက်ထားတယ်။ “ဘာအကြောင်းကြောင့်များ ဖယ်တာပါလဲ ဘုရား”  လို့
ဗောဓိကုမာရ မင်းသားကမေးတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက “အမောင် သင်ဘာ
စိတ်ကူးပြီး ဘယ်လို နှလုံးသွင်းနဲ့ ဒီအ၀တ်ဖြူကို ခင်းထားတာလဲ” လို့ ပြန်မေးတယ်။ သူတို့
ဇနီးမောင်နှံမှာ သားသမီးမရှိတော့ (မရတော့) ဒီအ၀တ်ဖြူကြီးကို ဘုန်းတော်ကြီး မြတ်စွာ
ဘုရား နင်းပြီးတက်ရင် “သားသမီး ရရပါလို၏”  လို့ အဲသလို အဓိဌာန်ပြီး အ၀တ်ဖြူကြီးကို
လှေကားထက်မှာ ခင်းထားတာ၊ ဘုန်းေ

ဒို့တာဝန်အရေးသုံးပါ (ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…)

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး ဖြစ်နေရတယ်ဆိုတာ
သိရင်ပြောပြပါလား’လို့ မေးဖူးပါတယ်ဘုရား..၊ အဲဒါ သူ့အမေးကို တပည့်တော်လည်း ကောင်းကောင်း နားမလည်သလို အတိအကျလည်း ဖြေမပေးနိုင်လို့ အရှင်ဘုရားကို အကူအညီ တောင်းတာပါဘုရား၊ အချိန်ရရင် စာတစ်ပုဒ်လောက်ရေးပြီး အင်တာနက်မှာ တင်ပေးပါဘုရား…” လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း “ကောင်းပါပြီ.. ဒကာမ၊ အချိန်ရရင် ရေးပြီးတင်ပေးပါမယ်”လို့ ပြောပြီး မရေးဖြစ်ပဲ နေခဲ့တာ ခုမှပဲ “ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး”ဆိုတဲ့ ဒီခေါင်းစဉ်လေးနဲ့ ရေးတင်ဖြစ်ပါတယ်။
တခြားဘာသာတွေမှာ ဘယ်လိုနည်းစနစ်တွေ ရှိတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဗုဒ္ဓဘာသာမှာ ရှိနေတာတွေကတော့ သူမေးသလို အမျိုးမျိုးအဖုံဖုံ ရှိနေတာ မဟုတ်ပါဘူး။ အမည်နာမတွေကြောင့် အမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဗုဒ္ဓဘာသာမှာ ဒါတွေက ကုသိုလ်ဖြစ်ရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေးဆိုတဲ့ ကျင့်ကြံပွားများ အားထုတ်ခြင်းမှာပဲ သွားပြီးအကျုံးဝင်ပါတယ်။ စာလိုပြောရင်တော့ သမထကျင့်စဉ် သို့မဟုတ် ၀ိပဿနာကျင့်စဉ် တစ်ခုခုထဲမှာ အကျုံးဝင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီနည်းတွေဟာ စိတ်ကို တခြားအပြင်ကိလေသာ အာရုံတွေရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်စေ၊ စိတ်အစဉ် ငြိမ်းချမ်းစေ၊ ကုသိုလ်ဖြစ်စေ၊ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ် ကာကွယ် နိုင်စေတတ်တဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီကျင့်စဉ်တွေကို ကျင့်ကြံအားထုတ်ကြတာ ဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပေမယ့် အချုပ်ကတော့ သမထကျင့်စဉ်နဲ့ ၀ိပဿနာ ကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။
ဒီနည်းစနစ်နှစ်ခုထဲက သမထကျင့်စဉ်ဆိုတာ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ်ပွားများပေးတဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ဘုရားရှိခိုးတာ၊ တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်

ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ"

"ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ" •••••••••••••••••••••••••• အပြု (ကာယကံ) ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ အပြော (၀စီကံ) ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ အတွေး (မနောကံ) တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ ချမ်းမြေ့ဆရာတော် (ဓမ္မကဗျာပဒေသာ စာအုပ်မှ) _/|\_ဓမ္မမိတ်ဆွေများအားလုံး အပြု၊ အပြော၊ အတွေးများ ရှောင်ရှားနိုင်သူများ ဖြစ်ကြပါစေ။_/|\_
ဖေ့ဘုတ်မှတဆင်တင်ပြသည်။

ရှင်သာမဏေစစ်စစ်။

   ဗုဒ္ဓဘာသာဝင်တိုင်းသည်၊ သားယောက်ျားလေး ဖွားမြင်လာသည်နှင့် မိမိရင်သွေးလေးအား ရှင်သာမဏေ
ပြုခွင့်ရတော့မည်ဟု၊ အတိုင်းမသိ ၀မ်းသာပီတိဖြင့် စောင့်မျှော်နေတတ်ကြသည်။ ရှင်သာမဏေအစစ် ဖြစ်ဖို့ 
ရန် အလွန်အရေးကြီးသည့် အချက်ကို ထည့်စဉ်းစားသူ အလွန်နည်းကြသည်။ ဆံချ၊ သင်္ကန်းဝတ်၊ သရဏဂုံ
ပေးလျှင် ရှင်သာမဏေ ဖြစ်သွးပြီဟု သိရှိကြပါသည်။   အထက်ပါ  အင်္ဂါ  ၃  ရပ်မှတစ်ပါး   အခြားသော
စလွယ်၊ မကိုဋ်၊ ဆင်မြန်းပြီး ရှင်လောင်းလှည့်မှု၊ ဆိုင်း၊ အငြိမ့်၊ စသည့် ပျော်ပွဲ၊ ရွှင်ပွဲ ထည့်မှု၊ ဘုရားတား
မြစ်သည့် နစ္စ၊ ဂီတ၊ အမှုများသည် ရှင်ပြုမှုနှင့်  မဆိုင်ပါ၊    ကုသိုလ်မတိုးပွားဘဲ၊  အကျိုးယုတ်သည့်ပြင်
မူရင်းအလုပ်ကို အလွန်ထိခိုက် စေပါသည်။ ဘုရားရှင်၏ သားတော် ရာဟုလာ ပင်လျှင်၊ ခေါင်းရိတ်ဆံချ
ခြင်း၊  သင်္ကန်းဝတ်ပေးခြင်း၊  သရဏဂုံ ပေးရွတ်ဆိုခြင်းဖြင့်  ရှင်သာမဏေ စစ်စစ် ဖြစ်သွားပါသည်။
 ရှင်သာမဏေအစစ် ဖြစ်ဖို့ ရန် အလွန်အရးကြီးကြောင် သိသူနည်းကြပါမည်။
    " ၁၅ နှစ်အောက် ယုတ်လျော့သော သူငယ်ကို ရှင်ပြုမပေးရ။ ရှင်ပြုပေးသောရဟန်း ဒုက္ကဋ် အာပတ်သင့်
စေ" ဟု ၀ိနည်းမဟာဝါ၊ အဟိဝါတက ရောဂ၀တ္တု ၌ ဘုရားရှင် ”ပထမ” ပညတ်တော်မူပါသည်။ တဖန် ကျီး
ခြောက်လှန့် နိုင်သည့် အရွယ်ကိုလဲ အကျိုးအကြောင်း စုံလင်သဖြင့် မလွှဲသာ၍  "ဒုတိယ"  ခွင့်ပြုတော်မူပါ
သည်။
     ရှင်သာမဏေ အစစ်ဖြစ်ဖို့ ရန် ၁။ သွန်သင်ဆုံးမတတ်သော ဥပဇျွာယ် ဆရာကောင်း လိုပါသည်။ (တစပဉ္စ
က ကမ္မဌာန်း) ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊။ (သရဏဂုံ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။ တို့ ကို ဆရာကော

လမ်းလွှဲလိုက်နေကြသူများ ။

  ထေရ၀ါဒ ဗုဒ္မဘာသာဝင် သူတော်စင်တို့ သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။
ယင်းကံ၏အကျိုးပေါ်တွင် မဆုတ်မနစ် မယိမ်းမယိုင် ခိုင်မာစွဲမြဲစွာ ယုံကြည်ထားကြသည်။ ကံ၊ ဥာဏ်၊ ၀ိရိယများကို
မြင့်မြင့်မားမား ထူထောင် အသုံးချတတ်ကြသည်။ ရတနာသုံးပါးမှအပ ဖြစ်သော အခြားအခြားသော ကိုးကွယ်ရာ
(မှား)များကို မရှာဖွေ (မကိုးကွယ်) တော့ပါ။ သာသနာပြင်ပ ကိုးကွယ်ရာနှင့် အယူဓလေ့ ကျင့်စဉ်များနောက်သို့ 
မောပန်းတကြီး မျောနစ်လိုက်ပါ နေသူများသည်၊ ယုံကြည်မှုသဒ္ဒါ မဟာအမှားကြီး အရင်းခံလျက် လမ်းလွှဲလိုက်
နေသူများ ဖြစ်ကြပါသည်။
     ကျေးဇူးရှင် ဘိက္ခုဓမ္မသေန ဆရာတော်ဘုရားကြီး၏ ဆုံးမပုံမှာ===ဘွင်းဘွင်းဆိ့ရပါက ဗုဒ္မဘာသာဝင်အချို့ 
သည်၊ မိမိ၏ယုံကြည်စိတ် မည်သည့်အတိုင်းအတာအထိ လျှောကျနေသည်ကို သတိမထားကြဘဲ ရေစုန်ခရီးတွင်
လှေကြုံစီးနေသကဲ့သို့  ရှိ၏။

ဘာဝနာတရားဖြင့် နေနည်း။

  ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
ထုတ်ရတဲ့ နည်းပါပဲ။
      ပုံမှန်နေစဉ်အလုပ် အားထုတ်တဲ့ နည်းနဲ့ သာ အချိန်မရွေး၊ အမူအရာမရွေး၊ ဂရုတစိုက်
အားထုတ်ရင် တရားလို့ ခေါ်တဲ့ ဒီ သဒ္ဒါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေက မိမိတို့ ရဲ့ စိတ်
အတွင်းကို အားကောင်းစွာနဲ့  ၀င်ရောက်လာပါတယ်။
      အဲဒီလို  သူတော်ကောင်း တရားတွေ ၀င်လာမှာကျတော့ ကိုယ်ကဂရုမစိုက်၊ ဒီဘက်
လှည့်ဝင်တော့လည်း ကိုယ်က ဂရုမ

ဗုဒ္ဓမြတ်စွာဘုရားရဲ့ နောက်ဆုံး မှာစကား။

လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က  အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့   ထင်တာ။  လောကလူတွေကို သတိထားပြီး ကြည့်လေ၊  စီးပွါးဥစ္စာ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး
အာဏာရှိတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် အားလုံး ဖြစ်တယ်” ဆိုတဲ့ စိတ်အတွေး ရှိတယ်။ ကျန်းမာတဲ့
ပုဂ္ဂိုလ်ကလည်း “ငါကျန်းမာတယ် ဘာမဆို လုပ်နိုင်တယ်”  ဆိုတဲ့ အတွေး ရောက်လာတယ်။  အဲဒီအ
တွေး ရောက်မှုတွေဟာ ယစ်မူးမှုတွေပဲ ဖြစ်တယ်။
       ယစ်မူးတယ်ဆိုတာ ကိုယ့်ဟာကိုယ် အထင်ကြီးတဲ့  မာန၊ ငါ  ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့  မာန
တွေကြောင့် ကုသိုလ်ကောင်းမှု အပေါ်မှာ လုံးဝ သတိမရတာပါ။ ဒါတွေကို ယစ်မူးတယ်လို့ ခေါ်တယ်။
မေ့လျော့တယ်လို့  ခေါ်တယ်။
      မြတ်စွာဘုရားက ယစ်မူးမှု သုံးမျိုးကို ဖေါ်ပြထားတယ်။ (၁) “ယောဗ္ဗနမဒ”=ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်
တွေမှာ ဖြစ်တတ်တဲ့ မာန်မာန ယစ်မျိုးမှု။ လူငယ်လူရွယ်တွေဆိုတာ သူရဲ့နုပျိုမှုနဲ့  အားခွန်ဗလတွေ
အပေါ်မှာ  အထင်ကြီးပြီး ယစ်မူးနေတတ်တယ်။ ယစ်မူးနေပြီး  ကုသိုလ်ကောင်းမှု လုပ်ရမှာကို   မေ့
လျော့နေတယ်၊ အဲဒါကို “ယောဗ္ဗနမဒ” လို့ ခေါ်တ

အမှတ်တမဲ့မှ အမှတ်တရသို့

(က)
လောကခြင်းရာတွေဟာ ကြံရွယ်ပေမယ့် ပျက်သွားတတ်ပါတယ်။ လောကမှာ စီစဉ်
မထားတာတွေဟာလည်း ဖြစ်လာတတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ကြုံရတဲ့ အဖြစ်အပျက်လေး
တွေဟာလည်း ကြီးကျယ်တဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာတတ်ပါတယ်။ မတော်တဆ
ကြုံခဲ့ရတာလေးက ပေါ့ပေါ့ပါးပါးပေမယ့် နောက်ဆက်တွဲ ဖြစ်ပေါ်ပြောင်းလဲမှုတွေက ဘဝမှာ
မှတ်တမ်းတင်လောက်အောင် ကြီးကျယ်ခမ်းနား လာနိုင်ပါတယ်။ အရေးမထားမိတဲ့ အသေးအဖွဲ
ကိစ္စငယ် လေးတွေဟာ သံသရာ ဘဝအဆက်ဆက်အထိ လိုက်ပါလွှမ်းမိုး နိုင်ပါတယ်။
ဒီတော့ ကံကိုလက်ခံထားကြတဲ့ ကမ္မဝါဒီဗုဒ္ဓဘာသာတွေဟာ ကံမျိုးစုံကို ကိုယ်နှုတ်စိတ်နဲ့
ပုံဖော်ရာမှာ စေတနာကောင်းလေးတွေ ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ သာမန် အပြုအမူလေးတွေ
ကတောင် အရေးတကြီး ထင်ရှားတဲ့ ဘဝမှတ်တမ်းတွေ ဖန်းတီးနိုင်တာဆိုတော့ သက်ဝင်
လှုပ်ရှားမှု မှန်သမျှမှာ စေတနာကောင်းလေးတွေ ပါနိုင်သမျှပါအောင် သတိထားထည့်သွင်း
ပေးနိုင်ဖို့ အရေးကြီးပါတယ်။ စေတနာကောင်းမှ ကံကောင်းမယ်၊ ကံကောင်းမှ ဘဝလှမယ်
မဟုတ်ပါလား။ ဘဝမှာ အမှတ်တမဲ့ ကြုံခဲ့ရ တာလေးက သံသရာမှာ ဘယ်လိုအမှတ်တရ
ဖြစ်စေနိုင်တယ်ဆိုတာ မြင်သာတဲ့ သာဓက တစ်ခု ရှိပါတယ်။
(ခ)
ဂေါတမမြတ်စွာဘုရားရှင် ရွှေလက်ထက်တော် အခါက ဖြစ်ပါတယ်။ အဲဒီတုန်းက
စူဠပန္ထက၊ မဟာပန္ထကဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သာသနာတော်မှာ ရဟန်းပြုကြပါတယ်။
အစ်ကိုကြီး မဟာပန်ရဟန်းဟာ ပရိယ

မေတ္တာစာတမ်း

အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊

‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊
သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်--ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊
မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို ဤသို့ဖော်ပြထားပါသည်--“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်သွေးကို အသက်နှင့်ရင်းနှီး၍ စောင့်ရှောက်လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့် စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါသည်၊၊ မေတ္တာပို့မည့်သူ၏ သန္တာန်တွင်လည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊ အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမည် ဖြစ်သည်၊၊
မေတ္တာပို့လိုသူသည် မေတ္တာမပို့ခ

အနာရှိတဲ့လက်နဲ့ ဆားအိုးကိုနှိုက်ရင်

အနာရှိတဲ့လက်နဲ့ ဆားအိုးထဲကို နှိုက်ရင် စပ်တတ်တယ်။ လက်မှာ အနာမရှိရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ အနာလက်နဲ့ ဆားနှိုက်လို့ စပ်တဲ့အခါ ဆားအိုးကို ဒေါသဖြစ်၊ အပြစ်တင်နေလို့ ကိုယ်ပဲ ရူးရာကျမယ်။ ကိုယ့်အနာကိုယ် အရင်လုံအောင်၊ သက်သာအောင် လုပ်ဖို့ စဉ်းစားတတ်မှသာ သင့်တင့်လျောက်ပတ်တဲ့၊ မှန်ကန်တဲ့ အတွေးအမြင်၊ အသိဥာဏ်ဖြစ်မယ်။

ဒီဥပမာလိုပဲ ကိုယ့်စိတ်သန္တာန်မှာ ကိလေသာဆိုးတွေ အမြစ်တွယ်နေလို့ ပြင်ပက အာရုံဆိုးတွေနဲ့ တွေ့တဲ့အခါ စပ်စပ်လူးပြီး ခံရခက်တတ်ကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ ပြင်ပကလာတဲ့ အာရုံဆိုးကိုပဲ အပြစ်မြင်ပြီး ကိုယ့်ရဲ့ အတွင်းသန္တာန်မှာ အမြစ်တွယ်နေတဲ့ ကိလေသာကိုတော့ အပြစ်မြင်ဖို့ မပြောနဲ့၊ (ဖြစ်နေတဲ့အချိန်ဆို) ရှိမှန်းတောင် မေ့နေတတ်ကြတယ်။

လောဘဖြစ်စရာအာရုံနဲ့ ကိုယ့်အတွင်းထဲက လောဘစိတ်နဲ့ တိုက်မိတဲ့အခါ လောဘတွေ ဖြစ်လာတယ်။ ဒေါသဖြစ်စရာအာရုံနဲ့ ကိုယ့်အတွင်းထဲက ဒေါသစိတ်နဲ့ ထိတွေ့မိတဲ့အခါ ဒေါသတွေ ဖြစ်လာတယ်။ ဒီနေရာမှာ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ ပြင်ပအာရုံတွေကတော့ ဆားအိုးပေါ့။ ကိုယ့်အတွင်းသန္တာန်မှာ အမြစ်သဖွယ် ကိန်းအောင်းနေတဲ့ လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာတွေကတော့ ပွင့်ဟနေတဲ့ အရြေ

★“မာရ်နတ် ၏ နှလုံးသား ကို တုန်လှုပ်,ချောက်ချား သွားစေအောင်”★

ကမ္မဋ္ဌာန်းတရား အားထုတ်လိုသော ယောဂီ သည်-
“သက္ကောစ=သူတော်ကောင်းတရားတို့ကို အမှန်တကယ် သက်စွန့်ကြိုးပမ်း အားထုတ်နိုင်ရခြင်း သည် လည်းကောင်း၊
သုဝစောစ=ဆရာ့စကား ကို တသဝေမတိမ်း လိုက်နာလွယ်သူ ဖြစ်ရခြင်းသည်လည်းကောင်း” ဟု ဟောတော်မူသော “မေတ္တာကမ္မဋ္ဌာန်း”
(မေတ္တသုတ်) လာ ရှေ့ပြေး အရည်အချင်းများ ရှိထားပြီးဖြစ်ရပါ၏။
ထို့အတူ တရားအားထုတ်မည့်သူများ ကြိုတင်ပြည့်စုံထားရမြဲဖြစ်သော(ယခုဘ၀မှာပင် တရားထူးရစေနိုင်သည့်)အင်္ဂါအရည်အချင်း
“ပဓာနိယင်္ဂတရား” (၅)မျိုး ရှိသည်ကို လည်း ဓမ္မမိတ်ဆွေများ သိပြီးဖြစ်ပါ၏။
ပြန်လည် တင်ပြရပါသော်-
၁။ ရတနာသုံးပါးနှင့် ကမ္မဋ္ဌာန်းဆရာအပေါ် အကြွင်းမဲ့ ယုံကြည်သော “သဒ္ဓါတရား” ရှိခြင်း။
(ထို “သဒ္ဓါတရား ရှိခြင်း” ဟူရာတွင်- “သဒ္ဓါ” သည်-
(၁) အာဂမသဒ္ဓါ၊(၂)အဓိဂမသဒ္ဓါ၊(၃)သြကပ္ပနသဒ္ဓါ၊(၄)ပသာဒသဒ္ဓါ ဟူ၍ (၄)မျိုး ရှိပါသည်။
(၁) အာဂမသဒ္ဓါ ဟူသည်မှာ=သဗ္ဗညု ဘုရားအလောင်းတော်တို့၏ သဒ္ဓါတရား သည် ဆုပန် သည်မှစ၍ မပျက်မစီး ရအပ်သောကြောင့် (အာ

**မင်းရဲ့အလှက ဘယ်သူဖန်ဆင်းပေးတာလဲ**

"အို.. အမောင်နတ်သားတို့ ဤနတ်သမီးသည် ကျွန်ုပ်၏ပိုင်နက်ဖြစ်သော နယ်နမိတ်၏အစပ်၌ တည်လာသောကြောင့် ကျွန်ုပ်၏အလုပ်အကျွေးသာဖြစ်သင့်ပါ၏။ အို.နတ်သမီး သင်ကား အများနှင်မတူ တမူဆန်ပြား အလှကြီး လှရက်ပါပေ၏ ။ ‪#‎သင်နတ်သမီးအားဤမျှလောက်ချောမောလှပစေရန်မည်သူကဖန်ဆင်းပေးခဲ့လေသနည်း‬* ။ ကျွန်ုပ်သည် သင်နတ်သမီးကို မြင်သောကာလ ထိုခဏ၌ပင် စစ်ချီရာတွင် တီးခတ်သော စည်ကြီးကဲ့သို့ ရင်တွင်း၌ တဒုန်းဒုန်းတုန်ဟီးကာ နေပါတော့၏"။
အလောတကြီးပြောလာသော ပထမနတ်သား၏ စကားကိုကြားရသော် ဒုတိယနတ်သားက " အသင်နတ်သား ဤသို့မဆိုသင့်ပါ ။ ဤနတ်သမီးကား ကျွန်ုပ်၏ဘုန်းကံအလျောက် ပေါ်ပေါက်လာသော ကျွန်ုပ်၏အခြံအရံနတ်သမီးသာ ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်သာလျှင် ရထိုက်ပါ၏။ ကျွန်ုပ်သည် ဤနတ်သမီးကို တွေ့စ၌ပင် အရှိန်အဟုန်ဖြင့် စီးကျလာသော ရေတံခွန်မှ ရေစီးသံကဲ့သို့ ကျွန်ုပ်၏ရင်ခုန်သံတို့သည် တဝုန်းဝုန်းဖြစ်၍ နေပါတော့၏" ဟုဆိုလေ၏။
တတိယနတ်သားကလည်း "အသင်နတ်သားတို့ သင်တို့သာ ဤသို့ဖြစ်ကြသည်မဟုတ် ။ ကျွန်ုပ်သည်လည်း ဤနတ်သမီးကို မြင်သောအခိုက်၌ပင် စစ်တံခွန်တွေ လေအလွင့်မှာ တလွှင့်လွှင့်ဖြင့် လှုပ်ခတ်သကဲ့သို့ ရင်ထဲမှာလည်း တလှပ်လှပ်ဖြင့် ခံစားရပါ၏။ ကျွန်ုပ်ကိုသာ ပေးပါလော့"။
စတုတ္ထနတ်သားကမူ "နတ်မင်းတို့.. သီးခံကြပါဦး။ ကျွန်ုပ်သည်လည်း ဤနတ်သမီး၏အလှကို မြင်စသော်က ကြည့်ရှု၍မဝနိုင်သဖြင့် ကျွန်ုပ်၏မျက်လုံးများသည် ပုဇွန်၏မျက်လုံးကဲ့သို့ပင် အပြင်သို့ပြူးထွက်လျက်နေရာ မျက်လုံးအိမ်အတွင်းသို့ ပြန်သွင်းဖို့ပင် အခက်တွေ့နေရပါပြီ ။ ကျွန်ုပ်ကိုသာ ပေးကြပါလော့" ။
နတ်သားလေးဦးတို့သည် မိမိတို့၏ပိုင်န