December 1, 2014
အထင်ကြီးစရာများ။
   လူဆိုတဲ့ သဘာဝဟာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ နေကြပါတယ်။ ဒါပေမယ့် ကာမ
ချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ (ဟီနော) ယုတ်ညံ့ပါတယ်။ ဘာကြောင့်လဲ
ဆိုရင် အဲဒီ ကာမဂုဏ်တွေကို သုံးဆောင်တဲ့အခါမှာ ယုတ်ညံ့တဲ့ ကိလေသာတွေ ဖြစ်ပါတယ်။ တပ်
မက်တွယ်တာ သာယာတဲ့ ကာမရာဂ ကာမတဏှာတွေဖြစ်ပါတယ်။ ငါသာ ဒီလို အကောင်းတွေ
ခံစားရတယ်ဆိုတဲ့အနေနဲ့ မာနလည်း ဖြစ်ပါတယ်။
         မိမိပိုင်တဲ့ သက်ရှိသက်မဲ့ ကာမဂုဏ်တွေကို သူတစ်ပါးနဲ့ မနီးစပ်စေလိုတဲ့ ၀န်တိုမှု-မစ္ဆရိယ
လည်း ဖြစ်ပါတယ်။ ကိုယ့်လို သူတစ်ပါးအား မပြည့်စုံစေချင်တဲ့ မနာလိုမှု-ဣဿာလည်း ဖြစ်ပါ
တယ်။ ဆန့်ကျင်ဘက် ရန်သူထင်ရတဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားတဲ့-ဒေါသလည်း ဖြစ်တတ်ပါတယ်။
အရှက်အကြောက် ကင်းမဲ့တဲ့ အဟိရိက အနောတ္တပ္ပဆိုတာတွေလည်း ဖြစ်ပါတယ်။ ချမ်းသာတယ်၊
ကောင်းတယ် စသည်ဖြင့် အသိမှားတဲ့-မောဟလည်း ဖြစ်ပါတယ်။ ပုထုဇဉ်မှာ ဆိုရင်  အသက်ရှင်
နေတဲ့ အတ္တကောင် အနေနဲ့ ကံ ကံ၏အကျိုး မရှိတဲ့အနေ စသည်ဖြင့် အမြင်မှား အယူမှားတဲ့-ဒိဌိ
လည်းဖြစ်တတ်ပါတယ်။ အဲဒီလို ယုတ်ညံ့တဲ့ ကိလေသာတွေကို ဖြစ်ပွားစေတတ်တဲ့အတွက် ကာမ
သုခလ္လိကာနုယောဂအကျင်ဟာ ယုတ်ညံ့ပါတယ်။
         နောက်ပြီးတော့ အဲဒီကာမချမ်းသာကို ယုတ်ညံ့တဲ့ တိရစ္ဆာန်တွေကလည်း သုံးဆောင်နေကြ
ပါတယ်။ အလွန်ယု
ကျောင်း ဇရပ် ရေကန်စုံတယ်၊
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါး
ကို ကိုးကွယ်ကြသည့်အလျောက် ရပ်ကြီးရွာကြီးတိုင်းတွင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတော်
များ တည်ထားကိုးကွယ် ကြပါတယ်။ “ကျောင်းဇရပ် ရေကန်စုံတယ်၊ ရွာတည်ပုံ အားကျဖို့ကောင်း”
ဆိုတာ အစဉ်အလာက ဆိုစမှတ်ပြုခဲ့တဲ့ မြန်မာဓလေ့ ကျေးရွာအင်္ဂါရပ်ကို ဖေါ်ပြတဲ့ စကားပါ။
         မှန်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့  မြန်မာ့ဓလေ့ထုံးတမ်းကို လေးစားလိုက်နာတဲ့ ရွာ
တိုင်းဟာ ဒီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် တည်ကြရပါတယ်။ “ ကျောင်း ” ဆိုတာ မိမိတို့ကိုးကွယ်
ရာ သံဃာတော်များ သီတင်းသုံးရာဌာန ဖြစ်သလို၊ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများကို လေ့လာနာယူစရာ
ဌာနလည်းဖြစ်ပြီး၊ အသိအလိမ္မာနဲ့ ပညာနို့ရည် သောက်စို့ရာဌာနလည်း ဖြစ်ပါတယ်။
         “ ရွာ ကောင်း,မကောင်း၊ ကျောင်းရောက်မှ သိ ” ဆိုရိုးရှိပါတယ်။ ရပ်ရွာ တစ်ခုမှာလည်း
အိမ်ကြီးအိမ်ကောင်းတွေ ဘယ်လော
မြတ်ဗုဒ္ဓ၏ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။
  ဘုရားဂုဏ်တော်တွေကို သိရှိနားလည်ဖို့ဆိုတာ သဒ္ဒါတရားရှိရုံနဲ့ မဖြစ်နိုင်ဘူး
ပညာရှိတဲ့ ပုဂ္ဂိုလ်ကမှ မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေ သိနိုင်စွမ်းရှိတယ်
ယုံကြည်မှု သဒ္ဒါသက်သက်နဲ့တော့မဖြစ်ဘူး အသိပညာတိုးတက်ကြအောင် ကြိုးစားကြရတယ်.
