February 26, 2015

ဒါလေးတော့သိထားမှ


စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။
ဝိနယ ကို မြန်မာမှုပြုထားတာက ၀ိနည်းတဲ့။
စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း
ပေါင်းစုထားတာကိုတော့ ၀ိနယပိဋက လို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။


(၀ိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။
ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံးလေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။
မဟာဝါစာအုပ်မှာ အခန်း (Section) ၁၀ ခုရှိတယ်။ 

ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။
သမိုင်းရှုဒေါင့်က အင်မတန်အရေးပါတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာ တွေ့ရတယ်။

အမည် -  သိဒ္ဓတ္ထ
မျိုးနွယ်အမည် -  ဂေါတမ
မွေးနှစ် - ဘီစီ ၆၂၃၊ မေလ လပြည့်နေ့
မွေးဖွားရာနေရာ - လုမ္ဗိနီဥယျာဉ်၊ ကပိလ၀တ္ထု
ဇာတိ - ကပိလ၀တ္ထု

မိဘ - သုဒ္ဓေါဒန၊ မဟာမာယာ
ဇနီး - ယသောဓရာ
သား - ရာဟုလာ
ယောက်ဖ - ဒေ၀ဒတ်
နန်းစံနှစ် - ၁၃ နှစ် (၁၆-၂၉)

နိမိတ်ကြီးများ - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ - သုမေဓောရသေ့ဘဝ
ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်
ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား

ပါရမီဖြည့်ဘက် - သုမိတ္တာအမျိုးသမီး
ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြည်င်း၏ ရည်ရွယ်ချက် - သတ္တ၀ါအကျိုးသယ်ပိုးရန်

ဒုက္ကရစရိယာကျင့်ရသောကာလ - ၆ နှစ်ကြာ (၉၇-၁၀၃)
ဒုက္ကရစရိယာကျင့်သည့်နေရာ - ဥရုဝေဠတော
ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း - ၁၀၀ တမ်း

တရားဦးဟောသည့်နေရာ - ဗာရာဏသီ၊ မိဂဒါဝုန်တော
ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီ ငါးဦး
နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရိဗိုဇ်
လက်ယာရံအဂ္ဂသာဝက - ရှင်သာရိပုတ္တရာ
လက်ဝဲရံအဂ္ဂသာဝက - ရှင်မဟာမောဂ္ဂလာန်

အဆုံးအမသာသနာ - ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ
ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋိပဒါ

ပဋိသန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့
ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
တောထွက်သောနေ့ - မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့

ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်၊ စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်လို့ ရှာဖွေတင်ပေးလိုက်တယ်။

(ရည်ညွှန်း၊ မာဂဓီသာစည်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)

ပစ္စည်းတန်ဖိုး။


          တခါ ဥစ္စာပေါတာ ကြည့်အုန်း။
ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့ 
စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။ 
မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို 

ဆောက်မယ်။ ဆရာတွေ ငှားပြီးတော့ ပညာသင်ကျောင်းကြီးတွေ လုပ်ပေးမယ်။ သာသနာတော်ကြီးနဲ့ 
ကြုံလို့ရှိရင် သာသနာတော်ကို ထောက်ပံ့ပြီးတော့ သာသနာတော်ကြီးတိုးတက်အောင် ငါလုပ်မယ်။
ဟောသလိုဆိုတော့လေ ပစ္စည်းဥစ္စာတွေဟာ သိပ်ပြီးတော့ တန်ဖိုးရှိတယ်။ နည်းနည်း တန်ဖိုးရှိတာ 
မဟုတ်ဘူး။ တကယ့်ပါရမီရှင် သူတော်စင်တွေဟာ ပစ္စည်းရှိရာဘဝက နေပြီးတော့ ပါရမီတွေ ထပ်
ဖြည့်ကြတာပဲ။

အဲသလို မဟုတ်ဘဲနဲ့ ဟိုသူဌေးသား ၄-ယောက် ဒု-သ-န-သောတို့လိုကျတော့ ပစ္စည်းရှိတာနဲ့မို့လို့ 
မတရားတွေ လိုက်စားလိုက်တာ ယခုထက်ထိ သံရည်ပူငရဲမှာ ကျပြီးတော့ ကျက်နေရတယ်။
ဒီတော့ ပစ္စည်းရှိတဲ့ဥစ္စာဟာ လိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန် တန်ဖိုးရှိတယ်။
မလိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် သိပ်ကြောက်စရာကောင်းတာပဲ။ မိမိကို ပြန်ပြီးတော့ နှိပ်စက်တတ်တယ်။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

ဆုတောင်းခြင်း။



         မိမိကိုယ်တိုင် ဆုတောင်းဖူးပါမည်။ အားလုံးပြီးပြည့်စုံပါသလား?။ ဒါဆိုရင် ဆုတောင်း
တာအပိုပဲလား ?၊ အပိုဘဲဆိုရင်လဲ အစွန်းတဖက် ရောက်ပါတယ်။ ဆုဆိုတာကို တန်ခိုးရှင်၊
ဖန်တီးရှင် တစ်ဦးဦးက ပေးနိုင်တယ်၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ဖို့မလိုဘဲ ပြည့်တယ် ဆို
ရင်လဲ အစွန်းတဖက် ရောက်ပါတယ်။

         ဒါကြောင့် အစွန်းနှစ်ဖက်လွတ်ရန် သတိပြုရပါမည်။ ဆုတောင်းရုံသက်သက်နဲ့တော့
လုံးဝမပြည့်ပါ။ ဆုတောင်းတွေကို ကြိမ်ဖန်များစွာ ရွတ်ဆိုဆုတောင်းတဲ့အတွက် အဲဒီဆန္ဒတွေ
ပြီးပြည့်စုံစေလိုတဲ့စိတ်တွေ ဆက်လက်ဖြစ်ပွားအောင် ထိန်းသိမ်းရာရောက်ပါတယ်။
ဆုတောင်းတွေကို ကြိမ်ဖန်များစွာ ရွတ်ဆိုဆုတောင်းတဲ့အတွက် အဲဒီဘေးဆိုးကြီးတွေ ကင်း
ဝေးစေလိုတဲ့စိတ်တွေ ဆက်လက်ဖြစ်ပွားအောင် ထိန်းသိမ်းရာရောက်ပါတယ်။ ပြည့်စုံအောင်၊
ကင်းဝေးအောင် မိမိအနေနဲ့ အားထုတ်ကြိုးစားဖို့တော့ လိုနေပါသေးလား ဆိုပြီး မိမိရဲ့ကာ
ယကံ၊ ၀စီကံ၊ မနောကံတွေပြုပြင်ဖို့ လိုနေပါသေးလားဆိုပြီး ပြန်လှန်စစ်ဆေးတာတွေ၊ ဆင်
ခြင်မိတာတွေ ဖြစ်ပွားလာပါတယ်။ အဓိပ္ပါယ်သိသိနဲ့ အလေးအနက် နှလုံးသွင်းဆင်ခြင် ဆု
တောင်းခြင်းဖြင့် မိမိရဲ့ ဓမ္မလမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ အမြဲသတိပေးနိုင်ပါတယ်။
         လူတော်တော်များများကတော့ ဆုတောင်းခြင်းကို သတိပေးနှိုးဆော်တယ်လို့ မထင်
ကြဘဲ၊ ပြည့်ဝမယ်လို့မျှော်ကာ သကြားတစ်ဇွန်းကပ်ပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရလို
ကြောင်း ဆုတောင်းကြတာတွေ တွေ့ရပါတယ်။ ဆုတောင်းတဲ့အတိုင်း ဖြစ်ရန်(ပြီးပြည့်စုံရန်)
အလုပ်လုပ်ရမည်ဆိုတာ နားလည်စေချင်ပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူ၍
      ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ပစ္စည်းတန်ဖိုး။



          တခါ ဥစ္စာပေါတာ ကြည့်အုန်း။
ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့
စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။
မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို

ဆောက်မယ်။ ဆရာတွေ ငှားပြီးတော့ ပညာသင်ကျောင်းကြီးတွေ လုပ်ပေးမယ်။ သာသနာတော်ကြီးနဲ့
ကြုံလို့ရှိရင် သာသနာတော်ကို ထောက်ပံ့ပြီးတော့ သာသနာတော်ကြီးတိုးတက်အောင် ငါလုပ်မယ်။
ဟောသလိုဆိုတော့လေ ပစ္စည်းဥစ္စာတွေဟာ သိပ်ပြီးတော့ တန်ဖိုးရှိတယ်။ နည်းနည်း တန်ဖိုးရှိတာ
မဟုတ်ဘူး။ တကယ့်ပါရမီရှင် သူတော်စင်တွေဟာ ပစ္စည်းရှိရာဘဝက နေပြီးတော့ ပါရမီတွေ ထပ်
ဖြည့်ကြတာပဲ။

အဲသလို မဟုတ်ဘဲနဲ့ ဟိုသူဌေးသား ၄-ယောက် ဒု-သ-န-သောတို့လိုကျတော့ ပစ္စည်းရှိတာနဲ့မို့လို့
မတရားတွေ လိုက်စားလိုက်တာ ယခုထက်ထိ သံရည်ပူငရဲမှာ ကျပြီးတော့ ကျက်နေရတယ်။
ဒီတော့ ပစ္စည်းရှိတဲ့ဥစ္စာဟာ လိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန် တန်ဖိုးရှိတယ်။
မလိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် သိပ်ကြောက်စရာကောင်းတာပဲ။ မိမိကို ပြန်ပြီးတော့ နှိပ်စက်တတ်တယ်။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

February 25, 2015

သေခါနီမှာ ဘာအရေကြီးသလည်


တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။

ဒါဆို သူလုပ်ခဲ့တဲ့မကောင်းမှုတွေကရော ဘယ်တော့မှ ခံရမှာလည်းဘုရား။
ဒီမေးခွန်းလေးကလည်း သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာများဟာ အလွန်အင်မတန် သေချာကျနစွာ သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ဆိုင်လို့ပါ။ ဦးဇင်းကိုယ်တိုင်တောင် ငယ်ငယ်က ဒီအကြောင်းအရာများကို ၀ါးတားတားဖြစ်ခဲ့ပါတယ်။ ခု နောက်ပိုင်းကျမှ စာအုပ်တွေဖတ်၊ ဉာဏ်မှီသလောက် စဉ်းစားတွေးခေါ်ကြည့်မှ အတော်အတန် နားလည်လာပါတယ်။ အဲဒါကြောင့် လူသားအားလုံး သိရှိနားလည်ထားကြရန်အတွက် ဦးဇင်းဉာဏ်မှီသလောက် ရေးသားတင်ပြပေးလိုက်ပါတယ်။
သတ္တ၀ါမှန်သမျှ ဘ၀ကိုလိုချင်တပ်မက်တဲ့ လောဘတဏှာရှိနေသမျှ ဘ၀ကုန်ဆုံးရာလမ်းကြောင်းမှန်ကိုသိပြီး ဘ၀တစ်ဖန် မဖြစ်လာအောင် အားမထုတ်ထားသေးသမျှ တစ်ဘ၀မှတစ်ဘ၀သို့ ကူးပြောင်းဖြစ်နေကြရအုန်းမှာပါ။ တစ်ချို့က ဘ၀ဆိုတာ ဒီဘ၀သေရင် နောက်ဘ၀မဖြစ်တော့ဘူးလို့ အယူရှိကြပါတယ်။ အဲဒီလိုအယူရှိသူများသည် လူဝင်စားများကို မမြင်မကြားဘူး၍လည်းကောင်း၊ အကြောင်းတရား အကျိုးတရားတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကိုလည်းကောင်း သေချာကျနစွာ နားမလည်ထားသေးခြင်းတို့ကြောင့် ဖြစ်ပေလိမ့်မယ်။
လူတစ်ယောက် သို့မဟုတ် သတ္တ၀ါတစ်ဦးဟာ ဘ၀တစ်ခုမှ တစ်ခုသို့ ပြောင်းလဲတဲ့အခါမှာ သေခါနီးကာလတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးပေါ်ကာ နောက်ဘ၀သစ်သို့ ပြောင်းလဲသွားပါတယ်။ စိတ်ရဲ့ဖြစ်စဉ်ဟာ အင်မတန်မြန်တာကြောင့် အဲဒီနိမိတ်တွေဖြစ်ဖို့ သီးသန့်စောင့်ဆိုင်းပေးနေချိန်ရယ်လို့တော့ မရှိပါဘူး။ ကားတိုက်၍သော်လည်းကောင်း၊ ဓါးထိုးခံရ၍လည်းကောင်း၊ ဗုံးမှန်၍လည်းကောင်း ချက်ချင်းသေနိုင်တဲ့ပုဂ္ဂိုလ်များသော်မှလည်း ထိုနိမိတ်(၃)မျိုးတွင် တစ်ခုခုတော့ ဖြစ်ကြပါတယ်။
စိတ်ရဲ့လျင်မြန်မှုဟာ ဘယ်လောက်ဝေးတဲ့နေရာကိုဖြစ်စေ အာရုံပြု၍ ရနိုင်ပါတယ်။ နီးတဲ့နေရာလည်း ချက်ချင်းရောက်နိုင်သလို ဝေးတဲ့နေရာကိုလည်း ချက်ခြင်းရောက်နိုင်တာသည် စိတ်ရဲ့လျင်မြန်မှုပဲ ဖြစ်ပါတယ်။ တစ်ဘ၀မှ တစ်ဘ၀ပြောင်းသို့ ပြောင်းလဲသွားတယ်ဆိုတာ မျက်မှောက်ဘ၀မှာရှိတဲ့ ရုပ်တရားနာမ်တရားတွေ ပျက်ကာ ဘ၀သစ်ကို ရုပ်သစ်စိတ်သစ် သွားဖြစ်တာပါ။ ရုပ်တရားနာမ်တရားတွေဟာ ဖြစ်လိုက်ပျက်လိုက် အမြဲလုပ်နေကြပါတယ်။ အဲဒါကြောင့် ယခုဘ၀ရုပ်နာမ်တွေ ပျက်ပြီးတာနဲ့တပြိုင်နက် ဘ၀သစ်ကူးကာ ရုပ်နာမ်သစ်တွေ ချက်ခြင်းတန်းဖြစ်ကြပါတယ်။
အဲဒီလို ရုပ်နာမ်သစ်တွေ ဖြစ်တဲ့အခါမှာ သူသီးသန့်ချည်း ဖြစ်တာမဟုတ်ဘဲ အရင်ဘ၀ဟောင်းက ပျက်သွားခဲ့တဲ့ရုပ်နာမ်တွေရဲ့ အထောက်အပံ့နဲ့ ဖြစ်လာကြတာပါ။ ဒါ့ကြောင့် ဘ၀သစ်ဖြစ်တယ်ဆိုတာ ရုပ်သစ်နာမ်သစ်ချည်း ဖြစ်တာမဟုတ်သလို ဘ၀ဟောင်းက ရုပ်နာမ်တွေ ပါလာတာလည်း မဟုတ်ပါ။
ဥပမာ-ကျောက်လှိုင်ဂူထဲမှာ အော်လိုက်တဲ့အခါ မိမိအော်သံသည် နံရံကိုရိုက်ခတ်ကာ အသံတစ်ခုပြန်လည်ပေါ်လာပါတယ်။ အဲဒီပေါ်လာတဲ့အသံသည် မိမိရဲ့အသံလားဆို မိမိအသံလဲမဟုတ်သလို မိမိရဲ့မူရင်းအသံနဲ့ကင်း၍လည်း အဲဒီအသံဖြစ်မလာပါဘူး။ အဲဒီလိုပဲ သတ္တ၀ါတစ်ဦးသည် ယခုဘ၀သေလွန်ပြီး ရုပ်နာမ်တရားများ ချုပ်သွားသွားပြီးတဲ့နောက် ဘ၀သစ်မှာ ဆက်တိုက်ရုပ်နာမ်သစ်တွေ ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်တရားများသည် ဘ၀ဟောင်းက ရုပ်နာမ်တရားလည်း မဟုတ်သလို ဘ၀ဟောင်းက ရုပ်နာမ်တရားနဲ့လည်း ကင်းပြီး ဖြစ်လာတာလည်း မဟုတ်ပါဘူး။ သူ့ဘ၀ဟောင်းက ရုပ်နာမ်တရားကြောင့် အခုဘ၀သစ်မှာ ရုပ်နာမ်သစ်ဟာ ဖြစ်လာရခြင်းပါ။ တကယ်လို့မိမိက ရုပ်နာမ်တရားတွေ မဖြစ်နိုင်အောင် ဘ၀တွေကို လိုချင်တဲ့အ၀ိဇ္ဇာ၊ တဏှာစတဲ့ ကိလေသာများအား ပယ်သတ်နိုင်မယ်ဆိုရင်တော့ ရုပ်နာမ်သစ်တွေ ဖြစ်လာမှာမဟုတ်တော့ပါဘူး။
တစ်ချို့က လူတစ်ယောက်သေရင် (၇)ရက်မကျွတ်ဘဲနဲ့ အိမ်ပတ်ဝန်းကျင်မှာ နေသေးတယ်လို့ ထင်နေကြပါတယ်။ အဲဒီလိုနေနိုင်တဲ့ပုဂ္ဂိုလ်ကလည်း တစ်ခုခုဆွဲသေသွားပြီး ပြိတ္တာဖြစ်တဲ့ပုဂ္ဂိုလ်များမှသာ ကောင်းမှုကုသိုလ်ကို သာဓုခေါ်ရန် စောင့်နေတတ်ပါတယ်။ အရင်ဘ၀က သေခါနီးကာလမှာ တစ်ခုခုကိုစွဲပြီးသေသွားသူများသည် ပြိတ္တာဘုံသို့ ရောက်ကြတာများပါတယ်။ အဲဒီပုဂ္ဂိုလ်များသည် ကုသိုလ်ကောင်းမှုရှိသော်လည်း အစွဲလမ်းဖြင့် သေသွားရခြင်းကြောင့် ပြိတ္တာဘုံ၌ ဆင်းရဲဒုက္ခကို ခံစားနေရတာပါ။ ကောင်းမှုကုသိုလ်ရှိသူများသည် မိမိ၏ဆွေမျိုးသားချင်း သူငယ်ချင်းများက ကောင်းမှုလုပ်ပြီး အမျှဝေလျှင် သူတို့သည် သာဓုခေါ်ကာမျှဖြင့် အရင်ဘ၀ကလုပ်ခဲ့တဲ့ ကောင်းမှုကံကြောင့် နတ်ဘုံသို့ ရောက်သွားပါတယ်။ ကောင်းမှုလည်းမရှိဘဲနဲ့ သေသွားပြီး ပြိတ္တာဘုံဖြစ်ရင်တော့ သာဓုခေါ်ရုံဖြင့် ဘ၀ပြောင်းမသွားနိုင်ပါ။ အစားအစာ အ၀တ်အစား နေစရာများ ပြည့်စုံရုံသာ ရရှိပါလိမ့်မယ်။
လူတစ်ယောက်သေပြီးလျှင် မိမိအိမ်ပတ်ဝန်းကျင်၌လည်းကောင်း၊ မိမိအိမ်ပေါ်နေရာများ၌လည်းကောင်း သေသွားသူ၏ အတ္တ၀ိညာဉ်လေးသည် (၇)ရက်နေသည်ဟု ယူဆသူများသည် မိမိခန္ဓာကိုယ်ထဲမှာ အတ္တဆိုတဲ့ ၀ိညာဉ်ကောင်ရှိတယ်လို့ ယူဆနေကြတဲ့သူတွေရဲ့ တခြားသောအတ္တ၀ါဒဘာသာများ၏ အယူသာဖြစ်ပါတယ်။ စာရေးသူတို့ မြတ်ဗုဒ္ဓသည် အနတ္တ၀ါဒဖြစ်ခြင်းကြောင့် မည်သည့်အရာမျှ မြဲမြံတည်ရှိနေတယ်ဆိုတာ မရှိပါဘူး။ ဒီလောက်လျင်မြန်စွာ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေသော ရုပ်တရားနာမ်တရားတွေသာရှိတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ ဘယ်လိုလုပ်အတ္တကောင်က ရှိနေနိုင်ပါ့မလဲလေ။
စာရေးသူတင်ပြချင်သော အကြောင်းအရာများသည် အလွန်များနေပါသဖြင့် နောက်ဆက်တွဲများကို ဆက်လက်တင်ပြပေးပါမယ်။ မြန်မာပြည်မပြန်ခင် အင်တာနက်ရတဲ့ စင်္ကာပူမှာနေတုန်း စာဖတ်သူများအား သိစေချင်သည့်အကြောင်းအရာများကို အချိန်ရတိုင်းလုပြီး ရေးသားပေးပါအုန်းမယ်လေ။ ခုတော့ ဒီမျှလောက်ကိုပဲ အရင်နားလည်အောင် ဖတ်ရှု့ကာ မှတ်သားလိုက်နာကျင့်ကြံကြပါအုန်းလေ။

Near Death moment (သေခါနီးမှာ ဘာအရေးကြီးသလဲ) by http://www.deounews.com/ (ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်) )

တရားရှာ ကိုယ်မှာတွေ့။


         ဆရာ့ဆရာကြီးတွေ နည်းပေးတဲ့အတိုင်း ဘုရားအလောင်းဟာ ၆-နှစ်ပတ်လုံး ဒုက္ကရ
စရိယာအကျင့်ကို ကျင့်လိုက်တာ ခန္ဓာကိုယ် ပိန်ချုံးပြီးတော့ အရိုးပေါ်အရေတင် မသေမရှင်
ဘ၀မျိုး ရောက်သွားပါတယ်။ လမ်းဆုံးအောင် လိုက်ကြည့်ပါတယ်။ လမ်းကို ဆုံးအောင် 
လိုက်တာလည်း  မတွေ့တဲ့အခါ ဘုရားလောင်းဟာ စဉ်းစားပါတယ်။

         “သိယာ အညော မဂ္ဂေါ ဗောဓာယ- “ဗောဓာယ” ထူးခြားတဲ့ အသိဉာဏ်ကြီးအတွက်၊ 
“အညော မဂ္ဂေါ”- တခြားနည်းလမ်းသည်၊ “သိယာ”- ဖြစ်ကောင်းဖြစ်လိမ့်မယ်”။ သူတွေးပုံက
“ငါလျှောက်လာတဲ့ လမ်းကတော့ ဆုံးနေပြီ၊ ဒီလမ်း မဟုတ်နိုင်ဘူး၊ တခြားလမ်း ပြောင်း
လျှောက်ဦးမှပဲ၊ ဒီလမ်း မဟုတ်ရင် ဟိုလမ်းက သွားရမှာပေါ့၊ တခြားလမ်း ဖြစ်လောက်တယ်” 
ဆိုတဲ့ အတွေး ၀င်လာပါတယ်။ ၀င်လာတဲ့အခါ ကိုယ်ပိုင်လမ်းကြောင်း တီထွင်ပြီး လျှောက်
ကြည့်ပါတယ်။
         ကိုယ်ပိုင်လမ်းကြောင်းဆိုတာ  ဘုရားလောင်း  ငယ်စဉ် ဘ၀တုန်းက မိမိရဲ့နှာခေါင်းမှာ 
ရှူသွင်းရှူထုတ်နေတဲ့ လေကလေးကို အာရုံပြုပြီး လေ့ကျင့်ခဲ့ဖူးတာကို သွားသတိရ လာပါတယ်။ 
စိတ်ကလေး ငြိမ်သွားတာကို သွားတွေ့ပါတယ်။ 
         အေး- အဲဒါဟာ တကယ့်လမ်းကြောင်း ဖြစ်လောက်တယ်။ အသိဉာဏ် ဖြစ်ပေါ်မယ့်
လမ်းကြောင်းက အဲဒီလမ်းကြောင်း ဖြစ်လောက်တယ် ဆိုပြီး ခန္ဓာကိုယ်မျှမျှတတဖြစ်ပြီး အင်အား
ရှိလာအောင် ဘုရားအလောင်းတော်ဟာ အစာအာဟာရများစားပြီး သူကိုယ်တိုင် ရှာဖွေတွေ့
ရှိတဲ့လမ်းကြောင်းကို လျှောက်ကြည့်ပါတယ်။
         “တရားရှာ ကိုယ်မှာတွေ့” ဆိုတဲ့အတိုင်း တရား ဆိုတာ အပြင်သွားရှာရတာ မဟုတ်ပါ။ 
မိမိ နှာခေါင်းပေါက်လေးက ၂၄-နာရီ ရှူထုတ်နေတဲ့လေ၊ ရှူသွင်းနေတဲ့ လေလေး၊ အဲဒီ ရှူသွင်း
ရှူထုတ် လုပ်နေတဲ့ လေလေးပေါ်မှာ အာရုံစိုက်ထားပါတယ်။ အဲဒီလို အာရုံ စိုက်ထားလိုက်တဲ့အ
ခါ သမာဓိစွမ်းအားတွေ ရပြီးတော့  ပထမဈာန်၊  ဒုတိယဈာန်၊  တတိယဈာန်၊  စတုတ္ထဈာန်၊
အဘိညာဉ်တွေရလာပါတယ်။
         ဘုရားအလောင်းဟာ ကိုယ့်လမ်းစဉ်နဲ့ကိုယ် သွားလိုက်တာ ပထမယာမ်မှာ ပုဗ္ဗေနိဝါသာ
နုဿတိဉာဏ်အတိတ် ဘ၀တွေကိုကြည့်ရင် မြင်နိုင်စွမ်းရှိတဲ့ အဘိညာဉ်ကို ရသွားပါတယ်။ 
ဒုတိယယာမ် ရောက်တဲ့အခါ ဒိဗ္ဗစက္ခုဉာဏ်- ဝေးတဲ့နေရာ၊ ခြားကွယ်တဲ့နေရာ၊ သေးငယ်တဲ့ 
နေရာတွေကို လှမ်းပြီးကြည့်နိုင်တဲ့ အဘိညာဉ်ကိုရပါတယ်။ မိုးသောက်ယာမ် ရောက်တဲ့အခါ
ကျတော့ မိမိသန္တာန်မှာ သံသရာက ညစ်ထေးလာတဲ့ ကိလေသာအပူတွေ အညစ်အကြေးတွေကို 
ဖယ်ရှားပစ်နိုင်တဲ့ အာသ၀က္ခယဉာဏ် ရပါတယ်။ ၀ိပဿနာ လမ်းကြောင်းကို ပြောင်းလိုက်တာနဲ့
တစ်ပြိုင်နက် မိုးသောက်ယာမ်မှာ အာသ၀က္ခယဉာဏ် ဆိုတာ ရပါတယ်။ အဲဒီ အာသ၀က္ခယဉာဏ် 
ရလိုက်တာနဲ့ ဘုရားအဖြစ်သို့ ရောက်တာပါပဲ။ အဲဒီလို-ကိုယ်ပိုင်လမ်းကြောင်း ပြောင်းလျှောက်
လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ မကွေ့ မကောက် ဖြောင့်ဖြောင့်တန်းတန်း နိဗ္ဗာန်ရောက်အောင်သွား
မယ့် လမ်းမှန်လမ်းဆုံးကို တွေ့သွားပါတယ်။
 { ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့ 
တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် 
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့် 
မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။   }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

February 24, 2015

ဗုဒ္ဓနုဿတိဘာဝနာအကျိုး...။


 ဗုဒ္ဓနုဿတိဘာဝနာကို အားထုတ်သောပုဂ္ဂိုလ်တိုင်း၏ အကျိုးရပုံမှာ(ဈန်ရမှုမှတပါး)အခြားဘာဝနာများထက်အနည်းငယ်မျှမလျော့
ပါ ထူးခြားချက်ကား...
၁။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကိုအတော်များစွာ သိရသောကြောင့် ဗုဒ္ဓမြတ်စွာကိုအလွန်ရိုသေ၍ ဗုဒ္ဓမြတ်စွာ၏စကားတော်ကို
အလွန်လိုက်နာခြင်း...။

၂။ ဂုဏ်တော်များစွာကိုသိရသည့်အတွက် ဗုဒ္ဓမြတ်စွာအပေါ်၌ သောတာပန်ကဲ့သို့ဥာဏ်ဖြင့်သက်ဝင်၍ နက်နက်နဲနဲကြည်ညိုခြင်း
(ဗုဒ္ဓအစစ်ကိုကြည်ညိုလျှင် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို ပြုစုလိုသောစိတ် အားပေးလိုသောစိတ်ရှိရကာ သာသနာဖျက်
ပုဂ္ဂိုလ်များကိုမူ ရှောင်ရှားမည်သာ)
၃။ ဗုဒ္ဓမြတ်စွာကိုမကြာမကြာသတိရနေသောကြောင့် သတိကောင်းခြင်း(အသက်ကြီးသော်လည်းသတ်မမေ့ခြင်း)
၎။ အလွန်နက်နဲသောဗုဒ္ဓဂုဏ်တော်များကိုသတိနှင့်တကွဥာဏ်ကျက်စားနေရသည့်အတွက်အသိဥာဏ်သည်လည်းတိုးတက်
လာခြင်း...။
၅။ ဗုဒ္ဓမြတ်စွာ၏ဂုဏ်တော်တို့သည်အာရုံပြုသောသတိနှင့် စေတနာမျိုးစေ့တို့၏စိုက်ပျိုးရာ မွန်မြတ်သောလယ်ယာမြေဖြစ်သော
ကြောင့်ထိုဘာဝနာကုသိုလ်ကောင်းမှု၏ ကြီးကျယ်မြင့်မြတ်ခြင်း...။
၆။ ဂုဏ်တော်တို့ကိုအာရုံပြုရာအခါတိုင်း၌ ၀မ်းမြောက်သောပီတိပါမောဇ္ဇဖြစ်ခြင်း။(စိတ်၏ချမ်းသာကြည်လင်ခြင်း စိတ်အေးမြခြင်း
တစ်ရံတစ်ခါကြက်သီးထလောက်အောင်ပီတိဖြစ်ခြင်း)
၇။ ကြောက်စရာဘေးအန္တရာယ်နှင့်ကြုံစေကာမူ ထိုဘေးဒုက္ခတို့ကိုမကြောက်မရွံ့ရဲဝံစွာခံနိင်ခြင်း...။
၈။ ဗုဒ္ဓမြတ်စွာကိုမကြာမကြာအောင်းမေ့တိုင်း ဗုဒ္ဓမြတ်စွာနှင့်အတူနေရသကဲ့သို့ဖြစ်၍ကျူးလွန်မည့်အပြစ်ကိုမကျူးလွန်တော့ခြင်း။
၉။ ၀ိပဿနာတက်၍ မဂ်ဖိုတိုင်အောင်မရနိင်သေးလျှင် ယုဘ၀၏အခြားမဲ့နောက်ဘ၀၌(ငါးပါးသီလမပျက်ပါမူ) လိုရာသုဂတိ ဘဝ
ကိုရဖို့သေချာခြင်း...။
၁၀။ နောက်နောင်ဘုရားသာသနာတော်ကို ဧကန်ကြုံတွေ့ရမည်ဖြစ်၍ မိမိရည်မှန်းအပ်သော
ဆုနှင့်ကိုက်ညီသောဘုရားသာသနာဝယ် ဧကန်တရားထူးရနိင်ခြင်း...။
ဤကားဗုဒ္ဓနုဿတိဘာဝနာအကျိုးများတည်း...။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရေးသားတော်မူသောဗုဒ္ဓနုဿတိဘာဝနာစာအုပ်မှတဆင့်တင်ပြသည်)

February 23, 2015

ဝဋ်လည်တတ်သည်။


          မကြာမီ ၀ဋ်လည်တတ်သည် ။*
မိဘအပေါ် ဆိုးသူသည် သားဆိုးသမီးဆိုး ရတတ်၏။ *
ယောက္ခမအပေါ် ဆိုးသူသည် သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။ *

ဆရာသမားအပေါ် ဆိုးသူသည် တပည့်ဆိုးနှင့်တွေ့ရတတ်၏။ *
သူငယ်ချင်းအပေါ် ဆိုးသူသည် သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။ *
ကိုယ်ဆိုးလျှင် ကိုယ့်ပတ်ဝန်းကျင်က ဆိုးလိမ့်မည်။ *
ကိုယ်ကောင်းလျှင် ကိုယ့်ပ၀တ်ဝန်းကျင်က ကောင်းလိမ့်မည်။ *

( သိပ်တန်ဘိုးရှိတဲ့အဆုံးအမတွေပါ...မိမိကဲ့သို့ ဆရာတော်များ၏ အဆုံးအမများကိုနာယူဖို့ 
  လိုအပ်နေသေးသောဓမ္မမိတ်ဆွေများအတွက်...)
{အရှင်တေဇနိယ ဓမ္မဆိုဒ်မှ ကူးယူရေးသားပူဇော်ပါသည်...။}

သောတာပန်ဆိုပေမယ့် မတရားတာသည်းမခံတဲ့ ၀ိသာခါ...။


ဝိသာခါရဲ့ လူသိနည်းတဲ့ မတရားရင် ငြိမ်မခံတတ်တဲ့ အကြောင်းပါ။ တစ်ခါတုန်းက ဝိသာခါရဲ့ အလုပ်သမားတွေက တိုင်းတပါးသွားပြီးတော့ ဝိသာခါဝတ်ဆင်ဖို့ ကျောက်မျက်ရတနာတွေဝယ်ယူပါတယ်။
အပြန်ကြတော့ ဝိသာခါနေတဲ့ ကောသလတိုင်းအဝင်က အခွန်အဖွဲ့က သတ်မှတ်ထားတဲ့ပမာဏထက် အများအပြားပိုလွန်ပြီးတော့ အခွန်ကောက်ပါတယ်။ ဒါက ကောသလမင်းကြီးက ကောက်ခိုင်းဟန်တူပါတယ်။ ဘုရင့်အမိန့်သာမရှိရင် ဝိသာခါလိုပုဂ္ဂိုလ်မျိုးကို သာမာန်အခွန်အရာရှိက မတရားမလုပ်ဝံ့လောက်ပါဘူး။
ပြောရမယ်ဆိုတော့ ကောသလမင်းကြီးက ဝိသာခါကို ဂျေဝင်နေဟန်တူပါယ်။ ရဟန်းတော်တွေက သူ့ထက် ဝိသာခါကို ပိုခင်ကြတာ ပြည်သူလူထုက သူ့ထက် ဝိသာခါကို ပိုပြီး လေးစားကြတာတွေကြောင့်ပေါ့လေ။
ဝိသာခါလိုပုဂ္ဂိုလ်အတွက် အခွန်ဘယ်လောက်ကောက်ခံလိုက်ပါစေ အရေးစိုက်နေစရာမလိုပါဘူး။ ဒါပေမယ့် ဝိသာခါက ဒါ မတရားလုပ်တာ။ ကောသလမင်းကို ထိပ်တိုက်တွေ့ပြီး ဖြေရှင်းမယ်ဆိုပြီး နန်းတော်ကို ခြွေရံသင်းပင်းတွေနဲ့ ကိုယ်တိုင်သွားပါတယ်။ ဘုရင်က ဝိသာခါကို လက်ခံပြီးတော့ မတွေ့ဝံ့ပါဘူး။
ဝိသာခါက သုံးရက်ဆက်ပြီးတော့ နန်းတော်ကို သွားပေမယ့် ဘုရင်က သုံးရက်လုံး ထွက်မတွေ့ပါဘူး။ မတရားတဲ့သူတွေက တရားသဖြင့် ပြုမူနေထိုင်တဲ့သူတွေကို မျက်နှာချင်းမဆိုင်နိုင်တာ ဓမ္မတာပါပဲ။

February 22, 2015

ချမ်းသာစေကြောင်း တရားကောင်း



၁။ ရန်ပြုတတ်သူတို့အလယ်၌ရန်မပြုကြကုန်ဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၂။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၃။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သောသူတို့အလယ်၌ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သောလူတို့အလယ်၌ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲငါတို့နေနိုင်ကြကုန်၏။

၎။ စိုးရိမ်ကြောင့်ကြဖွယ်ရာတစ်စုံတစ်ခုမျှမရှိဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှုပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။

၅။ အနိုင်ရသူသည်ရန်ကိုပွါးစေ၏၊ရှုံးသောသူသည်ဆင်းရဲစွာနေရ၏၊ကိလေသာငြိမ်းပြီးသောသူသည် အနိုင် အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။

၆။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသောအပြစ်မရှိ၊ခန္ဓာနှင့်တူသောဆင်းရဲဒုက္ခမရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာမရှိ။

၇။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

၈။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံးဥစ္စာတည်း၊ ချစ်ကျွမ်းဝင် သူသည် အလွန်ကဲဆုံးဆွေမျိုးတည်း၊ နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။

၉။ တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကိုလည်းကောင်း၊ကိလေသာအပူငြိမ်းရာနိဗ္ဗာန်၏အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။

၁၀။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

၁၁။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

၁၂။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သောအကျင့်လည်းရှိသော မြတ်သောထိုသို့သဘောရှိသောပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲ ဆည်းကပ်ရာ၏။

ဓမ္မပဒ၊ သုခ၀ဂ္ဂ(ချမ်းသာစေကြောင်း တရားကောင်း) (ဓမ္မပဒ၊ သုခ၀ဂ္ဂ) Buddha.။


Ashin Mu Nain Da မှကူးယူဖော်ပြပေးပါသည်။

" ဆန်းကြယ်သော တရားဂုဏ်တော်"


ဒါတွေဒီလိုလုပ်လို့ ရတယ်၊ ဘုရားတွေ ဒီလိုဒီလို ဖူးရတယ်ဆိုတာ ယုံစရာမရှိဘူး။ ဘုန်းကြီး အနှစ်၃၀ ရှိပြီ တောထဲမှာ တရားပြလာတာ။ စောစောကတော့ ဒါတွေ ဘယ်သူ့ မှမပြောကြနှင့်လို့  ပိတ်ခဲ့ရတယ်။ သဒ္ဓါတရားမရှိတဲ့လူတွေ ငရဲကြီးကြမှစိုးလို့ ။ မြတ်စွာဘုရားရှင် တရားတော်တွေက ယုံနိုင်စရာမရှိလောက်အောင် ဆန်းကြယ်တာ- ဧ၀ံ ဗုဒ္ဓါ အစိန္တိယာ၊ ဗုဒ္ဓ ဓမ္မာ အစိန္တိယာ။ ဟို မနှစ်က ရန်ကုန်၊ မှော်ဘီမြို့ ၊ လှပဒါးရွာ ဦးသုစိတ္တ ဘုန်းကြီးတပည့်ကြီးပါပဲ။ အဲဒီ ဦးသုစိတ္တကျောင်းမှာပြတော့ ဓမ္မာစရိယခေတ်ပညာတတ်တွေပေါ့။ လူ ၄၀ ကျော် ၅၀ ရှိတယ်။ အဲဒီထဲမှာလဲ နိမိတ်အမြင်သန်တဲ့ ယောဂီတွေ၊ ၀ိပဿနာအား ကောင်းတဲ့ယောဂီတွေ တော်တော်များများပါတယ်။ ဦးသန်းအောင်တို့ ၊ ဦးစောသာယံတို့ ၊ ဦးထွန်းရွှေတို့ ၊ မောင်ဋ္ဌေးလှိုင်တို့  အကုန်အကျခံပြီးလုပ်ကြတာ။ အတော်လဲ ကျေးဇူးများသွားတယ်။ အဲဒီတရားစခန်းကစပြီး ဘုန်းကြီးလဲ သိပ်ပြီး မပိတ်ပင်တော့ပါဘူး။ မပိတ်ပင်တဲ့အပြင် ခေတ်ပညာတတ်-စာတတ်ပေတတ် ဦးပဉ္ဖင်းတွေ၊ သီလရှင်တွေ ယောဂီတွေ အားလုံး သမထရော၊ ၀ိပဿနာပိုင်းပါ ကိုယ်တွေ့ မှတ်တမ်း အသီးသီးရေးကြရမယ်လို့  ဘုန်းကြီးက ခိုင်းလို့ အားလုံးရေးထားကြပြီး ဘုန်းကြီးကို ကပ်ထားကြတယ်။ ဒီလိုမှ လုပ်မထားရင် တရားတွေက နှမြောစရာကြီးဗျာ့။ သိတဲ့လူ မြင်တဲ့လူ မှန်တဲ့လူကပဲ အရှုံးပေးရမလို ဖြစ်နေပြီ၊ တရားတွေ ကွယ်တယ်ဆိုတာ ဒီိလိုကွယ်တာပဲ။ မြတ်စွာဘုရားတောင်မှ သက်သေမရှိရင် မဟောဘူး။ တစ်ခါက အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးနှင့် အရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးပြီး ရာဇဂြိုလ်မြို့ ထဲ ဆွမ်းခံကြွဖို့  တောင်ပေါ်က ဆင်းလာကြသတဲ့။ လမ်းခုလတ်ရောက်တော့ အရှင်မောဂ္ဂလာန်က ပြုံးတော်မူတယ်။ ဒါကိုသိလို့  အရှင်လက္ခဏက "ဘာကြောင့်ပြုံးတော်မူပါသလဲ" လျှောက်တယ်။ ဒီတော့ အရှင်မောဂ္ဂလာန်က "ငါ့ရှင်၊ အခု မမေးနှင့်၊ ဘုရားရှင်ရှေ့ တော်မှောက်ရောက်မှ မေးပါ" တဲ့။ ဒီလိုနှင့် ရာဇဂြိုလ်မြို့ ထဲ ဆွမ်းခံ ဆွမ်းစားပြီးလို့  ဝေဠုဝန်ကျောင်းတော် ဘုရားရှင်ထံမှောက် ရောက်ကြလို့  အရှင်လက္ခဏက ထပ်ပြီးမေးတော့ ဂိဇ္ဈကုဋ်တောင်အဆင်း ကောင်းကင်ထဲမှာ နွားသတ်သမား အရိုးစု၊ အသားစု ပြတ္တာကြီးတွေ ကျီးကန်းသိန်းစွန်တွေ နောက်ကလိုက်ပြီး ဆိတ်ကြဆွကြလို့  အော်မြည်ပြီး ပြေးနေကြရရှာတာ အရှင်မောဂ္ဂလာန်က မြင်တော်မူတာကိုး။ "သြော်..ဒီသတ္တလောကကြီးထဲမှာ ဒီလိုဆန်းကြယ်တဲ့ အတိဒုက္ခရောက်နေတဲ့ သတ္တ၀ါအထူးအဆန်းတွေလဲ ရှိပါသေးကလား" လို့  သံဝေဂဖြစ်တော်မူတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားရှင်ရှေ့ မှာ အရှင်လက္ခဏကို အရှင်မောဂ္ဂလာန်က ပြောပြတာ။ ဒီတော့မှ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေကို ဆက်ဟောတယ်။ "မျက်စိအမြင် ဥာဏ်အမြင်ရှိတဲ့ အရှင်မောဂ္ဂလာန်လို တပည့်သာဝကကြီးတွေ ထွက်ပေါ်လာမှကိုး" ဆိုပြီး ၀မ်းမြောက်တော်မူတာ။ ဆက်ပြီးဟောတယ်။ "ချစ်သားတို့  ငါဘုရားလဲ လောကကြီးထဲမှာ ဒီလိုဆန်းကြယ်တဲ့ သတ္တ၀ါတွေ ဟို .. အစောကြီးကတည်းက မြင်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကိုမှ မပြောခဲ့ဖူးဘူး..တဲ့။ ဘာလို့ လဲဆိုတော့.... "အဟဉ္စေတံ ဗျာကရေယျံ - ငါပြောရင်လဲပဲ ..... ပရေစ မေ န သဒ္ဒဟေယျုံ - ယုံကြမှာမဟုတ်ဘူး" တဲ့။ မယုံတော့ ဘာဖြစ်မယ်ထင်သလဲ? "ယေ မေ န သဒ္ဒဟေယျုံ-တေသံ တံ အဿဒီဃရတ္တံ အဟိတာယ ဒုက္ခာယ - မယုံတဲ့လူတွေ တစ်သံသရာလုံး ဒုက္ခရောက်ကုန် ရှာကြမှာပေါ့...တဲ့။ (သံ-၁၊၄၄၆။ လက္ခဏသံယုတ်၊အဋ္ဌိသုတ်၊ပေသိသုတ်-စသည်) ဘုန်းကြီးလဲ ခုတော့ ဦးပဉ္ဖင်းတို့ လို လောကုတ္တရာစာရော၊ လောကီပညာတွေရော တတ်တဲ့ပုဂ္ဂိုလ်တွေ ပေါ်လာပြီဆိုတော့ ခပ်တိုးတိုးတော့ ပြောရမှာပဲ။ (မောင်းထောင်မြေဇင်းတောရ ဆရာတော်ကြီး)

"ပြောသလို လုပ်၊ လုပ်သလို ပြော တဲ့သူ"



စကားတစ်ခု ကြားဖူးတာရှိတယ်။
"ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ "။
သဘောက ငါဟာ အပြောနဲ့  အလုပ် မညီဘူး ဆိုတဲ့
အဓိပ္ပါယ်ပေါက်သွားတယ်နော်။

အရက်သောက်တဲ့လူက ဘယ်လိုပြောသလဲဆိုတော့
မင်းတို့ အရက်မသောက်ကြနဲ့ ကွာ။ ဒါဖြင့် ခင်ဗျားတော့ရော
ဘာလို့ သောက်လဲဆိုတော့ "ငါလုပ်သလို မလုပ်နဲ့ ကွာ၊
ငါပြောသလိုလုပ်"။ အဲသလို ပြောတတ်တယ်။

ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ်တစ်ခုကို
ဖတ်ဖူးတာ ရှိတယ်။ ဂုဏ်တော် ၉ ပါးထဲမှာတော့
တိုက်ရိုက်မပါဘူး။ မြတ်စွာဘုရားရဲ့  ဂုဏ်ပုဒ်ကို
ချီးမွမ်းပြီးတော့ ပြောကြတာ ရှိတယ်နော်။
မြတ်စွာဘုရားကိုယ်တိုင်လည်း
ပြောတာရှိတယ်။
အဲဒါ ဘာလဲဆိုတော့ -

"ယထာ ၀ါဒီ၊ တထာ ကာရီ။
ယထာ ကာရီ၊ တထာ ၀ါဒီ" တဲ့။

"ပြောသလို လုပ်တဲ့သူ၊
လုပ်သလို ပြောတဲ့သူ"။

သဘောက အပြောနဲ့ အလုပ်က ကွာဟမှုမရှိဘူး၊
တစ်ထပ်တည်း ဖြစ်နေတယ်တဲ့။ အဲဒီ မြတ်စွာဘုရားနဲ့ 
ပက်သက်ပြီးတော့ အင်မတန် ကြည်ညိုစရာကောင်းတဲ့
အချက်တစ်ချက်ပဲ။ သူ မလုပ်နိုင်တာကို
သူများကို မလုပ်ခိုင်းဘူး။ သိပ်ကြည်ညိုဖို့ ကောင်းတာပဲနော်။
ဘုန်းကြီးက ဒီစကားကို ကြားရတဲ့အခါ ဘုရားကို
အင်မတန်ကြည်ညိုတဲ့စိတ် ဖြစ်တယ်။
အပြောနဲ့ အလုပ် ညီဖို့ ဆိုတာ တော်တော်ခက်ပါတယ်။

မြတ်စွာဘုရားရဲ့ စကားကို အခုချိန်ထိ
(နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီ) လိုလိုချင်ချင်
နာကြတုန်း ရှိသေးတယ်။ နှစ်နှစ်သက်သက်
ကြည်ကြည်နူးနူး ကြည်ညိုတဲ့စိတ်နဲ့  နာကြတုန်းရှိသေးတယ်။
ဘာဖြစ်လို့ လဲဆိုတော့ ဘုရားဟာ ပြောသလို လုပ်တယ်။
လုပ်သလို ပြောတယ်။ အပြောတခြား၊ အလုပ်တခြား မဟုတ်ဘူး။

ဒါကြောင့် ကိုယ့်စကား ထိရောက်ချင်ရင် ကိုယ်ပြောတဲ့အတိုင်း
ကိုယ်ကိုယ်တိုင်လုပ်မှ ဖြစ်မယ်။

ဆရာတော် ဦးဇောတိက

သာသနာကိုထိန်းသိမ်းပါ



အချိန်ကား သက္ကရာဇ် ၄၀၆ ခုနှစ် ပုဂံပြည်၌
အနော်ရထာမင်းကြီး နန်းတက်စကာလ ဖြစ်၏။
ပုဂံပြည်၌ မင်းအဆက်ဆက် အဓမ္မ၀ါဒ ပြန့် ခဲ့သော
မဟာယာန အရည်းကြီးများအား
မင်းကြီးစိတ်နှင့်မတွေ့ ၍ ဒွိဟဖြစ်နေချိန်လည်း ဖြစ်သည်။
အရည်းကြီးတို့ လည်း ထိုအချက်ကို သိ၍
မင်းကြီးယုံကြည်စေရန် သရေခေတ္တရာပြည်တွင်
သခွတ်ပင်ကြီးကို ထွင်း၍ မဟာယာနကျမ်းစာများ ထည့်သွင်းကာ မြေသရွတ်လိမ်းကျံပြီးလျှင် အပွေးတက်အောင်
လုပ်ကြ၏။ ပြီးလျှင် မင်းကြီးနားသို့  ကြားလောက်အောင်
ကောလဟာလများ ဖန်တီးကြ၏။
သခွတ်ပင်၌ ကျမ်းစာများရှိကြောင်း အိပ်မက်မက်သည်ဟု အသံလွှင့်ကြသည်။ မင်းကြီးလည်း စစ်တပ်ဖြင့်သွား၍ သခွတ်ပင်ကို
ဖောက်ခွဲကြည့်ရာ "အရည်းကြီးတို့ သည် အယူအကျင့်မှန်ကန်၍
ဂေါတမဘုရားရှင်၏ တပည့်များဖြစ်ကြောင်း' ကျမ်းများကို
တွေ့ ရသဖြင့် မယုံသင်္ကာနှင့်ပင် တာဝန်မပျက် ဆက်လက်
ကိုးကွယ်နေရသော အချိန်ကာလဖြစ်၏။ အရည်းကြီးများ၏
အင်အားလည်း မသေးချေ။
ခေါင်းဆောင်သုံးကျိပ်၊ ငယ်သား ၆ သောင်းရှိလေသည်။
သီလဗုဒ္ဓိရဟန္တာမြတ်ကြီးကား ပုဂံပြည်၏
သတင်းများကို ကြားသိတော်မူသဖြင့်
ရှင်အရဟံအား အကျိုးအကြောင်းမိန့် တော်မူကာ
ပုဂံသို့ သွား၍ သာသနာပြုရန် တာဝန်ချလေတော့သည်။
ရှင်အရဟံလည်း သားရေနယ်အခင်းကို ပခုံးတင်၊
သပိတ်ကိုလွယ်၍ သထုံမှ ထွက်ခွာခဲ့၏။ပုဂံပြည်အနီး တစ်ခုသော
တော၌ အမောဖြေနေခိုက် မုဆိုးတစ်ယောက်ကတွေ့ ၍
လူရိုင်းဟု ထင်မှတ်သဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွား၏။
အရည်းကြီးများမှာ နက်ပြာရောင် သင်္ကန်းဝတ်၍
ဆံပင်မုတ်ဆိတ်များ ထားကြသဖြင့် ရှင်အရဟံ၏ အသွင်အပြင်ကို မြင်ရသည်မှာ အဆန်းဖြစ်နေသည်။
မင်းကြီးကား ရှင်အရဟံ၏ ဣနြေ္ဒကို မြင်လိုက်ရုံမျှဖြင့်
'ဤသူကား လူရိုင်းမဟုတ်၊ တရားရှိသော သူတော်မြတ်ပင် ဖြစ်သည်'
ဟု ပါရမီဓါတ်ခံကြောင့် အမှန်ကို သိတော်မူ၏။၏
" သင့်မြတ်ရာ နေရာကို ကြည့်၍နေလော့" ဟုသဘောကို စမ်း၍ လျှောက်လျှင်
ရှင်အရဟံသည် ရာဇပလ္လင်ပေါ်၌ တက်၍ နေတော်မူ၏။"ဤသူကား သူတော်သူမြတ် အစစ်တည်း ' ဟုနေရာယူပုံကို ကြည့်၍ ပီတိဖြစ်တော်မူ၏။အောက်ပါအတိုင်း လည်း မေးဖြေတော်မူကြသည်။
မင်းကြီး - အရှင်ကား ဘယ်အမျိုးအနွယ်နည်း။
အဘယ်မှ ကြွလာသနည်း။အဘယ်သူ၏
တရားအဆုံးအမကို ယူသနည်း။
မထေရ် - ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် ၉ ပါး နှင့်
ပြည့်စုံတော်မူသော အစိန္တေယျ သမ္မာသမ္ဗုဒ္ဓ
ဘုရားရှင်၏ အမျိုးအနွယ်ဖြစ်ပေသည်
မင်းကြီး။ ငါ၏ ဆရာနှင့် သီတင်းသုံးဖော်များရှိရာ
(သထုံပြည်) မှ လာခဲ့၏။သမ္မာသမ္ဗုဒ္ဓဘုရားရှင်
ဟောကြေားသော အဆုံးအမကို ခံယူသည်။
မင်းကြီး - ထိုတရားကို အကျွန်ုပ်အား ဟောပြတော်မူပါဘိ။
မထေရ် - (သီရိဓမ္မာသောကမင်းကြီးအား နိဂြောဓသာမဏေ ဟောသကဲ့သို့ ) (ဒါန ၊သီလ) ဘာဝနာ တရားတို့ ၌ မမေ့မလျော့ရန် အပ္ပမာဒ
သတိတရားကို အကျယ်ဟောတော်မူ၏။
မင်းကြီး - ဘုရားရှင် အခု ဘယ်မှာရှိသနည်း။
တရားတော်ကား မည်မျှများပါသနည်း။
အရှင်မှတစ်ပါး အခြားတပည့်သား သံဃာများ
ရှိပါသေးသလော ဟု ၀မ်းမြောက်အားရစွာ လျှောက်၏။
မထေရ် - ဘုရားရှင်ကား ပရိနိဗ္ဗာန်စံတော်မူ၍ ဓါတ်တော်များသာ ရှိတော့သည်။ ပိဋကသုံးပုံ၊ ဓမ္မခန္ဓာအားဖြင့် ၈၄၀၀၀ ရှိပေ၏။
သထုံပြည်၌ ပိဋကသုံးပုံ အစုံသုံးဆယ်ပင် ရှိပေသည်။
ငါမှတစ်ပါး သံဃာလည်း များစွာရှိကြသေးသည်။
မင်းကြီး - ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှတစ်ပါး အခြားကိုးကွယ်အားထားရာမရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမပေးသည့်အတိုင်း ခံယူပါမည်ဘုရား ဟု လျှောက်ထား၍
နေပြည်တော်အရှေ့ ဘက်အရပ်၌ ဇေတ၀န်မည်သော ကျောင်းဆောင်ကို
ဆောက်လုပ်လှူဒါန်း၏။
အေဒီ ၁၂၄၃ ခုနှစ် ရှင်အရဟံ၏ ကျောင်းတိုက်တွင် သံဃာတော်စာသင်သားများနေရန်
ကျောင်းပုံ နှစ်ဆယ်ရှိသည်ဟု ကျောက်စာပုံ ၁၅၂/၆ ၌ ပါရှိသည်။
မင်းကြီးလည်း ရေကိုထမ်း၊ မိဖုရားကြီးလည်း ဆွမ်းကိုရွက်ကာ နေ့ စဉ်သွားရောက်
လှူဒါန်းကြသည်။ သာသနာရေးနှင့် စပ်သမျှလည်း လျှောက်ထားမေးမြန်းလေတော့သည်။
အရည်းကြီး ၆ သောင်းကိုလည်း လူဝတ်လဲကာ အဲမောင်းလှံကိုင် ဆင်ချေး၊ မြင်းချေးကျုံးထားတော်မူ၏။
အရှင်အရဟံလည်း သာသနာကြည်ညိုသူများအား
ရဟန်းခံပေးလေသည်။ ထိုခေတ်က
သံဃာသုံးသောင်းကျော်ရှိကြောင်း ၀ံသဒီပနီ၌ ဆိုသည်။
မင်းနှင့်ဆရာ တိုင်ပင်၍ သာသနာအညစ်အကြေးတို့ ကို
ဆေးကြောသုတ်သင်တော်မူကြ၏။
အရည်းကြီးတို့ လည်း လာဘ်လာဘဆုတ်ယုတ်၍
ရှင်အရဟံအား ရန်ငြိုးဖွဲ့ ကြကုန်၏။
မင်းကြီးသိတော်မူ၍ ကျောင်းဝေယျာဝစ္စ
ဆောင်ရွက်ရင်း အရည်းကြီးတို့ ရန်ကို ကာကွယ်ရန်
အစောင့်လူတစ်ရာ ထားလှူတော်မူ၏။ ရှင်အရဟံကား
ထိုလူများအား ရှင်ရဟန်းပြုပေး၍
ပရိယတ်စာပေ သင်ကြားပေးလေသည်။
သက္ကရာဇ် ၄၁၉ ခုနှစ် တစ်နေ့ သောအခါ
ရှင်အရဟံမထေ၏ တိုက်တွန်းချက်အရ
ဓါတ်တော် မွေတော်နှင့် ပိဋကများကို ပင့်ဆောင်ရန်
စကားချေငံသော အမတ်တို့ အား
လက်ဆောင်ပဏ္ဏာတို့ ဖြင့် သထုံပြည်
မနူဟာမင်းထံသို့  စေလွှတ်လိုက်၏။
မနူဟာမင်းက မိစ္ဆာဒိဋ္ဌိတို့ နှင့် တန်သလော ဟု ဆိုသဖြင့် ပြန်လာသံတော်ဦးတင်ကြရာ
မင်းကြီးအမျက်ဒေါသထွက်သဖြင့် ကြည်း၊ ရေ နှစ်တန်စစ်ခင်း၍ သထံသို့ စစ်ချီတော်မူလေသည်။ ကျန်စစ်သားစသော သူရဲကောင်းများပါသော်လည်း
မြို့ ကို မစီးနိုင်ဘဲရှိရာ ၀ိဇ္ဇာ မယိဒ္ဓိ ပယောဂနည်းဖြင့် ဆေးစီရင်၍ မြို့ ရိုးတွင် မြှုပ်နှံထားသော
ဗျတ်ဝိ၏ ပေါင် လက် တို့ ကို တူးဖော်ပစ်မှ ထိုးဖောက်အောင်နိုင်ကြလေတော့သည် ။
ပိဋက အစုံနှင့် ဓါတ်တော်မွေတော်များကို
ဆင်အစီးသုံးဆယ်နှင့်တင်၍ ပုဂံသို့ ပင့်ဆောင်ခဲ့၏။
ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ်လည်း
တစ်ထောင်ပါခဲ့လေသည်။ မနူဟာမင်းနှင့်
အတတ်ပညာသည် အချို့ လည်း ခေါ်ဆောင်ခဲ့၏။ ထိုပိဋကများသည် နောင်ကာလတွင်
သီဟိုဠ်မှ ရရှိသော ပိဋကတို့ နှင့် ရှင်အရဟံကိုယ်တိုင် တိုက်ဆိုင်တည်းဖြတ်ရာ မကွဲမလွဲအညီအညွတ်ပင် ရှိသည်ဟူ၏။
ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည်
ပုဂံပြည်ကြီး၌ ပွားစီးတိုးတက်၍
လာလေတော့၏။ အနော်ရထာမင်းကြီးလည်း
အရည်းကြီးတို့ ၏ မိစ္ဆာအမှောင်တွင်း၌
နေခဲ့ကြရရှာသော ဘေးလောင်းတော်၊
ဘိုးလောင်းတော်တို့ အား သတိရကြေကွဲကာ
ဝမ်းနည်းဝမ်းသာဖြင့် ' ပါရမီကုသိုလ် ရစေလို' ဟု
တ ဆိုမြည် တမ်းမိလေတော့၏။
(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်-ရဟန္တာနှင့်ပုဂ္ဂိုလ် ထူးများ မှ)

February 20, 2015

လေးစားထိုက်သူ



တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ ဗိဗ္ဗိသာရမင်းကြီးရဲ့ အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာ ဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ် တွေနှင့်တကွ မြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။

ထိုသောဏဒဏ္ဍပုဏ္ဏားဟာလည်း သူအမျိုးသူ့ဇာတ်မှာဆို အခြံအရံပရိတ်များနဲ့ အလေးဂရု အပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ မြတ်စွာဘုရားရှင်အား ခရီးကြိုဆိုကာ မြတ်စွာဘုရားရှင်နှင့် စကားဆို နုတ်ဆက်တဲ့ အချိန်ကြတော့ မြတ်စွာဘုရားရှင်က အသင်ပုဏ္ဏား ဘာများလျှောက်စရာ ရှိလည်းလို့ လမ်းဖွင့်ပေး လိုက်တော့

ဒီလူတွေဘုရား သူ့အနား ခြံရံကာ ပါလာတဲ့ သူတွေကို ညွှန်ပြကာ
လျှောက်ထားလေတော့သည်။ တပည့်တော် မြတ်စွာဘုရားရှင်ကို မသွားသင့်ဘူး ဟုပဲပြောကြပါတယ်။ မြတ်စွာဘုရားရှင် ဘာအကြောင်းကြောင့်လည်းလို့ ပြန်မေးတော့…
ဘာဖြစ် လို့မသွားသင့်သလဲဆိုရင် သောဏဒဏ္ဍပုဏ္ဏားဟာ

၁။ ရုပ်လည်းချောတယ်၊
၂။ ဗေဒင်သုံးပုံလည်းတက်တယ်၊
၃။ အမျိုးမြတ်တယ်၊
၎။ သီလလည်းရှိတယ်၊
၅။ ပညာလည်းတက်တယ်။

အရည်အချင်း(၅)ပါးရှိတဲ့ ဆရာပုဏ္ဏားကို ဘုရားဆီမသွားသင့်ဘူးတဲ့။
ဂေါတမဗုဒ္ဓဆီသွားရင် ကိုယ့်ဂုဏ်သိက္ခာ ကျကုန်မယ် အဲဒီလိုအမျိုးဇာတ်ကို ခွဲခြားပြီတော့ ဘုရားဆီမသွားနဲ့လို့ ၀ိုင်းတားတဲ့ကြားကနေ တပည့်တော် မြတ်စွာဘုရားရှင်ထံ အရောက်လာခဲ့တာပါဘုရား ။

အဲဒီလိုလျှောက်တော့ မြတ်စွာဘုရားရှင်က သင်ပုဏ္ဏား ပြောတဲ့ အချက်ငါးချက်ထဲက ပထမဆုံး ရုပ်ချောပါတယ်ဆိုတာကို ဖယ်ထုက်လိုက်တဲ့ ကျန်တဲ့ အင်္ဂါလေးချက်နှင့်ပြည့်စုံနေရင် မလေးစားထိုက် ဘူးလား၊ ပြောလိုက်တော့ လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက် သည်။ နံပါတ်သုံး အချက်ဖြစ်တဲ့ ဗေဒင်သုံးပုံ တာကိုရော ဖယ်ထားလိုက်ရင်။
လေးစားထိုက်သူဟု မဆိုထိုက်ဘူး လားလို့ မြတ်စွာဘုရားက မေးတော့၊
လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက်သည်။

အဲဒီလောက်အထိတော့ ပုဏ္ဏားနောက်ပါလာတဲ့ အခြံအရံပရိတ်သက်များက ဘာမှစောကဒ မပြကြသေးပေ။ နောက်အမျိုးမြတ်တာကိုရော ဖယ်ထားလိုက်မယ်ဆိုရင် လေးစားထိုက် သူမဟုတ်ဘူးလား ဆိုလိုက်တော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးဇာတ်ခွဲခြားမှုက ကြီးထွားနေတော့ စပ်စပ်ထိမခံနိုင်ကြတော့ပေ။ အဲဒီတော့မှ သောဏဒဏ္ဍ ပုဏ္ဏားက အမျိုးဇာတ်မြတ်ပေမယ့် သူများအသက် သတ်ဖြတ်နေရင် သားသတ်သမားဖြစ်နေမှာပေါ့။ သူများဥစ္စာခိုးနေမယ် သူများသားမယား ကျူးလွန်ဖျက်စီးနေမယ်ဆိုရင် အမျိုးမြတ်သူ
လေးစားထိုက်သူဟု မဆိုနိုင် ဘူး၊ ဒါ့ကြောင့် သီလနဲ့ ပညာသာအရေးကြီးဆုံးပါလို့ ရှင်းပြလိုက်တော့မှ အားလုံး စောဒက မတက်လာတော့ပေ။

ဒီနှစ်မျိုးထဲ ထပ်လျှော့လို့ရသေးလား လို့မေးလိုက်တော့၊

“မလျှော့နိုင်တော့ပါဘုရား သီလနဲ့သုတ်သင်မှ ပညာအရောင်တတ်ပါတယ်၊ ပညာနဲ့သုတ်သင်ပေးမှ သီလဖြူစင်ပါတယ် သီလရှိသူမှာ ပညာရှိနိုင်တယ်၊ ပညာရှိသူမှာ သီလရှိနိုင်တယ် သီလနဲ့ပညာဟာ လက်နှစ်ဖက် လိုပါပဲ တစ်ဖက်စင်ကြယ်မှ တစ်ဖက်က ဆေးကြောပေးနိုင်မှာပါ၊ သီလနဲ့ ပညာဟာ လောက မှာအမြတ်ဆုံးပါပဲ လို့ဖြေကြား လိုက်တော့”

မြတ်စွာဘုရား ရှင်က ဟုတ်တယ်ပုဏ္ဏားကြီး ဒီအတိုင်းမှန်တယ်လို့ ငါဘုရားလည်း ခံယူဟောကြားတယ်လို့ မိန့်တော်မူ လိုက်ပါတယ်။

လေးစားထိုက်သူဟူသည် ဘယ်လိုလူဖြစ်မလဲဆိုတာ အထက်ပါဇာတ်တော်ကို ဖက်ရှု့သော အားဖြင့် သိမြင်လောက်ပါတယ်။ စာရှုသူတို့ဝန်းကျင်တွင် တွေ့မြင်နေရသော လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကား အဘယ်စံချိန်ဖြင့် တိုင်းတာသတ်မှတ်ထားပါသနည်း၊ သူ့နေရာဒေသနှင့်သူတော့ မိမိဉာဏ်မှီသလောက် တိုင်းတာစံထားနေကြမည်။ မိမိတို့နှိုင်းယှဉ်ထားသည့် လေးစားထိုက် သူကိုလည်း အပြစ်မဆိုလိုပါ။ မိမိတို့နှိုင်းချိန်သည့် စံကား တို့သူပိုင်သည့် စီးစိမ်ဖြင့်လား၊ ဆွေမျိုးများခြင်းဟူသော အမျိုးဂုဏ်ကြောင့်လား၊ ရာထူးအာဏာကြောင့်လား၊ ဆန်းစစ်ဖို့ လိုသည်။

မြတ်စွာဘုရားရှင်ကတော့ သီလနှင့်ပညာ ထိုသူ့ထံ၌ (Balance) ချိန်ခွင်လျှာကဲ့သို့ ညီမျှနေရမည်၊ ထိုသူကိုသာ လေးစားထိုက်သူဟု ဟောကြားတော်မူခဲ့သည်။

ထို့ကြောင့် မိမိမှာရှိနေသည့် လေးစားထိုက်သည့် ဂုဏ်သည် အဘယ်အချက်လက်များ ကြောင့်ပါလဲ၊ မှားနေသလား မှန်သလားဆိုတာ ပြန်လည်ဆန်းစစ် ဖို့လိုပေသည်။ လေးစား ထိုက်သူ မဖြစ်သေးသော် လည်း ဖြစ်နိုင်သောနည်းလမ်းများ ဘုရားရှင် ဟောကြားတော်မူခဲ့ သည်ကိုလေးစားလိုက် နာနိုင်ကြ ပြီး လေးစားထိုက်သူဖြစ်အောင် ကျင့်ဆောင်နိုင်ကြပါစေ။

သီလက္ခန္ဓ၀ဂ္ဂ သောဏဒဏ္ဍသုတ်

ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည် မှကူးယူဖော်ပြပါသည်