June 5, 2014

တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင် ဌာနနှင့်တကွ (၇) ပါးသောဌာန
တို့၌ (၇) ရက်စီ  သီတင်းသုံးလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားခြင်း၊  တရားတော်ကို ဆင်ခြင်
တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါသည်။ ရက် (၅၀) မြောက် ၀ါဆိလဆန်း (၆) ရက်
နေ့မှာ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။  အဲဒီမှာ ထိုင်နေတော်မူရင်း ဘယ်သူ့အား
ရှေးဦးစွာ တရားဦးဟောရပါမလဲ၊  ဘယ်သူဟာ  ဒီတရားကို  လျင်မြန်စွာ သိနိုင်ပါလိမ့်မည်လဲ  လို့
မြတ်စွာဘုရားက တရားဟောဖို့ ဆင်ခြင်တော်မူတယ်။ အဲဒီလို ဆင်ခြင်လိုက်တဲ့ အခါမှာ “ ကာလမ
အနွယ် အာဠာရ ရသေ့ဟာ ပညာရှိပဲ၊ တတ်သိတယ်၊ ဉာဏ်ထက်တယ်၊ ပညာမျက်စိမှာ ကိလေသာ
မြူမှုန် နည်းပါးနေတာကြာပြီ၊ အဲဒီ အာဠာရအား ရှေးဦးစွာ ဟောရရင် ကောင်းမှာပဲ၊ သူဟာ   ဒီတ
ရားကို လျင်မြန်စွာ သိပေလိမ့်မယ် ” လို့  ပကတိ စိတ်ကူးထဲမှာ ပေါ်လာပါသတဲ့။
        အဲဒီလို ဆင်ခြင်ပုံထဲမှာ မြန်မြန်သိမည့် ပုဂ္ဂိုလ်အား ရှေးဦးစွာ ဟောဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ
တယ်၊ အဲဒီ ရည်ရွယ်ချက်ဟာ အလွန်ပဲ အရေြး

ဆင်ခြင်တုံတရား “ပဋိသင်္ခါနဗလ”။

  လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်ပါတယ်။
မြတ်စွာဘုရားက “ပဋိသင်္ခါနဗလ” တဲ့၊ ဆင်ခြင်မှုစွမ်းအားကို အသုံးချပြီးတော့ မိမိရဲ့သန္တာန်မှာ
အကုသိုလ်တွေ မဖြစ်ရအောင်၊ အကုသိုလ်တွေ ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ရမယ်လို့
ဟောကြားထားပါတယ်။
         အဲဒီတော့ ကိုယ့်ဘ၀ကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တိုင်း၊ ကိုယ့်ကိုယ်ကို ဘ၀မှာ အဆင့်မြင့်
သထက် မြင့်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း ကြိုးစားကြရပါမယ်၊ လူတိုင်းလူတိုင်း ကိုယ့်ဘ၀ တန်ဖိုးထား
ကြတာပါပဲ၊ ဒီဘ၀ထက် နောက်ဘ၀ မြှင့်တင်သွားဖို့ စိတ်ရှိကြတာချည်းပါပဲ၊ ကောင်းသထက်
ကောင်းတာရဖို့ စိတ်ဆန္ဒရှိကြတာ ချည်းပါပဲ၊ စိတ်ဆန္ဒရှိကြတာချင်း အတူတူပါပဲ၊ သို့သော်
အကြောင်းတရားကို အမှန်မသိသည့်အတွက်ကြောင့် မကြီးပွားကြတာ ဖြစ်ပါတယ်။
         ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းက ဘာလဲ သိဖို့လိုပါတယ်။ အဲဒီကြီးပွားတိုးတက်
ခြင်းရဲ့ အကြောင်းတရားတွေကို မသိသည့်အတွက်ကြောင့် မှားမှားယွင်းယွင်းတွေလုပ်ပြီး
“ကြီးပွားချင်လျက် ဆုတ်ယုတ်သွားရပါတယ်၊ မြင့်တက်ချင်လျက် နိမ့်ကျသွားကြပါတယ်”၊
“ကောင်းကျိုးချမ်းသာတွေ ရချင်လျ

နောက်ဆုံးအမွေ။

လောကမှာ မြင်မြင်သမျှ သတ္တ၀ါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ
ဟာ ကိုယ်နဲ့သာ သက်ဆိုင်ပါတယ်။ “ကမ္မဒါယာဒ” တို့တစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို
တို့တစ်တွေ့ နောက်ဆုံး အမွေခံရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရပါမယ်၊

“ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ အကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင်လည်း
မကောင်းတဲ့အမွေ ဆိုးကျိုးခံစားကြရမှာ ပဲ” လို့-ဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့် မကောင်း
တာ မလုပ်ဖြစ်အောင် ရှောင်ရှားရပါမယ်။ မကောင်းတဲ့အမွေဆိုတာ ဘယ်သူမှ မခံချင်ကြပါ။
ကောင်းတဲ့အမွေသာ ခံချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတာကို သတိထားပြီး
ရှောင်ကြဉ်လာတယ်၊ ကောင်းတာတွေကို ကြိုးစားပြီး လုပ်ဖြစ်လာတယ်၊ ဒါဟာ ကြီးမားတဲ့
အမြတ်ကြီး တစ်ခုပါပဲ။
         နောက်တစ်ခု ဆင်ခြင်သင့်

သီလအစွမ်း အံ့မခန်း

တစ်ခါတွင် ကာလိင်္ဂတိုင်း ဒဏ္ဍပူရပြည်ကြီး
တစ်ခုလုံး မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။တိုင်းသူပြည်သားများ မင်း၏
ဟစ်တိုင်သို့ လာပြီးအငတ်ဘေးကြီးငြိမ်းအေးပပျောက်အောင် လုပ်ပေးရန်
ဟစ်အော်တောင်းဆိုကြသည်။

အများ၏ အကြံပေးချက်အရမင်းကြီးသည်ဥပုသ်သီလစောင့်က
ကျက်သရေရှိသောတိုက်ခန်းသို့ ဝင်ပြီးမြေစာမြက်ကို ခင်းအိပ်လေသည်။

သို့ သော် မိုးကား ရွာ၍မလာ။

တစ်ဖန် လောကီအယူအဆကိုအားသန်ကြသောဗေဒင်ဆရာတို့ က
ဣန္ဒပတ္တနိဂိုရ်ပြည်မိုးလေ၀သကောင်းမွန်နေခြင်းမှာအဉ္စန၀ဏ္ဏမည်သော
မင်္ဂလာဆင်ရှိသောကြောင့် ဖြစ်သည်။

ထိုဆင်ကို ရခဲ့လျှင် ဒဏ္ဍပူရမြို့ ကြီးတစ်ခုလုံးမိုးလေ၀သကောင်းလာမည်ဆိုသဖြင့်
မင်္ဂလာဆင်ကို သွားရောက် အလှူခြံ

ပကတိစိတ်မှ နိဗ္ဗာန်ဆီသို့။

တို့တစ်တွေ မြင်လိုက်လို့ရှိရင် မြင်တာကို သိလိုက်တဲ့စိတ်ကို ပကတိစိတ်လို့ခေါ်ပါတယ်။
အဲဒီ-မြင်လိုက်တဲ့စိတ်ရဲ့ ဒီအာရုံပေါ်မှာ ဖြစ်ပျက်သွားတဲ့ သဘောတွေကို နောက်က လေးလေး
နက်နက်သတိထားတဲ့ စိတ်ကလိုက်ပြီးတော့ သိသွားပါတယ်၊ အဲဒီ စိတ်ဟာ သတိတို့၊ သမ္ပဇညတို့၊

ဝီရိယတို့ ဒီစွမ်းအားတွေနဲ့ တွဲလာပါတယ်။
         သူ့ဟာသူ ဖြစ်တဲ့စိတ်က သတိမပါပါ။ သူ့ဟာသူ အလိုအလျောက် ဖြစ်သွားတာပါ၊ သူက
မြင်လိုက်ရင် မြင်မှန်း သိလိုက်ပါတယ်။ အသံကြားလိုက်ရင် ကြားတာကို ကြားမှန်း သိပါတယ်၊
အနံ့ရရင်လည်း နံမှန်းသိပါတယ်၊ အရသာပေါ်ရင်လည်း ပေါ်မှန်းသိပါတယ်၊ ထိတွေ့ရင်လည်း
ထိမှန်းသိလိုက်ပါတယ်။
         ဒါတွေက စိတ်ရဲ့ သဘာဝရဲ့ တုန့်ပြန်မှုအနေနဲ့ သွားနေတာဖြစ်ပါတယ်။ အဲဒါ- ပကတိ
စိတ်ဆိုပါစို့၊ အဲဒီ ပကတိစိတ်မှာ နောက်ထပ် ဆက်ပြီးတော့ တွေးလိုက်တာတွေက လိုချင်တဲ့
လောဘနဲ့ တွေးကြပါတယ်၊ မုန်းတီး

မခေါ်ဖူးဘူးဆိုတော့ လွန်လွန်းရာ ဖြစ်သွားမယ်။

  တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့

အဖေအမေတွေကျတော့ သားသမီးကို ချစ်တော့မယ်ဆိုရင် သိုသိုသိပ်သိပ်ချစ်တယ်။ ဘယ်အဖေဖြစ်
ဖြစ် သားသမီးကို ချစ်ပါသည်။ ဘယ်အမေဖြစ်ဖြစ် သားသမီးကို ချစ်ပါသည်။ ချစ်ပုံချစ်နည်းသာကွာ
တာ။ အဲဒီလိုဆိုတော့ ပြောစရာက ဖြစ်လာတာပေါ့လေ၊ ဦးဇင်းတို့ အဖေကလည်း ကိုယ့်ကိုချစ်တာပဲ
ဦးဇင်းတို့ အမေကလည်း ကိုယ့်ကိုချစ်တာပါပဲ။
         ဦးဇင်းတို့ အဖေနေရတဲ့ အရပ်ဒေသ ပတ်ဝန်းကျင်က အဲဒီလို လွှမ်းမိုးတယ်၊ ဦးဇင်းတို့ အဖေ
နေရတဲ့ ပတ်ဝန်းကျင်ဒေသ၊ ကြီးပြင်းရတဲ့ အရပ်ဒေသက ဘာတွေလွှမ်းမိုးသလဲဆိုတော့၊ ဘယ်လိုပုံ
စံ လွှမ်းမိုးလိုက်သလဲ မသိဘူး၊ အမေလုပ်တဲ့သူက သားသမီးကို ပွေ့ချီရင်ကိုပြောတာ၊ သားသမီးကို
မချစ်နဲ့ မပြောဘူးတဲ့။ ချစ်တော့ချစ် သိအောင်မချစ်နဲ့တဲ့။ နမ်းချင်ရင်တောင် သူအိပ်နေတုံး နမ်းစမ်း
ပါတဲ့။ သူသိအောင် မနမ်းနဲ့၊ သူသိအောင် မချစ်နဲ့တဲ့။
        ဦးဇင်းတို့ကိုယ်တိုင် ခံစားရတာနဲ့ပြောရင်၊ မှတ်မိသည့် အရွယ်ထိ အဖေကိုယ်တိုင် “သား” လို့
တစ်ခါမှ မခေါ်ဖူးဘူး။ အဖေ့ကို အပြစ်ြေ

ဓလေ့ထုံးစံ အစဉ်အလာ ဟူသမျှကို ထေရ၀ါဒမှတ်ကျောက်ပေါ် တင်ကြည့်ပါ။

ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ  စသည်တို့တွင်  “အစဉ်အလာ”   ဆိုသလို
ဆောင်ရွက်နေသည်များ ရှိပါ၏။ အစဉ်အဆက် အများသူငှာ ဆောင်ရွက်လာသည့် အတွက် အစဉ်
အလာဖြစ်တိုင်း  မစူးစမ်း၊  မဆင်ခြင်၊  မဝေဖန်၊  မသုံးသပ်ဘဲ  လိုက်နာဆောင်ရွက်ရန် မသင့်ပါ။

ထေရ၀ါဒ ပိဋကတ်တော်များကို မြန်မာပြန်ဆိုမှု အပြုနိုင်သေးသောအချိန်၊ ပြည်သူလူထုကြားဝယ်
ရှင်းလင်းသော မြန်မာစကားပြေ အရေးအသားဖြင့် ရေးသားထားသော ဓမ္မစာပေ၊ စာအုပ်များ ပျံ့နှံ့
မှု မရှိသေးချိန်၊  ဘာသာပြန်  စာပေများ  မဖွံ့ဖြိုးသေးချိန်၊  ခေတ်မီ အတွေးအခေါ်  ဗဟုသုတတို့
ကျယ်ကျယ်ပြန့်ပြန့် မရှိသေးချိန်များက လက်ခံကျင့်သုံးခဲ့သော အစဉ်အလာများကို “အစဉ်အလာ”
ဆိုပြီး လိုက်နာဆောင်ရွက်ရန် မသင့်ပေ။
         အစဉ်အလာတို့တွင် ထေရ၀ါဒ ဗုဒ္ဓ ဓမ္မနှင့် ကိုက်ညီသည်တို့လည်း ရှိမည်။ မကိုက်ညီသည်တို့
လည်း ရှိမည်။ အကျိုးစီးပွား ဖြစ်ထွန်းစေနို

တရားရှိနေရင် ငါဘုရားရှိနေပါတယ်။

   မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။ “ ယောခေါ အာနန္ဒ
မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ ” တဲ့၊
အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင်ဓမ္မကိုလည်းကောင်း၊ ယော ၀ိနယောစ-

အကြင်ဝိနယ ကိုလည်းကောင်း၊ မယာ-ငါဘုရားသည်၊ ဒေသိတောဟောပြောအပ်ခဲ့လေပြီ၊
ပညတ္တော-ပညတ်အပ်ခဲ့လေပြီ၊  သော ဓမ္မ၀ိနယော-  ထိုငါဟောအပ်တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့
ဝိနယသည်၊ မမ- ငါရဲ့၊ အစ္စယေန- ပရိနိဗ္ဗာန် စံလွန်ပြီးတဲ့ အခါကာလမှာ၊ ဝေါ-အသင်
ချစ်သားတို့ရဲ့၊ သတ္ထာ- ဆိုဆုံးမတတ်တဲ့ ဆရာသည်၊ ဘ၀ိဿတိဖြစ်ပေလိမ့်မယ်ဟူ၍၊
ဘဂ၀ါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ -ကောင်းစွာမသွေ
ဟောကြားတော်မူခဲ့ပါပေသတည်း။
{ ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