ကြိုးစားတဲ့အခါမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်မှာ ယခုလို ဂုဏ်ရည်တွေရှိတယ်
ဒီလို ဂုဏ်ရည်တွေနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာသာ
လောကမှာ အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်အစစ်ဖြစ်တယ်လို့ ခံယူလာကြရမှာဖြစ်တယ်
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
သေခြင်းတရားကို မကြောက်သူ။
   ဗုဒ္ဓဘာသာဝင် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊
သမ ထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို 
အရ ယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အ
တွက်ဖြစ်ပါတယ်။ ၃၁ ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို ပြုလုပ်နိုင်ပါ
တယ်။  ဒါကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း လှူဒါန်းရပါမယ်။
         ဗုဒ္ဓလက်ထက်တော်က ဓမ္မိက အမည်ရှိ ဥပါသကာ တစ်ယောက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ကုသိုလ်အားလုံး အရယူဖို့ ဆိုသည်ကို သိထားတဲ့ ဓမ္မိက
ဥပါသကာကြီးက စီးပွားရေးကို အားတက်သရော ရှာဖွေပြီး လောကအတွက်၊ သာသနာအတွက်
စွန့်လွှတ်လှူဒါန်းပါတယ်။ များများကြိုးစားရှာပြီး များများလည်း လှူဒါန်းပါတယ်။
         သူသေမည့်အချိန်ကို ကြိုတင်သိထားတဲ့အတွက် သံဃာတော်များကိုပင့်ပြီး ဇရာဒဏ်ကြောင့်
အိပ်ရာထဲမှာပင် တရားနာပါတယ်။ ခုလို  တရားနာနေချိန်တွင်ပင် နတ်ပြည်မှ နတ်ရထား ၆  စင်း
ရောက်လာပြီး သူ့ရထားပေါ်တက်ပါ၊ ငါ့ရထားပေါ်တက်ပါနှင့် အလုအယက် ဆူညံစွာ အော်ဟစ်ခေါ်
ယူနေကြပါတယ်။ ဓမ္မိ
ကံကြမ္မာ ၀ဋ်ကြွေး။
   “၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ် 
တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ
မည်သူ့ သန္တာန်ပဲဖြစ်ဖြစ် ကံ ကြမ္မာ ၀ဋ်ကြွေးတွေက အကြောင်းညီညွှတ်ရင် တုံ့ပြန်လာတတ်သေး
တယ်။ အဲဒီဝဋ်ဟာ ကိုယ်လုပ်ခဲ့တာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကပြန်လည်ပေးဆပ်ရလို့
ကြွေးနဲ့ အလားသဏ္ဌာန်တူလို့ ကံကြမ္မာဝဋ်ကြွေးလို့ ပြောပါတယ်။
         ကြွေးဆိုတာ မဆပ်ဘဲ နေလို့မရဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ဆပ်ရပါတယ်။ ဒါကြောင့်
ဒီ ကံကြမ္မာဝဋ်ကြွေးဟာလည်းပဲ ပေးဆပ်ကြရတယ်။ အကယ်၍ မပေးဆပ်ရသေးလို့ရှိရင် ဒီကံရဲ့
အရှိန်အဟုန်က ကုန်
လုံးဝမကျိုးတဲ့ “သီလဆောက်တည်နည်း”။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊
သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။
         ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ
ဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်
ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။
         ဒီလိုပါပဲ၊ လူတွေအနေနဲ့လည်း ဒါနမပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာဘာဝနာ မပွားလို့  အ
ပြစ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်လို့ကတော့ အပြစ်သင့်မှာပါ။
        “ သီလလုံခြုံနေရင် ပြီးတာပါပဲ၊ ဒါနမပြုလည်း ကိစ္စမရှိပါဘူး၊ ၀ိပဿနာမပွားလည်း ကိစ္စ
မရှိပါဘူး။ ” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ “သီလ” က အရေးကြီးဆုံးလို့
ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေးရင်တောင် “သီလ” ကို
တော့ သတိထား အထူးစောင့်ထိန်း ရမှာပါ။
         ကိုယ်ရဲ့ခင်ပွန်း၊ ဇနီးမယား၊ သားသမီး၊ မိဘ၊ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ ငွေကြေးတွေ
ကတော့ ကိုယ်နဲ့မမြဲ
ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။
  ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
         မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ
နိုင်သောကြောင့် (၂) “သန္ဒိဌိကော” ဟုဆို၏။
         ကိုယ်တိုင် သိနိုင် မြင်နိုင်သည့်အတိုင်း သိမြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကျိုး
ခံစားရသဖြင့် (၃) “အကာလိကော” ဟုဆို၏။
         တကယ်လုပ် အဟုတ်ဖြစ်ခြင်းကြောင့် လာလှည့် ရှုလှည့်ဟူ၍ အစီရင်ကို ခံထိုက်သော
ဖိတ်ခေါ်တိုက်တွန်းထိုက်သော တရားမျိုးဖြစ်သည့်အတွက် (၄) “ဧဟိပဿိကော” ဟုဆိုသည်။
         တစ်ကြိမ်တစ်ခါသာ လုပ်ရ
မှာမဟုတ်ဘဲ စွဲမြဲစွာ နှလုံးသားထဲ သိမ်းထား ထည့်ထား
ဆောင်ထားရမည့် တရားမျိုး ဖြစ်သည့်အတွက် (၅) “သြပနေယျိကော” ဟုဆို၏။
         စိတ်ထဲ၊ နှလုံးထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားရမှာ
သေချာပေသည်။ သို့အတွက် (၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ” ဟု ဆို၏။
         မြတ်ဗုဒ္ဓ ဒေသနာတော်သည် မှန်ကန်၏။ တိကျ၏၊ လေးနက်၏။ မြတ်ဗုဒ္ဓ၏ တရားကို
ဟောရာ ရေးရာ၌ မိမိ၏အတွေး အယူအဆများက ဒေသနာတော်မူရင်းကို မညစ်ထေးစေရန်
အထူးသတိပြု၍ ဟောကြားသင့်ပါသည်။
         တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း ဓမ္မအသိဉာဏ်ဖြင့် တရားကို ကိုယ်တိုင်
သိရှိပြီး ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားနိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
နိဗ္ဗာန်ကိုရှာဖို့ရာ။
ဘုရားလောင်းသိဒ္ဓိတ္တမင်းသားဟာ မိမိကိုယ်တိုင်က အိုတတ်သောသဘောရှိပါလျက် အို
တတ်သောသဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ မိမိကိုယ်တိုင်က အိုတတ်
ပါလျက် အဲဒီ အိုတတ်တဲ့ ကာမဂုဏ်တွေကို အမြတ်တနိုးလုပ်ပြီး ရှာကြံသိမ်းပိုက်နေတာ မတော်
ဘူး။ ထို့အတူပင် မိမိကိုယ်တိုင်က နာတတ်ပါလျက်၊ သေတတ်ပါလျက်၊ နာတတ်၊ သေတတ်တဲ့
ကာမဂုဏ်တွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူးလို့ ဆင်ခြင်မိပါတယ်။
         မိမိကိုယ်တိုင်က အိုတတ်၊ နာတတ်၊ သေတတ်သောသဘော ရှိတဲ့အတွက် မအို၊ မနာ၊ မ
သေ၊ မပျက်တတ်တဲ့တရားကို ရှာကြံတာကတော့ (အရိယပရိယေသနာ) မြင့်မြတ်သောရှာကြံ
ခြင်း မည်ပါတယ်။ ဘုရားအလောင်းတော်ဟာ မူလက ယုတ်ညံ့သောရှာကြံခြင်းမျိုးဖြင့် ရှာကြံနေ
ခဲ့ပါတယ်။
         ဘိက္ခစေ=ရဟန်းတို့၊
သရဏဂုံခံယူပုံ လေးမျိုး။
   ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံ ဖြစ်ပါသည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာ
မြတ်သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါမည်ဟု ခံယူဆောက်တည်ခြင်းသည် ဗုဒ္ဓဘာ
သာဝင်အဖြစ် စတင်ခံယူလိုက်ခြင်းပင် ဖြစ်ပါသည်။ သရဏဂုံတည်သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။
         သရဏဂုံခံယူရာ၌ ခံယူပုံ အခြင်းအရာ လေးမျိုးရှိပါ၏။ ထို လေးမျိုးကိုပင် သရဏဂုံ လေးမျိုး
ဟုခေါ်ဝေါ်ကြပါ၏။ ယင်း လေးမျိုးမှာ====
၁။ အတ္တသန္နယျာတန သရဏဂုံ =ရတနာသုံးပါးကို အာရုံပြုလျက် “ ယနေ့မှအစပြု၍ ငါသည်  ငါ၏
ကိုယ်ကို ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးအား အပ်နှင်းပါ၏ ” ဟု မိမိကိုယ်ကို ရတနာသုံး
ပါးအား စွန့်လွှတ်အပ်နှင်းခြင်းကို အတ္တသန္နယျာတန သရဏဂုံ ဟုခေါ်ပါသည်။
၂။ တပ္ပရာယဏတာ သရဏဂုံ =“ ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သာ
လျှင် အားကိုးပါ၏။ အားထားပါ၏။ ကိုးကွယ်ပါ၏။ လည်းလျောင်းပါ၏ ” ဟု ရတနာသုံးပါးကို အား
ကိုးအားထားခြင်း၊ ကိုးကွယ်လည်းလျောင်းခြင်းကို တပ္ပရာယဏတာ သရဏဂုံ ဟု ခေါ်ပါသည်။
၃။ သိဿဘာဝူပဂမန သရဏဂုံ=“ယနေ
ဘုရားလောင်း သူတော်ကောင်းတို့ တောင်းသောဆုတောင်းများ။
   ဘုရားလောင်း သူတော်ကောင်းတို့ တောင်းသောဆုတောင်းများမှာ======
       ဤသည့်ပုည၊ ကုသလကြောင့်၊ အမတခေမံ၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်ထုတ်ချောက်၊ ရောက်စေသော်။
     ဤသည့်ပုည၊ ကုသလကြောင့်၊ အမတခေမံ၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်ထုတ်ချောက်၊ မရောက်သေးငြား၊
ဘ၀များစွာ၊ ဖြစ်သောခါဝယ်.........
၁။  အကုသိုလ်ဆယ်ပါး၊ မပွားဒုစရိုက်၊ ကိုယ်၌မီးကြီး၊ ဖျက်ဆီးတတ်ငြား၊ ဤသုံးပါးကို၊ ရှောင်ရှားကြဉ်ဖဲ၊
     ဆက်တိုက်လွဲ၍၊ စွန့်ရှဲပစ်ခွါ၊ နိုင်စေသော်။
၂။  ကုသိုလ်ဆယ်ပါး၊ တရားသုစရိတ၊ သတ္တအကျော်၊ ခုနှစ်ဖေါ်နှင့်၊ သူတော်ဥစ္စာ၊ မှန်စွာတရား၊
     ရှစ်ပါးမဂ္ဂင်၊ မြဲပင်စွဲနေ၊ မေ
အဘိဉာဏ် အင်္ဂါ ၈ ပါး။
၁။ အလွန်စင်ကြယ်ခြင်း။
၂။ ဖြူစင်ခြင်း။
၃။ ကိလေသာရာဂကို ဖျောက်ခြင်း။
၎။ နူးညံ့စွာဖြစ်ခြင်း။
၅။ တန်ခိုး ဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း။
၆။ စင်ကြယ်သော အာရုံ၌သာ တည်ကြည်ခြင်း။
၇။ မတုန်မလှုပ်သော အဖြစ်သို့ ရောက်ခြင်း။
၈။ လျင်သောစိတ် ရှိခြင်းတို့ ဖြစ်ပါတယ်။ ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
★ မဟာစည် ဆရာတော်ဘုရားကြီး ၏ အမှား နှစ်ခု★
ဤ ဓမ္မဆောင်းပါးခေါင်းစဉ် ကို ရုတ်တရက်မြင်လိုက်ရသောအခါ စာဖတ်သူ ဓမ္မမိတ်ဆွေ အနေဖြင့် လုံးဝ မမျှော်လင့်မိသော အကြောင်းအရာ ဖြစ်နေသောကြောင့် နားလန့်၊ မျက်စိလန့်သွားမည် ဟုထင်ပါသည်။ ဘယ့်နှယ်-ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ဟူသည် က နယ်နယ်ရရ မှ မဟုတ်ချေတကား။
 ထူးလည်းထူး၊မြတ်လည်းမြတ်၍ ကမ္ဘာအရပ်ရပ်၌ ထင်ပေါ်ကျော်ကြားကာ ၊ ပရိယတ်၊ပဋိပတ်ဟူသော သကသမယ နှင့် အခြားတစ်ပါးသော ဘာသာအယူဝါဒ သမယန္တရ တို့၌ လည်းကောင်း၊ အရေးအသား,အပြောအဟော,အသင်အပြ,ဟူသော သင်ကြား ပြသမှု၌ လည်းကောင်း၊ အလွန်ပြောင်မြောက်သော ပုဂ္ဂိုလ်မြတ် မထေရ်ကျော်၊ “ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ၊ ကမ္ဘာ့သာသနာပြုဆရာတော်ကြီး” ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေများအားလုံး အသိပင်ဖြစ်ပါ၏။
နော့ဖြင့် “ဆရာတော်ဘုရားကြီး က ဘာတွေများ အမှားကျူးလွန်ခဲ့မိသလဲ” ဟုမေးစရာရှိပါသည်။ 
ထို မေးခွန်းကိုမဖြေဆိုမှီ မှားတတ်ကြသော အမှားတို့၏ အခြေခံခြားနားမှုတစ်ခုကိုတင်ပြလိုပါသည်။  “မမှားဖူးသော ရှေ့နေ၊မသေဖူးသော ဆေးသမား ဟူသည်မရှိ”ဟူသော အဆိုအရ မည်သူမဆို အနည်းနှင့်အများ မှားတတ်ကြသည်ကို ထင်ရှားအောင် ဖော်ပြသော ထို စကားပုံ အဆို ကို ဖတ်ဖူးကြမည်ထင်ပါ၏။
၁။ အခြေခံ စိတ်ရင်းညံ့ဖြင့် ကျူးလွန်မိတတ်သည့် မှားယွင်းမှုမျိုး။
၂။ အခြေခံ စိတ်ရင်းကောင်းလျက် မတော်တဆ မှားယွင်းမှုမျိုး။ ဟူ၍ စိတ်သဘောရင်း ပေါ်မူတည်၍ ခြားနားတတ်ပါသည်။
ဆိုပါစို့ရဲ့။ 
“အရှင် ဒေ၀ဒတ်” ၏ မှားယွင်းမှုမျိုး ဟူသည် က အခြေခံစိတ်ရင်းကောင်းနှင့် မှားယွင်းမှုမျိုး မဟုတ်ပါချေ။အလိုကြီးမှု(မဟိစ္ဆာ) သဘော နှင့် စိတ်ရင်းညံ့လှသော မှားယွင်းမှုမျိုးဖြစ်ပါသည်။
မိမိ တွင် ဘုရားဖြစ်နိုင်လောက်သော“ပါရမီ” မရှိပါဘဲလျက် “ဘုရားဖြစ်ချင်စိတ်” ရှေ့ကျူးနေသော သဘောဆိုးကြောင့် “ကျောက်မောင်း” ဆင်၍ ဘုရားရှင်အားသတ်ရန် အားထုတ်ကြိုးပမ်းမှု။
“မင်းဆရာ၏ ဘုရား”ဖြစ်လိုပြန်သဖြင့် “အဖ ဗိမ္ဗိသာရမင်းကြီး”ကိုသတ်ပစ်ရန် သားဖြစ်သူ“အဇာတသတ်” အားတိုက်တွန်းစေခိုင်းခဲ့သော အားထုတ်မှု။ အစရှိသော အခြေခံစိတ်ရင်းညံ့ဖျင်းလှသည် ကိုအထင်းသားမြင်နေရသော ဤ မှားယွင်းမှုမျိုးကို သူတော်ကောင်းပညာရှိတို့က အင်မတန် စက်ဆုပ်ကြပါသည်။
“သိဉ္စည်းဆရားကြီး” သည် တပည့်ပေါင်းများစွာနှင့် ဘုရားတစ်ဆူ ပြုလုပ်နေခဲ့ရာ ဘုရားရှင် ပွင့်တော်မူလာသည့်အချိန်၌ သူ့ကိုယ်သူ ဘုရားမဟုတ်မှန်း သိပါလျက် စိတ်ရင်းညံ့မှုကြောင့် သူ၏ မှားယွင်းမှု ကို မစွန့်လွှတ်ဘဲ မှားမြဲမှားနေခဲ့၏။ ဤ မှားယွင်းမှုမျိုးကို လည်း သူတော်ကောင်းပညာရှိတို့က အင်မတန် စက်ဆုပ်တော်မူကြပါ၏။ “အလိုကြီးမှု”(မဟိစ္ဆာ) ဖြစ်လာပြီ ဆိုလျှင် “အလိုဆိုး”(ပါပိစ္ဆာ)အဖြစ်သို့ကျူးလွန်လာတတ်ကြသည် မဟုတ်ပါလော။
အစ သို့ပြန်ကောက်ပါမည်။ 
ဖော်ပြပါ အပြစ်ကင်းစင်လှသည့် ပရိယတ်၊ပဋိပတ် စွယ်စုံပညာရှင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ကြီး ၏ “အမှားနှစ်ခု” ဟုဆိုသဖြင့် စာဖတ်သူ ဓမ္မမိတ်ဆွေအနေဖြင့် “ဘယ်လိုမှားခဲ့ပါလိမ့်” ဟူသော အတွေးမျိုးဖြင့် ရင်တထိတ်ထိတ် ဖြစ်နေလောက်ပြီဟုလည်း ယူဆပါသည်။
ဤ အကြောင်းအရာ ကို ပြန်လည်တင်ပြသူ က ဓမ္မမိတ်ဆွေများ သိဖူး၊ကြားဖူး၊ဖတ်ဖူးမည့် “ဆရာတော် (စာရေးဆရာ) သာမဏေကျော်” အရှင်သူမြတ်ဖြစ်ပါသည်။ “သာမဏေကျော် ဆရာတော်” ကို ပြန်လည် ပြောပြသည့်ပုဂ္ဂိုလ်က“ဦးလေးမောင်”ဖြစ်ပါသည်။
စကားလိပ်ပတ်လည်အောင် တင်ပြရမည်ဆိုပါလျှင် “ဦးလေးမောင်”ဟူသည်က ယခု အသက်(၈၅)နှစ်ခန့်ရှိပြီဖြစ်ပြီး ၊သံလျင်မြို့၊ကံ့ကော်ရိပ်ခြံ ၌ နေထိုင်သူဖြစ်ပါသည်။ ဟိုး ယခင် သူ၏အသက်(၄၀)ကျော်ကာလ က “ရန်ကုန်မြို့၊မဟာစည်သာသနာ့ရိပ်သာပင်မ ဗဟိုဋ္ဌာနကြီး”၏ “ဗုဒ္ဓသာသန နုဂ္ဂဟအဖွဲ့”အမှုဆောင်လူကြီး စသော တာဝန် ကို ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်း၊ဦးပွင့်ကောင်းမတိုင်မီ ဦးညီပု၊ဦးချစ်ဖေ စသည်တို့၏ လက်ထက်မှာပါ အသက်အငယ်ဆုံးအဖွဲ့ဝင်ပီပီ ပေးသမျှတာဝန် ကို ထက်ထက်မြက်မြက်၊တက်တက်ကြွကြွ၊သတ္တိရှိရှိ၊လေးလေးစားစား ဆောင်ရွက်တတ်သူဖြစ်ပါသည်။
 ဥက္ကဋ္ဌ စသော လြူ
ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ။
  ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ မြန်မာလို အတိုချုပ်ပြောရရင် လိုချင်နှစ်သက်စရာ
ကာမဂုဏ်တွေကို နှစ်သက်သာယာပြီး ခံစားခြင်းပါပဲ၊ အဲဒီ ကာအဂုဏ် အာရုံတွေမှာ နှစ်သက်သာယာ
တဲ့ တဏှာနဲ့ယှဉ်ပြီး၊ ချမ်းသာလုံး ကောင်းလုံးကလေးဖြစ်အောင် အားထုတ်တာ ခံစားတာပါပဲ။ လိုချင်
နှစ်သက်စရာ ကာမဂုဏ် အာရုံတွေက ငါးမျိုးရှိပါတယ်။ လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အဆင်းအာရုံ
တွေ၊ အသံအာရုံတွေ၊ အနံ့အာရုံတွေ၊ အရသာအာရုံတွေ၊ အတွေ့အထိအာရုံတွေ = ဒီ ငါးမျိုးပါပဲ။
လောကအသုံးအဆောင် အနေနဲ့ ပြောမယ်ဆိုရင်တော့ ယခုလူတွေ သုံးစွဲနေတဲ့ သက်ရှိသက်မဲ့ ၀တ္ထု
