February 7, 2014

* မဟာဇနကမင်းကြီး တောထွက်ပုံက ထူးဆန်းနေသလားလို့။

    မဟာဇနကမင်းကြီး ရသေ့ဝတ်တောထွက်ဖို့ရာတွင် နန်းတော်က သီဝလိဒေ၀ီမိဖုရားကြီးနဲ့
အခြေအရံတွေ၊ စစ်သည်တွေလည်း နောက်က လိုက်သွားကြပါတယ်။ လမ်းခရီးက ရွာတစ်ရွာ
ရောက်တော့ မိန်းကလေးတွေ ဗန်းငယ်၊ ဆန်ကောငယ်တွေနဲ့ ကစားနေကြပါတယ်။ အဲဒီထဲက   
သွက်လက်ချက်ချာပုံ ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဆန်ကောထဲမှာ သဲတွေကိုထည့်ပြီး
 ပြာရင်းကစားနေတယ်။ သူ့လက်တစ်ဖက်မှာ လက်ကောက်နှစ်ကွင်းနဲ့၊ ကျန်တစ်ဖက်မှာတော့  
လက်ကောက်တစ်ကွင်းတည်း ၀တ်ထားပါတယ်။ သူ့လက်တွေ လှုပ်ရှားတဲ့အခါလက်ကောက်
နှစ်ကွင်းဝတ်ထားတဲ့ဘက်က အသံမြည်တာပေါ့။ တခြားဘက်ကတော့ ဘာအသံမှ မထွက်ဘူး။
         ဇနကမင်းကြီးရသေ့က ဒီထူးခြားချက်ကို မေးတဲ့အခါ မိန်းကလေးက “  အရှင်ရဟန်း-
အဖေါ်ရှိရင် ငြင်းရ၊ ခုံရ၊ ခိုက်ရန် ဖြစ်ပွားရပါတယ်။ တစ်ယောက်တည်းဆိုရင် ဘယ်သူနဲ့မျှ ငြင်း
ခုံစရာ၊ ရန်ဖြစ်စရာ မရှိပါဘူး။ မြင့်မြတ်ရာကို အလိုရှိတဲ့ အရှင်ဘုရားအနေနဲ့ တစ်ယောက်တည်း
အဖြစ်ကို နှစ်သက်တော်မူပါဘုရား ” လို့ ပြန်ဖြေပါသတဲ့။
         မဟာဇနကမင်းကြီးရသေ့ တရားလည်းရ၊ ပညာလည်း ရကာ၊ သီဝလိဒေ၀ီမိဖုရားကြီးကို
လှမ်းပြီး “ ကဲ သီဝလိဒေ၀ီ၊ မိန်းကလေး ပြောတဲ့အတိုင်းပဲ ရသေ့ရဟန်းအတွက် မိန်းမနဲ့ကော၊
အခြေအရံ အဖေါ်ပရိသတ်နဲ့ကော မသင့်လျော်ဘူး၊ နေရစ်ကြ ” အမိန့်ချပြီး တစ်ကိုယ်တည်း
တောထွက်တော် မူခဲ့ပါတယ်။
         တောထဲမှာ မိဂါဇိနဆိုတဲ့

ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။

တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်
မှာ သံယောဇဉ် ဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့
ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ အနာဂါမ်အဆင့်လောက် ရောက်နေပါပြီ။ အသက်အရွယ် ကြီးလာလို့
ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို မရောက်နိုင်ဘူး။ တစ်နေ့တော့ ရောဂါ
ဝေဒနာ သက်သာလို့ ကြိုးစားပြီးတော့ ကျောင်းသို့ရောက်လာပါတယ်။
ရောက်လာတဲ့အခါ နကုလပိတာ ဒကာကြီးက “အရှင်ဘုရား .. တပည့်တော် အသက်
အရွယ်ကလည်း ကြီးပြီ၊ အရှင်ဘုရားဆီကိုလည်း မလာနိုင်ဘူး။ ခန္ဓာကလည်း အမြဲတမ်း နာ
တာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လို့ တပည့်တော်ကို ဆုံး
မသြ၀ါဒလေး ပေးပါဦး ” လို့လျှောက်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက “ အေး .. ဟုတ်
တာပေါ့၊ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပဲ”။
ဘယ်လောက်ကျန်းမာတဲ့လူ ဖြစ်ပါေ