August 25, 2014

အရှင်လတ်လတ် ပုပ်နေသောမထေရ်။

သာဝတ္တိပြည် ဇေတ၀န်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်း
တော်တစ်ပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ရင်း ဝေဒနာ အပြင်းအထန် ခံစားနေရ၏။ ရ 
ဟန်း၏ ခန္ဓာကိုယ်တွင် အနာလုံးကြီးများသည် သွေးတစိုစို ပြည်တရွှဲရွှဲဖြင့် တစ်ကိုယ်လုံး အပ်ချစရာ
မကျန်အောင် အနှံအပြား ပေါက်လျက်ရှိ၏။ ရဟန်းတော်၏ တစ်ကိုယ်လုံးကား ပုပ်စော်နံနေ၏။
         မြတ်စွာဘုရားမှာမူ အနီးရှိ မီးတင်းကုတ် အတွင်း၌ ရေနွေးအိုးကို မီးဖိုပေါ်သို့ တင်ပြီးလျှင်
ရေနွေးဆူရန် စောင့်ဆိုင်းလျက် နေတော်မူ၏။
         ရေနွေးဆူသောအခါ မြတ်စွာဘုရားသည် ဂိလာနရဟန်းရှိရာသို့ ကြွတော်မူလာ၍ ညောင်
စောင်းစွန်းကို ကိုင်တော်မူ၏။ ထိုအခါမှ အခြားရဟန်းများ ၀ိုင်းအုံလာကြပြီးလျှင် ဂိလာနရဟန်း၏
ကိုယ်မှ သင်္ကန်းတို့ကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့် ဆေးကြော
ပေးခြင်း၊ ဆေးထည့်ပေးခြင်း စသော သူနာပြုလုပ်ငန်းများကို

နတ်တွေပြောတဲ့ ကောင်းရာသုဂတိဘုံ။

နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ
လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။
         သို့သော် ပန်းတွေ ညိုးလာတယ်၊ ခန္ဓာကိုယ်က စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက်
ဖြစ်လာတယ်။ ချွေးတွေထွက်လာတယ်ဆိုရင် သူတို့ သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်။ အဲ
ဒီလို အခြေအနေတွေ ပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်တွေက နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်
သွားပြီးတော့ အားပေးစကား (၃) ခွန်း ပြောဆိုမှာကြားတယ်။
         အေး..ဘာမှမစိုးရိမ်ပါနဲ့ (၁) ဒီဘ၀ကေ

အကောင်းဆုံးဖြစ်အောင်။

  “အဆိုးတွေ လျော့ကျပြီးတော့ အကောင်းဘက်ကို ရောက်အောင် ကြိုးစားအားထုတ်ရတယ်”
တဲ့။ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ဖို့ဆိုတာ နေရာဒေသမရွေး၊ အချိန်မရွေး ဖြစ်နိုင်တဲ့ကိစ္စ မ
ဟုတ်ဘူး။ “ကောင်းအောင် ပြင်” ဆိုတဲ့နေရာမှာ “ဘယ်ထိအောင် ကောင်းအောင်ပြင်ရမှာလဲ” ဆို
တော့ “အကောင်းဆုံးဖြစ်အောင်” ကို ပြင်ရမယ်။ အကောင်းဆုံးဖြစ်ပြီဆိုတာ ဘယ်အဆင့်ကျမှ
အကောင်းဆုံးလို့ ပြောလို့ရသလဲ ဆိုရင် ရဟန္တာဖြစ်သွားမှ အကောင်းဆုံးဖြစ်မှာပဲ။

         ဒီကြားထဲမှာတော့ အဆိုးက ရှိနေဦးမှာပဲ။ ေ

ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်။

  “ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စကားရပ်ဟာ ပါဠိကနေ ဆင်းသက်လာတဲ့ စကားရပ် ဖြစ်ပါတယ်။
ဗုဒ္ဓပုဒ် နှင့် ဘာသာပုဒ်ကို တွဲစပ်ထားတာပါ။ ဗုဒ္ဓပုဒ်ရဲ့ အဓိပ္ပါယ်မှာ= သစ္စာလေးပါးကို ကိုယ်တိုင်
သိပြီး အခြားသူတွေကိုလည်း သိစေတော်မူလို့ ရှင်တော်မြတ်ဘုရားကို “ ဗုဒ္ဓ “ လို့ ခေါ်ပါတယ်။
ဘာသာပုဒ်ကတော့ (က) ပြောဆိုတဲ့စကား၊ (ခ) အလေ့အကျင့်၊ (ဂ) သင်ယူစရာ စာပေ၊ (ဃ) အ

ယူဝါဒတွေကို ညွှန်းဆိုပါတယ်။
         ဥပမာ ဆိုပါစို့..“မြန်မာနိုင်ငံမှာ ဘယ်လိုဘာသာစကားကို လူအများစု ပြောဆိုကြပါသလဲ?”
ဆိုတဲ့နေရာမှာ ပြောဆိုတဲ့စကားကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ “တောသူတောင်သားတွေဟာ သူတို့
ဘာသာဘာဝ ရိုးသားပျော်ရွှင်စွာ နေထိုင်ကြတယ်” ဆိုတဲ့နေရာမှာ အလေ့အကျင့်ကို ညွှန်းဆိုတာ
ဖြစ်တယ်။ “ဆယ်တန်းကျောင်းသား ကျောင်းသူများမှာ ခြောက်ဘာသာ သင်ယူကြရတယ်” ဆိုတဲ့
နေရာမှာတော့ စာပေကို ညွှန်းဆိုတာဖြစ်တယ်။ သူ

ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။

၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
    ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ
    လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း။

၃။ မယားကို ယောက်ျားတစ်ယောက်အား ပေးစားစွန့်လှူ လိုက်ရသော်လည်း စိတ်တစ်မျိုး ပြောင်း
    လွဲ ဖောက်ပြန်မှု မရှိခြင်း။
၎။ မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့သည် သီ

ဥပစ္ဆေဒကကံနှင့် သေရသူများ။

  လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
          ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို

ကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီ အမှူးရှိသော နန်း
တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရှိုးရာ
သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ
မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံး

ကံ ၂-မျိုးရှိ။

ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံ
ရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။
ကုသိုလ်ကံရဲ့ ကုသိုလ်သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။
ဒီလို ပထမ စဉ်းစားရမယ်။

ဒီလို စဉ်းစားပြီးတော့ အဲဒီ ကုသိုလ်ကံ, အကုသိုလ်ကံတွေထဲက အကျိုးမပေးရင် မနေနိုင်လောက်
အောင် ကြီးကျယ်တဲ့ ကံတွေကတော့ ပေးပြီးပြီ။
အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ အကုသိုလ်ကံတွေကလဲ ပေးပြီးပါပြီ။
အခုကျန်တာကတော့ အခွင့်သင့်တဲ့အခါ အကျိုးပေးဖို့လို့ မလိုလဲလိုလဲ ကံတွေ ကုသိုလ်ကံတွေကလဲ
အကျိုးမပေးရရင် မနေနိုင်လောက်တဲ့ ဈာန်ကုသိုလ်တွေ ဘာတွေ ပေးပြီးပြီ။
အဲ အခုကျန်တဲ့ ကုသိုလ်တွေကတော့ အခွင့်သင့်တဲ့အခါ အခွင့်သင့်သလို ပေးမယ်လို့ ကျန်နေတဲ့
ကံတွေကတော့ ပြည့်လို့။
မကောင်းဖက်က ကြည့်လိုက်လဲ ပြည့်လို့။
ကောင်းတဲ့ကံဘက် ကြည့်လိုက်လဲ ပြည့်လို့။
ဘုန်းကြီးမှာရော, အားလုံး သံဃာတော်တွေမှာရော, အလှူ့ဒကာ အလှူ့အမဆွေမျိုးသားချင်းတွေ
မှာရော ပြည့်လို့။
ဒါတွေ နားလည်ထားဖို့ သိပ်ကောင်းတာပဲ။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)