February 20, 2015

လောဘပေါင်းမြက်။


အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် အရသာခံပြီးတော့ 
စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။
လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါနမျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင် 
ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။
ပေါက်တော့ ပေါက်ပါရဲ့။
ဒါပေမယ့် အပင်က သုံးပုံနှစ်ပုံလောက်သာ အောင်တော့တယ်။
တစ်ပုံလောက်က ပေါင်းမြက်တွေနဲ့ ရောပြီးတော့ ပေါင်းမြက်တွေက ယူသွားတာနဲ့ မအောင်ဘူး။ 
ဒီလိုဖြစ်တယ်။
ဒီတော့ ဘုန်းကြီးကနေပြီးတော့ အလှူ့ရှင် ဆွမ်းဒါယကာ ဒါယိကာမ ဆွေသားမျိုးစုဘက်က 
သဒ္ဓါတရား တိုးပွားပါစေတော့လို့ ဒီလို စိတ်ထားပြီးတော့ ပြုပြင်ရုံတင်မကဘူး၊ ဘုန်းကြီးတို့ရဲ့ 
အလှူခံ သံဃာတော်များ ရဟန်း သာမဏေများဘက်က လောဘတကြီးနဲ့ ဝမ်းမြောက်ဝမ်းသာ 
စားသောက်နေမှာကို သိပ်စိုးရိမ်တာပဲ။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

No comments:

Post a Comment