November 3, 2014

မိဘကျေးဇူးကို လျစ်လျူရှုသောနှလုံးသား

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိအဖများကို ကျွေးမွေးပြုစုနိုင်စွမ်း သူဖြစ်လျက် မကျွေးမွေးမပြုစုချေ။ ထိုသူကို သူယုတ် မာဟူ၍ သိရာ၏။
အကြင်သူသည် အမိအဖကိုသော်လည်း ကောင်း၊ ညီအစ်ကိုကိုသော်လည်းကောင်း၊ အစ်မနှင့် နှမကိုသော်လည်းကောင်း ယောက္ခမမိန်းမသူ၊ ယော က်ျားသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏။ ကြမ်းတမ်းသောစကားဖြင့် ညှဉ်းဆဲ၏။ ထိုသူကို သူ ယုတ်မာဟူ၍ သိရာ၏။
(သုတ္တနိပါတ်၊ ဥရဂ၀ဂ်၊ ၀သလသုတ်)
လူတိုင်းသည် လူ့လောကထဲသို့ မွေးဖွား ရောက်ရှိလာခြင်းမရှိသေးစဉ်၊ မိခင်၏ ၀မ်းကြာတိုက် တွင် သန္ဓေသားအဖြစ် ကိန်းအောင်းနေခဲ့ရသည်။ ထို စဉ်ကာလကပင် မိခင်၏ကျေးဇူးသည် သန္ဓေသားအပေါ် စတင်ဖူးပွင့်ခဲ့ခြင်းဖြစ်ပါ၏။ သန္ဓေသားကို ၀မ်းတွင် လွယ်ထားရပြီဆိုကတည်းက မိခင်ဖြစ်သူမှာ မိခင် မေတ္တာဖြင့် အနေအထိုင်၊ အသွားအလာအစားအသောက် အစစဆင်ခြင်ရတော့သည်။ အင်မတန်ကြိုက်နှစ်သက် သော အစားအစာဖြစ်စေ၊ သန္ဓေသားကို ထိခိုက်မည် ဟု ထင်မြင်ပါက စားလိုသော အာသာဆန္ဒကို ယတိ ပြတ်ချိုးနှိမ်ရသည်။ အပူအစပ်ပါသော အစားအစာတို့ ကို မည်မျှပင် နှစ်သက်နေစေ ရှောင်ကြဉ်ရသည်။ မတော်တဆချော်လဲသော် သန္ဓေသားကို ထိခိုက်မည် စိုးသောကြောင့် အသွားအလာလဲ အထူးဆင်ခြင်ရသည်။ သန္ဓေသားကမူ မိခင်၏ ၀မ်းကြာတိုက်တွင် ကိန်း အောင်းနေစဉ်အခါကပင် မိခင်ဖြစ်သူ၏ အစောင့်အ ရှောက်ဖြင့် မိခင်ဖြစ်သူ၏ အာဟာရကို အမှီပြုလျက် တဖြည်းဖြည်း ရှင်သန်ဖွံ့ဖြိုးလာသည်။
မိဘတို့ခမျာ သန္ဓေသားကို ချောချောမော မောအောင်အောင်မြင်မြင် မွေးဖွားလာစိမ့်သောငှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုတင်ပြင်ဆင်ရသည်။ မီး ဖွားချိန်ရောက်သောအခါတွင်လည်း မိခင်ဖြစ်သူခမျာ 'ယောက်ျားဖောင်စီး မိန်းမမီးနေ'ဆိုသည့်ပမာ ခက်ခက် ခဲခဲမွေးဖွားကြရပြန်သည်။ မိခင်တို့၏မွေးဖွားစဉ်ကာလ ခံစားရသော ကာယိကဝေဒနာကို မိခင်တို့သာ အသိ ဆုံးဖြစ်ပါ၏။ ကံမကောင်းအကြောင်းမလှသော မိခင် တို့မှာမူ အသက်နှင့်ရင်း၍ပင် သားသမီးကို မွေးဖွားပေး ခဲ့ရသည်။ ကာယိကဝေဒနာများ၊ ပူပန်သောကများ ဖြင့် မီးဖွားချိန်ကာလကို ကျော်ဖြတ်ပြီး၍ ရင်သွေးရ တနာကို အောင်မြင်စွာ မွေးဖွားပြီးသော အခါတွင်မူ သားသားမီးမီးတို့၏ မျက်နှာကိုကြည့်ပြီး ခံစားခဲ့ရသော ကာယိကဒုက္ခများ မေ့မေ့ ပျောက်ပျောက်၊ ပူပန် စိုးရိမ်ခဲ့ရသမျှလ

ရထားထိန်း။

   ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို
ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ် ” လို့ မြတ်စွာဘုရားက ဟောထားတာ
ရှိပါတယ်။
         တစ်ခါတုန်းက ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်
ကြီးတစ်ပင်ကို ခုတ်လှဲပါတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က
“ အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို
မဖျက်ဆီးပါနဲ့ ” လို့ ပြောတော့ ကျောင်းဆောက်မယ့်ကိုယ်တော်က နားမထောင်ဘူး။
         အဲဒီတော့ ရုက္ခစိုးက ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကကာထားလိုက်ရင် ဒီ
ကိုယ်တော် ခုတ်မှာမဟုတ်

စိတ်ကောင်းက ကောင်းတဲ့ဘ၀ ပို့ပေးလိမ့်မည်။

 တစ်ခါတလေ ကိုယ်ကတော့ အားကိုးပေမယ့် အားကိုးရာဖြစ်ချင်မှဖြစ်တာ။
လူတွေကြည့်လေ - သားကိုအားကိုးရမလားဆိုပြီးဂရုစိုက်တာ၊ အသက်ကြီးတော့
ကိုယ့်ကို ထော်လော်ကန့်လန့်လုပ်တဲ့သားဖြစ်နေတာမရှိဘူးလား၊ သမီးကိုအားကိုးရမယ်ထင်ပြီး
သမီးလေးကို ဂရုစိုက်မွေးထားတယ်၊ အသက်ကြီးတော့ကိုယ့်ရန်သူဖြစ်နေတာမရှိဘူးလား၊
ရှိတယ်နော်၊ တကယ်အားကိုး ရမယ်လို့ထင်ပေမယ့်လို့ အားကိုးရာဖြစ်ချင်မှဖြစ်မယ်၊
ဒီလိုတော့ရှိနိုင်တယ်။

   တခြားဘာသာဝင်တွေအနေနဲ့သူတို့ရဲ့ စာပေကျမ်းဂန်ကို သူတို့ရဲ့ ဘာသာတရား အရသူ
တို့ရဲ့ဘုရားကို အားကိုးရမယ်လို့သူတို့ယုံကောင်းယုံကြလိမ့်မယ်၊ သို့သော် စိတ်ကောင်းနှလုံး
ကောင်းထားမယ်၊ ကိုယ်ကျင့်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းရာ
သုဂတိ ရောက်ဖို့ မခဲယဉ်းဘူး။

 “အားပေးစကား“စာအုပ်မှကော်နှုတ်ချက်
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

သမာဓိ၏ အကျိုးတရား များ

“ ဗုဒ္ဓသာသနာ - ( သမာဓိ ) ”
•••••••••••••••••••••••••
- သာသနာ၏ အနှစ်တရားတို့တွင် " သမာဓိ " သည်လည်း
တစ်ခုအပါအ၀င်ဖြစ်သည်။ " သမာဓိ " သည် မြန်မာတို့နှင့်
ရင်းနှီးကျွမ်းဝင်သော ပါဠိဝေါဟာရဖြစ်သည်။
၁ ။ သမာဓိ၏ အဓိပ္ပာယ်
သမာဓိ၏ တဟ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊
တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့
မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ
ကောင်းစွာထားနိုင်ခြင်း(သမာဓာန)သည် သမာဓိ၏
သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။

၂ ။ သမာဓိ၏ အမည်အမျိုးမျိုး
သမာဓိ၏ အမည်များ အမျိုးမျိုးရှိပါသည်။ သမာဓိရကာမျှ
ဖြစ်သော ဟီနသမာဓိ(ယုတ်ညံ့သောတည်ငြိမ်မှု)၊ လွန်စွာ
မပွားများရသေးသော မဇ္ဈိမသမာဓိ(အလယ်အလတ်
တည်ငြိမ်မှု)၊ ကောင်းမွန်နိုင်နင်းစွာ ပွားများပြီးသော
(ပဏီတ သမာဓိ( မြင့်မြတ်သောတည်ငြိမ်မှု) စသည်ဖြင့်
သမာဓိအမျိုးမျိုးကို ၀ိသုဒ္ဓိမဂ် စသည်တို့၌ ဖော်ပြထားပါသည်။
၃ ။ သမာဓိထူထောင်နည်း
သမာဓိအလုပ်သည် စိတ်ကူးယဉ်အလုပ်မဟုတ်၊ နှုတ်ဖြင့်
ပြောယုံသာပြောရသော အလုပ်လည်းမဟုတ်၊ လက်တွေ့ အလုပ်
ဖြစ်သည်။ သမထ၊ ၀ိပဿနာ တစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံ
ရှုပွားမှသာ သမာဓိကိုရရှိနိုင်ကြမည်ဖြစ်သည်။
အကယ်၍ သမထ

အမျှပေးဝေသော် မိမိမှာ ကုသိုလ်အရနည်းသွားသလား ?။

  မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေသောအခါ “ မိမိမှာ ကုသိုလ်အ
ရ နည်းမသွားပေဘူးလား ” ဟု စဉ်းစားဖွယ်ရှိ၏။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်း
ဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ မိမိမှာ
ဒါနကုသိုလ် ဖြစ်သလို သူတစ်ပါးအားလည်း ဖြစ်စေလိုသောအခါ “ ရွှေပေါ် မြတင် ” သကဲ့သို့

မူလဒါန ကုသိုလ်အပေါ်တွင် ပတ္တိဒါန ကုသိုလ်ထပ်၍ တင်ရာရောက်သွားလေ၏။ ထို့ကြောင့်
အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွားသည့်အပြင် ပို၍ပင် ကုသိုလ်ပွားပါသေးသည်။
         မီးခြစ် အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့် မီးကူးပေးရာ၌
မူလမီးမှာ အရောင်မမှိန်သည့်အပြင် နောက်မီးတွေ၏ အကူအညီကြောင့် သာ၍ (အလင်းရောင်)
အားရှိသကဲ့သို့တည်း။ သီလကုသိုလ်၊ ဘာဝနာကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တဒါန
ကုသိုလ် ဖြစ်ကြသည်သာ။ ။
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ပူဇော်ထိုက်သူကို ပူဇော်တတ်သော အရှင်သာရိပုတ္တရာ။

   အရှင်သာရိပုတ္တရာသည် ဥပတိဿ ပရဗိုဇ် ဘ၀ဖြင့် အရှင်အဿဇိထံမှ မြတ်စွာဘုရား၏
တရားတော်ကို နာကြားရ၍ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရခဲ့၏။ ထို့ကြောင့် ဆရာဖြစ်သူ
အရှင်အဿဇိကို ပူဇော်လို၍ ရောက်လေရာ အရပ်တိုင်း၌ အရှင်အဿဇိ  ရှိရာအရပ်ဘက်ကို    ဦး

ခေါင်းထား အိပ်ခြင်း၊ ရှိခိုးခြင်းကို အစဉ်အမြဲ ပြု၏။
          အရှင်သာရိပုတ္တရာ၏ အပြုအမူကို ကြည့်ပြီး  အကြောင်းမှန်ကို  မသိသော ရဟန်းများက
အရှင်သာရိပုတ္တရာသည် အရပ်မျက်နှာတွေကို ရှိခိုးနေသည်ဟု ထင်မှတ်ကြသဖြင့် မိစ္ဆာဒိဌိဟု  စွပ်
စွဲမိကြကာ မြတ်စွာဘုရား နားတော် ပေါက်ကြားအောင် လျှောက်ထားကြလေသည်။
          မြတ်စွာဘုရားကိုယ်တော်က  မေးမြန်းတော်မူသောအခါ  အရှင်သာရိပုတ္တရာ မြတ်ကြီးက
သူ၏လက်ဦးဆရာဖြစ်သူ အရှင်အဿဇိ မထေရ် ရှိရာဘက်သို့ ဦးခေါင်းထားအိပ်ခြင်း ဖြစ်ကြောင်း
နှင့် ဆရာအရှင်ကို  ရည်မှန်း၍ ရှိခိုးပူေ

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ

 “သင်တန်းဖွင့်ကြစို့”
  ============
  တို့သာသနာ၊ တို့ဘာသာကို
  မျက်နှာလွှဲထား၊ မကြိုးစားက
  တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့

  ဘာသာတအား၊ တည်တံပွားအောင်
  တို့များညီညာ၊ လက်တွဲကာဖြင့်
  ဓမ္မ တရား၊ စာပေများကို
  သင်ကြားကျင့်သုံး ကြပါစို့။ ။
-----------------------------------------
     “တို့လိုအပ်သည်။”
     ==========
ဘာသာအသိ၊ ဗလာရှိတော့
အားပျော့ခြံတိုင်၊ မတ်မခိုင်ဘဲ
ယိုင်လဲဖြိုကာ၊ တွန်းဝင်လာငြား
မိစ္ဆာမှားယူ၊ ထိုထိုသူတို့ကြောင့်.....
တို့ရဲ့ဘာသာ၊ သာသနာဟာ..
“ခြံမခိုင်လို့၊ ငိုမှာလား...?”
“ငေးငိုင်နေလို့၊ ငိုမှာလား...?”
ထိုသို့အခြေ၊ မဖြစ်လေအောင်
ဓမ္မ ဓမ္မ၊ စကူးလ်ကမှ
အခြေကျကျ၊ ဘ၀လှပြီး
ဆိုးစကိုဖယ်၊ ကောင်းဖွယ်ကိုကျင့်
ကြိုးစားနှင့်တော့၊ ရင့်ကျက်သိမှန်
အမှန်သိကာ၊ နောင်လာမျိုးဆက်
အကျိုးတွက်ကို................
တို့လိုလူကြီး....................
သတိကြီးစွာ၊ ဆောင်ရွက်ပါမှ
ဘာသာဂုဏ်ရောင်၊ ထွန်းပြောင်လာမည်။
ရင်မှာကိုယ်စီ .. သိစေသတည်း။
ရင်မှာကိုယ်စီ .. ရှိစေသတည်း။
 ( သိဒ္ဓိမောင်ဆွမ်းလောင်း၊ လက်ကမ်းစာစောင်မှ ကူးယူရေးသား ပူဇော်ပါသည်။)
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

သံသရာထွက်လမ်းအစကို ရအောင်ယူနည်း။

   ဘ၀သံသရာ ခရီးကို လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်၊ အပါယ်လေး
ဘုံမှ လွတ်မြောက်ရာလမ်းစဉ်မှန်သို့ ရောက်ရန်အလွန်အရေးကြီးပါသည်။ လူ့ရဲ့သဘာဝအရ အပေါင်း
အသင်း၊ အဖေါ်ပြုမှုတွေဖြင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့ နေကြပါသည်။   သူ

တော်ကောင်းတို့သည် မိမိတို့၌ သားမယား၊ လင်သား၊ စပါးဆန်ရေ၊ ရွှေငွေ၊ ဆင်မြင်း၊ တိုက်တာခြံမြေ
တို့ကို မပစ်မစွန့်ရဘဲ၊  ကာမဂုဏ် စည်းစိမ်ကြီးပေါ်က စံစား၍  နိဗ္ဗာန်သို့  သွားနိုင်သော  အနာထပိန်၊
ဝိသာခါတို့လို  သောတာပန်ဖြစ်ခြင်း လမ်းကြောင်းမှန်ကို သိဖို့လိုပါသည်။
         အခါတစ်ပါးမှာ  ဥဂ္ဂသေန သူဌေးက ဘုန်းတော်ကြီး  မြတ်စွာဘုရားကို  မေးလျှောက်ထား၏။
တပည့်တော်၏ မယားသည် တပည့်တော် ခရီးထွက်သွားလျှင် တပည့်တော် လာမည့်လမ်းကို တမ်းတ
၍ ထမင်းမစား၊ ဟင်းမစားဘဲ လေသာပြူတင်းက တပည့်တော်ပြန်လာမည့်လမ်းကိုကြည့်ပြီး  မျှော်တ
၍သာ  နေပါ၏။ လင်၏၀တ္တရားကိုလည်း ကျေပွန်ပါ၏။  သို့အတွက် လင်ကိုချစ်သော မယားကိုလည်း
တပည့်တော် မစွန့်ပစ်နိုင်ပါ။

ချစ်တော့ချစ် သိအောင်မချစ်နဲ့တဲ့။

  တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့

အဖေအမေတွေကျတော့ သားသမီးကို ချစ်တော့မယ်ဆိုရင် သိုသိုသိပ်သိပ်ချစ်တယ်။ ဘယ်အဖေဖြစ်
ဖြစ် သားသမီးကို ချစ်ပါသည်။ ဘယ်အမေဖြစ်ဖြစ် သားသမီးကို ချစ်ပါသည်။ ချစ်ပုံချစ်နည်းသာကွာ
တာ။ အဲဒီလိုဆိုတော့ ပြောစရာက ဖြစ်လာတာပေါ့လေ၊ ဦးဇင်းတို့ အဖေကလည်း ကိုယ့်ကိုချစ်တာပဲ
ဦးဇင်းတို့ အမေကလည်း ကိုယ့်ကိုချစ်တာပါပဲ။
         ဦးဇင်းတို့ အဖေနေရတဲ့ အရပ်ဒေသ ပတ်ဝန်းကျင်က အဲဒီလို လွှမ်းမိုးတယ်၊ ဦးဇင်းတို့ အဖေ
နေရတဲ့ ပတ်ဝန်းကျင်ဒေသ၊ ကြီးပြင်းရတဲ့ အရပ်ဒေသက ဘာတွေလွှမ်းမိုးသလဲဆိုတော့၊ ဘယ်လိုပုံ
စံ လွှမ်းမိုးလိုက်သလဲ မသိဘူး၊ အမေလုပ်တဲ့သူက သားသမီးကို ပွေ့ချီရင်ကိုပြောတာ၊ သားသမီးကို
မချစ်နဲ့ မပြောဘူးတဲ့။ ချစ်တော့ချစ် သိအောင်မချစ်နဲ့တဲ့။ နမ်းချင်ရင်တောင် သူအိပ်နေတုံး နမ်းစမ်း
ပါတဲ့။ သူသိအောင် မနမ်းနဲ့၊ သူသိအောင် မချစ်နဲ့တဲ့။
        ဦးဇင်းတို့ကိုယ်တိုင် ခံစားရတာနဲ့ပြောရင်၊ မှတ်မိသည့် အရွယ်ထိ အဖေကိုယ်တိုင် “သား” လို့
တစ်ခါမှ မခေါ်ဖူးဘူး။ အဖေ့ကို အပြစ်ပြောတာ မဟုတ်ဘူး၊ သူနေရတဲ့ ပတ်ဝန်းကျင်၊ သူရဲ့အသိုင်း
အ၀ိုင်း၊ သူနေရတဲ့ ရပ်ကွက်၊ သူေ

ဓမ္မအသိဖြင့် အကျိုးရှိရှိနေကြမည်။

ကောင်းကျိုးချမ်းသာ ရဖို့ဆိုတာ အချက် ၄ ချက် လိုပါတယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရပါမယ်။
        (၁)။“ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရပါမယ်”။ ငါ့သန္တာန်မှာ ဒီလူ့ဘ၀ ရလာတဲ့အချိန်

မှာ “ ကုသိုလ်စိတ် ” တွေ များများ ဖြစ်စေရပါမယ်။ ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှား
ပြီး အကောင်းတရားတွေကို ဖေါ်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အလောဘ၊ အဒေါသ၊ အမော
ဟတို့ ရှိရပါမယ်။
         အလောဘဆိုတာ ကိုယ့်ရဲ့ပစ္စည်းကို အများနဲ့ မျှဝေခံစားနိုင်ဖို့ လောကမှာလူဆိုတာ အ
ပေါင်းအသင်းတွေနဲ့ နေတဲ့အခါကျတော့ ကိုယ်ရဲ့ပစ္စည်းကို ဆုပ်ကိုင်မထားဘဲနဲ့ မျှဝေခံစား သုံး
စွဲနိုင်ရပါမယ်။ စွန့်လွတ်နိုင်တဲ့စိတ်မျိုး အလောဘစိတ်ကို ထားနိုင်ရပါမယ်။ အဒေါသဆိုတာ အ
များရဲ့အကျိုးကို လိုလားတဲ့ မေတ္တာဖြစ်ပါတယ်။ အမောဟဆိုတာ ဘာကိုလုပ်သင့်သလဲ၊ ဘာကို
မလုပ်သင့်ဘူးလဲ ဆိုတာကို သိတဲ့ အသိပညာ ဖြစ်ပါတယ်။
         အဲဒီ သဘာဝတရားတွေဟာ အဆိုးတရားတွေကို ဖယ်ရှားနိုင်တာမို့ ကုသိုလ်လို့ ခေါ်ပါ
တယ်။ အဲဒီ ကုသိုလ်တရားတွေ ကိုယ့်ရဲ့သန္တာန်မှာဖြစ်အောင် လုပ်ရပါမယ်။
         (၂)။ “အလေ့အကျင့် လိုအပ်ပါတ

သောတာပန် အရက်သောက်သလား

အမေး။ ။ စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုဖြစ်တဲ့ သောတာပန်ဟာ အရက်သောက်ရင် ကြိုးကြာရေသောက်သလို ရေသာဝင်တယ်၊ အရက်မ၀င်ဘူးဆိုတာကို သိလိုပါတယ်ဘုရား။
အဖြေ။ ။ စာရေးဆရာကြီး ရေးသားချက်အရ သောတာပန်ဟာ အရက်သောက်သေးသတဲ့ ဆိုတာ မဟုတ်ပါ။ သောတာပန်ပုဂ္ဂိုလ်ဟာ သာမာန်လိုမဟုတ်တော့ ရတနာသုံးပါး၌ ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ရှိသလို ငါးပါးသီလကိုလည်း သီးသန့်ဆောက်တည်နေစရာ မလိုတော့ဘဲ
လုံခြုံပြီးသား ဖြစ်ပါတယ်။ “အရက်မသောက်က သတ်ပစ်မယ်”လို့ ခြိမ်းခြောက်ကာ အရက်ကို အတင်းတိုက်ဦးတော့ အသက်သာအသေခံမယ် သီလအပျက်မခံတော့တာဟာ သောတာပန်အရိယာများရဲ့ သဘာဝပါ။
ခုနပြောတဲ့စာရေးဆရာကြီးက “သောတာပန်ဟာ အရက်သေစာသောက်သည်အထိ ငါးပါးသီလ ကျုးလွန်နိုင်သေးတယ်”လို့ပြောထားပါတယ်။ သူဟာ လူတွေရဲ့ စိတ်ဓါတ်ကို လေ့လာခဲ့တာ ကြာပါပြီတဲ့၊ အဲဒီလို လေ့လာပြီးဖြစ်တဲ့အတွက်

“ ဗုဒ္ဓဘုရားရှင်နှင့် တပေါင်းလ ”

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။
တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလ၀က်သည်
ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင်
ကျရောက်သည်။

ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့်
ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို
ရေးဖွဲကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။
သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင်
ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီ
ပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။
တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့
ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင်
တပေါင်းလပွဲတော်ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေး
တွင်လည်း မှတ်တမ်း

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ။

  သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည်  သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု

အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်
ပြီး လှူတတ်ကြ၏။  သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင်
သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။
         သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏
အဆုံးအမပင် ဖြစ်၏။  ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။  သီလ၊ သမာဓိ၊ ပညာ  သိက္ခာသုံးပါး
မိမိသန္တာန်မှာ  ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ  ရတနာသုံးပါးကို
ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို  ဦးစွာသာသနာပြုခြင်း  မည်၏။
         မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ်
တည်အောင်  စာသင်တိုက်များ  ဖွင့်လှစ်၍  စာပေများ

တာဝတိံသာနတ်တွေပြောတဲ့ သူတော်ကောင်း။

  သိကြားမင်းကြီး လူ့ဘ၀တုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့
ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြပါတယ်။ အဲဒါတွေကတော့
၁။ “ မာတာ ပေတ္တိဘရော ” အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်

ကျေးဇူးဆပ်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့ နတ်တွေက သတ်မှတ်ပါတယ်။
၂။ “ ကုလေ ဇေဌာပစာယီ ” ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့ အမျိုးတွေ၊ အဖေ့ဘက်က
တော်တဲ့ အမျိုးတွေ ရှိပါတယ်။ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေ အမတွေ
ဆိုတာ ရှိပါတယ်။ အဲဒီ ဆွေမျိုးတွေထဲက လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေ လေးစားတာလည်း နတ်တွေ
သတ်မှတ်တဲ့ သူတော်ကောင်းပါ။
၃။ “ ယာသာဝါစာ နေလာ ” ကိုယ်ပြောတဲ့ စကားတစ်ခုဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရပါမယ်။
စကားပြောတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း နတ်တွေ
သတ်မှတ်တဲ့ သူတော်ကောင်း

ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူကြည့်အောင်ပဲ နေသွားမှာလား? ။

  ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ  ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊  နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။

ဒိုးပတ်ဝိုင်းအတိုင်း ၀ါးနဲ့ချိုးပြီး  စက္ကူနဲ့ လုပ်ထားတာ၊  နှဲဆိုရင်လဲ နှဲအတိုင်း ၀ါးနှီး စက္ကူနဲ့ လုပ်ထား
တာ၊  ၀ါးလက်ခုပ်လဲ  အဲဒီလိုပဲ ၀ါးနှီးနဲ့လုပ်ပြီး စက္ကူနဲ့  လုပ်ထားတာ၊  ဒိုးပတ်ဆိုရင်လဲ   ဒီအတိုင်းပဲ
မောင်းဆိုရင်လဲ ဒီအတိုင်းပဲ၊ မောင်းတီးတဲ့ဒုတ်လဲ ဒီအတိုင်းပဲ ၀ါးနှီးနဲ့ရက်ပြီး စက္ကူနဲ့  လုပ်ထားတာ။
တီးတော့တီးတယ် အသံမမြည်ဘူး။ ခေါင်းဆောင်က ရွှိ..လို့ ခရာမုတ်လိုက်တာနဲ့ အကုန်တီးကြတယ်
ပါးစပ်ကလဲ ဘာအသံမှမထွက်ဘူး။ တီးတဲ့ဟာတွေကလဲ ဘာအသံမှ မထွက်ဘူး အဲဒီလို အသံမထွက်
ဘဲ ခြောက်ကပ်ကပ် တီးဝိုင်းကို ပတ်ခြောက်ဝိုင်းလို့ခေါ်တယ်။
         ကာလသားတွေက  လုပ်ကြအုံးမယ်ကွ ဆိုတော့ လုပ်ဟေ့၊  အိမ်က၀ါးလုပ်ငန်း    လုပ်တော့
ဝါးကျွမ်းကျင်တယ်၊   ၀ါးကိုနှီးထိုး ဒိုးပတ်လုပ်၊  မောင်းလုပ်၊  လင်းကွင်းလုပ်၊   ၀ါးလက်ခုပ်လုပ်ပေါ့၊
ကိုယ်ကလဲ  ၀ါးလက်ခုတ်တီးတဲ့  အထဲပါတယ်  ၀ါး စက္ကူနဲ့လုပ်ပြီး  အသံမမြည်အောင်   တီးရတာ။
တီးတဲ့သူတွေက တိုက်ပုံအင်္ကျီ  လုံချည်အကွက်ကြီး ကိုယ်စီဝတ်စုံ  ၀တ်ထားကြတယ်။  အလှူလှည့် 
  ပြီဆိုရင် လူတွေက   ဘာကိုကြ

ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။

  ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့ ဘုရားကို လျှောက်ပါတယ်။ ဒါနဲ့ မြတ်စွာဘုရား

က ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။
         အဲဒီကမ္မဌာန်းက ဘာတုန်းဆိုရင် မျက်စိက နှစ်သက်စရာ မြင်စရာအာရုံကို မြင်တဲ့အခါ၊
နားက သာယာစရာ နှစ်သက်စရာ အသံကိုကြားတဲ့အခါ၊ နှာခေါင်းက မွှေးကြိုင်ပြီးတော့ နှစ်သက်
စရာအနံ့ကိုရှူရှိုက်ရတဲ့အခါ၊ လျှာကလည်း အင်မတန် အရသာရှိတဲ့ အစာအဟာရကို လျက်ရတဲ့
အခါ၊ ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်းတဲ့ အရာဝတ္ထုကို ထိတွေ့ရတဲ့အခါ၊
စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့ အရာမျိုးကို တွေ့ရတဲ့အခါမျိုးတွေမှာ “မင်း” လောဘ
မဖြစ်အောင် ထိန်းပါ။ လောဘမဖြစ်ပါစေနဲ့။ ဒါက ကျင့်ရမယ့် ကျင့်ဝတ်တစ်ခုပါ။
         လူတိုင်းလူတိုင်းဟာ အာရုံမုန်တိုင်းက ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက်တယ်။ မုန်တိုင်း
တိုက်ပြီဆိုရင် သာမန်အခုအခံ မရှိဘူးဆိုရင် လူတွေရဲ့စိတ်ဟာ ပြိုလဲသွားပါတယ်။ လောဘဖြစ်
စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်၊ ဒေါသဖြစ်စရာ အာရုံနဲ့တွေ့ရင်ဒေါသဖြစ်တယ်၊ ဒါ..ပြို
လဲသွားတာ ဖြစ်ပါတယ်။
         မျက်စိက မြင်တာ၊ နားက

သတ္တ၀ါတို့ အကျိုးများပုံ

ထိုပြခဲ့သော အကြောင်းကြောင့် တင့်တယ်ကြီးမား ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါဘဲ သတ္တ၀ါတို့၏ အကျိုးစီးပွားများကြဖို့ရာ တရားဟောတော်မူလျက် ၄၅-၀ါ အချိန်အခါကို ကုန်လွန်စေတ်ာမူပါသည်။ ထို့နောက် ပရိနိဗ္ဗာန်စံတော်မူခါနီး ဆဲဆဲမှာပင်-

“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”



ဟု ဆုံးမသြ၀ါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့ မနားမနေ ဟောပြတော်မူပေသောကြောင့် ကုဋေများစွာ သတ္တ၀ါတို့ သံသရာဝဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။

ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ၀ီရိယ ကြီးမား၍ သတ္တ၀ါတို့ အကျိုးများပုံကို ယုံယုံကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ = ဘုရားရှင်သည် တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်ပါပေသည်။ ဘုရားမှတစ်ပါး တခြား ကိုးကွယ်ရာ မရှိတော့ပါ”ဟု ဘုရားကိုးကွယ်မူ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ မိမိသန္တာန်၌ တည်တော့၏။ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံ အချုပ်တည်း။ ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော တစ်မျိုးမျိုးကို ဖြစ်စေ၊ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွမ်းထားခြင်းကို “ဘာဝနာ”ဟု ခေါ်ရပေသည်။ ဤကား သွားရင်းလာရင်း ဘုရားရှိခိုးရင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ အများပွားနေကျ ဘာဝနာကို “ဘာဝနာ” ကျမ်းဂန်တို့၌ ရူကြပါတော့။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။