December 20, 2013

ဘာဝနာတရားဖြင့် နေနည်း။

  ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
ထုတ်ရတဲ့ နည်းပါပဲ။
      ပုံမှန်နေစဉ်အလုပ် အားထုတ်တဲ့ နည်းနဲ့ သာ အချိန်မရွေး၊ အမူအရာမရွေး၊ ဂရုတစိုက်
အားထုတ်ရင် တရားလို့ ခေါ်တဲ့ ဒီ သဒ္ဒါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေက မိမိတို့ ရဲ့ စိတ်
အတွင်းကို အားကောင်းစွာနဲ့  ၀င်ရောက်လာပါတယ်။
      အဲဒီလို  သူတော်ကောင်း တရားတွေ ၀င်လာမှာကျတော့ ကိုယ်ကဂရုမစိုက်၊ ဒီဘက်
လှည့်ဝင်တော့လည်း ကိုယ်က ဂရုမစိုက်၊ ဟိုဘက်လှည့်ဝင်တော့လည်း ကိုယ်ကဂရုမစိုက်
တော့ တရားတက်ဖို့ ကို  ကိုယ်ကိုယ်တိုင် ပိတ်ထားသလို ဖြစ်နေကြပါတယ်။
      သူတော်ကောင်းတရား အစစ်တွေက ဟိုဘက်ကလှည့်ဝင် ဒီဘက်က လှည့်ဝင်တော့
လည်း ဖြစ်တဲ့အခိုက်  နေစဉ်အလုပ် အားမထုတ်ဘဲ စိတ်မပါ လက်မပါဆိုတော့ တရားအ
လာ ပိတ်ထားသလို ဖြစ်နေကြပါတယ်။ ဘာတံခါး ပိတ်တာလဲဆိုရင် သဒ္ဓါမရှိ၊ သတိမရှိ၊
ဝီရိယမရှိ၊ သမာဓိမရှိ၊ ပညာမရှိ၊ ဂရုမစိုက်တဲ့အတွက် တံခါးပိတ်ထားတာပါ။
      ဒါကြောင့် တရားထိုင်ရင်လဲ အသိဉာဏ်နဲ့  စိတ်ပါလက်ပါ ထိုင်ရပါမယ်။ အစာစားရင်
လည်း သတိဉာဏ်နဲ့  စိတ်ပါလက်ပါ စားရပါမယ်။ သွားရင်းလာရင်းလည်း ဂရုတစိုက်လေး
နဲ့ သာ မိမိတို့   အသိဉာဏ် ကလေးနဲ့ မိမိတို့  တကယ် အလုပ်လုပ်ရင်၊ထိုင်ရင်းလည်း ထိုင်
မှန်းသိပြီး ဂရုစိုက်ရင် ဓမ္မသဘောတွေ သေချာသိပါတယ်။
      ရပ်ရင်လည်း ရပ်မှန်း သိရာကနေ ဂရုစိုက်ရင် ဓမ္မသဘောတွေကို သေချာသိပါတယ်။
လမ်းလျှောက်လို့  လျှောက်မှန်း သိရာကနေ ဂရုစိုက်ရင် ဓမ္မသဘောတွေကို သေချာသိပါ
တယ်။ စားရင်လည်း စားမှန်း သိရာကနေပြီးတော့ စားတဲ့အထဲ ဂရုစိုက်ရင် ဓမ္မသဘောတ
ရားတွေကို သေချာသိပါတယ်။
      သေချာသိတယ်ဆိုတော့ ဘယ်ဓမ္မသဘောတွေကို သိတာလဲလို့ မေးရင် ဘာတွေကို
သိတယ်လို့  တစ်မျိုးတည်းကို မပြောလိုပါ။ တစ်ဦးနဲ့ တစ်ဦး ဓမ္မသဘောတွေကို သိပုံချင်း
အာရုံပြုပုံချင်း နှလုံးသွင်းပုံချင်း အမြင်ချင်းက မတူညီနိုင်ကြပါဘူး။ ဒါပေမဲ့ ဂရုစိုက်ရင်
တော့ သဒ္ဒါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ တရားငါးမျိုး ရပြီဆိုရင်တော့ တရားသတ္တိချင်း
တူတာကိုတော့ ပြောဝံ့ပါတယ်။ ဘာဝနာ တရားအလုပ် ဖြစ်ပြီလို့  ပြောဝံ့ပါတယ်။
      အဲဒီလို  သူတော်ကောင်း တရားတွေ တိုးပွားအောင် လုပ်တာကို”ဘာဝနာ လုပ်တယ်“
လို့ ခေါ်ပါတယ်။ ဒါကြောင့် မိမိတို့ တစ်တွေ ဘာဝနာအလုပ် အားထုတ်တဲ့အခါ စိတ်ပါလက်
ပါ အားထုတ်ပါ။ ဂရုတစိုက် အားထုတ်ပါ။ စိတ်ပါလက်ပါ ဂရုတစိုက် အားထုတ်ဖို့  အခြေခံ
အနေနဲ့  ထိုင်ရင်ထိုင်မှန်း သိပါ။ ထိုင်တဲ့ဆီ စိတ်ထားပါ။
      ရပ်ရင် ရပ်မှန်းသိပါ။ ရပ်တဲ့ဆီ စိတ်ထားပါ။လျောင်းရင် လျောင်းမှန်းသိပါ။ လျောင်းတဲ့
အထဲ စိတ်ထားပါ။ လမ်းလျှောက်ရင် လမ်းလျှောက်မှန်း သိပါ။ လမ်းလျှောက်တဲ့ဆီ စိတ်
ထားပါ။ လက်လှုပ်၊ ခြေလှုပ်၊ မျက်တောင်ခတ်၊ ပါးစပ်ဟ စတဲ့အချိန်တွေမှာလည်း သိပါ။
သေချာသိအောင် စိတ်ထားပါ။
      နေ့ စဉ်အလုပ်ကို နေစဉ်လုပ်သွားတယ်ဆိုတာ ပင်ပင်ပန်းပန်း ဣရိယာပုတ် ပြောင်းစ
ရာ၊ နေရာတစ်ခု အသီးအခြား ယူစရာ မလိုတော့ပါဘူး။ နေရာ ရွေးစရာ မလိုတော့ပါဘူး။
အမူအရာ ရွေးစရာ မလိုတော့ပါဘူး။ အလုပ်ရွေးစရာ မလိုတော့ပါဘူး။ အချိန် ရွေးစရာ မ
လိုတော့ပါဘူး။ သူများတွေနဲ့  ပြဿနာ ဖြစ်စရာ မလိုတော့ပါဘူး။
      ဒါကြောင့်မို့  မိမိတို့  တတွေလည်း နေစဉ်အလုပ် ၀ိပဿနာ အားထုတ်မှုကြောင့် တစ်
ဆင့်ပြီးတစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်
ကြတဲ့၊ စံစားနိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။
  {ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၏  “နေ့ စဉ်အလုပ် နေစဉ်လုပ်” တရားတော်မှ
  ကောက်နုတ် ရေးသားပါသည်။}

  http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ကံဟောင်းကုန်ရင် ဘ၀သစ်မရှိ။

   ဘုရား ရဟန္တာတွေဆိုတာ ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား
ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေရသလဲဆိုတာ မျက်စိလည်တတ်ကြ
တယ်။ ကံကုန်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ရတနသုတ်မှာတွေ့ရတာက “ ခီဏံ ပုရာဏံ နဝ

နတ္တိသမ္ဘ၀ံ ” ဘုရား ရဟန္တာတွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားပါတယ်။ ကံ
ဟောင်း ကုန်တယ်ဆိုတဲ့ အဓိပ္ပာယ်က ကံဟောင်းတွေက ဘ၀သစ်တစ်ခုကို ထုတ်လုပ်နိုင်စွမ်း
မရှိတော့ပါ။ ဘ၀သစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ အကျိုးမပေးတော့ဘူးလို့ မဆိုလိုပါ။ ကိ
လေသာ စွမ်းအားတွေ  ကုန်သွားသည့် အတွက်ကြောင့်၊ ကိလေသာတွေ မရှိတော့သည့် အ
တွက်ကြောင့် ဘ၀(သစ်)တစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့ ကံ မရှိတော့ပါ။ ။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း
၁၀ ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd)
ဟောကြားသောဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ  တရားတော်မှ  ကောက်နုတ်ရေးသားပါသည်}
    ဦးသိန်းဝေ။
         http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသည် ငရဲ၏မျိုးစေ့

                               "ဆရာကောင်းက နည်းပေးတုန်း ရအောင်ယူထားကြ"   
အပါယ်တွန်းချမဲ့တရားတွေ၊ ကိုယ်ဝမ်းထဲရှိနေရက်နဲ့၊ နှေင်းနှေးတဲ့ အလုပ် လုပ်နေကြရင်၊ ဒီထက်မိုက်
တာ ရှာမတွေ့တော့ဘူး။ တစ်ဘဝစာ တစ်နပ်စာ ငဲ့နေတာနဲ့..တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။
ဘုန်းကံရှိသူတွေမို့၊ နည်းလမ်းညွန်ပြပေးမယ့်၊ ဆရာထူးနဲ့ ကြုံကြရတာ၊ သူတော်ကောင်းနဲ့ ဆရာသမား
ကောင်းနဲ့၊ အကြုံကြီး ကြုံပေမယ့်..ခင်ဗျားတို့ အချိန်ဆွဲနေကြရင်၊ နိဗ္ဗာန်နဲ့ အဆုံးကြီးဆုံဖို့ဆိုတာ မဖြစ်
နိုင်တော့ဘူး။ နည်းပေးဖို့က ဆရာ့အရေး၊ နိဗ္ဗာန် ရောက်အောင်လုပ်ဖို့က ကိုယ့်အရေး။ အဲဒီတော့ 
ဘုန်းကြီးပြောချင်တာ တစ်လုံးကတော့ဖြင့်၊ ခင်ဗျားတို့ ဒီတရားကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်
ဖြစ်စေ လုပ်သာလုပ်ပါ၊အကျိုးပေးပါလိမ့်မယ်။
ဝိပဿနာအလုပ်လုပ်မယ်ကြံတော့၊ နောက်ဆုတ်ဆုတ်ပြီး မနက်ဖြန်မှ လုပ်တာပေါ့၊ အလုပ်ကလေးရှိ
သေးလို့နဲ့ ဆင်ခြေပေးတတ်ကြရဲ့၊ မနက်ဖြန်နဲ့ နောက်ဘဝဆိုတာ..မနက်ဖြန်ရန်က ဝေးသေးတယ်၊
နောက်ဘဝက အနီးကလေး။ ကွေသောလက်မဆန့်မီ..ဆန့်သောလက်မကွေမီ။ ဝင်သက်ရှိပြီး ထွက်သက်
မရှိရင်..နောက်ဘဝ ဧကန်ရောက်ပြီ၊ သားတွေ သမီးတွေ ငယ်သေးတော့ ဖြည်းဖြည်းပေါ့တဲ့။ အချိန်ဆွဲ
လေလေ မှားချက်သန်လေလေ၊ စဉ်းစားခန်း ရှည်လေလေ နော်ဆုတ်လေပဲ။ ဖြည်းဖြည်းမှ ဆိုတဲ့စကား
မသုံးလိုက်ပါနဲ့၊ ဖြည်းလာခဲ့တာ ကြာခဲ့ပါပြီး။ ဆင်ခြေလဲလို့ရှိရင်..ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့
အတူတူပဲ၊ ငရဲမျိုးစေ့ ကြီးပွားလေလေ ငရဲသက် ရှည်လေလေပဲ။
အဲဒါကြောင့်..တပည့်တော်တို့ အခုတော့ဖြင့် မလုပ်နိုင်သေးဘူးဘုရား၊ နောင်ဖြည်းဖြည်းတော့ လုပ်ရမှာ
ဘဲဆိုတာ..အခုတော့ အပါယ်သွားပါရစေဦး ဒီအဓိပ္ပါယ်ကော..မရောက်ဘူးလား။ ခင်ဗျားတို့ ဆင်ခြေ
လဲပြီးနေတာက ကိုယ့်ကိုယ်ကို မကောင်းသဖြင့် သေေ
ကြာင်းကြံတာနဲ့ အတူတူပဲ။ အပါယ်ရောက်
ကြောင်းဟာ ဒိဋ္ဌိကြောင့်ဆိုတာ ဘုရားကသိလို့..ရင်ဝလှံစူး ဦးခေါင်မီးလောင်တာထက်၊ ဒိဋ္ဌိကို
အရေးတကြီးထားပြီးအရင်ဖြုတ်ပါတဲ့။ ဒိဋ္ဌိဖြုတ်ဖို့ အရေးဟာ သားရေးသမီးရေး စီးပွားရေး အလုံးစုံ
သော အရေးတွေထက် ပိုကြီးတယ်မှတ်ပါ။ ဒီဒိဋ္ဌိ အသိနဲ့ပြုတ်ရင်..တစ်ဘဝ၊ နှစ်ဘဝ အပါယ်မကျတဲ့
"စူဠသောတပန်"ဖြစ်မယ်။
ဘုရား၏ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်မှု..တရားတော်၏ စွမ်းရည်သတ္တိ၊ ယုံကြည်မှုကို သဒ္ဓါ
ခေါ်တာပဲ။ ဘုရားအပေါ် မတုန်မလှုပ် ယုံကြည်ရင်..အပါယ်သွားကြောင်းတွေ ကုန်တာပဲ၊ သဒ္ဓါတရား
ကောင်းတယ်ဆိုတာဟာ..ဘုရားဟောမို့ မတုန်မလှုပ် ယုံကြည်ထားလိုက်ပြီး..ပညာနဲ့ အဖော်လုပ်ပါ။
(၁) သဒ္ဓါနဲ့ ယုံကြည်ပါ ။(၂) ပညာနဲ့ ပေါင်းပါ ။ ဘုရားက ရာဟုလာသားတော်ကဲ့သို့ ချစ်သနားတော်
မှုလို့..အမွေထားခဲ့တဲ့ တရားတော်၊ အခုကြိုးစားရင် အခုရမယ်ဟောတယ်၊ နောက်မှရမယ်လို့ မဟော
ဘူး။ သူများတောင် ရသေးတာ၊ ငါဘာကြောင့် မရဘဲရှိရမှာလဲဆိုပြီး လုပ်သာလုပ်၊ နေချင်သလိုနေ
ပြီး မကြိုးစားရင်..သေချင်သလိုသေပြီး ပရမ်းပတာ ဖြစ်ချင်ရာဖြစ်မယ်။
ဘဝကူးတာ ဒုက္ခသစ္စာ၊ တစ်ခုသော ဒုက္ခသစ္စာပြီးရင် နောက်တစ်ခုသော ဒုက္ခသစ္စာရမယ်ဆိုတာ..မှတ်
နတ်ဒုက္ခသစ္စာရလည်း အမြတ်မထွက်ပါဘူး၊ ဘုံးစဉ်စံဆိုတာ ဒုက္ခသစ္စာနဲ့ အသုဘလည်ပြတာ၊ ခန္ဓာ
လမ်းစဉ်က မင်းတို့ဘာလုပ်နေနေ..ငါသုဿန်သွားမှာပဲ။ ခန္ဓာတို့၏ မပြတ်သေပွဲဆက်နေတာ၊ သံသရာ။
အစမရှိ အဆုံးမရှိ ဒုက္ခစက်လည်နေတာ သံသရာ။ သစ္စာတရားနဲ့ သံသရာ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့တရား
ဆိုရင်..တရားစစ်တရားမှန်လို့မှတ်။ ဒိပြင် တရားဖြင့် လိုသေးတယ်လို့ဆုံးဖြတ်ချက်ချ၊ ဟောတော့
ဟောကောင်းပါတယ်..ဒီတင်လမ်းမဆုံးကောင်းဘူး။သာသနာတွင်း ကြုံပေမယ်..သံသရာလည်လမ်း
တရားနာပြီး၊ ဤမျှလောက်နဲ့ တင်းတိမ်နေကြမယ်ဆိုရင် နဂိုကမှ မူးနေအောင်လည်ပြီးသားထဲ နောက်
ထပ်လည်းခိုင်တာပဲ။
ဘုန်းကြီးတို့ ကျောင်းမှာရှိတဲ့ ခွေးတွေမှာ..ဘာသစ္စာရှိသတုံး စဉ်းစားစမ်း။ သမုဒယနဲ့ဒုက္ခပဲရှိတယ်
ဒီက ပြောနေငြားသော်လည်း..သူတို့ကြားရဲ့လား၊ထောင်တတ်တဲ့နား ပါရဲ့လား မပါပါဘူး၊ သူတို့ သေပြန်
တော့ရော..ဘာသစ္စာပြန်ရကြမှာတုံး။(ဒုက္ခသစ္စာ ပြန်ရမှာပါဘုရား) ဒကာ ဒကာမတို့ မျှော်လင့်ချက် 
ရှိသေးရဲ့လား၊ ဒါကြောင့် ဘုန်ကြီးက ခင်ဗျားတို့ကို အလွန်ကရုဏာရှိလွန်းလို..ပြောနေတာပါ၊ တကယ်
တော့ ဝိပဿနာဆိုတာဟာ မဂ်မျိုးစေ့ပါပဲ။ ကုသိုလ်လုပ်တတ်ရင် နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်ချည်းပဲ၊
ဘာလှူလှူ ဘာတန်းတန်း၊ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခတို့မှ..လွတ်ရေးကို ရည်းမှန်းပြီး သကာလ
လှူဒါန်းပါ၊ နောင်တစ်ဖန် ပဋိသန္ဓေနေခြင်းကင်းသော နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းကြရမယ်...
ကိုယ့်ခန္ဓာထဲ-ဖြစ်ပျက် ဒုက္ခသစ္စာ မြင်အောင်လုပ်ပြီးမှ၊ ဒီဒုက္ခသစ္စာ ကျွတ်ချင်လွတ်ချင်လို့၊ လှူပါတယ်
ဆိုရင် ခန္ဓာကိုယ် ပေါင်လှူပါ၊ ဒီလို အသေလွတ်တဲ့ ကုသိုလ်မျိုးလုပ်ပါ၊ ဒကာ ဒကာမတို့ ။     ။
                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

December 8, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပါရမီဘက် မငဲ့လိုက်ကြပါနဲ

ဒကာ၊ဒကာမတို့ ဖြစ်ပျက်မြင်ရင် တိဟိတ်ပါ၊ဝါးနှစ်လုံးကို မီးထွက်
လောက်တဲ့၊အခြေအနေ ရောက်အောင်ပွတ်မှ မီးထွက်သလို...
နိဗ္ဗာန်ပေါ်လာအောင် ဖြစ်ပျက်အားထုတ်။ဖြစ်ပျက် ချုပ်ပြီး နိဗ္ဗာန်
ပေါ်မှာပဲ။ပါရမီတွေ ဘာတွေလိုမနေနဲ့၊ပါရမီက ပြည့်ပြီးသားကို၊
မပြည့်သေးဘူးထင်ပြီး မကြိုးစားခဲ့သော်၊ပါရမီအညွန့်တုံး၍၊
အပါယ်လေးပါးမှာ စုန့်စုန့်မြုပ်ရပါလိမ့်မယ်၊ဘာမှ နောက်ပြန်
ကြည်မနေနဲ့၊အပြီးလုပ်တော့မယ်လို့သာ၊ဆုံးဖြတ်ချက်ချပါ။
"ဗုဒ္ဓုပ္ပာဒ နဝမဆိုတဲ့ မနုဿတ္တဘာဝ ဒုလ္လဘဖြစ်တဲ့ လူ့ဘဝ"
ကိုလည်း ရမယ်...  ရပ်ပြစ်ရှစ်ပါးလွတ်ပြီး ကံကြီးငါးပါး မထိုင်
ဘူး၊သစ္စာအနုလောမိက ဉာဏ်ရှိ၍ နားကတရာနာ၊ဉာဏ်က
ခန္ဓာနှလုံးသွင်းအားထုတ်မယ်ဆိုရင်၊ဆုကြီးပန် မဟုတ်ဘဲ....
အခု နိဗ္ဗာန်ရ...အခု နိဗ္ဗာန်ယူမယ်ဆိုသူများသည်။ပါရမီစောင့်
ရန်မလိုဘဲ၊ကြိုးကြိုးစားစား အားထုတ်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ်

၁၃၁၉-ခုနှစ်၊တော်သလင်းလ၌ ဦးကျော်သိန်းအား ဟော်ကြားသော
တရား။
"မောင်ကျော်သိန်း၊မင်းတရားအားထုတ်ဖို့အချိန်တော်ပြီ၊အသေး
ကဦးသွားဦးမယ်၊ငါသည်ရခဲလှသောလူဘဝကြုံကြိုက်ခဲလှသော
ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊အိုနာသေမွဲ ကွဲဆို
တဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဝိပဿနာအကျင့်
မြတ်ကိုအားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။
ပြီးတော့မင်းရဲ့အရောင်းအဝယ်အလုပ်ဆီကို လုံးဝစိတ်မရောက်
ရဘူး။ ပစ္စည်းဥစ္စာသားမယားကို တစ်ခါတည်းဉာဏ်နဲ့စွန့်ပစ်
ထားပါ။ အဓိပတိ ၃-ပါးဆိုတာက အတ္တာဓိပတိ၊လောကာဓိပတိ၊
ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။
(၁) မိမိကိုယ်ကိုအားထားပြီး တရားအားထုတ်ရမယ်၊ငါဟာ စားစရာ
နေထိုင်စရာ မရှိလို့တရားအားထုတ်တာမဟုတ်၊အိုဘေး၊နာဘေး၊
သေဘေး မွဲကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲ့တို့မှ လွတ်မြောက်အောင်လို့တရားအားထုတ်ခြင်း
ဖြစ်တယ်။အဲဒါ 'အတ္တာဓိပတိ' လို့ခေါ်တယ်။
(၂) လောကကြီးကိုလဲ အဓိပတိထားပြီးတရားအားထုတ်ရမယ်။ငါသည်တရားအားထုတ်တယ်လို့
အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ဒေါသ၊မောဟ တရားတွေဖုံးလွှမ်းပြီးအရောင်အဝယ်
ကိစ္စတွေ စဉ်းစားတွေးတောမနေနဲ့၊ထိနမိဒ္ဓလဲမဖြစ်နဲ့၊ပျင်းလဲမပျင်းနဲ့၊စိတ်ကလဲလေလွင့်မနေနဲ့၊
မတော်တာတွေ လုပ်နေရင် ကိုယ်စောင့်နတ်နှင့်သမာဒေဝနတ်မြတ်များကလဲသိတယ်၊အဘိညာဉ်
ရတဲ့ပုဂ္ဂိုလ်များကလဲသိတယ်၊ဒါကြောင့်လောကကြီးကိုရှက်ကြောက်ပြီးအားထုတ်ရမယ်၊
အဲဒါလောကကို အဓိပတိထားပြီးအားထုတ်လို့ "လောကဓိပတိ" လို့ခေါ်တယ်။
(၃) တရားတော်ကို အဓိ

December 1, 2013

နိဗ္ဗာန်ကို တကယ်လိုချင်တာ ဟုတ်မဟုတ်။

   သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခု
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။
         အဲဒီလို နေ့တိုင်း အော်အော်ပြီး ဆုတောင်းတဲ့အခါ၊ တစ်နေ့ကျတော့ သူ့ သူငယ်ချင်းတစ်
ယောက်က “ ဒီကောင်တယ်ပြီး နိဗ္ဗာန်ဆု တောင်းပါလား၊ တကယ်လိုချင်တာ ဟုတ်မဟုတ် ငါစုံ
စမ်းဦးမယ်” ဆိုပြီး၊ တစ်နေ့ကျတော့ သိကြားမင်း အ၀တ်အစားတွေ ဆိုင်ကနေ ငှားဝတ်လာပြီး
ကြိုတင်ရောက်နှင့်ကာ ဘုရားနောက်က ပုန်းကွယ်နေတယ်။ ကိုမောင် ဘုရားရှိခိုးပြီး ကျယ်လောင်
ကျယ်လောင်နဲ့ ဆုတောင်းလိုက်ရာ သိကြားမင်းယောင်ဆောင်တဲ့ သူငယ်ချင်းက ထွက်လာတယ်။
         “ ဟဲ့ ငမောင်၊ ငါ.သိကြားမင်း၊ မင်း.နိဗ္ဗာန်ဆု တောင်းနေတာကြာပြီ၊ အဲဒီတော့ ငါလည်း
နတ်ပြည်က အလုပ်ကိစ္စတွေနဲ့ မအားလို့ မလာနိုင်ဘူး။ ဒီကနေ့တော့ မင်းကို နိဗ္ဗာန်ပို့ပေးဖို့ ငါ.ဆင်း
လာခဲ့ပြီ၊ ကဲ..လာ သွားကြစို့”  ဆိုတော့ ကြောင်ကြည့်နေတယ်။
         ကိုမောင်က.“သိကြားမင်းကြီး၊ အခု လိုက်ရမှာလား” တဲ့။ သိကြားမင်းကြီးကလည်း “အခု
လိုက်ရမှာပေါ့” ဆိုတော့၊ “ အိမ်ပြန်ြ

ရှေးကံကိုချည်း ပုံမချလေနှင့်

"တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက `ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ´ယုံကြည်ထားကြပါတယ်။ ဘုန်းကြိးတွေကလည်း အဲလိုပဲ ဟောကြပါတယ်။"

"ဒါပေမဲ့ တပည့်တော် ဗြဟ္မဇာလသုတ်မြန်မာပြန်ဖတ်တော့ `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´လို့ ဖတ်ရပါတယ်"


"ဒါဆိုရင် ကံ-ကံရဲ့အကျိုးကို ယုံကြည်တာဟာ ဘုရားအလိုကျ မဟုတ်ဘူးလားဘုရား"တဲ့။


တကယ်က အဲဒီဒကာလေးက စာကိုသေချာမဖတ်လို့ပါ။ ဘုရားရှင်ဟောထားတာက ရှင်းရှင်းလေးပါ။ ဦးဇင်းက ဥပမာလေးတစ်ခု ထုတ်ပေးပါ့မယ်။

အနာရောဂါတို့သည် -----
၁။ သည်းခြေကြောင့်ဖြစ်သော