January 17, 2014

မုန်းနေသူ ကို ချစ်စေလိုလျှင်

အရှင်ဘုရား
တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ
နည်းလမ်းရှိပါသလား-

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊
နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်ကပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့ စီးပွားပြိုင်ဘက်အချင်းချင်
ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊
မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

ဒါကြောင့်လဲ လူ့ဘ၀က တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း-
စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်က
ဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေကငြီးတွားခဲ့ကြတယ်။

စာရေးသူက ဖြေလိုက်တယ် -အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ
အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊

လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲ ပြေလည်နိုင်မယ် လို့ ထင်တယ်၊
ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတ

အမြတ်ကြီးစား အလှူ့ရှင်တွေ။

  ကုသိုလ်ကောင်းမှုကို ပြုရာ၌ သန့်စင်သောစေတနာ အရင်းခံရန်လိုပါသည်။ တစ်ဖက်သား
အဆင်ပြေ အကျိုးရှိစေဟူသော စေတနာကောင်းတစ်ခုထားရန်လိုပါသည်။ ထိုကုသိုလ်ကောင်းမှု
အတွက် မည်သည့်အမျှော်နှင့် တောင့်တမှုမျှ ပြုစရာမလိုပါ။ အမျှော်ကင်းသော ကုသိုလ်ကောင်း

မှုမှသာ သန့်စင်ပါသည်။ မွန်မြတ်ပါသည်။ ရယူလိုမှု၊ တောင့်တမှုတစ်ခုခုကို မျှော်လင့်၍ ပြုအပ်
သော ကုသိုလ်ကောင်းမှုသည် မသန့်စင်၊ လောဘအစေး ငြိတွယ်နေသောကြောင့် မွန်မြတ်ခြင်း
မရှိနိုင်ပါ။
         ကုသိုလ်မှုသည် ကောင်းကျိုးပေး၏။ ဤသည်မှာ ကုသိုလ်၏စွမ်းအင်သတ္တိဖြစ်ပါ၏။ သန့်
စင်ပြီး စေတနာကောင်းဖြင့်ပြုသော ကုသိုလ်မှုမှန်သမျှသည် ကောင်းကျိုးပေးမည်သာ ဖြစ်ပါ၏။
ကုသိုလ်ကောင်းမှုက သူ့သဘော သူဆောင်၍ သူ့အလုပ် သူလုပ်သွားလိမ့်မည်သာ ဖြစ်ပါ၏။
ကုသိုလ်ကောင်းမှုပြုပြီး လောဘဇောဖြင့် လောကီဆုအထွေထွေ တောင်းနေစရာ မလိုပါ။ ယင်း
သို့ ဆုတောင်းနေမိလျှင် ယင်းဆုတောင်းသောအရာများ ရလိုမှုဟူသော လောဘ အရင်းခံဖြင့်
လှူဒါန်းခဲ့သလားဟူ၍ မိမိနှလုံးသားကို ရိုးရိုးသားသား ပြန်လည်ဆန်းစစ် သင့်ပါ၏။
         လှူတာက ခု ဆယ်၊ ဆုတောင်းတာက(ရလိုမှုက)သိန်း သန်းဆိုလျှင် မိမိသည် မည်မျှ
လောဘကြီးနေသလဲဆိုတာ ပြန်လည် စီစစ် သုံးသပ်သင့်ပါသည်။ နှလုံးသားထဲကသာ တကယ်
လှိုက်လှဲလေးနက်သော စေတနာသန့်သန့်ဖြင့် စွန့်လွှတ်လှူဒါန်းပါ။ မည်သည့်လောကီဆုတွေကို
မျှ တောင်းနေစရာ မလိုပါ။ ကုသို

လမ်း (သို့) မဇ္ဈိမပဋိပဒါကျင့်စဉ်

ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ အချက် (၈) ချက်ရှိတယ်။ ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့် အဆင်ပြေသလို
 ပြန်ဆိုကြတယ်။
(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို : Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။ မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။ နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့ ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။
မှန်ကန်တဲ့အမြင်ရှိဘို့အတွက် အမြင်မှန်ဘို့လိုအပ်တယ်။ အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။ မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

Right Understanding is the understanding of oneself as one really is.
ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။
ဒါကို စာပေစကားမှာတော့ နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဥာဏ်တဲ့။ဒီမှန်ကန်တဲ့အမြင် မှန်က

နာမ်နှင့်ရုပ်သာ-------

နာမ်နှင့် ရုပ်တို.ကို ဥပမာတို.ဖြင့်ပြခြင်း
-ဝင်ရိုး ရထားဘီး ရထားအိမ် ရထားသံ အစရှိကုန်သော အစိတ်အပိုင်း အဆောက်အဦတို.သည် တစ်ခုတည်း တစ်ပေါင်းတည်းသော အခြင်းအရာဖြင့် ကောင်းစွာတည်နေကုန်လတ်သော် ရထားဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။စင်စစ် ဟုတ်မှန်သော အနက်သဘော အားဖြင့်မူကား တစ်ခုစီ တစ်ခုစီသော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် ရထားမည်သည် မရှိသကဲ့သို.။
-သစ်သားအစရှိကုန်သော အိမ်၏ အဆောက်အဦတို.သည် တခုတည်း တပေါင်းတည်းသော အခြင်းအရာ ဖြင့် ဟင်းလင်းပြင် အရပ်ကို ကာရံ၍ တည်ကုန်လတ်သော် အိမ်ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။စင်စစ် ဟုတ်မှန်သော အနက်သဘောအားဖြင့် မူကား (တစ်ခုစီ တစ်ခုစီ သော အစိတ်အပိုင်းကို ကြည့်ရှုဆင်ခြင်လျှင် အိမ်မည်သည် မရှိသကဲ့သို.။
လက်ချောင်းလက်မ စသည်တို.သည် တစ်ခုတည်း တစ်ပေါင်းတည်းသော အခြင်းအရာအားဖြင့် တည်ကုန်လတ်သော် လက်သီးဆုပ်ဟူသော အမည် ဝေါဟာရမျှသည် ဖြစ်၏။စောင်းခွက် စောင်းညှို.စသည်တို.သည် (တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) စောင်းဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။ဆင်တပ် မြင်းတပ်စသည်တို.သည် (တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) စစ်တပ်-ဟူသော အမည်ဝေါဟာရမျှသည် ဖြစ်၏။မြို.ရိုး တံတိုင်း အိမ် တံခါးမုခ် စသည်တို.သည်(တစ်ခုတည်းသော အခြင်းအရာဖြင့် တည်ကုန်လတ်သော်) မြို.

လူသာချင်းတူပါလျှက် ကံကွဲပြားခြားနားပုံ

သုဘလုလင်၏ လျောက်ထားချက်
မြတ်စွာဘုရား….၊  ဤလောက၌ နေထိုင်ကြသူ အပေါင်းတို့သည် လူအချင်းချင်း တူညီကြပါလျက် အရာရာ၌  ညီတူညီမျှ မဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား ထူးခြားနေကြပါသည်။

ကွဲပြားခြားနားပုံ ---
၁ (က) အချို့ သူတို့မှာ အသက်တို၍၊
   (
ခ) အချို့ သူတို့မှာ အသက်ရှည်ပါကုန်သည်။
၂ (က) အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါ များ၍၊
   (
ခ) အချို့ သူတို့မှာ ရောဂါ ကင်းရှင်း ကျန်းမာခြင်း ရှိကြပါသည်။
၃ (က) အချို့ သူတို့မှာ အရုပ်ဆိုး၍၊
    (
ခ) အချို့ သူတို့မှာ အဆင်းလှကြပါသည်။
၎ (က) အချို့ သူတို့မှာ ဘုန်းတန်ခိုးနည်းပါး၍၊
   (
ခ) အချို့ သူတို့မှာ ဘုန်းတန်ခိုးကြီးကြပါသည်။
၅ (က) အချို့ သူတို့မှာ ဆင်းရဲနွမ်းပါး၍၊
   (
ခ) အချို့ သူတို့မှာ ပေါများ ကြွယ်ဝကြပါသည်။
၆ (က) အချို့ သူတို့မှာ အမျိုးယုတ်နိမ့်၍၊
   (
ခ) အချို့ သူတို့မှာ အမျိုးမြင့်မြတ်ကြပါသည်။
၇ (က) အချို့ သူတို့မှာ ပညာ ဉာဏ်နည်းပါး၍၊
   (
ခ) အချို့ သူတို့မှာ ပညာ ဉာဏ်များပြားလှပါသည်။

ဤသို့ ကွဲလွဲခြားနားကြခြင်းသည် အဘယ် အကြောင်းကြောင့်ပါနည်း ဟုလျှောက်ထားလေ၏။
မြတ်စွာဘုရား ဟောကြားတော်မူချက်
ကံသာလျှင် အားကိုးရာ အစစ်ဖြစ်ပုံ
ထိုအခါ မြတ်စွာဘုရားက…..
သုဘလုလင် လောက၌ လူများသာမက အလုံးစုံသော သတ္တဝါ ဟူသမျှတို့သည်
၁။ ကံ - သာလျှင် ဥစ္စာ ရှိကြကုန်၏။
၂။ ကံ - သာလျှင် အမွေအနှစ် ရှိကြကုန်၏။
၃။ ကံ - သာလျှင် အဆွေအမျိုး ရှိကြကုန်၏။
၎။ ကံ - သာလျှင် အဆွေခင်ပွန်း ရှိကြကုန်၏။
၅။ ကံ - သာလျှင် ကိုးကွယ်အားထားရာ ရှိကြကုန်၏။
ထို ကံ - တရားသည်ပင်လျှင် သတ္တဝါ ဟူသမျှ တို့ကို အယုတ်၊ အလတ်၊ အမြတ် စသည်
ထူးခြားကွဲလွဲအောင် ဆောင်ရွက် ခွဲဝေလေသည်  
ဟု မိန့်တော်မူလေသည်။
အကြောင်း - အကျိုး ဆက်သွယ် ဟောကြားတော်မူချက်
(က) အသက်တိုခြင်း ။ လောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ သတ္တဝါတို့အား သနားကြင်နာမှု မရှိသူ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လေ့ရှိ၏။ ထိုသူသည် ထို သတ်ဖြတ်မှု အကုသိုလ် ကံကြောင့် သေသည့် အခြားမဲ့

ကိုးကွယ်ရာမှာရွေးချယ်ပါ


 “ ကြည်ညိုရာမှာ များသံဃာ.. ကိုးကွယ်ရာမှာရွေးချယ်ပါ ”
ဆိုတဲ့စကားလေးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် အရေးကြီးတဲ့ ဆုံးမစကားလေးပါပဲ။ ယခုခေတ်အချိန်အခါမှာ တရားအားထုတ်တဲ့ ယောဂီတွေ များလာသလို.. တရားရိပ်သာတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ဘုရားရှင်ရဲ့ အဆုံးမတွေကိုလည်း ရဟန်းသံဃာများရော.. လူပုဂ္ဂိုလ်များပါ.. ဖြန့်ဝေပေးနေကြတဲ့သူတွေလည်း များစွာ ပေါ်ထွက်လာပါတယ်။ အကောင်းဘက်မှ စဉ်းစားရင် အင်မတန်မှ ၀မ်းသာကြည်နူးဖို့ ကောင်းသလို.. တစ်ဖက်မှ စဉ်းစားကြည့်ပြန်ရင်လည်း အင်မတန်မှ အလေးဂရုပြုဖို့ ကောင်းပါတယ်။
“ ကုန်ရှုံးတော့တစ်ခေါက်.. လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်.. ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက် ”
ဆိုတဲ့ စကားလေးကလည်း တရားအားထုတ်မယ့် ယောဂီတွေအတွက် အမြဲနှလုံးသွင်းထားသင့်တဲ့ စကားလေးပါ။ ကျန်တဲ့အရာတွေ အရွေးမှားရင်တော့ တစ်ဘ၀စာထက်ပိုပြီး မဆုံးရှုံးနိုင်ပေမယ့် ဆရာရွေးမှားရင်တော့ဖြင့် တစ်သံသရာလုံးပါ ဆုံးရှုံးသွားနိုင်မယ့် အဖြစ်မျိုးပါ..။ ဒါမို့လို့လည်း ဂရုပြုဖို့ကောင်းတယ်ဆိုတဲ့ စကားလေးကို သုံးလိုက်ရတာပါ။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဆရာရွေးမမှားဖို့ဟာ အဓိကအကျဆုံးအချက်ပါ။ အရိယာရဲ့အဆင့်နိမ့်ဆုံးဖြစ်တဲ့ သောတာပန်ဖြစ်ရေးမှာ
“သူတော်သူမြတ် ဆည်းကပ်မှန်စွာ၊ သူမြတ်တရား နာကြားသေချာ၊ သင့်အောင်စိတ်ထား တရားကျင့်ရာ၊ သောတာစစ် ဖြစ်ဖို့ကြောင်းလေးဖြာ” 
ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးမရှိပါတယ်။ အဲ့အဆုံးမထဲမှာ သူတော်သူမြတ် ဆည်းကပ်မှန်စွာဆိုတဲ့ စကားလေးကို အရင်ဆုံး ဗုဒ္ဓက ဆုံးမသြ၀ါဒ ပေးထားပါတယ်။ သူတော်သူမြတ်ဆည်းကပ်မှန်ဖို့ ဘယ်လောက်ထိ အရေးတကြီးလိုအပ်တယ်ဆိုတဲ့ အချက်လေးပါပဲ..။ ဆရာမှားပြီး တရားမှားရင် တစ်သံသရာလုံးမှားသွားမယ့် အဖြစ်မျိုးကို ဗုဒ္ဓကကြိုပြီးသိတော်မူတဲ့ အတွက်ပါပဲ။ ယခုအချိန်ခါမှာ မိမိကိုယ်တွေ့၊ ဆရာ့ကိုယ်တွေ့ဆိုပြီး ကိုယ့်ကိုယ်တွေ့တွေနဲ့ ကိုယ်မှန်တယ်ထင်ရာကို ဆွဲကိုင်ပြီး ဟောပြောနေကြတာတွေ ရှိပါတယ်။ ဟောတရားတွေရဲ့ အမှားအမှန်ကို ဆုံးဖြတ်ပိုင်းခြားနိုင်မယ့် ဗုဒ္ဓရဲ့ကိုယ်တွေ့ကျတော့ ပျောက်နေကြပါတယ်။ ဗုဒ္ဓကိုယ်တွေ့ဆိုတာကတော့ ဗုဒ္ဓကိုယ်တိုင် ဟောပြဆုံးမခဲ့တဲ့ အဆုံးမတွေကို မပြင်၊ မဖျက်၊ မဖြည့်စွက်ပဲနဲ့ အမှန်အတိုင်း လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ပိဋိကတ်(၃)ပုံဆိုတဲ့ ပိဋိ

တိုင်ထိပ်ပေါ်က သပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် မင်္ကုလတောင် “ချရားတော”မှာ ဆဋ္ဌမမြောက်ဝါ ဆို၊၀ါကပ်ေ တာ် မူပါတယ်၊ တိတ္ထိဂိုဏ်းဆရားကြီး (၆)ယောက်တို့လည်း သူတို့ကိုယ်သူ တို့ ဘုရားဟုပြောဆိုကြပြီး ဗုဒ္ဓမြတ်စွာနှင့် ရောယောင်ကာလူတွေအထင်ကြီးစေရန် ဗုဒ္ဓမြတ်စွာ ၀ါဆိုတော်မူရာ ရာဇဂြိုလ်မှာပဲ နေထိုင်ကြပါတယ်။

ဝါကျွတ်ကာလတစ်ရက်မှာတော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးတစ် ဦးဟာ နောက်ပါ အခြွေအရံ တွေနဲ့ အတူ ဂင်္ဂါမြစ်ထဲမှာ ရေကစားကြပါတယ်၊ ဒီလိုရေကစားတဲ့အခါ မှာ မြစ်ထဲကကနေ အမှိုက်သ ရိုက်ေ တွ၊ တိရိစ္ဆာန်အသေကောင်စတာေ တွ ရေကစား တဲ့နေရာကို ရောက်မလာနိုင်အောင် လေးဘက်ေ လးတန်မှာ ပိုက်ကွန်တွေ ကာရံပြီးမှ စိတ်အေးလက်အေးကစားကြတာဖြစ်ပါတယ်။

ဒီလိုသူဋ္ဌေးကြီးနဲ့ အခြွေအရံတွေရေးကစားနေတုန်း ပိုက်ကွန်မှာ သစ်တုံးတစ် တုံးလာညိပါတ ယ်။ သစ်တုံးဆိုပေမဲ့ သာမာန်သစ်တုံးမဟုတ်ပဲ အဖိုးများစွာထိုက် တန်တဲ့ “စန္ဒကူးနှစ်”စစ်စစ်ဖြစ်ပါတယ် ၊ အထက်ဟိမ၀န္တာတောမှမြစ်ရိုး တစ်လျှော က်ရေစီးနဲ့မျောပါလာပြီး မြစ်ကွေ့ကျောက်ဆောင်၊ကျော က်စွန်းတွေနဲ့ ပွတ်တိုက်ခဲ့လို့ အကာမရှိတော့ပဲ အနှစ်သက်သက်မို့ တန်ဘိုးအနဂ္ဃထိုက်တန်လှပါတယ်။

သူဋ္ဌေးကြီးဟာ ဒီစန္ဒကူးနှစ်ကို အိမ်သို့ယူဆောင်သွားပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာ တွေးေ တာနေပါတယ်။ နောက်ဆုံးမှာသူဋ္ဌေးကြီးဟာ တစ်ချက်ခုတ် နှစ်ချ က်ပြတ်ဆိုသလို အကျိုးလည်းရှိ သူရဲ့ ယုံးမှားသံသယကိုလည်းပယ်ဖျောက်ပြီး ကိုးကွယ်ရာအစစ်ကို ရှာဖို့ရန်အတွက် စန္ဒကူးနှစ်ကို အသုံးပြု ဘို့ဆုံးဖြတ်လိုက်ပါတယ်။ သူဋ္ဌေးကြီးဟာ အဲဒီအချိန်က ဘယ်ဘာသာကို ကိုးကွယ်ရမှန်းမသိပဲ ဖြစ်နေ တာပါ၊ ဘယ်ဘာသာတရားက မှန်ပြီ၊ ဘ

January 2, 2014

***** သဘာဝဘာသာ *****




ဗုဒ္ဓဘာသာသည် သဘာဝဘာသာဖြစ်သည် ။
သဘာဝ
 သဘာဝဘာသာ
**
တရားသည်လူတိုင်းနှင့်ဆိုင်သကဲ့သို့  ဗုဒ္ဓဘာသာက သတ်မှတ်ထားသော ငါးပါးသီလသည် လူတိုင်းနှင့်ဆိုင်၏။

ဥပမာတစ်ခုဖြင့်ရှင်းပြပါအံ့ ။
ကြက်ဟင်းခါးသီးကိုစားလျှင် မည်သည့်ဘာသာဝင်စားစားခါးသည် ။
ဘာသာပြောင်းသောကြောင့် ခါးသော သဘာဝတရားသည် ပြောင်းမသွားပေ။

ထို့ အတူ==============
သူများအသက်ကိုသတ်လျှင်မည် မည်သည့်ဘာသာဝင်ကသတ်သတ်
ဖြစ်ရာဘဝတွင် အသက်တိုမည်။ အနာရောဂါများမည်။

အသက်တိုအောင်.အနာရောဂါများ အောင် တန်ခိုးရှင် ဖန်ဆင်းရှင် တစ်ဦးဦးက ပြု လုပ်ပေးခြင်းမဟုတ်။
မိမိကိုယ်တိုင်ကပြုလုပ်ပေးခြင်းဖြစ်၏ ။

သူတစ်ပါးအသက်ကိုသတ်ြ

သေခြင်းတရားနယ်မြေဆီသို့ အပြန်ခရီး

လောကမှာ အဆန်းကြယ်ဆုံးက သေခြင်းတရားလို့ အမြဲလက်ခံယုံကြည်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သေခြင်းတရားနယ်မြေထဲရောက်သွားတာနဲ့ လက်ရှိဘ၀ရဲ့ သုခ,ဒုက္ခတွေဟာ ချုပ်ငြိမ်းသွားတာပဲလေ..။ သေခြင်းတရားရဲ့ ဘောင်အတွင်းမှာ ဆင်းရဲသူ,ချမ်းသာသူ ရုပ်ချောသူ,ရုပ်ဆိုးသူ ဘယ်လိုလူမျိုးကိုမှ လူတန်းစားခွဲခြားတာ မရှိဘူး..။ အားလုံးဟာ တန်းတူပဲလေ..။
သေခြင်းတရားအကြောင်းကို မစဉ်းစားခဲ့ဖူးတဲ့နေ့ရယ်လို့ မရှိခဲ့ဘူး..။ နေ့တိုင်း အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်လောက်တော့ စဉ်းစားဖြစ်တယ်…။ စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ခဲ့တာချည်းပဲ…။ သေခြင်းတရားနဲ့ဆုံတွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာလည်း သိခဲ့ရပါတယ်..။ ဒါကြောင့်မို့ အတက်နိုင်ဆုံး ဥစ္စာဓနထက် ကုသိုလ်ပိုချမ်းသာဖို့ကို အလိုရှိခဲ့တယ်…။
လွန်ခဲ့တဲ့ရှစ်နှစ်လောက်တုန်းက အစာအိမ်ပြွန်ရောင်ရောဂါနဲ့ ဂန္ဓီဆေးရုံကြီးမှာ သုံးရက်တိတိ အစာမစားရေမသောက်ရဘဲ ဆေးသွင်းနေခဲ့ရတဲ့အချိန်မှာ သေခြင်းတရားအကြောင်းကို နက်နက်နဲနဲစတင်တွေးခဲ့မိတာ။ ကုသိုလ်,ပညာ,ဥစ္စာနဲ့ ကိုယ့်အပေါ် ထောက်ပံ့ကူညီခဲ့သူတွေအပေါ် ဘာမှအကျိုးကျေးဇူးမပြုနိုင်ဘဲ လောကအတွင်းက ထွက်ခွါသွားရမှာ အရမ်းစိုးရိမ်ခဲ့တယ်…။
ပြီးတော့ မပြင်မဆင်ဘဲသေသွားခဲ့ရင် သေခါနီးလေးမှာ နောက်ဆံတင်းစရာအဖြစ်မျိုး မကြုံဖို့အတွက် ကိုယ်သေရင် ဘယ်ပစ္စည်းဘယ်လှူရမယ်၊ ဘယ်ဟာကတော့ လှူထားတာ၊ ဘယ်ဟာကတော့ ငှါးထားတာ၊ ဘယ်သူ့ဆီကို အကြွေးပေးစရာရှိတယ်- ဆိုပြီးတော့ စာရွက်တစ်ရွက်မှာ အမြဲတမ်းရေးမှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အကြွေး

*** အကောင်းဆုံးဘ၀ ပိုင်ရှင်ဖြစ်စေရန်***

ဘ၀ ဟူသည် သံသရာ ထဲမှ အချိန်ပိုင်းတခုပါ ။
ဘ၀ ၊ ဘ၀ ပေါင်းများစွာလှည့်ပါတ်နေသည်ကို သံသရာဟု ဖွင့်ဆိုထားပါသည် ။ ဗုဒ္ဒဘာသာဝင်အများစု တို့သည် သံသရာ လည်တယ်ဆိုတာ ကို လက်ခံထားတတ်ကြပြီး၊ ထိုသံသရာမှ လွတ်ကြောင်းကိုတော့ မစဉ်းစားပဲ မေ့လျော့ထားတတ်ကြပါသည် ။ သံသရာ ဆိုတာကို မကြောက်သ၍တော့ ဘ၀ ပေါင်းများစွာ ကျင်လည် နေရအုံးမှာပါ ။သံသရာဟုသည် အလွန်ကြောက်စရာကောင်းလှသည် ။ သုဂတိသံသရာနှင့် ဒုက္ခတိ သံသရာဟု ၍နှစ်မျိုးရှိပါသည် ။
လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာပြည် ၌ကျင်လည်ခြင်းသည် သုဂတိသံသရာ။
ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသူရကယ် ဘုံ၌ကျင်လည်ခြင်းသည် ဒုက္ခတိ သံသရာ ဖြစ်ပါသည် ။
ယခုလို လူ.ဘ၀ ရလာသည်မှာ သုဂတိသံသရာတွင်ပါဝင်ပါသည် ။ လူ့.ဘ၀ ဟူသည် အလွန်ရခဲလှသည်ဟု ဘုရားရှင်က ဟောကြားထားပါသည် ။ သာမာန် ပဲကြည့်ပါလျှင် ကမ္ဘာပေါ်တွင် တိရိစ္ဆာန် နှင့် လူ မည်သူက များသနည်း ။ မမြင်တွေ့နိုင်သော ပိုးမွှားဦးရည်နှင့်ပင် မယှဉ်သာပါ ။ ထိုကြောင့် ရခဲလှသော လူ့ဘ၀ ရခိုက်အခါတွင် ကုသိုလ်ကံကို ဖြစ်စေသော ဒါန၊သီလ၊ဘာဝနာ ဆိုသော ကုသိုလ်တရားတို့ကို ကြိုးစားအားထုပ်သင့်ပေသည်။
ယခု အခါတွင် လူအ

* နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။

  နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။

(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃)။ သမ္မသနဉာဏ် = ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄)။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်နှစ်ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅)။ ဘင်္ဂဉာဏ် = ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆)။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုဘေးဟူ၍ရှုသည်၏အစွမ်းဖြင့်ထင်မြင်သည့်ဉာဏ်
(၇)။ အာဒီန၀ဉာဏ် = ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈)။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာငြီးငွေ့ဖွယ်ဟု မြင်
သောဉာဏ်။
(၉)။ မုဉ္စိတုကမျဘာဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ ညွတ်
သောဉာဏ်။
(၁၀)။ ပဋိသင်္ခါဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်းဖြစ်ရန် ဆင်ခြင်သောဉာဏ်
(၁၁)။ သင်္ခါရုပေက္ခာဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်းတို့မှ ကြဉ်ရှောင်၍
လျစ်လျူပြုသောဉာဏ်။
(၁၂)။ အနုလောမဉာဏ် = ရှေးဉာဏ်များ ဖြစ်ပေါ်ပြီးမြောက်သဖြင့် သတိပဌာန် စသော ဗောဓိ
ပက္ခိယတရား ၃၇- ပါးတို့အားလျော်စွာ ဖြစ်သောဉာဏ်။
(၁၃)။ ဂေါတြဘူဉာဏ် = ပုထုဇ္ဇန်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်။
(၁၄)။ မဂ္ဂဉာဏ် = နိဗ္ဗာန်ကို သိမြင်သော မဂ်ဉာဏ်။
(၁၅)။ ဖလဉာဏ် = နိဗ္ဗာန်ကို မြင်သော ဖိုလ်ဉာဏ်။
(၁၆)။ ပစ္စဝေက္ခဏာဉာဏ် = မဂ်ဖိုလ်နိဗ္ဗာန်၊ ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်
သောဉာဏ် တို့ဖြစ်ကြပါတယ်။
        တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ဉာဏ်အဆင့်ဆင့် ရရှိကာ မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
  {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပါသည်။ }
      ဦးသိန်းဝေ။
     http://www.facebook.com/damanadi.tk
          http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မြင်းလေးမျိုး၊ လူလေးမျိုး

ဤလောက၌မြင်းလေးမျိုးရှိလေ၏။ လူလည်းလေးမျိုးရှိလေ၏။
ပထမမြင်းကား
နှင်တံရိပ်ကိုမြင်ကာမျှဖြင်. မြင်းထိန်း၏သဘောကို
ကောင်းစွာသိ၏။ ယနေ.ငါ၏သခင်သည် အဘယ်ကိစ္စမျိုးကိုခိုင်းစေမည်နည်း။
ငါသည် သခင်.အတွက် ဘယ်သို.လုပ်ဆောင်ရမည်နည်း ဟူ၍ ဆင်ခြင်တတ်၏။ ထိတ်လန်.တတ်၏။

ဒုတိယမြင်းကား
နှင်တံရိပ်ကိုမြင်ကာမျှဖြင်. ကောင်းစွာမသိတတ်။မဆင်ခြင်တတ်။
ထိတ်လန်.တုန်လှုပ်ခြင်းမရှိ။ နှင်တံဖြင်. အမွေးကိုတို.ထိမှသာလျှင် ကောင်းစွာသိတတ်၏။ ဆင်ခြင်တတ်၊ တုန်လှုပ်ထိတ်လန်.တတ်၏။

တတိယမြင်းကား
နှင်တံရိပ်ကိုမြင်ကာမျှဖြင်.လည်းကောင်း
အမွေးကိုထိတို.ကာမျှခြင်.လည်းကောင်း
မသိတတ်၊မဆင်ခြင်တတ်၊ထိတ်လန်.တုန်လှုပ်ခြင်းမရှိ။
နှင်တံဖြင်. အရေကို တို.ထိမှသာလျှင် သိတတ်၏၊
ဆင်ခြင်တတ်၊ တုန်လှုပ်ထိတ်လန်.တတ်၏။

စတုတ္ထမြင်းကား
နှင်တံရိပ်ကိုမြင်ကာ