January 29, 2015

လူတိုင်း ကိုယ်တိုင် ကြုံတွေ့ရမည့် နေ့စွဲများ


လူတိုင်း ကိုယ်တိုင် ကြုံတွေ့ရမည့် နေ့စွဲများ

ဦးဥာဏ် လွန်ခဲ့သော ၂၀ ရက်နေ့ကပေါ့ ပါးစေ့ရောင်ရောဂါစဖြစ်တယ်။ဖြစ်တော့ ကျောင်းနားက ဆေးခန်းတစ်ခုမှာ ကုပါတယ်။ ၂၄ ရက်နေ့မှာ ပါးစေ့ရောင်ရောဂါက မေးစေ့အောက်နားက အဖုအကြိတ်တစ်လုံးပေါ်လာပြီးပါးစေ့ အရောင်ကျသွားခါသက်သာသွားပါတယ်။ပါးစေ့အရောင်ဖြစ်နေတဲ့ ၄ ရက်မှာဆေးတွေသောက်ရတာကတစ်နေ့ကို လေးမျိုး ငါးမျိုးသောက်ရတယ်။အဲ့ဆေးအရှိန်ကြောင့် ရောဂါဖြစ်နေတဲ့လေးရက်ခန့်မှာ အိပ်လိုက်တိုင်းပျော်တယ်။ညလည်းအိပ်ပျော်တယ် မနက်လည်းအိပ်လို့ပျော်တယ် နေ့လယ်ခင်းလည်းအိပ်ပျော်တာဘဲ။ ဒါနဲ့ ပါးစေ့အရောင်ရောဂါလည်းပျောက် သလောက်ဖြစ်ပြီးဆိုတော့ သောက်နေတဲ့ဆေးတွေ အကုန်ဖြတ်လိုက်တယ်။ပါးစေ့အရောင်ရောဂါလည်းပျောက်ရော ခု အိပ်မပျော်တဲ့ရောဂါ ကျန်နေခဲ့တယ်။နေ့လည်းအိပ်မပျော်ဘူး ည လည်းအိပ်လို့မပျော်ဘူးဗျာ။ခု အိပ်မပျော်တာ ၃ ရက်စေ့ပြီ။ဒါပေမယ့် ခန္ဓာကိုယ်က နာရီး ဝက် တစ်နာရီလောက် အိပ်ပျော်သွားတာကို လူက လန်းလန်းဆန်းဆန်း ရှိလို့ ခံသာသေးတယ်။ ဒီညတော့ ဆရာစီက အိပ်ဆေးတောင်းထားတယ်။
အင်း ပြောချင်တာက အိပ်မပျော်တာ များလာတော့ သေမှာကြောက်လာတယ်။ အိပ်မပျော်တော့ကို တရားမှတ်တယ် ၂ နာရီ လောက်သာကြာသွားတယ် အိပ်ချင်စိတ်ကပေါ်မလာဘူး။ ဒါနဲ့ ၃ / ၄ ရက်ကျော်လွန်ခဲ့ပါပြီ။ခု ဦးဥာဏ် မသေ သေးပါဘူး။သို့သော် ငါ တစ်နေ့ကျရင် သေ လောက်တဲ့ ရောဂါ မုချ ခံစားရမှာပါလား။ ခံစားရခဲ့ပြီ ဆိုရင် ငါ ဘယ်လို စိတ်ထားနဲ့ ရင် ဆိုင်ဖြေးရှင်းမလဲ။ ဆိုတာလေး သံဝေဂ ဖြစ်မိလို့ ဦးဥာဏ်ရဲ့ fb ပရိသတ်ကို မျှဝေခံစား မိ စေချင်တာပါ။ အဓိက ပြောချင် တာက ဘယ်လို ဝေဒနာကိုဘဲခံစားရ ခံစားရ ကိုယ့်စိတ်က ဂယောက်ဂရက် မဖြစ်ဖို့ဆိုတာ ဝိပဿနာ ဘာဝနာစီးဖြန်းမထားဘူး။စိတ်က လေးတည်ငြိမ်နေအောင် ထိန်းသိမ်းဖို့ လေးကျင့်မထားဘူးဆိုရင် ကိုယ့်ခန္ဓာကိုယ် မှာ သေလောက်တဲ့ ဝေဒနာကို ဘယ်လို စိတ်ကလေးနဲ့ ဘဝကူးမလဲ ဆိုတာ မတွေးရဲ စရာပါဘဲ။ ဘဝကူးကောင်းဖို့ဆိုတာ စုတိ စိတ်ကလေး တည်ငြိမ် အေးချမ်းစွာ ကျသွားဖို့လိုပါတယ်။ ဝိပဿနာ ပွားများ မထားဘူးဆိုရင်းးးး ဘယ်လိုများ မိမိစိတ်ကလေးကို ထိန်းမလဲ ဆိုတာ သိစေချင်တယ်။

အရှင်ဝါယာမိန္ဒ၏ သြဝါဒကထာ။


အရှင်ဝါယာမိန္ဒ၏ သြဝါဒကထာ။

မျက်စိသန်စွမ်း၊ မြင်နိုင်စွမ်းလည်း
မျက်ကန်းသောသူပမာယူ၊ နည်းတူကျင့်ရမည်။

နားမှာသန်စွမ်း၊ ကြားနိုင်စွမ်းလည်း
နားကန်း(ထိုင်း)သောသူပမာယူ၊ နည်းတူကျင့်ရမည်။


ပါးစပ်နှုတ်ခမ်း၊ ပြောနိင်စွမ်းလည်း
အနှမ်းသောသူပမာယူ၊ နည်းတူကျင့်ရမည်။

အားအင်သန်စွမ်း၊ ပြုနိုင်စွမ်းလည်း
မကျန်းမာသောသူပမာယူ၊ နည်းတူကျင့်ရမည်။

လူကြီးလူငယ်မရွေးချယ်၊ အလွယ်သိတဲ့တရား။
မသေခင်က အခြေကျ၊ အသေလှတဲ့တရား။
အနတ္တပေါက်၊ အတ္တပျောက်၊ ဝမ်းမြောက်ရတဲ့တရား။
ကိုယ်အမူအရာ၊ ပေါ်တိုင်းမှာ၊ မှန်စွာရှုရမည်။
နှုတ်အမူအရာ၊ ပေါ်တိုင်းမှာ၊ မှန်စွာရှုရမည်။
စိတ်အမူအရာ၊ ပေါ်တိုင်းမှာ၊ မှန်စွာရှုရမည်။
ကိုယ် နှုတ် စိတ်မှာဖြစ်ပေါ်တာ၊ မှတ်စွာရှုရမည်။

သူတော်ဆည်းကပ်၊ မြတ်တရားနာ
လျှော်စွာထုတ်ကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား။
ခုလည်းချမ်းသာ၊ နောင်ချမ်းသာ
မြတ်စွာဟောမိန့်ကြား။

ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါများ။


ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါများ။

သမထ ဝိပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ကြတဲ့နေရာမှာ ပြည့်စုံရမည့်
အင်္ဂါတွေ ရှိပါတယ်။

(၁) သီလစင်ကြယ်ရမယ်။

(၂) ကမ္မဋ္ဌာန်းပေးစွမ်းနိုင်တဲ့မိတ်ဆွေကောင်း၊ ဆရာကောင်းထံချဉ်းကပ်ရမယ်၊


(၃) ပလိဗောဓကြီး၁၀-ပါးကို ဖြတ်တောက် ရမယ်၊

(၄) မိမိစရိုက်နဲ့ ကိုက်ညီမည့်ကမ္မဋ္ဌာန်းတစ်ခုခုကို သင်ယူရမည်။

(၅) ကမ္မဋ္ဌာန်းအားထုတ်ရန်သင့်လျော်မည့်နေရာကို ရွေးချယ်ရမယ်။

(၆) ပလိဗောဒငယ်များကို ဖြတ်တောက်ရမယ်။

ဒီအင်္ဂါရပ်တွေနဲ့ ကမ္မဋ္ဌာန်းအားထုတ်သူများ ညီညွတ်ရပါတယ်။

အောင်ဆန်းတောရတပ်ဦးဆရာတော်
(ရင့်ကျက်စိတ်ထား ဉာဏ်စွမ်းအားဖြင့် မှ)

အားမှသေမှာလား ?၊ သေမှအားမှာလား ?။


အားမှသေမှာလား ?၊ သေမှအားမှာလား ?။

   * ကမ္ဘာပေါ်မှာ၊ နေ့စဉ်နဲ့အမျှ
     လူတွေ မရေမတွက်နိုင်အောင်
     သေနေကြတာ၊
     အားလို့ သေတဲ့မသာ
     တစ်ယောက်မှ မရှိပါဘူး။

     မအားတဲ့ကြားထဲက
     သေသွားကြတဲ့ မသာတွေချည်းပါပဲ။
     သေမင်းက သူခေါ်ချိန်တန်ရင်
     အားတဲ့သူကိုလည်း ခေါ်မှာပါ။
     မအားတဲ့သူကိုလည်း ခေါ်မှာပါ။
     သေမင်းမှာ တပည့်မွေးပြီး
     လူရွေးတဲ့ မူ၊ မရှိပါဘူး။
     ဒီတော့.. မအားတဲ့ကြားက
     သေမင်းလာခေါ်ရင်
     အချိန်မရွေး လိုက်သွားရမှာပဲ
     ဆိုတာကို ကြိုတင်ပြီးတော့
     နှလုံးသွင်း ဆင်ခြင်ထားမယ်ဆိုရင်
     မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့
     တရားဓမ္မကို
     မျက်နှာလွှဲတဲ့ အဖြစ်ကို
     ရောက်မှာမဟုတ်တော့ပါဘူး။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
  ပူဇော်ပါသည်။ }
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

January 27, 2015

“ယမမင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”


“ယမမင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”

ယမမင်းဆိုသည်မှာ ဝေမာနိက ပြိတ္တာမျိုးဖြစ်သည်။ တခါတရံတွင် နတ်လိုစံရပြီး၊ တခါတရံတွင်
ယမမင်းအဖြစ် ငရဲရောက်လာသူများကို စစ်ရသည်။ ယမမင်းသည် တစ်ဦးတည်း ရှိသည်မဟုတ်။
လေးဦးရှိသည် တံခါးလေးပေါက်တွင် တစ်ဦးစီ စောင့်ရသည်။


ယမဿ ရညောတိ ယမရာဇာ နာမ ဝေမာနိကပေတရာဇာ, ဧကသ္မိံ ကာလေ ဒိဗ္ဗဝိမာနေ
ဒိဗ္ဗကပ္ပရုက္ခဒိဗ္ဗဥယျာနဒိဗ္ဗနာဋကာဒိသမ္ပတ္တိံ အနုဘဝတိ, ဧကသ္မိံ ကာလေ ကမ္မဝိပါကံ, ဓမ္မိကော ရာဇာ။
န စေသ ဧကောဝ ဟောတိ, စတူသု ပန ဒွါရေသု စတ္တာရော ဇနာ ဟောန္တိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)

 (အရှင်ဝေဠုရိယ(ဓမ္မရိပ်ငြိမ်)မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။)

ကိုယ့်​ကိုယ်​ကို အ​လေးထားပါ။


ကိုယ့်ကိုယ်ကို အလေးထားပါ။
*****************************
         ကောင်းအောင်ပြင်ဖို့အတွက်  တို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရ
ပါမယ်။ မြတ်စွာဘုရားက  နံပါတ်(၁) ကိုယ့်ကိုယ်ကို အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရ
မယ်။ နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရ
မယ်။ နံပါတ်(၃)က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။

          မြတ်စွာဘုရားက  “ အတ္တာနံ ယေ၀ အဓိပတိံ ကတွာ ” ကိုယ့်ကိုကိုယ်အလေးထား
ပြီးတော့ “ အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ ” အကုသိုလ်တွေ ဖယ်ရှားဖို့  ကြိုးစား
တယ်။ ကုသိုလ်တွေ တိုးတက်လာအောင် ကြိုးစားတယ်။  ဒါဟာ ကိုယ့်ကိုကိုယ် အလေးထား
တာပါ။
         ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘာလဲ?၊ “ ငါဟာ အခု အင်မတန် တန်ဖိုးရှိတဲ့
လူ့ဘ၀ကို ရောက်လာပြီ၊ မျက်စိကောင်း နားကောင်း အသိဉာဏ်ရှိတယ်၊ လူ့ဘ၀မှာလည်းပဲ
ပြည့်ပြည့်စုံစုံရှိတယ်၊ မြတ်စွာဘုရား သာသနာတော်ကြီးကလည်းထွန်းကားနေတယ်၊ ဘုရား
ဟောတဲ့ တရားတွေကို တို့သိရှိခွင့်တွေ ရနေတယ်၊ အဲဒီလို လူလည်းဖြစ်တယ်၊ အသိဉာဏ်လည်း
ရှိတယ်၊ ဘုရားဟောတဲ့ တရားတွေလည်း သိရှိခွင့်တွေ ရနေတယ်၊ ငါ့မှာ ဒီလောက်အခြေအနေ
တွေ ကောင်းနေတာ စားဝတ်နေရေးတွေလုံးပမ်းပြီး အပျော်အပါးတွေ လိုက်ပြီးတော့ ဘ၀တစ်ခု
ကို အဆုံးသတ်မယ်ဆိုရင် ငါ့အဖို့ ဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ဘူး ” ဘာဖြစ်လို့တုန်းဆိုတော့
စားဝတ်နေရေးဟာ တိရစ္ဆာန်လည်း လုံးပမ်းတာပဲလေ။ သူတို့လည်း သူတို့ဘာသူတို့ စားစရာတော့
ရှာကြတာပဲ။ သူတို့ အတိုင်းအတာ အလိုက် သူ့စားဝတ်နေရေးရှာတာဟာ ဆန်းတဲ့ကိစ္စ မဟုတ်ပါ။
ဘ၀တစ်ခု ရပ်တည်နိုင်ဖို့အတွက် ရှာတာပါ၊ အပျော်အပါးဆိုတာ လူတွေသာရှိတာ မဟုတ်ဘူး၊
တိရစ္ဆာန်တွေမှာလည်းရှိတာပါပဲ။ ဒီတော့ “ အပျော်အပါးတွေနဲ့၊ စားဝတ်နေရေး လုံးပမ်းမှုဆိုတာ
တွေနဲ့ ဘ၀တစ်ခုကို အဆုံးသတ်လိုက်မယ်ဆိုရင် ငါ့မှာဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ပါ၊ အင်မတန်
တန်ဖိုးရှိတဲ့ လူ့ဘ၀ကြီး တစ်ခုလုံးဟာ လက်လွတ်ဆုံးရှုံးသွားတော့မှာပါ ”၊“ အခုလို အသိဉာဏ်ရှိ
နေတဲ့ဘ၀မှာ ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ အနည်းဆုံး ငါးပါးသီလ လုံအောင်
ကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ ဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါန
ကောင်းမှု ငါပြုနိုင်အောင်သတိထားမယ် ”ဆိုရင် ကိုယ့်ကိုကိုယ် အလေးထားတာပါ။
         လောကလူတွေက ဒါနကောင်းမှု မလုပ်တာက မရှိလို့မဟုတ်ပါ၊ များသောအားဖြင့် မေ့လို့
မလှူကြတာပါ။   ဒါနကောင်းမှုဆိုတာက ကိုယ့်အိမ်မှာ နေ့စဉ် ထမင်းချက်တဲ့ထဲက ဆွမ်းလေး
တစ်ဇွန်း သံဃာတွေ လောင်းလဲ ဒါနကောင်းမှုဖြစ်ပါတယ်။
         လောကလူတွေဟာ အသိဉာဏ်အားနည်းလို့ ကိုးကွယ်မှု၊ အတုယူမှုတွေ အလွန်လွဲမှားတယ်။ 
ယုံကြည်မှုတွေ သိပ်များပြီးတော့ အသိပညာနည်းပါးပြီ ဆိုလို့ရှိရင် မယုံသင့်တာတွေပါ ယုံလာကြပါ
တယ်။ အဲဒီတော့ လောကကြီးမှာ ကိုယ့်ကိုယ်ကို “ ငါလို ပုဂ္ဂိုလ်ဟာ အသိဉာဏ်ရှိပြီး ဘုရားသာသ
နာတော်နဲ့တွေ့ကြုံနေရတယ်၊ ငါလိုပုဂ္ဂိုလ်ဟာ တရားဓမ္မကို ဆင်ခြင်စဉ်းစားလိုက်မယ်ဆိုရင် ဒီဘဝ
မှာပဲ တစ်မဂ်တစ်ဖိုလ် ရရှိနိုင်တယ်။ ဒါကြောင့်မို့ ငါဟာ ကိုယ့်ကိုယ်ကို ပြင်ရမှာပဲ။ ကိုယ့်ကိုယ်ကို
အလေးထားရပါမယ်။
         အကယ်၍များ ငါ ဒီဘ၀မှာ မပြင်လိုက်ဘူးဆိုလို့ရှိရင် ငါ့ရဲ့ဘ၀ဟာ ကြီးပွားတိုးတက်ဖို့ မ
ရှိနိုင်ပါ။ အဲဒါ ကြောင့်မို့ ကြီးပွားတိုးတက်အောင်၊ ကိုယ့်ကိုယ်ကို မကောင်းတဲ့လမ်း မသွားမိ
အောင်၊ ကောင်းတဲ့လမ်း လျှောက်မိအောင် ငါပြင်ရမယ် ” လို့ ကိုယ့်ကိုယ်ကို အလေးထားရပါမယ်။
ကိုယ့်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ စဉ်းစားရပါမယ်။
       ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိ
ရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်
အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်သမျှရှောင်လို့၊
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်
ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှ သာလျှင်
“ လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
  {သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌  အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင်
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ယ​သော်​ဓရာရဲ့ဆု​တောင်းနဲ့ဖြစ်​စဉ်​အကျဉ်း


ယသော်ဓရာရဲ့ဆုတောင်းနဲ့ဖြစ်စဉ်အကျဉ်း
**************************************
ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းက သုမေဓာနဲ့ သုမိတ္တာကို သိကြမယ်ထင်ပါတယ် ယသောဓရာကို ဘုရားရဲ့ ပါရမီဖြည့်ဖက်အနေနဲ့ပဲ သိကြတာဖြစ်လို့ ဘုရားအလောင်းကြောင်း ဟြေတာနဲ့ ယသောဓရာလည်း ပါတာပဲ

မပါတဲ့အကြောင်းရာကို ဟြေပါ့မယ်

ယသောဓရာဟာ ဘုရားလောင်းရဲ့ ပါရမီဖြည့်ဘက်အဖြစ် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက ပါလာတာမှန်ပေမဲ့ သူ့အတွက်လည်း ဆုတောင်းပြီး ပါရမီဖြည့်ပါတယ်

အဲဒီပါရမီဖြည့်တာကို စတာက လွန်ခဲ့တဲ့ကမ္ဘာတစ်သိန်းက ပဒုမုတ္တရမြတ်စွာဘုရားဆီမှာ နိယတဗျာဒိတ်ရပါတယ်
ယသောဓရာလောင်းလျာဟာ ဟံသာဝတီမင်းနေပြည်တော်မှာ အမျိုးကောင်းသမီးဖြစ်နေချိန်

တနေ့ ပဒုမုတ္တရမြတ်စွာဘုရားရှင်က ဘိက္ခုနီတစ်ပါးကို မဟာဘိညာပ္ပတ္တ အရာမှာ အသာဆုံးအမြတ်ဆုံးဆိုပြီး ဧတဒဂ် ပေးတော်မူတာကို မြင်လို့


အားကျပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို အလှူကြီးပေးပြီးတော့ သူလိုချင်တဲ့ဆု တောင်းတယ်

အဲဒီအခါ မြတ်စွာဘုရားက ဒီကမ္ဘာနေ စရေတွက်လို့ နောက်ထပ် ကမ္ဘာတစ်သိန်းကိုရောက်ရင် ဂေါတမမြတ်စွာဘုရား ပွင့်တဲ့အချိန် သင့်ဆုတောင်း ပြည့်ပါလိမ့်မယ် လို့ ဗျာဒိတ်ပေးတော်မူပါတယ်

ဒါနဲ့ ဘုရားအလောင်းရဲ့ ပါရမီဖြည့်ဘက်လည်းဖြစ် သူကိုယ်တိုင်လည်း ပါရမီဖြည့်ရင်း နောက်ဆုံးဘဝအဖြစ် ဒေဝဒဟပြည် သုပ္ပဗုဒ္ဓမင်းရဲ့ အမိတ္တာဒေဝီမိဖုရားထံမှာ ပဋိသန္ဓေယူပါတယ်

နောင်အချိန်မှာ မိထွေးတော်ဂေါတမီရဲ့ စွမ်းဆောင်မှုကြောင့် ဘိက္ခုနီသာသနာ ဖြစ်တဲ့အခါ ရဟန်းမဝတ်ရင်း

အရဟတ္တဖိုလ်ကိုရပြီး ရဟန္တာထေရီဖြစ်ပါတယ်

ထူးဆန်းတာက တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ဖြစ်ခဲ့တဲ့ ဘယ်ဘဝကိုမဆို ခဏတွင်းကို သိနိုင်တဲ့ အဘိညာဉ်နဲ့ ပြည့်စုံလို့

ပရိတ်သတ်စုံတဲ့အချိန်မှာ ပညာကြီးကြတဲ့ ငါဘုရားရဲ့ သာဝိကာမတွေထဲမှာ ဘဒ္ဒကဉ္စနာယသောဓရာထေရီဟာ အသာဆုံးပဲဆိုတဲ့ မဟာဘိညာပ္ပတ္တအရာမှာ ဧတဒဂ်ထားတော်မူတယ်

ဘုရားရှင်တွေ ပွင့်တိုင်း မဟာဘိညာပ္ပတ္တာ ရသူဟာ လေးပါးပဲ ပေါ်ထွန်းတယ်

အဲဒီလေးပါးလုံးပဲ တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထိ ဆင်ခြင်နိုင်ပြီး ကျန်တဲ့သာဝကတွေကတော့ ကမ္ဘာတစ်သိန်းနဲ့ အဲဒီထက် အလျော့ပဲ ဆင်ခြင်နိုင်ကြတယ်

ဂေါတမမြတ်စွာဘုရားလက်ထက်မှာတော့

အဂ္ဂသာဝကကြီးနှစ်ပါး

အရှင်ဗာကုလနဲ့

ယသောဓရာ လေးပါးပဲ

ဒီနေရာမှာ ပါရမီဖြည့်သက်ကိုမူတည်ပြီးတော့ အဲဒီဥာဏ်ကို ရတာ

ယသောဓရာဟာ ကမ္ဘာတစ်သိန်းထဲ ပါရမီဖြည့်ပြီး

အဲလောက်ထိ တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထိ ဆင်ခြင်နိုင်တာကလွန်ခဲ့တဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက်ငတည်းက ဘုရားလောင်းရဲ့ ပါရမီဖြည့်ဘက်အဖြစ် နေလာခဲ့လို့

အဲဒီဥာဏ်ကိုရပါတယ်

ဒါ့ကြောင့် ပါရမီဖြည့်ရတဲ့အလောင်းတော်တွေထဲမှာ

ပါရမီဖြည့်ဖက်က ရှင်ပစ္စေကဗုဒ္ဓာထက်ကို ကြာတယ်တချို့ကျမ်းတွေမှာတော့ ယသောဓရာက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထိ ဆင်ခြင်နိုင်တယ်လို့ ဆိုထားတယ်

ဒါပေမဲ့ မဟုတ်ဘူး

ပစ္စေကဗုဒ္ဓာတောင် နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထိပဲ ဆင်ခြင်နိုင်တယ်

သာဝကရဲ့ဥာဏ်ဟာ ပစ္စေကဗုဒ္ဓာထက် မသာသကောင်းဘူး ဒါ့ကြောင့် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသာ ဖြသ်တယ်

ပါရမီဖြည့်သက် သိပ်ကြာလို့ ဘုရားလက်ထက်က ချောပေ့ ဆိုတဲ့အထဲ ယသောဓရာကို ဘုရားမှတပါး ဘယ်သူမှမယှဉ်နိုင်ဘူးဘုရားလွဲပြီး ယသောဓရာရဲ့ ရုပ်အဆင်းကို မှီသူ ဘယ်နတ် ဘယ်ဗြဟ္မာမှ မရှိခဲ့ပါဘူးပရိနိဗ္ဗာန်ပြုတာတော့ ၇၀ ကျော်ကျော်ဖြစ်တယ်လို့သိရပါတယ်...။(ဇော်ထက်မောင်ကျေးဇူးပြုသည်)

လှူပုံလှူနည်း


လှူပုံလှူနည်း
**************
အလှူဒါနတွေ လုပ်တဲ့အခါ အဆင့်မြင့်တဲ့ အလှူဒါနဖြစ်ဖို့အတွက် သစ္စာသိပြီးမှ လှူဒါန်းပါဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးစားပေး ဟောလေ့ ပြောလေ့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ အလှူဒါနမှန်လျှင် မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လှူတိုင်းလည်း ကောင်းကျိုး အတူတူ မရနိုင်ဘူးဆိုတာ အဘိဓမ္မာဒေသနာတော်က သက်သေခံထားပါတယ်။ ကုသိုလ်ဆိုတာ ဉာဏ်ပါမှ တော်ကာကျတယ်။

ဉာဏ်မပါဘဲနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုက အကျိုးပေးလိုက်မယ်ဆိုရင် အဲဒီအကျိုးပေးက သိပ်ကြောက်စရာကောင်းပါတယ်။  ဥပမာ- စေတနာမပါဘဲနဲ့ မဖြစ်မနေမို့၊ သို့မဟုတ် မကောင်း မကင်းလို့ လှူလိုက်ရတယ်ဆိုပါတော့။ ဒီကုသိုလ်ကနေ အကျိုးပေးလိုက်လို့ သုဂတိအဟိတ်နဲ့များ ပဋိသန္ဓေနေပြီး လူဖြစ်လာခဲ့ရင် အဲဒီလူဟာ လူစင်မမီတော့ဘူး။ လူ့အဆင့်အတန်းမီတဲ့ အသိဉာဏ်တွေ ကင်းမဲ့နေတော့ ရှေ့ကထားလဲမရ၊ နောက်ကလဲ ဖြောင့်ဖြောင့်မလိုက်တတ်နဲ့ ဘယ်နေရာမှ အချိုးမကျ၊ လူတောမတိုးတဲ့ဘ၀မျိုးဖြစ်သွားခဲ့ရင် သိပ်နစ်နာပါတယ်။ ဆွံ့အ နားပင်းစတဲ့ဘ၀ဆိုးမျိုးတွေလဲ ဖြစ်လာတတ်တယ်လေ။ ဒါဟာ ကုသိုလ်အကျိုးကြောင့် လူဖြစ်ရပေမယ့် လူဖြစ်ရကျိုးမနပ်တော့တဲ့ဘ၀၊ တရားအားထုတ်သော်လည်း တရားမရနိုင်တဲ့ဘ၀မျိုးပေါ့။ ဒါကြောင့် မကောင်း မကင်းလို့များ စေတနာမပါဘဲ၊ အသိဉာဏ်ဦးစီးမှုမရှိဘဲ မလှူလိုက်ပါနဲ့။ ဒီကံက ၀င်အကျိုးပေးလိုက်ရင် ကိုယ်ကျိုးနဲရတော့မယ်။ မဖြစ်မနေမို့လှူလှူ၊ မကောင်းမကင်းလို့လှူလှူ အနဲဆုံး ကံကံအကျိုး ယုံကြည်တဲ့ အသိဉာဏ်လေးတော့ ခြံရံပြီးလှူလိုက်ပါ။ တတ်နိုင်ရင် ၀ိပဿနာဉာဏ်လေး အခိုက်အတန့်ဖြစ်အောင် လုပ်ပြီးမှ လှူလိုက်ပါ။ အဲလိုမှ တစ်ခုခု မခြံရံနိုင်ရင် မလှူတာက ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာဉာဏ်မှ မခြံရံမိဘဲလှူမိထားတဲ့ကုသိုလ်ကံကို သေခါနီးမှာ ပြန်လည်သတိတရရှိနေလို့ နောက်ဘ၀အတွက် အဲဒီကံက အကျိုးပေးလိုက်ရင် လူလုံးမလှတဲ့ လူ့ဘ၀မျိုးရလို့ လူ့ဘ၀ ရကာမတ္တမျှလောက်သာ ဖြစ်ရင် အလွန်နစ်နာလှပါတယ်။
နောက်ပြီးတော့ စေတနာရှိလို့လှူတယ်၊ လှူချင်လို့လှူတယ်၊ ဒါပေမယ့် အခုပြောခဲ့တဲ့ ဉာဏ်တစ်ခုခုမှ မပါခဲ့ရင်လဲပဲ ကိုယ်လှူတဲ့အလှူဟာ ဉာဏ်ကင်းတဲ့အလှူ ဖြစ်လို့ ဉာဏ၀ိပ္ပယုတ်ကုသိုလ်ဖြစ်နေပြန်ရော။ ဒီလို ဉာဏ၀ိပ္ပယုတ်ကုသိုလ်မျိုးကလဲ နောက်ဘ၀အတွက် အကျိုးပေးရင် ဉာဏ၀ိပ္ပယုတ်ပဋိသန္ဓေပဲ ပေးလိမ့်မယ်လေ။ အဲလိုပဋိသန္ဓေကို ဒွိဟိတ်ပဋိသန္ဓေလို့ခေါ်တာပေါ့။ ဒွိဟိတ်ပဋိသန္ဓေနဲ့ ဖြစ်လာခဲ့တဲ့ လူဟာလဲ လူစင်တော့မီပါရဲ့။ ဒါပေမယ့် သူဟာ ဘုရားနဲ့တွေ့တွေ့ သာသနာနဲ့တွေ့တွေ့ ဘယ်လိုမှ ဒီဘ၀ တရားမရနိုင်တော့ဘူး။ ဒါကြောင့် ဒီလိုအဖြစ်မျိုးလဲ မတိုးရလေအောင် ကုသိုလ်လုပ်တိုင်း ဉာဏ်တစ်မျိုးမျိုးတော့ ပါဖြစ်အောင် ပါပါစေ။ ဒီလိုမှမဟုတ်ရင် မလှူတာက ပိုကောင်းတယ်လို့ပဲ ပြောရမှာပါ။ ဒွိဟိတ်လူသားဆိုတာ တရားမရနိုင်တဲ့အဖြစ်ဆိုးနဲ့တိုးတော့ ကိုယ်လှူတဲ့ကုသိုလ်ကြောင့်ပဲ ကိုယ်ကျိုးနဲရတတ်တယ်။
ဒါကြောင့် ကုသိုလ်လုပ်တဲ့အခါ ကမ္မဿကတာဉာဏ် သို့မဟုတ် ၀ိပဿနာဉာဏ် တစ်ခုခုတော့ ခြံရံပြီးမှ လှူတာဟာ အကောင်းဆုံးပါပဲ။ ဒီလိုကုသိုလ်မျိုးကိုတော့ ဉာဏသမ္ပယုတ်ကုသိုလ်လို့ ခေါ်တယ်။ ဒီကုသိုလ်မျိုးက အကျိုးပေးလိုက်မှ နောက်ဘ၀ ဉာဏသမ္ပယုတ်ပဋိသန္ဓေလူသား ပြန်ဖြစ်နိုင်တယ်။ ဒီလိုပဋိသန္ဓေကို တိဟိတ်ပဋိသန္ဓေလို့ခေါ်တယ်။ တိဟိတ်ပဋိသန္ဓေမှ လူ့အဆင့်အတန်း အပြည့်အ၀ မီပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဘုရားနဲ့တွေ့လို့ တရားနာ တရားအားထုတ်ရင်လဲ လွယ်လင့်တကူ ကျွတ်တမ်းဝင်သွားနိုင်ပါတယ်။ သာသနာနဲ့တွေ့လို့ တရားအားထုတ်ခွင့်ရမယ်ဆိုရင်လဲ ကျွတ်တမ်းဝင်စာရင်းမှာ ပါဝင်နိုင်ပါတယ်။ ကိုယ်ပြုတဲ့ ကုသိုလ်ကံရဲ့ ကောင်းကျိုးကို ပြည့်ပြည့်၀၀ ပြန်လည်ခံစားနိုင်ခွင့်ရှိတာပေါ့။
သေခါနီးပြီဆိုတော့ ကိုယ်ပြုတဲ့ကုသိုလ်ကံတွေ သို့မဟုတ် အကုသိုလ်ကံတွေ ပြန်လည်ထင်မြင်လာတတ်တာမျိုး၊ ကမ္မနိမိတ်တစ်ခုခု၊ သို့မဟုတ် ဂတိနိမိတ်တစ်ခုခု ထင်မြင်လာတတ်တာမျိုးဟာ ကိုယ်ပြုခဲ့တဲ့ ကံအားလျှော်စွာ ဖြစ်လာတာတွေပါပဲ။ ဒါကြောင့် ပါပဓာတ်ဖြစ်တဲ့ မကောင်းတဲ့ ကံတွေကိုတော့ မလုပ်ဖြစ်အောင် အထူးသဖြင့် ရှောင်ကြဉ်ပြီး ကောင်းတဲ့ ပုညဓာတ်တွေ များများဖြစ်အောင်တော့ စုဆောင်းကြရတာပေါ့။ ဒီလိုစုဆောင်းတဲ့နေရာမှာ အသိဉာဏ်လေး ဦးစီးပြီးမှ စုကြဆောင်းကြမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ပါပဓာတ်အင်အားစု များတဲ့သူက သေခါနီးမှာ သူအလေ့အကျင့်များခဲ့တဲ့ ပါပဓာတ် အကုသိုလ်နဲ့ပတ်သက်တာတွေသာ လာရောက်ထင်မြင် သတိတရဖြစ်နေမိပြီဆိုရင်တော့ လူပြန်ဖြစ်ဖို့တောင် မလွယ်တော့ပါဘူး။ အရှင်လတ်လတ် ကိုက်ဖြတ် အစားအသောက်ခံ တိရိစ္ဆ္တာန်လို ဘ၀မျိုး၊ အပါယ်ဘုံသားအဖြစ်နဲ့ သံသရာအောက်တန်းကျဖို့သာ ရှိတော့တယ်။ ဒါကြောင့် ပါပဓာတ်တွေ နဲနိုင်သမျှနဲအောင် ကိုယ့်သန္တာန်မှာ ကိန်းဝင်ခိုလှုံခွင့်မပေးပဲ ပထုတ်ပေးတဲ့ အလေ့အကျင့်လုပ်ထားရတယ်။ ကုသိုလ်ဓာတ် ပုညဓာတ်တွေ များနိုင်သမျှ များအောင် ကိုယ့်သန္တာန်မှာ ကိန်းဝင်နေအောင် စိမ့်ဝင်ပျံ့နှံ့နေအောင် လေ့ကျင့်ယူထားရတယ်။ ဒီလို လေ့ကျင့်ယူထားမှ သေခါနီးအချိန်မျိုးတွေမှာ ကိုယ်အလေ့အကျင့်များတဲ့ ကုသိုလ်ပုညတွေ ပြန်လည်မြင်ယောင်လာပြီး အဲဒီကုသိုလ်က နောက်ဘ၀ပဋိသန္ဓေကျိုးကို ပေးလိုက်ရင် လူတော့ ပြန်ဖြစ်ခွင့်ရှိနေသေးတာပေါ့။
ဒီလိုဖြစ်ခွင့်ပေးတဲ့နေရာမှာ အကောင်းဆုံး ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်အောင် တစ်သက်တစ်ခါ မှတ်မှတ်ရရ ကုသိုလ်လေး အနဲဆုံးတစ်ခုလောက်တော့ သစ္စာသိတဲ့ဉာဏ်လေးနဲ့ဖြစ်စေ၊ ဒါမှမဟုတ်ရင် ကမ္မဿကတာ ဉာဏ်ကလေးနဲ့ဖြစ်စေ လုပ်ထားသင့်ပါတယ်။ အဲဒီကုသိုလ်ကိုလဲ ပြုပြီး မေ့ပျောက်ပစ်မထားဘဲ အခါအားလျော်စွာ ပြန်လည်သတိရနေအောင် လေ့ကျင့်ယူထားရတယ်။ ဒါမှ အဲဒီကုသိုလ်က ကိုယ့်သန္တာန်မှာ စိမ့်ဝင်ပျံ့နှံ့နေမှာပါ။ ဒီလို အမြဲတစေ အမှတ်တရ ရှိနေတဲ့ ဉာဏသမ္ပယုတ်ကုသိုလ်မျိုးက အကျိုးပေးလိုက်မယ်ဆိုရင် နောက်ဘ၀အတွက် အဆင့်မြင့်လူသားတစ်ယောက်တော့ ဖြစ်ခွင့်ရှိတာပေါ့။
နောက်ဘ၀ လူပြန်ဖြစ်ခွင့်တောင်မှ တကယ်တော့ လွယ်ကူလှတာမဟုတ်ဘူး။ ဒါကြောင့် ဒါလေးတွေ သိထားရင် ဘ၀မှာ နေရကျိုးနပ်သေးတာပေါ့။ ဒီလိုမှ မသိလို့ ဒီလိုမှ မလုပ်ထားဘူးဆိုရင် ရင်းစားပင် ပြန်ရဖို့ မလွယ်ပါဘူး။ အခုလူ၊ နောက်ဘ၀ ဂြိုဟ်ပေါက်တဲ့ နွား၊ ဆိတ်၊ ကျွဲလိုမျိုး မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီလို အဖြစ်ဆိုးတွေက လွတ်မြောက်နိုင်အောင် ကိုယ့်ကို ကယ်တင်စောင့်ရှောက်ပေးနိုင်တဲ့ အမှတ်တရ ကုသိုလ်လေးတစ်ခုလောက်တော့ သစ္စာသိတဲ့ဉာဏ်ကလေး ခဏဖြစ်စေ တဒင်္ဂဖြစ်စေ ဖြစ်အောင် ပွားမြားပြီးမှ လှူဒါန်းထားကြစမ်းပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်နေလို့ပါပဲ။ ဒီဘ၀ ဒီခန္ဓာနဲ့ ကျွတ်တမ်းဝင်အောင် သစ္စာကို မဂ်ဉာဏ်အစစ်နဲ့ သိတဲ့အဆင့်ရောက်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးလဲဖြစ်၊ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ အလိုဆန္ဒနဲ့လဲ ကိုက်ညီသွားတာပေါ့။
ဒေါက်တာအရှင်ပါရမီ