September 11, 2014
ပိန်းရွက်ပြတ်ကလေး။
ဂင်္ဂါမြစ်ဘေး တစ်ခုသော ကုက္ကိုပင်ရင်းတွင် သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားရဲ့
ရှေ့မှောက်သို့ မျက်ရည်ပြိုင်ပြိုင်စီးကျ  ငိုကြွေးနေတဲ့  နဂါးမင်းကြီး  ရောက်လာပါတယ်။
မျက်ရည်တွေစီးကျငိုကြွေးနေတဲ့ နဂါးကို ဘုရားကမေးပြီ။ ဘာဖြစ်လို့ ငိုရတာလဲကွယ်......။
         မှန်လှပါဘုရား... ဘုရားတပည့်တော်သည် လူဖြစ်ခဲ့ပါတယ်ဘုရား။ ရဟန်းဖြစ်ခဲ့ပါတယ်
ဘုရား။ နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ရဟန်းတရားတွေကို ကျင့်ကြံခဲ့ပါတယ်ဘုရား။ လူလည်း
ဖြစ်ပါလျက်၊ ရဟန်းဘ၀လည်း ရောက်ပါလျက်၊ ၀ိပဿနာတရားကို နှစ်ပေါင်း နှစ်သောင်းတိုင်
တိုင် ကျင့်ကြံခဲ့ပါလျက်.... ယခုတော့ တပည့်တော် အပါယ်ဘုံသား နဂါးဖြစ်နေပါတယ်ဘုရား..
အဲဒါကို တပည့်တော် တွေးတိုင်းတွေးတိုင်း စိတ်မကောင်းလို့ပါဘုရား... ငိုကြွေးမျက်ရည်ကျရ
ပါတယ်ဘုရား....
         ဘုရားရှင်က... “ဘယ်လိုဘ၀က ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဘ၀ ဖြစ်ရတာ
လဲ ကွယ်..... ပြောပြပါဦး...”
         ဟိုး...အတိတ်ဝေးစွာ ကာလတုန်းက ကဿပမြတ်စွာဘုရား ပွင့်ထွန်းခဲ့တဲ့အချိန် သာ
သနာတော်ကြီးတစ်ခုမှာ ဘုရားတစ်
"ဘဝဆက်တိုင်း ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့"
ဦးဇင်း တပည့်တော် သိချင်တာလေး တစ်ခုရှိလို့ပါ အကျယ်လေးဖြေပေးပါ ဘုရား။ တပည့်တော်မလေဘာသာရေးတွေတစ်စိုက်မတ်မတ်လုပ်လာရင်း တရက်တပည့်တော်မတွေးမိတယ် အတွေးလွန်တယ်ဘဲပြောရမလား တပည့်တော်မလေ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေရတာကိုအရမ်းကျေနပ်သလို မြတ်စွာဘုရားကိုလဲကြည်ညိုပြီးရင်း ကြည်ညိုမဝနိုင်ပါဘူး တပည့်တော်တွေးမိတယ် ငါအခုအပါယ်တံခါးပိတ်အောင်မနဲကြိုးစားနေရတယ် ရုန်းကန်နေရတယ် နိဗ္ဗာန်ဆိုတာတပည့်တော်နဲ့အဝေးကြီးမှာ ရှိနေသေးတယ်ဆိုတာလဲသိပါတယ် အပါယ်တံခါးတော့ပိတ်အောင်ဒီဘဝမှာရအောင်ကြိုးစားမယ် ရုန်းမယ်ပေါ့ ဒါပေမဲ့တစ်ခုအတွေးလွန်ပီးဘာသွားကြောက်မိလဲဆိုတော့ ကဲ ငါနောင်ဘဝအပါယ်တံခါးဝကတော့လွှတ်ခဲ့ပါပြီ သေလွန်ပီးနောင်ဘဝလူဘဝလူခန္ဓာပြန်ရခဲ့သည်ရှိသော် ကြုံရအုန်းမာဘဲလေ ခန္ဓာပြတ်အောင်မှမလုပ်နိုင်သေးဘဲကိုးအရှင်ဘုရား ငါလူ့ဘဝပြန်ရလို့ ပဋိသန္ဓေ တည်တဲ့အခါ ဘာသာခြားအမိဝမ်းထဲဝင်စားရရင်ငါတော့ဒုက္ခဘယ်လိုလုပ်ပါ့မလဲပေါ့ တစ်ယောက်ထဲအတွေးတွေလွန်ပြီးကြောက်နေတာပါဘုရား တပည့်တော်အတွေးမှားကောင်းမှားနေပါလိမ့်မယ် ဒါပေမဲ့ တပည့်တော်တယောက်ထဲ အတွေးရပ်မရဘူး ဘုရား။ အဲ့ဒါလေးသိချင်ပါတယ် တပည့်ေ
