September 3, 2019

ကုန်သည်ချင်းတူပါလျက် ဘာကြောင့်အကျိုးပေးကွာရပါသနည်း

အခါတပါး၌ အရှင်သာရိ ပုတ္တရာ သည် မြတ်စွာဘုရား အား ဤသို့ မေးေ လျှာက် လေ၏။

( ၁ ) မြတ်စွာဘုရား ဤလောက ၌ အချို့ သောသူ၏ ကြိုးစား အားထုတ် ပြု လုပ် အပ်သော ကုန်သွယ်မှု သည် အခြား သူတို့၏ ကုန်သွယ်မှု နှင့် ကုန် သွယ် မှု ချင်း တူမျှသည် သာ ဖြစ်ပါလျက် ရှုံး၏၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ်အကြောင်း ကြောင့် ပါနည်း။

( ၂ ) အချို့သောသူ၏ ကြိုးစား အားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှု သည် အခြားသူ တို့၏ ကုန်သွယ်မှု နှင့် ကုန်သွယ်မှု ချင်း တူမျှ သည်သာ ဖြစ် ပါလျက် ရည်မှန်း သလောက် မရ၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ် အကြောင်း ကြောင့် ပါနည်း။

( ၃ ) အချို့သော သူ၏ ကြိုးစား အားထုတ် ပြုလုပ် အပ်သော ကုန်သွယ်မှု သည် အခြား သူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှု ချင်း တူမျှ သည်သာ ဖြစ် ပါလျက် ရည်မှန်းသည့် အတိုင်း ရ၏၊ ယင်းသို့ ဖြစ်ခြင်းကား အဘယ် အကြောင်းကြောင့်ပါနည်း။

( ၄ ) အချို့သော သူ၏ ကြိုးစား အားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှု သည် အခြားသူ တို့၏ ကုန်သွယ်မှု နှင့် ကုန်သွယ်မှု ချင်း တူမျှသည် သာ ဖြစ်ပါလျက် ရည်မှန်း သည် ထက် ပို၍ ရ၏၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ် အကြောင်း ကြောင့်ပါနည်း။

ထိုအခါ မြတ်စွာ ဘုရား က ဤသို့ ဖြေကြား မိန့်တော်မူ လေ၏။

( ၁ ) သာရိပုတ္တရာ၊ အချို့သော သူသည် ရဟန်း ပုဏ္ဏား တို့အား “အရှင် ဘုရား၊ အလိုရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ထိုပစ္စည်း ကို မလှူဒါန်း ချေ၊ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤဘဝ သို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ် သော အခါ ရှုံးရ၏။

( ၂ ) အချို့သော သူသည် ရဟန်း ပုဏ္ဏားတို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ရည်မှန်းထား သည့် အတိုင်း မပေးလှူ ဘဲ နည်းနည်း သာ ပေးလှူ၏၊ ထိုသူသည် ထိုဘဝ မှ စုတေ၍ ဤဘဝ သို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ် သော အခါ ရည်မှန်း သလောက် မရ။

( ၃ ) အချို့သော သူသည် ရဟန်း ပုဏ္ဏား တို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြားပြီး ရည်မှန်း ထားသည့် အ တိုင်း ပေးလှူ၏၊ ထိုသူသည် ထိုဘဝ မှ စုတေ၍ ဤဘဝ သို့ ရောက်လာပြီး ကုန်သွယ် မှု ပြုလုပ် သော အခါ ရည်မှန်း သည့် အတိုင်း ရ၏။

( ၄ ) အချို့သော သူသည် ရဟန်း ပုဏ္ဏားတို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ရည်မှန်း ထားသည် ထက် ပို၍ ပေးလှူ ၏၊ ထိုသူသည် ထိုဘဝမှ စုတေ၍ ဤ ဘဝသို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ်သော အခါ ရည်မှန်း သည် ထက် ပို၍ ရ၏။

သာရိပုတ္တရာ၊ ဤသည် လျှင် ကုန်သွယ်မှု ချင်း တူမျှ သည် သာ ဖြစ်လျက် ရှုံးခြင်း၊ ရည်မှန်း သလောက် မရခြင်း၊ ရည်မှန်း သလောက် ရခြင်း၊ ရည်မှန်း သည် ထက် ရခြင်း ၏ အကြောင်း ပေ တည်း။

အံ-စတုက္က၊ ဒု-ပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ ၉-ဝဏိဇ္ဇသုတ်။

အမှိုက်မပြစ်ကြပါနဲ့

ခန္ဓာငါးပါးက ရေကန်နှင့်တူတယ် မြင်ခန္ဓာ ကြားခန္ဓာ နံခန္ဓာ စားခန္ဓာ ထိခန္ဓာ တွေးခန္ဓာ တွေကလည်း ရေကန်တွေပါပဲ

အဲ့ဒီ ရေကန်တွေထဲကို လူတွေက အမှိုက်တွေ ချကျတယ်
ဘာအမှိုက်တွေလည်းဆိုတော့ လောဘ ဒေါသ မောဟဆို
သော အမှိုက်တွေ ဒီအခါ ကန်ထဲက ရေတွေ နောက်လာလို့
အသုံးချ၍ မရတော့ပါ

လောကမှာ လူတွေ အသုံးပြုနေတဲ့ ရေကန်တွေထဲ အမှိုက်တွေချတဲ့အခါ အမှိုက်တွေကြောင့် ကန်ထဲကရေတွေ ညစ်နွမ်းလာလို့ အသုံးပြု၍ မရတော့ဘူး အမှိုက်တွေက ရေကိုပျက်စီးစေတယ်

လောကမှာ လူတွေ အို နာ သေနှင့်ကြုံ သံသရာတွေလည်ပြီး
ဒုက္ခတွေ ရောက်နေရတာ လောဘ ဒေါသ မောဟ တွေကလုပ်နေတာ ဒီလောဘ ဒေါသ မောဟ တွေကအမှိုက်တွေနဲ့တူပါတယ် လူတွေက လောဘ ဒေါသ မောဟဆိုသော အမှိုက်တွေ ဘယ်ကို ချနေသလည်းဆိုရင် ခန္ဓာရေကန်ထဲကို ချနေကျတယ်

ခန္ဓာကို သဘောကျရင် လောဘ
ခန္ဓာကို သဘောမကျရင် ဒေါသ
ခန္ဓာပေါ်တာ မသိရင် မောဟ

မြင်ခန္ဓာ ရေကန်ထဲကို လောဘ ဒေါသ မောဟ အမှိုက်တွေချတယ် ဒီအခါ ရေကန်ထဲက ရေတွေ ပျက်စီးလို့ သုံးမရတော့ဘူး

ဒါကြောင့် လောဘ ဒေါသ မောဟ အမှိုက်တွေ မချမိအောင် သတိထားပါ ဉာဏ်ကလေးနှင့်ပေါ့ ခန္ဓာတွေ ပေါ်တိုင်း ပေါ်တိုင်း ခန္ဓာနောက်က ဉာဏ်လိုက်ပေးပါ ဒီလို ဉာဏ်လိုက်နေရင် တဏှာ ဥပါဒါန် ကံတွေ မလိုက်တော့လို့ သမုဒယ အမှိုက်တွေ မချဖြစ်တော့ဘူး

ခန္ဓာ အားလုံးဟာ ဖြစ်ပြီးပျက်နေတာကို ခန္ဓာဉာဏ်ရောက်မြင်တော့ မိမိစိတ်မှာ ဉာဏ်ပေါ်လို့ လောဘ ဒေါသ မောဟတွေမဖြစ်တဲ့အခါ လောဘ ဒေါသ မောဟ အမှိုက်တွေ မချဖြစ်တော့ဘူး

ဒါကြောင့် ဗုဒ္ဓက ခန္ဓာဆိုသော ရေကန်ကြည်လင်နေအောင်
ခန္ဓာတွေ ပေါ်တိုင်း ပေါ်တိုင်း သိပေးပါ နောက် ဖြစ်ပြီးတော့
ပျက်နေတာကို မြင်အောင် ဉာဏ်နှင့်ကြည့်ပေးပါဆိုပြီး ဟော
ကြားတော်မူပါတယ်။

ကိုယ်တွင်းတိုက်ပွဲအောင်နိုင်သူ



သာဝတ္ထိမြို့တော်မှ ပုဏ္ဏားလင်မယားနှစ်ယောက်သည် အလွန်ဆင်းရဲ၏။ ခါးဝတ်ပုဆိုး တထည်စီသာရှိပြီး အပေါ်ရုံပုဆိုးကား တထည်သာရှိသည်။ အပြင်သွားရန်ရှိလျှင် တလှည့်စီ ၀တ်ရုံပြီး သွးရ၏။ ဇေတ၀န်ကျောင်းတော်သို့ တရားနာ သွားချင်ရာ ပုဏ္ဏေးမက နေ့ခင်းတွင်သွား၍ ပုဏ္ဏားက ညအချိန်ကျမှ သွားနိုင်၏။ တညသောအခါ ပုဏ္ဏားသည် တရားနာယူရင်း စေတနာပေါက်လာ၍ တထည်တည်းသော အပေါ်ရုံပုဆိုးကို လှူရန် ကြံ၏။ သို့သော် အမျိုးမျိုး စဉ်းစားကာ မလှူရက်နိုင် ဖြစ်လာသည်။ ညဥ့်ဦးယံကျော်ခဲ့၏။

ဆက်လက် တရားနာယူရင်း လှူချင်စိတ် ပေါ်လာပြန်၏။ သို့သော် မလှူဖြစ်။ ချီတုံချတုံနှင့်ပင် သန်းခေါင်းကျော် ရောက်လာ၏။ သို့နှင့် ပစ္ဆိမယံ ရောက်လာရာ ဖြစ်လိုရာ ဖြစ်စေ၊ လှူလိုက်တော့မည်-ဟု ဆုံးဖြတ်ကာ မြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ချပြီး လှူဒါန်းလိုက်လေသည်။လှူပြီးသောအခါ အလွန်ကျေနပ် ၀မ်းမြောက်သွားပြီး ငါ-အောင်ပြီ၊ ငါ-အောင်ပြီ-ဟု အော်လိုက်မိသည်။

ထိုတရားပွဲတွင် ကောသလမင်းကြီးလည်း တရားနာယူလျက်ရှိရာ ပုဏ္ဏားအား အကြောင်းကိုမေးလေသည်။ ပုဏ္ဏားကြီးသည် သူတညခင်းလုံး အတွင်းစိတ် ဖောက်ပြန်နေ၍ လှူရန်တွန့်ဆုတ်နေခဲ့ပါသည်။ ယခုမှ အောင်မြင်သဖြင့် ၀မ်းမြောက်စွာ ကြွေးကြော်မိကြောင်း ပြော၏။ ဘုရင်ကြီးက နှစ်သက်ချီးကျူးပြီး ပုဆိုးတစုံ ဆုချသည်။ ပုဏ္ဏားကြီးက ဘုရားရှင်အား လှူပြန်၏။ ဘုရင်ကြီးက တိုး၍ တိုး၍ ဆုချရာ ပုဏ္ဏားကြီးက ဘုရားရှင်အားချည်း လှူ၏။ နောက်ဆုံး ဆင်လေးစီး၊
မြင်းလေးစီး၊ ကျွန်မ လေးယောက်-စသော လေး ခုနစ်လီ ဆုတော်များ ပေးကမ်း၏။

တရားသဘင်၌ ရဟန်းတော်တို့သည် ပုဏ္ဏားကြီး၏ လက်ငင်းအကျိုးရပုံကို ပြောနေကြ၏။ ဘုရားရှင်က ပုဏ္ဏားသည် အကယ်၍သာ ပထမယံက လှူပါမူ ဤမျှသာမက အကျိုးရမည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာ၌ စေတနာသန်သန်နှင့် အမြန်ပြုလုပ်သင့်သည်။ နှောင့်နှေး အချိန်ဆွဲနေလျှင် အကျိုးပေးလည်း နည်းတတ်သည်-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
အဘိတ္ထရေထ ကလျာဏေ ၊ ပါပါ စိတ္တံ နိဝါရယေ ။
ဒန္ဓံ ဟိ ကရောတော ပုညံ ၊ ပါပသ္မိံ ရမတီ မနော ။

( မြန်မာပြန် )
ကုသိုလ်ကောင်းမှုကို အလျင်အမြန် ပြုရာ၏။ စိတ်ကို မကောင်းမှုမှ တားမြစ်ရာ၏။ ကောင်းမှုပြုရန် နှေးသောစိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏။

( ဆောင်ပုဒ် )
ကုသိုလ်ကောင်းမှု၊ အမြန်ပြုလော့၊ ညစ်ကျုထိုထို၊ အကုသိုလ်မှ၊ စိတ်ကိုဝေးစွာ၊ တားမြစ်ရာ၏၊ နှေးစွာကုသိုလ်၊ ပြုလုပ်လိုသူ၊ ထိုထိုလူ၏၊ စိတ်မူ အ,ကု၊ မွေ့လျော်ပြု၏။

( ပါပ၀ဂ်-စူဠေကသာဋက ၀တ္ထု )