June 28, 2016
ပဋိစ္စသမုပ္ပါဒ် အင်္ဂါ(၁၂)ပါး
(၁) သစ္စာလေးပါးတို့ကို မသိခြင်း 'အဝိဇ္ဇာ'ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' တို့ ဖြစ်ကုန်၏။
(၂) ပြုပြင်စီရင်မှု 'သင်္ခါရ'ဟူသော အကြောင်းကြောင့် သိမှု 'ဝိညာဏ်' သည် ဖြစ်၏။
(၃) သိမှု 'ဝိညာဏ်'ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' သည် ဖြစ်၏။
(၄) 'နာမ်ရုပ်'ဟူသော အကြောင်းကြောင့် 'အာယတန' ခြောက်ပါးသည် ဖြစ်၏။
(၅) 'အာယတန' ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။
(၆) တွေ့ထိမှု 'ဖဿ'ဟူသော အကြောင်းကြောင့် ခံစားမှု 'ဝေဒနာ'သည် ဖြစ်၏။
(၇) ခံစားမှု 'ဝေဒနာ'ဟူသော အကြောင်းကြောင့် တပ်မက်မှု 'တဏှာ'သည် ဖြစ်၏။
(၈) တပ်မက်မှု 'တဏှာ'ဟူသော အကြောင်းကြောင့် စွဲလမ်းမှု 'ဥပါဒါန်' သည် ဖြစ်၏။
(၉) စွဲလမ်းမှု 'ဥပါဒါန်'ဟူသော အကြောင်းကြောင့် 'ဘဝ'သည် ဖြစ်၏။
(၁ဝ) 'ဘဝ'ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း 'ဇာတိ'ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ', သေခြင်း 'မရဏ' သည်ဖြစ်၏။
(၁၂) အိုခြင်း 'ဇရာ', သေခြင်း 'မရဏ'ဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေး ခြင်း 'သောက'၊ ငိုကြွေးခြင်း 'ပရိဒေဝ'၊ ကိုယ်ဆင်းရဲခြင်း 'ဒုက္ခ'၊ စိတ်ဆင်းရဲခြင်း 'ဒေါမနဿ'၊ ပြင်းစွာပူလောင်ခြင်း 'ဥပါယာသ' တို့သည် ဖြစ်ကုန်၏။ ဤဆိုခဲ့ပြီး သောနည်းဖြင့်ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုအပုံ၏ ထင်ရှားဖြစ်ပေါ် ခြင်းသည် ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ်သုတ္တန်နည်း-မှ၊ ဝိဘင်္ဂင်္ပါဠိတော်၊ အဘိဓမ္မာပိဋက။
(၁) အဝိဇ္ဇာ
ထိုအင်္ဂါ ၁၂-ပါးတို့တွင်
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။
  ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်
တမ်းတင်ထားပါတယ်။
         တရားချစ်ခင် သူတော်စင်တို့ သိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး
အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့ ဘုရားအဖြစ်သို့ ရောက်လာတာပါ။ ကုသိုလ်ကောင်းမှုတွေ
က အင်မတန်မှ များပါတယ်။ အဲဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်
လို့ ဘုရားဖြစ်လာတောင်မှပဲ ဟောဒီခန္ဓာကြီး ရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါ မှားခဲ့တဲ့ အကု
သိုလ်ကံက အခွင့်ရရင် အခွင့်ရသလို ၀င်ရောက်ပြီးတော့ နှောင့်ယှက်တာလေးတွေ ရှိနေသေး
တယ်။ သူကဘာဖြစ်လို့ အခွင့်ရနေသလဲဆိုရင် ကံရဲ့အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးရှိနေလို့ အ
ခွင့်ရတာ။ ဒီခန္ဓာကြီး မရှိရင်တော့ သူ့အခွင့် မရနိုင်တော့ဘူး။ အဲဒီတော့ ခန္ဓာကြီးရှိနေလို့ အခွင့်
ရတဲ့အခါမှာ ၀င်ပြီးတော့ နှောင့်ယှက်သေးတယ်။
         မြတ်စွာဘုရားဟာ လူ့ဘ၀ရပြီးတဲ့အခါမှာ သက်တော်(၈၀) လူ့လောကမှာ နေထိုင်ခဲ့
တယ်။ တရားကျင့်တဲ့အချိန်က (၆)နှစ်၊ လောကီစည်းစိမ် ခံစားပြီးတော့ မင်းသားဘ၀နဲ့နေတာက
(၂၉)နှစ်။ ရွှေနန်းစည်စိမ် ခံစားနေတဲ့ (၂၉) နှစ်အတွင်းမှာ အခက်အခဲ တစုံတရာ ရှိခဲ့တယ်ဆို
တာ မှတ်တမ်းမှတ်ထားတာ မတွေ့ဘူး။
         ဒါပေမယ့် တောထွက်ပြီးမှစ၍ ၀ဋ်ကြေးပေးဆပ်ရပါတယ်။ (၁)။ ဒုက္ခရစရိယာခြောက်နှစ်
ကျင့်ရခြင်း။ (၂)။ စိဉ္စမာဏ ကိုယ်ဝန်နှင့်တကွ စွပ်စွဲခြင်း ခံရခြင်း။ (၃)။ သုန္ဒရီ ပရိဗိုဇ်မ၏ အစွပ်
အစွဲခံရခြင်း။ (၄)။ သုန္ဒရီ ပုရိဗိုဇ်မသေရာတွင် တိတ္ထိတို့ မကောင်းသတင်းလွင့်၍ လူအများ ယုံ
မှားခံရခြင်း။ (၅)။ ဒေ၀ဒတ်ရဲ့ အစီအမံဖြင့် လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု ခံရခြင်း။ (၆)။  ဒေဝ
ဒတ်၏ ကျောက်တုံးလိမ့်ချ ကျောက်မောင်းဆင်ခြင်းကို ခံရခြင်း။ (၇)။ ကျောက်လွှာထိခြင်း
ကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။ (၈)။ ဆွမ်းခံကြွတော်မူရာ နာဠာဂီရိ ဆင်ဆိုးနှင့်
တွေ့ခြင်း။ (၉)။ ခြေမတော်တွင် ကျောက်လွှာထိခြင်းကြောင့် အနာတည်ရာ ဇီဝကက ဓားနှင့်
ခွဲပြီး ကုသရခြင်း။ (၁၀)။ ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။ (၁၁)။ မာရ်နိုးဆော်၍  ဝေရဉ္စာတိုင်း
သားတို့ ကပ်လှူသော မုယောဆွမ်းကို သုံးတော်မူရခြင်း။ (၁၂)။ ခါးတော်ကိုက်ခဲသော ဝေဒနာ
ခံစားရခြင်း။ (၁၃)။ ၀မ်းတော်သွန်၍ အလွန်အားနွဲ့တော်မူရခြင်း။ (၁၄)။ ရေငတ်ဝေဒနာကို ခံ
စားရခြင်းတို့ ဖြစ်ပါတယ်။
         အဲဒါကြောင့် မကောင်းတာတွေ မလုပ်မိအောင် တို့တတွေ သတိကြီးစွာထားပြီး ရှောင်
ကြရမယ်လို့ သိရှိ သဘောပေါက်ပြီး ကံကြမ္မာဝဋ်ကြွေးတွေ မိမိသန္တာန်မှာ မတင်ရအောင် ကျင့်
ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
 ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော ဘု
ရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်ပါသည်}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
နှလုံးသားထဲ ဘုရားအဆုံးအမကိန်းနေတဲ့သူ ။
  ဗုဒ္ဓဘုရားရှင်က အကုသိုလ်ဖြစ်မယ့် အလုပ်မျိုးကို လုံးဝမလုပ်ကြပါနဲ့။ ကြောက်ကြစမ်းပါ၊
ကုသိုလ်ဖြစ်မယ့် အလုပ်မှန်သမျှ လုပ်ဖြစ်အောင် လုပ်ကြ။ အခု လောကီမှာရှိတဲ့ ရာထူးတွေ၊
စည်းစိမ်တွေ၊ ဂုဏ် ပါဝါတွေနဲ့ ဘုရားရဲ့အဆုံးအမမှာ ဘုရားအဆုံးအမက တန်ဘိုးရှိပါတယ်။
          သုပ္ပဗုဒ္ဓလူနူကြီး ကြားဖူးကြမှာပါ။ အဲဒါ သကြားမင်းက ဆင်းလာပြီးတော့ စမ်းတယ်။
ဟေ့ကောင် မင်း နူနာကို ငါပျောက်အောင် ကုပေးမယ်။ နေစရာ အိမ်ရှိသလား၊ နူနာဆိုတော့
ဘယ်ရှိမလဲ၊ ဘယ်ရပ်ကွက်မှ လက်မခံကြဘူး၊ တရားနာတာတောင် ဟိုး အစွန်အဖျားမှာ ကုတ်
ပြီး နာရတာ။ အဲဒီတော့ သကြားမင်းက မင်းကို နေစရာအိမ်နဲ့ စည်းစိမ်ဥစ္စာ အပြည့်ပေးမယ်။ ဘု
ရားကို ဘုရားမဟုတ်ဘူးလို့ ပြောစမ်း။ တရားကို တရားမဟုတ်ဘူးလို့ပြောစမ်း။ သံဃာကို သံဃာ   မဟုတ်ဘူးလို့ ပြောစမ်း။ မင်း အဲဒီသုံးခွန်းကိုပြောရင် မင်းလိုချင်တာ အကုန်ပေးမယ်။
          သပ္ပဗုဒ္ဓကတရားနာပြီး သောတာပန် ဖြစ်ထားပါတယ်။ အဲဒီတော့ သောတာပန်ဆိုတာ
ဘာကိုခေါ်တာလဲ။ ရိုးရိုးလေးမှတ်ထားပါ ဘုရားအဆုံးအမ နှလုံးသားထဲ ကိန်းသွားတာ ပြောတာ။
သူ့ကို သတ်ပစ်လိုက်လို့လဲ သေသာသွားမယ်။ သရဏဂုံမပျက်ဘူး။ သူလုပ်ထားတဲ့ကုသိုလ်ကို
ဖျက်လို့မရဘူး။ သူရထားတဲ့ မဂ်ကုသိုလ်ကို ဖျက်ဆီးလို့မရဘူး။ အဲဒီတော့ သောတာပန်ဆိုတာ
ဘုရားအဆုံးအမ နှလုံးသား(၀မ်း)ထဲ ကိန်းသွားတာ ရှင်းလား။
         ဒါကြောင့် နှလုံးသားထဲ ထည့်သွားကြလို့ပြောတာ။ ခု ခေတ်ကြီးထဲမှာ မြင်နေရ၊ ကြားနေ
ရတာ ဘုရားအဆုံးအမကို ပစ်ပစ်ခါခါ ရက်ရက်စက်စက် ပယ်ဖျက်ရဲတဲ့ ပုဂ္ဂိုလ်တွေ ပေါနေပြီ။
များနေပြီ။ ဘုရားအဆုံးအမကို မထီမဲ့ပြင်ပြုတဲ့သူတွေ များနေပြီ။ အဲဒါကို  ခေတ်ပျက်လို့ခေါ်ပါ
တယ်။ ခေတ်ပျက်ထဲမှာ ခင်ဗျားတို့ ပါမသွားစေနဲ့။ ဦးဇင်းကတော့ ခင်ဗျားတို့ရှေ့မှာ ဂတိပေး
လိုက်မယ်နော်၊ ခေတ်မကလို့ ကမ္ဘာပါပျက်ပါစေ၊ ငါ့ရင်ထဲက သရဏဂုံတော့ အပျက်မခံနိုင်ဘူး။
          ဘယ်တော့မှ ဦးသုမင်္ဂလကြောင့်ဓမ္မက အဓမ္မမဖြစ်စေရဘူး။ အဲဒါ အားလုံးရင်ထဲမှာ ရဲ
ရဲရင့်ရင့် ဆောင်ထားလိုက်စမ်းပါ။ သေရင် တစ်ဘ၀တစ်သက်ပဲသေမယ်။ သရဏဂုံတော့ အပျက်
မခံနိုင်ဘူး။ အဲဒါ သုပ္ပဗုဒ္ဓကို သိကြားမင်းက လောကီစည်းစိမ်တွေနဲ့ ဆွဲဆောင်တယ်။ သုပ္ပဗုဒ္ဓဟာ
သောတာပန်။ ဘုရားအဆုံးအမ နှလုံးသားထဲ ကိန်းသူဖြစ်တော့ သတိလဲရှိတယ်။ ၀ီရိယလည်းရှိ
တယ်။ ပညာလည်းရှိတယ်။
         သတိရှိတယ်ဆိုတာဘာလဲဆိုတော့ မမေ့မလျော့သော သတိ၊ သရဏဂုံကို ဖျက်ဆီးဖို့
ပြောပြီဆိုရင် ဒါဟာ သာသနာဖျက်ပဲလို့ သူသိတယ်။ နောက် ၀ီရိယ၊ ရဲရင့်တဲ့ လုံလ၀ီရိယရှိတော့
ဒီကောင် ဘာကောင်လဲ၊ ငါ့ကို ဒီစကားလာပြောတာ။ သာမန်ကောင်တော့ ငါ့ကို လာပြောရဲမှာ
မဟုတ်ဆိုပြီး သေချာကြည့်တယ်။ သတိလည်းရှိ၊ ၀ီရိယလည်းရှိ၊ ပညာလည်းရှိတော့ ဆင်ခြင်ပြီး
သိတယ်။ ဟဲ့ကောင် သိကြား မင်းပြောတဲ့ ငါးပါးအာရုံကာမဂုဏ်ဆိုတာ ဘာတစ်ခုကိုမှ ကိုယ်ပိုင်
မဟုတ်ဘူး။ ငါ့မှာ ပိုင်ဆိုင်တဲ့ သဒ္ဓွါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ သူတော်ကောင်း
ရတနာ ခုနှစ်ဖြာ အပြည့်ကိန်းနေတဲ့ သူကွ။ ဟု ပြန်ပြောလိုက်ပါတယ်။
           ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ဟာလည်းပဲ သဒ္ဓွါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ သူတော်ကောင်းရတနာ ခုနှစ်ဖြာ အပြည့်ကိန်းနေတဲ့သူ၊ ဘုရားအဆုံးအမ
နှလုံးသားထဲ ကိန်းသူဖြစ်ကာ အရဟတ္တဖိုလ်ကို ရောက်ရှိအောင်၊ ၀ိမုတ္တိသုခ ရရှိအောင်၊ တို့တစ်တွေ ကြိုးစားအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။     
{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊
  နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊
  မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿနာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူး
 တရားစခန်း တရားပွဲ၌ ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားသောတရားတော်
  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
စိတ်၏စေရာနောက်။
     ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
ဟူ၍ ယုံကြည်ထားကြသည်။ ဘ၀သံသရာသည် ရှည်လျားလွန်းသည့်အလျောက် နိဗ္ဗာန်သို့ မရောက်မီ ဘ၀တစ်
ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းပြီး သံသရာမှာ  လူ့ ဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန်ဘ၀ စသည်ဖြင့် ကျင်လည်ရပါသည်။
      ကိုယ်ကိုယ်တိုင်က လူဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိရင် နောက်ဘ၀မှာ လူကိုဖြစ်စေပါတယ်။
      နတ်ဖြစ်ချင်တဲ့ စိတ်က နတ်ကို ဖြစ်စေပါတယ်။
      ဗြဟ္မာဖြစ်ချင်တဲ့စိတ်က ဗြဟ္မာကို ဖြစ်စေပါတယ်။
      တိရစ္ဆာန် ဖြစ်ချင်တဲ့စိတ်က တိရစ္ဆာန်ကို ဖြစ်စေပါတယ်။
      ကြောင်ကလေးတွေ၊ ခွေးကလေးတွေ အိမ်မှာ မွေးထားတတ်ကြတယ်။ သဘောကျလို့  မွေးထားတာပဲ
ဖြစ်ဖြစ်၊ ချစ်လို့ မွေးထားတာပဲဖြစ်ဖြစ် သူတို့ လိုဖြစ်ချင်ရင် ခွေးဖြစ်မှာပဲ၊ ကြောင်ဖြစ်မှာပဲ၊ သဘောပေါက်ကြ
ပါ။ စိတ်၏ဆွဲရာနောက် လိုက်နေကြပါတယ်။ စိတ်ဟာအရေးကြီးပါတယ်၊ လူဖြစ်ချင်ရင် လူဖြစ်ပြီး၊ နတ်ဖြစ်ချင်
ရင် နတ်ဖြစ်ပါတယ်။ ဗြဟ္မာဖြစ်ချင်ရင် ဗြဟ္မာဖြစ်ပါတယ်။ တိရစ္ဆာန်ဖြစ်ချင်ရင် တိရစ္ဆာန်ဖြစ်ပါတယ်။ ဖြစ်ချင်
တဲ့စိတ်ကဖြစ်တယ် ဆိုပေမယ်လို့  လူဖြစ်ချင်တိုင်း လူဖြစ်သလား?။ မဖြစ်ပါဘူး။ လူဖြစ်ချင်တဲ့စိတ်လည်း ပါရ
မယ်၊ လူဖြစ်အောင် လုပ်တဲ့ ကံလည်းပါရမယ်။ =ထီပေါက်ချင်လိုက်တာ ဆိုတဲ့ စိတ်ရှိရုံနဲ့  မဖြစ်ပါဘူး။ စာမေး
ပွဲ အောင်ချင်လိုက်တာ ဆိုတဲ့စိတ်ရှိရုံနဲ့  မဖြစ်ပါဘူး။ အဲဒီစိတ်လည်းပါရမယ်၊ နောက်ကလုပ်တဲ့ အလုပ်လည်း
ပါရပါမယ်။ =လူတွေဆွမ်းလောင်းချင်တဲ့စိတ် ပေါ်ရုံနဲ့ မပြီးဘူး၊ လောင်းတာကို ဆောင်ရွတ်တဲ့ ကာယကံလည်း
ရှိရပါမယ်။ ဖြစ်ချင်တဲ့စိတ်နဲ့  ဖြစ်အောင်လုပ်တဲ့ အလုပ်(ကံ)လည်းပါရပါမယ်။
      မိမိ၏စိတ်ကို သတိပညာဖြင့် ထိန်းကျောင်းကာ လိုရာဘ၀ခရီးသို့  ရောက်နိုင်ကြပါစေ။ ။
 {ဒေါက်တာ အရှင်ဆေကိန္ဒ၏ " ဆွဲရာနောက် လိုက်နေကြတယ်။ " တရားတော်မှကောက်နုတ်
ရေးသားပူဇော်ပါသည်။}
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ပဋိသန္ဓေအကျိုး၊ ပ၀တ္တိအကျိုး။
      “ကံ” က အကျိုးပေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ ၁။ ဘ၀တစ်ခုကို ပေးတာကို “ပဋိသန္ဓေ
အကျိုး” လို့ခေါ်ပါတယ်။ ၂။ ပဋိသန္ဓေနောက်မှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုးကို “ပ၀တ္တိအ
ကျိုး” လို့ ခေါ်ပါတယ်။ ကံကနေ ထုတ်လုပ်တဲ့ ပ၀တ္တိအကျိုးမှာကျတော့ ကံတရားတွေဝငိပြီး အ
ကျိုးပေးလို့ ရသေးတယ်။
         “ခီဏံ ပုရာဏံ” အတိတ်ကံဟောင်းတွေကလည်း ကုန်ပြီး ဘ၀သစ်တစ်ခုကို  မထုတ်နိုင်
တော့ဘူး။ “န၀ နတ္တိ သမ္ဘ၀ံ” နတ္တိ သမ္ဘ၀ဆိုတာ အသစ်ဖြစ်တာလည်း မရှိတော့ဘူး။ ဘုရား၊
 ရဟန္တာတွေမှာ ကံအသစ်က မဖြစ်တော့ဘူး။ ဘာလို့ မဖြစ်လည်းဆိုရင် ကိလေသာ ကုန်သွားလို့။
အဲဒါကြောင့်မို့ “ကိလေသ နိရောဓေ ကမ္မ နိရောဓော” တဲ့။ ကိလေသာ ကုန်သွားရင် ကံလည်း
ကုန်သွားပါတယ်။ သို့သော် အတိတ်ကံရဲ့ စွမ်းအားတွေက ခန္ဓာရှိနေသေးရင်တော့ ရှိနေတဲ့ ခန္ဓာ
နဲ့ ဆက်စပ်ပြီး ဒုက္ခပေးနိုင်သေးတယ်။
         ဘုရားဖြစ်တဲ့ဘ၀၊ ရဟန္တာဖြစ်တဲ့ ဘ၀မှာ အတိတ်ကံဟောင်းတွေက ခန္ဓာရှိနေလို့ ဒုက္ခ
ပေးနိုင်သေးတယ်။ သို့သော် နောက်ဘ၀တစ်ခု ဖြစ်ပေါ်စေဖို့ ဆိုတာကျတော့ မတတ်နိုင်တော့ဘူး။
ဘာဖြစ်လို့ မတတ်နိုင်ဘူးဆိုတော့ ကိလေသာဆိုတဲ့အဖေါ် မရှိတော့လို့ ဖြစ်ပါတယ်။
         ဘာနဲ့တူသလဲဆိုရင် မျိုးစေ့လေးတစ်ခုကိုကြည့်။ မျိုးစေ့လေးဟာ မြေ၊ ရေရဲ့အကူအညီ
မပါလို့ရှိရင် အပင်မပေါက်နိုင်ဘူး။ အဲဒီလိုပဲ ကံတရားတွေ၊ ကံဟောင်းတွေ ရှိနေလင့်ကစား ကိ
လေသာဆိုတဲ့ အကူမပါဘူးဆိုရင် ဘ၀တစ်ခု အကျိုးမပေးတော့ဘူး။ အပင်တစ်ပင် မပေါက်နိုင်
တော့ဘူးလို့ ဆိုလိုပါတယ်။
            ပဋိစ္စသမုပ္ပါဒ်မှာ ဒီသဘော အလွန်ထင်ရှားပါတယ်။ အ၀ိဇ္ဇာဆိုတဲ့ ကိလေသာရှိလို့ သံင်္ခါ
ရဆိုတဲ့ကံရှိတယ်။ အဲဒီ အ၀ိဇ္ဇာနဲ့ သင်္ခါရ၊ ကိလေသာနဲ့ ကံ နှစ်ခု ပေါင်းစပ်လိုက်ပြီး အကျိုးကို
ထုတ်လုပ်ကြတယ်။ “၀ိညာဏ” ဆိုတဲ့ ဘ၀သစ် ပဋိသန္ဓေတစ်ခု ရလာပါတယ်။ ဒါကြောင့် ဘဝ
တစ်ခုဟာ ကံ ကိလေသာတွေရဲ့ အကျိုးဆက်လို့ပြောတာပါ။ ကံနဲ့ ကိလေသာတွေ ပေါင်းစပ်ပြီး
ထုတ်ထားတာပါ။
         သူတော်စင်အပေါင်းတို့ ခန္ဓာကြီးကို ကြည့်လိုက် ကံနဲ့ ကိလေသာ နှစ်ရပ်က ပေါင်းစပ်ပြီး
တော့ ထုတ်လုပ်ထားတဲ့ ခန္ဓာကြီးပဲ။ အဲဒီ ကံနဲ့ ကိလေသာ နှစ်ရပ်ကပေါင်းစပ်ပြီး ထုတ်လုပ်ထား
တဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေ ကုန်သွားလင့်ကစား သူ့ရဲ့ အကျိုးဆက် ခန္ဓာကြီးရှိနေသေး
သမျှ ဟောဒီ ကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
   ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်
ပါသည်}
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ကံကြမ္မာ ၀ဋ်ကြွေး။
   “၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ် 
တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ
မည်သူ့ သန္တာန်ပဲဖြစ်ဖြစ် ကံ ကြမ္မာ ၀ဋ်ကြွေးတွေက အကြောင်းညီညွှတ်ရင် တုံ့ပြန်လာတတ်သေး
တယ်။ အဲဒီဝဋ်ဟာ ကိုယ်လုပ်ခဲ့တာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကပြန်လည်ပေးဆပ်ရလို့
ကြွေးနဲ့ အလားသဏ္ဌာန်တူလို့ ကံကြမ္မာဝဋ်ကြွေးလို့ ပြောပါတယ်။
         ကြွေးဆိုတာ မဆပ်ဘဲ နေလို့မရဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ဆပ်ရပါတယ်။ ဒါကြောင့်
ဒီ ကံကြမ္မာဝဋ်ကြွေးဟာလည်းပဲ ပေးဆပ်ကြရတယ်။ အကယ်၍ မပေးဆပ်ရသေးလို့ရှိရင် ဒီကံရဲ့
အရှိန်အဟုန်က ကုန်ပြီးတော့ မသွားဘူး။
         ကိလေသာကုန်သွားရင် ဘ၀ အကျိုးပေးစရာ မရှိတော့သည့် အတွက်ကြောင့် ဘ၀တစ်ခု
ကို အကျိုးမပေးနိုင်ပါ။ သို့သော် ကံ ကိလေသာရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီး ရှိနေသေးရင်
တော့ ပေးဆပ်ကြရသေးပါတယ်။
         သူတော်စင်အပေါင်းတို့ ဘ၀လည်း ကိုယ့်ကိုယ်ကို ပြန်စစ်ပြီးတော့ ကြည့်ကြပါ။ အသက်
(၃၀) အရွယ်ရှိတဲ့ ပုဂ္ဂိုလ်က ဒီ(၃၀) နှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ။  အသက်(၄၀) အရွယ်၊
အသက်(၅၀) အရွယ်၊ အသက်(၆၀) အရွယ်၊ အသက်(၇၀) အရွယ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း  ကိုယ့်
ဒီ ဘ၀တွေအတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ ပြန်ပြီးတော့ကြည့်။ မဖြစ်ချင်တာတွေ ဖြစ်လာလို့ရှိရင်
ကံကြမ္မာဝဋ်ကြွေးနဲ့ သက်ဆိုင်မှု ရှိ၊ မရှိ အတော်အသင့် ခန့်မှန်းလို့ ရနိုင်ကြမယ်။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
   ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်
ပါသည်}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဥူးသုမင်္ဂလ၏ ၀ိတက် တို့ရဲ့ သဘောတရား။
အဲဒီအတွက် ဗုဒ္ဓဘုရားရှင်က “ဒွေဓါဝိတက္ကသုတ်” မှာဟောထားတာက= ၀ိတက်ဆိုတာ
အတွေးအကြံကိုပြောတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဟာ ဘုရားမဖြစ်ခင် ဗောဓိပင်နှင့်
ရွှေပလ္လင်ပေါ်မှာ သဗ္ဗညုတ ရွှေဉာဏ်တော် မရောက်ခင် ကြံစည်ခြင်း ၀ိတက်နဲ့ ပတ်သတ်ပြီး
တော့ ပထမ ၀ိတက်က ငါးပါးအာရုံ ကာမဂုဏ် အကြံအစည် “ကာမ၀ိတက်” ။ နောက် သတ်ချင်
ဖြတ်ချင်၊ နိုင်ထက်ကလူ ပြုချင်တဲ့ “ဗျာပါဒ၀ိတက် ”။ နောက်တစ်မျိုးက သူတစ်ပါးကို စိတ်ဆင်း
ရဲအောင်၊ ပျက်စီးအောင်၊ ဖျက်ဆီးညှင်းပန်းနှိပ်စက်လိုတဲ့ “၀ိဟိံသာဝိတက်” ။ ၁။ ကာမ၀ိတက်။
၂။ ဗျာပါဒ၀ိတက်။ ၃။ ၀ိဟိံသာဝိတက်။ ဒါဟာတစ်ပိုင်း။
         နောက် ဒီဖက်က ငါးပါးအာရုံ ကာမဂုဏ် အပြစ်တွေ မြင်ပြီးတော့ လွတ်မြောက်ချင်တဲ့
“နိက္ခမ၀ိတက်” ။ သတ္တ၀ါများကို ကယ်တင်ဆောင်ယူလိုတဲ့ “အဗျာပါဒ၀ိတက်” ။ သတ္တ၀ါများရဲ့
ချမ်းသာရေး၊ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးကိုသာ အလိုရှိတဲ့ “အ၀ိဟိံသာဝိတက်”။ ၁။ နိက္ခ
မ၀ိတက်။ ၂။ အဗျာပါဒ၀ိတက်။ ၃။ အ၀ိဟိံသာဝိတက်။ အကျဉ်း ချုံးလိုက်ရင် မကောင်းတဲ့ 
ဝိတက်တွေက တစ်ပိုင်း၊ ကောင်းတဲ့ဝိတက်တွေက တစ်ပိုင်းပါ။ ဘုရားမဖြစ်ခင်က အဲဒီလို အုပ်စု
နှစ်စု ငါတွေ့တယ်လို့  ဘုရားကဟောပါတယ်။ ဟုတ်ပြီနော်။
         ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ကလည်း တရားသဘောကို သိရှိနားလည်ကြကာ
ဘ၀ကောင်းသထက်ကောင်း၊ မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင့်ကြံနိုင်ကြလျက် ကောင်းမှု
ချမ်းသာ အဖြာဖြာကို စံစားခံစားပြီးလျှင် မြတ်နိဗ္ဗာန်ကိုရရောက်နီုင်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊
  နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊
  မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿနာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူး
 တရားစခန်း တရားပွဲ၌ ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားသောတရားတော်
  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုး
“ကံ” က အကျိုးပေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ ၁။ ဘ၀တစ်ခုကို ပေးတာကို “ပဋိသန္ဓေ
အကျိုး” လို့ခေါ်ပါတယ်။ ၂။ ပဋိသန္ဓေနောက်မှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုးကို “ပ၀တ္တိအ
ကျိုး” လို့ ခေါ်ပါတယ်။ ကံကနေ ထုတ်လုပ်တဲ့ ပ၀တ္တိအကျိုးမှာကျတော့ ကံတရားတွေဝငိပြီး အ
ကျိုးပေးလို့ ရသေးတယ်။
“ခီဏံ ပုရာဏံ” အတိတ်ကံဟောင်းတွေကလည်း ကုန်ပြီး ဘ၀သစ်တစ်ခုကို မထုတ်နိုင်
တော့ဘူး။ “န၀ နတ္တိ သမ္ဘ၀ံ” နတ္တိ သမ္ဘ၀ဆိုတာ အသစ်ဖြစ်တာလည်း မရှိတော့ဘူး။ ဘုရား၊
ရဟန္တာတွေမှာ ကံအသစ်က မဖြစ်တော့ဘူး။ ဘာလို့ မဖြစ်လည်းဆိုရင် ကိလေသာ ကုန်သွားလို့။
အဲဒါကြောင့်မို့ “ကိလေသ နိရောဓေ ကမ္မ နိရောဓော” တဲ့။ ကိလေသာ ကုန်သွားရင် ကံလည်း
ကုန်သွားပါတယ်။ သို့သော် အတိတ်ကံရဲ့ စွမ်းအားတွေက ခန္ဓာရှိနေသေးရင်တော့ ရှိနေတဲ့ ခန္ဓာ
နဲ့ ဆက်စပ်ပြီး ဒုက္ခပေးနိုင်သေးတယ်။
ဘုရားဖြစ်တဲ့ဘ၀၊ ရဟန္တာဖြစ်တဲ့ ဘ၀မှာ အတိတ်ကံဟောင်းတွေက ခန္ဓာရှိနေလို့ ဒုက္ခ
ပေးနိုင်သေးတယ်။ သို့သော် နောက်ဘ၀တစ်ခု ဖြစ်ပေါ်စေဖို့ ဆိုတာကျတော့ မတတ်နိုင်တော့ဘူး။
ဘာဖြစ်လို့ မတတ်နိုင်ဘူးဆိုတော့ ကိလေသာဆိုတဲ့အဖေါ် မရှိတော့လို့ ဖြစ်ပါတယ်။
ဘာနဲ့တူသလဲဆိုရင် မျိုးစေ့လေးတစ်ခုကိုကြည့်။ မျိုးစေ့လေးဟာ မြေ၊ ရေရဲ့အကူအညီ
မပါလို့ရှိရင် အပင်မပေါက်နိုင်ဘူး။ အဲဒီလိုပဲ ကံတရားတွေ၊ ကံဟောင်းတွေ ရှိနေလင့်ကစား ကိ
လေသာဆိုတဲ့ အကူမပါဘူးဆိုရင် ဘ၀တစ်ခု အကျိုးမပေးတော့ဘူး။ အပင်တစ်ပင် မပေါက်နိုင်
တော့ဘူးလို့ ဆိုလိုပါတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ ဒီသဘော အလွန်ထင်ရှားပါတယ်။ အ၀ိဇ္ဇာဆိုတဲ့ ကိလေသာရှိလို့ သံင်္ခါ
ရဆိုတဲ့ကံရှိတယ်။ အဲဒီ အ၀ိဇ္ဇာနဲ့ သင်္ခါရ၊ ကိလေသာနဲ့ ကံ နှစ်ခု ပေါင်းစပ်လိုက်ပြီး အကျိုးကို
ထုတ်လုပ်ကြတယ်။ “၀ိညာဏ” ဆိုတဲ့ ဘ၀သစ် ပဋိသန္ဓေတစ်ခု ရလာပါတယ်။ ဒါကြောင့် ဘဝ
တစ်ခုဟာ ကံ ကိလေသာတွေရဲ့ အကျိုးဆက်လို့ပြောတာပါ။ ကံနဲ့ ကိလေသာတွေ ပေါင်းစပ်ပြီး
ထုတ်ထားတာပါ။
သူတော်စင်အပေါင်းတို့ ခန္ဓာကြီးကို ကြည့်လိုက် ကံနဲ့ ကိလေသာ နှစ်ရပ်က ပေါင်းစပ်ပြီး
တော့ ထုတ်လုပ်ထားတဲ့ ခန္ဓာကြီးပဲ။ အဲဒီ ကံနဲ့ ကိလေသာ နှစ်ရပ်ကပေါင်းစပ်ပြီး ထုတ်လုပ်ထား
တဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေ ကုန်သွားလင့်ကစား သူ့ရဲ့ အကျိုးဆက် ခန္ဓာကြီးရှိနေသေး
သမျှ ဟောဒီ ကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ
ကံဖြစ်၊ ကံစွမ်းအား၊ ကံကုန်ခြင်း ။
  ကိလေသာကို အခြေခံပြီးတော့ ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။ ကံတရား
တွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆို
လိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။ မရှောင်လွဲနိုင်ဘူး။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာ
ကို “၀ဋ်” လည်တယ်လို့ပြောတာ။
“၀ဋ္ဋ” ဆိုတဲ့ စကားလုံးကလာတာ။ အဲဒီ ၀ဋ္ဋ ဆိုတဲ့ စကားလုံးကို မြန်မာလို ၀ဋ် လို့ပဲ ပြန်လိုက်ကြ
တာ။ “၀ဋ္ဋ” ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ်နေတာ။ စဉ်ဆက်မပြတ် တစ်ခုနဲ့တစ်ခု
ဆက်တာမြန်မာလူမျိုးတွေကတော့ ၀ဋ်လည်တယ် ဆိုတာက မကောင်းတာဖြစ်မှဝဋ်လည်တယ်လို့
ပြောကြတာ။ အမှန်က ကောင်းကောင်းဆိုးဆိုး ၀ဋ် ဆိုတာ လည်ပတ်ပြီးဖြစ်နေတဲ့ သဘောတရား
ကို ပြောတာပါ။ ကိလေသာရှိလို့ “ကံ”ဖြစ်နိုင်တယ်။ “ကံ” ဖြစ်လို့ ၀ိပါက ဆိုတဲ့ အကျိုးတရားတွေ
လာနေတယ်လို့ ဒီလိုပြောတာ။
         ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင် “ကံစွမ်းအား” မရှိဘူး။ “ကံစွမ်းအား” မရှိတော့ဘူး
ဆိုရင် ၀ိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ဒါကို အပြန်အားဖြင့် ဒီလိုနားလည်ရမယ်။ အဲဒီတော့
ဒီထဲမှာ အဓိကအချက်က “ကံ” လား၊ “ကိလေသာ” လားဆိုရင် “ကိလေသာ”က အဓိကကျတယ်။
ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လျော့ပြီး
တော့ သွားတယ်။ လျော့သွားရုံမကဘူး၊ ကိလေသာ လုံးဝမရှိတော့ဘူးဆိုရင် “ကံ”မှာ အကျိုးပေး
နိုင်တဲ့ စွမ်းအားတွေ လုံးဝမရှိတော့ဘူး။ ပေးနိုင်တဲ့စွမ်းအားတွေ မရှိဘူးဆိုတဲ့နေရာမှာ ဘ၀တစ်ခု
တည်ဆောက်တဲ့ စွမ်းအားကိုပြောတာပါ။
          တစ်ခါတစ်ခါ မျက်စိလည်တတ်ကြတယ်။ ဘုရား၊ ရဟန္တာတွေဆိုတာ ကိလေသာတွေ
ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား၊ ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေသ
လဲဆိုတာ မျက်စိလည်တတ်ကြတယ်။ ကံကုန်တယ် ဆိုတာနဲ့ပတ်သက်ပြီး ရတနသုတ်မှာ “ခိဏံ
ပုရာဏံ န၀ နတ္ထိသမ္ဘ၀ံ” ဘုရား၊ ရဟန္တာတွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားတယ်လို့
ပြောတာ။
         ကံဟောင်းကုန်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကံဟောင်းတွေက ဘ၀သစ်တစ်ခုကို ထုတ်လုပ်
နိုင်စွမ်း မရှိတော့ဘူးလို့ ပြောလိုတာ။ ဘ၀သစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ အကျိုးမပေးတော့
ဘူးလို့ ပြောတာမဟုတ်။ ကိလေသာ စွမ်းအားတွေ ကုန်သွားသည့် အတွက်ကြောင့်၊ ကိလေသာ
တွေ မရှိတော့သည့် အတွက်ကြောင့် ဘ၀သစ်တစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့ ကံ မရှိတော့
ဘူးလို့ ပြောတာသာဖြစ်ပါတယ်။
         ဒါကြောင့် တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း
ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင် “ကံစွမ်းအား” မရှိဘူး။ “ကံစွမ်းအား” မရှိတော့ဘူးဆိုရင်
ဝိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့အကျိုး  
ပေးနိုင်တဲ့ စွမ်းအားတွေ လျော့ပြီးတော့ သွားတယ်။ လျော့သွားရုံမကဘူး၊ ကိလေသာလုံးဝမရှိ
တော့ဘူးဆိုရင် “ကံ”မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လုံးဝမရှိတော့ဘူး ဆိုတာ နားလည်
သဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသောဘုရား
သော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်ပါသည်}
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
တစ်သိန်းမှာ တစ်ယောက်။
    “လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့ ”။ ။
      လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
      လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ လူ(၈၀,၀၀၀) က
အသံကောင်းတာနဲ့  နာမည်ကြီးတာကို ကြည်ညိုကြပါတယ်။ ။
      လူတစ်သိန်းမှာ ဆယ်ပုံပုံ ကိုးပုံဆိုရင်( ၉၀,၀၀၀ ) ရှိပါတယ်။ လူကိုးသောင်းကတော့
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး စားဝတ်နေရေးကို ခေါင်းပါးစွာ ကျင့်တာ
ကို ကြည်ညိုကြပါမယ်။ များသောအားဖြင့်ကတော့ ခေါင်းခေါင်းပါးပါး ကျင့်တာကို ကြည်
ညိုကြပါတယ်။ အစားအသောက် အနေအထိုင် ခြိုးခြံချွေတာ ဆင်းရဲခံတာကို ပိုမိုစိတ်ဝင်
စားပြီး ကြည်ညိုကြပါတယ်။ ။
      သီလ၊ သမာဓိ၊ ပညာ တည်းဟူသော တရားအစစ်ကျတော့ တစ်သိန်းမှာတစ်ယောက်
သာကြည်ညိုတာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့  သီလ၊ သမာဓိ၊ ပညာ အစစ်ကျတော့
တစ်သိန်းမှာတစ်ယောက်ပဲ ကြည်ညိုကြပါတယ်။ အဲဒီ တရားအစစ်ကျတော့ လူတိုင်းမကြည်
ညိုနိုင်ပါဘူး။ သီလ၊ သမာဓိ၊ ပညာ တရားအစစ်ကို သဘောကျတာ၊ ကွာခြားလှပါတယ်။
ကိုယ်ကကော ဘယ်အထဲမှာ ပါသလဲ၊ ကိုယ့်ကိုယ်ကို စီစစ်ဖို့ လိုပါတယ်။ တစ်သိန်းထဲက
တစ်ယောက် ဖြစ်နိုင်ကြပါစေလို့  ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်။ ။
{ဒေါက်တာအရှင်ဆေကိန္ဒ၏ လိုရာခရီးရောက်ဖို့  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်.။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ပထမသင်္ဂါယနာတင်ဒါယကာ အဇာတသတ်မင်းကြီး။
အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဘုရင်ကြီးကို
သတ်မိသည်အထိ ပြစ်မှားဆိုးသွမ်းခဲ့ပါသည်။ ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်  
ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။ သူ၏  မျက်လုံးတို့ကို လှံချက်ပေါင်း အ
ရာအထောင်တို့ဖြင့်  ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါသည်။ ထိုဝေဒနာ ပျောက်ကင်းအောင်
မည်သည့်ဆေးနှင့်မှ  ကုစား၍မရ ဖြစ်နေပါသည်။
             ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိဆရာကြီး ခြောက်
ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) ကို စုံစမ်းမေးမြန်းရာ ကျေ
နပ်လောက်သော အဖြေကို မရရှိခဲ့ပါ။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ
ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူဒါန်းထားသော သရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်
စွာဘုရားထံသို့ သွားရောက်ပြီး လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်းအကျိုး
(သာမညဖလ) ကို သိရှိရပါတော့သည်။
         အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရသည့်အချိန်မှစ၍ ဗုဒ္ဓ
သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာ
ရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီဝိငရဲတွင် မကျတော့ဘဲ
အပြစ်ဒါဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ ၀ိဇိတာဝီ ” မည်
သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
         အဇာတသတ် မင်းတရားသည် ပထမ သင်္ဂါယနာတင် ဒါယကာအဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာ
ဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာ
သနာကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်ခဲ့သည်မှာ
ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူးကြီးလှပေသည်။
         ပိဋကတ်တော်များကို မပျက်မစီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့တိုင်
အောင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။ အဇာတသတ်
မင်း   စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့
ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဇာတသတ်မင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက်   အလွန်ကျေးဇူးကြီးသော မင်းတစ်ပါးဖြစ်ပါသည်။
   { ဦးပညာသာမိ(မာဂဓီ-သာစည်)၏ အခါတော်နေ့များမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ကံ၊ ကြမ္မာ၊ ၀ဋ်တို့၏သဘာဝ။
  “ကံ” ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း မိမိရဲ့သန္တာန်မှာ ဖြစ်တဲ့စိတ်ရဲ့
လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့
အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
ပြစ်မှားကျူးလွန် မိခဲ့ကြတာရှိတယ်။
         အဲဒီ ပြစ်မှားကျူးလွန်မိခဲ့တာတွေကို “ကံ”လို့ခေါ်တယ်။ အဲဒီ“ကံ”သည် ပြုလုပ်သူ ပုဂ္ဂိုလ်
ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာ
ကြီးရှိနေသမျှ ဒီ ကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သို့သော် ကံ တိုင်းအ
ကျိုးပေးသလားလို့ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ အကျိုးပေးဖို့ရာအတွက် သူ့မှာ
အခြေအနေတွေ လိုသေးတယ်။
         အဲဒီ အခြေအနေတွေနဲ့ ဆုံလာပြီ။ ကံကြမ္မာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီးကလည်း ရှိနေမယ်
ဆိုရင် ဒီ ကံက အကျိုးပေးနိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဖြစ်ကတည်းက မိမိသန္တာန်မှာ ဖြစ်
ထားတာဖြစ်သည့်အတွက်ကြောင့် ရှောင်တိမ်းလို့ မရနိုင်ဘူး။ အဲဒီ ကံကိုပဲ ကြမ္မာလို့ ခေါ်ကြတယ်။
         သို့သော် မြန်မာလူမျိုးတွေရဲ့ စိတ်ထဲစွဲနေတာက ကြမ္မာ ဆိုတာကျတော့ မကောင်းတာလို့
ပဲ သတ်မှတ်ကြတယ်။ ကံကောင်းတယ်။ ကံမကောင်းဘူး ဒီလောက်ပဲ သုံးကြတယ်။ သို့သော် အ
ဆိုးတွေ့ပြီဆိုတာနဲ့ တပြိုင်နက် ကြမ္မာလို့ ပြောလေ့ရှိကြတယ်။
       “၀ဋ္ဋ”ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ်နေတာ။ ဆိုပါစို့ “ ဒါရှိလို့ရှိရင် ဟိုဟာရှိရ
မယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မပြတ် တစ်ခုနှင့်တစ်ခုဟာ ဆက်စပ်ပြီး ဖြစ်
နေတာကို ၀ဋ် လို့ပြောတာပါ။ “ကိလေသ ၀ဋ်”၊ “ကမ္မ ၀ဋ်”၊ “၀ိပါက ၀ဋ်”၊ ဆိုပြီး (၃)မျိုးရှိတယ်။  
လူတွေမှာ ကိလေသာ ရှိနေလို့ရှိရင် ကမ္မဆိုတာ လာမယ်။ ကိလေသာ ရှိနေရင် ကံကို မရှောင်လွဲ
နိုင်ဘူး။ ကမ္မ ဆိုတာ ဖြစ်လာမယ်။ ကမ္မ ရှိတာနဲ့ ၀ိပါကဆိုတာ လာမှာပဲ။ အဲဒီလို စဉ်ဆက်မပြတ်
ဖြစ်နေတာကို “၀ဋ္ဋ” (၀ဋ်)လို့ ခေါ်တယ်။
         မြန်မာလူမျိုးတွေကတော့ ၀ဋ်လည်တယ် ဆိုတာက မကောင်းတာဖြစ်မှ ၀ဋ်လည်တယ်လို့
ပြောကြတာ။ အမှန်က ကောင်းကောင်းဆိုးဆိုး ၀ဋ် ဆိုတာ လည်ပတ်ပြီးဖြစ်နေတဲ့ သဘောတရား
ကို ပြောတာပါ။ ကိလေသာရှိလို့ “ကံ”ဖြစ်နိုင်တယ်။ “ကံ” ဖြစ်လို့ ၀ိပါက ဆိုတဲ့ အကျိုးတရားတွေ
လာနေတယ်လို့ ဒီလိုပြောတာ။
         ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်လိုက် “အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ” ဆိုတာ
ကိုကြည့်ရုံနဲ့ပဲ= အ၀ိဇ္ဇာဆိုတဲ့ ကိလေသာ ရှိလိုက်တာနဲ့ တပြိုင်နက် သင်္ခါရဆိုတဲ့ ကံ လာတယ်။
သင်္ခါရဆိုတဲ့ ကံ ရှိလိုက်တာနဲ့ တပြိုင်နက် ၀ိညာဏ ဆိုတဲ့ ၀ိပါက လာတာပဲ။ အဲဒီတော့ ကိလေ
သာရှိရင် ကံလာမယ်။ ကံရှိလို့ရှိရင် ၀ိပါက လာမယ်လို့ ဆိုတဲ့ ဒီ ၀ဋ်(၃)ပါး ပဋိစ္စသမုပ္ပါဒ်ကို ချုံ့ပြီး
ပြောထားတာ ဖြစ်ပါတယ်။
         တရားချစ်ခင် ကျင့်ကြံအားထုတ် နေကြတဲ့ သူတော်စင် သူတော်ကောင်းအပေါင်းတို့က
လည်း ကံ၊ ကြမ္မာ၊ ၀ဋ် တို့၏ သဘောသဘာဝကို သိရှိနားလည်ကြကာ မိမိ၏ဘ၀ မြင့်မြတ်သ
ထက်မြင့်မြတ်အောင် ကျင့်ဆောင်ကြပြီး ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင် မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသောဘုရား
သော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်ပါသည်}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ကောင်းရာသုဂတိဘုံသို့။
    မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
        မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား
တယ်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်
လယ်ရေ မျက်နှာပြင်ပေါ် ခေါင်းလေးပြူကြည့်ပြီး အသက်ရှူတယ်။
         အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ တက်မလာဘူးတဲ့။ ပင်လယ်ရေ
နက်ပိုင်း ထဲမှာပဲ လှည့်လည်ကျက်စားပြီးနေတဲ့ လိပ်ကြီး။ အဲဒီ ပင်လယ်ပြင်ထဲမှာ ထမ်းပိုးတုံး
ကြီး တစ်ခုက အပေါက်ကလေး တစ်ပေါက်ပဲပါတယ်။ ပင်လယ်ရေဆိုတာ ငြိမ်သက်နေတဲ့ နေရာ
မဟုတ်ဘူး။ အမြဲတမ်း လှုပ်ရှားနေတာ၊ လှိုင်းက အမြဲတမ်း တိုက်ပြီးနေတဲ့ နေရာ။ အဲဒီ ထမ်း
ပိုးတုံးကြီးတစ်တုံး ပင်လယ်ထဲမှာ မျောပြီး မျောချင်ရာ မျောနေတယ်။
         လိပ်ကန်းကြီးကလည်း သွားချင်ရာသွား၊ အနှစ်တစ်ရာ ကြာတဲ့အခါ ပင်လယ်ရေ မျက်
နှာပေါ်တက်ပြီး ခေါင်းကလေး ပြူလိုက်တယ်။ အဲဒီပြူလိုက်တဲ့ ခေါင်းလေးနဲ့ ခုနက မျောချင်ရာ
မျောနေတဲ့ ထမ်းပိုးတုံးကြီးရဲ့ အပေါက်နဲ့ သွားစွပ်မိတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်သေးတယ်
တဲ့။ အပါယ်လေးဘုံ ရောက်သွားတဲ့ သတ္တ၀ါတစ်ယောက် လူ့ပြည်ရောက်ဖို့ဆိုတာ ခဲယဉ်းတယ်။
         ဘာကြောင့်လဲဆိုတော့ စဉ်းစားကြည့်ပေါ့။ ကိုယ့်မျက်စိအောက်မှာရှိတဲ့ တိရစ္ဆာန်လေး
တွေပဲကြည့်။ လူတွေနဲ့ အနီးစပ်ဆုံး ကြောင်ကလေးတွေ၊ ခွေးကလေးတွေ ကြည့်ပေါ့။ နေ့စဉ်နဲ့
အမျှ သူတို့ အစာဝရင်အိပ်မယ်၊ အစာမ၀ရင် အစာရှာမယ်။ အစာရှာရင်း တစ်ကောင်နဲ့တစ်
ကောင် အနိုင်ကျင့်မယ်၊ ရန်ဖြစ်မယ်။ ပုတီးစိတ်တဲ့အချိန်၊ ဘုရားရှိခိုးတဲ့အချိန် မရှိဘူး။ ကိုယ့်ရှိတဲ့
အစာလေးတောင် တစ်ကောင်နဲ့တစ်ကောင် မျှစားချင်တာ မဟုတ်ဘူး။ ကြောင်ကလေးတွေဆို
အစာကလေးတစ်ခု ကြွက်ကလေးတစ်ကောင် ပါးစပ်ထဲ ရောက်လာပြီဆိုရင် မာန်ဖီနေတာ၊ ဘယ်
သူမှ မလာနဲ့၊ လာရင်ကိုက်မှာပဲ။ အဲဒီတော့ သူတို့ရဲ့ စိတ်နေသဘောထားလေးတွေ ကြည့်လိုက်မယ်
ဆိုရင် အစာပေါ်မှာ မက်မောနေတာက “ လောဘ ” ရထားတဲ့အစာကို သူများနဲ့ ရှယ်ယာမလုပ်
နိုင်ဘဲ မာန်ဖီနေတာက “ မစ္ဆရိယ ” မာန်ဖီပြီးတော့ ဟိန်းနေတာက “ ဒေါသ ” ကျန်တဲ့ အချိန်တွေ
မှာ “ မောဟ ”။ ကဲ .. စဉ်းစားကြည့်။ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ မစ္ဆရိယရယ်၊ ဒါတွေ
ပဲ လွှမ်းမိုးနေတာ။ သူတို့မှာ ကုသိုလ်ပြုလိုတဲ့စိတ် ဆိုတာမျိုး အလွန်ရှားပါတယ်။
         မြတ်စွာဘုရားက တိရစ္ဆာန်တွေဘ၀ကို “ အညမညခါဒိကာ ” တစ်ကောင်နဲ့တစ်ကောင်
သတ်စားတဲ့ဘ၀၊ “ ဒုဗ္ဗလခါဒိကာ ” အားနည်းတဲ့အကောင်ကို အားကြီးတဲ့အကောင်က သတ်စားတဲ့
ဘ၀။ အဲဒီဘ၀မှာ ရောက်နေတဲ့ တိရစ္ဆာန်တွေ ဒီလောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေ လွှမ်း
နေတဲ့အတွက် ကောင်းရာသုဂတိတော့ ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း တရားသဘောကို နားလည်သ
ဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေသတည်း။
  {၁၃၇၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၁၃) ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့
   သာသနာ့ဇောတာရုံ ကျောင်းတိုက်အတွင်းဝယ် အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒာဘိဝံသ(Phd) ၏
    လူဖြစ်ကျိုးနပ်ပါစေ တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
လိုက်နာနိုင်ကျပါစေ
လိုက်နာနိုင်ကြပါစေ
၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲစိတ်ကောင်းt နှလုံးကောင်း ထားပါ ။
၂ ။ ကောင်းသော ကိစ္စနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘ မဖြစ်ပါနှင့် ။
၃။ မကောင်းသော ကိစ္စ နှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ်သက်သောဒေါမနဿဒေါသ မဖြစ်ပါနှင့် ။
၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လိုသည့် မတရားရယူလိုသည့် လောဘမထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ၊ဆင်းရဲသည်ကို စိတ်မညစ်ပါနဲ့ မတရားချမ်းသာတာကို စိတ်မပျက်ပါနဲ့။
၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။
၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သောမိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။၇ ။ လိမ်ညာ မုသားစကားပြောခြင်းမှ ရှောင်ကြည်ပါ ။
၈ ။ မည့်သည့်စိတ်ဖြင့် ဖြစ်စေ ၊ ကောင်းစေလို၍ပဲဖြစ်ဖြစ် ၊ ဆိုးစေလို့၍ပဲဖြစ်ဖြစ် ၊ ရိုင်းစိုင်း ကြမ်းတမ်းသောဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ ။
၉ ။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော ၊ ရန်တိုက်ပေးသော အပြုအမူကိုရှောင်ကြဉ်ပါ။
၁၀။ ကလေးသူငယ်များနှင့် လူဖျင်းလူပေါ့တို့ နားထောင်၍ ကောင်းရုံသာ ဖြစ်သော( အနက်အဓိပ္ပာယ်မရှိ ၊အကျိုးမရှိသော)အပျက်အချော် ပျော်ရုံသာဖြစ်သော စကားကို ရှောင်ကြဉ်ပါ ။ ဟိုစပ်စပ် ဒီစပ်စပ်ပါဝင်ကာ အာလာပ သလ္လာပဗရုတ်သုတ်ခ မဟုတ်က ဟုတ်ကစကားများ မပြောပါနှင့်။၁၁။ စကားပြောသည့် အခါတွင်လည်းနားခံသာအောင် ၊ သဘောပေါက်လွယ်အောင် သာယာဖြည်းညင်းစွာ ပြောဆိုပါ ၊ လူပုံအလယ်တွင်အရှက်ကွဲစေခြင်း ၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ ။
၁၂ ။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပါ ။
၁၃ ။ သရဏဂုံသုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ၊ မေတ္တာဘာဝနာကိုပွားပါ ။ဝိပဿနာလမ်းသို့တက်လှမ်း နိုင်ပါစေ ။
၁၄ ။ သူတော်ကောင်းတို့ကို မပြစ်မှားမိကါစေနဲ့ ။
၁၅ ။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများများ လုပ်ပါ ။
၁၆ ။ အစဉ် ကြည်လင်သော ကောင်းသောစိတ်ကိုမွေးမြူထားပါ ။၁၇ ။ လောကုတ္တရာတရားတော်တွင် စိတ်ကို မြှုပ်နှံထားပါ ။
၁၈ ။ * ခန္တီစ သည်းခံခြင်းတရားကို မမေ့မလျော့လေနှင့် ။* ရန်ကိုရန်ချင်း မတုံနှင်းနှင့် ။* မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏ ။
၁၉ ။ ကာယ ၊ ၀စီ ၊ မနောအားဖြင့် ပြုမှုလှုပ်ရှား ပြောဆိုမှု ၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်လျော်မလျော် ၊ အချိန်အခါဟုတ် မဟုတ် ၊ ပြောလျှင်ဘာဖြစ်မလဲ ၊မပြောလျှင်ဘာဖြစ်မလဲ ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏ ၊ လုပ်သင့်၏ ၊ စဉ်းစားသင့်၏ ။အကျိုးအပြစ်ဝေဖန်ပြီးမှလုပ်သင့်၏ ။ စိတ်နောက်ကိုပါ ၊ အထိမ်းအကွတ်မရှိ ၊ ပညာမရှိ မပြုမူသင့် ။
၂၀ ။ မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ ၊ လူကောင်း သူကောင်းလည်းဖြစ် ၊ ယခုဘ၀တွင်ရော ၊နောင်ဘဝတွင်ပါ ချမ်းသာသုခ ရနိုင်သည် ။နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်တရား ၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ ။
၂၁ ။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ ။မိတ်ဆွေတို့ လိုက်နာ နိုင်ကြပါစေ
ဣသိဒါသီထေရီမ။
ဣသိဒါသီထေရီမ အလောင်းသည် တစ်ခုသောဘ၀၌ ရွှေပန်းထိမ်သည်ဖြစ်ရာ သူတစ်ပါး
မယားကို ပြစ်မှားခြင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်၏။ ထိုဘ၀မှ သေခဲ့သော် ငရဲ၌ နှစ်ပေါင်း
များစွာ ကျခံရ၏။ ငရဲမှ လွတ်သောအခါ ကန်းလည်းကန်း၊ ခွင်လည်းခွင်သော ဆိတ်မတစ်ကောင်
၏၀မ်း၌ ပဋိသန္ဓေနေရလေ၏။ အရွယ်သို့ရောက်လျှင် သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော ကံ
ကြောင့် အသို(ဝှေးစေ့) ထုတ်ခြင်းကို ခံရ၏။ နောက်ဘ၀တစ်ခု ဖြစ်သော နွားထီးဘ၀တွင်လည်း
တဖန် အသို ထုတ်ခြင်းကိုခံရပြန်သေး၏။
ထိုဘ၀မှ သေလွန်ခဲ့သော် ကျွန်မတစ်ယောက်၏၀မ်း၌ မိမိပြုခဲ့သော သူတစ်ပါးမယားကို
ပြစ်မှားခြင်းကံကြောင့် မိန်းမမဟုတ်၊ ယောက်ျားမဟုတ်၊ နပုံးပဏ္ဍုက် ဖြစ်၏။ တစ်ဖန် စုတေပြန်
သော် ဥဇ္ဇေနီပြည်ဝယ် သူဌေးသမီးဖြစ်၍ ဣသိဒါသီဟု အမည်တွင်၏။ အရွယ်ရောက်လျှင် သူဌေး
သား တစ်ဦးနှင့် ပေးစား ထိမ်းမြား၏။ မယားဝတ္တရားနှင့်အညီ ပြည့်စုံအောင် နေထိုင်ပြုစုပါသော်
လည်း ပြုမှားမိသော ကာမေသုမိစ္ဆာစာရကံကြောင့် ခင်ပွန်းဖြစ်သူသည် အကောင်းမထင်ဘဲ အိမ်
မှ နှင်ချခြင်း ခံရပါသည်။
ဣသိဒါသီသည် ဒုတိယအကြိမ် ကြွယ်ဝသော သတိုးသားတစ်ဦးနှင့် ထိမ်းမြားပြန်၏။ ကျူး
လွန်ခဲ့သော ကာမေသုမိစ္ဆာစာရကြောင့် ဒုတိယအကြိမ် အိမ်မှ နှင်ချခံရပြန်၏။ ဖခင်ဖြစ်သူသည်
လင်ကံဆိုးသော ဣသိဒါသီအား တတိယမြောက် သူတောင်းစားတစ်ဦးကိုခေါ်၍ ပေးစားပြန်၏။
သမက်ဖြစ်သူ သူတောင်းစားအား အိမ်ပေါ်သို့ ခေါ်ယူပြီး တင်ထား၏။ သူတောင်းစားသည် ဣသိဒါ
သီ၏ ကာမေသုမိစ္ဆာစာရ အတိတ်ကံကြောင့် စုံမက်နှစ်သက်ခြင်း မရှိဘဲ ဣသိဒါသီကို စွန့်၍ သူ
တောင်းစား ဘ၀သို့ ပြန်သွားလေ၏။
ဤကဲ့သို့ ယူတိုင်းယူတိုင်းသော ယောက်ျားတို့၏ အကြိမ်ကြိမ် စွန့်ပယ်ခြင်းကို ခံရဖန်များ
သောအခါ သံဝေဂ တရားရပြီး ရဟန်းပြုသဖြင့် ကာမတရားတို့ကို စက်ဆုပ်၍ တရားအားထုတ်
သောကြောင့် ရဟန္တာမ ဖြစ်သွားလေ၏။ (ထေရီဂါထာ အဌကထာ)
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဝိပဿနာရှုခြင်းကြောင့် စူဠသောတာပန်ဖြစ်ခြင်း။
ဝိပဿနာအားထုတ်စဉ်တွင် မိမိ၏ ခန္ဓာကို သမာဓိအားကောင်းစွာဖြင့် ကြည့်နေလျှင်
 ခန္ဓာဖောက်ပြန်မှု အမျိုးမျိုးကို တွေ့နိုင်၏။  ခန္ဓာတို့တွင် ပူလိုက် အေးလိုက် တင်းသွားလိုက်
လျော့သွားလိုက်နှင့် ဓာတ်တွေဖောက်ပြန်မှု အမျိုးမျိုး ဖြစ်လိုက် ပျက်လိုက် (ဖြစ်ပျက်) ကို
ဉာဏ်ဖြင့် တွေ့မြင်ရ၏။ ဤသို့ ဖြစ်ပျက်ကိုတွေ့လျှင်ပင် တစ်ဘ၀အတွက် အပယ်မကျနိုင်