ရွှေခေတ်။
တစ်ချိန်တုန်းက လူသားတွေဟာ ဒီကနေ့ အခြေအနေမျိုး မရောက်ခင် အလွန်သာ
ယာ အေးချမ်းပြီးတော့ အစစအရာရာ စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်” လို့ ခေါ်ရမယ့် ခေတ်တစ်
မျိုးကို ကြုံခဲ့ကြရပါတယ်။ ထိုအချိန်တုန်းကတော့ လူသားတွေရဲ့ သက်တမ်းဟာ နှစ် ၈၀၀၀၀
သက်တမ်းရှည်တယ်။ နှစ် ရှစ်သောင်း သက်တမ်းရှည်တဲ့ လူ့လောကမှာ ပြဿနာအလွန်နည်း
ပါးပြီး လူတွေဟာ အင်မတန်သာယာ  ငြိမ်းချမ်းပျော်ရွှင် ချမ်းမြေ့စရာကောင်းတဲ့ လူ့ဘုံလူ့
ဘ၀မှာ နေခဲ့ကြရတယ်ဆိုတာကို သိရပါတယ်။
         ထိုခေတ် ထိုအခါမှာ အုပ်စိုးတဲ့ ဘုရ
**ကာမလူသားမှသည် ဓမ္မလူသားအဖြစ်သို့**
လူသည် အရွယ်ရောက်လာသောကာလ ပညာစုံသည်ရှိသော် ကြင်ယာလည်း စုံချင်ကြသေး၏ ။ အရွယ်ရောက်လာသော လူတစ်ဦးအတွက် ပညာမစုံစေကာမူ ကြင်ယာတော့ စုံချင်ကြသေးသည်သာ ။ အကြောင်းမသင့်၍ အရွယ်လွန် လူပျိုကြီး ၊ အပျိုကြီးများ ဖြစ်ကြရသည့်တိုင် တခါတရံ ပျော်ရွှင်စရာကောင်းသော စုံတွဲ ၊ မိသားစုများကို မြင်လျှင် အတန်တော့ အားကျမိခဲ့ကြပေလိမ့်မည် ။
အဘယ်ကြောင့်ဆိုသော် လူရယ်လို့ဖြစ်လာပြီး မိမိဘဝကို မိမိစိတ်တိုင်းကျ ဖန်တီးနိုင်စွမ်းရှိလာပြီဆိုသည်နှင့်အမျှ ရှေ့ဦးစွာ တောင့်တမျှော်လင့်မိကြသည်မှာ သာယာဆိုပြေသော မိသားစုဘဝကလေးတစ်ခုပင် မဟုတ်ပါလော ။ ချစ်သူ ခင်ပွန်းရှာလိုသည် ။ ဇနီး ၊ မယား ၊ သမီး ၊ သားတို့နှင့်အတူတကွ သိုက်သိုက်ဝန်းဝန်း နေလိုသည် ။ ဒါသည်ပင် လောကဓမ္မအရ “ ကာမ” သဘောဖြစ်၏ ။ ထို့ကြောင့် လူသည် “ကာမ” ကို တောင့်တမြဲဖြစ်၏ ။ ဤ၌ “ကာမ” ဟူသည် မိမိတို့ဘဝတွင် ဇနီး ၊ မယား ၊ သမီး ၊ သားတို့နှင့်အတူတကွ သိုက်သိုက်ဝန်းဝန်း နေလိုသောသဘောကို ဆိုလိုခြင်းဖြစ်သည် ။
စာရေးသူကား လူပျို လူလွတ်တစ်ဦးသာဖြစ်သော်လည်း တခါတရံ၌မူ “လောက၌ လူရယ်လို့ ဖြစ်လာပါမူ မသေဆုံးခင် အချိန်လေးမှာ သစ်ပင်တစ်ပင် စိုက်ခဲ့ရမည် ၊ သားတစ်ယောက်မွေးပေးခဲ့ရမည်” ဆိုသော အယူအဆကို သဘောကျမိသယော
September 1, 2014
"....... လေးစားထိုက်သူ ....."
တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ ဗိဗ္ဗိသာရမင်းကြီးရဲ့ အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာ ဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ် တွေနှင့်တကွ မြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။
ထိုသောဏဒဏ္ဍပုဏ္ဏားဟာလည်း သူအမျိုးသူ့ဇာတ်မှာဆို အခြံအရံပရိတ်များနဲ့ အလေးဂရု အပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ မြတ်စွာဘုရားရှင်အား ခရီးကြိုဆိုကာ မြတ်စွာဘုရားရှင်နှင့် စကားဆို နုတ်ဆက်တဲ့ အချိန်ကြတော့ မြတ်စွာဘုရားရှင်က အသင်ပုဏ္ဏား ဘာများလျှောက်စရာ ရှိလည်းလို့ လမ်းဖွင့်ပေး လိုက်တော့
ဒီလူတွေဘုရား သူ့အနား ခြံရံကာ ပါလာတဲ့ သူတွေကို ညွှန်ပြကာ
လျှောက်ထားလေတော့သည်။ တပည့်တော် မြတ်စွာဘုရားရှင်ကို မသွားသင့်ဘူး ဟုပဲပြောကြပါတယ်။ မြတ်စွာဘုရားရှင် ဘာအကြောင်းကြောင့်လည်းလို့ ပြန်မေးတော့…
ဘာဖြစ် လို့မသွားသင့်သလဲဆိုရင် သောဏဒဏ္ဍပုဏ္ဏားဟာ
၁။ ရုပ်လည်းချောတယ်၊
၂။ ဗေဒင်သုံးပုံလည်းတက်တယ်၊
၃။ အမျိုးမြတ်တယ်၊
၎။ သီလလည်းရှိတယ်၊
၅။ ပညာလည်းတက်တယ်။
အရည်အချင်း(၅)ပါးရှိတဲ့ ဆရာ
ကိုယ့်အမျိုးကိုယ်ချစ်ပါ
မြန်မာပြည်သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေနဲ့ ရပ်တည်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ ဦးဇင်းတို့မြန်မာသက္ကရာဇ် အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာ မြန်မာယဉ်ကျေးမှုလေးတွေ ရှိနေတာကိုဆိုလိုချင်တာပါ။ ဆိုပါဆို့။ တန်ခူးလမှာဆိုရင် အတာရေသဘင်ပွဲဆင်နွှဲကြပြီး သက်ကြီးရွယ်အိုများကို ပူဇော်ကြတယ်။
ဘုရားကျောင်းကန်သွားပြီးတော့ မြတ်စွာဘုရားကိုရေသပ္ပါယ်ကြတယ်။ တိရိစ္ဆာန်လေးတွေကို ဘေးမဲ့လွှတ်ကြတယ်။ ဒါက တန်ခူးလမှာ မြန်မာလူမျိုးများပြုလုပ်လေ့ရှိတဲ့ ယဉ်ကျေးမှုပါ။ ကဆုန်လမှာဆိုရင် ကဆုန်လပြည့်ဗုဒ္ဓနေ့သတ်မှတ်ပြီး ညောင်ရေသွန်းပွဲကျင်းပခြင်းဆိုတဲ့ ယဉ်ကျေးမှု ရှိနေပါတယ်။ နယုန်လမှာကျတော့ စာတော်ပြန်ပွဲတွေ ဆင်နွှဲကျင်းပကြပါတယ်။ မန္တလေး သကျသီဟ(အဘိဝံသ) စာပြန်ပွဲဆိုရင် နယုန်လပြည့်နေ့စာပြန်တော်ပွဲ အထိမ်းအမှတ်နဲ့ ကျင်းပတာ နှစ်ပေါင်း တစ်ရာကျော်ပါပြီ။ အဲဒါကိုအမှီပြုပြီး ရှေးတုန်းက ပထမပြန်စာမေးပွဲတွေဟာ နယုန်လမှာ ကျင်းပကြတာပါ။ နောက်ပိုင်းကျတော့ စာသင်သံဃာတော်တွေဟာ မိမိတို့အရပ်ဒေသပြန်ရတာ နောက်ကျပါတယ်ဆိုပြီးတော့ တပိုတွဲ၊ တပေါင်း အဲဒီမှာ ကျင်းပကြဖို့ပြောင်းလဲလိုက်တာပါ။ အဲဒီတော့ နယုန်လမှာ စာတော်ပြန်ပွဲ ကျင်းပဆိုတာသိထားဖို့ပါ။ ဝါဆိုလရောက်ပြန်တော့လည်း သံဃာတော်တွေဝါဆိုတဲ့ပွဲ၊ ဝါဆိုသံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူတဲ့ပွဲ၊ ပြီးတော့ ဦးပဇင်းအသစ်လေးတွေ ပဉ္စင်းခံပွဲ စသည်ဖြင့်ပေါ့လေ လတိုင်းလတိုင်းမှာ မြန်မာ့ယဉ်ကျေးမှုလေးတွေကိုယ်စီရှိနေကြတာပါ။
အဲဒီတော့ မြန်မာပြည်ယဉ်ကျေးမှုတည်တံ့သည်နှင့်အတူ အမျိုး၊ ဘာသာ၊ သာသနာ ဒီသုံးခုလည်း တည်တံ့စေဖို့ အတွက်ဦးဇင်းတို့ ဗုဒ္ဓဘာသာတွေအားလုံးမှာ တာဝန်ရှိနေကြပါပြီ။ (ကုလံ စိရံ တိဋ္ဌတု မရမ္မရဋ္ဌေ) မြန်မာ့တိုင်း မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေ ကမ္ဘာတည်သရွေ့ တည်တံ့စေအောင် မိမိလူမျိုးကို မိမိထိန်းသိမ်းရမယ်၊ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ်၊ ကူညီရမယ်။ ဒါအားလုံးသော မြန်မာလူမျိုးတွေရဲ့တာဝန်ပါ။ မိမိလူမျိုးတည်တံ့စေဖို့ အရေးကြီးတဲ့ အချက်(၃)ချက်ရှိမယ်။ မိမိလူမျိုးအချင်းချင်း အိမ်ထောင်ပြုရမယ်။ မိမိလူမျိုးရောင်းချတဲ့ ဈေးဆိုင်မှာ ဈေးဝယ်ရမယ်။ မိမိလူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံရမယ်။ ဒီသုံးချက်ကို အားလုံးလိုက်နာရင် မြန်မာနိုင်ငံ
ဘုရားရှိခိုးခြင်း၏ အကျိုး။ (ဘုရားလက်ထက်တော်အခါက)
  မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက “ မဌကုဏ္ဍလီ ” အမည်ရှိ လူတစ်ဦးသည် သေလု
ဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်
တော်မူ၏။ မြတ်ဗုဒ္ဓသည် ထိုသူအား ကယ်တင်လိုသဖြင့် ထိုသူနေထိုင်ရာ အိမ်ရှေ့သို့ ကြွ
ရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်။ ထိုသူသည် ဘုရားရှင်အား ဖူးမြင်
ခွင့် ရသဖြင့် ကြည်ညိုစိတ်ပေါ်လာပြီး အိပ်လျက်ပင် ရှိခိုး၏။ မကြာခင် ထိုသူ သေလွန်လျှင်
နတ်ပြည်၌ တစ်ဆယ့်နှစ်ယူဇနာရှိသော ရွှေဗိမာန်ရှင် နတ်သားဖြစ်လေသည်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
ဗုဒ္ဓ၀ါဒနှင့် လောကီစီးပွားရေး။
  အနာထပိဏ်သေဌေးဟာ ဘုရားဟောတရားတော်ကို နာယူအပြီး သောတာပန်ဖြစ်ခဲ့သူပါ။
လောကီစီးပွားရေးကို တရားနည်းလမ်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုတာ သံသယဖြစ်စရာ မရှိ
ပါဘူး။ သူ့ခေတ်သူ့အခါက အိန္ဒိယအလယ်ပိုင်းတခွင် မြို့ကြီးအတော်များများမှာ သူ့ကိုယ်စား
လှယ်၊ သူ့ကုန်လှောင်ရုံ၊ သူ့ပွဲရုံ မရှိတဲ့မြို့ မရှိသလောက်အောင် စီးပွားရေးကောင်းကြောင်း တွေ့
ရပါတယ်။
         နောက်ပြီး ရာဇဂြိုဟ်မြို့မှာ ထင်ရှားတဲ့ သေဌေးကြီးတွေရှိကြပါတယ်။ ဇောတိက၊ ဇဋိလ၊
မေဏ္ဍက စတဲ့ သေဌေးကြီးတွေပါ။ ဘုရား တရား သံဃာကို အလွန်လေးစားပြီး တရားတော်အတိုင်း
လိုက်နာကျင့်ကြံသူတွေ ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ တရားထူးရသွားကြသူတွေပါ။ သူတို့လည်း
ဘာသာရေးကြောင့် စည်းစိမ်ဥစ္စာ လျောကျသွားတယ်လို့ မတွေ့ရပါဘူး။ သူတို့သမိုင်းကြောင်းကို
လေ့လာကြည့်ရင် ဘာသာရေးကို
လောကမှာ ဘုရားပွင့်လာတာဟာ။
  လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲပျော်တယ်။
ဘာဖြစ်လို့ မကောင်းဘက် ပျော်တုန်းဆိုတော့ အကျင့်ကိုက ဒီအတိုင်းဖြစ်နေတာ။ သံသရာ တစ်
လျှောက်လုံးမှာလည်း မကောင်းတာကျတော့ သိပ်ပျော်တယ်။ 
         လောကမှာ ဘုရားပွင့်လာတာဟာ ကိုယ့်ကိုကိုယ် ကောင်းအောင်ပြင်တတ်ဖို့ ပွင့်လာတာ
ဖြစ်တယ်။ ဘုရားက ပြင်ပေးတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပြင်ရမှာ။ ဘုရားဆီက တရားဓမ္မကို
နာယူပြီးတော့ ကိုယ်ကိုယ်တိုင်ပြင်ရမှာ။
         အဲဒီလိုပြင်မှ လူ့ရဲ့စိ
လက်တွေ့ဗုဒ္ဓဘာသာ
ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်သည် အဓိကအားဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရသောလမ်းစဉ်ကြီးဖြစ်၏။ မြတ်စွာဘုရားအဆူဆူတို့သည်
မိမိတို့၏ ကျင့်ကြံအားထုတ်မှုအားဖြင့်သာ ပွင့်ထွန်းတော်မူခဲ့ကြသည်။ တစ်စုံ
တစ်ဦး၏ အကူအညီကိုမျှ ရယူခြင်းမရှိခဲ့ကြပေ။
ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို လေ့လာကြည့်ပါလျှင် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏
ပူဇော်ခြင်းကို ခံယူရသည် မှန်ပါသော်လည်း ဘုရားဖြစ်ရန်၊ သဗ္ဗညုတဉာဏ်တော်ရရန်
ကြိုးစားအားထုတ်ရခြင်းတွင်ကား မည်သူတစ်ဦးတစ်ယောက်ကမျှ
ဝိုင်းဝန်းကူညီခြင်းမပြုနိုင်ပေ။ မိမိကိုယ်တော်တိုင်သာလျှင် လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပါရမီတော်ဖြည့်ဆည်း အားထုတ် ခဲ့ရလေသည်။
မြတ်စွာဘုရားသည် တရားအလုံးစုံကိုသိမြင်၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသည့်အချိန်မှ
ပရိနိဗ္ဗာန် စံဝင်တော်မူသည့် အချိန်အထိ (၄၅) ဝါ ကာလပတ်လုံး နေ့စဉ်နှင့်အမျှ
သတ္တဝါများအားတရားဟောပြော ကယ်တင်တော်မူခဲ့လေသည်။
မြတ်စွာဘုရား၏ဟောကြားချက်များအားလုံး၏ အစုအပေါင်းသည် ပိဋကတ်
သုံးပုံဖြစ်လာလေသည်။
ပိဋကတ်သုံးပုံသည် များပြားကျယ်ဝန်းလှသည် မှန်ပါသော်လည်း အနှစ်သာရကား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း
တစ်ခုသာလျှင်ဖြစ်၏။ မဟာသမုဒ္ဒရာရေသည် ငန်သောအရသာတစ်ခုသာလျှင် ရှိသကဲ့
သို့တည်း။ ပိဋကတ်သုံးပုံ၏ အဆုံးအမ အတိုင်း
လိုက်နာကျင့်ကြံအားထုတ်သူတို့သည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ သောအကျိုးကို
ခံစားရပြီးလျှင် အဆုံးစွန် ပန်းတိုင်ဖြစ်သော သံသရာမှ ထွက်မြောက်ခြင်း
ကိုလည်း ရရှိကြ လေသည်။
ဤတွင် သတိပြုရမည့်အချက်မှာ မြတ်စွာဘုရားတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နိဗ္ဗာန်ရအောင် ပြုလုပ်
ဖန်တီး မပေးနိုင်ကြပေ။ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း
မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်မှုကသာ လိုရာခရီးသို့ ရောက်စေနိုင်လေသည်။
ဤအချက်ကို အထူးလေးနက်ဖို့အရေးကြီးလှသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင်
ဤအချက်ကို အကြိမ်ကြိမ် ဟောကြား သတိပေးထားပြီးဖြစ်သည်။ မြတ်စွာဘုရား၏
တရားတော်သည် ယခုဘဝအတွက် လည်းကောင်း၊ တမလွန်အတွက်လည်းကောင်း ပြည့်စုံသော
လမ်းညွှန် ချက်များ ဖြစ်သည်။ တရားတော်၏ဂုဏ်တော်များတွင်
ယခုလက်ငင်းအကျိုးပေးတတ်ခြင်း၊ အချိန်မရွေး စစ်ဆေး စမ်းသပ်ကြည့်နိုင်ခြင်း
စသည်တို့ပါဝင်၏။ တရားတော်၏အကျိုးကို ခံစားရန်အတွက် တမလွန် လောက
ရောက်သည်အထိ စောင့်ဆိုင်းရန်
ဝိပဿနာဉာဏ်။
ကမ္မဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထဘာဝနာကို ပွား
များအားထုတ်ရသည်။ သမထဘာဝနာဟူသည် အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်
ရှုမှတ်ပွားများအပ်သော နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀) ပါး စသည်
တို့ပင် ဖြစ်ပါသည်။ တရားကိုယ်မှာ သမာဓိတရားဖြစ်၍ မိမိစိတ်ကို သမာဓိနှင့် အမြဲယှဉ်စေလျက်
တစ်ခုတည်းသော အာရုံ၌ သက်ဝင်ပြီး တည်ငြိမ်ရင့်ကျက်လာအောင် ပြုစုပျိုးထောင်ပေးခြင်းဖြစ်
သည်။ သမာဓိသိက္ခာကို ပြည့်စုံအောင် ထူထောင်ပြီးသောအခါမှ ၀ိပဿနာဘာဝနာကို ပွားများ
အားထုတ်ရပါမည်။
ကုသိုလ် နှင့် အကုသိုလ်
ကုသိုလ်ဆိုတာဘာလဲ-အကုသိုလ်ဆိုတာဘာလဲ
ကာယကံနဲလုပ်မယ်၊၀စီကံနှုတ်ပြောမယ်၊မနောကံ၊စိတ်ထဲကကြံမယ်
ဘာနဲ့ဘဲလုပ်လုပ်၊ကုသိုလ်ဖြစ်အောင်လုပ်၊အကုသိုလ်မဖြစ်စေနဲ့
ကုသိုလ်ရတဲ့အလုပ်ဆိုတာဘာလဲ
အကုသိုလ်အလုပ်ဆိုတာဘာလဲ
အများအားဖြင့်ကတော့-ဘုရားတည်၊ကျောင်းဆောက်၊အလှူဒါနပြုတာ၊အများအကျိုး
ဆောင်ရွက်တဲ့ပရဟိတအလုပ်တွေလုပ်တာ
ဘုရားရှစ်ခိုးပုတီးစိပ်-တရားနား တရားအားထုတ်တာတွေဟာ
ကုသိုလ်ရတဲ့အလုပ်လို့ပြောမှာပေါ့
ဘာဘဲလုပ်လုပ်-ဘာဘဲပြောပြော-ဘာဘဲကြံကြံ
လောဘ၊ဒေါသ၊ေ
အဝေးကနေ၍ လှူဒါန်းပူဇော်နည်း။
   ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးက
ပင် စဉ်းစားဖူးကြပါသည်။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။ မိမိ၏စိတ်
စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အ
ကျိုးရနိုင်ပါသည်။
         ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာထက်၌ အတ္တဒဿီဘုရား ပွင့်တော်
မူခဲ့၏။ တစ်နေ့သ၌ အမျိုးသားတစ်ယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွလာတော်
မူသော ဘုရားရှင်ကို ဖူးမြင်လိုက်ရ၏။
         ထို့နောက် အရပ်တစ်ပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို ရည်မှန်း၍ ပန်းနံ့သာ စသည်
တို့ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။ ထိုကောင်းမှုကြောင့် ဒုဂ္ဂတိဘ၀သို့ မလားရဘဲ ဂေါတမမြတ်
စွာဘုရား လက်ထက်၌ “ဒေသပူဇကမထေရ်” ဟု ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်လာလေသည်။
         ထို့ကြောင့် သူတော်ကောင်းအပေါင်းတို့ကလည်း မိမိအိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွား
ဆင်းတုတော်သည် သက်ရှိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သီတင်းသုံးစံပယ်တော်မူ
သကဲ့သို့ ရိုရိုသေသေ ကြည်ညိုကိုးကွယ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
 အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ ။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဘုရားသော်မှ မလွတ်သော ၀ိပါတ်တော် ၁၂-ပါး
ဘုရားသော်မှ မလွတ်သော ၀ိပါတ်တော် ၁၂-ပါး
(၁) ပဌမ ၀ိပါတ်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့။ ညှိုးနွမ်းရုပ်အင်၊
ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။
(ဖြေ) ကဿဘုရား၊ ထင်ရှားပွင့်သော်၊
ဇောတိပါလ၊ နာမအကျော်၊
ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊
ဝစီပြင်း ရှေးရင်း ၀ိပါတ်တော်။
(၂) ဒုတိယ၀ိပါတ်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊
ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သယ်ထားလို့ ဘုရားကိုညွှန်၊
စွပ်စွဲခဲ့ အဘယ့် ၀ိပါက်ဝန်။
(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊
သေသောက်သမား၊ ဖြစ်ငြားယခင်၊
ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊
အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။
(၃) တတိယ ၀ိပါက်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊
ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊
လူရှင်အပေါင်း၊ ယုံကြော
ဗုဒ္ဓဘာသာကောင်းတစ်ယောက်။
  ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃာရတနာတည်းဟူသော
ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပေသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး
တတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏ ဟူ၍လည်း ခေါ်
ဝေါ်ကြပါသည်။
         ဗုဒ္ဓရတနာ = မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တ၀ါတို့
ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်း
သော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်းစင်၍ ဂုဏ်ကျေးဇူး အလုံးစုံ
နှင့် ပြည့်စုံစေခြင်းတို့ကြောင်းပင် ရတနာဖြစ်၏။
         ဓမ္မရတနာ = ဓမ္မရတနာတည်းဟူသော
"စမ်းသပ်ခံနိုင်တဲ့ ဗုဒ္ဓဘာသာ (သို့) ကာလာမသုတ်အနှစ်ချုပ်"
တဘက်သတ် မျက်စိမှိတ်ယုံကြည်ရခြင်း မရှိသည့် ဘာသာကို လက်ညှိုးထိုးပြပါဆိုပါလျှင် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်တော့သည်။ မြတ်ဗုဒ္ဓဟောကြားသော တရားများဖြစ်သည်ဟု အခြားသူများက ပြောယုံမျှဖြင့် မယုံကြည်ကြနှင့်ဦးဟူ၍ပြောကြားခဲ့ရာတွင် စကားကြီးဆယ်ခွန်းကိုလည်း (ကာလာမ) အမျိုးသားတို့အား မှားကြားခဲ့ပါသည်။ အို…ကာလာမတို့.....။
၁။ တဆင့်စကား( Mere Hear Say) ကြားရုံမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အမှန်မယူကြနှင့်။
၂။ ဘိုးဘေးစဉ်လာဆင်းသက်လာသော မိရိုးဖလာ အယူဝါဒ (Mere Tradition) ဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
၃။ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလ (Mere Rumor) ဖြင့်လည်း အမှန်မယူကြနှင့်။
၎။ မိမိတို့သင်ထားသောစာများနှင့် ညီညွ
ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်။
   လောက၌ ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု
ဘ၀၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောကီပုဂ္ဂိုလ်
ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဌာန်း အား
ထုတ်မှု လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ နက်ဖန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော
ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။
         ငါတို့ .. ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံဆရာတော်ဘုရားအထံ၌ မန္တလေးမှ ဒါန၀ါသနာပါ
သော ဆရာတော်ကြီးတစ်ပါး ကမ္မဌာန်းအားထုတ်နေစဉ် နံနက်စောစော၌ ဘုရားကပ်လှူရန်
ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ ပန်းကို နောက်မှလှူပါ၊ တရားအားထုတ်သည့်အခါ
တရားကိုသာ ကြိုးစားတော်မူပါ ” ဟု တောင်းပန်ဖူးလေသည်။
         မဟာဂန္ဓာရုံဆရာတော်ကို
တရားမရလို့ ငိုတဲ့သူ။
  ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဘုရား သက်တော်ထင်ရှားရှိတဲ့အချိန်မှာ တရားထူး တရားမြတ်မရဘူး။ ကျင့်တော့ ကျင့်ပါတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ မြတ်စွာဘုရားရဲ့ ဝေယျာဝစ္စ ကိစ္စတွေ၊ ပရိယတ္တိဓမ္မရဲ့ တာဝန်တွေနဲ့ ရှင်အာနန္ဒမထေရ်မြတ်ဟာ တရားအားထုတ်ခွင့် မရပါ။
   မရတော့ ဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ ၀မ်းနည်းတယ်။ ၀မ်းနည်းစကား ဘုရားကို လျှောက်တယ်၊
ဘုရားကလည်း ပရိနိဗ္ဗာန်စံတော့မယ်။ ညောင်စောင်းပေါ်မှာ လဲလျောင်းနေပြီ။ ငါလည်း သောတာပန်ပဲ
ရှိသေးတယ်။ ရဟန္တာ မဖြစ်သေးဘူး။ စိတ်ထဲမှာ ၀မ်းနည်းလာတယ်။ ၀မ်းနည်းလာပြီးတော့ ငိုတယ်တဲ့။
(ခုခေတ်တော့ တရားမရလို့ ငိုတဲ့သူ သိပ်မရှိဘူးထင်ပါရဲ့ ကြည့်ရတာနော်။)
  ရှင်အာနန္ဒက အဲဒါ ၀မ်းနည်းပြီးတော့ ငိုတော့ြ
အကြောင်းပြုကံလေးမျိုး
(၁) ဂရုကံ - အကျိုးအပြစ်အလွန်ကြီးလေးသောကံ
ယခုဘ၀တရားအားထုတ်၍မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်ဈာန်ကုသိုလ်ကံများသည် မလွဲဧကန်အကျိုးပေးမည့်ကုသိုလ်ဂရုကံများဖြစ်ပြီး ပဉ္စာနန္တိယကံနှင့်နိယတမိစ္ဆာဒိဌိအယူရှိသောကံများသည်လည်း
 သေသည်နှင့်အခြားမရှိဧကန်အ၀ီစိငရဲသို့ကျရောက်မည့် အကုသိုလ်ဂရုကံများဖြစ်သည်။
(၂) အာသန္နကံ - သေကာနီးကာလတွင်ကပ်ပြီးပြုလုပ်သောကံ
သေကာနီးကာလတွင်တရားရှုမှတ်ခြင်း ငယ်စဉ်ကပြုခဲ့သောကုသိုလ် 
အကုသိုလ်ကံများ အလှူဒါန တရားနာ သီလဆောက်တည်ခြင်း
စသည်တို့ကိုပြန်လည်နှလုံးသွ