June 1, 2014

တရားမှန်အကျဉ်းချုပ်

တရားမှန်အကျဉ်းချုပ်
(၁)သဗ္ဗပါပသ အကရဏံ- မကောင်းမှု အကုသိုလ် ဟူသမျှကို မပြုခြင်းကတစ်ပါး။ကိုယ်ဖြင့်လည်း ညှင်းဆဲခြင်း သတ်ခြင်း ခိုးခြင်း မတရားပြုကျင့်ခြင်းစတဲ့ အကုသိုလ် အမှုတွေ ကို မပြုပဲ ကြဉ်ရှောင်ရမယ်။ နှုတ်ဖြင့်လည်း လိမ်ခြင်း ဂုံးတိုက်ခြင်း ဆဲရေးခြင်း စတဲ့ အကုသိုလ်အမှုတွေ မပြောပဲ ကြဉ်ရှေင်ရမယ်။စိတ်ကူးသက်သက်ဖြင့်လည်း အကုသိုလ်အကြံတွေကို မကြံစည်ပဲ ပယ်ရမယ်။ ဒီစိတ်ကူးသက်သက် အကုသိုလ်ကိုတော့ သမထဘာဝနာ ဝိပဿနာဘာဝနာကို ရှုပွါးနေမှ ကောင်းကောင်းပယ်နိုင်တယ်။ ဒီအကုသိုလ်ဟူသမျှကို မပြုရဘူးဆိုတာဟာ မြတ်စွာဘုရားတို.၏ (၁)နံပါတ်အဆုံးအမဘဲ။
(၂)ကုသလဿ ဥပသမ္ပဒါ- ကုသိုလ်ဟူသမျှကို ပြည့်စုံစေခြင်းကတစ်ပါး။ ဒါနကုသ်ုလ်ဖြစ်ဖြစ်၊ သီလကုသိုလ်ဖြစ်ဖြစ်၊ ဘာဝနာကုသိုလ်ဖြစ်ဖြစ် - ကုသိုလ်ဟူသမျှ ဖြစ်ပွါးစေရမယ်။ ပြုလုပ်ရမယ်။အဲဒီကုသိုလ်တွေထဲမှာ သီလကုသိုလ်ကတော့ (၁)နံပါတ်အဆုံးအမနဲ.အညီ အကုသိုလ်တွေ ရှောင်ကြဉ်နေယင် ပြည့်စုံတန်သမျှတော့ ပြည့်စုံနေတာပါပဲ။ ဒါပေမယ့် အရိယမဂ်သီလ ဆိုတာကတော့ အဲဒီလို ရှောင်ကြဉ်ရုံမျှနဲ. မပြည့်စုံနိုင်ဘူး။ ဝိပဿနာကို ပွါးစေပြီး အရိယမဂ်ရောက်မှ ပြည့်စုံတယ်။ ဥပစာရ သမာဓိဖြစ်ဖြစ်၊ အပ္ပနာသမာဓိဖြစ်ဖြစ် ရအောင် သမထဘာဝနာကုသိုလ်ကို ပွါးစေရမယ်။ တချို.က သမထအလုပ်ကို ရှုပ်ချပြီး ပြောဟောတတ်ကြတယ်။ မြတ်စွာဘုရားကတော့ သမထဘာဝနာကိုလည်း အားထုတ်ဖို. ညွှန်ကြားတိုက်တွန်းတော်မူပါတယ်။ သမထဘာဝနာကို အားထုတ်လို. ဈာန်သမာဓိကိုရယင် ၊အဲဒီသမာဓိကိုအခြေခံပြီး ဝိပဿနာရှုတာဟာ အကောင်းဆုံးပဲ၊အဲဒီဈာန်ရအောင် အားမထုတ်နိုင်ယင်လဲ ဥပစာရသမာဓိရအောင် အားထုတ်ရတယ်။အဲဒီသမာဓိကို အခြေခံပြုပြီးဝိပဿနာရှုယင်လည်းေ

အခက်အခဲကြုံရင် ကိုယ်ပြုခဲ့တဲ့ မာတာပိတု ဥပဌာနမင်္ဂလာကို သစ္စာဆိုပါ။

  *မာတာပိတု ဥပဌာနံ၊ ဧတံမင်္ဂလ မုတ္တမံ*။ မိဘကို လုပ်ကျွေးပြုစုခြင်းသည် မြတ်သောမင်္ဂလာမည်၏။
       လောကမှာ တာဝန်တွေရှိပါတယ်။ တာဝန်ကျေတဲ့သူဟာ ကျက်သရေရှိပါတယ်။ တာဝန်မကျေတဲ့
သူဟာ ကျက်သရေ မရှိပါဘူး။ ဒါ ဗုဒ္ဓဘုရားဟောပါ။
      အဖေက တာဝန်ကျေရင် အဖေ ကျက်သရေ ရှိတယ်။ မမေက တာဝန်ကျေရင် အမေ ကျက်သရေ

ရှိတယ်။ သားက တာဝန်ကျေရင် သားကျက်သရေ ရှိတယ်။ သမီးက တာဝန်ကျေရင် သမီး ကျက်သရေ
ရှိတယ်။ ဆရာက တာဝန်ကျေရင် ဆရာ ကျက်သရေ ရှိတယ်။ တပည့်က တာဝန်ကျေရင် တပည့် ကျက်
သရေရှိတယ်။ ဆိုလိုတာကတော့ တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိတယ်။  တာဝန် မကျေတဲ့သူဟာ
ကျက်သရေ မရှိဘူး။ ဒီတော့.. တချို့ မိဘတာဝန် မကျေတာကိုကြည့်ပြီး ကိုယ်ကလည်း တာဝန်မကျေ
သူ သားသမီး တစ်ယောက်အဖြစ်နဲ့ ဘ၀ကို တည်ဆောက် သွားမလား?။
        မြတ်စွာဘုရား ဟောပြထားတဲ့ မိဘထက် အသိအလိမ္မာ ဉာဏ်ပညာ ကြီးကျယ်မြင့်မြတ်တဲ့ အတိ
ဇာတ သားသမီး၊  မိဘနဲ့ အသိအလိမ္မာ တန်းတူရှိတဲ့ အနုဇာတ သားသမီး၊  မိဘအောက် အသိအလိမ္မာ
နိမ့်ကျတဲ့ အ၀ဇာတ သားသမီး။  အဲဒီ  သားသမီး သုံးမျိုးထဲက ကိုယ်က ဘယ်လိုသားသမီးမျိုး အဖြစ်နဲ့
ဘ၀ကို တည်ဆောက် ချင်တာလဲ ? ။  ဒီ မေးခွန်းကို ကိုယ့်ဟာကိုယ်ပဲ ပြန်ဖြေကြည့်ပါ။
        တာဝန်ဆိုတဲ့ စကားလေးဟာ ဘ၀ကို  အဓိပ္ပာယ်ရှိရှိ တည်ဆောက်လိုသူတွေရဲ့ နှလုံးသားထဲမှာ
အစဉ်သဖြင့် သန္ဓေတည်သင့်နေတဲ့ စကားေ

ကြွေးဟောင်းဆပ်ခြင်း၊ ကြွေးသစ်ချခြင်း၊ ရွှေအိုးမြှုပ်ခြင်း။

  ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။  ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။

        လယ်စောင့်သမားသည် ထိုကျေးကြီးကို ကျော့ကွင်းထောင်၍ ဖမ်းဆီးရာ တစ်နေ့သော် မိလေ၏။
ဖမ်းမိသော ကျေးသားကြီးကို လယ်ရှင် ကောသိယဗြဟ္မဏထံ အပ်လိုက်၏။ ကောသိယသည် ကျေးသား
ကြီးကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့  ချစ်ခင်စိတ် ဖြစ်ပေါ်လာ၏။ ကောသိယဗြဟ္မဏက ကျေးသား
ကြီးကို   “ အသင် ကျေးသား၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊  ဘာကြောင့် ကိုက်ချီ  ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊  ဒါမှမဟုတ်  သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေး၏။
       ထိုအခါ ကျေးသားကြီးက  “ အဆွေ ဗြဟ္မဏ၊ အသင်သည်  ကျွန်ုပ်၏  ရန်ဖက်လဲ မဟုတ်ပါ၊  ၀မ်း
ဗိုက်လဲ အပိုမရှိပါ၊ စပါးကျီလဲ မရှိပါ။ ကြွေးဟောင်းလဲ ပေးဆပ်နေရပါတယ်၊ ကြွေးသစ်ချခြင်းလဲ လုပ်ရ
ပါတယ်၊ ရွှေအိုးမြှုပ်ခြင်းကိုလဲ ပြုလုပ်လို၍ ယူဆောင်သွားခြင်း ဖြစ်ပါတယ်။ ” ဟု  အဖြေပေးရာ  ကျေး
သား၏စကားကို နားမရှင်းသော  ဗြဟ္မဏက ထ

ဘုံစဉ်စံသော သောတာပန်ဆိုသည်မှာ။

  ကာမဘုံလူသားတွေဟာ ကာမဂုဏ်ကိုလည်း အပြည့်အ၀ခံစားချင်၊ ခံစားပြီးမှ နိဗ္ဗာန်ကို
သွားချင်တဲ့သူတွေ များပါတယ်။ ဒါဆိုရင် လူ့ဘ၀မှာ သောတာပန်ဖြစ်အောင် ကျင့်ကြံအား
ထုတ်ပါ။ ဒိဌိနဲ့ ၀ိစိကိစ္ဆာ ပြုတ်အောင်သတ်ရင် သောတာပန်ဖြစ်မှာပါ။ ကျန်တဲ့ လောဘ၊ ဒေါသ၊

မာန စတဲ့ ကိလေသာတွေ ကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီ လောဘ၊ ဒေါသတွေက ပုထုဇဉ်
အရိုင်းလောက် မဖောက်ပြန်ပါ။ ဖြစ်ကြော မရှည်ပါ။ ဖြစ်ကြော တိုပါတယ်။ ဖြစ်တယ်ဆိုရင် ဖြစ်
တယ်လို့သိပြီး ရှုနိုင်ပါတယ်။ သောတာပန်ဖြစ်ပြီးရင် အပါယ်တံခါးပိတ်ပြီး နတ်ပြည်မှာနတ်စည်း
စိမ် အပြည့်အ၀ ခံစားလို့ရပါတယ်။ အနာထပိဏ်၊ ၀ိသာခါ၊ ဥဂ္ဂါသေနသေဌေးသားတို့ဟာ သော
တာပန်အဖြစ်နဲ့ ဘုံစဉ်ခံစားလျက်ပါ။ ။
{ ဦးစောဝင်းထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ကောက်နုတ်ရေးသားပူဇော်
     ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

အရှင်မောဂ္ဂလန် အလောင်းတော်, တရားထူးရသွားသော တရားတော်။

  အရှင်အဿဇိ မထေရ်မြတ်ကြီး  ဟောကြားသော လောကမှာဖြစ်လာသမျှ   ဖြစ်နေတာတွေ  မှန်သမျှ 
အကြောင်းတရားဆိုတာ ရှိတယ်။ ဒီအကြောင်းအကျိုး  သိရှိနိုင်မှု  ပညာဉာဏ်တရားဟာ
အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး အလောင်းအလျာကို သောတာပန် ဖြစ်စေခဲ့ပါတယ်။ သောတာ
ပန်  ဖြစ်ပြီးတဲ့  ဥပတိဿဟာ အတူနေတဲ့  ကောလိတ အရှင်မောဂ္ဂလန် မထေရ်မြတ်  အလောင်း
တော်ဆီ ပြန်သွားခဲ့တယ်။ ကောလိတက “ငါ့ရှင်ရဲ့ ဣနြေ္ဒတွေက ကြည်လင်လို့ ပါလား၊ တရားထူး
ရလာတယ်ထင်တယ်” လို့  မေးတော့မှ  ဒီတရား “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ကို တစ်ဆင့်ပြန်ဟော
ပေးပါတယ်။  “အကျိုးတရားမှန်သမျှဟာ အကြောင်းရှိတယ်” လို့  ပြန်ဟောလိုက်တော့။ “လောက
မှာ ဖြစ်နေသမျှ အကျိုးတရားမှန်သမျှဟာ အကြောင်းကြောင့် ဖြစ်တာချည်းပဲ၊”  အကြောင်းမရှိတဲ့
အကျိုးတရားဆိုတာ  မရှိဘူးလို့  ပြောလိုက်တော့  အံ့သြစရာကောင်းတာက  ဒီအကြောင်းအကျိုး
နားလည်တဲ့   အသိဉာဏ်  တရားဟာ  ကောလိတ  အရှင်မောဂ္ဂလန်  အလောင်းအလျာကိုလည်း
သောတာပန် အရိယာ ဖြစ်သွားစေပါတယ်။
         သောတာပန် အရိယာ ဖြစ်တယ်

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ။

   သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည်  သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု

အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်
ပြီး လှူတတ်ကြ၏။  သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင်
သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။
         သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏
အဆုံးအမပင် ဖြစ်၏။  ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။  သီလ၊ သမာဓိ၊ ပညာ  သိက္ခာသုံးပါး
မိမိသန္တာန်မှာ  ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ  ရတနာသုံးပါးကို
ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို  ဦးစွာသာသနာပြုခြင်း  မည်၏။
         မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ်
တည်အောင်  စာသင်တိုက်များ  ဖွင့်လှစ်၍  စာပေများကို  ပို့ချသင်ကြားပေးခြင်း၊  ရိပ်သာများ
တည်ထောင်ပေး၍ တရားဓမ္မများ ဟောပြော

တရားအလုပ်ဆိုတာ။

   တရားအလုပ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟစတဲ့ အကုသိုလ်စေတသိက်တွေ နည်းနိုင်
သမျှ နည်းအောင်၊ ပါးနိုင်သမျှ ပါးအောင် လျော့ချရပါတယ်။
         ပြီးတော့ အောက်ပါဒဿနလေးကိုဖတ်ပြီး ဆင်ခြင်ကြပါ။

  = တစ်ကိုယ်ကောင်းဆန်တဲ့... စိတ်နေစိတ်ထားတွေ၊
  = အမြင်ကျဉ်းမြောင်းတဲ့ ... အတွေးအခေါ် အယူအဆတွေ၊
  = ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ ... အပြောအဆို အပြုအမူတွေ၊
  = တရားလမ်းကြောင်း တိမ်းစောင်းတဲ့ ... လုပ်ထုံး လုပ်နည်းတွေ၊
  = ဆိုးကွက်ကိုပဲ အမြဲကြည့်ပြီး အပြစ်ပြော အပုပ်ချတတ်တဲ့ ... အကျင့်စရိုက်တွေကို
     မစွန့်လွှတ်နိုင်သမျှတော့ ... တရားဘယ်လောက်ပဲ အားထုတ် အားထုတ် တရားထူး တရား
မြတ်နဲ့ရော နိဗ္ဗာန်ချမ်းသာနဲ့ပါ ဝေးနေဦးမှာပါ။ ။
{ ဦးစောဝင်းထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ကောက်နုတ်ရေးသားပူဇော်
     ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

စိတ်ထားတတ်ရင် မြတ်ပါတယ်။

  လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဘယ်လိုပဲ အကောင်း
မျှော်မျှော် အကောင်းဖြစ်လာမှာ မဟုတ်ပါ။ အဲဒီ အဆိုးတရားတွေရဲ့အကျိုးက အကောင်းဖြစ်မ
လာသည့် အတွက်ကြောင့် ဘ၀မှာ နိမ့်ကျပြီး နောက်ဆုံးမှာ ဆင်းရဲဒုက္ခနဲ့ ကြုံကြရပါတယ်။

         အခု လူ့ဘ၀ရောက်လာတယ်ဆိုတာ ကုသိုလ်ကံ ကောင်းတဲ့အလှည့်လေးတစ်ကွက်ကြုံလို့
ခေတ္တခဏ အလည်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီ အလည်ရောက်လာတဲ့ အချိန်လေးမှာ ကု
သိုလ်ကောင်းမှုရဲ့ အရှိန်အ၀ါလေးကို ဆက်ပြီး မထိန်းနိုင်ဘူး ဆိုလို့ရှိရင်  လူတွေအားလုံးဟာ
ကာမဂုဏ်အာရုံစိတ်တွေနဲ့ မေ့မြောပြီးတော့ ပျော်စရာကိုသာ ကြံတွေးပြီး အပျော်အပါးထဲမှာသာ
စိတ်စိုက်ပြီး နေကြတဲ့အတွက်ကြောင့် အပါယ်ဘုံကိုပဲ ပြန်ကြ ရပါတယ်၊
         ငရဲဆိုတာတော့ ကိုယ်မမြင်ရလို့ လက်တွေ့ကြည့်လို့ မရနိုင်ပါ။ ဘုရားဟောတာကိုသာ
ယုံပြီးတော့ လက်ခံကြရပါတယ်၊ သို့သော် ကိုယ်မြင်ရတဲ့ အစိတ် အပိုင်းလေးတွေကိုပဲ ကြည့်ပါ...
အပါယ်လေးဘုံမှာ အပါအ၀င်ဖြစ်တဲ့ တိရစ္ဆာန်ဆိုတာ လူတိုင်းမြင် နေကြရပါတယ်။
         သူတို့ရဲ့ဘ၀ခမျာ အမြဲတမ်း နေစရာအတွက် စားစရာအတွက် လုံးပမ်းနေကြရပါတယ်၊
အလွန်ကံကောင်းလို့ လူတွေက မွေးထားတဲ့ တိရစ္ဆာန်အချို့လောက်သာ စားစရာ နေစရာ အ
လွယ်ရတာပါ။   စကားပြောနိုင် တာမဟုတ်တော့ ကော