February 18, 2015
ဒိဋ္ဌိ သုံးမျိုး။
 (၁) သက္ကာယဒိဋ္ဌိ။  ။ ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တ၀ါ သူ ငါ ယောက်ျား မိန်းမဟု ထင်မှတ်မှား
              သောအယူ (ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးသာရှိသည်။)
 (၂) သဿာတဒိဋ္ဌိ။ ။ ခန္ဓာငါးပါးကို ခိုင်သည်၊ မြဲသည်ဟု ထင်မှတ်သောအယူ။
 (၃) ဥစ္ဆေဒဒိဋ္ဌိ။  ။ ဒီဘ၀ကသေပြီးရင် ပြတ်တယ်ဟု ထင်မှတ်သောအယူ။ 
ပထမ  ဉာတပရိညာ(အသိ)နှင့် ဦးစွာ ဖြုတ်ရမည်။ ဒိဋ္ဌိတန်းလန်းနှင့် ဖြစ်ပျက်မြင်သည့်တိုင်
အောင် မဂ် မရနိုင်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား
  ပူဇော်ပါသည်။ }
  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment