March 30, 2015

တရားနဲ့အတူ ရှိနေပါတယ်။


        မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိပါတယ်။ ““ယော
ခေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ 
မမစ္စယေန သတ္ထာ”” တဲ့၊
         အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင်ဓမ္မကိုလည်းကောင်း၊ 
ယော ၀ိနယောစ- အကြင်ဝိနယကိုလည်းကောင်း၊ မယာ-ငါဘုရားသည်၊ ဒေသိ

တော- ဟောပြောအပ်ခဲ့လေပြီ၊ ပညတ္တော-ပညတ်အပ်ခဲ့လေပြီ၊ သော ဓမ္မ၀ိနယော-
ထိုငါဟောအပ်တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ၀ိနယသည်၊ မမ-ငါရဲ့၊ အစ္စယေန- ပရိနိဗ္ဗာန် 
စံလွန်ပြီးတဲ့ အခါကာလမှာ၊ ဝေါ-အသင် ချစ်သားတို့ရဲ့၊ သတ္ထာ- ဆိုဆုံးမတတ်တဲ့ 
ဆရာသည်၊ ဘ၀ိဿတိဖြစ်ပေလိမ့်မယ်ဟူ၍၊ ဘဂ၀ါ - ရွှေဘုန်းတော်သခင်
ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့
ပါပေသတည်း။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   
အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရား
တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဘုရားအလိုအတိုင်း ရှင်ပြုနည်း။


        မြတ်စွာဘုရား ဘုရားဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလ၀တ်
နေပြည်တော်သို့ ကြွရောက်သီတင်းသုံး နေတော်မူပါတယ်။ တစ်နေ့တော့ ယသော်ဓရာမိဖုရာက
သားတော်ရာဟုလာကို ဘုရားရှင်ထံမှာ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာကလည်း
ကလေးဆိုတော့ ဘုရားထံသွားပြီး အမွေတောင်းပါတော့တယ်။ ဘုရားရှင်ကလည်း “ သာရိပုတ္တ

ရာ - ရာဟုလာကို ရှင်ပြုပေးလိုက်ပါ” လို့ စေခိုင်းတော်မူပါတယ်။ ရှင်သာရိပုတ္တရာ အရှင်မြတ်
ကြီးကလည်း တစ်ခါမှ ရှင်ပြုမပေးဖူးသေးတော့ မြတ်စွာဘုရားအား “မည်သို့ ရှင်ပြုပေးရမလဲ
ဘုရား ” လို့ မေးလျှောက်တော်မူပါတယ်။ ဘုရားရှင်က ရဟန်းတွေကို စုဝေးစေပြီး “ ရဟန်းတို့
သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ် ” လို့ မိန့်တော်မူပါတယ်။
ပြီးတော့ ရှင်ပြုပေးရမယ့် နည်းလမ်းကိုလည်း မိန့်တော်မူပါတယ်။
  ၁။ ရှင်လောင်း၏ ဆံပင်မုတ်ဆိတ်များကို ရိတ်ပယ်ပေးပါ။
  ၂။ ဖန်ရည်ဆိုးတဲ့ အ၀တ်သင်္ကန်းကို ၀တ်ရုံစေပါ။
  ၃။ အပေါ်ရုံသင်္ကန်း(ဧကသီ)ကို လက်ဝဲပုခုံးပေါ် တင်ခိုင်းပြီး ရဟန်းတို့ရဲ့ ခြေတို့ကို ရှိခိုးဦး
တိုက်စေ၍ ဆောင့်ကြောင့်ထိုင်ခိုင်းပါ။
  ၄။ ပြီးရင် လက်အုပ်ချီခိုင်းကာ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ”
သရဏဂုံ သုံးပါးကို ရွတ်ဆိုစေပါ။
         ဘုရားရှင်က သားတော်ရာဟုလာကို အဲဒီအတိုင်းရှင်ပြုခိုင်းပါတယ်။ ဒါက နတ်ပြမယ်၊ မြို့ထဲလှည့်မယ်၊ ပွဲငှားကြမယ်တို့ မပါဝင်တဲ့ ဘုရားအလိုအတိုင်း ရှင်ပြုနည်းဖြစ်ပါတယ်။ 
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 29, 2015

လူ့ဘ၀ရရှိခြင်း။


         ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားက “မနုဿတ္တလာဘံ လဒ္ဓါန၊ သဒ္ဓမ္မေ 
သုပ္ပဝေဒိတေ။ ယေ ခဏံ နာဓိဂစ္ဆ န္တိ၊ အတိနာမေန္တိ တေ ခဏံ။” လို့ ဟောတော်မူပါတယ်။
       “သဒ္ဓမ္မေ သုပ္ပဝေဒိတေ - သူတော်ကောင်းတရားကို ရှင်တော်ဘုရားဟောကြားနေတဲ့ 
အခိုက်အခါကာလမှာ၊ မနုဿတ္တလာဘံ-လူ့ဘ၀ရရှိခြင်းကို၊ လဒ္ဓါန- ရရှိကြပါကုန်လျက်၊ 

ယေ- အကြင်ပုဂ္ဂိုလ်တို့သည်၊ ခဏံ - တကယ့် အခွင့်ကောင်းအခါကောင်းကြီးကို၊ 
နာဓိဂစ္ဆ န္တိ- အခွင့်ကောင်း အခါကောင်းမှန်း မသိကြလေကုန်၊ တေ- ထိုအခွင့်ကောင်း
အခါကောင်းကြီးကို အခွင့်ကောင်း အခါကောင်းမှန်း မသိကြတဲ့ ပုဂ္ဂိုလ်တို့သည်၊ ခဏံ-
တကယ်တန်ဖိုးရှိတဲ့ လူ့ဘ၀ရခိုက်အခါ တန်ဖိုးရှိတဲ့ အခါသမယကို။ အတိနာမေန္တိ- 
ကုန်လွန်စေကြသည်ဟူ၍၊ ဘဂ၀ါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
အဝေါစ -ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

သိလို့လှူတော့ နိဗ္ဗာန်ရောက်


 သိလို့လှူရင်တော့ ဒုက္ခသစ္စာမလာဘူး။ သိလို့လှူတော့ မဂ္ဂသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ။ သိတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားပြီ။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီးမှ လှူတော့ မဂ္ဂသစ္စာဖြစ်သွားတယ်။ 
မဂ္ဂသစ္စာအားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာမပေါ်ဘဲ နိရောဓသစ္စာ နိဗ္ဗာန်ပေါ်တယ်။ မသိလို့လှူရင် သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူရင် မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ သိလို့လှူတော့ နိဗ္ဗာန်ရတယ်။ မသိလို့လှူတော့ ဒုက္ခရတယ်။

မသိလို့လှူတော့ မသိတာက အ၀ိဇ္ဇာ၊ လှူတာက သင်္ခါရ၊ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ `မသိတဲ့ပုဂ္ဂိုလ်များလှူနေတာဟာ သမုဒယသစ္စာလုပ်နေကြတာပဲ၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာရမယ်ထင်ပြီးလှူတာပဲ´တဲ့။ သေသေချာချာ ကြည့်လိုက်တော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ။ လူချမ်းသာလို့ပြောသော်လဲ သေသေချာချာ ထိုင်ကြည့်လိုက်တော့ ဟိုကယား ဒီကယား၊ ဟိုကနာ ဒီကနာ၊ ရွှေ့ချင်ပြောင်းချင် ပြင်ချင်ရတာနဲ့ အငြိမ်နေလို့ကို မရဘူး။ ဘာသစ္စာမို့ ဘာပြနေလဲဆိုတော့ ဒုက္ခသစ္စာမို့ ဒုက္ခတွေပြနေတာပါ။ လူချမ်းသာလို့ပြောနေကြပေမယ့် သေသေချာချာထိုင်ကြည့်လိုက်တော့ ဒုက္ခသစ္စာပဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့သိလာတယ်။ ဒါကြောင့် လူချမ်းသာနတ်ချမ်းသာဆိုတာတွေ ဘယ်သူကပြောပြောမယုံပါနဲ့။ ကိုယ့်ခန္ဓာကပြောလို့ ကိုယ့်ဉာဏ်နဲ့သိတာကိုသာ ယုံလိုက်ပါ။ ဒီခန္ဓာကြီးဟာ ယားတယ် နာတယ် ကိုက်တယ် ခဲတယ် ဆာတယ် လောင်တယ် ပူတယ် အိုက်တယ် ညောင်းတယ် ညာတယ်၊ ဖြစ်ပျက်တွေပဲ ပြနေတယ်။ ဒါဟာ ဒုက္ခသစ္စာပါပဲ။
ဒါဖြင့် ဒီလိုဝဋ်ဒုက္ခမှ ကျွတ်ချင်လို့လှူဒါန်းပါ၏ ဆိုပြီး လှူလိုက်တော့ ဒုက္ခကို မုန်းလို့ ကြောက်လို့လှူတာမို့ ဒုက္ခမလာတော့ဘဲနဲ့ သုခနိဗ္ဗာန်သာ လာတော့တယ်။ ဒီလို လက်ငင်း ရှုပြီးတော့မှ ခန္ဓာဒုက္ခသစ္စာအစစ်ကို ဉာဏ်နဲ့မြင်ပြီး နိဗ္ဗာနဿ ပစ္စယော ဟောတု- ဆိုပြီးလှူလှူ၊ ယခုမြင်နေရတဲ့ ဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏လို့ ဆိုပြီးလှူလှူ လှူလိုက်ပါတော့။ ကိုယ့်ဒုက္ခသစ္စာကိုယ် မြင်ပြီးတော့ ဒီဝဋ်ဒုက္ခမှ ကျွတ်ချင်လို့ ဆိုတဲ့ နှလုံးသွင်းနဲ့ လှူနေရင် ပြီးတာပါပဲ။ မသိလို့လှူတော့ ဒုက္ခသစ္စာရတယ်။ သိလို့လှူတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားတယ်။ လှူတာကလဲ သင်္ခါရမဟုတ်တော့ဘူး။ ဘာသစ္စာဖြစ်သွားလဲဆိုတော့ မဂ္ဂသစ္စာ။ ရတာက နိရောဓသစ္စာ။ တစ်ဘ၀တည်းနဲ့ နိရောဓသစ္စာကူးသွားတယ်။ မသိလို့လှူတာက သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူတာက မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ ဒါဆို နားလည်လောက်ပါပြီ။ 
ဒေါက်တာအရှင်ပါရမီ

March 28, 2015

အမြင်နှစ်မျိုးရှိသူ။


    လောကမှာလူဖြစ်လာရင် အမြင်နှစ်ဖက်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုပါတယ်။ လူဆိုတာ မျက်စိနှစ်လုံး
ရှိသလို အမြင်နှစ်ဖက်ရှိရပါမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရပါမယ်၊ ကိုယ်ကျင့်
တရားဘက်ကလည်း လက်မလွတ်စေရပါ။ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်၊
ဆိုလိုတာက တစ်ဖက်က စီးပွားရေးလည်းလုပ်တယ်၊ နောက်တစ်ဖက်က ကုသိုလ်ရေးလည်းလုပ်

တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဘ၀လည်း ကောင်းကျိုးတွေရရှိပြီး၊ နောက်ဘ၀လည်း ကောင်းကျိုး
တွေရရှိကာ၊ လောကီလောကုတ္တရာ နှစ်ဖက်စလုံး ကောင်းပါတယ်။
         ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ သတိပေးထားတာ- အန္ဓဆိုတဲ့ နှစ်ဖက်ကန်း
ပုဂ္ဂိုလ်လည်း မဖြစ်စေနဲ့၊ တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့၊ လူ့ဘ၀ ရောက်လာလို့ရှိရင် နှစ်ဖက်
မြင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားကြလို့ မြတ်စွာဘုရားက ဆုံးမထားပါတယ်၊ ဒါလည်း ဘုရားရဲ့
ဆုံးမသြ၀ါဒတစ်ခုပါပဲ၊ လူ့လောကမှာ ဒါလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


အတင်းအဖျင်းမပြောနဲ့။


  ** စကားအတင်း အချင်းချင်းပြောနေခြင်းသည် သူပြောရာကိုယ်စွဲ၊ ကိုယ်ပြောရာသူစွဲ၊
အန်ဖတ်လဲစားသည်နှင့် ဘာမှမခြား။
  လောကကြီးဟာ သူဖြစ်ချင်တာတွေ ဖြစ်နေတာ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာမဟုတ်။
( အနတ္တသဘော )

  ဆိုင်လို့လဲ ၀င်မရှုတ်နဲ့၊ မဆိုင်လို့လဲ ၀င်မရှုတ်နဲ့။
  သူယုတ်မာတွေဟာ သူတစ်ပါးမကောင်းကြောင်း မမေးဘဲ ပြောတတ်ကြသည်။ မေးရင်လည်း
ချဲ့ကားပြောကြသည်။ ကောင်းကြောင်းတော့ မမေးရင် မပြောဘူး။ မေးရင် သိတာကို
လျော့ပြောတတ်ကြသည်။
  ပုထုဇဉ်တွေဟာ - သူတစ်ပါးအပြစ် ဇီးစေ့လောက်ကို မြင့်မိုရ်တောင်လောက် မြင်တယ်။
ကိုယ့်အပြစ် မြင့်မိုရ်တောင်လောက်ကျတော့ - ဇီးစေ့လောက်တောင် မပြောချင်ဘူး။
ဖုန်းကွယ်ထားတတ်ကြသည်။
  သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါး မကောင်း မပြောနဲ့၊ ကိုယ် တော်ကြောင်းလည်း
မပြောနဲ့။ (ဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 27, 2015

မေတ္တာရင်မှာပိုက်ပါလို့။


        ရှေးလွန်လေပြီးသော ကာလတုန်းက ဗာရာဏသီပြည့်ရှင်မင်းကြီးတွင် မိဖုရား ၄ ယောက်
ရှိတဲ့အနက် တစ်ယောက်သော မိဖုရားကြီးမှ သားယောက်ျားလေးတစ်ပါး ဖွားမြင်ပါတယ်။  တိုင်း
သူပြည်သားတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေသည့်အတွက်ကြောင့် မင်းသားလေးကို “ဥဒယ
ဘဒ္ဒ” လို့ ခေါ်တွင်ခဲ့ပါတယ်။ များမကြာခင်မှာပဲ အခြားသော မိဖုရားကြီးတစ်ပါးကလည်း  မင်းသ

မီးလေးတစ်ယောက် ဖွားမြင်ပြန်တယ်။ ဒီမင်းသမီးလေး   ဖွားမြင်တယ်လို့ သတင်းစကားကြားရင်
ဆိုပဲ တိုင်းသူပြည်သားတွေရဲ့စိတ်နှလုံး ရွှင်ပြုံးပီတိ ရင်ဝယ်ငြိ၊ ဖြစ်လာတော့ မင်းသမီးရဲ့နာမည်
ကိုလည်းပဲ “ဥဒယဘဒ္ဒ” လို့ မှဲ့ခေါ်ကြပါတယ်။
         ဥဒယဘဒ္ဒ မင်းသားနဲ့ ဥဒယဘဒ္ဒ မင်းသမီးတို့ ဗြဟ္မာ့ပြည်မှ သက်ဆင်းလာသည့် ပုဂ္ဂိုလ်
များ အားလျော်စွာ အာရုံငါးပါး ကာမဂုဏ်တရားတွေ ခံစားချင်စိတ် မရှိကြဘူး။ အာရုံငါးပါး ကာ
မဂုဏ်တရားတွေကို ခံစားတဲ့အိပ်မက်တောင် မမက်ကြအောင်ထိ စိတ်ဓာတ်တွေ မြင့်မြတ်ကြပါ
တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ မင်းကြီးနဲ့တကွ မူးမတ်သေနာပတိ   တိုင်းသူပြည်သားအ
ပေါင်းတို့က မင်းသားနှင့် မင်းသမီးတို့ကို စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာ လက်ထပ်တဲ့ ပွဲသဘင်
ကြီးကို ဆင်နွဲပေးလိုက်ကြပါတယ်။
         လက်ထပ်ခဲ့ကြသော်လည်း ဗြဟ္မာပြည်မှလာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြသည့်အတွက်ကြောင့်
တစ်ယောက်နဲ့တစ်ယောက် မောင်နှမပမာ စောင့်ရှောက်နေကြပြီး ကိလေသာနဲ့တောင်မှ မကြည့်
မိကြပါ။ ဒီလိုနေကြရင်း ခမည်းတော်ကလည်း နတ်ရွာစံ ကံတော်ကုန်၊    မယ်တော်တွေကလည်း
နတ်ရွာစံ ကံတော်ကုန်ကြတဲ့အခါကျတော့ မင်းကြီးအဖြစ် တိုင်းပြည်အုပ်ချုပ် စီမံရပါတယ်။ ဒီလို
နဲ့ ဖြူစင်မေတ္တာတွေထားပြီး ပေါင်းသင်းလာခဲ့ကြရာ အလျင်စောပြီး ကံတော်ကုန်လို့ ကောင်းရာ
သုဂတိဘုံသို့  ရောက်သွားတယ်ဆိုရင်၊ ရောက်တဲ့ဘ၀ကလည်း လာပြောစတမ်း၊ ကိုယ်သိတဲ့   တ
ရားတွေကိုလည်း ဟောပြောစတမ်း ဆိုပြီး ဂတိသစ္စာတွေ ထားလိုက်ကြပါတယ်။
         နှစ်ပေါင်း ၇၀၀ လောက်ကြတဲ့အခါကျတော့ ဥဒယဘဒ္ဒမင်းသားက နတ်ရွာစံ ကံတော်ကုန်
ပြီး တာဝတိံသာနတ်ပြည်မှာ သိကြားမင်းကြီးသွားဖြစ်ပါတယ်။ နတ်ပြည်ကျတော့  ကာမဂုဏ်တ
ရားတွေက အင်မတန် ဆန်းကြယ်များပြားလှသည့် အတွက်ကြောင့် အာရုံငါးပါး ကာမဂုဏ်တရား
တွေကို ခံစားပြီးတော့ နေလိုက်တာ နတ်သက် ၇ ရက်မြောက်နေ့၊ လူ့ပြည်က   လူ့သက်နဲ့တွက်
ကြည့်တော့ နှစ်ပေါင်း ၇၀၀ ကြာမှ မင်းသမီးနဲ့ငါ ဂတိသစ္စာတွေ ပြောခဲ့ပါသကော...  သတိရလာ
ပါတယ်။ ငါလူ့ပြည်ကို ဆင်းပြီးတော့ လုလင်ပျိုလိုဆောင်ကာ မင်းသမီးဆီသွားတွေ့ကာ ကိုယ်သိ
တဲ့တရား သူလည်းသိအောင် လုပ်ရဦးမယ်လို့ ပြင်လိုက်ပါတယ်။
       တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒ မင်းသမီးဟာ ပြသာဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။ 
အဲဒီအချိန်မှာ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြီး မင်းသမီးကို 
လူပျိုစကား စပြောပါတယ်။ "ငါကနတ်သားတစ်ယောက်ပါ ၊ သင်က ငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ 
ရွှေခွက်နဲ့  ရွှေအပြည့်ပေးပါ့မယ်။" ဒီတော့ မင်းသမီးက "သင်ဟာ နတ်သားမကလို့  ဘာဘဲ ဖြစ်နေ
ဖြစ်နေ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းဟောင်းမင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်
ပြန်ပါတော့" လို့  နှင်လွှတ်လိုက်ပါတယ်။ 
       ဒုတိယ ညကျတော့ လုလင်ပျို နတ်သားက ငွေခွက်နဲ့  ရောက်လာပြန်ပါတယ်။ ဒါပေမဲ့ မင်းသ
မီးက ချက်ချင်းဘဲ ပြန်လွှတ်ပါတယ်။ တတိယ ညကျတော့ ကြေးခွက်နဲ့  ချစ်ရေးဆိုလာ ပြန်ပါတယ်။ 
ဒီမှာတင် မင်းသမီးက စဉ်းစားပြီး လုလင်ကိုပြန်မေးကြည့်ပါတယ်။ "အသင်ယောက်ျား...ယောက်ျား
တွေဟာ မိန်းမကို ချစ်ရေးဆိုရင်  ပစ္စည်းဥစ္စာကို  တိုးပြီးတိုးပြီးပေးကြတယ်။ သင်က ဘာဖြစ်လို့  တစ်
နေ့ ထက်တစ်နေ့  လျှော့  လျှော့ပေးရတာလဲ။" လို့ မေးပါတယ်။
       ဒီတော့  လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။" မင်းသမီးရဲ့  အသက်နဲ့  ရုပ်ရည်အဆင်းက တစ်
နေ့ ထက်တစ်နေ့  လျှော့လျှော့ အိုလာတာပဲ။ ဒါကြောင့် ငါကပစ္စည်းကို လျှော့  လျှော့ပေးတာပါ။ မင်း
သမီးရယ်၊  တစ်ရက်တစ်ည ကုန်လွန်တာကိုထားပါဦး။ အသင့်ကို ငါကြည့်နေဆဲ မှာပဲ သင့်ရဲ့ ရုပ်ရည် 
အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့  အိုအိုလာနေပြီ၊ တစ်နေ့ ထက်တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ။" 
လို့ ရှင်းပြလိုက် ပါတယ်။
         ပြီးနောက် ငါဟာ မင်းသမီးရဲ့ခင်ပွန်းဟောင်းဖြစ်ကြောင်း ရှင်းပြပြီး၊ လုလင်နတ်သားက   နတ်
ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ပြုနိုင်ရန်  လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  
သေဖို့ တစ်ရက် နီး နီး သွားကြောင်း၊  သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့   အခွင့်အရေး တစ်
ရက်လျှော့သွားကြောင်း။ ဒီတရားသဘောကို အခြေခံပြီး အမြဲတမ်း သတိရနေရင်   တစ်နေ့ တာ   ကု
သိုလ်ပြုဖို့ ကိုပဲ ကြံစဉ် အားထုတ်နိုင်မယ်လို့ တရားဟောပြီး တာဝတိံသာနတ်ပြည်သို့ ပြန်သွားပါတယ်။
         ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း သတိတရားလက်ကိုင်ထားပြီး  အကု
သိုလ်ကင်းပြီး ကုသိုလ်ပြုရင်း နေနိုင်ကြကာ အပါယ်တံခါးပိတ်ပြီးသူများ ဖြစ်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်နေ့ည၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ
 ရပ်ကွက်၌ ဘဒ္ဒန္တသောဘဏ (ရွှေမြင့်မိုရ်ဆရာတော်) ဟောကြားသော “ မေတ္တာရင်မှာ ပိုက်ပါလို့ ”
     တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

လူရဲ့တန်ဖိုး။


         လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက 
အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့ 
နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။
         လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျိုးရိုးမကောင်း

ရင်လည်း နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ “ပိုက်ဆံတို့၊ မျိုးရိုးတို့ဆိုတာ လူ့ရဲ့
တန်ဖိုး အစစ်မဟုတ်ပါ၊ လူ့ရဲ့တန်ဖိုး ဆိုတာ အသိဉာဏ်ပါပဲ”
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 24, 2015

မဇ္ဈိမပဋိပဒါ။


     မဇ္ဈိမ = အလယ်အလတ်+ ပဋိပဒါ = အကျင့် 
    ( အလယ်အလတ်အကျင့် = နိဗ္ဗာန်သွားရာလမ်းကြောင်း)
         ကာမဂုဏ်လိုက်စားသော ကာမသုက္ခလ္လိကအကျင့်သည် လည်းကောင်း၊ ခန္ဓာကိုယ်ကို
ဒုက္ခပေးသော အတ္တကိလမထအကျင့်သည် လည်းကောင်း၊ အောက်တန်းကျ၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို

မရနိုင်ပါ။
         နိဗ္ဗာန်ကို သိမြင်နိုင်သော အကျင့်သည်သာ အလယ်အလတ်အကျင့်ဖြစ်၍ လမ်းမှန်
သောအကျင့် ဖြစ်သည်။ ဗုဒ္ဓအလောင်းတော်ကား ထိုကျင့်စဉ်အမှန်ကိုတွေ့မှ ဗုဒ္ဓအဖြစ်သို့
ရောက်ရပေသည်။ ထိုအကျင့်ကား တခြားမဟုတ် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာ
ကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ စသော မဂ္ဂင်ရှစ်ပါးတည်း။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ 
  ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


ကန်တော့ပါတယ် အရှင်ဘုရား။


        မြတ်စွာဘုရား လက်ထက်တော်အခါတုန်းက မဓုရာပြည်၊ ကုဏ္ဍိမြို့အနီးမှာ ဥရုမုဏ္ဍ အ
မည်ရှိတဲ့ သာဏတောင်မှာ သာဏ၀ါသီရဟန္တာမထေမြတ်က သီတင်းသုံး  နေတော်မူပါတယ်။
အဲဒီ ကုဏ္ဍိမြို့မှာ “ဂုတ္တ” မည်သော နံ့သာကုန်သည်သူဌေး တစ်ဦး ရှိပါတယ်။
         မထေရ်မြတ်ကြီးဟာ ဂုတ္တသူကြွယ်အိမ်ကို နေ့စဉ်နေ့တိုင်း ချီးမြောက်ဖို့အတွက် ကြွလေ့

ရှိပါတယ်။ သူကြွယ်ဇနီးမောင်နှံတို့ကလည်း မထေရ်ကြီးကို ကြည်ညိုရိုသေပြီး သဒ္ဓါတရားထက်
သန် ကြပါတယ်။ မထေရ်မြတ်ကြီးကလည်း အနာဂတ် သာသနာတော်ကြီးအတွက် မှန်းမျှော်ဆ
ပြီး .....၊ ဒါယကာ ဂုတ္တ .. ဒီ သာသနာတော်ကြီး ဟောသူ၊ ပြောသူ၊ ပို့ချသူနှင့် သင်သူ၊ အံသူ၊ 
ကျင့်ကြံသူတို့ စည်ကားပြီး အမြဲတည်နေဖို့အတွက် တကယ်လို့ အမျိုးသားတစ်ယောက်က ကိစ္စ
များမြောင်လူတို့ဘောင် ရှောင်ခွင်းပြီးတော့ သာသနာတွင်းကို ရောက်လာမယ်ဆိုရင် ငါဝမ်းသာ
ရလိမ့်မယ်။ 
         အဲဒီလိုပြောတော့ .. ဂုတ္တသူကြွယ်က အရှင်ဘုရား.. တပည့်တော်ကတော့ အိမ်ထောင်
ဂရာဝါသရှိနေတော့ တပည့်တော်က ဒီဇနီးချောကို မစွန့်နိုင်ပါဘုရား။ တကယ်လို့ တပည့်တော်
မှာ သားယောက်ျားလေး မွေးလာလို့ရှိရင် အရှင်ဘုရားထံ ရှင်ပြုအပ်နှံပါမယ်ဘုရား။  စိတ်ချပါ
ဘုရား။ အဲဒီလို ဂတိက၀တ် ပြုလိုက်ပါတယ်။ 
         များမကြာမီ သားယောက်ျားလေး မွေးဖွားလာပါတယ်။ သားလေးကို “အဿဂုတ္တ” လို့
နာမည်ပေးပြီး ရှင်ပြုနိုင်တဲ့အရွယ် ရောက်လာတော့ မထေရ်ကြီးက ..ဒါယကာ “ဂုတ္တသူကြွယ်”
ဒါယကာရဲ့သားလေးဟာ ရှင်ပြုဖို့အချိန်ရောက်ပြီဆိုတော့ .. မှန်ပါ့ဘုရား၊ တပည့်တော်မှာ သား
ဦးရတနာလေးဆိုတော့ တပည့်တော်တို့ ဇနီးမောင်နှံက ချစ်လို့မ၀နိုင်ဘူး ဘုရား။  ဒုတိယသား
လေး ရလာလို့ ရှိရင်တော့ အမှန်တကယ် အရှင်ဘုရားကို လှူပါ့မယ် ဘုရား။
         များမကြာခင်မှာပဲ ဒုတိယသားကို မွေးပါတယ်။ ဒုတိယသားလေး  “ဓနဂုတ္တ”  အရွယ်
ရောက်လာတော့  မထေရ်ကြီးက  ဒုတိယအကြိမ် ရှင်ပြုဖို့အရွယ်ရောက်ပြီပြောတော့......၊
အရှင်ဘုရား....  သားကြီးက  လုပ်ငန်းလေးတွေ တာဝန်ယူနေရတော့ သားငယ်ကပဲ   အိမ်မှာ 
တပည့်တော်တို့နဲ့ အစစ အရာရာ ဆောင်ရွက်နေရပါတယ်။ တပည့်တော်မှာ တတိယသားလေး
ရမှ  တတိယသားကို ရှင်ပြုပေးပါမယ် အရှင်ဘုရား။ 
         များမကြာ တတိယသားလေး မွေးလာတယ်။ သူ့ကို“ဥပဂုတ္တ”လို့ အမည်ပေးလိုက်တယ်။ 
သားလေးအရွယ်ရောက်လာတော့ မထေရ်ကြီးက.. ဟေး ..ဂုတ္တလုလင် သားက အရွယ်ရောက်
လာပြီ၊ သာသနာတော်ထဲမှာ အမျိုးသားတစ်ယောက် ရောက်လာလို့ရှိရင် ဒီသာသနာတော်ကြီး
ဟာ ရှင်သန်ကျန်ရစ်မယ်။ ငါ့အသက်ကလည်း ကြီးလာပြီဆိုတော့ .. အရှင်ဘုရား  တပည့်တော်
ရဲ့ လုပ်ငန်းတွေ ကျယ်ပြန့်တော့ သားကြီးနှစ်ယောက်ကပဲ ဦးစီးဦးဆောင်   လုပ်နေရပါတယ်။
တပည့်တော်တို့က  သားငယ်ကိုပဲ အိမ်မှာ ကူဖေါ်ခိုင်းဖက် အဖြစ်နေရပါတယ်။   အဲဒါကြောင့် 
ကန်တော့ပါတယ် အရှင်ဘုရား........တဲ့ ။
         ဒါကြောင့် ဒီ သာသနာတော်ကြီး ဟောသူ၊ ပြောသူ၊ ပို့ချသူနှင့် သင်သူ၊ အံသူ၊ ကျင့်ကြံ
သူတို့ စည်ကားပြီး အမြဲတည်နေဖို့အတွက် သာသနာ့ဝန်ထမ်း၊ သာသနာ့အကျိုးဆောင်ရွက်နိုင်
သူများ ဖြစ်ကြကာ တရားဓမ္မနဲ့အညီ ကိုယ်စီကိုယ်စီ ကျင့်ကြံအားထုက်လျက် မြတ်နိဗ္ဗာန်ကိုရ
ရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ် ၌
   မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော “နေမ၀င်ခင် ခရီးနှင်”
      တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }  
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 23, 2015

ကုသိုလ်စိတ် များများဖြစ်အောင် ပြုပြင်နည်း။


        စိတ်တို့သည် အလွန်ဖြစ်ပျက် မြန်သောကြောင့် ကုသိုလ်၊ အကုသိုလ်စိတ် ရောနှောလျက်
ဖြစ်တတ်ပါသည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ်
အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ် ဖြစ်ရ၏။ ဘုရားအာရုံပြုနေ
စဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။

         ရောင်းမှု၊ ၀ယ်မှု၊ လောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (သဒ္ဓါစိတ်)
ကုသိုလ်စိတ် ဖြစ်၏။ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအ
မကို သတိရ၍ “ကုသိုလ်စိတ်” ဖြစ်ပြန်၏။ တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်း စကား
ပြောနေစဉ် စကားပြောမတည့်၍ ဒေါသစိတ် ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်
အောင် ချော့ရသဖြင့် စိတ်ပျော့၍ လာသောအခါ လောဘစိတ် ဖြစ်ပြန်၏။
         ဤသို့ စသည်ဖြင့် စိတ်တို့၏ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း
မိမိစိတ်ကို “စိတ်ကောင်းလား စိတ်ဆိုးလား”(ကုသိုလ်စိတ်လား၊ အကုသိုလ်စိတ်လား) ဟု ခွဲခြား
၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို (ကုသိုလ်စိတ်) စိတ်ကောင်းများများ ဖြစ်အောင် ပြု
ပြင်ပြီးနေလျှင် လောကီလောကုတ္တရာနှစ်ဖြာ အကျိုးရှိပါ၏။
          တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ကုသိုလ်စိတ်ဖြင့်နေကာ ဘ၀မြင့်မြတ်
အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပြီးလျှင် ဘ၀ မြင့်မြတ်သထက် မြင့်မြတ်ကာ မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နုတ်ရေးသား
   ပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ကာမသုခလ္လိကအကျင့်။


      ကာမချမ်းသာကို ခံစားတတ်သော လူဝတ်ကြောင်များသည် မိမိတို့ကာမစိတ် အလို
ကျအောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ အရက်သေစာ
မှစ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကာ မိုးမဆုံးမြေမဆုံး
ခံစားဖွယ်တွေကို မြေပေါ်မြေအောက်မကျန် ရနိုင်သမျှခံစားကြ၏။ ထိုကာမစိတ် အလိုလိုက်

သောအကျင့်သည် လူလယ်ကောင်၌ မပြုရဲကြ အိမ်သူအိမ်သားတွေရဲ့အကျင့်သာ ဖြစ်၏။
အထက်တန်းကျသော အနာဂါမ်၊ ရဟန္တာများ၏ အကျင့် မဟုတ်ကြပေ။
         ဤအကျင့်သည် ကာမရာဂမကုန်သေးသူတို့အတွက် “အကောင်းကြီး”ဟု ထင်ရသော်
လည်း ရာဂကုန်နေသူတို့အတွက်မှာ စိတ်ပျက်ဖွယ်သာဖြစ်၏။ ဥပမာ  ခွေးဘ၀ဖြစ်ခိုက်၌ မစင်
ကို အလွန်နှစ်သက်သော်လည်း ခွေးဘ၀မှလွတ်၍ လူဖြစ်လာသောအခါ မစင်သည် စက်ဆုတ်
ရွံရှာဖွယ် ဖြစ်သကဲ့သို့ပင်တည်း။ ထို့အတူ ကာမရာဂကင်း၍ အကောင်းကြီးထင်ရသော ကာမ
ခံစားမှုသည် ကာမရာဂ ကင်းကွာပြီးသော အနာဂါမ်ဖြစ်လျှင် ရွံဖွယ်ဟုသာ ထင်မြင်လေတော့
သည်။ ထိုအကျင့်ကို လိုက်စား၍ လောကအကျိုး၊ သံသရာအကျိုးတိုးပွားသည်ဟု မရှိ။ စင်စစ်
တော့ ထိုအကျင့်ယုတ်ကို အားထုတ်လိုက်စားသူတို့မှာ  ဉာဏ်ပညာ မတိုးပွားသည့်ပြင် နဂိုရှိသ
မျှ ပညာဉာဏ်သည်ပင် ထိုင်းမှိုင်းတတ်သေး၏။ ထို့ကြောင့် ထိုကာမသုခလ္လိကာအကျင့်ကို 
ရသေ့၊ ရဟန်း သူတော်စင်ဟူသမျှတို့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြရပေသည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ 
  ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 22, 2015

ရွှေလက်မြဲမြဲ တွဲကြစို့။


  ဘယ်လောက်ရုပ်ချောချော၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက် ပညာတက်တက်၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက် ပစ္စည်းရှိရှိ၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက်ရာထူး ကြီးကြီး၊ တစ်နေ့ကျ သေမှာပဲ၊

  ကိုယ်သေရင် ကိုယ့်နောက်ပါမှာက
  ဥစ္စာပစ္စည်း၊ ရင်းနှီးခင်မင်သူတွေ မဟုတ်ဘူး။
  ကိုယ်ပြုလုပ်ထားတဲ့ ကုသိုလ်ကံ၊
  အကုသိုလ်ကံတွေသာ ကိုယ့်နောက်ပါမှာ။
  ကုသိုလ်ကံက မိတ်ဆွေနဲ့တူတယ်၊
  ဖြစ်လေရာဘ၀မှာ ကိုယ့်ကို ကောင်းကျိုးပေးမယ်။
  အကုသိုလ်ကံက ရန်သူနဲ့တူတယ်၊
  ဖြစ်လေရာဘ၀မှာ ကိုယ့်ကို ဒုက္ခပေးမယ်။
  ဒါကြောင့်မို့ … ဒုက္ခမတွေ့ချင်ကြဘူးဆိုရင်…
  အကုသိုလ်ရန်သူတွေနဲ့ လက်တွဲဖြုတ်ပြီး၊
  ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်မိတ်ဆွေတွေနဲ့
  မခွါမခွဲ ထာဝစဉ် လက်တွဲဖို့လိုတယ်။
  (ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ)

ဒါနဘာကြောင့် ပြုရသလဲ


အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြချင်ပါတယ်..ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ် ဒါပေမယ့် ဘာကြောင့်
အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်.
.ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..
ဒါနပြုတယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...သီလစောင့်တည်ခြင်း ဘာဝနာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာဝနာပွားတယ်ဆိုတာဟာလည်း မိမိရဲ့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် ..်ဒါနအကြောင်းဆက်ပြောပါမယ်..ဗုဒ္ဓဘာသာဝင်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..ဆရာတော် ဟောကြားတဲ့ ဥပမာလေးကိုသဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..
ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ့ အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိုင်ပါဘူး..
လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..၀ိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..အဲဒီဝိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ့ စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိုင်ဆုံး ထိန်းသိမ်းသင့်ပါတယ်...
ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံးဝမိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိုင်ပါဘူး..လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိုင်ပါဘူး..ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ ကောင်းစားဖို့ဆိုတာ လောဘ... ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိုင်စရာ အကြောင်းမရှိပါဘူး..အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ....။
အရှင်တိက္ခဥာဏာလင်္ကာရ 
 

March 20, 2015

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း


ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင် ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီးတွေမှာ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်သာ အသေခံသွားမယ် အလွယ်တကူ စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊ ဘယ်လိုမှတ်ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ ဖြစ်ဖြစ်မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။ ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ သဘောအားဖြင့် ကြည့်ရင် ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ 
ဗုဒ္ဓဘာသာရဲ့ အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး လက်ခံဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟော ဒေသနာတွေကိုကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ ဖြစ်ပါတယ်။ မှန်အောင်တမင်လုပ်ပြီးဟောတော်မူတာ ဘာတစ်ခုမှ မရှိပါဘူး။ လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ဗါဒ်နဲ့ ကမ္မဝါဒတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော်တွေဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက် ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူများအတွက် ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူများ အတွက်ပဲ ဖြစ်ပါတယ်။ 
သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာရှိတယ်လို့ ယူဆခြင်းသက္ကာယဒိဋ္ဌိနှင့် လူသာသေတာ၊ ငါ င့ါလိပ်ပြာက မသေဘူးစသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု အယူရှိခြင်း သဿတဒိဋ္ဌိ
(၆) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။ 
သတ္တဝါ တစ်ဦးဦးဟာ ဒီအယူဝါဒ တစ်ခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့ ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး သစ္စာလေးပါးကို အမှန်အတိုင်း သိရှိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ရာ အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ သစ္စာကို သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ 
ဆိုလိုတာက လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိစွဲရာကို အမှန်လို့ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့ ယူဆတတ်ကြတဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊ ပညာရှိ သတိရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့ အယူဝါဒကို လက်ခံလိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊ အယူမှန်တစ်ခုဟာ ဘယ်လိုပဲ ဆန်းစစ်ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝ ဓမ္မနဲ့ ချိန်ထိုးကာ စိစစ်ဝေဘန် လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်သစ္စာကို လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ်မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို ငါလို့ထင်ပြီး ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက် လက်ရှိကိုယ်လက်ခံကျင့်သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ ရှုထောင့်များနဲ့ ချိန်ထိုးပြီး မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

March 19, 2015

ကောင်းအောင်ပြင်ဖို့။


        မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင် 
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။ 
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။ 
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မ၀,၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြ

ပါတယ်။
       အပြင်ပန်း ရုပ်ခန္ဓာကိုယ်ကြီး လှဖို့အတွက် လူတိုင်း ကြိုးစားနေကြပါတယ်၊ သပ်ရပ်သန့်
ရှင်းမှုဆိုတဲ့ အနေအထားထက် ကျော်လွန်ပြီးတော့ လှဖို့ပဖို့ဆိုတဲ့အဆင့်ထိ ရောက်လာပါတယ်။
လောကလူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။ သို့သော်  အကျင့်စရိုက်တွေ
ကိုကျတော့ မပြင်ကြပါ။ စိတ်နေသဘောထားတွေကို မပြင်ကြပါ။
        မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို  သန့်ရှင်းအောင် လုပ်ရမယ်လို့ ဟောတဲ့နေရာ
အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။ “ သစိတ္တ ပရိယောဒပနံ ” ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်
အောင်လုပ်ပါလို့ပဲ ဟောထားပါတယ်၊ စိတ်ဖြူစင်မှုက အဓိကကျပါတယ်၊ ဒါကြောင့် စိတ်ဖြူစင်မှုကို 
အရေးပေးပြီးတော့ လုပ်ကြရမှာ ဖြစ်ပါတယ်။  
 {သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ 
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ 
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌  အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင်
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
          ဦးသိန်းဝေ။
   http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 18, 2015

လက္ခဏာရေး (၃) ပါး။


၁။ အနိစ္စလက္ခဏာ။    ။မတည်မြဲခြင်း အမှတ်အသား။
           ရုပ်နာမ်တို့သည် ခဏမစဲဖြစ်ပြီး ပျက်နေ၏။ ထို့ကြောင့် အနိစ္စလက္ခဏာရှိ၏။
၂။ ဒုက္ခလက္ခဏာ  ။    ။ ဆင်းရဲခြင်း အမှတ်အသား။
           ရုပ်နာမ်တို့သည် ဖြစ်ပြီး ပျက် ပျက်သွားသည့်အတွက်၊ ဆင်ရဲခြင်းသဘောဆောင်၏။ 

ပျက် ပျက်သွားသည့် ဒဏ်ချက်ဖြင့် ခဏမစဲ နှိပ်စက်နေခြင်းသည် ဆင်းရဲအမှန် ဖြစ်၏။
၃။ အနတ္တလက္ခဏာ။    ။ အစိုးမရခြင်း၊ အနှစ်သာရမရှိခြင်း။
           အတ္တဟူသော ငါ၊ လိပ်ပြာ၊ အသက်ကောင်မရှိခြင်း အမှတ်အသား၊ ဤခန္ဓာအစု၌
ရုပ်နာမ်နှစ်ပါးသာရှိ၏။ ရုပ်နာမ်တို့သည် သဘာဝအတိုင်းဖြစ်ပြီး ပျက်နေကြရာ မပျက်ပါနှင့်
ဟု တားဆီး၍ မရ။ ထို့ကြောင့် အစိုးမရ မိမိအလိုသို့ မလိုက်ပါ။ ဖြစ်ပြီး အကုန်ပျက်သွားသည့်
အတွက် တည်မြဲသော အနှစ်သာရဟူ၍ မရှိချေ။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား 
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


မြတ်သေးသည်။


       “ ယောစ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ”
         “ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော  ဥဒယဗ္ဗယံ။”
                                           (ဓမ္မပဒ ပါဠိတော်)
           ဥဒယဗ္ဗယံ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို၊ အပဿံ အပဿန္တော = မသိမမြင်သော၊
ယောစ = အကြင်ပုဂ္ဂိုလ်သည်ကား၊ ၀ဿသတံ = အနှစ်တစ်ရာ ကာလပတ်လုံး၊ ဇီဝေ = အ

သက်ရှည်ကြာ တည်နေငြားအံ့၊ နသေယျော = မမြတ်၊  ဥဒယဗ္ဗယံ = ရုပ်နာမ်တို့၏ အဖြစ်
အပျက်ကို၊ ပဿတော ပဿန္တဿ = သိမြင်သော ပုဂ္ဂိုလ်၏၊ ဧကာတံ = တစ်နေ့တစ်ရက်မျှ၊
ဇီဝိတံ = အသက်ရှည်၍ နေရခြင်းသည်၊ သေယျော = မြတ်တော့သည်သာတည်း။ ။
         ကျွန်တော်များ ၀ိပဿနာကို အားမထုတ်ရင် ရုပ်နာမ်ကိုမသိ၊ ၀ိပဿနာဉာဏ်အလင်း
ဓာတ်မပေါ်ဘဲ၊ မဂ်ဖိုလ်ကို မရနိုင်သဖြင့် သာသနာတွင်း၌အသက်တစ်ရာ ရှည်ကြာအောင် 
နေရသော်လည်း လူဖြစ်ကျိုးမနပ်မမြတ်၊ ၀ိပဿနာတရားကို အားထုတ်၍၊ တစ်နေ့တစ်ရက်မျှ
အသက်ရှည်၍ နေရခြင်းက မြတ်သေးသည်ဟု မြတ်စွာဘုရားက ဟောတော်မူပါသည်။ ။    
( ၀ဏ္ဏကျော်ထင် ဦးဘိုးစိန်၏ တရားထူးရရန် နှလုံးသွင်းဆင်ခြင်နည်းမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ )
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

March 17, 2015

မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်

။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက   
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

( ၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။ 
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

( ၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား) 
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

( ၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

( ၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

( ၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

( ၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား) 
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊ 

သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊  လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ
အမျိုးသမီးကိုဟောတော်မူပါတယ်။ 
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

အတွင်းရန်သူ


စိတ်ဆင်းရဲခြင်း အကြောင်းရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားကို မေးခဲ့ဖူးသည်။ 
 “ မြတ်စွာဘုရား    လူနတ်သတ္တဝါအများတို့သည် ရန်ကင်းငြိုးလျက် ဒဏ်ကင်းလျက် ရန်သူကင်းလျက် စိတ်ဆင်းရဲကင်းလျက် အမျက်ထွက်ခြင်းကင်းနေရခြင်းကို လိုချင်တောင့်တကြပါကုန်၏
သို့ပါလျက်  ရန်ငြိုးရှိလျက် ဒဏ်ရှိလျက် ရန်သူရှိလျက် စိတ်ဆင်းရဲလျက် အမျက်ထွက်လျက်နေကြရသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း “
ထိုအခါဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့်  မစ္ဆရိယ ဝန်တိုခြင်း၊ ရှိသောကြောင့် ဟူ၍ ပြတ်ပြတ်သာသား အဖြေပေး တော်မှုခဲ့ပါသည်။

၁၀ - ဆရာ၊ ဒကာဟုဆိုထားသော်လည်း သင်္ကန်:းဝတ်တိုင်းဆရာဖြစ်လာသည်မဟုတ်။ ဒကာ၊ ဒကာမများက မိမိတို့ထက် သီလ၊ သမာဓိ၊ ပညာသာသောအခါတွင် ဆရာအဖြစ် သတ်မှတ်သော အခါမှ ဆရာနေရာရောက်ရခြင်းဖြစ်၏
၁၅ - ဆင်းရဲ ခြင်း၏ အတိတ်အကြောင်းသုံးပါး
     ( ၁ ) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲခြင်း
     ( ၂ ) သူတစ်ပါး၏ ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲခြင်း
     ( ၃ ) ဣဿာ မ စ္ဆရိယများခဲ့သောကြောင့် ဆင်းရဲခြင်း (ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား)
၁၉ - မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်း ချမ်းသာကြရမည်။ (မဟာစည်ဆရာတော်)
၂၃ - သဘောထားသေးသိမ်သောသူသည် သူတစ်ပါး၏ အပြစ်ကိုသာ မြင်လေ့ရှိသည်။
       သဘောထားပြည့်ဝသော သူကားမိမိကိုယ်ကိုသာ အပြစ်မြင်တော့သည်။
       သဘောထားအပြည့်ဝဆုံးသောသူသည်ကား မည်သူ့အပေါ်မှ အပြစ်မမြင် တော့ပေ။ (ကွန်ဖြူးရှပ်)
၃၂ - ဝိပဿနာ တရားများ ဟောပြောပြသကြရာ၌ ကိုယ်တွေ့သုံးမျိုးရှိ၏ ယင်းတို့ကား ဗုဒ္ဓကိုယ်တွေ့၊ ဆရာကိုယ်တွေ့၊ မိမိကိုယ်တွေ့ တို့ပင်ဖြစ်သည်။ ထိုသုံးမျိုးတွင် မှားနိုင်သော ကိုယ်တွေ့ကား ဆရာကိုယ်တွေ့ နှင့် မိမိကိုယ်တွေ့ တို့ပင်ဖြစ်၏ ဗုဒ္ဓကိုယ်တွေ့တရားများကို ပါဠိတော်၊ အဋ္ဌကထာတို့တွင် တွေ့မြင်နိုင်ပါ၏
၅၀ - " ညီရင်းနောင်ရင်း၊ နွယ်မကင်းသား
         သားချင်းမျိုးဖော်၊ အကျော်ထင်ရှား
         ဆွေတော်များကို၊ တရားမပျက်
         မေတ္တာဆက်၍၊ မဖျက်ဆီးမှု
         ချီးမြှောက်ပြုလော့၊ သူ့ကိုချီးမြှောက်
         ကိုယ့်ဂုဏ်မြှောက်၏၊ ယွင်းဖောက်အလို
         ဝန်မတိုနှင့်၊ သူ့ကိုဂုဏ်နှိမ့်
         ကိုယ့်ဂုဏ်နိမ့်၏ " (မန်လည်ဆရာတော် - မဃဒေ၀)
၅၈ - သူတစ်ပါးက မိမိထက်သာတာကိုမြင်ရလို့ ဝမ်းသာလိုက်ရင် မုဒိတာခေါ်တဲ့ ကုသိုလ်ဖြစ်တယ်။ မနာလိုလိုက်ရင် ဣဿာဆိုတဲ့ အကုသိုလ်ဖြစ်တယ်။ အဲဒီတော့ ပညာရှိသူတော်ကောင်းမှန်ရင် အရည်မရ၊ အဖတ်မရတာချင်း အတူတူ အလကားနေရင်း အကုသိုလ်အဖြစ်မခံပဲ ကုသိုလ်ဖြစ်အောင် ကြိုးစားပြီး ကောင်းမြတ်တဲ့ စိတ်ထားမျိုးထားသင့်တယ်။ (ဆရာတော်တစ်ပါး)
၇၀ - "ကာမဘုံသား၊ နတ်လူများတို့
ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်
အေးမြချမ်းသာ၊ နေလိုပါလည်း
ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍
ထင်ခြေမကျ၊ ဆင်းရဲရတည့်။ " ( မဟာစည်ဆရာတော်ဘုရားကြီး )
၇၁ - လူကို စိတ်အုပ်ချုဎ်သည်။ စိတ်ကို ပညာအုပ်ချုဎ်သည်။ ပညာကို ဗဟုသုတအုပ်ချုဎ်သည်။  ( ဆရာကြီး ပီမိုးနင်း )

၈၅ - ကာမဂုဏ်ကြောင့်သာလျှင် သောက အမျိုးမျိုးဖြစ်ရ၏
ကာမဂုဏ်ကြောင့်သာလျှင် ဘေး အမျိုးမျိုးဖြစ်ရ၏
ကာမဂုဏ်မှ လွတ်မြောက်၍ နေသောသူအား စိုးရိမ်ပူဆွေးရခြင်း သောကသည်လည်းကောင်း ဘေးအမျိုးမျိုးသည်လည်းကောင်း အဘယ်မှာဖြစ်ပါတော့အံ့နည်း။ ( ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား )
၁၀၃  - ရေ ဘေး မီးဘေး ၊ ပြည်ပျက် ဘေးကား၊ဆယ်ရေး တစ်ရေး ၊ ကယ်နိင်သေး၏ ။ အိုဘေး နာဘေး ၊ သေခြင်းဘေး ဟု ဤ ဘေး သုးံပါး ၊ လွန်ကြီးမား က သားနှင့် အမိ ၊ဖြစ်တုံဘိလည်းမျက်စိအောက်တွင် ရင်ဖွင်တင်လျက် သက်ပင်ရေးပိုင်၊ မကယ်နိင်ဘူး လက်မှိုင်ချကာ ၊ နေရစွာရှင့် ။ (မဃဒေ၀ )

၁၁၀ - အို … စုန္ဒ ကုသိုလ်ကောင်းမှူတို့၌ စိတ်ကူးကြံစည်ရုံမျှ နှင့်ပင်လျှင် အကျိုးကျေးဇူများလှပေ၏ဟု ငါဘုရား ဟောတော်မှု၏။ ကိုယ်ရောနှုတ်ပါ ပြုကျင့်ပါက အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။ ( ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား )
၁၁၂ - လက်ဦးဆရာ၊ မည်ထိုက်စွာ
ပုဗ္ဗာစရိယ၊ မိနှင့်ဘ ဟူ၍ လည်းကောင်း
ငယ်သော်ကသား၊ လိုလိုက်ငြားက
ကြီးမားသောအခါ၊ ကျားပမာ၊
မှန်စွာကြောက်ဖို့တည်း။
ငယ်သော်ကသား၊ ဆုံးမငြားက
ကြီးမားသောအခါ၊ အားပမာ၊
မှန်စွာကိုးဖို့တည်း။
ငယ်သော်သမီး၊ ဆုံးမနည်းက
ကြီးမားသောအခါ၊ မီးပမာ၊
မှန်စွာပူဖို့တည်း။
ငယ်သော်သမီး၊ ဆုံးမပြီးက
ကြီးသောအခါ၊ ထီးပမာ၊
မှန်စွာအေးဖို့တည်း။
၁၁၃ - တစ်ရံတစ်ဆစ်၊ အပြစ်အနာ၊ ရှိသောခါဝယ်၊ ကွယ်ရာခေါ်၍ ဆုံးမလေ၏ ။
သူ့ ရှေ့ သူ့ မှောက်၊ ပွဲပြင်ရောက်မှ၊ မြှောက်မြှောက်စားစား၊ သားအားပိုက်ဖြူး၊ မိဘကျူးသို့၊ ကျေးဇူးကိုသာ၊ ရှာ၍ချည်းဆို။

၁၅၁ - " အေး မဟုတ်တိုင်းသာ ခွန်းတုံ့  ပြန်ပြီး စကားများရန်ဖြစ်မယ်ဆိုရင် မင်းတစ်လောကလုံးနဲ့  လည့်ပြီး ရန်ဖြစ်နေပေတော့ ဘာဖြစ်လို့လည်းဆိုတော့ လောကကြီးမှာ ဟုတ်တာထက် မဟုတ်တာတွေက ပိုများနေတယ်။ " ( မစိုးရိမ် ဆရာတော်ဘုရားကြီး )
၁၆၈ - မိမိ ကိုယ်မိမိမှန်ကန်ကြောင်း အထပ်ထပ် သက်သေပြနေရပြီဆိုလျှင် မှားနေပြီဟု သိလိုက်ပါ။ ( ဒေါက်တာမတင်ဝင်း )
၁၇၉ - အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အနိုင်ယူရမည်။
အကျင့်မကောင်းသူကို အကျင့်ကောင်းဖြင့် အနိုင်ယူရမည်။
နှမြောစေးနှဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူရမည်။
လိမ်ညာပြောသူကိုအမှန်ပြောခြင်းဖြင့် အနိုင်ယူရမည်။ ( ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား )
 .................................................................................................
အရှင်ဇဝန ရေးသားပြုစုသော 
အတွင်းရန်သူ  -  မေတ္တာရှင် { ရွှေပြည်သာ } -  စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ 

March 15, 2015

အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ။


        ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့
အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။
သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်
သွားတဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ နောက်ဆုံးအချိန် "ကောဋိဂါမ" ဆိုတဲ့နေရာမှာ သီတင်းသုံးတယ်။ 

"ရောဟိနီ" မြစ်အနီး မြစ်ကမ်းနှစ်ဖက်မှာ ဟိုဘက်က ရွာတစ်ရွာ၊ ဒီဘက်က ရွာတစ်ရွာရှိတယ်။ အဲဒီ
နှစ်ရွာက ရှင်အာနန္ဒကို ၀တ်ကြီး ၀တ်ငယ် ပြုကြတယ်။
         နောက်ဆုံး သက်တော် (၁၂၀) ပြည့်တဲ့အခါမှာ ပရိနိဗ္ဗာန်စံခါနီး ဟိုဘက်ကမ်းက လူတွေက
လည်း သူတို့ရွာ သူတို့ဖက်မှာပဲ ပရိနိဗ္ဗာန်စံပါ၊ ဒီဖက်ကမ်းက လူတွေကလည်း ဒီဘက်ကမ်းမှာပဲ 
ပရိနိဗ္ဗာန်စံပါလို့ ဆိုတော့ ရှင်အာနန္ဒက ဒကာ ဒကာမ တွေက နှစ်ဖက်လုံး ရင်းနှီးတဲ့သူတွေဖြစ်တော့ 
ဟိုဘက်လည်း ပရိနိဗ္ဗာန်စံဖို့ခက်၊ ဒီဘက်လည်း ပရိနိဗ္ဗာန်စံဖို့ခက်တော့ မြစ်အလယ်က ကောင်းကင်ယံ
မှာ ပရိနိဗ္ဗာန်စံတယ်။ 
ရှင်အာနန္ဒဟာ ရဟန္တာဖြစ်တာလည်း ထူးဆန်းတယ်။ ပရိနိဗ္ဗာန်စံတာလည်း ထူးဆန်းတယ်။ ကောင်း
ကင်မှာ ပရိနိဗ္ဗာန်စံတာနော်။ ကောင်းကင်မှာ ပရိနိဗ္ဗာန်စံပြီး ကောင်းကင်မှာပဲ ခန္ဓာကိုယ်က မီးတောက်
တွေ ထပြီးတောက်တယ်။ ရုပ်ကလာပ် မီးလောင်ကျွမ်းသွားပြီး အရိုးဓာတ် တွေဟာ ဟိုဘက်တစ်ခြမ်း 
ဒီဘက်တစ်ခြမ်း ကျတယ်တဲ့။ ဟိုဘက်ရွာ တစ်စု၊ ဒီဘက်ရွာ တစ်စု ကျတယ်။ ဒါဟာ ရှင်အာနန္ဒ မထေရ်
မြတ်ရဲ့ ၀ိပဿနာ တရားနဲ့ သူ့ဘ၀အဆုံးသတ် ပရိနိဗ္ဗာန်ပြု သွားပါတယ်။
 { ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ 
(၁၆)ရပ်ကွက်၊  ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ကံ၏သဘော။


သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။

သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး 
ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ 
သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ-ပြီးပြီးပျောက်
ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်း
သင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊ 
သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိဓာတ်ကလေးကို)၊ 
နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္ဈတိ-ဥပါဒ် ဌီ ဘင် 
အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီးတယ်

             
အမေရိကန်၊ အင်္ဂလန် စသည့် နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်ကြသော မြန်မာပြည်ဖွား ဗုဒ္ဓဘာသာများသည် မိမိတို့ နေထိုင်ရာ အိမ်ဂေဟာများမှာလည်းကောင်း၊ ဘုရားကျောင်းကန်များသို့ သွား၍လည်းကောင်း အလှူပွဲများကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိကြပါသည်။

ယနေ့လည်း မောင်ကျော်လွန်ထွန်း၊ မစုစုမော်တို့ အိမ်မှာ လောကချမ်းသာဘုရားကျောင်းမှ သံဃာတော်များအား ပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ပွဲ ပြုလုပ်၍ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။
ဤဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းသည့် ဇနီးမောင်နှံနှစ်ဦးဖြစ်၏။ အကြောင်းမှာ လွန်ခဲ့သော လေးနှစ်က အင်မီဂရင့်ဒီဗွီမဲပေါက်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်လာကြခြင်း ဖြစ်၏။
သူတို့ နယူးယောက်ကို ရောက်ပြီးနောက် မကြာမီမှာပင် မိမိတို့ကျောင်းကို လာပြီး ဘုရားဖူးကြရာမှ မိမိနှင့် သိကျွမ်းခဲ့ကြသည်။ ဆရာ-ဒကာ ဖြစ်ခဲ့ကြရသည်။
ယခုနှစ် ဧပြီလထဲမှာ မြန်မာပြည်သို့ ပြန်လည်ကြပြီး အိမ်မှာ ကိုးကွယ် ပူဇော်ရန်အတွက် ဆင်းတုတော်နှစ်ဆူ ပင့်လာခဲ့ကြ၍ ယခုလို ဘုရားအနေကဇာတင်ပွဲ ပြုလုပ်ကြခြင်း ဖြစ်သည်။
နိုင်ငံရပ်ခြားမှာ နေကြသော်လည်း မိမိတို့၏ ဘာသာရေး ယဉ်ကျေးမှုကို ရိုသေ လေးစားစွာ ဆက်လက် ထိန်းသိမ်း ကျင့်သုံးနေသည်ကို တွေ့ရသဖြင့် ဝမ်းသာစရာပင် ဖြစ်ပါသည်။ ဤသည်လည်းပဲ မိမိတို့ တစ်ပိုင်တစ်နိုင် သာသနာပြုခြင်းပင် ဖြစ်၏။
သံဃာတော်များအား နံနက် ၆ နာရီအချိန်မှာ ကျောင်းသို့ မောင်ကျော်လွင်ထွန်းကိုယ်တိုင် ကားမောင်းပြီး လာပင့်ခဲ့ပါသည်။ ကိုယ်ပိုင်ကားလေးစီးနိုင်သည်ကို တွေ့ရသဖြင့် မိမိ ဝမ်းသာမိသည်။ ဇနီးမောင်နှံနှစ်ယောက်တို့ ဒီလိုသာ အလုပ်ကို ကြိုးစား လုပ်ကိုင်သွားကြလျှင် မကြာမီမှာ ကိုယ်ပိုင်အိမ်လေးနှင့် နေနိုင်ကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။
မှန်ပါသည်။
အမေရိကန်နိုင်ငံမှာ အလုပ်ကို မှန်မှန် လုပ်ပြီး စုစုဆောင်းဆောင်း နေထိုင်သွားကြသူ အများအပြားတို့သည် ဆယ်နှစ်လောက်ဆိုလျှင် ကိုယ်ပိုင်အိမ်နှင့် နေနိုင်သွားကြပါသည်။ အလုပ်ဖင်မမြဲသူများကတော့ နှစ်တွေသာ ကြာညောင်းခဲ့သော်လည်း အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် ခိုင်ခိုင်မာမာ ဘဝရပ်တည်မှု မရနိုင်ကြသည်က များပါသည်။
ထို့ကြောင့် ကြီးပွားလိုသူတစ်ဦးသည် အလုပ်မှာ သမာဓိရှိဖို့ လိုသည်ဟု အမေရိကန်၌ အောင်မြင်သူ ပုဂ္ဂိုလ်တစ်ဦးက မိမိအား ပြောပြဖူး၏။
ယနေ့ အလှူရှင်များ ဝမ်းသာရန် “တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီး” ခေါင်းစဉ်ဖြင့် တရားကို ဆယ်မိနစ်ခန့် ဟောကြား ချီးမြှင့်ခဲ့ပါသည်။
တရားဆိုတာ သိရုံ တတ်ရုံနှင့် ကိစ္စမပြီးပါဘူး။ သိပြီးတဲ့ တရားကို မိမိသန္တာန်မှာ ရှိအောင် ကြိုးစား ကျင့်ပေးရပါမယ်။ ဒါမှသာ တရားသိတဲ့သူ ဖြစ်မယ်။ တရားရှိမှသာ တရားချမ်းသာများကို ခံစားနိုင်မယ်။ တရားကျင့်သူ၊ တရားရှိတဲ့သူဟာ မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ချမ်းသာစွာ နေထိုင်ရတဲ့အကြောင်း ဓမ္မပဒပါဠိတော်မှာ “ဓမ္မစာရီ သုခံ သေတိ အသ္မိံလောကေ ပရမှိစ”လို့ ဟောထားပါတယ်။
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဘုရားရှိခိုးကို လူတိုင်း ရနေကြပါတယ်။ ရထားရုံနဲ့ မပြီးပါ။ အဲဒီဘုရားရှိခိုးကို အကြိမ်ကြိမ် ရွတ်ဆို ရှိခိုးနေရပါမယ်။ ရှိခိုးနေရင် မိမိမှာ ဘုရားရှိခိုးတဲ့ ကုသိုလ်တရားရှိနေတယ်လို့ ဆိုရပါတယ်။
ဘုရားရှင် ရွှေလက်ထက်တော်အခါက ဓနဉ္စာနီအမည်ရှိတဲ့ အမျိုးသမီးလေးဟာ “နမော တဿ” ကို အမြဲ ရွတ်ဆို ရှိခိုးနေလေ့ရှိခဲ့ပါတယ်။
အဲဒီတော့ သူ့သန္တာန်မှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ကိန်းဝပ်နေတော့တာပေါ့။
အဲဒီလို ဘုရားအာရုံနဲ့ နေရင် ဘေးဥပါဒ် အန္တရာယ်တွေ ကင်းတယ်။ သေရင်လည်း ဘဝကောင်းမှာ ဖြစ်ရပါတယ်။ အရိယာ မဖြစ်တောင်မှ အရိယာပုဂ္ဂိုလ်များလို နေခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာအများစုဟာ တရားသိသူတွေ အတော် များကြပါတယ်။
တရားအသိကတော့ အဆင့် မနိမ့်ကြပါ။
သို့သော် တရားရှိသူတွေကိုတော့ လက်ချိုး ရေတွက်ရမလို ဖြစ်နေတယ်။
ငါးပါးသီလမြဲဖို့ ဗုဒ္ဓဘာသာတိုင်း သိကြပါတယ်။
ဒါပေမယ့် ငါးပါးသီလလုံသူ အရေအတွက် မည်မျှများသည်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ငါးပါးသီလဟာ လူတို့ရဲ့ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားပါ။
သဘာဝတရား – ယူနီဗာဆယ်လော ဖြစ်တဲ့အတွက် ဖောက်ဖျက်ရင် မိမိလည်း ဆင်းရဲမယ်။ မိမိပတ်ဝန်းကျင်လည်း ဆင်းရဲမှာပါပဲ။
ငါးပါးသီလကို ဖောက်ဖျက်သူတွေ များတဲ့ အရပ်ဒေသမှာ ငြိမ်းချမ်းသာယာမှု မရနိုင်ပါ။
လူတွေဟာ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်ကြရပါတယ်။
နယူးယောက်မြို့လို မြို့ကြီးများမှာ ငါးပါးသီလ မလုံသူတွေကြောင့် မြို့သူမြို့သားများ အမြဲ သတိ ဝိရိယနဲ့ သွားလာ နေထိုင်ကြရတာ ထင်ရှားပါတယ်။
ငါးပါးသီလ ပျက်တဲ့ နိုင်ငံအစိုးရများအောက်မှာ နေထိုင်ကြရတဲ့ တိုင်းသူပြည်သားတွေလည်း ဆင်းဆင်းရဲရဲ နေထိုင်ကြရပါတယ်။
အစိုးရဝန်ထမ်းများရဲ့ အဒိန္နာဒါန သီလပျက်မှုဟာ တိုင်းပြည်ဆင်းရဲခြင်းရဲ့ အဓိကအကြောင်းတစ်ခု ဖြစ်ပါတယ်။
လာဘ်စားတဲ့ အစိုးရအမှုထမ်းများဟာ ပြည်သူများထံမှ အခွန်ဘဏ္ဍာငွေများကို မတရား ကောက်ခံကြပြီး မိမိတို့အိတ်ထဲ ထည့်ကြတယ်။
တိုင်းပြည်ဘဏ္ဍာငွေကို နည်းမျိုးစုံဖြင့် ခိုးဝှက်ကြသောကြောင့် တိုင်းပြည် ဆင်းရဲလာတော့တယ်။
တိုင်းပြည်ဘဏ္ဍာငွေ မရှိသောကြောင့် တိုင်းပြည်မှာ အဓိကလိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ကောင်းကောင်း မလုပ်နိုင်ပါ။ ရေ,မီးလည်း မှန်မှန် ရအောင် မဆောင်ရွက်နိုင်လို့ ပြည်သူပြည်သားတွေ ဆင်းဆင်းရဲရဲ နေထိုင်ကြရပါတယ်။
ဒီသီလပျက်စီးနေသမျှ ကာလပတ်လုံး ပြည်သူပြည်သားတွေဟာ လူ့အဆင့်အတန်းမီမီ နေနိုင်တဲ့ ဘဝမျိုးရောက်ဖို့ ဝေးလှပါတယ်။
ဒါကြောင့် တရားသိရုံနဲ့ မပြီးပါ။ တရားရှိမှသာ အများသူငါ ချမ်းသာစွာ နေနိုင်ကြမှာ ဖြစ်ပါတယ်။
ငါးပါးသီလရှိဖို့အတွက် ကိုယ်ချင်းစာတရား များများ ထားရပါမယ်။
ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် သီလတွေ လုံပါတယ်။
ကိုယ်ချင်းစာစိတ်ထားပုံကတော့ “ငါ့အသက် ညှင်းဆဲ သတ်ဖြတ်ခံရသူကို ငါမကြိုက်သလို အခြားသတ္တဝါများလည်း သူတို့အသက် သတ်ဖြတ် ညှင်းဆဲသူများကို မကြိုက်ကြ။ ဒါကြောင့် သတ္တဝါအသက် သတ်ဖြတ် ညှင်းဆဲမှုကို ငါမပြုသင့်”လို့ ကိုယ်ချင်းစာစိတ် ထားလိုက်ရင် သီလလုံသွားပါတယ်။
ဒီနည်းအတိုင်း သူတပါးပစ္စည်း မတရားယူရာမှာလည်း ကိုယ်ချင်းစာစိတ် မွေးရပါမယ်။
သူ့မယားပြစ်မှား ကျူးလွန်မှုမှာလည်း ကိုယ်ချင်းစာစိတ်ထားပြီး ရှောင်ပါ။
သူတပါးအကျိုးပျက်အောင် လိမ်ညာ ပြောဆိုမှုမှာလည်း ကိုယ်ချင်းစာစိတ်နဲ့ ထိန်းပြီး လိမ်ညာ မပြောပါနဲ့။
အရက်သေစာ သောက်စားမှု အလွန်အကျူး ပြုလာရင် သီလတွေ ပျက်၊ ကိုယ်ချင်းစာနာစိတ်တွေ ကင်းမဲ့ခြင်းအကြောင်း ဖြစ်သောကြောင့် အရက်သေစာ မူးယစ်ဆေးဝါးသုံးမှုတွေကိုလည်း ရှောင်ရမှာ ဖြစ်ပါတယ်။
ဒီလို ကြိုးစား ကျင့်ရင် တဖြည်းဖြည်းနဲ့ သီလတရားရှိသူ ဖြစ်လာနိုင်ပါတယ်။
သီလတော သုခိတာ = သီလသည် ချမ်းသာကြောင်း အကျင့်ကောင်း ဖြစ်၏။
ဒါနကုသိုလ်လည်း ရှိအောင် ကြိုးစားကြရပါမယ်။
“ဒါနတော ဘောဂဝါ”ဆိုတဲ့အတိုင်း ဒါနတရားသည် မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ကြီးပွားချမ်းသာကြောင်း ကုသိုလ်လို့ ဘုရားဟောတော်မူပါတယ်။
ပေးကမ်းစွန့်ကြဲရတာ ပေးသူရော ခံယူသူပါ စိတ်ပျော်ရွှင်စေပါတယ်။
စေတနာသန့်သန့်ဖြင့် လှူဒါန်း ပေးကမ်းခြင်း အမှုသည် မပေးလိုတဲ့ မစ္ဆေရစိတ် ကင်းစေပါတယ်။
အဲဒီလို ဒါနတရားကို သိပြီးတဲ့နောက်မှာ ဒါနတရားရှိအောင် ပြုလုပ်နည်းလေးကိုလည်း ဆွေးနွေးပြလိုပါတယ်။
“အလှူရေစက် လက်နဲ့မကွာ”ဆိုတဲ့ မြန်မာစကားအတိုင်း နေ့စဉ် ဒါနပြုလို့ရပါတယ်။
ဘုရားနှင့်ပတ်သက်ပြီး နေ့စဉ် ဒါနရှိအောင် ပြုလို့ ရပါတယ်။
နံနက်တိုင်း ဘုရားသောက်တော်ရေ ဆက်ကပ် လှူဒါန်းနိုင်ပါတယ်။
ရေအလှူကို အလွယ်တကူ ပြုနိုင်ပါတယ်။ မပျင်းဖို့သာ အရေးကြီးပါတယ်။
ထို့အတူ မိမိ ဘာကိုပဲစားစား ဘုရားကို စိတ်နဲ့ လှူပြီးမှ စားရင် (ဘုရားဆိုတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်ကို လှူရတာဖြစ်သောကြောင့်) အမြတ်ဆုံးဒါန ပြုရတာ ဖြစ်တယ်။
ကိုယ်ထိလက်ရောက် ပြုလုပ်နိုင်ရင်တော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။
သံဃာတော်များအား တတ်အားသမျှ လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်များကို ဧည့်ခံ ကျွေးမွေးခြင်း၊ အယုတ်ဆုံး တိရစ္ဆာန်လေးများကိုပါမကျန် အခါအားလျော်စွာ အစာကျွေးခြင်းဖြင့် ဒါနကုသိုလ်မျိုးစေ့တွေ မိမိမှာ ရှိလာပါမယ်။
ရှိလာရင် ပစ္စုပ္ပန် တမလွန် နှစ်ဘဝလုံးမှာ စီးပွားချမ်းသာတွေ ပြည့်စုံလာမှာ အမှန်ပါပဲ။
ဒါကြောင့် ဒါနကုသိုလ်ကို မိမိရောက်လေရာ အရပ်ဒေသများမှာ နည်းများမဆို ချရသွားရမှာဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
မိမိ ဒါနမျိုးစေ့ချထားတဲ့နေရာမှာ ဘဝတစ်ခုခုဖြစ်လာခဲ့ရင် ကြီးပွားချမ်းသာပါတယ်။
နောက်တစ်ခုရှိရမယ့်တရားကတော့ ဘာဝနာကုသိုလ်ထူး ဖြစ်တယ်။
“ဣတိပိသော ဘဂဝါ”စတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု ရွတ်ဆိုပွားများကာ ဗုဒ္ဓါနုဿတိ ဘာဝနာကုသိုလ်ကို ပြုလုပ်နိုင်ပါတယ်။
ဂုဏ်တော်ပွားနည်း စာအုပ်များကို လေ့လာ ဖတ်ရှုပြီး ပွားများသင့်ပါတယ်။
ဘုရားဖက်တော့ အသက်ရှည်ဆိုတဲ့အတိုင်း အသက်ရှည် စိတ်ချမ်းသာခြင်းအကျိုး လက်ငင်း ရနိုင်ပါတယ်။
မေတ္တာဘာဝနာကုသိုလ်ကို ပွားများရင် မေတ္တာအကျိုး (၁၁)မျိုးကို ရရှိခံစားရပါတယ်။
အားလုံးသတ္တဝါတွေ ဘေးရန် ကြောင့်ကြ ဆင်းရဲ ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပွားနိုင်ပါတယ်။
မေတ္တသုတ်ကိုလည်း အနက်အဓိပ္ပာယ်ရအောင် ကျက်မှတ်ပြီး ရွတ်ဆို ပွားများနိုင်ပါတယ်။
မေတ္တာပွားနေသူဟာ တဒင်္ဂအားဖြင့် ဒေါသစိတ်တွေ ကင်းနေလို့ စိတ်ချမ်းသာခြင်းအကျိုးကို ချက်ချင်း ခံစားနိုင်ပါတယ်။
အဓိဋ္ဌာန်ပြုပြီးလည်း မေတ္တာပွားလို့ ရပါတယ်။
နံနက် အိပ်ရာက ထတာနဲ့ “ဒီနေ့ ငါ့သန္တာန်မှာ ဒေါသစိတ်တွေ ဖြစ်ပေါ်မလာအောင် စောင့်စည်းနေမယ်”လို့ ဆောက်တည်ထားရင် မေတ္တာစိတ်တွေ အလိုလို ဖြစ်ပေါ်နေပါတယ်။
ဒေါသဖြစ်စရာ ကြုံလာရင် “ငါ ဒီနေ့ ဒေါသစိတ်တွေနဲ့ မနေဘူးလို့ အဓိဋ္ဌာန်ထားတယ်။ ဒေါသထွက်လို့ မတော်ဘူး”လို့ ဆင်ခြင်လိုက်ရင် ဒေါသစိတ်တွေ ဆက်လက် မဖြစ်ပေါ်တော့ပါ။ အဲဒီလို ပွားများ အားထုတ်နေရင် မေတ္တာကုသိုလ်တွေ မိမိသန္တာန်မှာ ရှိလာမှာ ဖြစ်ပါတယ်။
“ကုသိုလ်အားလုံးကို ပြုလုပ်လိုရင် သတိပဋ္ဌာန်ဘာဝနာ ပွားရမယ်”လို့ ဟောထားပါတယ်။
ဒါကြောင့် နေ့စဉ် မိနစ်ပိုင်းလောက်တော့ သတိပဋ္ဌာန်ဘာဝနာ ပွားများသင့်ပါတယ်။
မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာ၊ စွန်းလွန်းရိပ်သာ၊ ဦးဘခင်ရိပ်သာစသည်တို့မှာ သတိပဋ္ဌာန်တရား ပွားများပုံကို သင်ယူပြီး အားထုတ်နိုင်ပါတယ်။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ကြားထားတဲ့အတိုင်း “မိမိ ဝမ်းဗိုက်မှာ စိတ်ကို ထားပြီး အသက်ကို မှန်မှန် ရှူကာ ဝမ်းဗိုက် ဖောင်းမှုပိန်မှု ဤနှစ်ခုကို သတိကြပ်ကြပ်ပြုပြီး ရှူမှတ်ကာ” သတိပဋ္ဌာန်တရားကို နေ့စဉ်မှန်မှန် ဆယ်မိနစ်ခန့် အားထုတ်ခြင်းဖြင့် ဘာဝနာကုသိုလ်တွေ မိမိသန္တာန်မှာ ဖြစ်ပါလိမ့်မယ်။
သတိ သမာဓိကောင်းလာသည်နှင့်အမျှ စိတ်အညစ်အကြေး လောဘ ဒေါသ ကိလေသာတွေ ကင်းပြီး ကုသိုလ်တရားတွေ ဒီရေအလား တိုးပွားနေပါလိမ့်မယ်။
ကုသိုလ်တရားတွေ များလေ အကုသိုလ်တရားတွေ ပါးလေဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီကုသိုလ်ထူးများ၏ အကျိုးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသတည်း။
လောကချမ်းသာ အရှင်ဣန္ဒက
(၂၀၀၃ ခု ဇူလိုင်လထုတ် The Universal Peace Buddha Temple newsletter မှ)
Knowing dhamma is not good enough, must practice (တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီးတယ် ) by Ashin Eidakka (အရှင်ဣန္ဒက)
တရားအကျင့် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