မျက်စိအမြင်၊ ကောင်းသူပင်၊
မမြင်ကန်းပမာ။ ။
နားအကြားတွင်၊ ကောင်းသူပင်၊
နားလျှင်ပင်းပမာ။ ။
စကားပြောတွင်၊ ကောင်းသူပင်၊
အသွင်ဆွံ့ပမာ။ ။
ပြည့်ဝအားအင်၊ ရှိသူပင်၊
အားအင်နည်းပမာ။ ။
အကျိုးဖြစ်ပွား၊ သေသူလား၊
အိပ်ငြားငြိမ်သက်စွာ။ ။
ဤကဲ့သို့ပင်၊ ကျင့်နိုင်လျှင်၊
တရားမြင်မည်သာ။ ။
{ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရတနာမာန်အောင်တောရဓမ္မရိပ်သာ၏ အဓိပတိ
မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏ ၁၃၇၅-၁၃၇၆ ခုနှစ်၊
၂၈.၉.၂၀၁၄ တနင်္လာနေ့ ညနေမှ ၈.၁၀.၂၀၁၄ ဗုဒ္ဓဟူးနေ့ နေ့လည်အထိ
(၃၉)ကြိမ်မြောက်၊ သီတင်းကျွတ်အထူး (၁၀) ရက်တရားစခန်း လက်ကမ်းစာစောင်မှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment