May 27, 2014

ဒါလည်း ဆင်းရဲပါပဲ

ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်၊ အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း ဆင်းရဲတစ်မျိုးပါပဲ။ 

သတ္တဝါတွေရဲ့  စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွန်းတာ၊ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ၊ တောင့်တကြတာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ပင်းပန်းတာတွေ၊ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ၊ ခံစားရတာတွေ ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊ အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့ စသဖြင့် ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှုခံစားချက်ဟာ လူအတော်များများရဲ့  ဝန်းကျင်အသီးသီးမှာ ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ကိုယ့်ကို ဦးစားမပေးဘဲ တခြားသူကို ဦးစားပေးတဲ့အခါ၊ ကိုယ့်ကို အသိအမှတ်မပြုဘဲ တခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ၊ ကိုယ့်ကို အလေးမပေးဘဲ တခြားသူကို အလေးပေး

ရှိတာလေးနဲ့ မျှအောင်စားမယ်

အဲဒီတော့ နိဂမ၀ါသီတိဿမထေရ်ကို “ဆွေမျိုးတွေနဲ့ ရောနှောတယ်”လို့ ကဲ့ရဲ့တော့ မြတ်စွာဘုရားရှင်က မေး။ တိဿမထေရ်က ဖြေ။ “အလိုနည်းခြင်းဆိုတဲ့ အပ္ပိစ္ဆဂုဏ်ဟာ ရှေးသူတော်ကောင်းကြီးတွေရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာပါပဲ။ ငါဘုရားရဲ့ ကျင့်ထုံးဟောင်းလည်း ဖြစ်ပါတယ်”ဆိုပြီးတော့ အတိတ်ကို ဟောတာပေါ့။ အဲဒီဝတ္ထုရော ဟောပေးရဦးမလား။

တစ်ခါတုန်းက ရေသဖန်းတောကြီးထဲမှာ ဘုရားလောင်းကျေးမင်းက ရေသဖန်းပင်တစ်ပင်ကို အမှီပြု၊ ရေသဖန်းသီးတွေ စားပြီးတော့ နေတယ်။ အဲဒီ ရေသဖန်းပင်က ရေသဖန်းသီးတွေ ကုန်သွားတဲ့အခါကျတော့ ရေသဖန်းပင်မှာ ရှိတဲ့ အညွှန့်တွေကို စားပြီးတော့ နေတယ်။ အညွန့်တွေ ကုန်သွားတော့ အရွက်တွေစားပြီးတော့ နေတယ်။ အရွက်တွေ ကုန်သွားတော့ အပွေးလေးတွေကို စားပြီးတော့ နေတယ်။ အပွေးလေးတွေ ကုန်သွားတော့ အခေါက်ကလေးတွေကို စားပြီးတော့ နေတယ်။
တခြားငှက်တွေ သစ်သီးပေါတဲ့ တခြားတောထဲကို ရွှေ့ပြောင်းပြီးတော့ သွားကြပေမယ့်၊ အသီးရှိတဲ့ တခြားအပင်ကတော့ အဲဒီရေသဖန်းပင်ကြီးမှာပဲ ရှိတာလေးနဲ့ မျှတပြီးတော့စား၊ ဂင်္ဂါမြစ်က ရေလေးသောက်ပြီးတော့ နေတယ်။

အဲဒီလို အကျင့်ပြင်းထန်တော့ ထုံးစံအတိုင်းပေါ့လေ။ သိကြားမင်းကျောက်ဖျာတင်းတယ်၊ ပူတယ်။ ကျောက်ဖျာတုန်လူပ်တယ်လို့လည်း ဆိုပါတယ်။ သိကြားမင်း ကျောက်ဖျာတင်းတော့ သိကြားမင်းက လူ့ပြည်မှာ ဘယ်သူများ အကျင့်ပြင်းထန်သလဲလို့ ကြည့်လိုက်တော့ ကျေးမင်းကို သွားတွေ့တယ်။

စုံစမ်းစစ်ဆေးရေးလုပ်ဦးမှပဲ ဆိုပြီးတော့ သိကြားမင်းက အဲဒီဘုရားလောင်းကျေးမင်း နေထိုင်တဲ့ ရေသဖန်းပင်ကြီးကို ခြောက်သွေ့အောင် လုပ်လိုက်တယ်။ နေ့ချင်းညချင်း ဆိုသလိုပဲ ရေသဖန်းပင်ကြီးက ခြောက်သွား။ အကိုင်းတွေ ဘာတွေပြိုကျ။ သစ်ငုတ်လေးပဲ ကျန်တော့တယ်။

အပေါက်တွေ ဖြစ်၊ အခေါင်းတွေ ဖြစ်။ လေတိုက် လိုက်တယ်ဆိုရင် တူရိယာတီးမူတ်လိုက်သလို အသံတွေထွက်။ အဲဒီအပေါက်တွေကနေ လေတိုက်တဲ့အခါကျတော့ အမူန်တွေထွက်ကျ။ ဘုရားလောင်းကျေးမင်းက အဲဒီ

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံ ဆောက်တည်တဲ့ ဗောဓိကုမာရမင်းသား။

  မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို
ကိုးကွယ် အားထားပါ၏။ “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာမြတ် အပေါင်းကို ကိုးကွယ်အားထားပါ၏
လို့...အမေက သရဏဂုံ သီလတွေကို ခံယူဆောက်တည်ပါသည်။ ပညာရှိတဲ့ မိဘဆိုတော့ အမေ
က သူ့အတွက် သရဏဂုံ သီလတွေ ဆောက်တည်သလို၊   ဒါက...  သားအတွက် ဆောက်တည်
တာပါ ဆိုပြီးတော့ ၀မ်းကြာတိုက်ထဲက ဗောဓိကုမာရ မင်းသားလေး အတွက်လည်း တစ်ဖန် သရ
ဏဂုံ သီလကို ဘုရားရှင်ထံတော်မှောက်မှာ တစ်ခါထပ်ပြီး ဆောက်တည်တာဟာ အံ့သြစရာပါ။
ကြည်ညိုစရာပါ။ အတုယူစရာပါ။
      သားရတနာ၊ သမီးရတနာ မမွေးမီကတည်းက သရဏဂုံ ဆောက်တည်လို့  ရပါတယ်။ ဒီလို
သဘောတွေက ဗုဒ္ဓအဆုံးအမ စာထဲပေထဲမှာ အတိအကျပါပါတယ်။ သရဏဂုံ ဆောက်တည်တာ
စကားအသံအထွက် အနေနဲ့ ပီတာမပီတာ ခဏထား၊  စိတ်ဓါတ်က သက်ဝင်ဖို့ အရေးကြီးတယ်။
အမေရဲ့ စိတ်ဓါတ်စွမ်းအားနဲ့  သားကို ရည်မှန်းပြီး သရဏဂုံ ဆောက်တည်ပြီးသား ဖြစ်ပါတယ်။
      ဒီအမေနဲ့ ဒီသားဟာ ချက်ကြိုးနဲ့ ဆက်နွယ်နေ

လိုချင်တာကို ရှေ့တန်းတင်လျှင်။

  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
တော်တွေ ကြွလာတဲ့အခါ အပေါ်သို့တက်ဖို့ လှေကားကို အ၀တ်ဖြူကြီး ခင်းထားတယ်။ ဇနီး

မောင်နှံက လှေကားဦးမှာရပ်ပြီး လျှောက်ကြတယ်။ “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟော
ဒီ လှေကားအပေါ် အ၀တ်ဖြူကိုနင်းပြီး တိုက်ခန်းအဆောင် အပေါ်ထပ်ကို ကြွတော်မူပါဘု
ရား”ဆိုတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အဲဒီအ၀တ်ဖြူ ခင်းထားတဲ့ လှေကားပေါ်ကို
မကြွဘူး။ နောက်တစ်ခါ ထပ်ပြီး ပင့်လျှောက်ကြပြန်တယ်။ နှစ်ခါလျှောက်တယ်၊ ဘုရားရှင်
မကြွဘူး။  သုံးခါလျှောက်တော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို  လှည့်
ကြည့်တော်မူပါတယ်။ အဲဒီလို ဘုရားရှင်က လှည့်ကြည့်တော်မူတော့ အရှင်အာနန္ဒာက သိ
တယ်။ လှေကားအထက်မှာ ခင်းထားတဲ့ အ၀တ်ဖြူကြီးကို ဖယ်လိုက်တယ်။
      ဗောဓိကုမာရ ဇနီးမောင်နှံက “ဘုန်းတော်ကြီး မြတ်စွာဘုရား မဖယ်ပစ်တော် မူပါနဲ့
ဘုရား” လို့ လျှောက်ထားတယ်။ “ဘာအြေ

လောကကြီးကို အလေးထားပါ။

လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်ကြပါတယ်။
လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားကြပါတယ်။
အများစုက ဘယ်သူမှမရှိဘူး ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားကြတယ်၊ “ ဘယ်သူမှ
မရှိဘူး၊ ငါ တရားထိုင်မယ် ” ဆိုတာ အနည်းစုသာရှိပါမယ်။ အင်မတန်မှနည်းပါတယ်။  ဒီတော့

အများစုက မကောင်းတာလုပ်ဖို့ စဉ်းစားကြပါတယ်။ ဘာဖြစ်လို့ မကောင်းတာ လုပ်သလဲဆိုရင်
သူ့စိတ်ထဲမှာ ဆိတ်ကွယ်ရာလို့သတ်မှတ်လိုက်ကြပါတယ်။ “ ငါလုပ်တာ ဘယ်သူမှမသိဘူး၊ ငါ
လုပ်ချင်တာ လုပ်လို့ရပြီ ” လို့ ထင်ပြီးတော့ အဲဒီလို လုပ်လေ့ရှိတတ်ကြပါတယ်။
         အဲဒီမှာ ကိုယ့်ကိုယ်ကို စဉ်းစားရမှာက “ ဘယ်သူမှ မသိပေမယ့် ငါသိတယ် ” လောကမှာ
မဟုတ်တာလုပ်ရင် ကျန်တဲ့လူတွေ ဘယ်သူမှမသိဘူးဆိုပေမယ့် ငါသိတယ်နော်၊ ဒီတော့ ငါသိ
နေရင်ကို သိတဲ့သူရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်သိရင်ပဲ အကုသိုလ်ဟာ မလုပ်သင့်ပါ။
         ဒါကြောင့်မို့ “ နတ္ထိလောကေ ရဟော နာမ

ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းအကျိုး။

  ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်း ပေးဝေတာကို မြတ်စွာဘုရားက “ဉာတိဓမ္မ”
ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောထားတာဖြစ်လို့ လုပ်သင့်လုပ်
ထိုက်တဲ့ကိစ္စ၊ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
၁။ ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။

၂။ မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘ၀မှာ ရောက်နေရင် ကုသိုလ်ကောင်းမှုရဲ့ အကျိုး
ကျေးဇူးကို ခံစားရပါမယ်။
၃။ သံဃာတော်အရှင်မြတ်များ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို လှူဒါန်းထောက်ပံ့ပြီး
မည်ပါတယ်။
၎။ မိမိတို့ ကိုယ်တိုင်ကလည်း ကုသိုလ်ကော

မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။

   မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။
ထို(၁၀၈)ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)
ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖေါ်၍  အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်
၍ (၂၁) ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ သဘောကား လောကသုံးပါး

သည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်
ဟု ဆိုလိုသည်။ ထို လက္ခဏာတို့သည် ဖွါးတော်မူခါစကပင် ပါရှိလေသည်။ တစ်ရာ့ရှစ်ယောက်  ကုန်
သော ပုဏ္ဏားတို့အနက် ရှစ်ဦးတို့သည် ဘုရားလောင်း သူငယ်၏ မြတ်သောလက္ခဏာတော်၏ ပြည့်စုံ
ခြင်းကို  ကြည့်၍   ပထမပုဏ္ဏား   ခုနှစ်ဦးမှစ၍  ဘုရား သော်လည်းကောင်း၊ စင်္ကြာမင်း သော်လည်း
ကောင်း ဖြစ်မည်ဟု ဆိုကုန်၏။ ကောဏ္ဍညနွယ်ဖွါး သုဒတ္တ ပုဏ္ဏားငယ် တစ်ဦးတည်းမှ “ဘုရားစင်စစ်
ဖြစ်လတ္တံ့ ” ဟု တစ်ခွန်းတည်း ဟောဆိုသည်။ အကြောင်းမှာ..ဘုရားလောင်း၏ ခြေတော်ပြင်  လက္ခ
ဏာ အစဉ်ဝယ်  စင်္ကြာမင်းပုံ ပါလေသည်။  စင်္ကြာမင်းထက် မြတ်သည်ကား လောကသုံးပါးတွင် “ဘု
ရား ” သာလျှင် ရှိပေသတည်း။
       ထို့ကြောင့် ဤ လက္ခဏာ (၁၀၈) ပါးကို ဖူးမြင်ရာတွင် မြတ်စွာဘုရား၏ တိလောကဂ္ဂ လောက
သုံးပါးထက် မြင့်မြတ်သောဂုဏ် တိလောကန္ဓဂူ  လောက

လူကြီးတွေက ကလေးတွေကို ကော်ပတ်ရုပ်ထင်နေကြမယ်ဆိုရင်။

လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။  အခု

တရားနာနေတဲ့ ပရိတ်သတ်ထဲမှာ မိသားစုနဲ့ အဆင်မပြေ စိတ်ပူလောင်နေလို့  လာ တရားအား
ထုတ်တဲ့သူတွေ တစ်ပုံကြီး၊ အဲဒီ တရားအားထုတ်နေတဲ့သူတွေ ရုပ်ဟဲ့၊ နာမ်ဟဲ့၊  နာမ်ဟဲ့၊ ရုပ်ဟဲ့
လုပ်၊   လုပ်တုံးသာ ခဏ  တရားမှတ်လို့ ရချင်ရမယ်၊  အိမ်ကို  ပြန်ရောက်ရင်လေ၊   ဒီအတိုင်း၊
ဒီအတိုင်း၊ ဒီအတိုင်း၊ ပြန်ပူနေမှာပဲ။ နားလည်စမ်းပါ၊ သဘောပေါက်စမ်းပါ။
      ဘုရားကိုကြည်ညို၊ တရားကိုကြည်ညို၊ သံဃာကိုကြည်ညိုတယ်ဆိုရင်  အမေနဲ့ ဘာဖြစ်လို့
မတည့်ရတာလဲ၊ အဖေနဲ့ဘာဖြစ်လို့ မတည့်ရတာလဲ၊ သားနဲ့ ဘာဖြစ်လို့ မတည့်ရတာလဲ၊ သမီးနဲ့
ဘာဖြစ်လို့  မတည့်ရတာလဲ။ မိဘတွေက သားသမီးကို ဘာဖြစ်ချင်တာလဲ?။   သားသမီးတွေက
ရော မိဘတွေကို ဘာဖြစ်ချင်တာလဲ?။ ကောင်းစေချင်တာချင်း အတူတူ ဆိုရင်၊ ကောင်းပေးပါ။
     တစ်ခုတော့ အသိပေးချင်ပါတယ်။ ကော်ပတ်ရုပ်ကို လူထင်တဲ့ကလေးတွေ ရှိပါသည်။ ကော်
ပတ်ရုပ်ကလေးနဲ့ ငယ်တုံးက ကစားတဲ့ ကလေးသူငယ်တွေဟာလေ ကော်ပတ်ရုပ်ကို လူထင်ကြ
တာ။ အိုး...  အင်္ကျီလေး ၀တ်ပေးလိုက်၊

May 23, 2014

လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ရေးအတွက်။

   မြတ်စွာဘုရားက လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားဖို့အတွက် အင်္ဂါနှစ်ချက် ဖေါ်ပြ
ထားတာ ရှိတယ်။
         ၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား
            ( External Condition ) ပေါ့။

         ၂။ “ယောနိသော မနသိကာရ” မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု။ ဒါက အတွင်း
            ဘက် အကြောင်းတရား (Internal Condition) ပေါ့။ အပြင်အကြောင်းတွေက ဘယ်
            လောက်ကောင်းကောင်း “ယောနိသော

သိအပ်သည်ကို သိစေအပ်၏

မိမိသန္တာန်၌ တစ်ခုခုသော အာရုံကို အကြံအစည်ပြု၍နေလေရာ ရှေးရှေးဖြစ်သောစိတ်အစု ခဏမစဲချုပ်ကွယ်၍ နောက်နောက်ဖြစ်သောစိတ်အစု
ခဏမစဲ အသစ်အသစ် ဖြစ်ပေါ်ပြောင်းလဲခြင်းရှိပါသော်လည်း ရှေ့စိတ်နောက်စိတ် အခြားဟူ၍ မထင်ပြီ။
တစ်နေ့လုံးပင် ကြံစည်၍နေသော်လည်း စိတ်တစ်ခုတည်းသာ ထင်ရ၏။
တစ်သက်လုံးမှာပင် စိတ်တစ်ခုတည်းသာထင်ရ၏။
ထို့ကြောင့်ပင်လျှင် စိတ်၌ ”နိစ္စ-ဒိဋ္ဌိ အယူ” ခိုင်မြဲလျက် ရှိနေကြ၏ဟု လယ်တီဆရာတော်ဘုရားကြီးက ရေးသားဖော်ပြ ထုတ်ဖော် ထောက်ပြ၏။
ဤသို့ အခြားမရှိဆက်စပ်၍ တစ်စဉ်တည်း တစ်ဆက်တည်း တည်နေသော ရုပ်နာမ်ဓမ္မစဉ်ကို သူ၊ ငါ၊ ယောက်ျား၊မိန်းမ သတ္တဝါဟု တို့များ
ပညတ်ပေးကြ၏။
ပညတ်သည် အရှိမဟုတ်၊ လောကအခေါ်ဝေါ် အမည်နာမသာဖြစ်၏။
” ထိုနာမ ကို သဘာဝ ဟု မယူသင့်ပေ။”
သဘာဝဓမ္မသည်ကား အပေါ်၌ဖော်ပြခဲ့သော အခြားမရှိဆက်စပ်၍ တစ်စဉ်တည်း တစ်ဆက်တည်း တည်နေသော ရုပ်နာမ်ဓမ္မစဉ်သာဖြစ်၏။
ဤကားအရှိတရားဖြစ်၏။ ဤ
”အရှိကို အရှိတိုင်းသိ၍ ဤအရှိတရားအစ

သိဒ္ဓတ္ထမင်းသား အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။

    ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ  ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်

တော်မူတယ်၊ အဲဒီအခါ လမ်းခုလတ်မှာ သူအိုကို တွေ့ မြင်ရတာနဲ့  သံဝေဂဖြစ်ပြီး ဆက်မသွား
ဘဲ၊ ပြန်လှည့်လာခဲ့တယ်။ နောက်တစ်ကြိမ် ထွက်တဲ့အခါ သူနာကိုတွေ့ တယ်၊ နောက်တစ်ကြိမ်
သူသေကိုတွေ့ တယ်၊  အဲဒီလို တွေ့ မြင်ရတဲ့ အခါများမှာလည်း သံဝေဂတွေဖြစ်ပြီး  ပြန်လှည့်
လာခဲ့ပါတယ်။
      ဘုရားလောင်းက စဉ်းစားပါတယ်၊ အိုကြရ၊ နာကြရ၊ သေကြရ၊ တယ်ပြီးဆင်းရဲကြပါလား။
အဘယ်ကာလကျမှ အို၊နာ၊သေ ဆိုသော ဒုက္ခဆင်းရဲ အစုကြီးမှ လွတ်မြောက်ကြောင်း တရား
သည် ထင်ရှားကြပါလိမ့်မလဲ? ဟု ဆင်ခြင်စဉ်းစားတော်မူပါသည်။
      ထိုကဲ့သို့  ဆင်ခြင်တော်မူသောအခါ၊ ဘု

လူတိုင်းအတွက် ဒါနပြုနည်း။

ဝစ္ဆ၊ ငါဘုရားသည် ဒါနကို ဤသို့ဟောတော်မူ၏။
အကြင်သူတစ်ယောက်သည် ထမင်းအိုးကို ရေဆေးကြောသောအခါ အိုးဆေးရေကို
ရေအိုင်၊ ရေမြောင်းထဲ၌ သွန်ပစ်ရာ၌ပင် “ ရေအိုင်ထဲမှာရှိသော ပိုးမွှားတွေ စားသောက်ကြ
ပါစေ” ဟူသော စိတ်စေတနာဖြင့် သွန်ပစ်လျှင် ထိုအိုးဆေးရေကို စေတနာဖြင့် သွန်ပစ်ခြင်း

ဟူသော အကြောင်းကြောင့် ကုသိုလ်ကောင်းမှု ဖြစ်သည်။ ဒါနမြောက်သည် လူပုဂ္ဂိုလ်အား
ပေးလှူရာ၌ အဘယ်ဆိုဘွယ်ရာ ရှိမည်နည်းဟု ငါဘုရား ဟောတော်မူ၏။ ။
                  (ပိဋကတ်တော်လာ ၀စ္ဆသုတ်)
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

May 21, 2014

မြတ်ဗုဒ္ဓဟောကြားသော လက်တွေ့သိရတဲ့ဒုက္ခ။

  ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီး
ရှိပါတယ်။ အဲဒီ နိဂုံးရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဘဒြက ဆိုတဲ့ ရွာ
သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက်ပါတယ်။

         “ အရှင်ဘုရား၊ ဘုရားတပည့်တော်က ဒုက္ခကို ထိုက်သင့်သလောက် သိပါတယ်။ ဒုက္ခ
ရဲ့ သမုဒယ ဆိုတဲ့ ဖြစ်ကြောင်းတရားနဲ့ ဒုက္ခရဲ့ အတ္ထင်္ဂမ လို့ဆိုတဲ့ ချုပ်ကြောင်းတရားတွေဟာ
ဘာတွေပါလဲ ?။ အဲဒီဒုက္ခတွေ ဘာကြောင့် ချုပ်ငြိမ်းသွားနိုင်သလဲ ?” ။
         မြတ်စွာဘုရားက “အတိတ်က ဆင်းရဲဒုက္ခတွေဟာ ဘာကြောင့် ဖြစ်ခဲ့တယ်၊ ဘယ်လို
ချုပ်ငြိမ်းသွားတယ်ဆိုတာ ငါ- မင်းကိုပြောမယ်ဆိုရင်  မင်း သံသယ ဖြစ်ကောင်းဖြစ်နေလိမ့်
မယ်။ အနာဂတ်မှာ ဆင်းရဲဒုက္ခတွေဟာ ဘယ်လိုဖြစ်တယ်ဆိုတာကို၊ ဘယ်လိုချုပ်တယ်ဆိုတာ
ကို မင်းကို- ပြောရင်လည်း မင်း- သံသယဖြစ်ကောင်း ဖြစ်လိမ့်မယ်။ အဲဒါကြောင့်  အခု   မင်း
ဒီနားထိုင်နေတုန်းပဲ ငါ လက်တွေ့ပြမယ်” လို့ မိန့်တော်မူပြီး ဘုရားက လက်တွေ့ဒုက္ခတစ်ခုကို
ဖေါ်ပြတဲ့အနေနဲ့ သူ့ကို မေးခွန်းလေးပုဒ် မေးလိုက်ပါတယ်။
         “ မင်း - ဥရုဝေလကပ္ပ ဆိုတဲ့ ဒီ နိဂုံးရွာကြီးမှာ လူဦးရေ မြောက်များစွာရှိတဲ့ အထဲမယ်
တစ်စုံတစ်ခုဒုက္ခရောက်သွားမယ်ဆို စိတ်သောကဖြစ်ရမယ့်ပုဂ္ဂိုလ်တွေ ဒီရွာထဲမှာ ရှိသလား ?။
အချို့ပုဂ္ဂိုလ်တွေ ဒုက္ခရောက်လည်း  အေးအေးဆေးဆေး နေနိုင်တယ်ဆိုတဲ့   ပုဂ္ဂိုလ်မျိုးတွေ
ကော ရှိသလား ? ။ ကဲ - ဥရုဝေလ

မနာလိုစိတ်၏ ထွက်ပေါက်များ။

လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။

အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့
မှု မရှိဘူး၊ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။
         အဲဒီအရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွှမ်းမိုးလာတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ သူများကိုတောင် အန္တရာယ်ပြုတတ်တယ်။ တစ်ခါတုန်းက အမေရိကန်နိုင်ငံ
မှာ စကိတ်စီးတဲ့ အမျိုးသမီးချန်ပီယံတစ်ယောက်က သူနဲ့ယှဉ်ပြိုင်မယ့်သူကို သူ့ရထားတဲ့ ချန်ပီယံ
သရဖူကို လက်မလွတ်ချင်တာနဲ့ လူဆိုးကို ပ်ုက်ဆံပေးငှားပြီး အဲဒီအမျိုးသမီး ခြေထောက်ကို ရိုက်
ချိုးခိုင်းတယ်။ ဒါ လောကမှာ တကယ်ဖြစ်တာပါ။
         အဲဒါမျိုးဟာ  jealousy ကြောင့် ဖြစ်ရတာပါ။ အဲဒီလို jealousy ဖြစ်လာတာဟာ ကောင်းသ
လားဆိုတော့ မကောင်းဘူး၊ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မခံနိုင်တဲ့
သဘော။ အဲဒီ မခံနိုင်တဲ့ emotion လို့ခေါ်

ကံ၏အကျိုးပေးပုံကို တိကျသောပေတံဖြင့် တိုင်းတာခြင်း။

  ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊  အဂတိမလိုက်စား
သော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည် 
 သူ  ဖြစ်ဖြစ်၊ ကံ၏အကျိုးသည်၊ လွမ်းမိုးပါသည်။
      ကံကောင်းခြင်း၊ ကံဆိုးခြင်း၊ ဟူသည် ကိုယ်ပြုလုပ်သော အချက်
အပေါ် တည်မှီလျက် ရှိသည်။ ကံကောင်းလိုသော်၊ ကံဖြူစင် မြင့်မြတ်
လိုသော် မည်သို့ ပြုရမည်နည်း။ ကံကောင်းလာစေရန် အဘယ်ပုဂ္ဂိုလ်
များ၏ အစောင့်အရှောက်ကို ခံရမည်နည်း။ စင်စစ်သော် ကံ၏အဆိုး
အကောင်းကို ဖန်တီးနိုင်သူမှာ မည်သည့်တန်ခိုးရှင်မှမဟုတ်။ ဘိုးတော်
မယ်တော်၊ ၀ိဇ္ဇာ၊ ဇော်ဂျီ တို့ လည်း မဟုတ်

နိဗ္ဗာန်သို့

သစ္စာလေးပါးမှာ နောက်ဆုံးသစ္စာက မဂ္ဂသစ္စာ တဲ့။
မဂ္ဂဆိုတာ လမ်း၊ သစ္စာဆိုတာ အမှန်တရား၊
ဒါ့ကြောင့် မဂ္ဂသစ္စာဆိုတာ လျှောက်လှမ်းရမဲ့လမ်းမှန်။
စဉ်းစားမိတာက
(မဂ္ဂ) လမ်း လို့အဓိပ္ပါယ်ရတဲ့ နောက်ပါဠိတစ်ပုဒ်က ပထ တဲ့။
ပထ - လမ်း။
ဒါကို
Romanized Letter နဲ့ရေးတော့ patha၊
ဒီ patha ရဲ့ နောက်ဆုံး a ကို ဖြုတ်လိုက်ရင် path ဖြစ်တယ်။
လမ်းကို ပါဠိလို patha အင်္ဂလိပ်လို path ပေါ့။
ဒီမဂ္ဂသစ္စာကို အရကောက်တော့ မဂ္ဂင်ရှစ်ပါးဖြစ်တယ်။
မဂ္ဂင်ရှစ်ပါးကို အင်္ဂလိပ်လိုဘာသာပြန်တော့
Noble Eightfold Path တဲ့။
မဂ္ဂသစ္စာကို အင်္ဂလိပ်လို
The Truth of the Way to the Cessatiion of Suffering တဲ့။
ဒီမဂ္ဂသစ္စာ (လျှောက်လှမ်းရမဲ့လမ်းမှန်) ဆိုတာ
ဗုဒ္ဓဘာသာတို့အတွက် ကျင့်စဉ်ကို ပြောတာပါ။
ဟိုတလောက ဒကာလေးတစ်ယောက်ကျောင်းလာတယ်။
သူပြောတယ်။
အခြားဘာသာဝင်ထဲက ဆရာကြီးတစ်ယောက်နဲ့တွေ့ကြောင်း၊
ဘာသာရေးအကြောင်းတွေ ဆွေးနွေးဖြစ်ကြောင်း၊
ဘာသာရေးဆရာကြီးဖြစ်လေတော့ သူယုံကြည်တဲ့ဘာသာရဲ့ ကျင့်စဉ်ဟာ
ဘာဖြစ်ပါသလဲ လို့ မေးဖြစ်ကြောင်း ပြောပါတယ်။
သူတို့ဘာသာမှာ ဘာသာရေးကျင့်စဉ် မယ်မယ်ရရ မတွေ့ရကြောင်း ဆက်ပြောပါတယ်။
မှန်ပါတယ်။
အလွန်ဆုံးသူတို့ဘာသာရေးမှာ ကျင့်စဉ်က သီလကျင့်

အားငယ်သူအတွက် ဆေးတစ်ခွက်

သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။
သူဘက်ကကြည့်တော့လည်း ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။ ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့ မတှန်းလှန်ခဲ့ဘူး။ ပေးဆပ်ဖို့လိုရင်တော့ ပေးဆပ်ကြရမှာပဲပေါ့။
တစ်ခု သတိပြုရမှာက စိတ်ဆိုတာက တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ဖိအားတွေ များနေတဲ့အခါ၊ သိပ်ပင်ပန်း ဆင်းရဲလာတဲ့အခါ ထွက်ပေါက်တွေကို ရှာကြံတွေးနေတတ်ပါတယ်။ ရှာကြံတွေးတဲ့အခါမှာလည်း ကောင်းတဲ့အတွေးတွေက အဖြစ်နည်းတတ်ပြီး မကောင်းတဲ့အတွေးတွေပဲ အဖြစ်များနေတတ်တယ်။ ဆိုးလိုက်တဲ့ ငါ့ဘဝ သေတာပဲ ကောင်းတယ်ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ စဉ်းစားတတ်ပါတယ်။ တရားအသိ၊ တရားနဲ့ မညှိမိရင် အဲဒီအတွေးကို လက်တွေ့အကောင်အထည် ဖော်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ 
တကယ်လို့များ သေပြီးတာပဲဆိုတဲ့ အတွေးမျိုးနဲ့သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ လုပ်ဖြစ်ခဲ့ရင် အဲဒီလုပ်ရပ်ကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဘဝဒီခန္ဓာ ပြတ်ရင်ပြီးတာပဲ ဆိုတဲ့ ယုံကြည်မှုဟာ အယူလွဲမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူအဆပဲ ဖြစ်ပါတယ်။ အဲဒီအယူအဆဟာ သတ္တဝါတွေကို အပါယ်လားေ

ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလျှင်။

ကိုယ်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် လောကအမြင်မှာတော့ ဘ၀ဆို
တာ တချို့ ပျော်စရာကြီးလို့ ထင်ကြတယ်။ တချို့ကလည်း ငြီးငွေ့စရာကြီးလို့ ပြောကြတယ်။
ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့= =
       ၁။ ဘ၀ဆိုတာ “မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ”၊ အခြေအနေက တည်ငြိမ်နေတာ

           မဟုတ်ဘူး။
       ၂။ အဲဒီ တွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘ၀ကြီးမှာ ကာကွယ်နိုင်သူ၊ အုပ်ချုပ်နိုင်သူ မရှိ
           ဘူး၊ “အကာအကွယ် မဲ့နေတယ်”။
       ၃။ ဘ၀ကြီးမှာ “ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး”၊ အားလုံးထားခဲ့ရမှာ ဖြစ်တယ်။
       ၄။ ဘ၀ကြီးဟာ “အမြဲတမ်း လိုပြီးတော့နေတယ်”၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်
           ဆိုတာ မရှိဘူး။
       ၅။ တို့ဟာ “တဏှာရဲ့ကျွန် ဖြစ်နေကြတယ်”။
            ဘ၀နဲ့ပတ်သတ်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

စိတ်အလှကို ပြင်ဖို့ဆိုတာ။

     စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်
ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေ ဆိုတာမျိုးပါ။ အဲဒါတွေကို

စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်
အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြပါတယ်။
         သို့သော် ကိုယ့်စိတ်လေး ညစ်ထေးနေတာ ကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက
သတိမရကြပါ။ လွှတ်ထားကြပါတယ်။ လူ့သဘာဝလို့လည်း တွက်ကြပါတယ်။ “ လူဆိုတာ လှတာ
မြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊ ဒါ လူ့သဘာဝပဲ ”
ဆိုပြီးတော့ လွှတ်ထားကြပါတယ်၊ စိတ်ရဲ့အညစ်အကြေးမှန်း မသိကြပါ၊ အညစ်အကြေးလို့ အသိအ
မှတ်မပြုကြပါ။ အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို
ဘယ်သူမှ လုပ်မှာ မဟုတ်ပါ။ 
         ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့
အညစ်အကြေးဆိုတာ ဘာတွေလဲ ?၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ ?၊ စိတ်ကိုမဖြူစင်စေတဲ့ စိတ်ရဲ့
အညစ်အကြေးတွေကို ဘယ်လို  သန့်ရှင်းရေး လုပ်ရမလဲ ဆိုတာတွေ သိရှိနားလည်ဖို့ လိုပါတယ်။
         တရားပွဲကြီးတွေ ကျင်းပတာဟာ ဒါတွေသိအောင်  လုပ်နေကြတာပါ။ တကယ်ကတော့
ကိုယ့်ဘ၀မှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊
ကောင်းအောင် ပြင်တတ်ဖို့အတွက် ပညာယူနေတဲ့ သဘော ဖြစ်ပါတယ်။
         တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် “ မြတ်စွာဘုရားဟော
တဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့တစ်တွေနာယူကြမယ်၊ နာပြီးရင်သင်ခန်းစာယူသင့်
တဲ့ဟာ ယူကြမယ်၊ ရှောင်သင့်တာ ရှောင်ကြဉ်ကြမယ်၊ ဆောင်သင့်တာကို ဆောင်မယ်၊ ဒီတရားတွေ
အတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစား

နန်းဦးဆရာတော် ဘုရားကြီး၏ အဆုံးအမ တစ်ခွန်း။

  ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံ

အောင်တယ်၊ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီးလို စာအဖြေထောက် လွတ်တယ်။
အထူးအောင်ပေါ့၊ ကိုယ့်ဟာကိုယ် တန်းပြန်တာပေါ့၊ စာထောက်ပေးရတယ် ဆိုတာမရှိ
ဘူး။ ထူးခြားတယ် ခေါ်တယ်။ နောက် ၁ ပုံ ဆက်ဖြေတယ်၊စာထောက်ဆရာက ထောက် 
တယ်၊ ဓမ္မဒူတ ဆရာတော်က ဆရာတော် မထောက်ပါနဲ့  တပည့်တော် ရပါတယ် ဘုရား
တောက်လျှောက် တစ်ငုံတစ်ငုံ ဆိုလို့  ခဏရပ်တာက မောလို့ ပါ၊ ဒါပေမဲ့ ဟိုဆရာတော်
က သူထောက်နေကျအတိုင်း ထောက်တာ။ ဆိုပါစို့  (၁၀) ခါထောက်ရင် အထူးအောင်၊
ထူးထူးခြားခြားအောင် မရတော့ဘူးဆိုရင် သွားပြီ။ အဲဒါနဲ့  ဆရာတော် မထောက်ပါနဲ့ 
ဘုရား၊ ဆရာတော် မထောက်ပါနဲ့  ဘုရားလို့  ပြောလဲ မရဘူး၊ ထောက် ထောက်နေ
တော့ တော်ပြီ မဖြေတော့ဘူး ဆိုပြီးတော့

လမ်းကြောင်းမှန်ရန်။


   မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပင်လျှင် ဘုရားမဖြစ်မှီ ဘုရားလောင်း
ဘ၀မှာ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အဆုံးကနေ အစရောက်အောင် ဆင်ခြင်တော်မူပါ
သည်။ တစ်ဖန် အစကနေ အဆုံးရောက်အောင် ဆင်ခြင်တော်  မူပါသည်။  ဤကဲ့သို့  ပဋိစ္စသ
မုပ္ပါဒ် ဒေသနာကို အစက အဆုံး၊ အဆုံးက အစ၊ ပြန်ရောက်အောင် ဆင်ခြင် သုံးသပ်တော်မူ

သောအခါ နံနက်မိုးသောက်ယံ၌ အာသဝေါတရား လေးပါး ကုန်ခန်းတော်မူပြီးလျှင် သဗ္ဗညုတ
ဉာဏ်တော်ကြီးကို ရရှိတော် မူပြီးသောအခါ လောကသုံးပါးဝယ် အမြတ်ဆုံး ဘုရားရှင်အဖြစ်
သို့  ရောက်တော်မူခဲ့ပါသည်။
      ပဋိစ္စသမုပ္ပါဒ် တရားတော်ကို မသိရင်၊ သစ္စာလည်း မသ်နိုင်ပါ။ သစ္စာမှ မသိရင် မည်သူမျှ
ဒိဌိ မကွာနိုင်ပါ။ ဒိဌိကိုမှ အသိဉာဏ် အားဖြင့်လဲ မခွါ၊  အပွားဉာဏ် အားဖြင့်လဲ မခွါ၊ အပါယ်
ဉာဏ် အားဖြင့်လဲ မခွါနိုင်ပါလျှင် သောတာပန်မျှ တောင်မှ  မဖြစ်နိုင်တော့ပါ။  သို့ အတွက်
သောတာပန် ဖြစ်ချင်ပါတယ် ဆိုလျှင် ဒိဌိကို အသိဉာဏ် အားဖြင့် ခွါနိုင်ဖို့ ရန် ပဋိစ္စသမုပ္ပါဒ်
တရားတော်ကို ခန္ဓာဉာဏ်ရောက် သေ

May 10, 2014

မှားယွင်းနေသေးသော အသုဘဓလေ့ထုံးစံ။

  လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့ 
ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု
အယူရှိကြသည်။ သေသူ၏ ဓါတ်ပုံရှေ့တွင်လည်း၊ သေသူကထပြီး စားသောက်လေဟန်၊ မနက်ဆိုလျှင် မနက်စာ
စားသောက်ဖွယ်များ၊ နေ့ လည်ဆိုလျှင် နေ့ လည်စာ ဟင်းလျာများ၊ ညနေဆိုလျှင် ညနေစာ စားသောက်စရာများ၊
သေသူအသက်ထင်ရှားစဉ်က၊ ကြိုက်နှက်သက်သည့် စားသောက်ဖွယ်ရာ အတိုင်း ထမင်းပွဲပြင်ဆင်တတ်ကြသည်။
     မှားယွင်းသည့် အယူအဆကို အခြေခံသော အသု

သဒ္ဒါအမှားနှင့် လမ်းလွှဲလိုက်နေကြသူများ သတိပြုပါ။

  ထေရ၀ါဒ ဗုဒ္မဘာသာဝင် သူတော်စင်တို့ သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။
ယင်းကံ၏အကျိုးပေါ်တွင် မဆုတ်မနစ် မယိမ်းမယိုင် ခိုင်မာစွဲမြဲစွာ ယုံကြည်ထားကြသည်။ ကံ၊ ဥာဏ်၊ ၀ိရိယများကို
မြင့်မြင့်မားမား ထူထောင် အသုံးချတတ်ကြသည်။ ရတနာသုံးပါးမှအပ ဖြစ်သော အခြားအခြားသော ကိုးကွယ်ရာ
(မှား)များကို မရှာဖွေ (မကိုးကွယ်) တော့ပါ။ သာသနာပြင်ပ ကိုးကွယ်ရာနှင့် အယူဓလေ့ ကျင့်စဉ်များနောက်သို့ 
မောပန်းတကြီး မျောနစ်လိုက်ပါ နေသူများသည်၊ ယုံကြည်မှုသဒ္ဒါ မဟာအမှားကြီး အရင်းခံလျက် လမ်းလွှဲလိုက်
နေသူများ ဖြစ်ကြပါသည်။
     ကျေးဇူးရှင် ဘိက္ခုဓမ္မသေန ဆရာတော်ဘုရားကြီး၏ ဆုံးမပုံမှာ===ဘွင်းဘွင်းဆိ့ရပါက ဗုဒ္မဘာသာဝင်အချို့ 
သည်၊ မိမိ၏ယုံကြည်စိတ် မည်သည့်အတိုင်းအတာအထိ လျှောကျနေသည်ကို သတိမထားကြဘဲ ရေစုန်ခရီးတွင်
လှေကြုံစီးနေသကဲ့သို့  ရှိ၏။ ပတ်ဝန်းကျင် အပေါင်းအသင်း၏ ရိုက်ပုတ်မှုကြောင့် လမ်းမှားကြီးသို့ သာ အစဉ်လိုက်
နေကြ၏။ အခြေခံ ယုံကြည်မှုစိတ် ကင်းမဲ့နေကြ၏။
ဝိဇ္ဖာယောင်ယောင် ဘိုးတော်ယောင်ယောင်၊ ဟိုယောင်ဒီယောင် ဆရာကြီးများ၏ အလိုလိုက် အကြိုက်ပေးမှုကို
ပျူငှာစွာကြိုဆိုနေကြ၏။ အစိမ်းစား ခံချင်နေကြ၏။ မျှော်လင့်ချက် မဟာအိပ်မက်ကြီးအရ ဆိုပြီး တထစ်ချစွဲလန်း
နေကြ၏။ ဥုံ ဩောင်း စသောအသံ များဖြင့်သာ နားဝင်ချိုနေကြ၏။ ထို့ ပြင် မိမိ၏ ကံကြမ္မာကို မယုံစားဘဲ၊ နတ်
မိစ္ဆာများကို အားကိုးနေကြ၏။ "ငါဘာကြောင့် ဒါတွေကို ယုံစားနေသလဲ၊" ဟု မိမိ၏ယုံကြည်မှု စိတ်ဓါတ်ကို ခြေခြေ
မြစ်မြစ် မစဉ်းစားဘဲ၊ အပေါ်ယံ ကောင်းစားရေး အတွက်သာ အားစိုက်နေကြ၏။ ယုံကြည်မှုသဒ္ဒါ မဟာအမှားကြီး
နှင့်သာ လမ်းလွှဲနေကြပါသည်။     
{ ဩ၀ါဒတော်များ ပေါင်းချုပ်မှ ကျေးဇူးရှင်ဘိက္ခုဓမ္မသေန ဆရာတော်ဘုရားကြီး၏ ဆုံးမစာကို ကိုးကား
 ရေးသားပူဇော်ပါသည်။}
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

သမာနသုခဒုက္ခ မိတ်ဆွေ။

၁။ ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သည့် အမှုကိစ္စကို ပြောကြား၏။
၂။ ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သည့် အမှုကိစ္စကို လျှို့ဝှက်ထား၏။
၃။ ဘေးရန်ဖြစ်ပေါ်လာလျှင် မစွန့်ပစ်။

၎။ ထိုမိတ်ဆွေအတွက် အသက်ကိုပင်သော်လည်း စွန့်လွှတ်၏တို့ ဖြစ်ပါတယ်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

နွားသတ်သမား။

ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။  ကြည့်
လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီ အရိုးစုပြိတ္တာကြီးက ကောင်းကင်မှာသွားနေတာ။ ဠင်းတတွေ၊ စွန်တွေ၊
ကျီးကန်းတွေက သူ့ကို ၀ိုင်းဆိတ်နေကြတာတဲ့။ ဒိပြင်လူတွေမှာ ပကတိ မျက်စိနဲ့ ကြည့်လို့မမြင်ရဘူး၊
ရှင်မဟာ မောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့မြင်တာ၊ အသံကိုလည်း ဒိဗ္ဗသောတနဲ့ကြားလိုက်တာ ဖြစ်ပါတယ်။
         အဲဒီ အကောင်ကြီးဟာ ဒီလိုပဲ အော်ဟစ်ပြီးတော့ ကောင်းကင်ယံမှာ ပြေးလွှားနေရှာတာတဲ့။
ဒီလို ဆင်းရဲဒုက္ခရောက်နေသူ တရားနာလို့ တရားမရနိုင်ပါ။ သူ့အရိုးလေးတွေက မထိလိုက်နဲ့၊ ထိ
လိုက်ရင် သိပ်နာတာပဲ တဲ့၊ သူဟာ ဟိုဘ၀က နွားသတ်သမား ဖြစ်ခဲ့ပါတယ်။ နွားတွေသတ်ပြီး အရိုး
ကနေ အသားကိုခြစ်ယူဘူးခဲ့ပါတယ်။ ယူတဲ့အခါကျတော့ သူ့မျက်စိထဲမှာ အဲဒီအရိုးပုံကြီးပဲမြင်နေတာ၊
နွားသတ်သမား သေတဲ့အခါ ငရဲကျ၊ ငရဲက ပြန်လွတ်တဲ့

ဒိဌိပရဗိုဇ်တို့၏ အသိ။

၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း   အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို  ခေတ္တခဏ 
ဝင်ကြပါတယ်။

         ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို စောင်းငဲ့ပြီးတော့
ငါ့ရှင်တို့....“ငါတို့လည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း နိဝရဏ ၅ ပါး
ကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း
ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ ငါရှင်တို့.......။ ငါတို့လည်း    ဒီတ
ရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရားတွေကို ဟောပြောနေတာပဲ၊   ဘာမှ
ထူးခြားချက် မရှိပါဘူး” လို့  ပြောတော့   တပည့်ရဟန်းတွေက တားလည်းမတားမြစ်၊    ချက်ချင်း
ပြန်ပြီးငြင်းခုံမှု မပြုပါဘဲ ...၊  အသာကလေးပဲ ကိုယ့်ဆွမ်းကိုယ်ခံကာ  ကျောင်းတော်သို့ ပြန်လာခဲ့
ကြပါတယ်။
         ကျောင်းတော်ကို ပြန်ရောက်တဲ့အခါမှာ ဘုရားရှင်အား လျှောက်ထားပါတယ်။ “ ဘုန်းတော်
ကြီးတော်မူသော မြတ်စွာဘုရား၊ ဒီကနေ့ တပည့်တော်တို့ ဆွမ်းခံကြွရာ အချိန် စောနေသေးသဖြင့်
ဒိဌိပရဗိုဇ်ကျောင်းကို ခေတ္တခဏ ၀င်နေတဲ့အခါမှာ  ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ တပည့်
တော်တို့ကို စောင်းငဲ့ပြီးတော့ငါ့ရှင်တို့  ....“ ငါတို့လည်း နိဝ

May 1, 2014

အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။

   မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ

တယ်။ မေတ္တာပို့မယ့် ပုဂ္ဂိုလ်ကို ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ   ထို
ပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖေါ်လိုက်ပါ။ ပုံဖေါ်လို့ မရဘူးဆိုလို့ရှိရင် သူ့ရဲ့ဓာတ်
ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖေါ်လိုက်ပါ။ သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာ ကြည်နူးနေတဲ့
မျက်နှာလေးကို ကြည့်ပြီးတော့ “ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊   ရွှင်
လန်းပါစေ ” ဆိုပြီး အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် မေတ္တာထပ်ကျော့နေရပါတယ်။
တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရပါတယ်။ (ပွတ်ပေး) မေတ္တာပို့နေရပါတယ်၊ အဲဒါကို
လေ့ကျင့်နေတယ်လို့ ခေါ်ပါတယ်။
         အဲဒီလို ပွတ်ပေး(မေတ္တာပို့)နေလိုက်တဲ့ အခါမှာ ဘယ်နေရာပဲသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာ
ပဲ မြင်နေပါမယ်။ စိတ်က အဲဒီပေါ်မှာပဲ ငြိမ်ကျလာပါမယ်။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာ
စိတ်ကလေးနဲ့  ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နော

ယမမင်း ထံ အစစ်ခံရခြင်း

၁။ ယမမင်း    = အိုကွဲ့ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
    မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။  ယမမင်း    =ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။

    မောင်ဗာလ= ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။  ယမမင်း   =အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
                    ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
    မောင်ဗာလ= ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။  ယမမင်း   =ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
    မောင်ဗာလ= သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။  ယမမင်း   =ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
    မောင်ဗာလ= ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
                    ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။  ယမမင်း    = ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
                    လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
    မောင်ဗာလ= ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။  ယမမင်း   = အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
                    သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
    မောင်ဗာလ= သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ ယမမင်း    = လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
    မောင်ဗာလ= သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
                    ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
                    ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
                    ကျွန်တော်မျိုးမှာ၊ သ

ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်

ထိုမာတိကာပုဒ်၌ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့ နည်း၊ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊ တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်ဟူ၍ ရေအိုင်တို့သည် လေးမျိုးရှိကုန်၏၊
ဤအတူပင်လျှင်
ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည်
လောက၌ ထင်ရှား ရှိကုန်၏၊
လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊
၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။
၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူ သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ် ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်

နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။

  ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ
ပါတယ်။ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ် နာယူကြတဲ့ ပရိတ်တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို
ရှင်းရှင်းလင်းလင်းသိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှင်းရှင်းလင်းလင်းသိရင် ဒီ ပရိတ်တ
ရားတော်တွေထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားတွေ မြတ်စွာဘုရားက ဟောထားပါ
တယ်။ အဲဒါကြောင့် ပရိတ်တရားတော်ဆိုတာ ရွတ်ဖတ်သရဇ္ဈာယ်၊ နာယူရုံတင်မက။ နာယူ
မှတ်သားပြီးတော့ လိုက်နာကျင့်သုံးကြမယ်ဆိုရင် မျက်မှောက်ဘ၀မှာလည်း ကောင်းကျိုး
ချမ်းသာတွေကို ရပါမယ်။ တမလွန်ဘ၀မှာလည်း ကောင်းကျိုးချမ်းသာတွေ ရနိုင်ပါတယ်။
နောက်ဆုံး နိဗ္ဗာန်တိုင် မျက်မှောက်ပြု အကျိုးရှိနိုင်ပါတယ်။
         ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတွေဟာ ယုံကြည်ရုံသက်သက်နဲ့ မှတ်သားရမယ့် တ
ရားမျိုးတွေ မဟုတ်ပါဘူး။ သဘောပေါက် နားလည်ရမယ့် တရားတွေဖြစ်ပါတယ်။ ဒါကြောင့်
မို့ မဂ္ဂင်ရှစ်ပါးထဲမှာဆိုရင် မြတ်စွာဘုရားက “သမ္မာဒိဌိ”  မှန်မှန်ကန်ကန်မြင်ခြင်းဆိုတဲ့ အသိ
ဉာဏ်ဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်

ကလျာဏမိတ္တအရေးကြီးပုံ

အရှင်အာနန္ဒာကိုယ်တော်မြတ်က- မြတ်စွာဘုရား---သတ္တဝါတွေ သာဝကတွေ မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေးအတွက် ကလျာဏမိတ္တလို.ခေါ်ဆိုအပ်တဲ့ မိတ်ကောင်းဆရာသမားကောင်းအပေါ်၌ တဝက်လောက် မှီနေတယ်လို. တပည့်တော်သဘောပေါက်ပါတယ် ဘုရားလို. လျှောက်ထားတော့ မြတ်စွာဘုရားက-
အာနန္ဒာ---သင်ဒီလိုမပြောနဲ.၊ ဆရာသမားအပေါ်မှာ တစ်ဝက်လောက်မှီနေတာ မဟုတ်ဘူး။လုံးဝအကုန်လုံး ဆရာသမားအပေါ်မှာ မှီနေတယ်။ဘာဖြစ်လို.လည်းဆိုတော့ ဘုရားတည်းဟူသော ကလျာဏမိတ္တတစ်ဦးသည် လောကမှာ ပွင့်ထွန်းပေါ်ပေါက် မလာခဲ့ဘူးဆိုရင် ဒီသတ္တဝါတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြဘူး။
ဘာကြောင့်လဲ?- မဂ္ဂင်၈ပါးကျင့်စဉ်တရားဆိုတာ ဘုရားရှင်တို. ပွင့်ထွန်းတော်မူလာတဲ့ အခါကျမှ သိရှိခွင့်ကို ရရှိနိုင်ကြတယ်။ညွှန်ကြားပြသပေးမည့် ဘုရားရှင်ကဲ့သို.သော မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းရှိတဲ့ ပုဂ္ဂိုလ်ကသာ မဂ္ဂင်(၈)ပါးကျင့်စဉ်တရားကို ကျင့်နိုင်မှာဖြစ်တယ်။မဂ္ဂင်(၈)ပါးကျင့်စဉ်ကို စနစ်တကျ ကျင့်ပါမှလည်း နိဗ္ဗာန်ကို ရရှိနိုင်မှာဖြစ်တယ်။
ဒါကြောင့်ဘုရားရှင်က-
အာနန္ဒာ=ညီဘွားအာနန္ဒာ၊ ကလျာဏမိတ္တံ=မိတ်ကောင်းဆွေကောင်းအစစ် အဖြစ်ကြီးဖြစ်ပေသော၊၊မမံတိ=ငါဘုရားကိုသာလျှင်၊ အာဝဇ္ဇ=အစွဲပြု၍၊ဇာတိဓမ္မာ=ပဋိသန္ဓေတည်နေရခြင်း၊ဇာတိသဘောတရား ထင်ရှားရှိကြကုန်သော၊ သတ္တာ=သတ္တဝါတိုသည် ၊ဇာတိယာ=ပဋိသန္ဓေတည်နေရခြင်း ဇာတိသဘောတရားမှ ပရိမုစ္စန္တိ= လွတ်မြောက်သွားကြရကုန်၏။ ဇရာဓမ္မာ=အိုခြင်းဇရာသဘောတရား ထင်ရှားရှိနေကြကုန်သော၊ သတ္တာ=သတ္တဝါတို.သည် ဇရာယ= အိုခြင်း

ကန်တော့ပါတယ် အရှင်ဘုရား။

  မြတ်စွာဘုရား လက်ထက်တော်အခါတုန်းက မဓုရာပြည်၊ ကုဏ္ဍိမြို့အနီးမှာ ဥရုမုဏ္ဍ အ
မည်ရှိတဲ့ သာဏတောင်မှာ သာဏ၀ါသီရဟန္တာမထေမြတ်က သီတင်းသုံး  နေတော်မူပါတယ်။
အဲဒီ ကုဏ္ဍိမြို့မှာ “ဂုတ္တ” မည်သော နံ့သာကုန်သည်သူဌေး တစ်ဦး ရှိပါတယ်။

         မထေရ်မြတ်ကြီးဟာ ဂုတ္တသူကြွယ်အိမ်ကို နေ့စဉ်နေ့တိုင်း ချီးမြောက်ဖို့အတွက် ကြွလေ့
ရှိပါတယ်။ သူကြွယ်ဇနီးမောင်နှံတို့ကလည်း မထေရ်ကြီးကို ကြည်ညိုရိုသေပြီး သဒ္ဓါတရားထက်
သန် ကြပါတယ်။ မထေရ်မြတ်ကြီးကလည်း အနာဂတ် သာသနာတော်ကြီးအတွက် မှန်းမျှော်ဆ
ပြီး .....၊ ဒါယကာ ဂုတ္တ .. ဒီ သာသနာတော်ကြီး ဟောသူ၊ ပြောသူ၊ ပို့ချသူနှင့် သင်သူ၊ အံသူ၊
ကျင့်ကြံသူတို့ စည်ကားပြီး အမြဲတည်နေဖို့အတွက် တကယ်လို့ အမျိုးသားတစ်ယောက်က ကိစ္စ
များမြောင်လူတို့ဘောင် ရှောင်ခွင်းပြီးတော့ သာသနာတွင်းကို ရောက်လာမယ်ဆိုရင် ငါဝမ်းသာ
ရလိမ့်မယ်။
         အဲဒီလိုပြောတော့ .. ဂုတ္တသူကြွယ်က အရှင်ဘုရား.. တပည့်တော်ကတော့ အိမ်ထောင်
ဂရာဝါသရှိနေတော့ တပည့်တော်က ဒီဇနီးေ

ဘာကြောင့် သောတာပန် ဖြစ်ချင်ရတာလဲ။

    တို့တစ်တွေ ဘုရားရှိခိုးကန်တော့တိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
စသည်ဖြင့် ကင်းလွတ်ရပါလို၏လို့ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းလည်း မရနိုင်ပါဘူး။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် အတိတ်က ဘ၀ဆက်တိုင်း ပြုလုပ်ခဲ့တဲ့ ကု

သိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ အကုသိုလ်ရဲ့ ဆိုးကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။    ဒါ
ကြောင့်ကံဖြတ်လုပ်ငန်းဖြစ်တဲ့ ၀ိပဿနာတရားကို လေ့လာဆည်းပူး ကျင့်ကြံကြိုးကုတ် အား
ထုတ်ပါမှ တစ်နည်း အနည်းဆုံး သောတာပန်ဖြစ်မှ အပါယ်လေးပါးလွတ်ပါ့မယ်။
         သောတာပန်ဆိုတာ နိဗ္ဗာန်သို့သွားရာ ရေစီးကြောင်း၊ နိဗ္ဗာန်သို့သွားရာ လမ်းမကြီးပေါ်
သို့ ရောက်ရှိသွားပြီးဖြစ်သူ၊ ထိုသို့ နိဗ္ဗာန်သို့သွားရာလမ်းကို ရောက်နေသဖြင့် အပါယ်လေးပါး
တံခါးပိတ်၍ နိဗ္ဗာန်ရောက်ဖို့အတွက် စိတ်ချရသူ ဖြစ်ပါတယ်။
         အပါယ်လေးပါးရဲ့ ဆိုးကျိုးတွေကို သိထားတဲ့သူက အပါယ်ကျမှာ ကြောက်ပါတယ်။ အ
ချို့ ပုဂ္ဂိုလ်တွေကျတော့ ပြောလို့ကြားတာ၊ မတွေ့ဘူးတော့ မကြောက်ဘူးဆိုတဲ့သူတွေ ရှိပါနေ
ကြပါတယ်။ မကြောက်တတ်လဲ အပါယ်လေးပါးထဲက မြင်နေရတဲ့ တိရစ္ဆာန်တွေရဲ့ ဆင်းရဲပုံကို
တော့ ငြင်းလို့မရပါဘူး။ တိရစ္ဆာန်ဆိုတာ ကြီးနိုင်ငယ်ညှင်းဆဲဝါဒ၊ ထိပ်ထိပ်လန့်လန့်နဲ့အကုသိုလ်
များတဲ့ဘ၀၊ အလွန်ကြောက်စရာကောင်းပါတယ်။
         လူတွေမှာ ကုသိုလ်၊ အကုသိုလ်

ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။

ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်

မှာ သံယောဇဉ် ဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့
ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ အနာဂါမ်အဆင့်လောက် ရောက်နေပါပြီ။ အသက်အရွယ် ကြီးလာလို့
ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို မရောက်နိုင်ဘူး။ တစ်နေ့တော့ ရောဂါ
ဝေဒနာ သက်သာလို့ ကြိုးစားပြီးတော့ ကျောင်းသို့ရောက်လာပါတယ်။
         ရောက်လာတဲ့အခါ နကုလပိတာ ဒကာကြီးက “အရှင်ဘုရား .. တပည့်တော် အသက်
အရွယ်ကလည်း ကြီးပြီ၊ အရှင်ဘုရားဆီကိုလည်း မလာနိုင်ဘူး။ ခန္ဓာကလည်း အမြဲတမ်း နာ
တာ၊ က်င္တာ၊ ကိုက္တာ၊ ခဲတာေ

ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။

   လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ
ပါတယ်။

         တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာ “ဒီကောင်ကို
သေအောင်လုပ်မယ်” ဆိုတဲ့ စိတ်ဓာတ်မျိုး ပါလာပြီဆိုလို့ရှိရင် သူ့ကို “ ၀ိဟိံသာ ” လို့  ခေါ်ပါ
တယ်။ “ ၀ိဟိံသာ ” ဆိုတဲ့ ရက်စက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု ဆိုတဲ့ သဘောတရား စိတ်ထဲမှာ ဖြစ်
ပေါ်လာတတ်ကြပါတယ်။ တို့တစ်တွေ ဒေါသကို မထိန်းတဲ့အခါမှာ ညှင်းပန်းနှိပ်စက်လိုမှု  ဆိုတဲ့
“ ၀ိဟိံသာ ” တရား စိတ်ဓာတ်ထဲမှာ ပေါ်လာလို့ရှိရင်  စိတ်ရဲ့ထွက်ပေါက်က  ဂရုဏာတရားကို
ပွားလိုက်ရပါမယ်။
         ဂရုဏာဆိုတာ သူများကို ညှဉ်းဆဲလိုမှု၊ ရ