February 2, 2015

ပြည့်စုံလာလျှင် သတိယှဉ်



 ဘဝဆိုတာ မရှိတာရှိအောင်၊ မရသေးတာ ရအောင်၊ မဖြစ်ပေါ်သေးတာ ဖြစ်ပေါ်
အောင်၊ ဆင်းရဲနေရင် ချမ်းသာအောင်၊ မပြည့်စုံတာ ပြည့်စုံအောင်၊ ရှာရ၊ ဖွေရ၊ ပြု
လုပ်ရ၊ ကြိုးစားဆောင်ရွက်ရတယ်။ ဒါမှ ဘဝတိုးတက်တယ်၊ ပြည့်စုံတယ်။ ကြိုး
စားလို့ ပြည့်စုံလာလျှင်တော့ သတိထားရမယ်။ ပြည့်စုံလာလေ သတိထားရလေ၊

ပြည့်စုံလာလေ သတိပိုထားရလေပဲ။ ပြည့်စုံမှုဟာ သတိနဲ့ထိန်းချုပ်မှ၊ အသိနဲ့ကွပ်
ကဲမှ ချမ်းသာကို ဆောင်တယ်၊ ပိုမို တိုးတက်တယ်၊ သာ၍ သာ၍ ပြည့်စုံတယ်။
ပြည့်စုံမှုကို သတိနဲ့မထိန်ချုပ်နိုင်ဘူး။ အသိနဲ့လည်း မကွပ်ကဲနိုင်ဘူးဆိုခဲ့ရင်တော့
အဲဒီပြည့်စုံမှုတွေဟာ ဆင်းရဲကိုဖြစ်စေတယ်။ ဘဝကို ပျက်စေတယ်။ အပါယ်လေး
ပါးကို ကျရောက်စေတယ်။ ဒါကြောင့် ပြည့်စုံလာသူတိုင်း သတိချပ်ရတယ်။ အသိ
ဉာဏ် ကပ်ရတယ်။

ချမ်းမြေ့မြိုင်ဆရာတော်
(သြဝါဒ ကောက်နှုတ်ချက် မှ)

No comments:

Post a Comment