အနာထပိဏ်သေဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏ တရားတော်ကို နာလို၍တောင်း
ဆိုရာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏။ ....
သေဌေးကြီး .. မိမိကိုယ်၌ရှိသော စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပ
သာဒ၊ ကာယပသာဒ၊ မနောဒွါရတို့ကို တဏှာ၊ မာန၊ ဒိဌိတို့ဖြင့် စွဲအပ်ကာ (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်)
ဟူ၍ မဖြစ်စေအပ်။
ထို့အတူ စက္ခုဝိညာဏ်စိတ်၊ သောတ၀ိညာဏ်စိတ်၊ ဃာန၀ိညာဏ်စိတ် စသည်တို့ကို
လည်း တဏှာ၊ မာန၊ ဒိဌိတို့ဖြင့် (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်) ဟု မဖြစ်စေရန် ၀ိပဿနာဘာဝနာကို
ကျင့်အပ်ကြောင်း ဟောတော်မူ၏။
ထိုသို့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး တရားဟောတော်မူရာတွင် အနာထပိဏ်သေ
ဌေးကြီးသည် မျက်ရည်ထွေထွေယိုစီးကာ ငိုကြွေးလျက်ရှိ၏။
ထိုအခါ အနီး၌ရှိသော အာနန္ဒာအရှင်မြတ်က “ ဒကာကြီး...သေရမည့်ဘေးကို ထိုမျှ
ကြောက်ရွံ့တုန်လှုပ်သလော ” ဟု မေးတော်မူ၏။ ထိုအခါ အနာထပိဏ်သေဌေးက လျှောက်
ထားသည်မှာ “ တပည့်တော် သေရမည့်ဘေးကို ကြောက်ရွံ့၍ မျက်ရည်ယိုစီး ငိုကြွေးခြင်းကို
ပြုသည် မဟုတ်ပါဘုရား။ ငိုကြွေးရခြင်း အကြောင်းရင်းမှာ ထိုမျှ ကောင်းမွန်လှသော ၀ိပဿ
နာ ဘာဝနာတရားကို သေခါမနီးမီ ရှေးအဖို့က တခါဖူးမျှ မကြားစဖူးပါဘုရား။ ယခု သေရခါ
နီးကျမှ တရားကိုနာယူသိရ၍ တရားအားထုတ်ချိန် မရတော့ပါ။ ထို တရားအားထုတ်ခွင့် မရ
သောအခါကျမှ ဤတရားကို ကြားနာရခြင်းကြောင့် အချိန်မရှိမှုကို ၀မ်းနည်းမိ၍ မျက်ရည်ယို
စီး ငိုကြွေးရခြင်း ဖြစ်ပါသည်ဘုရား ” ဟု လျှောက်ထားခဲ့လေ၏။ ( ဥပရိပဏ္ဏာသ ပါဠိတော်၊
သဠာယတန၀ဂ်၊ အနာထပိဏ္ဍကောဝါဒသုတ်၊ နှာ - ၃၀၁ )
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment