ဥပဓိဆိုတဲ့ဥစ္စာ ရှိတယ်။ ရုပ်အဆင်းကို ခေါ်တယ်။ ရုပ်အဆင်းဟာ အမှတ်တမဲ့တော့ အရေး
မကြီးပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အဆင်းလှတယ်ဆိုရင်ပဲ ဘေးက မြင်နေရတဲ့သူက ..
ဟယ်... ရုပ်ကလေးက သနားကမားလေးနဲ့ ဆိုပြီးတော့ သူ့အပေါ် ချစ်ခင်စိတ် ရှိတယ်။
ကလေး ကလေးဆိုလို့ရှိရင်လဲ ရုပ်ကလေးက သနားကမားကလေးနဲ့ ဆိုပြီးတော့ ကျွေးချင် မွေး
ချင်လာတယ်။
လူကြီး လူကြီးအလိုက်ပေါ့လေ။
အရုပ်က ဆိုးနေပြီဆိုလို့ရှိရင် ကျွေးချင် မွေးချင်စိတ်တောင် နည်းသွားတယ်။
သနားတတ်တဲ့သူနဲ့ တွေ့ရင်သာ ကျွေးချင် မွေးချင်တယ်။
ဒါကြောင့် ဥပဓိဆိုတဲ့ ရုပ်အဆင်းဟာ သိပ်အရေးကြီးတာပဲ။
ဟို.. အထက်တန်းကျလေလေ ရုပ်အဆင်းက အရေးကြီးလေလေ။
အထက်တန်းရောက်လာလေ ဥပဓိက အရေးကြီးလေပဲ။
သူတို့ကတော့ဖြင့် အကျိုးမပေးပဲ နေပါ့မလား .. ဥပဓိကိုက တယ်ကောင်းတာကိုး။
ဥပဓိဟာ.. အကုန်လုံး လိုက်ပြီးတော့ အကျိုးပေးစရာ အကြောင်းဖြစ်သွားတယ်။
{ http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }
February 5, 2015
ရုပ်အဆင်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment