October 31, 2013

မာန်မာန ကင်းရှင်းခြင်း

“ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် အရည်အသွေးတစ်ခုကတော့ မာန်မာနကင်းရှင်းခြင်း ၊ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီး၊ဘ၀မြင့်မှု ကင်းရှင်းခြင်း ဆိုတဲ့အရည်အသွေးပါပဲ။” မာနသိပ်မကြီးပါနဲ့ ။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို
အထင်မသေးပါနဲ့။ ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလိုဟုတ်ချင်မှလည်းဟုတ်မှာ။ အခုလောလောဆယ်မှာ
ကိုယ့်ရဲ့အထင်သေးစရာဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင်သာသွားမှာပါ။ ကိုယ်အထင်ကြီးစရာ အနေအထားမျိုး  ရောက်ချင်ရောက်သွားမှာပါပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးတဲ့စိတ်နဲ့မပြောသင့်မပြောထိုက်တာပြော ၊ မလုပ်သင့်မလုပ်ထိုက်တာ လုပ်မိရင် ကိုယ်ပဲပြန်ပြီးဒုက္ခ္ခ္ခ ရောက်တက်ပါတယ်။
ဝိဋဋူဘဇာတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်မကမွေးတဲ့သားဆိုပြီးတော့ဝိဋဋူဘထိုင်သွားတဲ့နေရာ နွားနို့ရည်တွေနဲ့ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး မင်းတို့ကနွားနို့နဲ့ပဲဆေးတယ်၊ ငါကမင်းတို့ရဲ့လည်ချောင်းသွေးနဲ့ဆေးမယ်လုပ်လိုက်တာ ၊ သာကီဝင်တွေ တစ်ဆွေတစ်မျိုးလုံး အသတ်ခံရတယ်။ ဒါဟာ မာနလွန်ကဲလို့ ၊ ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့ဆိုးကျိုးတွေပဲ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကို အလိုလိုနေရင်း အထင်သေးသွားတတ်တယ်။ မြင်မြင်သမျှလူကို လူလို့တောင်မထင်တော့ဘူး ။ လောကကြီးမှာလူနဲ့တူတဲ့လူဆိုလို့ ငါတစ်ယောက်ထဲရှိတယ်လို့အထင်ရောက်သွားတယ်။
ဘယ်သူမှ ငါ့လောက်မရှိဘူး ၊ ဘယ်သူမှ ငါ့လောက်မသိဘူးလို့ ဘ၀မြင့်သွားတယ် ။

ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့ လူအချင်းချင်းပြောဆိုဆက်ဆံတဲ့နေရာမှာ သူတစ်ဖက်သားကို အထင်သေးတဲ့စကားမျိုး၊ နှိမ့်ချတဲ့စကားမျိုးပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့အထက်စီးကနေစကား လုံးကြီးတင်ပြောမိတတ်တယ်။
အထင်သေးစကားပြောခံရတဲ့ တစ်ဖက်သားကငါ့ကိုအထင်သေးတဲ့စကားပြောတယ်ဆိုပြီး ကိုယ့်အပေါ် နာကျည်းမုန်းတီးသွားတယ်။ နဂိုက ကူညီနေတဲ့လူကလည်း မစောင့်ရှောက်တော့ဘူး ။ နဂိုက ပေါင်းသင်းနေတဲ့လူကလည်း မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးခြင်းကြောင့် ကိုယ့်ပဲအကျိုးဆုတ်ယုတ်ရတယ်။
မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတ

October 26, 2013

ခန္ဓာဥာဏ်ရောက်သောကပျောက်သူပဋာစာရီ

ဘယ်လောက်ပဲပုထုဇဉ်ဟာလောကီအမြင့်တန်းကိုရောက်ရောက်သူ့အဖြစ်ဟာမြတ်     သောအဖြစ်မဟုတ်သေးဘူးဆိုတာသိသင့်ပါတယ်။
 
ဘာဖြစ်လို့လဲဆိုတော့သူဟာလောကီအောင်မြင်မှုတွေအပေါ်မှာပြုံးရွှင်ရယ်မောနေသကဲ့သို့လောကီဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ရတဲ့အခါတုန်လှုပ်ခြင်းများစွာနဲ့ပူဆွေးငိုကြွေးတတ်လို့ပဲဖြစ်ပါတယ်။
အချစ် ဆိုတဲ့တွယ်ညှိတဲ့သံယောဇဉ်ရမ္မက်တဏှာရာဂတွေကြောင့်အနတဂ္ဂသံသရာမှာပု ထုဇဉ်တို့ငိုကြွေးခဲ့ရတဲ့မျက်ရည်ဟာသမုဒ္ဒရာလေးစင်းကရေထက်တောင်မှပိုပြီးပိုပြီး များနေသေးတယ်လို့မြတ်စွာဘုရားကပဋာစာရီသူဌေးသမီးကိုဆုံးမစဉ်ကဟော ကြားတော်မူဖူးပါတယ်။
ဘယ်လိုလဲသိရအောင်ပဋာစာရီသူဌေးသမီးရဲ့အဖြစ်သနစ် ကိုစူးစမ်းကြည့်ကြပါစို့။
ပဋာစာရီဟာသာတ္ထီပြည်ကအလွန်အဆင်းလှတဲ့သူဌေးသမီး ရှုမငြီးမို့မိဘများကသူ့ကိုဘုံခုနစ်ဆင့်မှာတင်ပြီးစောင့်ရှောက်မွေးမြူခဲ့ကြပါတယ်။ ဒါပေမယ့်ဘုံခုနစ်ဆင့်မှာနေခဲ့ရတဲ့ပဋာစာရီဟာအမြတ်တရားကိုမမြင်ခဲ့ရရှာပါဘူး။ ဒါကြောင့်ပုထုဇဉ်မျက်ကန်းသဖွယ်ကြီးကျယ်တဲ့အမှားတွေကိုဆက်တိုက်ပြုလုပ် ခဲ့ပါတယ်။ဘုံခုနစ်ဆင့်မှာနေ့စဉ်သူ့ကိုအလုပ်အကျွေးပြုတဲ့ကျွန်ယောင်္ကျားတယောက် နဲ့မိုက်မှားကျူးလွန်တယ်။ဒီအဖြစ်ကိုမိဘတွေသိမှာစိုးလို့မကြာခင်မှာပဲမိဘများမသိ အောင်ဒီကျွန်ငယ်နှင့်ထွက်ပြေးကြတယ်။
အတိတ်ဘ၀ကံကဘယ်လောက်ပဲအကျိုးပေးကောင်းခဲ့သော်လည်းပဋာစာရီရဲ့ပစ္စုပ္ပန်ကံနုံချာမှုကြောင့် ဘုံခုနှစ်ဆင့်စံသူဌေး သမီးဟာချက်ချင်းဘုံလျှောပြီးပြာပုံပေါ်ကိုရောက်သွားရတဲ့အဖြစ်ကိုလူသားတိုင်း ဆင်ခြင်စေချင်ပါတယ်။ဒီလိုကျွန်ကိုလင်လုပ်ပြီးပဋာစာရီဟာလင်နဲ့အတူရွာတရွာ မှာဆင်းဆင်းရဲရဲလုပ်ကိုင်စားသောက်ေ

October 23, 2013

အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ

   ဒကာ။           ။ ဆရာတော်တို့တရားဟောတဲ့အခါ သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ဒကာ အနာထပိဏ်သူဌေးကြီးက ဘယ်သို့ဘယ်ညာ စသည်ဖြင့် သူဌေးကြီးအကြောင်း ဂုဏ်ပုဒ်တွေချည်း ထုတ်ထုတ် ဟောသွားကြတာပဲ။ ပြီးတော့ အနာထပိဏ်သူဌေးကြီး၏သား ကာလ သတို့သားတို့အကြောင်း၊ သူဌေးကြီး၏ သမီးတော် စူဠသုဘဒ္ဒါတို့ , မဟာသုဘဒ္ဒါတို့ အကြောင်းကိုသာ ဟော ဟော သွားကြတာပဲ၊ သူဌေးကတော်ကြီးရဲ့ အကြောင်းတော့ မဟောကြလို့ နာမည်ကိုတောင်မှ မသိကြရဘူး၊ ဒါ့ကြောင့် သူဌေးကတော်ကြီးရဲ့နာမည်ကို မေးရတာပါ ဆရာတော်။
ဆရာ။           ။ အော်….ဒါကတော့ တရားကြောဒေသနာ ရေစီးကြောင်းထဲ ၀င်လာတဲ့အခါမျိုးမှာသာ ဟောကြတာပါလေ၊ ကဲ…နားထောင်။
          အနာထပိဏ်သူဌေးကြီး ဇေတ၀န်ကျောင်းတော်ကြီးကို အသုံးအဆောင် အားလုံး အပြည့်အစုံနှင့်တကွ ဆောက်လုပ်ပြီးလို့ မြတ်စွာဘုရားသခင်အား ကျောင်းတော်တင်ပွဲကြီး ဆင်နွှဲ ပေးလှူကြရန်အတွက် သံဃာတော်ပေါင်းများစွာနဲ့ ပင့်ဆောင်တော်မူလာတဲ့ အခန်းမှာ…..
(၁)     ပသေနဒီ ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးသည် ခမည်းတော် ကောသလမင်းကြီး၏ ခွင့်ပြုချက်အရ အခြံအရံ သတို့သမီးငါးရာနှင့်အတူ ရေပြည့်အိုး ပန်းနံ့သာ စသည်တို့ စွဲကိုင်ကာ မြတ်ဘုရားထံ လမ်းခရီးက ကြိုဆို၍ ကျောင်းတော်သို့ ပင့်ဆောင်ရန်အတွက် ရိုေ

ကံကြမ္မာ ၀ဋ်ကြွေးကို ပေးဆပ်ရတယ်။


   “၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ်  တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ
မည်သူ့ သန္တာန်ပဲဖြစ်ဖြစ် ကံ ကြမ္မာ ၀ဋ်ကြွေးတွေက အကြောင်းညီညွှတ်ရင် တုံ့ပြန်လာတတ်သေး
တယ်။ အဲဒီဝဋ်ဟာ ကိုယ်လုပ်ခဲ့တာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကပြန်လည်ပေးဆပ်ရလို့
ကြွေးနဲ့ အလားသဏ္ဌာန်တူလို့ ကံကြမ္မာဝဋ်ကြွေးလို့ ပြောပါတယ်။
         ကြွေးဆိုတာ မဆပ်ဘဲ နေလို့မရဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ဆပ်ရပါတယ်။ ဒါကြောင့်
ဒီ ကံကြမ္မာဝဋ်ကြွေးဟာလည်းပဲ ပေးဆပ်ကြရတယ်။ အကယ်၍ မပေးဆပ်ရသေးလို့ရှိရင် ဒီကံရဲ့
အရှိန်အဟုန်က ကုန်ပြီးတော့ မသွားဘူး။
         ကိလေသာကုန်သွားရင် ဘ၀ အကျိုးပေးစရာ မရှိတော့သည့် အတွက်ကြောင့် ဘ၀တစ်ခု
ကို အကျိုးမပေးနိုင်ပါ။ သို့သော် ကံ ကိလေသာရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီး ရှိနေသေးရင်
တော့ ပေးဆပ်ကြရသေးပါတယ်။
         သူတော်စင်အပေါင်းတို့ ဘ၀လ

October 19, 2013

သင်...တနေ့မုချသေမည်ကိုသိလျှင်..ဖတ်ပါ...

သေခြင်း လေးမျိုး
သုံးဆယ့်တစ်ဘုံအတွင်းရှိ သတ္တ၀ါဟူသမျှတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ ချစ်သောသားမယား၊ သားသမီး၊ ဆွေမျိုးမိတ်ဆွေများ၊ ရရှိထားသော ရာထူးဂုဏ်သိမ်များကို စွန့်ခွာကာ သေမင်းခေါ်ရာသို့ မသေချင်ဘဲလည်းသေမြဲဓမ္မတာအရ သေပွဲဝင်ကြရမည် ဖြစ်ပါသည်။

ထိုသို့ သတ္တ၀ါအားလုံး သေဆုံးကြရာဝယ် အောက်ပါ သေခြင်းလေးမျိုး တစ်မျိုးမျိုးဖြင့် သေပွဲဝင်ကြရသည်မှာလည်း ဓမ္မတာသဘောပင် ဖြစ်ပါသည်။
သေခြင်းလေးမျိုးဟူသည်....
အသက်တမ်းကုန်၍ သေရခြင်း၊
ကံအစွမ်းကုန်၍ သေရခြင်း၊
အသက်တမ်း၊ ကံအစွမ်း နှစ်ပါးစလုံးကုန်၍ သေရခြင်း၊
ဥပစ္ဆေဒကခေါ် ကြားကံတစ်ပါးပါးက သတ်ဖြတ်၍ သေရခြင်းတို့ဖြစ်ပါသည်။
ယင်းသေခြင်းလေးမျိုးကို ဥပမာအားဖြင့်နှိုင်းစာဆိုရသည်ဆိုသော်.....
ဆီမီးငြိမ်းရာ၌....
ဆီကုန်ခန်းခြင်း၊
မီးစာကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ နှစ်မျိုးကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ ရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း (သို့မဟုတ်) တမင်ငြှိမ်းသတ်ခြင်း
ဟူသောအကြောင်းလေးမျိုးရှိသကဲ့သို့ပင် ဖြစ်ပါသည်။
၁။ အသက်တမ်းကုန်၍ သေရခြင်း
ထိုထို ဘုံဘ၀တို့၌ သတ်မှတ်ထားအပ်သော အသက်တမ်းများရှိကြပါသည်။ ဤလူ့ဘ၀၀ယ်တက်ကပ်ကာလ၌ တဖြည်းဖြည်းတက်၍ အသေင်္ချေယျတိုင်အောင် အသက်တမ်းရှိ၍ ဆုတ်ကပ်ကာလ၀ယ် တဖြည်းဖြည်း ဆုတ်ကာ (၁၀) နှစ် သက်တမ်းတိုင်အောင် သက်တမ်းရှိလေသည်။
ဂေါတမဘုရားရှင်ပွင့်သောအခါ၌ သက်တမ်းသည် (၁၀၀) ရှိသည်။ယခုကာလ၀ယ် (၇၅) နှစ်သာ ရှိသည်ဟု ဆိုပါသည်။ သင့်လျော်၍ ကံပါလာကြသူတို့သည် သတ်မှတ်ထားအပ်သော အသက်တ

“လူမိုက်၏ အတတ်ပညာ”

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်မဟာမောဂ္ဂလာန် တွေ့မြင်ခဲ့ရသော သဋ္ဌိကူဋပြိတ္တာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လာကြစဉ် အရှင်မဟာမောဂ္ဂလာန်သည် သဋ္ဌိကူဋပြိတ္တာကို တွေ့မြင်သဖြင့် ပြုံးမိ၏။

ထိုပြိတ္တာသည် သုံးဂါဝုတ်ပမာဏရှိ၏။ အလျှံရဲရဲတောက်ပြောင်ကုန်သော သံတူခြောက်သောင်းတို့သည် ထိုပြိတ္တာ၏ ဦးခေါင်းကို တစ်လက်ပြီးတစ်လက်
ထုနှက်ကြကုန်၏။ သံတူများထုနှက်၍ ကြေသွားသော ဦးခေါင်းသည် တစ်ဖန်ပြန်၍ ဖြစ်လာကာ အထုခံ၍ ကွဲရပြန်၏။

အရှင်လက္ခဏက ပြုံးရခြင်းအကြောင်းကို မေးလျှောက်ရာ
အရှင်မဟာမောဂ္ဂလာန်က မဖြေသေးဘဲ ဘုရားရှင်ရှေ့တော်မှောက်
ရောက်ခါမှ ဖြေဆို၏။
ဘုရားရှင်ကလည်း အရှင်မဟာမောဂ္ဂလာန်၏ ဖြေဆိုချက်ကို
ထောက်ခံတော်မူလေသည်။

ဤတွင် ရဟန်းတို့က ထိုပြိတ္တာ၏ အကုသိုလ်ကံကို မေးလျှောက်ကြသဖြင့် ဘုရားရှင်က ဟောကြားတော်မူ၏။

ရှေးလွန်လေပြီးသော အ

October 17, 2013

လူတိုင်းလူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။

  လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
                (၁)  ဒုက္ခ ဒုက္ခ = =
                   ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်
မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက်
တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သ
ဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခ
လို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူ
တိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။
               (၂) ၀ိပရိဏာမဒုက္ခ ==
                အတွေ့ကောင်းတွေနဲ့ တွေ့ထိပြီး ကိုယ်ထဲမှာ ချမ်းသာနေတဲ့ (ကာယိကသုခ)
 ကိုယ်ချမ်းသာကတစ်မျိုး၊ ၀မ်းသာစရာတွေကို အာရုံပြုပြီး စိတ်ထဲမှာ ရွှင်လန်းဝမ်းသာနေတဲ့ 
(စေတသိကသုခ) စိတ်ချမ်းသာကတစ်မျိုး၊ ဒီချမ်းသာနှစ်မျိုးကိုတော့ လူတိုင်းကြိုက်ကြပါတယ်   ဒီ ချမ်းသာနှစ်မျိုးကို ရအောင်လို့ နေ့မအား၊ ညမအား အသက်ကိုတောင် စွန့်ပြီး ရှာနေကြပါ
တယ်။ (ရွှေ၊ ငွေ၊ တိုက်တာ၊ အဆောက်အဦး၊ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး)  အလိုရှိတိုင်းရပြီး ဒီ
ချမ်းသာတွေကို ခံစားနေကြရတဲ့ အခါလည်း အလွန်ဝမ်းမြောက် နေကြပါတယ်။ ဒါပေမဲ့ အဲဒီ
လို ပျော်ရွင်ဝမ်းမြောက် နေရာက ချမ်းသာကြောင်း အာရုံဝတ္ထုတွေ ရုတ်တရက် ပျက်စီးဆုံးပါး
သွားရင် မနေတတ် မထိုင်တတ်ဖြစ်ပြီး အလွန်ပင် ဆင်းရဲဒုက

* အားကိုးရာ မလွဲမှားစေနဲ့။

  ဘုရားကိုးကွယ်တာ တန်ခိုးအရာကို ကိုးကွယ်တာမဟုတ်ဘူး။ အဆုံးအမကို ကိုးကွယ်တာ
ပါ။ အန္တရာယ်ကင်း ဘေးမရှင်းတာဟာ သီလအကြောင်း မကောင်းလို့ဘဲ။ ဥစ္စာဓန ဆင်းရဲစေခြင်း
အကြောင်းဟာ ဒါနအကြောင်း မကောင်းလို့ဘဲ။ စိတ်ရောကိုယ်ပါ ချမ်းသာချင်ရင် ဘာဝနာအလုပ်
ကို လုပ်ဖြစ်အောင် လုပ်ရမယ်။ မိမိကိုယ်တိုင် အားကိုးလောက်တဲ့ ဒါန၊ သီလ၊ ဘာဝနာ။ သီလ၊

သမာဓိ၊ ပညာတို့ကို လုံလောက်အောင် ဖြည့်ကျင့်ရမယ်။ ဘုရားရဲ့ အဆုံးအမအောက်မှာ နေကြ
တဲ့ ဗုဒ္ဓဘာသာဝင် လူသားများအားလုံး ဖြည့်ဆည်းရမယ့်တရား ငါးပါးရှိပါတယ်။ တစ်ပြေးညီ တစ်
သွေးတည်း၊ တစ်သားတည်း ညီညွတ်သဒ္ဓါရှိကြမှသာလျှင် ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ပါမယ်။
         ဖြည့်ဆည်းစရာ ငါးမျိုးကတော့ မှန်ကန်သော သဒ္ဓါ ဖြစ်ရမယ်။ လွန်ကဲသောသဒ္ဓါ မဖြစ်
စေရပါ။ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှုလည်းရှိရမယ်။ အပေါ်ယံ ယုံကြည်မှုမဖြစ်အောင်
ဘယ်လို ယုံသလဲ၊ ဘယ်ေ

October 16, 2013

ဉာဏ်ပါတဲ့ ကုသိုလ်

“ဘုန်းကြီးတို့ကို ဆရာသမားများက သင်ကြားခဲ့တယ်။
ကုသိုလ်ကောင်းမှုလုပ်တဲ့အခါ စိတ်ပါလက်ပါနဲ့ ရိုရိုသေသေ လေးလေးစားစား လုပ်ရတယ်။ ဘာကုသိုလ်ပဲ လုပ်လုပ်။
ဘုန်းကြီးတို့ မန္တလေးမှာ … ရှေးက … ဒီလို အဆို အဆုံးအမတွေကို နာခံထားရတဲ့သူတွေဟာ … မရှိဆင်းရဲလို့ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေကို ပေးကမ်း လှူဒါန်းတာတောင်မှ စီးထားတဲ့ ဖိနပ်လေး ချွတ်ပြီး အလှူငွေ တစ်ပြား တစ်မတ်ကို လက်ကလေးနှစ်ဖက်နဲ့ ကိုင်ပြီး ရိုရိုသေသေ ပေးကမ်း လှူဒါန်းကြတယ်။
ဘုန်းကြီးတို့ ကိုယ်တိုင်လဲ ဒီလို ဆိုဆုံးမမှုတွေကို နာယူခဲ့ရတော့ ကိုရင်လေးတစ်ပါးကို သင်္ကန်းလှူတာတောင် … ‘ကိုရင်လေး ဒီကိုကြွ၊ ဟောဒီနေရာမှာ ထိုင်’ ဆိုပြီး ကိုရင်ကလေးပင်ဖြစ်လင့်ကစား အလှူခံပုဂ္ဂိုလ်ကို တလေးတစားနဲ့ ရိုရိုသေသေ လှူဒါန်းပါတယ်။”
(မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ)
+++++
၂၀၀၉ ခု နိုဝင်ဘာလ ၂၁ ရက် စနေနေ့၊ ၅-ပတ်မြောက် အဘိဓမ္မာသင်တန်းတွင် “ကာမာဝစရကုသိုလ်စိတ် ၈-ပါး (မဟာကုသိုလ်စိတ် ၈-ပါး)၊ ကာမာဝစရဝိပါက်စိတ် ၈-ပါး (မဟာဝိပါက်စိတ် ၈-ပါး)၊ ကာမာဝစရကြိယာစိတ် ၈-ပါး (မဟာကြိယာစိတ် ၈-ပါး)”တို့ဖြစ်သော “ကာမာဝစရ သောဘဏစိတ် ၂၄-ပါး”တို့အကြောင်းကို လေ့လာကြရ၏။
ကာမာဝစရ - ကာမ ၁၁ ဘုံတွင် အဖြစ်များသော
သောဘဏ - တင့်တယ်သော (အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်များနှင့် ယှဉ်သောကြောင့်)
ကာမာဝစရ သောဘဏစိတ် - ကာမ ၁၁ ဘုံတွင် အဖြစ်များသော တင့်တယ်သော စိတ်
အဘိဓမ္မာမှာ ‘ဉာဏ်ပညာ’လို့ ပြောလိုက်ရင် ကံ,ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ ဉာဏ်မျိုး၊ ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ ဉာဏ်မျိုး၊ သစ္စာလေးပါးတရားကို သိမြင်တဲ့ ဉာဏ်မျိုး၊ အနိစ္စ ဒုက္ခ အနတ္တ သဘော လက္ခဏာတွေကို သိမြ

အဖြူရောင်အဇ္ဈတ္တ

မကောင်းမှုရှောင်။
(သဗ္ဗပါပဿ အကရဏံ)
ကောင်းမှုဆောင်။
(ကုသလဿ ဥပသမ္ပဒါ)
စိတ်ကိုဖြူအောင်ထား။
(သစိတ္တပရိယောဒပနံ)
ဆူဆူဗုဒ္ဓ ဟောဖော်ပြ
ဆုံးမမြတ်တရား။
(ဧတံ ဗုဒ္ဓါန သာသနံ)

ဂင်္ဂါဝါလု သဲစုအတူ (ဂင်္ဂါမြစ်နံဘေးရှိ သဲပွင့်လေးတွေနှင့် အရေအတွက်အညီအမျှ) ပွင့်တော်မူခဲ့ကြသော ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသည် တစ်ပါးတစ်မျိုး အမျိုးမျိုး ကွဲပြားခြားနားခြင်းမရှိ၊ များများစားစားလည်းမဟုတ်။ သုံးမျိုးတည်းသာဖြစ်၏။ သုံးမျိုးတည်းသာဆုံးမခဲ့ကြ၏။ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံဟုဆိုသော်လည်း ခြုံလိုက်လျှင် ဤသုံးခွန်းသာဖြစ်၏။ ယင်းကား
မကောင်းမှန်သမျှ ရှောင်ပါ။
ကောင်းမှုမှန်သမျှ ဆောင်ပါ။
မိမိစိတ်ကို ဖြူစင်အောင်ထားပါ ဟူ၍ဖြစ်၏။
ဗုဒ္ဓအဆူဆူတို့က ဆုံးမခဲ့သဖြင့် ဗုဒ္ဓဘာသာဟုဆိုနိုင်သော်လည်း အမှန်က ဤသုံးချက်သည် တံဆိပ်မဲ့ဘာသာဝါဒဖြစ်၏။ ဘာသာဝါဒတို့ကို အမည်နာမတံဆိပ်တပ်၍ ခေါ်ဝေါ်သည်မှာ ဘောင်ကျဉ်းသယောင်ရှိ၏။ ဒိဋ္ဌိတွေ၊ မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အားပေးအားမြှောက် ပြုတတ်၏။ ဘာသာရေး အစွန်းရောက်များက သက်သေဖြစ်၏။
အမှန်က ကမ္ဘာ၌ ဘာသာ

October 12, 2013

"စိတ်ညစ်ရင် အာရုံပြောင်းပါ"

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒီလိုနဲ့  တစ်နေ့ မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။ ကိုရင် တိဿက သူစိတ်ညစ်လို့  လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။ ဒီတော့ ဆရာဘုန်းကြီးက "အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊ အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ်။ ဒါကြောင့် အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ" ဆိုပြီး တွေးမိပုံရပါတယ်။ 

ဒါကြေင့် ဆရာဘုန်းကြီးက "ကောင်းပြီ ငါ့တပည့်၊ လူထွက်ဖို့  ဆုံးဖြတ်ပြီးရင်လည်း ငါတို့ မတားလိုဘူး။ ဒါပေမယ့် ငါတို့ နေတဲ့  ကျောင်းဟာ ချိုးရေ အလွန်ရှားတယ်။ ငါ့တပည့် လူမထွက်ခင် ငါတို့ ကို ရေပေါရာ စိတ္တရတောင်ကို ပို့ ပေးခဲ့ပါဦး" လို့  မိန့် လိုက်ပါတယ်။

ကိုရင်တိဿကလည်း ဆရာဘုန်းကြီးပြောတဲ့အတိုင်း သူ့ ဆရာကို စိတ္တရတောင်ကို ပို့ ပေးရှာပါတယ်။ စိတ္တရတောင်ရော

ဝိဇ္ဇာသုံးပါး တူသလား

ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းဆရာသည် မဇ္ဈိမပဏ္ဏာသပါဠိတော်၊ တေ၀ိဇ္ဇ၀စ္ဆသုတ်ကို အကျဉ်းချုပ်ဖော်ပြ၍ -
`ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်း သိမြင်မှု (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်း သိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။

`၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာ တို့သည် ဗုဒ္ဓကို ရဟန္တာတို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင် အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်´ (၎င်း၊ စာ-၃၃၂) ဟု ရေးသားထား၏။
အထက်ပါ အရေးအသားတို့တွင် `သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု´ ဆိုလျှင် မှန်ပါသည်။ (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏´ဟူသော စကားသည် မှားပါသည်။
မြတ်စွာဘုရားသည် ၀ိဇ္ဇာသုံးပါးကိုသာမက ၀ိဇ္ဇာရှစ်ပါးကိုလည်း သိပါသည်။ သင်္ခါရ၊ ၀ိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ်ဟူသော ဉေယျဓံတရားအားလုံးကိုပင် သိတော်မူပါသည်။
ထို့ပြင်လည်း ၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသောဉာဏ် မဟုတ်ပါ။ အချို့ရ၍၊ အချို့မရ၊ အချို့ ထို့ထက်ပို၍ရပါသည်။ “အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာတို့နှင့် ခွဲခြားလိုသောကြောင့်” ဟူရာ၌ ဗုဒ္ဓကို ရဟန္တာတို့နှင့် တမင်တကာလိုက်ပြီး အဆင့်ခွဲပြနေစရာ မလို၊ အလိုလို ကွဲပြားပြီးသား ဖြစ်၏။
“ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရအကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ခြင်း ဖြစ်ပေမည်” ဟူရာ၌လည်း မည်သ

October 11, 2013

ဗုဒ္ဓဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ


ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်
တမ်းတင်ထားပါတယ်။
         တရားချစ်ခင် သူတော်စင်တို့ သိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး
အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့ ဘုရားအဖြစ်သို့ ရောက်လာတာပါ။ ကုသိုလ်ကောင်းမှုတွေ
က အင်မတန်မှ များပါတယ်။ အဲဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်
လို့ ဘုရားဖြစ်လာတောင်မှပဲ ဟောဒီခန္ဓာကြီး ရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါ မှားခဲ့တဲ့ အကု
သိုလ်ကံက အခွင့်ရရင် အခွင့်ရသလို ၀င်ရောက်ပြီးတော့ နှောင့်ယှက်တာလေးတွေ ရှိနေသေး
တယ်။ သူကဘာဖြစ်လို့ အခွင့်ရေ

ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမြတ်စွာဘုရားရှင် ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

ယခုကျွန်တော်ရေးသားသည့် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမြတ်စွာဘုရားရှင် ထံတော်တွင်
ဗျာဒိတ်ခံယူတော်မူခြင်းနှင့် တဆက်တည်းဖြစ်စေရန်အတွက် သိဒ္ဓတ္ထမြတ်စွာဘုရားရှင်၏
ဗုဒ္ဓဝင်အကျဉ်းကိုပါ တပေါင်းတည်း ထည့်သွင်းထားပြီး ယင်းဘလော့ဂ်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာကာရိက
မင်းကွန်းဆရာတော်ကြီး ရေးသားသော မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ ဒုတိယပိုင်းမှ
ထုတ်နုတ်ထားခြင်းဖြစ်လေရာ ယခုထက် ပြည့်စုံစွာသိရှိလိုပါက ထိုမဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ
ဒုတိယပိုင်း၌ လေ့လာဖတ်ရှုနိုင်ပါသည် ဓမ္မမိတ်ဆွေများခင်ဗျာ။
ထိုသို့ ပိယဒဿီမြတ်စွာဘုရား၊ အတ္ထဿီမြတ်စွာဘုရား၊ ဓမ္မဒဿီမြတ်စွာဘုရား အစဉ်သဖြင့်ပွင့်တော်မူရာ
ဝရကမ္ဘာကြီး ပျက်စီးပြီးသောအခါ ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်း ၁၇၀၆ ကမ္ဘာရှိလေသည်။
ထိုသုညကမ္ဘာများကို လွန်မြောက်သော တခုသောကမ္ဘာသည် ဘုရားတစ်ပွင့်တော်မူမည့်
သာရကမ္ဘာကြီး ဖြစ်လေသည်။ ထိုကမ္ဘာတွင် လူတို့သက်တမ်း အသင်္ချေတမ်းမှ
တစ်သိန်းတမ်းသို့ ပြန်လည်ဆုတ်နစ်လာခဲ့သော် ပါရမီရင့်သန်တော်မူပြီးဖြစ်သော တုသိတာနတ်ပြည်ရှိ
အလောင်းတော်နတ်သားသည်လည်း ကြည့်ခြင်းငါးပါးဖြင့် ကြည့်တော်မူပြီး
ဘုရားဖြစ်ချိန်တန်ကြောင်း ကောင်းစွာသိတော်မူသောကြောင့် ဝေဘာရနေပြည်တော်ရှိ
ဥဒေနမင်းကြီး၏ တောင်ညာစံ သုဖဿာမိဖုရားကြီး၏ ဝမ်းတွင် ပဋိသန္ဓေယူတော်မူလေသည်။
အချိန်စေ့မြောက် ၁၀လသို့ ရောက်သော် ဝီရိယဥယျာဉ်တော်ကြီးတွင် ဖွားမြင်တော်မူရာ
လူအပေါင်းတို့ပြုဖွယ်ကိစ္စမှန်သမျှ အကျိုးအားလုံး ပြီးစီးပြီး ကိုယ်

October 9, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပုံ

                                         "စိတ္တာနုပဿနာရှုပုံ အနှစ်ချုပ် တရားတော်"
ဒကာ ဒကာမတွေ ဒီနေ့အလုပ်တရားကို ရှေ့ပိုင်းကပေးရမယ်၊ ပြီးတော့မှ အလုပ်တရားပေးပုံကို ရှင်သာရိ
ပုတ္တရာဆိုတဲ့ ရဟန္တာကြီး၊ ရှင်ကောဠိကဆိုတဲ့ ရဟန္တာကြီးနှစ်ပါးက ဒီလုပ်လို့ရှိရင်ကွာတဲ့၊ မအိုမသေ အမြဲနေ
တဲ့ နိဗ္ဗာန်ရောက်ပါတယ်ဆိုတာ၊ ရဟန္တာနှစ်ပါး အမေးအဖြေလုပ်ပြီး ထောက်ခံချက်ပေးမယ်။ စိတ်ဆိုတာ
မြင်စိတ်၊ ကြားစိတ်၊ မွှေးတာနံတာသိတဲ့စိတ်၊ ဒါလည်းတရားလို့မှတ်ကြနော်၊ ပေါ်တာသိမှ ပျက်တာသိမှာ၊
လျှာအလယ်မှာ၊ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငံတယ်ဆိုတဲ့ စိတ်ပေါ်တယ်၊ နာကျင်ကိုက်ခဲ့ ယားနာတဲ့
စိတ်၊ ချမ်းသာတဲ့စိတ်နှင့် ဆင်းရဲ့တဲ့စိတ်က ကိုယ်ပေါ်မှာပေါ်တယ်၊ ငါးမျိုးရှိသွားပြီနော်၊ ဒါအပြင်ဘက်မှာ
ပေါ်သောကြောင့်၊ အပြင်ဧည့်သည် ငါးယောက်၊ ဒါလဲတရားလို့မှတ်ကြနော်၊ အမြဲပေါ်တာမဟုတ်ဘူး၊ ပေါ်
တာကိုသိမှ ပျက်တာကိုသိမှာကိုး၊ ဒါက အရှုခံတရားတွေ သိအောင် ပြောနေတာ။
          တခါတလေကျတော့လည်း၊ လောဘစိတ်၊ ဒေါသစိတ်၊ ပျံ့လွင့်တယ်ဆိုတဲ့ မောဟစိတ်၊ ဝမ်းထဲအကု
သိုလ်စိတ်ကသုံးခုပေါ့၊ ကုသိုလ်ဘက်က အလောဘစိတ်၊ အဒေါသစိတ်၊ အမောဟစိတ်လို့မှတ်ပါ၊ အတွင်း
ဧည့်သည် ခြောက်ယောက်လို့မှတ်လိုက်စမ်းပါ၊ အပြင်ကလည်းခြောက်ဆိုလည်း ဟုတ်တာပဲ၊ ငါးဆိုလည်း
ဟုတ်တာပဲနော်၊ ဒါဧည့်သည်ဆိုသဖြင့် ကျုပ်တို့ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ကြုံတဲ့အခါရှုဖို့ပဲ၊ မကြုံတဲ့ အခါကျ
တော့ သက်စောင့်ရှိသေးတယ်ဟေ့လို့ ပြောရမယ်၊ သက်စောင့်က လေကိုထုတ်တဲ့စိတ်၊ လေကို ပြန်ရှိုက်တဲ့
စိတ်၊ ဒီစိတ်နှစ်ခုက ဧည့်သည် ဆယ့်နှစ်ေ

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ - မှတ်မှတ်ရရ သြ၀ါဒများ



၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်
အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊
၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊
၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊
၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။
၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို
ခေါ်တာပါ။
၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြ
ည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။
၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောေ
နကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။
၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။
၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။
၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။
၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။
၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊
၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊
၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊
၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊
၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊
၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊ စင်ကြယ်တဲ့ စိတ်က အသိများတယ်၊
၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊
၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊
၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

http://fun4myfriends-dhamma.blogspot.com ဆိုက်စာမျက်နှာမှ ကူယူဖေါ်ပြပါသည်။

October 7, 2013

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည်

ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။
သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။

တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို အခေါ်ရှိလို့ မှတ်လိုက်တာပေါ့။ အခေါ်ရှိအပြောရှိမျှသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိတွေကိုလည်း နားလည်ထားရမှာဖြစ်ပြီး လက်ခံထားရမှာလည်း ဖြစ်ပါတယ်။ ပစ်ပယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီအထင် ဒီအမြင်တွေနဲ့ပဲ ဘ၀ပေါင်းများစွာ သံသရာဖြတ်သန်းခဲ့ကြသကဲ့သို့ နောက်လည်း ဒီအမြင်တွေနဲ့ပဲ ဆက်သွားနေကြဦးမယ်ဆိုရင် ဒီသံသရာဓာတ်ပြား အပ်ကြောင်းထပ်နေဦးမှာသာ ဖြစ်ပါတယ်။  ဒါကြောင့် အခေါ်ရှိ အပြောရှိ ပညတ်တွေ၊ သမုတိနယ်က အမှန်တရားတွေကိုလည်း တစ်ဘက်တစ်လမ်းက နားလည်ထားရမှာ ဖြစ်သလို တကယ်ရှိ အမှန်ရှိဖြစ်တဲ့ ပရမတ်တရားတွေကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အမှန်ရှိ ပရမတ်ဆိုတာ သဘောတရားမျှသာ ဖြစ်တယ်လေ။ ရုပ်ဆိုရင် ရုပ်ရဲ့ သဘော၊ နာမ်ဆိုရင် နာမ်ရဲ့သဘောလေးတွေကို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်လေးနဲ့ စဉ်းစားစဉ်းစားပြီး ခွဲခွဲခြားခြား သိသိပေးနေရင် အခေါ်ရှိကတစ်ခြား အမှန်ရှိကတစ်ခြား၊ အပြောရှိကတစ်ခြား တကယ်ရှိကတစ်ခြားလို့ ခွဲခြားနားလည်တဲ့ ဉာဏ်လေး ရင့်ကျက်လာတာပေါ့။

သမုတိလောကကြီးထဲမှာ ရှင်သန်နေရတဲ့အတွက် သမုတိဝေါဟာရတွေနဲ့ေ

"စရိုက်အကြောင်း"

"စရိုက်အကြောင်း"
တင်ပြခဲ့ပြီးသော အကြောင်းများအရ စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည်လောက်ပြီ။ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မူများ၌ ယခု တစ်ဘ၀နှင့်သာ သက်ဆိုင်သည် မဟုတ်သေး။ ရှေးရှေးဘ၀က အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ ရှေးရှေးဘ၀က အထုံကောင်း ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိတတ်၏။ ရှေးရှေးဘ၀က အထုံဝါသနာဆိုး ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။
ပညာရှိသူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကို ပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်”ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နှူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက်ကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက်ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။
ခွေးသည် ကောင်းစွာ ကျွေးထားသဖြင့် အစာဝနေသော်လည်း ဖိနပ်စုတ်တွေက မစားနိုင်စေကာမူ နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့ သန္ဓေဆိုးအထုံပါလာ၍ ၀ါသနာဓာတ်ခံ ညံ့ဖျင်းနေသူသည်လည်း ဆိုင်ရာ ပညာရှင် သူတော်စင်တို့က အထက်တန်းသို့ ရောက်အောင် မြှောက်တင်ထားသော်လည်း သူ၏ ယုတ်ညံ့သော ၀ါသနာမှာ မပျောက်နိုင်ဘဲ ရှိတတ်လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ဖြစ်စေ၊ မိမိနှင့် စပ်ဆိုင်သူကို ဖြစ်စေ “မည်ကဲ့သို့ အထုံဝါသနာမျိုး ပါရှိခဲ့ပါလိမ့်မည်နည်း”ဟု စဉ်းစားတတ်ဖို့ရာ စရိုက်အကြောင်းအရာကို ရှေးဦးစွာ နားလည်သင့်ကြပေသည်။
"စရိုက်"
ပင်ကိုရိုးရာ သူတကာ ဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော သဘောကို “စရိုက်”ဟု ခေါ်သည်။ ထိုစရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗုဒ္ဓိ၊ ၀ိတက်အားဖြင့် ၆-ပါးပြား၏။ (လောဘကို ရာဂဟုလည်းကောင်း၊ ဥာဏ်ပညာကို

October 1, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟိုဘ၀ ဒီဘ၀၊ ဆုမတောင်းပါနဲ့ (အနာထပိဏ်သူဌေးကြီး)

အနာထပိဏ်သူဌေးကြီး
            အနာထပိဏ်သူဌေးကြီးဆိုတာ အားလုံးကြားဖူးကြတယ်၊ ဘုရား၏ ကျောင်းဒကာကြီးလို့ မှတ်ထားလိုက်တာပေါ့၊ အဲဒီ ဘုရားကျောင်းဒကာကြီးဟာ တစ်နေ့ကို ကျောင်းတစ်ခေါက် နှစ်ခေါက် သုံးခေါက်သွားလေ့ရှိတယ်၊ သွားတဲ့အခါမှာလည်း အလကားမသွားဘူး၊ မနက်သွားလို့ရှိရင် စောစောကြီး သွားလို့ရှိရင် ယာဂုတွေ ဘာတွေဆွဲသွားတယ်၊ ကိုရင်တွေ တွေ့ရင် ကိုရင်တွေ၊ မမာတဲ့ ရဟန်းတွေတွေ့ရင် မမာတဲ့ရဟန်းတွေ လှူဒါန်းရအောင်၊ နေ့လယ်သွားလို့ရှိလည်း ပန်းတို့ ဖယောင်းတိုင်တို့ယူပြီး သွားလေ့ရှိတယ်၊ ညသွားမယ်ဆိုတော့ စတုမဓူတို့၊ သကာတို့၊ ပျားရည်တို့ ညမှာ ရဟန်းတော်များ သုံးဆောင်ကောင်းတာတွေ ယူပြီးသကာလ သွားလေ့ရှိတယ်။
            ဒီလို ချည်းသွားနေတာ ဦးအောင်ဇံဝေ သုံးဆယ်နဲ့ရှစ်နှစ်လောက်သွားနေတယ်၊ နည်းတဲ့ အလှူအတန်း မဟုတ်ဘူးနော် …. (မှန်ပါ့)။
ဒါနကောင်းကြောင်းတရား
            အဲဒီ အလှူအတန်းတွေ သူ နေ့တိုင်းလိုလိုပဲ လုပ်နေတယ်၊ နေ့တိုင်းလည်း သံဃာငါးရာ အိမ်မှာ ဆွမ်းကျွေးလို့နေတာပဲ။
            နေပင်နေငြားသော်လည်း ဘုရာနဲ့တွေ့ရင် သူ့ကို တရားဟောတာပဲ၊ ဒကာကြီး ….. ဒကာကြီးလှူတဲ့ ဒါနတွေဟာ ငါဘုရားလည်း လုပ်ခဲ့တာပဲ၊ ငါဘုရားလမ်းစဉ်ကို ဒကာကြီးလိုက်နေတာ ကောင်းတယ် …. ကောင်းတယ်၊ မောင်အောင်ချီ ဒါမျိုးတွေ ဟောနေတယ် ….. (မှန်ပါ့)။
            ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ရဲ့  ကျောင်းကိုဝင်လိုက်ပြန်လည်း ဟာ …. ဒကာကြီးက ဒါနတွေ လုပ်နေတာ သိပ်ကျေးဇူးများတာပဲ၊ မောင်အောင်မြ ရေ ….. ဒါန ကောင်းကြောင်း ဟောပစ်လိုက်တယ် ….. (မှန်ပါ့)။
မမာမကျန်းဖြစ်တယ်
            ဒီလိုနဲ့ပဲ အချိန်တွေကုန်ပြီး သကာလ လာခဲ့တယ်၊ နောက်နှစ်ပေါင်းသုံးဆယ့်ရှစ်နှစ်ကျလာတော့ ဦးအောင်ဇံဝေ အနာထပိဏ်သူဌေးကြီး မမာဘူး၊ မမာတော့ သူ့စိတ်မှာလည်း အင်း ဒီဝေဒနာကတော့ဖြင့် ဒီတောင်က တက်နိုင်ပုံမရပါဘူးဆိုပြီး သူ့အခိုင်းအစေတစ်ယောက်ကို ခေါ်ပြီးတော့ ဘုရားဆီလွှတ်လိုက်ပါတယ်၊ ကွာ …. ဘုရားကိုလျှောက်ပါ၊ နောက်ရှင်သာရိပုတ္တရာတို့ အခန်းကိုလည်း

အဖော်ကောင်းရှိပါစေ

ဒီနေ့ တရားတစ်ပုဒ်နာဖြစ်တယ်။ အဲဒီထဲက မှတ်သားစရာ ကောင်းတာလေးတွေ ပြောပြချင်လို့။ တရားခေါင်းစဉ်က “အဖော်ကောင်း ရှိပါစေ” တဲ့။ ဟောတဲ့ဆရာတော်က မြောက်ဦးဆရာတော်ပေါ့။ အဲဒီတရားထဲမှာ အဓိက main pointက ဘာလဲဆိုတော့ (၁) အဖော်ရယ် ၊ (၂) ဆရာရယ် ၊ (၃) ပျော်စရာရယ်တဲ့။
(၁) အဖော် ဆိုတာ ကုသိုလ်အဖော် ၊ တရားအဖော်ကိုပြောတာ။ အဲဒီမှာ (၄) မျိုး ထပ်ခွဲတယ်။ ၁။ ဒါနကုသိုလ်၂။ သီလကုသိုလ် ၃။ သမထကုသိုလ် ၄။ ဝိပဿနာကုသိုလ်ဆိုပြီးလေ။
      - ဒါနကုသိုလ် ကတော့ ပေးကမ်း ၊ စွန့်ကြဲ ၊ လှူဒါန်းခြင်းပေါ့။ ဒါက တနည်းအားဖြင့် ကိုယ့်ရဲ့ ဝတ္တု ပစ္စည်း အပေါ်မှာရှိတဲ့ လောဘကို ပယ်သတ် လိုက်တာပဲပေါ့။
      - သီလကုသိုလ်ကျတော့  (၅)ပါးသီလ ၊ (၈)ပါးသီလ စသဖြင့် ကိုယ်နိုင် သလောက် စောင့်ထိန်းဖို့ပေါ့။ ဒါကကျတော့ဝစီကံနဲ့ ကာယကံကို ထိန်းသိမ်း  လိုက်ခြင်းပဲလေ။
      - သမထကုသိုလ်ကျတော့ ကိုယ့်စိတ်ကလေး သွားချင်တိုင်း ပေါက်လွတ်ပဲစားသွားလို့ မရအောင် သမာဓိကောင်းအောင် လေ့ကျင့်ခြင်းပဲ။ ဒါက စိတ်ကို ထိန်းခြင်းပေါ့။
- ဝိပဿနာကုသိုလ်ကတော့ ဖြစ်ခြင်း၊ပျက်ခြင်းသဘောတွေကိုမြင်အောင်ကြည့်ပြီး နှလုံးသွင်းမှန်စွာနဲ့ ပွားများအားထုတ်ခြင်းပေါ့။ အဲလိုအားထုတ်နေတော့“ အနိစ္စ” အချက်ကို  မြင်တတ်လာမယ်။ အရာရာဖြစ်ပြီးပျက်နေတယ်။ မမြဲမရှိဘူး။ ဘယ်အရာမှ မခိုင်မြဲဘူးဆိုတာသိလာမယ်။
 ပျော်ရင်လည်း ဒါဟာခဏပဲ၊ စိတ်တိုရင်လည်း ခဏနေရင်ပျက်သွားပြီ။ အို..အရာရာဖြစ်ပြီး ပျက်ပျက်လိုက်သွားတော့ တခုခုကို စွဲနေလ