အာမခံချက်ရတဲ့ စူဠသောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုးမဖြစ်ရလေအောင်။
  ဘုန်းကြီးကပြောတယ်၊ “ ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့
ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ တရားတင် အားထုတ်လို့ ရှိ
ရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ” ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ
တူတာမဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ
ကိုယ် ပြောလို့ရှိရင် “ ကိံသုကောပမသုတ္တန် ” လိုပဲ၊ ပေါက်ပင်ကြီးကို မြင်တာက တစ်ဦး
တစ်ချိန်စီ မြင်ထားတာဆိုတော့  ပေါက်ပင်ကြီးက ဘာကြီးလဲဆိုရင်-- ပေါက်ပင်ကြီးက မီး
လောင်ပြင်ကြီးထဲက သစ်ပင်ကြီးလိုပါပဲ။ အရွက်မရှိ ချောက်ကပ်ကပ်နဲ့ ၊ ဒီလိုပြောတဲ့ ပုဂ္ဂိုလ်
တွေလည်း ရှိတယ်။ ပေါက်ပင်ကြီးဟာ အရွက်တွေနဲ့ စိမ်းနေတာပဲလို့ ပြောတဲ့ ပုဂ္ဂိုလ်လည်း
ရှိတယ်။ အပွင့်ပွင့်တဲ့အချိန်မြင်ရင် ပေါက်ပင်ကြီးဟာ ရဲနေတာပဲလို့ ပြောတယ်။ ကိုယ်မြင်တာ
ကိုယ်ပြောကြတယ်။ သူတို့ပြောတာက ပေါက်ပင်တော့ ပေါက်ပင်ပါပဲ၊ သို့သော် အကုန်လုံး
ပြည့်ပြည့်စုံစုံ မဟုတ်ပါဘူး။
         တစ်ယောက်မြင်ခဲ့ရတာနဲ့ တစ်ယောက်မြင်ခဲ့ရတာ မတူညီကြဘူး။ ဒီတော့ အကုန်လုံး
ကိုမမြင်သည့် အတွက်ကြောင့် လူတွေဟာ ငြင်းနေကြတယ်၊ အဲဒီလို အငြင်းပွားနေကြတာဟာ
ပြည့်ပြည့်၀၀ မမြင်ကြလို့ အငြင်းပွားနေကြတာပါ။
         ဒီလို အငြင်းပွားမှုမျိုး မဖြစ်အောင်၊ အပြည့်အ၀မသိတာ မဖြစ်ရအောင် “ပိဋကတ်ကို
ပြည့်ပြည့်၀၀သင် ” ရပါမယ်။ “ကိုယ့်သန္တာန်မှာ သိလာပြီ ဆိုလို့ရှိရင်၊ စာပေဆိုတဲ့ ဓမ္မမှတ်
ကျောက် ရှိလာပြီဆိုရင် အငြင်းပွားစရာ မရှိတော့ဘူး။ ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ဆိုတာ
စာပေထဲမှာ ပါတယ်လို့  ဒီအတိုင်းမှတ်သားပြီးတဲ့အခါ ပရိယတ်ကို သင်ရမယ်လို့ တိုက်တွန်း
ခဲ့တယ်။ ဆိုလိုရင်းကတော့ အားလုံးဟာ အမှန်တရားသိဖို့အတွက် ရွှေအစစ်နဲ့ ရွှေအတုကို
မှတ်ကျောက်တင်ပြီး ဆုံးဖြတ်သလို ဒါဟာ ဘုရားဟောတဲ့တရား အစစ်ဟုတ်လား၊ မဟုတ်
ဘူးလားဆိုတာ သိချင်ရင် ပိဋကတ်ထဲက ဓမ္မမှတ်ကျော်နဲ့ တင်စစ်ရပါမယ်။
      ဒါကြောင့်မို့ တရားဓမ္မ လေ့လာ ကျင့်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်သို့ ရရောက်နိုင်ရန်မှာ    မြတ်စွာ
ဘုရားဟောကြားထားသော တရားဓမ္မများသာ ဖြစ်ပါတယ်လို့   နားလည်သဘောပေါက်ကြပြီး
ဓမ္မမှတ်ကျောက်ကို ကိုယ်စီဆောင်ကာ ကျင့်ကြံနိုင်ကြလျက် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ  ကိုယ်ငှ
မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။
{သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌၊
   ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဓမ္မမှတ်ကျောက် တရားတော်ကို
    ကိုးကား ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
မြင်းလေးမျိုး ဥပမာ
"မြင်းလေးမျိုး ဥပမာ"
****************
၁။ ကျောပေါ်တွင် ကြိမ်ကလေး ဝင့်ပြရုံနှင့် ပြေးသော မြင်းတစ်မျိုးmmmmmm
၂။ ကြိမ်ဝင့်ပြရုံဖြင့် မပြေးသေး၊ သို့သော် အမွေးပေါ် ကြိမ်ဖြင့် ထိကပ် ပွတ်သပ် သတိပေးမှ ပြေးသော မြင်းတစ်မျိုး။
၃။ ကြိမ်ဝင့်ရုံဖြင့် မပြေး၊ အမွေးသပ်ရုံနှင့်လည်း မရ၊ သံချွန်ဖြင့် အရေးပါးဖောက်၍ သွေးစို့အောင် ထိုးမှ ပြေးသော မြင်းတစ်မျိုး။
၎။ ကြိမ်ဝင့်ရုံဖြင့် မပြေး၊ အမွေးသပ်ရုံနှင့်လည်း မရ၊ သံချွန်ဖြင့် သွေးစို့အောင် ထိုးသော်လည်း မလှုပ်၊ အရိုးကို ဒုတ်ဒုတ်ထိအောင် သံချွန်ဖြင့် ဆောင့်၍ ထိုးမှ ပြေးသော မြင်းတစ်မျိုး။
(၁) ဤလေးမျိုး ဥပမာအတိုင်းပင် ပုဂ္ဂိုလ်လည်း လေးမျိုး ရှိကြ၏၊ ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့" ဤကဲ့သို့သော သတင်းကို သူတစ်ပါးထံမှ တစ်ဆင့် ကြားရရုံမျှဖြင့် ထိတ်လန့်သံဝေဂ ရသွားပြီးလျှင် တရားအားထုတ်တော့၏၊ ဤပုဂ္ဂိုလ်မျိုးသည် ကြိမ်ရိပ်ပြရုံမျှဖြင့် ပြေးသော ပထမမြင်းမျိုးနှင့် တူသည်။
(၂) "ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့" ဤကဲ့သို့သော သတင်းမျိုးကို တစ်ဆင့်ကြားရရုံမျှဖြင့် သံဝေဂ မဖြစ်သေး၊ သို့သော် ကိုယ်တိုင် မျက်မြင် တွေ့လာသောအခါတွင်ကား သံဝေဂတွေ ဖြစ်ပွား၍ တရားအားထုတ်လေတော့၏၊ ဤပုဂ္ဂိုလ်မျိုးသည် ဒုတိယမြင်းမျိုးနှင့် တူသည်။
(၃) "ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့" ဤသတင်းမျိုးကို တစ်ဆင့်စကား သတင်းကြားဖြင့် သံဝေဂ မရ၊ ကိုယ်တွေ့ မျက်မြင်ကြုံ၍လည်း သံဝေဂ မဖြစ်၊ သို့သော် သွေးသားတော်စပ်တဲ့ ကိုယ့်ဆွေမျိုးထဲမှ တစ်စုံတစ်ယောက် ဒုက္ခရောက်၍ သေဘေးတွေ့သောအခါမှ သံဝေဂ ဖြစ်၏၊ ချက်ချင်း ထ၍ တရားအားထုတ်တော့သည်၊ တတိယမြင်းမျိုးနှင့် တူသည်။
(၄) "ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့ဖြင့် ဒုက္ခရောက်၍ သေရှာပေါ့တဲ့" ဤသတင်းမျိုးကို တစ်ဆင့်ကြားဖြင့်လည်း သံဝေဂ မဖြစ်၊ ကိုယ်တွေ့ မျက်မြင်ကြုံ၍လည်း သံဝေဂ မဖြစ်၊ ကိုယ့်သွေး ကိုယ့်သား ကိုယ့်ဆွေမျိုးထဲမှ ဒုက္ခတွေ့၍လည်း သံဝေဂ မဖြစ်၊ သို့သော် မိမိကိုယ်တိုင် ဘေးဒုက္ခနှင့် ရင်ဆိုင်ရသောအခါတွင်ကား သံဝေဂတွေ ဖြစ်ပွား၏၊ ထိုအခါတွင်မှ ချက်ချင်းထ၍ တရား အားထုတ်တော့သည်၊ အချိန်နှောင်း၍ အားပျော့နေပြီ၊ စတုတ္ထမြင်းမျိုးနှင့် တူသည်။
(မှတ်ချက်။ ။ "အချိန်ရှိခိုက် လုံ့လစိုက်" ဟူသော စကားပုံအတိုင်း စတုတ္ထအမျိုးအစားထိအောင် မဆိုင်းသင့်။ ပထမ၊ ဒုတိယ၊ တတိယ အမျိုးအစားကတည်းက အားထုတ်သင့်တော့သည်။)
"ကျေးဇူးတော်ရှင် အရှင်ဃောသိတ ဆရာတော်ဘုရားကြီး"
June 2, 2016
ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ။
  မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့်  အဘိုးလေး၊ အဘွားလေးပါမကျန်  ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။
           ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး
ထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ တစ်နည်းမဟုတ်  တစ်နည်းနဲ့တော့ သင့်တော်ကြ
မှာပါ၊ နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဥာဏ်ရဖို့ အရေးကြီးပါတယ်၊ တချို့ တ
ရားအားထုတ်ကြပါတယ်၊ တရားအားထုတ်တာ တရားထူးရပြီလား ဆိုတော့လဲ မထူးသေးဘူး၊
ကိုယ်ကိုတိုင် လွယ်တယ်မထင်ဘဲ ခဲယမ်းနေ လိုက်တာ..၊ ဘာလို့များလဲလို့  သိဖို့ အလွန်အရေး
ကြီးပါတယ်၊ နားလည်သထက် နားလည်အောင် ပြောပေးချင်တာက သတိအားကောင်းတဲ့သူ
သတိပဌာန် အားထုတ်ရင် သင့်တော်ပါတယ်၊ အဆင်ပြေပါတယ်၊ လွယ်ပါတယ်၊ သတိအားမ
ကောင်းတဲ့ပုဂ္ဂိုလ်များကျတော့ ဘယ်လိုမှ အားထုတ်လို့ မရပါဘူး၊ ခဲယမ်းတယ်လို့ ခေါ်ပါတယ်။
အသက်အရွယ်ရလာတော့ ဘယ်လောက်ပဲ သတိကောင်းကောင်း မိစ္ဆာသတိပဲ အစွဲများပါတယ်၊
ရပ်ထဲရွာထဲမှာနေရင် မိစ္ဆာသတိပဲ အဖြစ်များပါတယ်၊ သတိပဌာန် အလုပ်အားထုတ်တယ်ဆိုတာ
ဥပါဒါန်အစွဲ လွတ်ကင်းပြီး သမာသတိ အားထုတ်ရတာပါ၊ လောကသဘောနဲ့ ယှဉ်ကြည့်ရင်လဲ ဥ
ပါဒါန် အစွဲတြွေေ
ယုံကြည်သူတို့ရဲ့ နှလုံးသား (သုမနသာမဏေ တရားတော်)။
သာသနာနဲ့ကြုံခိုက်မှာ ကိုယ့်ဘ၀ကို ကိုယ်သာလျှင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရပါ
မယ်။ “သာသနာတွင်းသား”နဲ့ “သာသနာပသား” အခွင့်အရေးချင်းမတူပါ။ ဘာတွေကွာခြားသလဲ
ဆိုရင် သာသနာပမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါတယ်။ သာသနာတွင်းမှာလဲ ဒါန၊ သီလ၊ ဘာဝနာ
ရှိပါတယ်။ ဒီလောက်ကတော့ တူပါတယ်။ သာသနာပမှာ လမ်းညွှန်ပေးနိုင်တဲ့ ဘုရားအဆုံးအမတွေ
မရှိတဲ့အတွက်ကြောင့် ဘုရားအဆုံးအမရှိမှ သိနိုင်တဲ့ အသိတရားတွေ “သာသနာပ”မှာ မသိနိုင်ပါ။
         “သာသနာတွင်း”မှာ လူဖြစ်နေတဲ့သူတွေ သာသနာတည်တန့်ဖို့ ဆိုပြီးတော့ ရှေးရှေးကပင်
ကြိုးစားနေကြပါတယ်။ သီရိလင်္ကာနိုင်ငံ သီဟိုဠ်ခေတ်က သာသနာနှစ် ၅၀၀ ၀န်းကျင်မှာ ဗုဒ္ဓအဆုံး
အမတွေကို ဒီအတိုင်းနှုတ်ငုံဆောင်လာခဲ့ရင် အဆုံးအမတွေ ပျောက်ပျက်သွားလိမ့်မယ်ဆိုပြီးတော့
ပေထက်အက္ခရာတင်ခဲ့တယ်။ မြန်မာပြည် မင်းတုန်းမင်းလက်ထက်မှာ ကျောက်ထက်အက္ခရာတင်
ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက်တွင် စက္ကူစာရွက်ပေါ်တွင် ပုံနှိပ်အက္ခရာတင်ခဲ့ပါတယ်။ အခု
အင်ဒိုးနီးရှားနိုင်ငံမှာ စတီးလ်ချပ်ပေါ်မှာအက္ခရာတင်နေပါတယ်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေ
ကျင်-မင်္ဂလာတိုက်ကျောင်းဆရာတော် ဘဒ္ဒ န္တဉာဏ(အစိုးရဓမ္မာစရိယ၊ အဂ္ဂမဟာဂ န္တ၀ါစကပဏ္ဍိ
တ) က ဦးဆောင်ပြီး ၂၀၀၇ ခုနှစ်မှစ၍ ကြေးချပ်ပေါ်မှာ အက္ခရာတင် ပိဋကတ်တော်များပြုလုပ်
နေပါတယ်။
        ဒါဖြင့်ရင် သာသနာဟာ #“ပေမှာတည်မှာလား” ?၊
                                    #“ကျောက်မှာတည်မှာလား” ?၊
                                     #“စက္ကူပေါ်မှာတည်မှာလား” ?၊
                                     #“စတီးချပ်ပေါ်မှာတည်မှာလား” ?၊
                                     #“ကြေးချပ်ပေါ်မှာတည်မှာလား” ?၊ မေးစရာဖြစ်လာပါပြီ။ ဗုဒ္ဓ
သာသနံ စိရံ တိဌတု ဆုတောင်းရုံနဲ့ သာသနာ အဓွန့်ရှည်နိုင်မှာလား ?၊ ဦးဇင်းရဲ့အယူကိုပြောမယ်..
ကြိုက်ရင်ယူ မကြိုက်ရင် သဘောမတူရင် ပယ်လိုက်၊ ဘာမှပြသနာမရှိဘူး။ ဦးဇင်းက သာသနာ
ဘယ်မှာတည်သလဲ ဆိုတဲ့အဖြေကို ကိုယ်တိုင်ထုတ်ကြည့်တော့ ထွက်တာတဲ့အဖြေက “သာသနာ
သည် ယုံကြည်သူတို့ရဲ့ နှလုံးသားမှာတည်တယ်” လို့ အဖြေရပါတယ်။
         ယုံကြည်မှုမရှိဘဲနဲ့  ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးဖို့ မဖြစ်နိုင်ပါ။ ယုံကြည်သူတို့ရဲ့
နှလုံးသားဆိုတာ ဟောဒီ နှလုံးသားထဲက ဘုရားရဲ့အဆုံးအမကို ကျကျနနသိပြီး လိုက်နာကျင့်သုံး
သိမ်းပိုက်ထားသူမှ သာသနာတည်မှာပါ။ အခု သူတော်ကောင်းတို့စိတ်က သာသနာကို မယုံကြည်
နိုင်တော့ရင် သူတော်ကောင်းတို့ထံမှာ သာသနာတည်တယ်လို့ မပြောနိုင်တော့ပါ။ ကျန်တဲ့ သာသ
နာ ၂၅၀၀ တို့၊ ၅၀၀၀ တို့ ပြောမနေနဲ့  ဦးဇင်းတို့နဲ့မဆိုင်ဘူး။
          ဗုဒ္ဓသာသနာတော်ကြီးဆိုတာ စောင့်ထိန်းပြုပြင်သူ ရှိတဲ့အခါ ထိပ်တန်းရောက်အောင်
စည်ပင်ထွန်းကားပြီး၊  စောင့်ထိန်းပြုပြင်သူ မရှိတဲ့အခါ တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ကျ  လာ
တတ်တယ်။ တစ်ချိန်က ဗုဒ္ဓသာသနာတော်ကြီး ထိပ်တန်းရောက်ခဲ့တဲ့ အချို့တိုင်းပြည်တွေဆိုရင်
လုံးလုံးပင် ကွယ်ပျောက်ခဲ့ပါပြီ။ 
         ဗုဒ္ဓသာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမ၊ အဲဒီမြတ်စွာဘုရားရဲ့ အဆုံးအမတွေက
သီလ၊ သမာဓိ၊ ပညာပါ။ တနည်း သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာဆိုပြီး သာသ
နာ ၃ ရပ် ရှိပါတယ်။ ဒါကိုပဲ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာလို့လဲ ခေါ်ပါတယ်။
         ဘုရားရှင်မြ
တမာရွက်ဥပမာ။ တခါ တမာရွက်အစိမ်းသုပ်လိုက်တာ။ မြေပဲဆန်လည်းမထည့် ဒီတိုင်းပေါ့ ။ဒီတိုင်းထည့် သုပ်လိုက်တာ။အဲတော့ စားကြည့်တဲ့အခါ စားစရှိတဲ့ပုဂ္ဂိုလ်ကတော့ ခံတွင်းသာလို့နေတာပေါ့။အခုမှ ခံတွင်းသာတယ်…
တမာရွက်ဥပမာ။
###########
တခါ တမာရွက်အစိမ်းသုပ်လိုက်တာ။ မြေပဲဆန်လည်းမထည့် ဒီတိုင်းပေါ့ ။ဒီတိုင်းထည့် သုပ်လိုက်တာ။အဲတော့ စားကြည့်တဲ့အခါ စားစရှိတဲ့ပုဂ္ဂိုလ်ကတော့ ခံတွင်းသာလို့နေတာပေါ့။အခုမှ ခံတွင်းသာတယ် အခါးဓါတ်လေး။ အခါးကြိုက်တဲ့သူလေ။
ကဲ ဟိုလူက သုပ်လိုက်တော့ကာ တမာရွက်က မသိ နှိုက်စားကြည့်တာ ခါးလို့ ပြန်ထွေးပစ်တာ။ သေပါတော့ကွာ ခါးတာဟေ့။ အရသာကို ပျက်ကုန်ပြီကွာ။ ကြားလား။ ကဲသူ့အတွက်တော့ မကောင်းဘူးပေါ့။ စဉ်းစားဖို့မကောင်းလား။
ကြိုက်တဲ့လူကတော့ အခါးကြိုက်တဲ့လူက ကောင်းတယ်။ မကြိုက်တဲ့လူက မကောင်း။ နှစ်မျိုး ထွက်မလာဘူးလား။ ခါးတဲ့သဘော သဘာဝက တရားက မင်းကိုကောင်းစေ မင်းကိုမကောင်းစေနဲ့ ပါရဲ့လား။ ခါးတာတော့ ဘယ်သူ့မျက်နှာမှ မလိုက်ဘူး။ အဲဒီ သဘောတရားကိုသိဖို့လိုတယ်။ စဉ်းစားဖို့မကောင်းလား။
သဘာဝဉာဏ် သဘာဝဉာဏ်လို့ မပြောဘူးလား။ ပါးစပ်က ပြောတာ ကိုယ်က မသိ။ သူ့သဘာဝတ္ထ သိဖို့လိုတာ။ စဉ်းစားဖို့မကောင်းလား။ကဲ ခါးတာသူ့သဘာဝ။
ကောင်းတာမပါ ဆိုးတာမပါ။ ကောင်းတာဆိုးတာ ကိုယ့်စိတ်ကလုပ်တာ။ အဲဒီစိတ်ကိုမြင်အောင်ကြည့်။ ဒါ လိုတာမဟုတ်ဘူးလားလို့။ ကဲတရားထိုင်တာ ဒီနေရာရောက်အောင် လိုတာ။ စဉ်းစားဖို့မကောင်းလား။ ထိထိ…လေ့လာ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသံဝရ ။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတော် မုံလယ် (၅)ရက်တရားစခန်း ၌်
၁၃၆၇-ခု၊ကဆုန်လပြည့်ကျော် ၄ရက်၊ကြာသပတေးနေ့။ 26.5.2005 (ည ၇-နာရီ) အချိန်တွင်
ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ
မုံလယ်ဇ
နေအိမ်ကို ခုနှစ်ကြိမ်တိတိ မီးကွင်းပစ်၍ မီးရှို့ခံရသော သုမင်္ဂလသူဌေး။
   ကဿပဘုရားရှင် လက်ထက်တော်အခါက သုမင်္ဂလ အမည်ရှိသော သူဌေးတစ်ဦးသည်
ကြီးကျယ်ခမ်းနားသော ရွှေကျောင်းကြီးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းထား၏။ မကြာခဏ
ဘုရားကျောင်းတော်သို့  သွားလေ့ရှိ၏။ တစ်နေ့သ၌ ကျောင်းမှအပြန် မြို့တံခါးအနီးရှိ ဇရပ်တစ်
ဆောင်ပေါ်တွင် သင်္ကန်းကို ခေါင်းမြီးခြုံ၍ အိပ်နေသော သူခိုးတစ်ယောက်ကို တွေ့မြင်၏။
         “ ခြေထောက်တွင် ရွှံ့နွံအလိမ်းလိမ်းကပ်လျက် သင်္ကန်းကို ခေါင်းမြီးခြုံပြီး ဤဇရပ်ပေါ်၌
မတော်မလျော် အိပ်စက်နေသူမှာ ရဟန်းအယောင်ဆောင်ထားသော သူခိုးသာ ဖြစ်ရမည်။ ဘယ်
နည်းနှင့်မျှ ရဟန်းကောင်း မဖြစ်နိုင် ” ဟု မှတ်ချက် ချ၍ ပြောဆို၏။
          အယောင်ဆောင် သူခိုးသည် သူ့အား ဤသို့ပြောရမည်လားဟု အမျက်ဒေါသ ပြင်းစွာ
ထွက်လျက် သူဌေးကို ရန်ငြိုးဖွဲ့၏။ သူဌေးပိုင်သော လယ်ယာများကို ခုနှစ်ကြိမ်တိတိ မီးတိုက်
ဖျက်ဆီး၏။ သူဌေးပိုင်သော နွားခြံသို့ဝင်၍ ခုနှစ်ကြိမ်တိုင်တိုင် နွားများ၏ ခြေထောက်ကို ဓားဖြင့်
ခုတ်ဖြတ်၏။ သူဌေး၏ နေအိမ်ကို ခုနှစ်ကြိမ်တိတိ မီးကွင်းပစ်၍ မီးရှို့၏။
          ခိုးသူသည် ဤမျှလောက် ဖျက်ဆီးရသည်ကို မကျေနပ်သေးမူ၍ သူဌေးဆောက်လုပ်လှူ
ဒါန်းထားသော နံ့သာရွှေကျောင်းတော်ကြီးကို ကဿပဘုရားရှင် ဆွမ်းခံကြွနေသည့်အခိုက် မီး
တိုက်ဖျက်ဆီးပြန်လေ၏။ သုမင်္ဂလ သူဌေးသည် မီးလောင်ရာသို့ ပြေးလာပြီးလျှင် စိတ်မချမ်းသာ
ခြင်း၊ ဒေါသထွက်ခြင်း အလျင်းမရှိမူ၍ တစ်ကြိမ်မီးလောင်သော် နှစ်ကြိမ်လှူမည်ဟု လက်ရုံးဆန့်
၍ ပြောကြား၏။ မကြာမီ နောက်ထပ် ကျောင်းသစ်ကြီးတစ်ဆောင် ဆောက်လုပ်ပြီးလျှင် သံဃာ
နှစ်သောင်း ခြံရံလျက် မြတ်စွာဘုရားအား လှူဒါန်းပြန်၏။
          ဗျာပါဒအားကြီးသော ခိုးသူသည် “ ဤသူဌေးကို အရှင်ထား၍ အရှက်တကွဲ အကျိုးနည်း
အောင် လုပ်လေခြင်းထက် အသေသတ်ပစ်မှ နားအေးမည် ” ဟု ပြင်းထန်သော အစွဲဖြင့် ဓား
မြှောင်ကို ခါးထိုး၍ အမြဲတစေ ချောင်းမြောင်းနေ၏။ သို့သော် အခွင့်မသာ၍ မသတ်နိုင်။
         သူဌေးကြီးသည် မြတ်စွားဘုရားနှင့် ရဟန်းသံဃာတို့ကို ပင့်၍ ကျောင်းရေစက်ချပွဲကို ပြု
လုပ်သောအခါ “ တပည့်တော်၏ အကျိုးတရား ပျက်ပြားအောင် ဖျက်ဆီးပြီး အသက်ကိုပင် ရန်
ရှာနေသောသူသည် ဤပရိသတ်အတွင်း၌ ရှိနေပါသည်။ ထိုသူအား တပည့်တော် အမျက်ဒေါသ
မထားသည့်အပြင် ယခုပြုသော ကုသိုလ်အဖို့ကို ထိုသူအား ရှေးဦးစွာ ပေးပါ၏ ” ဟု လျောက်
ထားပါသည်။
        ထိုစကားကို ကြားသောအခါ သတ်ဖြတ်ရန် ချောင်းမြောင်းနေသော ခိုးသူသည် မိမိ၏ အ
မှားကို သိ၍ သူဌေးကြီးအား သည်းခံရန် တောင်းပန်၏။ သူဌေးကြီးက သည်းခံသော်လည်း သူ၏
ဗျာပါဒစေတနာကြောင့် သေသောအခါ အ၀ီစိငရဲ၌ နှစ်ပေါင်းများစွာ ခံရလေ၏။ ငရဲမှ လွတ်သော
အခါ ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကူဋတောင်ဝယ် တစ်ကိုယ်လုံး မီးလောင်၍ ဝေဒနာပြင်းပြစွာ ခံစား
ရသော စပါးကြီး မြွေပြိတ္တာကြီး ဖြစ်ရပြန်လေသည်။
(ဓမ္မပဒအဌကထာ၊ ဒုတိယအုပ်၊ ဒဏ္ဍ၀ဂ်၊ အဇရပေတ၀တ္ထု)
 {နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
အလှူဒါနပြုကြရာ၌ အလှူခံသူနှင့် အလှူပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ။
     အလှူဒါနပြုကြရာ၌ အလှူခံသူနှင့် အလှူပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် မဟာဂန္ဓာ
ရုံဆရာတော်ကြီးက= အလှူခံမှာ၊ လယ်ပမာ၊ လှူရှာသူများ၊ လယ်သမား။
                         အများလှူဖွယ်၊ မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။
         ပေတ၀တ္ထုပါဠိတော်ဝယ် “ အလှူခံပုဂ္ဂိုလ်သည် လယ်ယာနှင့်တူ၏။ အလှူ့ဒကာ အလှူ့
အမတို့မှာ လယ်ယာလုပ်သူနှင့်တူ၏။ လှူဖွယ်ဝတ္ထုများက မျိုးစေ့နှင့်တူ၏။ နောက်သံသရာ၌ ရရှိ
နိုင်မည့် အကျိုးတို့မှာ ထိုမျိုးစေ့ကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့်တူသည် ” ဟု ဥပမာပြ
ထား၏။ ဤဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မှု၌--
၁။ လယ်ယာ မြေကောင်း၊ မကောင်း လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ == အလှူခံ ပုဂ္ဂိုလ်က    
ကောင်း မကောင်း လိုက်၍ အကျိုးပေး ကွာခြားပုံရှိ၏။
၂။ မျိုးစေ့က အောင်၊ မအောင် လိုက်၍ အပင်၊ အသီး ကွာခြား သကဲ့သို့== လှူဖွယ်ပစ္စည်း တရား
    သဖြင့် ဟုတ်၊ မဟုတ်နှင့် အနည်းအများလိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။
၃။ လယ်ယာလုပ်သူက နားလည်၊ မလည်၊ လုံလ၀ီရိယ ရှိ၊ မရှိ လိုက်၍အပင်အသီး ကွာခြားသကဲ့
    သို့== အလှူရှင်က ဉာဏ်ရှိ၊ မရှိ၊ အားတက်သရောနှင့် ၀မ်းမြောက် ၀မ်းသာ ရှိ၊ မရှိ လိုက်၍
    အကျိုးပေး ကွာခြားဖွယ် ရှိ၏။
၎။ မစိုက်ပျိုးမီ မျိုးစေ့ကို ပြုပြင်၊ မပြုပြင်လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ == မိမိ၏ ပုဗ္ဗစေ
    တနာကို ထက်သန်အောင် ပြု၊ မပြု လိုက်၍လည်း အကျိုးပေး ကွာခြားဖွယ် ရှိ၏။
၅။ လယ်ယာတို့၌ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်းခြင်း စသည်တို့ကို ပြု၊
    မပြု လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ == လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍
    သတိရမှု၊ သတိရတိုင်း ၀မ်းမြောက်မှု ( အပရစေတနာ ထက်သန်၊ မထက်သန် လိုက်၍ ) အ
    ကျိုးပေး ကွာခြားဖွယ် ရှိ၏။
၆။ မျိုးစေ့ စိုက်ပျိုးပြီးနောက် စိတ်ပေါက်ပေါက် ရှိ၍ ဖျက်ဆီးလိုက်သကဲ့သို့ == လှူဒါန်းပြီးနောက်
    “ ငါလှူမိတာ မှားပေါ့ ” စသည်ဖြင့် စိတ်ပျက်မှု ဖြစ်ရပြန်လျှင်(အပရစေတနာချို့တဲ့ပြန်လျှင်)
    ထိုဒါနသည်ပင်လျှင် အကျိုးမရဘဲ(အကျိုးရစေကာမူ ကောင်းစွာ မဟုတ်ဘဲ) ပျက်စီးဖွယ်ရှိ၏။
၇။ မျိုးစေ့လယ်ယာတို့က အားလုံးအဆင်သင့်သော်လည်း စိုက်ပျိုးသင့်သောအခါ စိုက်ပျိုးမှ အပင်
    အသီး ဖွံ့ထွားသကဲ့သို့ == အလှူခံနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအ
    ခါ(လိုနေသော နေရာဝယ်) လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးများဖွယ် ရှိ၏။
         ဤသို့လျှင် ပေတ၀တ္ထုပါဠိတော်ကို လေးလေးနက်နက် ဆင်ခြင် စဉ်းစားလိုက်သောအခါ
ညွှန်ပြအပ်ခဲ့သော အချက်များ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ ပေါ်လာပေသည်။ ထို့ကြောင့်
ဒါနပြုရာ၌ အလှူခံကိုလည်း ရွေးသင့်၏။ လိုနေသော ဌာန၌သာ လှူသင့်၏။ မိမိတို့စိတ်ကို ကြည်
နူးစေသင့်၏။ လောကီစည်းစိမ်ကို တောင့်တတတ်သော တဏှာသဘော မရောနှောအောင်လည်း
ဖြူစင်စေသင့်ပါသည်။
        ထို့ကြောင့် တရားမြတ်နိုး ကောင်းကျိုးဆောင်ရွက် နေကြသော ဓမ္မမိတ်ဆွေအပေါင်းလည်း
တရားသဘောကို နားလည် သဘောပေါက်ကြကာ အလှူဒါနပြုပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြ
ပါစေ ကုန်သတည်း။
   {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
သူတော်ကောင်းတွေရဲ့ အတွေး။
  တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး
ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ
လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။
         လူ့ပြည် လူ့လောကကိုလာပြီး တောင်ပို့ပေါ်မှာ ခွေပြီးတော့ သီလဆောက်တည်ပါတယ်။
သီလဆောက်တည်တယ်ဆိုတာ ကျင့်စရာကျင့်ဖို့ အဓိဌာန်ပြုတာပါ။ သူများအသက်  သတ်တာမ 
လုပ်ဘူး။ သူများပစ္စည်းဥစ္စာခိုးတာ မလုပ်ဘူးဆိုတာမျိုးပါ။ နဂါးမင်းအဓိဌာန်လိုက်ပါတယ်၊ ဘယ်
နည်းနဲ့မှ သူများအသက်ကို မသတ်ဘူး။ ငါ့အသက်ကို လာသတ်ချင်သတ်ပါစေ၊ ငါ့ ကိုယ်ကျင့်တ  
ရားတော့ မပျက်စေရဘူး။ ဒီလိုမျိုး အဓိဌာန်ပြီးတော့မှ အသက်စွန့်ပြီး ဥပုဒ်စောင့်တာပါ။ ဒါ ကို
“ သီလပရမတ္ထ ပါရမီ ” လို့ ခေါ်ပါတယ်။
         အလမ္ပာယ်သမားနှင့် တွေ့တဲ့အခါကျတော့ ဘုရားအလောင်း ဘူရိဒတ္ထနဂါးမင်းကို အ
လမ္ပာယ်ပြဖို့အတွက် မန္တန်ရွတ် ဆေးဖျန်းပြီးတော့ အားပျော့အောင် ရိုက်နှက်ဖမ်းဆီး ခေါ်သွား
ပါတယ်။ အဲဒီအချိန်မှာ သီလဆောက်တည်ထားသည့် အတွက်ကြောင့် မျက်စိကို စုံမှိတ်ထားပါ
တယ်။ စိတ်ဆိုးပြီး ကြည့်လိုက်ရင် နဂါးမင်းရဲ့ တန်ခိုးတေဇော်ကြောင့် တစ်ဖက်သားက ဖွဲပြာ
ကျသွားပါမယ်။ အဲဒီလို ကိုယ့်အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ သူတော်
ကောင်းတွေရဲ့ စိတ်နေသဘောထားပါပဲ။
         ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘော
ထားက အများကြီးကွာပါတယ်။ များသောအားဖြင့် လူတွေက ငါ့ထိ မခံဘူး၊ ငါ့ပိုက်ဆံထိ မခံဘူး၊
ငါ့သားသမီးကိုထိ မခံဘူး ဆိုတဲ့သူကများပါတယ်။ အေး.. ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုတဲ့သူ
က အင်မတန် ရှားပါတယ်။ တရားဓမ္မနှင့် ပတ်သက်လာလို့ရှိရင် ကိုယ်ကျင့်တရားကို လွယ်လွယ်
ကူကူ စွန့်လွှတ်ကြပါတယ်။ သူတော်ကောင်းတွေ ကျတော့ အဲဒီလို မဟုတ်ပါဘူး။ ကိုယ်ကျင့်တရား
ကို တန်ဖိုးထားပြီး အသက်ထက် မြတ်နိုးပါတယ်။ ထိန်းသိမ်း စောင့်ရှောက်ပါတယ်။ အဲဒါ သူတော်
ကောင်းတွေရဲ့ စိတ်ဓာတ်၊ သူတော်ကောင်းတွေရဲ့  အတွေးနဲ့ ကျန်တဲ့သူတွေရဲ့ အတွေးဟာ အ
များကြီးကွာပါတယ်။
         အဲဒီတော့ ကိုယ့်ဘ၀ကိုယ် မကောင်းတဲ့ စိတ်ဓာတ် မပေါ်ရလေအောင်၊ မကောင်းတဲ့အလုပ်
မလုပ်မိရလေအောင် ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကကြည့်ပြီး ဓမ္မကို ကျင့်သုံးခြင်းဖြင့်
မိမိတို့၏ စိတ်နေသဘောထား အားလုံးဟာ အလွန်မွန်မြတ်ပြီးတော့ တကယ့် သူတော်စင်ဘ၀ကို
ရောက်ရှိနိုင်ကြပါစေ ကုန်သတည်း။ ။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
 သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (
မောဟကင်းပြီးသော်လည်း မသိခြင်း ။
     မသိခြင်း သဘောကို မောဟဟုဆိုခြင်းကြောင့် မသစ်ဖူးသောအတတ်၊ မရောက်ဖူးသော
အရပ်နှင့် မမှတ်ဖူးသောနာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ်၊ အကုသိုလ်ဖြစ်
သည်ဟု မှတ်ထင်တတ်ကြ၏။ ထို မသိမျိုးမှာ မသိရုံသက်သက်သာဖြစ်၍ မောဟအစစ် အကုသိုလ်
အစစ် မဖြစ်ပါ။ မိမိ၌ မှတ်သားဖူးသော သညာ မရှိမှုသာတည်း။ ထို မသိမျိုးမှာ သာမန်လူတွေကို
မဆိုထားဘိ ရဟန္တာများပင် ရှိပါသေးသည်။
         ဘုရားရှင်ကလွဲလျှင် ပထမတန်း ဉာဏ်တော်ရှင်ဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် တ
ပည့် ရဟန်းကလေး တစ်ပါး၌ ကမ္မဌာန်းအပေး မှားတော်မူခဲ့သေး၏။ ရဟန်းကလေးက ငယ်ရွယ်
သူဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဌာန်းကို ပေးတော်မူလေရာ ရ
ဟန်းကလေး၏ စရိုက်အလိုနှင့် မတည့်သောကြောင့် (၄) လ လုံးလုံး အားထုတ်ပါသော်လည်း အ
ရိပ်နမိတ်မျှ အထင်ဘဲ ရှိလေပါ၏။
         ထို့နောက် ဘုရားရှင်ထံ ခေါ်သွားမှ ဘုရားရှင်က စရိုက်နှင့် သင့်မြတ်သော ပဒုမ္မာကြာပန်း
ကို ဖန်ဆင်း၍ ပေးတော်မူလေရာ လွန်စွာ နှစ်သက်နေစဉ် မကြာခင် ညှိုးနွမ်းအောင် ဖန်ဆင်းပြ၍
သံဝေဂ အရမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထင်မြင်အောင် ဆင်ပြ၍ ဟောပြသောအခါ ရဟန္တာဖြစ်သွား
လေသည်။ ဤ နေရာတွင် ဘုရားရှင်၏ ဉာဏ်တော်ကြီးမားပုံနှင့် မောဟကင်းပြီးသော အရှင်သာ
ရိပုတ္တရာ၏ အချို့အရာ၌ မသိပုံကို သတိပြုနိုင်ပါသည်။
         ဤကဲ့သို့ အရှင်သာရိပုတ္တရာသော်မှ မိမိအရာ မဟုတ်သော အချက်များကို မသိနိုင်သော
ကြောင့် ယခုကာလ မသင်ဖူးသေးသော အတတ်စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်း
မှာ မောဟ၏ ကွယ်ကာမှုမဟုတ်ပါ။ မိမိဉာဏ်ပညာ၏ အစွမ်းသတ္တိနုံ့မှုသာ ဖြစ်ပါသည်။ သာဓက
ပြရလျှင်= နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်း အခါ၌ အကွယ်အကာမရှိသော အဝေးအရပ်
ကို လှမ်း၍ မမြင်ရခြင်းမှာ တစ်စုံတစ်ရာ ကွယ်ကာမှုကြောင့် မဟုတ်။ မိမိမျက်စိ၏ အစွမ်းသတ္တိ
မရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့ပင် ဖြစ်ပါသည်။
         ထို့ကြောင့် မသိတိုင်းကို မောဟဟု ယိုးမယ်ချစရာမလိုပါ။ တရားချစ်ခင် ဓမ္မမိတ်ဆွေတို့
ကလည်း သိသင့်သိထိုက်သော တရားများကို သိအောင်ကျင့်ကြံကြကာ မြတ်နိဗ္ဗာန်ကို ရရောက်
နိုင်ကြပါစေ ကုန်သတည်း။
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
နတ်တွေသတ်မှတ်တဲ့ သူတော်ကောင်း။
  သိကြားမင်းကြီး လူ့ဘ၀တုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့
ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြပါတယ်။ အဲဒါတွေကတော့
၁။ “ မာတာ ပေတ္တိဘရော ” အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်
ကျေးဇူးဆပ်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့ နတ်တွေက သတ်မှတ်ပါတယ်။
၂။ “ ကုလေ ဇေဌာပစာယီ ” ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့ အမျိုးတွေ၊ အဖေ့ဘက်က
တော်တဲ့ အမျိုးတွေ ရှိပါတယ်။ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေ အမတွေ
ဆိုတာ ရှိပါတယ်။ အဲဒီ ဆွေမျိုးတွေထဲက လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေ လေးစားတာလည်း နတ်တွေ
သတ်မှတ်တဲ့ သူတော်ကောင်းပါ။
၃။ “ ယာသာဝါစာ နေလာ ” ကိုယ်ပြောတဲ့ စကားတစ်ခုဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရပါမယ်။
စကားပြောတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း နတ်တွေ
သတ်မှတ်တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။
၎။ “ သမဂ္ဂကရဏိံ ၀ါစံ ဘာသိတာ ” ညီညွတ်တဲ့ စကားလုံး တစ်ဦးနှင့်တစ်ဦး ညီညွတ်အောင်သာ
ပြောပေးပါတယ်၊ ကွဲမယ့်ပြဲမယ့် စကားမျိုး၊ တစ်ယောက်နဲ့တစ်ယောက် အထင်လွှဲမယ့် စကားမျိုး
ဘယ်တော့မှ မပြောပါ။ သိကြားမင်းကြီးကိုယ်တိုင် လူ့ဘ၀လူ့လောကမှာ နေတုန်းက ဒီကျင့်ဝတ်
တရားတွေကို တလေးတစား လိုက်နာကျင့်သုံး ခဲ့ပါတယ်။
၅။ “ မစ္ဆရိယ ” တရားကို ဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ နတ်တွေက သတ်မှတ်ပါ
တယ်။ မစ္ဆရိယ ငါးမျိုးရှိပါတယ်။ အာဝါသ မစ္ဆရိယ=အဆောက်အအုံ နေရာထိုင်ခင်းနှင့် ပတ်သက်
ပြီး ၀န်တိုတာပါ။ ကုလမစ္ဆရိယ=အပေါင်းအသင်းနှင့်ပတ်သက်ပြီး ၀န်တိုတာပါ။ လာဘမစ္ဆရိယ=
ကိုယ်ရတဲ့ လာဘ်လာဘနှင့်ပတ်သက်ပြီး ၀န်တိုတာပါ။ ၀ဏ္ဏမစ္ဆရိယ=ဂုဏ်ကျေးဇူးတို့ ချီးမွမ်းခံရတဲ့
စကားတို့နှင့် ပတ်သက်ပြီး ၀န်တိုတာပါ။ ဓမ္မမစ္ဆရိယ= တရားဓမ္မနှင့် ပတ်သက်ပြီး ၀န်တိုတာပါ။
၆။ “ ၀စီသစ္စာ ” မှန်တဲ့စကားကို အသုံးချပြီးတော့ ကိုယ်လိုချင်တာတစ်ခု ပြောမယ်ဆိုလို့ရှိရင် ဒီ
သစ္စာရဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အဲဒီလို မှန်မှန်ကန်ကန် မှန်တဲ့စကားကိုသာ ပြောတဲ့ ပုဂ္ဂိုလ်
ဟာလည်း သူတော်ကောင်း ဖြစ်ပါတယ်။
၇။ “ ဒေါသ ” အမျက်ဒေါသကို ထိန်းသိမ်းဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ဟာလည်း နတ်တွေသတ်မှတ်တဲ့
သူတော်ကောင်းဖြစ်ပါတယ်။ “ မာတု ဃာတက ” အမိသတ်တဲ့ကံ၊ “ ပိတု ဃာတက ” အဖသတ်
တဲ့ကံ၊ “ အရဟန္တ ဃာတက ” ရဟန္တာသတ်တဲ့ကံ၊ “ လောဟိတုပ္ပါဒက ” ဘုရားသွေးစိမ်းတည်
အောင် လုပ်တဲ့ကံ ဒါတွေက ဒေါသအခြေခံပြီး ဖြစ်တာပါ။
         တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ကလည်း သူတော်ကောင်းတရား
လက်ကိုင်ထားကြပြီး ကောင်းသထက်ကောင်း၊ မြင့်မြတ်သထက် မြင့်မြတ်ကာ မြတ်နိဗ္ဗာန်ကို ရရှိ
နိုင်ကြပါစေ ကုန်သတည်း။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
တကယ့်ရထားထိန်း။
   ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို
ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ် ” လို့ မြတ်စွာဘုရားက ဟောထားတာ
ရှိပါတယ်။
         တစ်ခါတုန်းက ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်
ကြီးတစ်ပင်ကို ခုတ်လှဲပါတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က
“ အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို
မဖျက်ဆီးပါနဲ့ ” လို့ ပြောတော့ ကျောင်းဆောက်မယ့်ကိုယ်တော်က နားမထောင်ဘူး။
         အဲဒီတော့ ရုက္ခစိုးက ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကကာထားလိုက်ရင် ဒီ
ကိုယ်တော် ခုတ်မှာမဟုတ်ဘူးထင်ပြီး ခုတ်မည့်နေရာမှာ သူ့သားလေးကို ထားလိုက်တယ်။ ဟိုကိုယ်
တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲနဲ့ ရုက္ခစိုးသားလေးလက်မောင်း
ခုတ်မိသွားလို့ အရင်းကနေ ပြတ်သွားပါတယ်။
        ဒီနေရာမှာ စဉ်းစားစရာက ရုက္ခစိုးကြီး ကိုယ်တိုင်ကလည်း မခုတ်ပါနဲ့လို့ ပြောပါတယ်။ ရုက္ခ
စိုးရဲ့သားငယ်လေးကို မြင်ရက်သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ ရုက္ခစိုးကြီး ဘယ်လောက် စိတ်ဆိုး
သွားမလဲ။ ဒါနဲ့ ရုက္ခစိုးကြီးကလည်း သူရဲ့တန်ခိုးပါဝါနဲ့ အဲဒီရဟန်းကို အဲဒီနေရာမှာပဲ သတ်လိုက်
တော့မလို့ စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ဒေါသ ” ကို ပြန်ပြီးတော့ ထိန်းလိုက်ပါတယ်။
         ဘယ်လို ထိန်းလိုက်သလဲဆိုတော့ “ အော်.. ဒီကိုယ်တော်မှာ ဆရာသမားရှိတယ်။ ဘုရားရှိ
တယ်။ ငါသတ်လိုက်လို့ရှိရင် ငါ့မှာ အကုသိုလ်တွေဖြစ်မယ်။ သူ့ရဲ့ဆရာဆီသွားပြီး တိုင်မယ် ” ဆို
ပြီး မြတ်စွာဘုရားထံ သွားပြီးလျှောက်ပါတယ်။
         လျှောက်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက ခုနက စကားလေးကို ဟောပါတယ်၊ “ အေး...
ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့သူဟာ တကယ့် ရထားထိန်းအစစ်ပဲ ” လို့ ဟောလိုက်ပါတယ်။
အော်.. ဒေါသကို ထိန်းတဲ့သူဟာ သူတော်ကောင်းပဲ လို့ ဘုရား ချီးမွမ်းပါတယ်။
         အရှိန်နဲ့ထွက်လာတဲ့ ဒေါသကို သူထိန်းလိုက်တယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုပြီး
မြတ်စွာဘုရားက ချီးမွမ်းပါတယ်။ ဒီရဟန်းက သီလရှိတဲ့ရဟန်းတဲ့၊ သင် သွားသတ်မိလို့ရှိရင် သင်
အကုသိုလ်တွေဖြစ်ပြီး ငရဲကျရလိမ့်မယ်။ ကိုယ့်ဒေါသ ကိုယ်ထိန်းတာဟာ သိပ်ကောင်းတာပဲလို့
မြတ်စွာဘုရားက တရားဟောပြီး ဇေတ၀န်ကျောင်းထဲမှာ မကြာခင်ကဘဲ နတ်က စုတေသွားလို့
အားလပ်နေတဲ့ ဘုံဗိမာန်တစ်ခုကို ညွှန်ပြီးတော့ အဲဒီမှာ ရုက္ခစိုးကြီးကို နေရာချပေးထားပါတယ်။
        တရားဓမ္မ ကျင့်ကြံအားထုတ် နေကြတဲ့ တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း တရားသ
ဘောကို နားလည်သဘောပေါက်ကြပြီး ဒေါသကိုထိန်းနိုင်ကာ ချမ်းသာအစုံ စံစားခံစားနိုင်တဲ့
ဘ၀ကိုဖြတ်သန်းလျက် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
အန္ဓပုထုဇဉ်။
  လယ်တီဆရာတော်ဘုရားကြီးက အန္ဓပုထုဇဉ်ဆိုတာ သုတဗုဒ္ဓိ  ဉာဏ်မျက်စိကင်းတဲ့
လူကို ဆိုပါတယ်။ သုတဗုဒ္ဓိ  ဉာဏ်မျက်စိကင်းသူဆိုတာ ဒီလူဟာ ခန္ဓာတရားရဲ့သဘောကို
မသိဘူး။ ဓာတ်တရား၊ အာယတနတရား၊ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ သတိပဌာန်တရား
တို့ရဲ့ သဘောကို သရုပ်ကွဲအောင် အနက်အဓိပ္ပါယ်ပေါ်အောင်လည်း မသိဘူး။ ဒီတော့ သူ့အ
မြင်မှာ ငါ သူ တစ်ပါး ပုဂ္ဂိုလ် သတ္တ၀ါလို့ ထင်မြင်နေတဲ့ သက္ကာယဒိဋ္ဌိ အဆောက်အအုံကြီး
တည်ရှိနေတယ်။
  ( လယ်တီဆရာတော်ဘုရားကြီး )
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Visit Website
* တပ်မက်ခြင်းကို စောင့်ထိန်း*
တပ်မက်ခြင်းသည် လူကိုဒုက္ခပေးရုံမကပဲ ဘဝအရည်
အသွေးကိုအရောင်တင်မပေးချေ ။ တပ်မက်ခြင်းကြီးလေလေ
လောက၌ ဒုက္ခများများ တွေ့ရလေလေ ဖြစ်တော့၏ ။
၁။တပ်မက်ခြင်းကင်းသောသူတို့တွင် ဝမ်းနည်းကြေကွဲ ခြင်းသည်
မရှိ သို့သော် တပ်မက်ခြင်းရှိပါမူကား ဝမ်းနည်းကြေကွဲ ရခြင်းတို့
သည် အစဉ်မပြတ် ပို၍ပို၍ ရောက်ရှိလာလိမ့်မည် ။
၂။တပ်မက်မှု ကင်းရှင်းခြင်းတွင် စိတ်ဓါတ် စင်ကြယ်ခြင်းသည်
ပါဝင်၏ ထိုအချက်သည် သစ္စာတရားကို တွယ်တာမြတ်နိုးခြင်း
ဖြစ်လေသည် ။
၃။မည်သည့်အခါမျှ လိုအင်ဆန္ဒ မပြည့်ဝသော တပ်မက်ခြင်းကို
ပယ်ရှားနိုင်သည့် ခဏ၌ ပြောင်းလဲခြင်း ကင်းမှုကို ရရှိလိမ့်မည်။
၎။တစ်စုံတရာကိုတပ်မက်အပ်သည်ဖြစ်အံ့ ထိုအရာကား မွေးဖွား
ရခြင်းတို့ ကင်းလွတ်ခြင်းဟူသော အရာဖြစ်သင့်ပေသည် ။ မွေး
ဖွားရခြင်းတို့မှ ကင်းလွတ်ခြင်းကို တပ်မက်မှုကင်းလိုသော ဆန္ဒ
ဖြင့်သာရရှိ၏။
၅။ဤခန္ဓာကိုယ်ဖြင့်ပင် ရှိစေကာမူ တပ်မက်မှုတည်းဟူသော ဝမ်း
ဝမ်းနည်းခြင်းတို့အတွက် ဖျက်စီးပြီးပါက ကြည်ရွှင်မှုသည် စိတ်
သန္တာန်မှ ထွက်ခွါသွားလိမ့်မည် မဟုတ်ပေ ။
၆။အကြင်သူတစ်ယောက်သည် တပ်မက်ခြင်းဆန္ဒအားလုံး တို့ကို
ဖြတ်တောက်နိုင်သည်ဖြစ်အံ့ ။ထိုအမှုကြောင့် မသေမပျောက်နိုင်
ခြင်းကို မိမိရှာဖွေသောလမ်းစဉ်မှ ရရှိလာလိမ့်မည် ။
၇။တပ်မက်ခြင်းမှ ကင်းရှင်းသော သူတို့ကို လွတ်မြောက်သူဟုဆို
လျှင်တစ်ပါးသူတို့သည် မည်သည့်အရာကိုတပ်မက်ခြင်း မှကင်း
ရှင်းသည် ဖြစ်စေကာမူ လွတ်လပ်သူများ မဟုတ်ကြပေ ။
၈။ဤကမ္ဘာပေါ်တွင် တပ်မက်မှု ကင်းရှင်းခြင်းအမှုကဲ့သို့ သာလွန်
သောအမှုသည် မရှိ ထိုအမှုနှင့်တူသော အမှုမျိုးပင်လျှင်မရှိပေ ။
၉။သူတော်စင်တစ်ဦးအတွက် အဓိကတာဝန်မှာ တပ်မက်ခြင်းကို
စိုးရွံ့စွာဖြင့် သတိထားရန်ဖြစ်၏ အဘယ်ကြောင့်ဆိုသော် ထို
တပ်မက်မှုသည် လှည့်ဖျားခြင်းနှင့် ပျက်စီးခြင်းတို့ကို ပြုနိုင်စွမ်း
သောကြောင့်ဖြစ်၏ ။
၁၀။ပညာရှိတို့ကား ဆိုသည်မှာ သတ္တဝါအပေါင်းတို့အား မပြတ်
မွေးဖွားလာရခြင်းကို အခါခပ်သိမ်းဖြစ်စေသော မျိုးစေ့သည်
အခြားမဟုတ် တပ်မက်ခြင်းပင်ဖြစ်သည်ဟူ၏ ။
လောက၌ လော ဒေါသ မောဟ ရာဂ အစရှိသော
မကောင်းမှုမှန်သမျှသည် တပ်မက်ခြင်းမှစသဖြင့် တပ်မက်ခြင်းကို
တပ်မက်ခြင်းကို ဂရုပြုပြီး ထိန်းသိန်းစောင့်စည်းရမည်ဖြစ်၏ ။
အနှစ်သာရ မရှိတဲ့ ခန္ဓာ
လူတွေ အခု မိမိက ရာဂ၊ဒေါသ၊မောဟ ဖြစ်တယ်။
ဘယ်အပေါ်မှာဖြစ်တာလဲလို့ ပြန်စမ်းစစ်ဖို့လိုတယ်။
ပညတ်အာရုံမှာ ဖြစ်တာ။ဒါမို့ ပညတ်အာရုံ။ ပရမတ်အာရုံမှာ ဖြစ်ခွင့်မရဘူး။ ဘာကြောင့်ဖြစ်ခွင့်မရတာလဲ လို့ စဉ်းစား။ အဲဒီ ခန္ဓာငါးပါး ထိထိမိမိ လေ့လာကြ။
ရူပက္ခန္ဓာကို ပြန်စစ်ဆေးကြည့် ။ ရေမြှုပ်ကြီးနဲ့တူတယ် ။ ချောင်းထဲ၊ မြစ်ထဲမှာရှိတဲ့ ရေမြှုပ်ကြီး ပမာဏကဲ့သို့။
ဘယ်လောက်ပါ့ကြီးကြီး လက်နဲ့ကိုင်စမ်းကြည့်။ လက်ညှိုးနဲ့ လက်မပဲ ထိသွားမယ်။ ခုခံလို့နေရဲ့လားဟဲ့။
ဘာကြောင့်မခုခံတာလဲ အနှစ်သာရမရှိ။ အနှစ်သာရရှိရင် ခုခံမှာပေါ့ ။ ဒါမို့ လက်ညှိုးနဲ့ လက်မ ထိသွားတာ။အဲဒီ အနှစ်သာရမရှိတဲ့ ရူပက္ခန္ဓာကို ရူပက္ခန္ဓာလို့ ကွက်ကွက် ရှင်းရှင်းလင်းလင်း အပ်ကျမပ်ကျ သိရင် ရာဂ၊ဒေါသ၊မောဟ ဖြစ်ပါ့မလား။ အဲဒါ စဉ်းစား ရူပက္ခန္ဓာ။
ဝေဒနာက္ခန္ဓာ ရေပွက်ပမာဏ။ ထမင်းချက်တဲ့အခါပွက်ပွက် ပွက်ပွက်နဲ့ဆူပွက်နေတဲ့အခါ ငွေဖလားလေးတွေ အင်မတန်တူတယ်။စီဖောင်းလေးတွေ ပေါ်လာလိုက် ပေါက်ကွဲသွားလိုက် ပေါ်လာလိုက် ပေါက်ကွဲသွားလိုက် အနှစ်သာရမရှိဘူး။ ဒါကြောင့် ရေပွက်ပမာဏ အနှစ်သာရမရှိ။
သညာက္ခန္ဓာ တန်ခူး ကဆုန်ကျ အပေါ်ကနေရောင်ကကျ အောက်က မီးခိုးကမှုတ် သောင်ပြင်ကြီးကို ရေပြင်လို့ထင်ရတယ်။
သားသမင်အပေါင်းတို့ မုဆိုးရန်ကြောက်ပြီးတော့ ပုန်းရှိုး၍ နေရသော်လည်း ရေငတ်တဲ့ပြဿနာနဲ့တွေ့ဆုံတဲ့အခါ ရေရှာထွက်လာခဲ့ကြတယ်။
ကမ်းပါးပေါ်က ရပ်ကြည့်တဲ့အခါ အောက်မှာ ရေတွေသွားမြင်တာပေါ့။ ဆင်းပြီးသွားလိုက်တဲ့အခါ ကျတော့ သောင်ပြင်ကြီး ဖြစ်နေတယ်။ ဒါမို့ တံလျှပ်ပမာဏ။
မော့ကြည့်လိုက်တဲ့အခါ ရေကရှေ့မှာ။ ဆက်ပြီးတော့ လိုက်သွားတယ် တစ်ပြလောက် ရောက်တဲ့အခါ သဲသောင်ကြီးပဲ သွားတွေ့တယ်။ မော့ကြည့်ပြန်ပြီ ရှေ့မှာ။ ဆက်ဆက်ပြီးတော့ လိုက်သွားတာ သားသမင်အပေါင်း ရေငတ်ပြီးတော့သေကြတယ်။ ရေသောက်လို့ သေတာလား ငတ်လို့သေ တာလား။
အခုလည်းတရားနာ ပရိသတ်တွေ တံလျှပ်ပမာဏကဲ့သို့ လူချမ်းသာ ရှာကြတာ တွေ့ကြပြီလား။ နတ်ချမ်းသာ ရှာတာ တွေ့ကြပြီလား။ ဗြဟ္မာချမ်းသာ ရှာတာ တွေ့ကြပြီလား။ဘာဖြစ်လို့မတွေ့တာလဲ။ မရှိလို့။
ရှိရင်တွေ့လောက်ပြီနော်။ အဲလို ရှာလို့သေခဲ့တာ ကမ္ဘာနဲ့အမျှ။ မရေတွက်နိုင်အောင်သေခဲ့ကြပြီ။ စိစစ်ဖို့မကောင်းလား။
တွေ့တဲ့တရားက အိုနာသေ ဘာသစ္စာလဲ။ လူချမ်းသာလား။ ဒုက္ခသစ္စာလား။ နတ်ချမ်းသာလား။ ဒုက္ခသစ္စာလား။ ဗြဟ္မာချမ်းသာလား။ ဒုက္ခသစ္စာလား။ အဲလိုစိစစ်ဖို့မကောင်းလား။
ဆင်းရဲတဲ့တရားလို့ အမှန်သိရင် အမှန်သိတော့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာလို့ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာမချုပ်ဘူးလား။ အဝိဇ္ဇာချုပ်ရင် တဏှာလာဦးမလား။ ဥပါဒါန်လာဦးမလား။ ကံလာဦးမလား။
ကဲ တဏှာ၊ဥပါဒါန်၊ကံ မလာဘူး။ မလာရင်နောက်ခန္ဓာလာပါ့မလား။ အဲလိုစိစစ်ဖို့မကောင်းလား။ ဒါ အမှန်သိတော့ အမှားပျောက်တယ်နော်။ အဲဒါလေ့လာကြ လေ့လာကြ။
ဒါကြောင့် သက္ကာယ သက္ကာယဆိုတာ ခန္ဓာငါးပါးကို သက္ကာယလို့ဟောတာ။ သညာက္ခန္ဓာ တံလျှပ်နဲ့တူတယ်။
သင်္ခါရက္ခန္ဓာ ငှက်ပျောနဲ့ တူတယ်။ ငှက်ပျောဆိုတာ အပင်နဲ့တူတာ၊အရွက်တူတယ်။အသီးနဲ့တူတယ်လို့ ပြောခြင်းမဟုတ်။ အနှစ်သာရမရှိတာကို ဥပမာပေးတာ။
ဘယ်လိုအနှစ်သာရမရှိတာလဲ။ ငှက်ပျောပင်တစ်ပင် အရင်းဖြတ်၊ အဖျားဖြတ်။ ငှက်ပျောဖတ် ခွာကြည့်လိုက်။ ငှက်ပျောဖတ်သာ ကုန်သွားမယ် အနှစ်သာရ တွေ့ပါ့မလား။ယုံရဲ့လား။အဲဒါ ဥပမာ။
အခုလည်း-ပုညာပုည၊အာနေဉ္ဇ ။ ဒါနကုသိုလ်၊ သီလကုသိုလ်တွေ မလုပ်ကြဘူးလား။ အဲဒီနှစ်ခုက ပုညာဘိသင်္ခါရ။ သင်္ခါရမပါလား။သင်္ခါရ… သဗ္ဗေသင်္ခါရာ အနိစ္စာ လို့ မဟောလား။အနှစ်သာရရှိရဲ့လားကွဲ့။ မရှိဘူးနော်။ အဲဒီသင်္ခါရကို နောက်ကိုလှည့်ကြည့်တဲ့အခါ အဝိဇ္ဇာလို့မတွေ့လား။ အဝိဇ္ဇာ အုပ်ချုပ်တာကွဲ့။ စဉ်းစားဖို့မကောင်းလား။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ အဲဒီသင်္ခါရပစ္စယာ ဝိညာဏံ။ ပုညာဘိသင်္ခါရကြောင့်… ဒါနကုသိုလ်၊သီလကုသိုလ်ကြောင့် လူခန္ဓာမရဘူးလား။ နတ်ခန္ဓာမရဘူးလား။ လူခန္ဓာ၊နတ်ခန္ဓာရတယ်နော်။ အိုနာသေ လွတ်ကဲ့လား။ ဘာသစ္စာလဲ။
ဒါမို့ ရှေးပညာရှိတွေ၊ ဆရာတော်တွေ၊ သမားတော်တွေ လူ့ပြည်၊နတ်ပြည်၊ ဗြဟ္မာပြည် ကို ယာယီအိမ် လို့မဟောလားဟေ့။ လူသေတဲ့အခါမှာ အချို့ဒေသန္တရတွေမှာ ယာယီရေးရတယ်။အင်း သုဿန်မပို့ခင်တော့ ကြည့်လို့ကောင်းတယ်နော်။သုဿန်ပို့တဲ့အခါ ကြည့်လို့ကောင်းပါမလား။ အကုန်လုံး ဆုတ်ပျက်သွားတော့တာ ကွဲ့။
ဘယ်လောက်မှမခံဘူးပေါ့။အခုလည်း ဗြဟ္မာပြည်သက်တမ်း ကုန်တော့ကာ အိုနာသေ လွတ်ရဲ့လား။ နတ်သက်တမ်း ကုန်တော့ကာ အိုနာသေ လွတ်ရဲ့လား။ လူသေတော့ အိုနာသေ လွတ်ရဲ့လား။ ဘာသစ္စာလဲ။ ဒါကြောင့် ယာယီအိမ်ကွဲ့။ အနှစ်သာရမရှိဘူးနော်။
စဉ်းစားဖို့နော်။ အနှစ်သာရ ရှိ၊မရှိ။ဒါမို့ ပုညာပုည အာနေဉ္ဇ ။ ပုညာဘိသင်္ခါရ လူခန္ဓာ၊နတ်ခန္ဓာရတယ်။ အိုနာသေ။ အာနေဉ္ဇာဘိသင်္ခါရ ကမ္မဋ္ဌာန်းလေးဆယ် အားထုတ် ။ အားထုတ်တော့ တော်တော်လေး သမာဓိသာ ရသွားမယ်ဆိုရင် သူတစ်ပါး စိတ်အစဉ်ကိုသိနိုင်တယ်တဲ့ သူတစ်ပါးစိတ်အစဉ်ကိုသိနိုင်တယ်။
အဲဒါထက် ရင့်ကျက်ရင် မြေလျှိုးနိုင်တယ်။ မိုးပျံနိုင်တယ်။ ကဲ မြေလျှိုး မိုးပျံနိုင်တယ်။ မိုးပျံလည်း…သက္ကာယဒိဋ္ဌိ မပြုတ် စိတ်ချရပါမလား။ စိတ်မချရဘူး။ အာနေဉ္ဇာဘိသင်္ခါရ သင်္ခါရ ပါတည်းကကို အနှစ်သာရ မရှိတာကွဲ့နော်။ ဘာကြောင့်လဲ အဝိဇ္ဇာက ဦးစီးနေတာ။ အဲလိုလေ့လာဖို့မကောင်းလား။
အပုညာဘိသင်္ခါရဆိုတာ အပါယ်တစ်လမ်းသွား။ အဲကြောင့် လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်က ယာယီအိမ်။ အနှစ်သာရမရှိဘူး။ ဒါကြောင့် သင်္ခါရဆိုကတည်းက အနှစ်သာရမရှိဘူး။စာလို ဝဋ္ဋဒါန ဝဋ္ဋသီလ ဝဋ္ဋ သမထပေါ့။
အဲဒီ ခန္ဓာ အကျိုး၊အပြစ်ကိုသိမယ်။ သတိ ပညာ ခြံရံပြီးတော့မှ လှူတဲ့အလှူမျိုးကျတော့ ဝိဝဋ္ဋဒါန ဝိဝဋ္ဋသီလ ဝိဝဋ္ဋ သမထပေါ့။ ခန္ဓာက လွတ်ချင်လို့လှူတာ၊ ခန္ဓာက ကျွတ်ချင်လို့ လှူတာ၊ ခန္ဓာမလိုချင်လို့ လှူတာနော်။ဒါ သမုဒယလား။ မဂ္ဂလား။
မဂ္ဂလို့ဆိုလိုချင်ရင် တဏှာ၊ဥပါဒါန်လာသေးရဲ့လား။ အာသဝအနေနဲ့ ကာမာသဝနဲ့ ဘဝါသဝ ချုပ်တယ်။ ခန္ဓာသိတုန်းက ဒိဋ္ဌာသဝ နဲ့အဝိဇ္ဇာသဝ ချုပ်တယ်။ အာသဝေါ တရားလေးပါး မကုန်ဘူးလား။ ကုန်ရင် သမုဒယသစ္စာမသေလား။ နောက်ခန္ဓာဇာတ်မသိမ်းလားဟေ့ ။ အဲလိုစိစစ်ဖို့လိုတယ်ကွဲ့နော်။
ဒါကြောင့်မလို့ သင်္ခါရလို့ တပ်လိုက်ရင် သူ့နောက်က အဝိဇ္ဇာပါပြီးပြီဗျာ့။ဒါကြောင့် အနှစ်သာရမရှိလို့ သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ မဟောဘူးလား။အနှစ်သာရရှိရင် နိစ္စလို့ဟောမှာပေါ့။အနှစ်သာရ မရှိဘူး။ အဲလိုစိစစ်ဖို့မကောင်းလား။ အနိစ္စမှာလမ်းဆုံးတယ်ဗျ။ အဲလိုစိစစ်ဖို့လိုတယ်။
ဒါမို့ ခန္ဓာသိဖို့၊ သစ္စာသိဖို့၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသိဖို့ ။ သိမှပယ်နိုင်တာ။ မသိ ပယ်နိုင်ပါ့မလား။ ခန္ဓာသိဖို့လိုတယ်၊ သစ္စာသိဖို့လိုတယ်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသိဖို့လိုတယ်။
အဲဒီတော့ စာအုပ်ကိုကြည့်တဲ့ပုဂ္ဂိုလ်များ ခန္ဓာဖွဲ့တတ်လို့ ရှိရင်လည်း ဖွဲ့တတ်။ မဖွဲ့တတ်လည်း ကြည့်ပြီးတော့ ဟောရမှာပေါ့။ ဖွဲ့တတ်ကြမလား။
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့တယ်ဆိုတာ အလုပ်သင်နည်းတွေ ပေါ့။ အခုလူတွေက အဲဒီခန္ဓာကို မသိလို့ လူစွဲ၊နတ်စွဲ၊ဗြဟ္မာစွဲ စွဲနေတာကိုး။ ခန္ဓာသိကာ စွဲစရာလိုသေးသလား။ ဒါကြောင့် ခန္ဓာဖွဲ့ရမယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသံဝရ ။
မုံလယ်ဇ