ပစ္စည်းတွေ အားလုံးကို ဆိုလိုတာပါ။
         လှပတင့်တယ်တယ် ထင်ရတဲ့ အဆင်းအာရုံ ၀တ္ထုတွေကို နှစ်သက်သာယာပြီး ကြည့်ရှုခံစား
နေတာဟာ ကာမသုခလ္လိကာနုယောဂအကျင့်ပါပဲ။ ဒီနေရာမှာ အဆင်းအာရုံဆိုပေမယ့် မျက်စိနဲ့မြင်ရ
တဲ့ အဆင်းရူပါရုံ သက်သက် မဟုတ်ပါဘူး။ အဲဒီအဆင်း၏တည်ရာ မိန်းမ၊ ယောက်ျား စသည်ဖြင့်ခေါ်
ရတဲ့ အာရုံဝတ္ထုတွေပါ အကုန်လုံးကို အဆင်းအာရုံ၊ အနံ့အာရုံ၊ အတွေ့အထိအာရုံတွေမှာ ဒီနည်းအ
တိုင်းပါပဲ၊ အသံ၏တည်ရာ၊ အနံ့၏တည်ရာ၊ အတွေ့အထိ၏တည်ရာ မိန်းမ၊ ယောက်ျား၊ တူရိယာအစ
ရှိသော အာရုံဝတ္ထုတွေအားလုံးကို အသံအာရုံ၊ အနံ့အာရုံ၊ အတွေ့အထိအာရုံ ကာမဂုဏ်တွေလို့ ဆိုပါ
တယ်။
         အရသာကျတော့ အရသာ၏
မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာ။
     မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။  တတိယဓည၀တီကို
ရခိုင်ဘုရင် “စန္ဒာသူရိယမင်း” က မဟာသက္ကရာဇ်(၉၇) ခု၊ ဘီစီ(၅၈၀) ခုနှစ်မှာ စတင်တည်ထောင်
ခဲ့ပါတယ်။  မဟာသက္ကရာဇ်(၁၂၃)ခုနှစ်၊ အရောက်၊ တစ်နေ့သောအခါ မဇ္ဈိမဒေသ(အိန္ဒိယပြည်)၌
သဗ္ဗညုမြတ်စွာဘုရား ပွင့်တော်မူကြောင်း ရာဇဂြိုလ်မှ ကုန်သည်အချို့တို့၏  ၀င်ရောက်လျှောက် 
ထား   မင်္ဂလာသတင်းစကား  ကြားရရုံဖြင့် မြတ်စွာဘုရားအား ကြည်ညိုဖူးမြော်လိုစိတ်  ပြင်းပြ 
လာခဲ့ပါတယ်။
         ဒေ၀ကျော် (၀ိမလ)ပညာရှိအမတ်နှင့် နှမတော် ဥပ္ပရဒေ၀ီတို့ အကြံပေးချက်အရ သီရိဂုတ္တ
ကုန်းတော်တွင် သိမ်တော်ပြဿဒ်များ ဆောက်လုပ်ကာ ထင်းထိန်ကာရံလျက် သင်္ကန်းအစုံငါးရာ
နှင့် အုန်း၊ ငှက်ပျောသီး၊ ဆီမီးပန်းခိုင်များ ထွန်းညှိပူဇော်ကာ စန္ဒာသူရိယမင်းကြီးကိုယ်တော်တိုင်
မဇ္ဈိမဒေသ၊ ဘုရားပွင့်တော်မူရာအရပ်သို့ လက်အုပ်ချီမိုး ရှိခိုးတော်မူလျှက် ဗုဒ္ဓမြတ်စွာအား မနော
အဓိဌာန်ပြုကာ ပင့်ဖိတ်ေ
နိဗ္ဗာန်နဲ့လောကီကျိုး တွဲဖက်ပြုတဲ့ ပါရမီကုသိုလ်။
တယ်။ တစ်နေ့တော့ ညီဖြစ်သူက ကြံခင်းကိုသွားပါတယ်။ အပြန်ကျတော့ အိမ်မှာကျန်ခဲ့တဲ့
အစ်ကိုအတွက်တစ်ချောင်း၊ သူ့အတွက်တစ်ချောင်းဆိုပြီး ကြံနှစ်ချောင်း ခုတ်ခဲ့ပါတယ်။
         သူတို့ခေတ်က ကြံပင်ကို အရင်းကပဲဖြစ်ဖြစ်၊ အဖျားကပဲဖြစ်ဖြစ် မြှောက်လိုက်ရင် ကြံ
ရည်တွေ ထွက်ကျလာပါတယ်။ ဒါကြောင့် ညီဖြစ်သူက ကြံရည်တွေ အပြင်ထွက်မကျအောင်
ဖြတ်ထားတဲ့အပိုင်းကို သစ်ရွက်နဲ့ အုပ်ချည်ပြီး ယူခဲ့ပါတယ်။
          ဒီလိုနဲ့ ကြံပင်နှစ်ချောင်းကို ယူလာရင်း လမ်းမှာ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးနဲ့ တွေ့
ပါတယ်။ ညီဖြစ်သူက အရှင်မြတ်ကို ခေတ္တဆိုင်းခိုင်းပြီး သပိတ်ထဲကို ပါလာတဲ့ကြံနှစ်ချောင်းထဲ
က တစ်ချောင်းကို စိုက်ချလှူဒါန်းလိုက်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကလည်း နေရာမှာထိုင်
လျက် ဘုဉ်းပေးပါတယ်။
          အရှင်မြတ် တစ်ခါတည်းဘုဉ်းပေးတာကိုကြည့်ပြီး သဒ္ဓါတရားတွေ ပိုဖြစ်သွားပါတယ်။
ဒါကြောင့် အစ်ကိုဖြစ်သူရဲ့ ကြံချောင်း
သစ်ပင်ပေါ်မှာ လမ်းလျှောက်သူ
ရဟန်းဘ၀သည် သစ်ပင်ပေါ်တွင် လမ်းလျှောက်သူနှင့်တူ၏။ လူ့ဘ၀သည် မြေပြင်ပေါ်တွင် လမ်းလျှောက်သူနှင့်တူ၏။ မြေပြင်၌ လမ်းလျှောက်ရသူသည် ချော်လဲလျှင် ပွန်းပဲ့ရုံသာရှိ၏။ ထို့ထက်မပို။ ထို့အတူ လူ့ဘ၀၌ အပြစ်သေးသေးကျူးလွန်လျှင် မကောင်းကျိုးသေးသေးသာ ခံစားရ၏။ ထို့ထက်မပို။
သစ်ပင်ပေါ်မှ ခြေချော်ကျသူကား သေရသည်က များ၏။ မသေလျှင်လည်း ခြေကျိုး၊ လက်ကျိုး၊ ခါးကျိုးပြီး တစ်သက်လုံး လူစဉ်မမီသည့်ဒုက္ခကို ခံစားရ၏။ ထို့အတူ ရဟန်းဘ၀၌ကား အပြစ်သေးသေးလေး ကျူးလွန်လျှင်ပင် မကောင်းကျိုးကား ကြီးကြီးမားမား ခံစားရ၏။
အကြောင်းကား - သူတစ်ပါး လှူသည်ကို စားနေသူဖြစ်သော ကြောင့်ပင်တည်း။ ဓမ္မပဒ၌ “ဧရကပတ္တ”အမည်ရှိ နဂါးတစ်ကောင် အကြောင်းပါရှိ၏။ ထိုနဂါးသည် အတိတ်ဘ၀က ရဟန်းတော်တစ်ပါးပင် ဖြစ်၏။ တစ်ရက်တွင် လှေဖြင့်ခရီးသွားရာ လမ်းခရီးအကြားတွ
မြတ်စွာဘုရား ဒေသစာရီ ကြွရာခရီး ၃ ကြောင်း။
၁။ မဟာ မဏ္ဍလ  = ၄င်းအရပ်သို့ သီတင်းကျွတ်လဆုတ် ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
                         ၉ လ ကြွတော်မူသည်။
၂။ မဇ္ဈိမ မဏ္ဍလ  = ၄င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
                        ၇ လ တိုင်တိုင် ကြွတော်မူသည်။
၃။ ဆန္တိမ မဏ္ဍလ  = ၄င်းအရပ်သို့ တပို့တွဲလဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
                         ၅ လ တိုင်တိုင် ကြွ၍ တရားဟောခဲ့၏။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
    ဓမ္မစကား
   နေ့တိုင်းကြားက
   စိတ်ထားဖွေးလက်
   သိဉာဏ်ထက်၏။ ။....
ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။
  ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ
ဓာရဏာ ဘောဂါ” တိုက်ခိုက် ခိုးယူသွားရင်လည်း ပစ္စည်းတွေ ပါသွားနိုင်တယ်။ “အပ္ပိယဒါယာ
ဒသာဓာရဏာ ဘောဂါ” မချစ်မနှစ်သက်တဲ့သူ၊ သားဆိုး သမီးဆိုးတွေကြောင့်လည်းပဲ ထို
ပစ္စည်းတွေ ကုန်သွားနိုင်တယ်။ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာရှာထားထား ထိုပစ္စည်းတွေ ဟာ
တနည်းနည်းနဲ့ ကုန်ဆုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်တရာ  နည်းတယ်လို့
ဆိုလိုတာ ဖြစ်တယ်။
         ထို့အတူပဲ ထိုပစ္စည်းကို သုံးစွဲခွင့်ရတဲ့၊ ထိုပစ္စည်းရဲ့ အကျိုးကို ခံစားခွင့်ရတဲ့ အချိန်ပိုင်း
ကလေးကလည်း အင်မတန်မှ တိုတော