May 29, 2015

မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
  မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။
ထို(၁၀၈)ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)
ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖေါ်၍  အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်
၍ (၂၁) ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ သဘောကား လောကသုံးပါး
သည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်

ဟု ဆိုလိုသည်။ ထို လက္ခဏာတို့သည် ဖွါးတော်မူခါစကပင် ပါရှိလေသည်။ တစ်ရာ့ရှစ်ယောက်  ကုန် 
သော ပုဏ္ဏားတို့အနက် ရှစ်ဦးတို့သည် ဘုရားလောင်း သူငယ်၏ မြတ်သောလက္ခဏာတော်၏ ပြည့်စုံ
ခြင်းကို  ကြည့်၍   ပထမပုဏ္ဏား   ခုနှစ်ဦးမှစ၍  ဘုရား သော်လည်းကောင်း၊ စင်္ကြာမင်း သော်လည်း
ကောင်း ဖြစ်မည်ဟု ဆိုကုန်၏။ ကောဏ္ဍညနွယ်ဖွါး သုဒတ္တ ပုဏ္ဏားငယ် တစ်ဦးတည်းမှ “ဘုရားစင်စစ်
ဖြစ်လတ္တံ့ ” ဟု တစ်ခွန်းတည်း ဟောဆိုသည်။ အကြောင်းမှာ..ဘုရားလောင်း၏ ခြေတော်ပြင်  လက္ခ
ဏာ အစဉ်ဝယ်  စင်္ကြာမင်းပုံ ပါလေသည်။  စင်္ကြာမင်းထက် မြတ်သည်ကား လောကသုံးပါးတွင် “ဘု
ရား ” သာလျှင် ရှိပေသတည်း။
       ထို့ကြောင့် ဤ လက္ခဏာ (၁၀၈) ပါးကို ဖူးမြင်ရာတွင် မြတ်စွာဘုရား၏ တိလောကဂ္ဂ လောက
သုံးပါးထက် မြင့်မြတ်သောဂုဏ် တိလောကန္ဓဂူ  လောကသုံးပါးမှ လွန်မြောက်တော်မူသော ဂုဏ်နှင့်
လောက၀ိဒူ လောကသုံးပါးကို အကြွင်းမရှိ သိတော်မူသော ဂုဏ်တော်တို့ကို နှလုံးသွင်း၍  ဖူးမြင်ကြ
ကုန်ရာ သတည်း။ ။

“ (၁၀၈) ကွက်သော ရုပ်ပုံများ”
 ================
၁။ လှံမ၊  ၂။ အိမ်မွန်    ၃။ ဇလပ်ပန်း၊  ၄။ လည်ရေးသုံးဆင့်၊   ၅။ ဦးဆောက်ပန်း၊   ၆။ ထမင်းပွဲ ၊  
၇။ အင်ပျဥ၊်   ၈။ ချွန်းတောင်းလက်နက်၊   ၉။ ပြသာဒ်၊  ၁၀ ။ တုရိုက်တိုင်၊  ၁၁ ။ ထီးဖြူ  ၊  
၁၂။ သံလျှက၊်  ၁၃ ။ ထန်းရွက်ယပ်၊  ၁၄ ။ ဥဒေါင်းမြီးစီးယပ်၊  ၁၅ ။ စာမရီယပ၊်  ၁၆ ။ သင်းကျစ် ၊    
၁၇ ။ ပတ္တမြား၊ ၁၈။ သပိတ်၊ ၁၉။ မုလေးပန်းဆိုင်း၊  ၂၀။ ကြာညို ၊  ၂၁။ ကြာနီ ၊   ၂၂။ ပဒုမ္မာကြာ၊     
၂၃။ ကြာဖြူ ၊  ၂၄။ ကြာပုဏ္ဏားရိတ်၊  ၂၅။ ပြည့်သောအိုး ၊  ၂၆။ ပြည့်သောဖလား ၊  ၂၇။ သမုဒ္ဒရာ၊
၂၈။ စင်္ကြာဝဠာတောင်၊  ၂၉။ ဟိမ၀န္တာတောင်၊  ၃၀။ မေရုတောင်၊   ၃၁။ နေ၀န်း ၊    ၃၂။ လ၀န်း ၊ 
၃၃။ နက္ခတ်တာရာများ၊  ၃၄။ ဇဗ္ဗုဒိပ်ကျွန်း(တောင်ကျွန်း)   ၃၅။ အရှေ့ ကျွန်း၊   ၃၆။ မြောက်ကျွန်း၊
၃၇။ အနောက်ကျွန်း၊      ၃၈။ ကျွန်းငယ်နှစ်ထောင်၊      ၃၉။ စင်္ကြာမင်း၊       ၄၀။ ခရုသင်း  ၊ 
၄၁။ ရွှေငါးကြင်း အစုံ၊   ၄၂။ စစ်လက်နက်၊   ၄၃။ သီတာခုနှစ်တန်၊      ၄၄။ သီတာခုနှစ်တန်၊
၄၅။ သီတာခုနှစ်တန်၊    ၄၆။ သီတာခုနှစ်တန်၊   ၄၇။ သီတာခုနှစ်တန်၊   ၄၈။ သီတာခုနှစ်တန်၊
၄၉။ သီတာခုနှစ်တန်၊  ၅၀။ တောင်စဉ်ခုနှစ်ထပ်၊  ၅၁။ တောင်စဉ်ခုနှစ်ထပ်၊  ၅၂။ တောင်စဉ်ခုနှစ်ထပ်၊
၅၃။ တောင်စဉ်ခုနှစ်ထပ်၊ ၅၄။ တောင်စဉ်ခုနှစ်ထပ်၊ ၅၅။ တောင်စဉ်ခုနှစ်ထပ်၊ ၅၆။တောင်စဉ်ခုနှစ်ထပ်၊ 
၅၇။ အိုင်ကြီးခုနှစ်အိုင်၊    ၅၈။ အိုင်ကြီးခုနှစ်အိုင်၊    ၅၉။ အိုင်ကြီးခုနှစ်အိုင်၊    ၆၀။ အိုင်ကြီးခုနှစ်အိုင်၊
၆၁။ အိုင်ကြီးခုနှစ်အိုင်၊      ၆၂။ အိုင်ကြီးခုနှစ်အိုင်၊      ၆၃။ အိုင်ကြီးခုနှစ်အိုင်၊      ၆၄။ ဂဠုန်မင်း၊ 
၆၅။ မိကျောင်းမင်း၊  ၆၆။ တံခွန်ကုက္ကား၊  ၆၇။ ရွှေထမ်းစင်၊  ၆၈။ ကေလာသတောင်၊ ၆၉။ ခြင်္သေ့မင်း၊
၇၀။ ကျားမင်း၊   ၇၁။ ၀လာဟကမြင်းမင်း၊    ၇၂။ ဥပေါသထ၊    ၇၃၊ နဂါးမင်း၊     ၇၄။ ဟင်္သာမင်း၊ 
၇၅။ ဥသဘနွားမင်း၊     ၇၆။ ဧရာဝဏ်ဆင်မင်း၊      ၇၇။ ရွှေမကာရ်း၊      ၇၈။ မုခ်လေးခုနှင့်ရွှေလှေ၊ 
၇၉။ နို့စို့သားအမိ၊   ၈၀။ ကိန္ဒရာဖို၊   ၈၁။ ကိန္ဒရီမ၊    ၈၂။ ကရ၀ိတ်ငှက်မင်း၊    ၈၃။ ဥဒေါင်းငှက်မင်း၊ 
၈၄။ ကြိုးကြာငှက်၊     ၈၅။ စက္က၀တ်ငှက်မင်း၊     ၈၆။ ဇီဝဇိုးငှက်မင်း၊      ၈၇။ နတ်ပြည်ခြောက်ထပ်၊
၈၈။ နတ်ပြည်ခြောက်ထပ်၊         ၈၉။ နတ်ပြည်ခြောက်ထပ်၊           ၉၀။ နတ်ပြည်ခြောက်ထပ်၊ 
၉၁။ နတ်ပြည်ခြောက်ထပ်၊         ၉၂။ နတ်ပြည်ခြောက်ထပ်၊          ၉၃။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၉၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊   ၉၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊    ၉၆။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၉၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊   ၉၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊    ၉၉။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၀။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၁။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၂။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၃။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၆။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ။
{ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ဘုရားမှကူးယူ ရေးသားပူဇော်ပါသည်။}
  
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

May 24, 2015

အမြဲတမ်း မှန်နေသော သဘာဝ အရှိတရား။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
      ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှ
ပဲ ဒီတရား ပေါ်ထွန်းလာရမယ်။ ဗုဒ္ဓ မပေါ်ထွန်းရင်၊ ဒီတရား မရှိရဘူး၊ ဒီ သဘာဝ တရားက

အမြဲတမ်း ရှိနေတာပါ။ တလောကလုံးအတွက် အမြဲတမ်း မှန်ကန်နေတဲ့ သဘာဝ တရားပါ။
      ဗုဒ္ဓဘုရား အလောင်းတော်ဟာ ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းမြတ်နှင့် မိဖုရားကြီးဖြစ်
တဲ့ မဟာမာယာဒေ၀ီတို့ ၏ သားတော် ဖြစ်ပါတယ်။ (၁၆) နှစ် အရွယ်ရောက်သောအခါ ဒေဝ
ဒဟပြည့်ရှင်၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင် မင်းသမီးပေါင်း လေး
သောင်း အခြွေအရံ များနှင့်တကွ၊ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစားတော် မူခဲ့ပါတယ်။ 
အဲဒီလို ကာမဂုဏ် အာရုံများဖြင့် ပျော်မွေ့ နေစဉ် သူအို၊ သူနာ၊ သူသေ၊ ရဟန်းစတဲ့ သံဝေဂ
ရစရာတွေတွေ့ မြင်ပြီးဒီကာမဂုဏ်တွေကို သိမ်းပိုက်နေတာ မတော်ဘူးလို့  ဆင်ခြင်မိပါတယ်။
မိမိကိုယ်တိုင်က အိုတတ်၊ နာတတ်၊ သေတတ်သောသဘော ရှိတဲ့အတွက် မအို၊ မနာ၊ မသေ
မပျက်တတ်တဲ့ တရားကို ရှာကြံဖို့  ဆုံးဖြတ်လိုက်ပါတယ်။
      လူသားဖြစ်တဲ့ ဗုဒ္ဓဟာ အခုရှိတဲ့ လူသားတွေနဲ့  အတူတူပါ၊ ဒီ သဘာဝ အမှန်ကို ဗုဒ္ဓက
အကျင့်တရား  အမှန်နဲ့ ပထမဆုံး တွေ့  ရှိ့တာဟာ (ဘ၀အဆက်ဆက် ပါရမီ) သူများထက်
ဉာဏ်ထူးချွန်ထက်မြက်မှု၊ လုံလ ၀ီရိယ ကြိုးစားအားထုတ်မှု၊ စိတ်ဓါတ် အင်အားကြီးမားမှု၊
တို့ ကြောင့်ဖြစ်ပါတယ်။
      မြတ်ဗုဒ္ဓ သိထားတဲ့ သဘာဝဖြစ်စဉ်ကြီး နှစ်ရပ်ရှိပါတယ်။ (၁)ရုပ်ဖြစ်စဉ်ခေါ်တဲ့ သဘာ
ဝကြီး ဖြစ်စဉ်တစ်ရပ်၊ (၂) နာမ်ဖြစ်စဉ်ခေါ်တဲ့ သဘာဝဖြစ်စဉ်ကြီး တစ်ရပ်တို့  ဖြစ်ကြတယ်။
အဲဒီတရားကို အကျင့်မှန် လမ်းမှန် မသိတဲ့သူက မတွေ့ ပါ။ ဗုဒ္ဓ အလောင်းတော် သိဒ္ဓတ္ထက
တော့ အကျင့်မှန် လမ်းမှန်ကို ကျင့်တဲ့အတွက် ဒီသဘာဝ အမှန်ကို ရှင်းရှင်းလင်းလင်းကြီး
တွေ့ ၊ သိ၊ မြင်သွားပါတယ်။ တွေ့ လိုက်တာနဲ့  တစ်ပြိုင်နက် သူ့ သန္တာန်က လောဘ၊ ဒေါသ၊
မောဟ ငြိမ်းသွားပါတယ်။ အဲဒီ ကိလေသာတွေ ငြိမ်းသွားတော့ ဆင်းရဲ ငြိမ်းသွားပါတယ်။
      ဒီသဘာဝရဲ့  တရားကို ဗုဒ္ဓလို နည်းမှန်လမ်းမှန်နဲ့  ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တိုင်း သိမြင်နိုင်ပါ
တယ်။ ဟိန္ဒူ ဗြာဟ္မဏတွေရော နည်းမှန်လမ်းမှန်အတိုင်း ကျင့်ကြံရင် သိ၊ မြင် နိုင်ပါတယ်။
မူဆလင်တွေ နည်းမှန်လမ်းမှန် ကျင့်ကြံရင် သိနိုင်ပါတယ်၊ ခရစ်ယာန်တွေ ကျင့်ကြံရင်လည်း
သိနိုင်ပါတယ်။ ဒီသဘာဝတရားကို မြတ်ဗုဒ္ဓ ပိုင်တဲ့တရား မဟုတ်ပါ။ သဘာဝကပဲ ပိုင်ပါတယ်
သို့ သော် ဗုဒ္ဓရှင်တော်မြတ်က စတင် တွေ့ ရှိတာဖြစ်လို့  စတင်တွေ့ ရှိတဲ့ ပုဂ္ဂိုလ်ကို အစွဲပြုပြီး
ဗုဒ္ဓတရားတော်လို့  ခေါ်ကြတာပါ။ ဗုဒ္ဓမြတ်စွာဟာ နတ်လဲမဟုတ်၊ ဗြဟ္မာလဲမဟုတ်၊ လူသား
စင်စစ် ဘုရားပါ။ ဒီဗုဒ္ဓ တရားတော်များကို လူသားအားလုံး ကျင့်နိုင်၊ သိနိုင်မှ အကျိုးရှိမယ်။
ဘယ်လို အယူဝါဒမျိုးပဲ ယူနေယူနေ ဒီအကျင့်လမ်းကို အကျင့်မှန်၊ နည်းလမ်းမှန်နဲ့  ကျင့်ရင် 
သိနိုင် ရနိုင်ပါတယ်။
      မန္တလေးကနေပြီး ရန်ကုန်ကိုသွားတဲ့ မီးရထားကို စီးသွားမယ်ဆိုရင် လမ်းဆုံးတာနဲ့  ရန်
ကုန်ဘူတာ ဆိုက်ရောက်မှာပါ။ တရုတ်စီးရင်လဲ ရောက်မှာပါ။ ကုလားစီးရင်လဲ ရောက်မှာပါ။
မြန်မာစီးရင်လဲ ရောက်မှာပါ။ ရန်ကုန်ကိုသွားတဲ့ မီးရထားကိုသာ မှန်အောင်တက်စီး ရောက်
မှာကတော့ ရန်ကုန်ပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ကျင့်နည်းမှန်ဖြင့် လိုရာခရီး ရောက်နိုင်ကြပါစေ။ ။
{ချမ်းမြေ့ ဆရာတော်၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်ကို ကိုးကားရေးသား
     ပူဇော်ပါသည်။}
        (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ကောင်းရာသုဂတိဘုံသို့။


🙏🙏🙏🙏🙏🙏🙏🙏🙏
     မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
        မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား
တယ်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်

လယ်ရေ မျက်နှာပြင်ပေါ် ခေါင်းလေးပြူကြည့်ပြီး အသက်ရှူတယ်။
         အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ တက်မလာဘူးတဲ့။ ပင်လယ်ရေ
နက်ပိုင်း ထဲမှာပဲ လှည့်လည်ကျက်စားပြီးနေတဲ့ လိပ်ကြီး။ အဲဒီ ပင်လယ်ပြင်ထဲမှာ ထမ်းပိုးတုံး
ကြီး တစ်ခုက အပေါက်ကလေး တစ်ပေါက်ပဲပါတယ်။ ပင်လယ်ရေဆိုတာ ငြိမ်သက်နေတဲ့ နေရာ
မဟုတ်ဘူး။ အမြဲတမ်း လှုပ်ရှားနေတာ၊ လှိုင်းက အမြဲတမ်း တိုက်ပြီးနေတဲ့ နေရာ။ အဲဒီ ထမ်း
ပိုးတုံးကြီးတစ်တုံး ပင်လယ်ထဲမှာ မျောပြီး မျောချင်ရာ မျောနေတယ်။
         လိပ်ကန်းကြီးကလည်း သွားချင်ရာသွား၊ အနှစ်တစ်ရာ ကြာတဲ့အခါ ပင်လယ်ရေ မျက်
နှာပေါ်တက်ပြီး ခေါင်းကလေး ပြူလိုက်တယ်။ အဲဒီပြူလိုက်တဲ့ ခေါင်းလေးနဲ့ ခုနက မျောချင်ရာ
မျောနေတဲ့ ထမ်းပိုးတုံးကြီးရဲ့ အပေါက်နဲ့ သွားစွပ်မိတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်သေးတယ်
တဲ့။ အပါယ်လေးဘုံ ရောက်သွားတဲ့ သတ္တ၀ါတစ်ယောက် လူ့ပြည်ရောက်ဖို့ဆိုတာ ခဲယဉ်းတယ်။
         ဘာကြောင့်လဲဆိုတော့ စဉ်းစားကြည့်ပေါ့။ ကိုယ့်မျက်စိအောက်မှာရှိတဲ့ တိရစ္ဆာန်လေး
တွေပဲကြည့်။ လူတွေနဲ့ အနီးစပ်ဆုံး ကြောင်ကလေးတွေ၊ ခွေးကလေးတွေ ကြည့်ပေါ့။ နေ့စဉ်နဲ့
အမျှ သူတို့ အစာဝရင်အိပ်မယ်၊ အစာမ၀ရင် အစာရှာမယ်။ အစာရှာရင်း တစ်ကောင်နဲ့တစ်
ကောင် အနိုင်ကျင့်မယ်၊ ရန်ဖြစ်မယ်။ ပုတီးစိတ်တဲ့အချိန်၊ ဘုရားရှိခိုးတဲ့အချိန် မရှိဘူး။ ကိုယ့်ရှိတဲ့
အစာလေးတောင် တစ်ကောင်နဲ့တစ်ကောင် မျှစားချင်တာ မဟုတ်ဘူး။ ကြောင်ကလေးတွေဆို
အစာကလေးတစ်ခု ကြွက်ကလေးတစ်ကောင် ပါးစပ်ထဲ ရောက်လာပြီဆိုရင် မာန်ဖီနေတာ၊ ဘယ်
သူမှ မလာနဲ့၊ လာရင်ကိုက်မှာပဲ။ အဲဒီတော့ သူတို့ရဲ့ စိတ်နေသဘောထားလေးတွေ ကြည့်လိုက်မယ်
ဆိုရင် အစာပေါ်မှာ မက်မောနေတာက “ လောဘ ” ရထားတဲ့အစာကို သူများနဲ့ ရှယ်ယာမလုပ်
နိုင်ဘဲ မာန်ဖီနေတာက “ မစ္ဆရိယ ” မာန်ဖီပြီးတော့ ဟိန်းနေတာက “ ဒေါသ ” ကျန်တဲ့ အချိန်တွေ
မှာ “ မောဟ ”။ ကဲ .. စဉ်းစားကြည့်။ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ မစ္ဆရိယရယ်၊ ဒါတွေ
ပဲ လွှမ်းမိုးနေတာ။ သူတို့မှာ ကုသိုလ်ပြုလိုတဲ့စိတ် ဆိုတာမျိုး အလွန်ရှားပါတယ်။
         မြတ်စွာဘုရားက တိရစ္ဆာန်တွေဘ၀ကို “ အညမညခါဒိကာ ” တစ်ကောင်နဲ့တစ်ကောင် 
သတ်စားတဲ့ဘ၀၊ “ ဒုဗ္ဗလခါဒိကာ ” အားနည်းတဲ့အကောင်ကို အားကြီးတဲ့အကောင်က သတ်စားတဲ့
ဘ၀။ အဲဒီဘ၀မှာ ရောက်နေတဲ့ တိရစ္ဆာန်တွေ ဒီလောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေ လွှမ်း
နေတဲ့အတွက် ကောင်းရာသုဂတိတော့ ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း တရားသဘောကို နားလည်သ
ဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေသတည်း။
  {၁၃၇၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၁၃) ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့
   သာသနာ့ဇောတာရုံ ကျောင်းတိုက်အတွင်းဝယ် အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒာဘိဝံသ(Phd) ၏
    လူဖြစ်ကျိုးနပ်ပါစေ တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

May 23, 2015

"ရှင်ကြပ်သေချောင်"


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
      သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ
"ရှင်ချောင်သေကြပ်၊  ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီး
သီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်း
စဉ်က  ချောင်ချောင်ချိချိနေလျှင်  သေလျှင်ငရဲကျမည်ဖြစ်၍  အသေကြပ်မည်။  ရဟန်း
စဉ်က  သီလသိက္ခာပုဒ်များကို  ကြပ်ကြပ်တည်းတည်း  စောင့်စည်းထိန်းသိမ်း၍  ကောင်း

မွန်စွာနေလျှင်  သေသည့်အခါ  သုဂတိ လားရမည်ဖြစ်၍  အသေချောင်မည်။ ထို့ ကြောင့်
ရဟန်းဝတ်မည်ဆိုလျှင်  မိမိကို  ကျကျနန  သွန်သင်ပြသ ဆိုဆုံးမမည့်  ဆရာကောင်းကို
ရှာဖွေဆည်းကပ်ပါ။  ထိုသို့ ကျောင်းမျိုးကို ရွေးချယ်ပါ။
      ရဟန်းခံ၍  သာသနာ့ဘောင်သို့   ၀င်ရောက်လာခြင်းသည်၊ လူဝတ်ကြောင်အဖြစ်၌
စောင့်ထိန်းနေသည့်  ငါးပါး၊ ရှစ်ပါး၊ ထက်သာသော  သာသနာတွင်း၌သာ စောင့်ထိန်း၍
ရသည့်  ၂၂၇ ပါးသော  အဓိသီလများကို  စောင့်ထိန်းရန်  ၀င်ရောက်လာသည်ဟု  သ
ဘောပေါက်စေချင်ပါသည်။  ထို့ ကြောင့်  မိမိစောင့်ထိန်းရမည့်  သီလသိက္ခာပုဒ်များကို
သိရှိနားလည်  ရပါမည်။  သင်ကြား၊ လေ့လာ၊ ဖတ်မှတ် ရပါမည်။ သိက္ခာပုဒ် ၂၂၇ ပါးကို
အာပတ်အမျိုးအစား၊ (အပြစ်အကြီးအငယ်)အားဖြင့် ၁။ ပါရဇိက၊ ၂။ သံဃာဒိသိသ၊် ၃။
ထုလ္လစ္စဉ်း၊ ၄။ ပါစိတ်၊ ၅။ ပါဋိဒေသနီ၊ ၆။ ဒုက္ကဋ်၊ ၇။ ဒုဗ္ဘာသီ၊ ဟူ၍ ဖြစ်ပါသည်။ ထိုခုနှစ်
မျိုးတို့ တွင် ၁။ ပါရာဇီကသည် အပြစ်အကြီးဆုံးဖြစ်၍  လူထွက်ရ၏။  ၇။ ဒုဗ္ဘာသီသည်
အပြစ်အငယ်ဆုံးဖြစ်သည်။
      ရဟန်းဖြစ်သူသည်  ယနေ့ မွေးဖွားသော အမျိုးသမီးငယ်မှစ၍  အမျိုးသမီးများ၏
ကိုယ်လက်အင်္ဂါ ကြီးငယ်တို့ ကို သာယာသောစိတ်ဖြင့် ကိုင်ခြင်း၊ ပွတ်သပ်ခြင်း၊ စသည်
များကိုပြုလျှင် ၂။ သံဃာဒိသိသ် အာပတ်သင့်၏။ သံဃာ(၂၀)ဖြင့် ကုစားမှ စင်ကြယ်၏။
      ဤ အာပတ်သင့်သော  သိက္ခာပုဒ်မှာ ဒုလ္လဘရဟန်းတို့  အတွက် အလွန်သင့်တတ်
သော အာပတ်တစ်ခု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခတ္တခဏ ၀တ်သော ဒုလ္လဘ
ရဟန်းတို့ ၌ သမီး၊ ဇနီးမယား၊ မိခင်များ ရှိတတ်သည်။ ထို မာတုဂါမများအား၊ လူဝတ်
ကြောင်တုန်းက ထုံးစံအတိုင်း ကိုင်တွယ်သုံးသပ် ကြပါသည်။ ရဟန်းသည် မိခင်ပင်ဖြစ်
စေ မည်သည့်အမျိုးသမီးကိုမျှ လုံးဝ မကိုင်ကောင်းပါ။ ကိုင်လျှင် အာပတ်သင့်=အပြစ်
ဖြစ်=အကုသိုလ် ဖြစ်ပါသည်။ သာယာသော ရာဂစိတ်ဖြင့် ကိုင်တွယ်သုံးသပ် လျှင်သော်
လည်းကောင်း၊ ရိုးရိုးစိတ်ဖြင့် ကိုင်တွယ်နေစဉ် သာယာသော ရာဂစိတ် ဖြစ်သွားလျှင်
သော်လည်းကောင်း၊ အလွန်ကြီးသော သံဃာဒိသိသ် အာပတ်သင့်ပါသည်။ ထိုအာပတ်
အကုသိုလ် စင်ကြယ်အောင် ၀ါသ်ဆောက်တည်=ဒဏ်ထမ်းပြီး သံဃာအပါး (၂၀)ထံ၌
ကုစားမှ အာပတ် ပြန်စင်ကြည် သွားပါသည်။ သို့ မဟုတ်က လူပြန်ထွက်လည်း ထိုအာ
ပတ်မှာ မစင်ကြည်ဘဲ ပါသွားတတ်ပါသည်။ နောက်တစ်ခါ ပြန်ဝတ်လျှင် ထိုအာပတ်
ကိုယ်ပေါ် ပြန်ရောက် လာပါသည်။ ဤမျှကြောက်စရာကောင်းပါသည်။
      ဤအကြောင်းကို ဆရာဘုန်းကြီးကလည်း ပြောမပြ၊ မိမိတို့ ကိုယ်တိုင်လည်း မသိရှာ
ကြသော ဒုလ္လဘရဟန်းတို့ သည် ရဟန်းခံပြီးနောက် ဇနီးမယား၊ သားသမီးတို့ ကို  လက်
ဆွဲလျက် ဘုရားဖူးလှည့်လည်ကြသည်။ ရဟန်းဘ၀ဟူသည် ဘာအကုသိုလ်မျှ မဖြစ်အောင်
ထိုင်နေပါမည်ဆိုပြီး ထိုင်နေရုံမျှဖြင့် မသိနားမလည်လျှင် အာပတ်တွေသင့် အကုသိုလ်တွေ
ဖြစ်နေပါသည်။
      ရဟန်းတော်တို့ သည် မိမိခန္ဓာကိုယ်ပေါ်မှ သင်္ကန်း၊ သပိတ်၊ တို့ ကို(၁၀) ရက်အတွင်း
မှာ အဓိဌာန်တင်၊ ၀ိကပ္ပနာပြုဟူသော အမှုတစ်ခုကို ပြုလုပ်ထားရပါသည်။ အာပတ်အပြစ်
ဖြစ်တတ်သည်ဟု မသိ၍ဖြစ်စေ၊ မေ့နေ၍ဖြစ်စေ ၎င်းအမှုကိုမပြုဘဲ (၁၀) ရက်လွန်သွား
လျှင် ၎င်းသင်္ကန်း၊ သပိတ်ကိုလည်း စွန့် ရပါသည်။ ပါစိတ်အာပတ်လည်း သင့်သွားပါသည်။
"ပါစိတ်ဟူသည်=ငရဲသို့  ကျရောက်စေသည်" ဟု အဓိပ္ပါယ် ရပါသည်။ ၎င်းသင်္ကန်းသပိတ်
တို့ ကိုမစွန့် ၊ ဒေသနာကြား အာပတ်မဖြေဘဲ ဆက်လက်ကိုင်တွယ်နေလျှင် ကိုင်တိုင်း ကိုင်
တိုင်း အာပတ်တွေ ထပ်သင့်နေပါသည်။ ဤကား ဘာမျှမလုပ်ဘဲ ထိုင်နေရုံဖြင့် အာပတ်
သင့် အကုသိုလ် ဖြစ်နေပါသည်။
      ယခုခေတ် ဒုလ္လဘရဟန်းဝတ်သူတို့ ကား သိမ်က ထွက်လာပြီးနောက် မိမိ မိသားစုများ
ယူလာသော ပစ္စည်း၊ အသုံးအဆောင်၊ အဆောင်အယောင်များဖြင့် မိမိအိပ်ရာ ပတ်ဝန်းကျင်
၌ ရှုပ်ထွေးပွေလီ နေတတ်သည်။ အပ်သည်၊ မအပ်သည်၊ သုံးကောင်းသည်၊ မသုံးကောင်း
သည်ကို မသိရှာကြ။ ညနေအချိန်ကျလျှင် ထိုဒုလ္လဘရဟန်းတို့ ၏ ဇနီးမယား၊ သားသမီးများ
သည် ကျကျနန ဖီးလိမ်းပြုပြင်၍ မိမိတို့  ဒုလ္လဘရဟန်းများဆီသို့  လာတွေ့ ပြီး ပြုစုယုယ
ကြသည်။ ထို့ ကြောင့် ယခုခေတ် ဒုလ္လဘရဟန်းတို့ ကား ကုသိုလ်ရဖို့ ထက်၊ အပြစ်ရဖို့ က
များတတ်သည်။ ဤသည်ကို ဂရုစိုက် ဆင်ခြင်ကြဖို့  လိုပါသည်။
      ရဟန်းတို့ အတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ယင်းပစ္စည်းလေးပါး စားသောက်
သုံးစွဲခြင်းအတွက် အပြစ်မဖြစ်ရန် အနည်းဆုံး တစ်နေ့ တစ်ကြိမ်ဆင်ခြင်ရသည်။ မဆင်ခြင်
က"ကြွေးတင်ရ၊ အပါယ်ကျ၊ ပြိတ္တာဖြစ်ရ" သည်။ ဤပစ္စည်းလေးပါး ဆင်ခြင်မှုကို "ပစ္စယ
သန္နဿိတသီလ" ဟုခေါ်သည်။ ၂၂၇-ပါးသော သိက္ခာပုဒ်များကို"ပါတိမောက္ခသီလ" ဟု
ခေါ်သည်။  ထိုသီလမစင်ကြယ်သော ရဟန်းကို လှူဒါန်းထားသော ဆွမ်းသည် မီးရဲနေ
သောသံခဲနှင့်တူသည်။"မီးရဲနေသည့် သံခဲကိုစားလျှင် ဒီတစ်ဘ၀သာ သေမည်။ သီလမရှိ
ဘဲ ဆွမ်းစားက အပါယ်ငရဲကျ ဘ၀ဆက်ခါသေမည်။" သင်္ကန်းသည် မီးရဲနေသည့် သံပြား
ကြီးနှင့်တူသည်။ နေရာကျောင်းသည် မီးရဲနေသည့် သံအိုးကြီးနှင့်တူသည်။ လူဝတ်ကြောင်
များ လက်အုပ်ချီ၍ ရှိခိုးကြခြင်းသည် လှံဖြင့် ၀ိုင်းထိုးသည်နှင့် တူသည်။
      သာသနာ့ဘောင်ဝင် ရဟန်းများသည် သီလသိက္ခာများလုံခြုံအောင် မထိန်းသိမ်းဘဲ၊ 
မည်သည့် ကောင်းမှုကိုပြုပြု အပါယ်ကျမှုကို မပိတ်ပင် မတားဆီးနိုင်ပါ။ ထို့ ကြောင့် မိမိ
တို့  ခေတ်ပေါ် အနေအားဖြင့် ရဟန်းခံပြီး သာသနာ့ဘောင် အတွင်း ရောက်လာပါက 
ဥပဇ္ဈာယ်ဆရာ( ဘုန်းကြီး)နှင့် မိမိကိုယ်တိုင်က အပါယ်မကျရေး ဆင်ခြင်၊ နေထိုင်၊ စား
သောက်၊ ကျင့်ကြံပြီး မဂ်၊ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် ကြပါစေ။ ။
{ မော်ကျွန်းအရှင်ပဏ္ဍိတ(ဓမ္မစရိယM.A, Dip in Eng)၏ ရှင်ပြု ရဟန်းခံ နည်းလမ်းမှန် 
ကို မှီငြမ်းရေးသား ပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

May 22, 2015

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
    ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ မလိုဘဲ အလိုလို ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀
ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။

         လူအများမှာ ၅ ပါး သီလ၊ ၈ ပါး သီလ၊ (၈ ပါး သီလတွင် မေတ္တာစိတ်ထားကို ထည့်၍ )
၉ ပါး သီလ၊ အာဇီဝဌမက သီလ များကို ဆောက်တည် စောင့်ထိန်း ကြရ၏။ စွမ်းနိုင်လျှင် ၁၀
ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏။ (၀ိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဌ၊ ၁၉၄ )
         ကဿပ ဘုရားရှင် လက်ထက်တော် အခါ၌၊ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏
သမီး ၇ ယောက်၊ ဂေါတမဘုရားရှင် လက်ထက်တော်အခါ၌ ဟတ္ထက ဥပသကာ၊ ဟတ္ထာဠ၀က
ဥပသကာ စသည်တို့  ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် ထိန်းသိမ်းကြပါ၏။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

May 21, 2015

မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း
“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး 
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ” 
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း 
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။ 

ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော 
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။ 
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။ 
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။ 
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။ 
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် 
အမိအဖတို့ အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။ 

ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ " ဆိုတာ ဟုတ်ရဲ့လား
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ 
ထေရ၀ါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။ 

ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ 
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။ 
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။ 
" သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။ 
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက် 
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။ 
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။ 
နို့ဖိုးကြွေးကျေပါပြီ " 

မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါဟု လျှောက်ထားခဲ့ပါလျက် 
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး 
မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ 
များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။
မင်းနန် (မော်ကျွန်း)

May 20, 2015

နန်းဦးဆရာတော်ဘုရားကြီး၏ အဆုံးအမတစ်ခွန်း။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
      ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံ
အောင်တယ်၊ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီးလို စာအဖြေထောက် လွတ်တယ်။

အထူးအောင်ပေါ့၊ ကိုယ့်ဟာကိုယ် တန်းပြန်တာပေါ့၊ စာထောက်ပေးရတယ် ဆိုတာမရှိ
ဘူး။ ထူးခြားတယ် ခေါ်တယ်။ နောက် ၁ ပုံ ဆက်ဖြေတယ်၊စာထောက်ဆရာက ထောက်  
တယ်၊ ဓမ္မဒူတ ဆရာတော်က ဆရာတော် မထောက်ပါနဲ့  တပည့်တော် ရပါတယ် ဘုရား
တောက်လျှောက် တစ်ငုံတစ်ငုံ ဆိုလို့  ခဏရပ်တာက မောလို့ ပါ၊ ဒါပေမဲ့ ဟိုဆရာတော်
က သူထောက်နေကျအတိုင်း ထောက်တာ။ ဆိုပါစို့  (၁၀) ခါထောက်ရင် အထူးအောင်၊
ထူးထူးခြားခြားအောင် မရတော့ဘူးဆိုရင် သွားပြီ။ အဲဒါနဲ့  ဆရာတော် မထောက်ပါနဲ့ 
ဘုရား၊ ဆရာတော် မထောက်ပါနဲ့  ဘုရားလို့  ပြောလဲ မရဘူး၊ ထောက် ထောက်နေ
တော့ တော်ပြီ မဖြေတော့ဘူး ဆိုပြီးတော့ ပြန်လာတယ်။ ပိဋကတ်(၃) ပုံကတော့ နုတ်
ငုံ ဆောင်ပြီးသားပဲ။ သူ့ အလှည့်ကျနဲ့ သူ ဖြေတာပေါ့လေ။
      နောက်....ရွှေဥမင် ဆရာတော်ကြီးနဲ့ တွေ့ တယ်။ အဲဒီက နေပြီးတော့ တောထဲ
တောင်ထဲ သွားလိုက်တာ။ ဟိုတောဝင် ဟိုတောထွက်၊ ဒီတောဝင် ဒီတောထွက်၊ ဟို
တောင်တက် ဒီတောင်တက်နဲ့ ပဲ နေလိုက်တာ၊ တစ်နေ့ ကျတော့ နန်းဦးဆရာတော်ဘု
ရားကြီးကလဲ အဲဒီမှာ တရားရှာနေတာ ဆရာ တပည့်(၂)ပါး ဆုံကြတယ်။ ဦးဇင်းအတွက်
ကတော့ အဖေဆရာနဲ့  အဘိုးဆရာပေါ့၊ သွားဆုံကြတော့မှ နန်းဦးဆရာတော်ဘုရားကြီး
က ဓမ္မဒူတဆရာတော်ကြီးရဲ့  ဘွဲ့ နာမည်ကိုခေါ်တာပေါ့ အဲဒီအချိန်တုံးက သက်တော်
(၄၀)လောက်ပဲ ရှိသေးတယ်၊ ဦးဇင်း ဘယ်သူပေါ့၊ မင်းကွာ...သာသနာတော်မှာ သစ်ဥ၊
သစ်ဖုတွေကို ပြုတ်စား နေတာပါလား ?။ ဓမ္မဒူတ ဆရာတော်က==ဆရာတော် တပည့်
တော် နားမလည်လို့ ပါဘုရား၊ မိန့် တော်မူပါ ဘုရား။ အမှန်က သစ်ဥ၊ သစ်ဖုဆိုတာ အ
ပင် ပြန်စိုက်ရင် အပင်ပေါက်ပြီး မတိုးပွားဘူးလား?။ (တိုးပွားပါတယ် ဘုရား)၊ ကျန်တဲ့သူ
တွေအတွက် ဒို့ မပြော လိုပါဘူးကွာ၊ မောင်မင်းတို့ လို အစွန်းရှိတဲ့(ပိဋကတ် ၃ ပုံအာဂုံ
ဆောင်) သူတွေက ကိုယ့်တစ်ကိုယ်ကောင်း အတွက် တောထဲ၊ တောင်ထဲသွား တရား
အားထုတ်နေရင် နောက်ထပ် သာသနာ အဖူးအပွင့်တွေ မရှိနိုင်တော့ဘူး၊ အပင်တွေ
ထွက်မလာနိုင်တော့ဘူး။ အဲဒါကြောင့်မို့ “သာသနာ သစ်ဥ၊ သစ်ဖု” တွေကို ပြုတ်စားနေ
တာကွလို့  ပြောတာ။ အဲဒီကျမှ “ဆရာတော်ဘုရား တပည့်တော် သဘောပေါက်ပါပြီ ဘု
ရား” ဦးချ ကန်တော့ပြီး။   နောက်...ဓမ္မဒူတ တောရဆိုပြီးတော့ တောင်စွန်းမှာ တောရ 
ကျောင်းတိုက်ထောင်တယ်။
      ကျောင်းတိုက်ထောင်တော့မှ ဦးဇင်းတို့ လို တောင်စွန်းဓမ္မဒူတ ဆရာတော်ရဲ့  လက်
ထောက် နာယက အကြီးပိုင်းက (၁၁) ပါး ရှိတယ်၊ အငယ်တွေက အများကြီး ဟောနိုင်၊
ပြောနိုင်၊ ရေးနိုင်၊ စာချနိုင်ကလဲ အများကြီး။ ဆရာတော်ဘုရားတွေရဲ့  စကားတစ်ခွန်း
ကြောင့် သာသနာတော်မှာ ကျေးဇူးအလွန် ကြီးမားများလွန်းပါတယ်။  အဲဒီ အဆုံးအမ
တွေ ရထားကတည်းကိုက ဒါမျိုးကျောင်း မထောင်သင့်ဘူးလား။ နန်းဦးဆရာတော်ဘုရားကြီး
အဆုံးအမ မိန့်ကြားသည့်အတိုင်း သာသနာတော် ပြန့်ပွားတိုးတက် အောင်မြင်စေရန် သာသနာ့ သစ်ဥ၊ သစ်ဖုများကို ပြုတ်မစား ပါနဲ့ လို့  တိုက်တွန်း လိုက်ရပါသည်။
{၁၃၆၉-ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက် မှော်ဘီ တရားစခန်း၌ ဓမ္မဒူတ ဒေါက်တာ
 အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ငြိမ်းအေးလိုသူ တရားတော်မှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။}
  (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် 
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

May 19, 2015

“တောင့်တ၍ မရနိုင်သော အရာများ”


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အိုခြင်းဆိုတာ၊ မအိုပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
နာခြင်းဆိုတာ၊ မနာပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
သေခြင်းဆိုတာ၊ မသေပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
ကုန်ခြင်းဆိုတာ၊ မကုန်ပါလို၊ တောင့်တဆို၊ ရကိုမရပြီ။

ပျက်ခြင်းဆိုတာ၊ မပျက်ပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
အို နာ သေခြင်း၊ ကုန် ပျက်ခြင်းနှင့်၊ ပက်ပင်းမဆုံ၊ မတွေ့တုံဘဲ၊
မကြုံရလို၊ တောင့်တဆိုလည်း၊ ဘယ်လိုလူမြတ်၊ ဗြဟ္မာ နတ်မျှ၊
မတတ်စွမ်းပိုင်၊ မရနိုင်၊ လက်မှိုင်ချရသည်။ ။
 {၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
 ဆင်းရဲငြိမ်းအေး ချမ်းသာရေး  တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                   ရိုသေစွာ ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

May 14, 2015

ဆရာသမားကောင်း ရွေးချယ်နည်း။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
        “ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=
၁။ ပိယော       = ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရပါ
                      မယ်။ ( ဒါကတော့ ကိုယ့်ကဆုံးဖြတ်ရပါမယ်)

၂။ ဂရု           = လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။
၃။ ဘာဝနီယော= ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။ သို့မဟုတ် မေတ္တာဘာဝနာ ပွား
                      နေတဲ့ မေတ္တာစိတ်ဓာတ်ထားတာ ရှိရပါမယ်။
၎။ ၀တ္တာ        = မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်၊ ဆုံးမတတ်တယ်၊ အ
                      ကြံပေးတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ကိုယ်ကလည်း ဆုံးမတတ်ရပါမယ်။
၅။ ၀စနက္ခမော = အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရ
                      ပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ  မာန                       ရှိတယ်။ မာနရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင် 
                     လက်မခံကြဘူး။ ကိုယ့်အောက် ငယ်တဲ့သူကပြောရင်ဘေးဖယ်ထားကြတယ်။ 
                      တချို့က  သူများ   ကိုတော့ ကိုယ်ကဆုံးမတတ်တယ်။  ကိုယ့်ကိုဆုံးမရင်
                       တော့“ ငါပြောသလိုလုပ် လျှာမရှည်နဲ့တဲ့၊ ” ကိုယ့်ကို လာပြောရင် မကြိုက်                          တဲ့သူကပိုများကြပါတယ်။ အဲဒါမျိုး မဖြစ်စေရပါ။
၆။ နော စ ဌာနေ နိယောဇကော= သူများကို ချောက်မတွန်းရဘူး။ များသောအားဖြင့် လူတွေ
                      က သူများကို ချောက်တွန်းတတ်တဲ့ အလေ့အထလေးရှိကြပါတယ်။ ချောက်
                      တွန်းတယ်ဆိုတာ သူများကို မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာပါ။  အဲဒါ
                      မျိုး မလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီး ကိုးကွယ်ရပါမယ်။
             ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
 { ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း  
 သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
   ၀ံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
 

ကို ဘာကြောင့် အရေးပေးချစ်ခင်လေးစားကြသလဲ


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
         မြတ်စွာဘုရားအလောင်းတော်ဟာ ဗာရာဏသီပြည် ဒေ၀ဒတ်မင်းကြီးတစ်ပါးထံမှ
တရားရေးဆိုင်ရာ ပရောဟိတ်ပုဏ္ဏားတစ်သီး ဖြစ်ခဲ့တယ်။ ရိုးသားဖြောင့်မတ်စွာနဲ့ တရားစီ
ရင်ခဲ့တယ်။ အဲဒီ တရားသူကြီးကို ရှင်ဘုရင်က လူတကာတွေထက် ပိုပြီးချစ်တယ်၊ လေးစား
တယ်။ လူတကာတွေထက်ပိုပြီး အရေးပေးတယ်။

         အဲဒါကို ပုဏ္ဏားကြီး(တရားသူကြီး)က ရှင်ဘုရင်ဟာ ငါ့ကို ဘာကြောင့် သူများနဲ့
မတူအောင် အရေးပေးချစ်ခင်သလဲဆိုတာကို စဉ်းစားတယ်။ “ငါက” ပညာကြီးလို့လား၊ မျိုးရိုး
ဂုဏ်မြတ်လို့လား၊ စာရိတ္တကောင်းလို့လားဆိုတာ သိချင်တယ်။ ဒါနဲ့ ညနေ တရားရုံးကအပြန်
မှာ ဘုရင့်ရဲ့ရွှေပန်းထိမ်သည်ထံဝင်ပြီး ငွေအသပြာတစ်ခု ခိုးယူလာတယ်။ ပန်းထိမ်သည်က
မြင်ပေမယ့် လေးစားကြည်ညိုတော့ မပြောရက်ဘူး။ ဒုတိယနေ့ကျတော့ ငွေအသပြာနှစ်ပြား
ခိုးလာတယ်။ အဲဒီတော့မှ ရွှေပန်းထိမ်ဆရာက မနေနိုင်တော့ဘူး။ ချက်ချင်းဖမ်းပြီး သင်ဟာ
သိက္ခာသမာဓိမရှိတဲ့လူ၊ အယောင်ဆောင်ပြီး သီလရှိသလိုလုပ်နေတဲ့သူ၊ စာရိတ္တမကောင်းတဲ့
သူခိုးပဲဆိုပြီး အော်ဟစ်တော့တာပေါ့။ အနားမှာရှိတဲ့လူတွေက ၀ိုင်းလာပြီး တရားသူကြီးကို
ရိုက်ကြတော့တယ်။ နောက်ပြီးကြိုးတုတ်ကာ ဘုရင်ကြီးဆီ ခေါ်သွားတာပေါ့။ ဘုရင်ကြီးက
လည်း သူခိုးကို ပြစ်ဒဏ်ပေးလိုက်ပေါ့ .. ဆိုတော့ တရားသူကြီးပရောဟိတ်ပုဏ္ဏားက
အရှင်ဘုရား  .. ကျွန်ုပ်ဟာ သူခိုးတစ်ယောက် မဟုတ်ပါဘူး။ အရှင်မင်းကြီး ဘာကြောင့် 
ကျွန်တော်မျိုးကို လူတကာတွေထက်ပိုပြီး အလေးပေးသလဲဆိုတဲ့အချက်ကိုသိချင်လို့ စုံစမ်း
တာပါ။ ခုတော့ သိပါပြီ ကျွန်တော်မျိုးရဲ့ သီလဂုဏ်၊ စာရိတ္တကောင်းမွန်မှုကို အလေးထားလို့
ဒီလို ချစ်ခင်ကြတာကို သါရပါပြီ။ ဒါကြောင့် ကျွန်တော်မျိုးဟာ လောကကြီးမှာ သီလဟာ
အမြတ်ဆုံးတရားပါလားဆိုတာ သိပြီးဖြစ်တဲ့အတွက် သီလတရားကို ကျင့်ကြံအားထုတ်ဖို့
အတွက် တောထွက်ပြီး ရသေ့ရဟန်းပြုခွင့် တောင်းခံပါတော့တယ်။ ။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ယမမင်းနှင့် ဖုန်းပြောခြင်း၊ ဧည့်သည်တွေအတွက် အလုပ်ရှုပ်နေ
        သူတွေမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

May 13, 2015



     လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့ 
ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု
အယူရှိကြသည်။ သေသူ၏ ဓါတ်ပုံရှေ့တွင်လည်း၊ သေသူကထပြီး စားသောက်လေဟန်၊ မနက်ဆိုလျှင် မနက်စာ

စားသောက်ဖွယ်များ၊ နေ့ လည်ဆိုလျှင် နေ့ လည်စာ ဟင်းလျာများ၊ ညနေဆိုလျှင် ညနေစာ စားသောက်စရာများ၊
သေသူအသက်ထင်ရှားစဉ်က၊ ကြိုက်နှက်သက်သည့် စားသောက်ဖွယ်ရာ အတိုင်း ထမင်းပွဲပြင်ဆင်တတ်ကြသည်။
     မှားယွင်းသည့် အယူအဆကို အခြေခံသော အသုဘဓလေ့ အမှားတွေဟု သိဟန်မတူကြ။ ဆက်ပြီးဆက်ပြီး
အမှားကို လက်ဆင့်ကမ်း မှားနေကြပါသည်။
     ဤဓလေ့နှင့် စပ်လျဉ်း၍ ဘိုးတော်မင်းတရားကြီးက မုနိန္ဒာဘိ လင်္ကာရ သဒ္ဓမ္မဓဇသာမိ၊ မဟာဓမ္မရာဇာ
ဘွဲ့ တံဆိပ်တော် ကို ဆက်ကပ်လှူဒါန်းခြင်း ခံရသော စတုဂီရိ တောင်လေးလုံး ဆရာတော်ဘုရားကြီးက====
လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။ သေပြီးလျက် အစာလာ၍စားဦးမည်ဟု
ခွက်နှင့်ထမင်းကို အလောင်းအပါးတွင် တည်ထားကြသည်။ သေသော စုတိစိတ်အဆုံး၌ ပဋိသန္ဓေစိတ်ဖြစ်၍ ဘဝ
ခြားလေပြီဖြစ်လျက် အိမ်မှာခုနှစ်ရက် နေခြင်း စသည်ကို အဘယ်သို့ ပြုပြင်ရှာအံ့နည်း။ ပစ္စုပ္ဖန် ဘ၀အဆုံး 
သေခြင်း၊ စုတိစိတ်ဖြစ်၍ ချုပ်သည်၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဖြစ်မြဲဖြစ်သည်။ သေခြင်းစုတိစိတ်နှင့် ပဋိသန္ဓေ
စိတ်အကြားမရှိ။ ထို့ ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်တွင်းခုနှစ်ရက်နေပြီးမှ ဘ၀တစ်ပါးသို့ 
ကူးသွားသည်ဟူသော မှားသောအယူကိုစွန့် ကုန်ရာ၏။ မစွန့် ဟူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။ ။
{ဩ၀ါဒပေါင်းချုပ် (မင်းနန်) မော်ကျွန်းကို ကိုးကားရေးသားပူဇော်ပါသည်။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။



        တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး
ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ
လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။
         လူ့ပြည် လူ့လောကကိုလာပြီး တောင်ပို့ပေါ်မှာ ခွေပြီးတော့ သီလဆောက်တည်ပါတယ်။ 
သီလဆောက်တည်တယ်ဆိုတာ ကျင့်စရာကျင့်ဖို့ အဓိဌာန်ပြုတာပါ။ သူများအသက်  သတ်တာမ  

လုပ်ဘူး။ သူများပစ္စည်းဥစ္စာခိုးတာ မလုပ်ဘူးဆိုတာမျိုးပါ။ နဂါးမင်းအဓိဌာန်လိုက်ပါတယ်၊ ဘယ်
နည်းနဲ့မှ သူများအသက်ကို မသတ်ဘူး။ ငါ့အသက်ကို လာသတ်ချင်သတ်ပါစေ၊ ငါ့ ကိုယ်ကျင့်တ   
ရားတော့ မပျက်စေရဘူး။ ဒီလိုမျိုး အဓိဌာန်ပြီးတော့မှ အသက်စွန့်ပြီး ဥပုဒ်စောင့်တာပါ။ ဒါ ကို
“ သီလပရမတ္ထ ပါရမီ ” လို့ ခေါ်ပါတယ်။
         အလမ္ပာယ်သမားနှင့် တွေ့တဲ့အခါကျတော့ ဘုရားအလောင်း ဘူရိဒတ္ထနဂါးမင်းကို အ
လမ္ပာယ်ပြဖို့အတွက် မန္တန်ရွတ် ဆေးဖျန်းပြီးတော့ အားပျော့အောင် ရိုက်နှက်ဖမ်းဆီး ခေါ်သွား
ပါတယ်။ အဲဒီအချိန်မှာ သီလဆောက်တည်ထားသည့် အတွက်ကြောင့် မျက်စိကို စုံမှိတ်ထားပါ
တယ်။ စိတ်ဆိုးပြီး ကြည့်လိုက်ရင် နဂါးမင်းရဲ့ တန်ခိုးတေဇော်ကြောင့် တစ်ဖက်သားက ဖွဲပြာ
ကျသွားပါမယ်။ အဲဒီလို ကိုယ့်အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ သူတော်
ကောင်းတွေရဲ့ စိတ်နေသဘောထားပါပဲ။
         ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘော
ထားက အများကြီးကွာပါတယ်။ များသောအားဖြင့် လူတွေက ငါ့ထိ မခံဘူး၊ ငါ့ပိုက်ဆံထိ မခံဘူး၊
ငါ့သားသမီးကိုထိ မခံဘူး ဆိုတဲ့သူကများပါတယ်။ အေး.. ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုတဲ့သူ
က အင်မတန် ရှားပါတယ်။ တရားဓမ္မနှင့် ပတ်သက်လာလို့ရှိရင် ကိုယ်ကျင့်တရားကို လွယ်လွယ်
ကူကူ စွန့်လွှတ်ကြပါတယ်။ သူတော်ကောင်းတွေ ကျတော့ အဲဒီလို မဟုတ်ပါဘူး။ ကိုယ်ကျင့်တရား
ကို တန်ဖိုးထားပြီး အသက်ထက် မြတ်နိုးပါတယ်။ ထိန်းသိမ်း စောင့်ရှောက်ပါတယ်။ အဲဒါ သူတော်
ကောင်းတွေရဲ့ စိတ်ဓာတ်၊ သူတော်ကောင်းတွေရဲ့  အတွေးနဲ့ ကျန်တဲ့သူတွေရဲ့ အတွေးဟာ အ
များကြီးကွာပါတယ်။
         အဲဒီတော့ ကိုယ့်ဘ၀ကိုယ် မကောင်းတဲ့ စိတ်ဓာတ် မပေါ်ရလေအောင်၊ မကောင်းတဲ့အလုပ်
မလုပ်မိရလေအောင် ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကကြည့်ပြီး ဓမ္မကို ကျင့်သုံးခြင်းဖြင့်
မိမိတို့၏ စိတ်နေသဘောထား အားလုံးဟာ အလွန်မွန်မြတ်ပြီးတော့ တကယ့် သူတော်စင်ဘ၀ကို
ရောက်ရှိနိုင်ကြပါစေ ကုန်သတည်း။ ။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
 သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

May 11, 2015

တရားမပါသော နေ့တစ်နေ့


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
တရားမသိဘဲ တစ်ရက်အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမသိ
ဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွန့်တက်တယ်။ အာရုံတစ်ခုခုကို တ
ရားနဲ့ယှဉ်စပ် သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိချေလျှင် 


- သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ပါတယ်။ 

- မုန်းငြိုးပြစ်မှားမှုပေါ်လာပြီး ပြစ်မှားကျူးလွန်မိတတ်ပါတယ်။

- မသိမှုဖုံးအုပ်ခံရပြီးတော့လည်း ပြစ်မှားကျူးလွန်မိတတ်ပါတယ်။

သာယာမှုနဲ့ ပြစ်မှားနေရင် ဘေးကမသိသော်လည်း မိမိကိုယ်တိုင်တော့ သိ
လောက်ပါတယ်။ မုန်းငြိုးမှုနဲ့ ပြစ်မှားနေပြန်ရင်တော့ ဘေးက သိလွယ်မြင်လွယ်
ပါတယ်။ မသိမှုနဲ့ ပြစ်မှားနေရင်တော့ ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင်
မသိလိုက်ရတော့ပါဘူး။

တရားမပါတဲ့ နေ့တစ်နေ့ ဘယ်လောက်အပြစ်ကြီးနေပြီလဲ။

အယုတ်အလတ် အမြတ်တို့ အပေါ် ပြစ်မှားခဲ့သမျှ ကိန်းဂဏန်းချကြည့်ရင် အ
ကြွေးစာရင်းက ကြောက်ဖွယ်လိလိ။ တရားဆိုတဲ့ အသိမရမချင်း တစ်သံသရာ
လုံး ကြွေးဆပ်နေရလိမ့်မယ်နော်။

မဟာဗောဓိမြိုင်ဆရာတော်
[သာစည်ရွှေကျောင်းကုန်းတောင် သြဝါဒ]

May 10, 2015

စဉ်းစားပါဦး


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။
“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ.... လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစား လိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့  တော့။”
မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါတော့တယ်။
(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)
ဆရာတော် ရဝေနွယ် (အင်းမ) ၏
“မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်။

ဘ၀မှာ အနိုင်ရသူဖြစ်ဖို့ 


🙏🙏🙏🙏🙏🙏🙏🙏🙏
ကဿပ ဘုရားရှင် လက်ထက်တော်အခါ က ရဟန်းတော် နှစ်ပါးရှိတယ်။
တစ်ပါးက ၀ိပဿနာ တရားအားထုတ်တယ် ဒါန ကောင်းမှူ လုပ်စရာမလိုဘူး။ဝိပဿနာ အကျင့်ပဲ ကျင့်မယ်လို့  ဆိုတယ်။
တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့် ဒါန ကောင်းမှူ လုပ်သင့်တယ်။ သာရဏိယ ၀တ် ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆပြီး ကိုယ်ရလာတဲ့ဆွမ်းသင်္ဃန်းကို သီးတင်းသုံးဖေါ်တွေကိုမျှဝေလှူဒါန်းတယ် 

ရဟန်းနှစ်ပါး ပျံလွန်တော်မူတော့ နတ်ပြည်မှာ သွားဖြစ်တယ်။ဝိပဿနာ အကျင့်သာကျင့်ပြီး ဘာမှမလှူတဲ့ ရဟန်းက နတ်ဖြစ်ပေမယ့် လှူဒါန်းမှူပြုတဲ့ ရဟန်း ရဲ့ အဆင့်အတန်းကိုမမှီဘူး။လှူဒါန်းမှူပြုတဲ့ ရဟန်း က သက်တမ်းပိုရှည်တယ်။ အဆင်းပိုလှတယ်။ ချမ်းသာသုခပိုများတယ်။ခွန်အားဗလပိုကြီးတယ်။ အစိုးရမှူလည်း ပိုများတယ်။ 

နတ်ပြည်ကနေ လူပြည့်ရောက်တဲ့အခါ ဒါန ကောင်းမှူပြုတဲ့ ပုဂ္ဂိုလ်က  ဘုရင့်သားတော်လာဖြစ်တယ်။
ဒါနကောင်းမှူ မပြုခဲ့တဲ့ ပုဂ္ဂိုလ်က အထိမ်းတော်ရဲ့ သားလာဖြစ်တယ်။

ဒါက ဘာကိုပြဆိုလည်းဆိုရင် ၀ိပဿနာ ကျင့်ရင်ပြီးတာပဲလို့ တွေးပြီး ဒါန မပြုရင် ဘ၀ ရှုံးတယ်ဆိုတာကို ပြဆိုတာပါပဲ။

အဓိက က မဂ်ဆိုဒ် ဖို့  ဖြစ်ပါတယ်။မဂ်ဖိုလ်ကို မရရင်တော့ ဒါန ကောင်းမှူပြုဖို့ လိုအပ်ပါတယ်။

သံသရာမှာလည်နေအုံးမယ့်သူတစ်ယောက်ဟာ ဒါန သီလ ကိုအထူးတလည်ဆောက်တည်ဖို့ လိုအပ်ပါတယ်။
အရိယာ မဂ် ကိုရထားပြီးရင်တော့ ဒါန ကောင်းမှူ မပြုလည်း ကိစ္စ မရှိပါဘူး။ 
ကိုယ့်ပြုတဲ့ ဘာဝနာ အားကို ကိုယ့်ကိုကိုယ်ချင့်ချိန်ပြီး ဆင်ခြင်နိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။
ဘ၀ ဘ၀ သံသရာလည်နေအုံးမယ့်သူများဟာ အသိအဆင်ခြင် မရှိရင်တော့  အနိုင်ရသူမဖြစ်ပဲ အရှုံးနဲ့ ရင်ဆိုင်ရမယ့် သူများသာဖြစ်လာမယ်ဆိုတာ သတိပေး တိုက်တွန်းလိုက်ပါတယ်။ 

ကျမ်းကိုး။      ။အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ( Ph.D)၏ နိုင်သူနှင့် ရှူံးသူ စာအုပ်ကိုမှီငြမ်းပါသည်။

May 2, 2015

စိတ်တန်ခိုး ရရှိစေမှု အဓိကအကြောင်းတရားများ။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
    ၁။  တိကျသော  ရည်ရွယ်ချက်  ထားရှိခြင်း။
    ၂။  ဆုံးဖြတ်ချက်  အမြန်ချမှတ်ခြင်း(ဒွိဟ  မရှိခြင်း)။
    ၃။  ကိုယ်ကျင့်တရား  ခိုင်လုံခြင်း(ရိုးသားမှု)။
    ၄။  မိမိစိတ်၏  လှုပ်ရှားမှုများကို  တင်းကျပ်စွာ  အုပ်ထိန်းချုပ်တည်း  နိုင်ခြင်း။
    ၅။  အကျိုးပြု (ပရဟိတ) အလုပ်လုပ်ရန် စိတ်အားထက်သန် စွဲမြဲခြင်း။

    ၆။  မိမိလုပ်ငန်းများအပေါ်  ကောင်းစွာသိနားလည်ခြင်း။ 
    ၇။  အရာခပ်သိမ်းတို့   အပေါ်မှာ  သည်းခံနိုင်စွမ်း  ရှိခြင်း။
    ဂ။  မိမိလုပ်ဖေါ်ကိုင်ဘက်  အပေါင်းအသင်းတို့ အပေါ်  သစ္စာရှိခြင်းနှင့်
        သဘာဝတရားအပေါ်  ယုံကြည်မှု  ရှိခြင်း။
    ၉။  အသိပညာများကို  စွဲစွဲမြဲမြဲ  ရှာမှီးလိုစိတ်  ရှိခြင်း။
  ၁၀။  စိတ်ကူးကြံစည်မှု  အာရုံကို  မျက်ခြည်မပြတ်  စောင့်ကြည့်နိုင်စွမ်း ရှိခြင်း။
   (ကမ္ဘာ့အချမ်းသာဆုံး သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ၏အဆိုမှ ကောက်နုတ်
       ရေးသားပါသည်။ )
        (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အရှင်ဉာဏိဿရ၏ ကိုးကွယ်ရာမှားလျှင်။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
         (ဇာတံ  သရဏ  တော  ဘယံ)         
 ကြောက်လို့ ကိုးကွယ်ရာအမျိုးမျိုး  မှားကြတဲ့ပုဂ္ဂိုလ်တွေ  ကိုးကွယ်ရာအမျိုးမျိုး  တို့ ကိုတွေ့ ကြမယ်။  အဲဒီကိုးကွယ်ရာ
တွေက  တစ်ခါတစ်ခါ  ဘာဖြစ်တတ်သလဲ။  ဘေးဖြစ်တတ်ပါတယ်။  နေကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊  လကိုးကွယ်တဲ့ပုဂ္ဂိုလ်
တွေ၊  မီးကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊  ရေကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊  အိန္ဒိယမှာ အလွန်ခေတ်စားတယ်။  အဲဒီလို  
ကိုးကွယ်ရာ
အမျိုးမျိုး  ရှာပြီးတော့  ကိုးကွယ်ကြတာ ဘာကြောင့်လဲ။  ဘယတဇ္ဖတ-ကြောက်စိတ်ကြောင့် ကြောက်လို့ ကိုးကွယ်
တယ်။  တစ်ခါတစ်ခါကျတော့  ပိုပြီးတော့ ကြောက်စရာတွေ ဖြစ်ဖြစ်လာတယ်။ အဲဒါကို မြတ်စွာဘုရားက "ဇာတံ
သရဏ  တော  ဘယံ"  သရဏတော=ကိုးကွယ်ရာကြောင့်၊ ဘယံ=ဘေးသည်၊ ဇာတံ=ဖြစ်တတ်တယ်။
   {သီတဂူ ဆရာတော် အရှင်ဥာဏိဿရ(မင်းနန်-ဩ၀ါဒတော်များပေါင်းချုပ်) မှကောက်နုတ်ရေးသားပါသည်။}
        (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

May 1, 2015

ကဆုန်လပြည့် ဗုဒ္ဓနေ့


🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။
ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (၀ိဆာခပူးချား)
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်းပထုမ်ရှိ ဗုဒ္ဓမွန်းထိုးဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။
သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)
ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ။
Ref:
- The Sunday Times. Sunday. (12.9.1999) & (21.5.2000) Colombo, Sri Lanka
- Essay on the Thailand, Copyright 1991, Thanapol Vittayakarn Co.Ltd.
- မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၊ ၈၊ ကဆုန်လပြည့်နေ့၊ ဗောဓိပင်။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)
c/o ( MS )