November 23, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာနုပဿနာ (၂) တဏှာသင်္ခယသုတ် တရားတော်

ဒကာ ဒကာမတို့ တရားနာကြတယ်ဆိုတဲ့ဥစ္စာ ဘယ်အကျိုးငှာ တရားနာကြသတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒုက္ခ
ခပ်သိမ်းကင်းငြိမ်းဖို့ တရားနာတယ်လို့ စိတ်ထဲကမှတ်ရမယ်၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ နားကြတယ်ဆိုလို့ရှိ
ရင်ဖြင့်တဲ့ ဝိဝဋကုသိုလ် ဖြစ်ပါတယ်၊ ဒုက္ခသစ္စာ ဘယ်ကလာပါလိမ့် ဘုံဘဝလိုချင်တဲ့ တဏှာကလာတယ်၊
ဒီတဏှာတွေကို သတ်ဖို့ရာအရေး ဒကာ ဒကာမ နည်းနာယူတာသည် တရားနာတာ အစစ်လို့မှတ်ပါ၊ တဏှာ
လောဘ အမြစ်အရင်းရှာလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် မိမိခန္ဓာမှာနေတယ်လို့မှတ်ပါ၊ ဒုက္ခသစ္စာ ဘယ်ကလာ
သတုန်း (သမုဒယသစ္စာကလာပါတယ်ဘုရား)၊ တဏှာသမုဒယကလာတယ်၊ ဒကာ ဒကာမတို့ တဏှာဟာ
ဝေဒနာသုံးပါးကြောင့်ဖြစ်တယ်၊ တဏှာ သမုဒယက ဘယ်ကလာသတုံးမေးရင်း (ဝေဒနာကလာပါတယ်
ဘုရား)၊ ခန္ဓာငါးပါးရှိရာတွင် ဘယ်ခန္ဓာကလာသတုံးမေးရင်တော့ (ဝေဒနာက္ခန္ဓာကလာပါတယ်ဘုရား)၊
တဏှာကိုသတ်ချင်ရင် တဏှာကို မသတ်နဲ့ ဝေဒနာကိုသတ်ပါ၊ တဏှာသေချင်ရင် ဝေဒနာကို ရှုပါ တဏှာ
၏ ရေသောက်မြစ်ဟာ ဝေဒနာပါကလားဆိုတာပေါ်တယ်။
         ဝေဒနာဖြစ် ပျက်မြင်လို့ရှိရင် တဏှာပြတ်သွားတယ်၊ ဒါကြောင့် ဒကာ ဒကာမတွေ ဝေဒနာကို ဖြစ်ပျက်
မြင်မှ (ဝါ) ခယဝယမြင်မှ ကုန်တာ၊ ပျောက်တာမြင်မှ တဏှာသေတယ်လို့ မှတ်လိုက်စမ်းပါ၊ ဝေဒနာနဲ့ စိတ်
နဲ့ဟာ တပြိုင်နက်ဖြစ်တယ်၊ နည်းမရလဲ မရှိကြပါစေနဲ့  စိတ်ရှုလဲ ဝေဒနာပါတာပဲ၊ ဝေဒနာရှုလည်းစိတ်ပါတာ
ပဲ၊ ကိုယ်၏ချမ်းသာခြင်းလဲ (သုခဝေဒနာ)၊ စိတ်၏ချမ်းသာခြင်းလဲ (သုခဝေဒနာပါဘုရား)၊ ကိုယ်၏ချမ်းသာ
ခြင်းက ကိုယ်ပေါ်မှာပေါ်သနော်၊ စိတ်၏ ချမ်းသာခြင်းက (စိတ်မှာပေါ်ပါတယ်)၊ ဘုရားက သိကြား

တိမ်ဖုံးပါလို့ လမသာ

တိမ်ဖုံးပါလို့ လမသာ
လပြည့်ညလေး ကိုယ့်အတွေး
ညစဉ် ညတိုင်း အမှောင်အတိကျနေတဲ့ လောကကြီးကို အလင်းပေးနေတဲ့အထဲမှာ ဟိုး...မိုးပေါ်က လမင်းကြီး ကို မေ့ထားလို့ မဖြစ်နိုင်ပါဘူးနော် ၊ ကမ္ဘာမြေပြင်ရဲ့ ဟို... အဝေးကြီးကနေ မြေကမ္ဘာမှ သက်ရှိ သက်မဲ့ များစွာကို အလင်းရောင်းပေးနေတဲ့ ဒီ လမင်းကြီးဟာ မျက်နှာကြီးငယ် မရွေးချယ်ပဲ အေးမြ ပြီး လှပတဲ့ အလင်းရောင်တွေ နဲ့ ကျေးဇူးပြု ပေးနေတာကြောင့် မြေကမ္ဘာကြီးဟာ ညအခါမှာပင် လှချင်တိုင်း လှနေလေ့ ရှိပါတော့တယ် .
ဒီ လမင်းကြီးဟာ လတစ်လရဲ့ လဆန်းပက္ခ ရောက်ခဲ့လေတိုင်း ထွက်ပေါ်လာလေ့ရှိပေမဲ့လဲ သူ့ထက် အလင်းအင်အား လွန်စွာ ကြီးမားတဲ့ နေမင်းကြီးထွက်ပေါ်လာတဲ့အခါ ဘယ်ဆီများ သွားပုံးကွယ်နေရတယ် မသိပါဘူး ။ ဒါပေမဲ့ ည ဘက်ဆီသို့ တစ်ကြော့လည်လာလေတိုင်း ပြန်လည်ထွက်ပေါ်လာပြန်ရော.. ဒီလို နေ့ညလည်ပတ်ရင်း လမင်းကြီးဟာ တစ်လမှာ တစ်ခါ တော့ အပြည့်အဝ အလင်းပေးခွင့် ရလေ့ရှိပါတယ်။ အဲဒီလို လမင်းကြီးရဲ့ အလင်းကို အပြည့်အဝ ခံယူခွင့်ရတဲ့ ညလေးမို့ လပြည့်ညလို့ ဆိုကြလေသလားလို့ အပေါ်ယံအတွေးနဲ့ နားလည်ခဲ့ဖူးပေမဲ့ နောက်ဝယ်မှာ ဖုံးကွယ်နေတဲ့ အဓိပ္ပါယ်များကိုတော့ တစ်ခါမှ တွေးမကြည့်ခဲ့မိဘူးပါဘူး
တကယ်တော့ လ ဆိုတာ သေးရာမှနေ တစ်ဖြေးဖြေး ကြီးလာ ပြည့်လာပြီး လပြည့်ရက်/ည ရယ်လို့ ဖြစ်လာခဲ့ပေမဲ့ ပြည့်ပြီးနောက်ဝယ်တော့ ပြန်လည်သေးငယ်သွားကာ လကွယ်ရက်/ည ဆိုတာဆီ ဦးတည်နေပြန်ရတယ်ဆိုတာ ခုတော့ တွေးမိလို့ လာပါပြီ ။ ဒီအတွေးတွေနဲ့ အတူ မိမိရဲ့ ဘဝ ဖြစ်တည်မှုလေးတွေနဲ့ နှိုင်းကာ ဆကြည့်တော့ ၊ အော် ....ဒါလဲလေ ဒို့တစ်တွေကို သတိသံဝေ ချွေနေတာပါလားလို့ ခုညမှာတော့ အတွေးရခဲ့ပါတယ်
လ လျှင် ပြည့်ကွယ် ကြီး၍ငယ် သို့
လလျှင်ပြည့်ကွယ် ၊ ကြီး၍ ငယ်သို့ ၊ထို့နှယ်မလွဲ ၊လူခပဲ လည်း ၊ အမြဲ ချမ်းသာ မရှိရာဘူး...တဲ့ စာသင်သားဘဝက ကျက်ခဲ့ဘူးတဲ့ စာပိုဒ်လေးပေါ့ ..တကယ်တော့ လမင်းကြီးဟာ သေးရာ ကနေ ကြီးလာခြင်းပါ ၊ ကြီးလာ ပြည့်လာပြီးတော့လဲ အမြဲ တည်မနေပဲ တစ်ဖြည်းဖြည်း ပြန်လည်သေးငယ်ရာမှ ပျောက်ကွယ်သွားရ ပြန်တယ်နော် ။
ဒီလိုပဲ ထင်ပါရဲ့ ..လူဆိုတာလဲ မွေးလာ ပြီး ကြီးလာရပေမဲ့ ပုခက်နှင့် ဝေးလေလေ အခေါင်းနဲ့ နီးလေလေမို့ ကြီးလာတာနဲ့အမျှ လူ့လောက ကနေ ပြန်လည်ပျေက်ကွယ်ဖို့ နီးလာရပြန်ပါတယ် ။ အောင်မြင်မှု သရဖူတွေ အလီလီဆောင်းလို့ ဂုဏ်ပေါင်းစုံနဲ့ ပြည့်စုံလှပါတယ်ဆိုတဲ့ သူတွေမှာလဲ အသက်အရွယ် ကြီးလာတာနဲ့ အမျှ ဂုဏ်ပကာသနတွေကို ခဝါချလို

November 16, 2013

* အရှင်နန္ဒာဘိဝံသ၏ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှု။

နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်=="သမ္မာဝါစာ"=စကားအပြောကို
ထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ  အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲ
ပြောရမယ်။ ။"သမ္မာကမ္မန္တ"=အပြစ်ရှိတဲ့ အလုပ်ကနေ ရှောင်ကြဉ်ပြီး အပြစ်ကင်းတဲ့
အလုပ်မျိုးကို လုပ်ရမယ်။ "သမ္မာအာဇီဝ"=အပြစ်ရှိတဲ့ အသက်မွေးမှုမျိုးကို မမွေးဘဲ၊
အပြစ်ကင်းတဲ့ အသက်မွေးမှုကို မွေးရမယ်။ ဒါဟာအခြေခံ သီလပိုင်းဆိုပြီး မြတ်စွာ
ဘုရား ဟောတော်မူတယ်။
      သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါလုပ်ထားတာတွေ အကုန် အကောင်းတွေ
ချည်းပဲ ဆိုပြီး တွေးလိုက်ရင် ၀မ်းသာရတယ်။ ၀မ်းသာတယ်ဆိုတာ "ပါမောဇ္ဖ"ပဲ။
ဝမ်းသာတော့ ကြည်နူးပီတိ ဖြစ်တယ်။ ကြည်နူးမှု ပီတိဖြစ်လာရင် "ပဿဒ္ဓိ" ငြိမ်း
ချမ်းလာတယ်။ ငြိမ်းချမ်းရင် "သုခ" စိတ်ကလေး အေးပြီး ချမ်းသာတယ်။ စိတ်အေး
ပြီး ငြိမ်းချမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ "သမာဓိ" ဆိုတာ ဖြစ်လာတာပဲ။ သမာဓိ
ဖြစ်လာပြီဆိုရင် "ယထာဘူတဥာ

သာမညဖလ အခါတော်နေ့(တန်ဆောင်မုန်းလပြည့်နေ့)။

  ဂေါတမမြတ်စွာဘုရားက အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမည
ဖလသုတ္တန် တရားတော် ဟောကြားတော်မူသည်ကို အကြောင်းပြု၍ သာမညဖလ အခါတော်နေ့
ဟု ခေါ်တွင်ကြပါသည်။
         သာမညဖလ ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးဟု အဓိပ္ပါယ် ရပါသည်။ ရဟန်းပြုခြင်း၏
အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်းဆောင်မုန်းလပြည့်နေ့ကို သံဃာတော်နေ့များဟု ခေါ်ဆို
နိုင်ပါသည်။ သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။ သာမ
ညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလ
ရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။
         သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေ
သော ဆရာသမားများ၏ ကျင့်ကြံနေထိုင်မှု ဟုတ် မဟုတ၊် မှန် မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်
ကြည့်နိုင်ပါသည်။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်
ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်

မိုးကုတ်ဆရားတော်ဘုရားကြီး၏ သြဝါဒအချို

၁။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာ မှတ်။
ဖြစ်ပျက်မှုတွင် ဥာဏ်သက်ဝင် ခင်မင် သမုဒ္ဒယမှတ်။
ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်။
ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင် သိမြင် မဂ် ဟုမှတ်။
၂။ ယုံကြည် ကျန်းမာ စိတ်ဖြောင့်စွာနှင့် လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို ဖြစ်ချုပ် ဥာဏ် မြင် ဤငါးအင် အမှန်ပင် မဂ် ရကြောင်း။
၃။ မစွန့်ကာမ ဆရာမရှိ ဝီရိယလျှော့ အားအင်ပျော့ကာ လွန်စွာယူမှား ဤငါးပါး တရား မဂ်ဖိုလ်ဝေးကြောင်းတည်း။
၎။ သူတော်ဆည်းကပ် မြတ်တရားနာ လျှော်စွာအကျင့် မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
၅။ ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။
၆။ ရခဲတဲ့ ဘဝ လေးမှာ အလကားအချိန်တွေ မဖြုန်းလိုက်နဲ့။
၇။နားကတရားကိုနာ ဥာဏ်က ခန္ဓာလှည့်။
၈။တရားနာခြင်းနှင့်တရားအားထုတ်ခြင်းသည်ပင်လျှင် မိမိအရေး၊နားကြီးကြီးနဲ့တရားကိုနာပါ။
၉။ ဝိပဿနာအားမထု

November 11, 2013

သီဟဗာဟု


သီဟဗာဟု
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။
ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။

ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။

မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေ

အရှင်နန္ဒမာလာဘိဝံသ ဆရာတော် မောဟ အကြောင်း...

လောဘ ဖြစ်တာလဲ လှုတွေကပြောတတ်ကြတယ် ဒေါသ ဖြစ်တာလဲလှုတွေကပြောတတ်ကြတယ်။ မောဟ ဖြစ်တာကျတော ဘယ်လိုပြောမှာလဲ မောဟ ဖြစ်တာကျတော လုပ်သင့်တာကိုမလုပ်သင့်ဘှုးလိုထင်တယ် မလုပ်သင့်တာကို လုပ်သင့်တယ်လိုထင်တယ် အမှားကိုအမှန်ထင်နေတယ် အမှန်ကိုအမှားထင်နေတယ် မောဟ ရဲ့သဘောက အဲဒီလို...မောဟ ကမသိတာမဟုတ်ဘှုး အမှန်ကိုမသိတာ မောဟ လိုခေါ်ပါတယ်..မသိတာမဟုတ်ဘှုးသိတယ် သိတာ အမှားကိုသိတာ အမှန်မသိဘဲနဲ အမှားသိနေတာ မောဟ ဘဲဒါကိုတွေးဝေတဲတယ်လိုပြောတာ အမှန်မသိဘဲ အမှားသိနေတာ မောဟ။။။
သိုသော် မသိဘှုးဆိုတာ အကုန်မသိတာမဟုတ်ဘှုး သဘာဝ အစစ်အမှန်ကိုမသိတာ ..
တခြားဟာကိုသှုကသိနေတယ် ....တလွဲသိနေတယ်လိုပြောရတယ်။ကဲ အဲဒီ မောဟ လေးဖြစ်လာပြီဆိုလိုရှိရင် အကုသိုလ်စိတ်အားလုံးနဲ့ သှုယှဉ်တယ်..
အကုသိုလ်စိတ် အားလုံးနဲ့ယှဉ်နေတဲ့ အခါကျတော တွေးဝေတဲ့ စိတ်ပေါ်လာပြီ ဆိုတဲ့အခါမှာ လောဘ နဲယှဉ်တွဲပြီ ပေါ်လာတဲ့အခါမှာ သှုရဲ့သတ္တိတွေကနောက်

November 9, 2013

သိဒ္ဓတ္ထမင်းသား လူ့စည်းစိမ်ကိုစွန့်ခွါ၍ တောထွက်တော်မူခြင်း။

  ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုရားအလောင်းတော် ကပိလ၀တ်ပြည် သုဒ္ဓေါဓနမင်းမြတ်၏သားတော်
သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီး
လျှင် မင်းသမီးပေါင်းလေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစား
တော် မူပါတယ်။
         အဲဒီလို ကာမဂုဏ်အာရုံများဖြင့် ပျော်မွေ့နေစဉ် တစ်နေ့သောအခါ ဥယျာဉ်တော်သို့ အခြွေအ
ရံများနှင့်တကွ ပျော်ပွဲစားထွက်တော် မူပါတယ်။ အဲဒီအခါ လမ်းခုလပ်မှာ သူအိုကို တွေ့မြင်ရတာနဲ့
သံဝေဂဖြစ်ပြီး အဲဒီအရပ်မှပဲ ပြန်လှည့်လာခဲ့ပါတယ်။ နောက်တစ်ကြိမ်ထွက်တဲ့အခါလည်း သူနာကို
တွေ့မြင်ရပါတယ်။ နောက်တစ်ကြိမ်မှာ သူသေကို တွေ့မြင်ရပါတယ်။ အဲဒီလို တွေ့မြင်ရတဲ့ အခါများ
မှာလည်း သံဝေဂဖြစ်ပြီး အဲဒီအရပ်မှပဲ ပြန်လှည့်လာခဲ့ပါတယ်။
         ဘုရားအလောင်းတော်ဟာ စတုတ္ထအကြိမ် ဥယျာဉ်တော်သို့ ထွက်တဲ့အခါမှာ ရဟန်းကိုတွေ့
မြင်ရပါတယ်။ အဲဒီရဟန်းထံမှ ရဟန်းပြုပြီး ကုသိုလ်တရားရှာနေတဲ့အကြောင်းကို ကြားရတဲ့အခါမှာ
လူ့ဘောင်မှထွက်၍ ရဟန်းပြုပြီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ တရားကိုရှာဖို့ ကောင်းမြတ်
တဲ့အကြံအစဉ် ဖြစ်ပေါ်လာပါတယ်။ မအို၊ မ

ရဟန္တာများဟာ လောကီရေးရာတို့ကို လေ့လာလိုက်စား ပြုလုပ်ကြသေးသလား

ဒကာ။           ။ အာသဝေါကင်းကွာတဲ့ ရဟန္တာအရှင်မြတ်များဟာ လောကီရေးရာဖြစ်တဲ့ လုပ်ငန်းရပ် အမျိုးမျိုးတွေထဲမှာ ၀င်တိုးလုပ်ကိုင် ပြိုင်ဆိုင်လုယူခြင်းများ ရှိပါသေးသလား ဆရာတော်။
          ဆရာ။           ။ သည်အမေးပုစ္ဆာက ရဟန္တာအရှင်မြတ်ကြီး ဖြစ်နေလို့ အရာကျယ်လှတယ်၊ ပုစ္ဆာဆိုတာ စိတ်ကူးစိတ်သန်းနဲ့ မှန်းဆ မေးတာမျိုးလည်းရှိတယ်၊ အဟုတ်တကယ်ဖြစ်ပုံကို မျက်မြင်တွေ့ကြုံဖူးလို့ မေးတာမျိုးလည်းရှိတယ်၊ ဒကာကြီးတို့အမေးက ကိုယ်တွေ့ မျက်မြင်လား၊ စိတ်ကူးယဉ် ပုစ္ဆာလား။
          ဒကာ။           ။ ဒါကတော့ ကိုယ်တွေ့ဒိဋ္ဌကို ထုတ်ဆောင်မေးတာပါ ဆရာတော်၊ တပည့်တော်များ ကိုးကွယ်ဆည်းကပ်နေတဲ့ ကျောင်းတိုက်ကြီးတခုမှာ ပုဂ္ဂိုလ်တပါးက သူဟာ အာသဝေါကုန်ခန်း ရဟန်းကိစ္စပြီးပြီဆိုတဲ့ သတင်းစကားတွေ ကြားသိရလို့ ဒကာများက သွားရောက်ဆွေးနွေးမေးမြန်းကြရာ အရဟတ္တဖိုလ်ရောက်ပြီးကြောင်း ကိုယ်တိုင်ဝန်ခံချက်အရ သူ၏ရုပ်ပုံနှင့်တကွ သတင်းစာက လူသိနတ်ကြား ရေးသားချီးကျူး သတင်းတွေထည့်ပေးလိုက်လို့ ကျော်ကြားထင်ရှားကာ ဒကာ, ဒကာမတွေ ၀ိုင်းဝိုင်းလည် ပူဇော်အထူးကို ခံယူတော်မူနေတဲ့ ရဟန္တာအရှင်မြတ်ကြီးက ဒကာကြီးတို့ စီးပွားရေး အရောင်းအ၀ယ်များကော ကောင်းကြရဲ့လား၊ အခု ဘာတွေရောင်းဝယ် နေကြသလဲ၊ ဘယ်ကုန်တွေတော့ ရောင်းသွက်တယ် ကြားရတယ်၊ တိုင်းရေးပြည်ရေးကကော ဘယ်လိုလဲ၊ ဘယ်သူ့ကို ဖမ်းသွားတယ်ဆိုတာ ဟုတ်သလား၊ အထူးသတင်းလေးများရှိရင် ပြောပြပါဦး စတဲ့ လူမှုရေးရာ လောကီအလုပ်နဲ့သာ ၀င်ရောက်ရှုပ်ထွေးနေလို့ တရားစွဲခံရ၊ လူရုံးတွေ ရောက်လာတာကို ဒကာကြီး ကိုယ်တွေ့မို့ မေးရတာပါ ဘုရား။
          ဒါ့ကြောင့် စာပေ မသိမတတ်သေးတဲ့ ဒကာကြီးတို့လို လူသားများ၏ အကျိုးတရားကို ငဲ့ညှာသနားသဖြင့် ရဟန္တာအစစ် ဖြစ်သူများဟာ မိမိကိုယ်ကို လူသိရှင်ကြား ရဟန္တာပါလို့ သတင်းစာထဲက ကြေညာခြင်း၊ ပုထုဇဉ်တို့လုပ်ငန်းထဲပါဝင် ရောစွက်လုပ်ကိုင်ခြင်းတို့ ပြုကောင်း, မကောင်းများကို ယထာဓမ္မကျကျ ဒကာကြီးတို့ နားလည်ေ

November 1, 2013

ဘီလူးအဆွဲခံရသော သူငယ်နဲ့ နမောဗုဒ္ဓဿ။

မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ရာဇဂြိုလ်မြို့ကြီး၌ သမ္မာဒိဌိ  အယူရှိ
သူ၏ သားနှင့် မိစ္ဆာဒိဌိ အယူရှိသူ၏သား သူငယ်ချင်းနှစ်ယောက်တို့သည် ခုံညင်းကစားကြရာ
သမ္မာဒိဌိသူငယ်က “နမောဗုဒ္ဓဿ” ဟု ဆို၍ ခုံညင်းပစ်၏။ အမြဲတမ်းနိုင်၏။ ထိုအခါ မိစ္ဆာဒိဌိ
သူငယ်က ဤသူသည် “နမော ဗုဒ္ဓဿ” ဟု ဆို၍ ကစားလျှင် အမြဲနိုင်သည်ဟု မှတ်သား၍
သူလည်း “နမော ဗုဒ္ဓဿ” ရအောင် လေ့ကျက်သင်ကြားထား၏။
         တနေ့တွင် မိစ္ဆာဒိဌိသူငယ်၏ဖခင် တောသို့ ထင်းခုတ်သွားရာ သားငယ်ကိုပါ ခေါ်သွား
၏။ ထင်းခုတ်ပြီးပြန်အလာ မြို့ပြင်သုသာန်အနီးတွင် ရေမိုးကောင်း၍ လှည်းဖြုတ်၊ ထမင်းစား၊
အပန်းဖြေ၏။ ဖြေလွှတ်ထားသော နွားတို့သည် ညနေတွင် မြို့တွင်းဝင်သည့် နွားများနှင့်အတူ
ရောဝင် လိုက်ပါသွားကြ၏။
         သူငယ်၏ ဖခင်သည် နွားပျောက်ရှာရင်း သူ့နွားများ မြို့တွင်းသို့ ရောပါသွားသည် ဟု
သတင်းရ၍ မြို့တွင်းသို့ သွားရောက်ရှာဖွေတွေ့ရှိသော နွားတို့ကို ဆွဲယူပြီး ပြန်လာရာ  မြို့တံ
ခါး ပိတ်ထားပြီ ဖြစ်သောကြောင့် မြို့ပြင်သို့ ထွက်ခွင့်မရတော့ပေ။
         သားငယ်သည် တစ်ယောက်ထီးတည်း သုသာန်၏အနီးဝယ် ညဥ့်အမှောင်ရောက်လျှင်
လှည်းအောက်သို့ ၀င်ရောက် အိပ်ပျော်သွား၏။ ညဥ့်နက်လျှင် အစာရှာ ဘီလူးနှစ်ဦးတို့သည်
အိပ်ပျော်နေသောသူငယ်ကို တွေ့၏။
         သမ္မာဒိဌိဘီလူးက တားမြစ်ပါသော်လည်း မရဘဲ မိစ္ဆာဒိဌိဘီလူးက စားဖို့ရန် သူငယ်၏
ခြေကို ကိုင်၍ ဆွဲယူ၏။ ထိုအခါ သူငယ်သည် သင်ကြားထားသော လေ့ကျင့်မှုအရ “နမော
ဗုဒ္ဓဿ” ဟု ယောင်ရမ်း ရွတ်ဆိုလိုက်၏။
         ထိုအခါ မိစ္ဆာဒိဌိဘီလူးကို

ဝေဘူဆရာတော်ဘုရားကြီးဆုံးမစကား...။


အချိန်……..တစ်ခု
အလုပ်……နှစ်ခု
အကျိုး……များစွာ
ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား။ ထွက်လေ၀င်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိရှိနေတာ။ ဘုရားဆုံးမတဲ့အတိုင်း ရုပ်ပေါ် နာမ်ပေါ်ထားရတာ ပင်ပန်း သလား၊ ပိုက်ဆံကော ကုန်သလား၊ ငှားရ ချေးရသေးသလား။


အချိန်ကော ကုန်သလား။ တစ်ပါးသူကော သိသလား။ ထားတာက ၀ီရိယ၊ ထားတဲ့အတိုင်း နေတာ ၀ီရိယဒ္ဓိပါဒ်၊ အခုထား အခုနေ အခုပစ္စုပ္ပန် ချမ်းသာ။ ဒီချမ်းသာ ဆိုက်လောတော့ ၀ီရိယ အရှင်သခင်သိတယ်။ သူများသွားမေးစရာမလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား။ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။
ဒီသူတော်ကောင်းထံမှ ချမ်းသာကို ယူမယ်ဆိုပြီး အနိုင်ထက်လုယူလို့ကော ရနိုင်ပါ့မလား။ မြင့်မြတ်လိုက်တာဗျာ။ဘယ်