February 19, 2015

မုစလိန္ဒသတ္တာဟ


         ဘုရားရှင်သည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ( ၇ ) ရက်စံနေတော်မူပြီးနောက် 
ကျည်းပင်ရင်းသို့ ချဉ်းကပ်၍ ၀ိမုတ္တိချမ်းသာ ၊ ဖလသမာပတ်ကို ခံစား၍ ( ၇ ) ရက်စံနေ
တော်မူသည် ။ 
         ကျည်းပင်ကို ပါဠိလို မုစလိန္ဒဟု ခေါ်ဆိုခြင်းဖြစ်ပြီး မဟာဗောဓိပင်၏ အရှေ့တောင်

ဘက် မဟာဗောဓိပင်နှင့် ( ၅၁ ) လံ၊ အကွာတွင်ရှိသည်။ ထိုမန်ကျီးပင်အနီး၌ ရှိနေသည့် 
အိုင်ကြီးကိုလည်း မုစလိန္ဒာအိုင်ဟုခေါ်ဆိုကြသည် ။ ဘုရားရှင်သည် ကျီးပင်ရင်း၌ ( ၇ ) 
ရက်စံနေတော်မူစဉ်အခါမဲ့ မိုးကြီးရွာချခဲ့သည် ။ ထိုမိုးကြီးသည် ( ၇ ) ရက်လုံးလုံးစွေနေကာ 
လေအေးများလည်းတိုက်ခတ်သောကြောင့် အိုင်အတွင်း ရှိနေသည့် နဂါးမင်းသည် ဘုရားရှင်၏ 
ခန္ဓာကိုယ်ကို မိမိ၏အခွေ ( ၇ ) ခွေဖြင့် ရစ်ပတ်၍ ဦးထိပ်တော်အထက်၌ ပါးပြင်းထောင်ကာ
ရပ်တည်ပူဇော်ခဲ့သည် ။ 
         နဂါးမင်း၏ ရည်ရွယ်ချက်မှာ ဘုရားရှင်အား အအေး , အပူ မဖြစ်ရအောင် ခြင်, မှက်, 
လေ, နေပူ, မြွေကင်း စသည်တို့၏ ဘေးရန်မှလည်းကင်းရှင်းရအောင် ပူဇော်နေခြင်းဖြစ်ပြီး 
မိုးလေကင်းရှင်းသွားသည့်အခါ လုလင်အသွင် ဖန်ဆင်းလျက် ဘုရားရှင်ကို ရှိခိုးပူဇော်ခဲ့သည်။
ဘုရားရှင်က သုခငါးဖြာ အဓိပ္ဗါယ်ပါသည့် ဥဒါန်းဂါထာကို ကျူးရင့်တော်မူပါသည် ။ 
ယခုအခါ မုစလိန္ဒသတ္တာဟ အထိမ်းအမှတ်အဖြစ် လေးဘက်လေးတန်မှ ကွန်ကရစ်ဘောင်များ
ဖြင့် ကာရံထားသော ရေအိုင်ကြီးနှင့်ရေအိုင်ကြီးအလယ်တွင် နဂါးရုံဘုရားကိုပူဇော်ထားသည်ကို 
ဖူးတွေ့ရပါသည် ။ သစ်ပင်ပန်းပင်များဖြင့် အလှဆင်ထားရာ အလွန်သာယာအေးချမ်းသောနေရာ
တစ်ခုဖြစ်ပါသည်။
 (သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား 
      ပူဇော်ပါသည်။)

 ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment