September 27, 2013
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် (၀က္ကလိရဟန်း)
မနေ့က ၀က္ကလိကို တစ်ဝက်ကဖြတ်ပြီး နိဗ္ဗာန်ကူးပုံကိုဟောတယ်။ ဒီကနေ့ ၀က္ကလိအစက စပြီး ဆက်ပေးလိုက်မယ်။ နို့မဟုတ်ရင် သံသယရှိနေကြလိမ့်မယ်နော်။
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာကြည့်လိုက်တဲ့အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
           အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
           အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
           ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်
မိသားစုစိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... ဆိုတော့..
မိသားစုစိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... ဆိုတော့...
ဟဲ ဟဲ ဟဲ...တဲ့... သူက ရီ(ရယ်)ပါတယ်...
အရှင်ဘုရားပေးတဲ့ဆုက မပြည့်ဘူးဘုရား ဒါကြောင့်ရယ်တာပါတဲ့...
ကဲ... ဘယ်လိုလုပ်ကြမယ်...
ဆုပေးတာနဲ့ မေတ္တာပို့တာ မတူကွဲပြားတယ် ပြောရမလား... တူတူပါပဲလို့ပြောရမလားပဲ... ခက်ပါ့...
ဗုဒ္ဓဘာသာအရတော့ သူတစ်ဖက်သားကို ပြည့်စုံ ချမ်းသာစေလိုတဲ့သဘောပါ...
မနောကံမေတ္တာ... ဝစီကံမေတ္တာ... ကာယကံမေတ္တာ...ဆိုပြီး...
ကံသုံးပါးနဲ့ ပွားများကြပါတယ်...
ဒါကိုပဲ တနည်းအားဖြင့် ဆုပေးတယ်လို့ သုံးကြတယ် ထင်ပါတယ်...
ဝစီကံအနေနဲ့ ဆုပေးကြတယ်... ဥပမာ ကျန်းမာပါစေ ချမ်းသာပါစေပေါ့...
ကာယကံအနေနဲ့ဆို သူတစ်ပါးကိစ္စ အောင်မြင်အောင် စေတနာနဲ့ ဝင်လုပ်ပေးမယ်...
အောင်မြင်မှုတစ်ခုကြောင့် အထိမ်းအမှတ်ပစ္စည်းပေးတာကိုလည်း ဆုပေးတယ်သုံးပါတယ်...
ကာယကံမေတ္တာ ဆုပေးခြင်းကတော့ လက်ငင်းရတဲ့သဘော ရှိနေပါတယ်...
မြတ်ဗုဒ္ဓသာသနာအနေနဲ့တော့...
မောင်တင်ရေ... ဥုံဖွ... ရစေသတည်းဆိုပြီး ဆုပေးတာမျိုး မရှိဘူးပေါ့...
ဒါမျိုးက တစ်ချို့သော ဘာသာတွေမှာသာ ရှိတာပါ...
ဆုပေးတယ်ဆိုတဲ့စကားလေး တူပေမဲ့... အဓိပ္ပါယ်ခြင်းကတော့ မတူဘူးလေ...
ဒါကိုသဘောပေါက်ရတယ်... သဘောမပေါက်ရင် တမျိုးဖြစ်သွားမယ်...
မေတ္တာနဲ့ပါတ်သက်လို့က ပွားများသူမှာ ၁၁ မျိုး ဒါကတော့သိပြီးသားပါ...
မင်းကွန်းတောင်ရိုးက
ပတ္တမြားဆရာတော်ဘုရား ဘဒ္ဒန္တဇာဂရ (အဂ္ဂမဟာပဏ္ဍိတ) ရေးသားသောကဗျာပါ
အင်္ဂုတ္တရ၊ ဧက်ဒသ၌၊
ဗုဒ္ဓမြတ်စွာ၊ မိန့်တော်မှာသည်၊
မေတ္တာအကျိုး ဆယ့်တစ်
September 24, 2013
သားသမီးတွေကို ငယ်စဉ်က မဆုံးမတဲ့အခါ အရွယ်ရောက်လာသော်...
အိုးလုပ် အိုးဖုတ်တဲ့သူဆိုတာ
ရွှံ့ကောင်းကိုရွေးချယ် ကောင်းကောင်း နယ်တတ်ရတယ်...
စိတ်ကူးကောင်းနဲ့ မိမိလုပ်လိုတဲ့အိုးကို ပုံဖေါ်ရမယ်...
အိုးကို ကောင်းသထက်ကောင်းအောင် မာအောင် နာနာထုရိုက်ရတယ်...
ပြီးမှ မီးကောင်းကောင်း ကျက်အောင်ဖုတ်လို့ ဆေးလှလှချယ်...
ဒီလိုမှ မလုပ်တတ်ရင်တော့ မလှပတဲ့ဒီအိုး မကောင်း...
မြန်မြန်ကွဲလိမ့်မယ်...
ဒီနိုင်ငံရောက် မိသားစုတွေ တွေ့ကြုံကြရတဲ့ ပြဿနာတစ်ခုက...
သားသမီးငယ်ရွယ်စဉ်မှာ မိဘများက စားဝတ်နေရေး ရှာဖွေနေရတော့...
မိမိကိုယ်တိုင်ကလည်း ဗုဒ္ဓအကြောင်းအရာကို ကောင်းစွာမသိနိုင်ကြ...
ဖာသိဖာသာ မိရိုးဖလာ ဗုဒ္ဓဘာသာ...သာသာ...ဒီတော့
သားသမီးတွေကို ဗုဒ္ဓအဆုံးအမနဲ့အညီ မဆုံးမနိုင်ခဲ့ကြဘူးပေါ့...
ကလေးတွေ ကျောင်းသွားကျောင်းတက် သူငယ်ချင်းနဲ့နေချိန်ကများလာ...
အရွယ်ရောက်လာတဲ့အခါ ကလေးတွေမှာ ဘာသာပျောက်ကြတယ်...
ကလေးအချို့က ခရစ်ယန်တွေ ဖြစ်ကုန်ကြပါတယ်...
ဒါဟာ မိဘတွေမှာ အများကြီး တာဝန်ရှိပါတယ်...
သူတို့က ပြောမရဘူးဘုရား ဆိုတာက အကြောင်းပြတစ်ခုလောက်သာ...
ဒီတော့မှ တစ်ချို့မိဘများမှာ ခြေမကိုင်မိ လက်မကိုင်မိ...
ဒီလိုမဖြစ်အောင် မိဘတွေက ဗုဒ္ဓဘာသာဆိုတာကို သေသေချာချာ
မိရိုးဖလာ ဗုဒ္ဓဘာသာထက်သာအော
ကရုဏာစိတ်ထားနှင့် ပရဟိတ…..
ကရုဏာ၏ သဘောသည် သတ္တဝါတို့အပေါ်၊ သူတစ်ပါးတို့အပေါ် သနားကြင်နာခြင်းနှင့်အတူ မိမိကိုယ်နှင့် နှိုင်းယှဉ်၍ စာနာညှာတာ ပေးတတ်သည့် သဘောပင် ဖြစ်သည်။
ကရုဏာသည် ညှင်းဆဲမှု ရက်စက်ကြမ်းကျုတ်မှုတို့မှ ကင်းလွတ်သော ကိုယ်ချင်းစာတရားအပေါ်မှာ အခြေခံထားသည်။ သူတစ်ပါးတို့ကို ဒုက္ခမှ လွတ်ကင်းသွားအောင် ကူညီဖေးမ ဆောင်ကြဉ်းပေးသည်။ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခ မဖြစ်စေလိုသကဲ့သို့ သူတစ်ပါးတို့ကိုလည်း ဆင်းရဲဒုက္ခ မဖြစ်စေလိုပေ။
ကရုဏာစိတ်ထားသည် သူတစ်ပါး အကျိုးစီးပွား မပျက်စီးစေလိုသော သဘောရှိသည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မကြည့်ရက်။ ဆင်းရဲဒုက္ခမှ ကယ်တင်ပေးလိုသည့် စိတ်ထား ဖြစ်သည်။
သနားညှာတာမှု ကရုဏာစိတ်ထား ကင်းမဲ့သူများသည် စိတ်ဆိုး၊ စိတ်မိုက်၊ စိတ်ရိုင်းများဖြင့် သူတစ်ပါးတို့၏ အသက်ခန္ဓာကို သေကြေပျက်စီးရန် သတ်ဖြတ်ရန် ဝန်လေးသူများ မဟုတ်ပေ။ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့ကို လုယက်ဖျက်စီးရန်လည်း စိတ်ထားယုတ်ညံ့ကြသည်။
ကရုဏာတရားဖြင့် ပရဟိတပုဂ္ဂိုလ်များတွင် ရက်စက်ကြမ်းကျုတ်သော ထိုကဲ့သို့ စိတ်ထားမျိုး မရှိ။ သူတစ်ပါးကိုပင် ကူညီ ကယ်တင်ချင်သည့် စိတ်ထားသာ ရှိသည်။ တိုကြောင့်ပင်လျှင် ပရဟိတ လုပ်ကိုင်နေသူများသည် ငွေ
September 19, 2013
သူတော်ကောင်းမှန်းသိနိုင်ရန်-
ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို ''ဤအသျှင် သည် သူတော်ကောင်းတည်း''ဟု သိနိုင်ရာသလောဟု မေးတော်မူ၏။
အသျှင်ဘုရား သိနိုင်ရာပါ၏ဟု လျှောက်ကြကုန်၏။
ရဟန်းတို့ဟုတ်မှန်၏။ သူတော်ကောင်းသည် သူတော်ကောင်းကို ''ဤအသျှင်သည် သူတော်ကောင်းတည်း'' ဟု သိနိုင်ရာသော အကြောင်းသည်ရှိသည်သာတည်း။
ရဟန်းတို့
သူတော်ကောင်းသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာ တည်း''ဟု သိနိုင်ရာသလောဟု မေးတော်မူ၏။ အသျှင်ဘုရား သိနိုင် ရာပါ၏ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ဟုတ်မှန်၏။ ရဟန်းတို့ သူ တော်ကောင်းသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာ တည်း ''ဟု သိနိုင်သောကြောင်းသည် ရှိသည်သာတည်း။
၁။ သူတော်ကောင်းသည် သူတော်ကောင်း တရားနှင့်ပြည့်စုံ၏၊
၂။ သူတော်ကောင်း၌ ဆည်းကပ်ခြင်း ရှိ၏၊
၃။ သူတော်ကောင်း အကြံကို ကြံလေ့ ရှိ၏၊
၎။ သူတော်ကောင်းတို့ အတိုင်ပင်ကို တိုင်ပင်လေ့ ရှိ၏၊
၅။ သူတော်ကောင်းတို့၏ စကားကို ပြောဆို၏၊
၆။ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၏၊
၇။ သူတော်ကောင်းတို့၏ အယူကို ယူလေ့ရှိ၏၊
၈။ သူတော်ကောင်းတို့၏အလှူကို ပေးလှူ၏။
(၁)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ယုံကြည်မှု သဒ္ဓါတရား ရှိ၏၊ အကုသိုလ်မှ ရှက်ခြင်းရှိ၏၊ အကုသိုလ်မှ လန့်ခြင်းရှိ၏၊ အကြား အမြင် များ၏၊ လုံ
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ "ဣဿာ မစ္ဆရိယ ဟူသည်"
ဣဿာ
ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။
လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊
ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။
မစ္ဆရိယ
နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ ခေါ်တယ်။
မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊
အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊
‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။
မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။
မစ္ဆရိယ ၅-မျိုး
မစ္ဆရိယ ၅-မျိုးရှိတယ်။
(၁) အာဝါသမစ္ဆရိယ တဲ့၊
September 16, 2013
"စင်ကြယ်မှုအဆင့်ဆင့် " - ရွှေဥမင်ဆရာတော်ဘုရားကြီး
စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။
စင်ကြယ်ရမှာက ဘာတွေလဲ။
♦ ကိုယ်လည်းစင်ကြယ်ရမယ်။
♦ နှုတ်လည်းစင်ကြယ်ရမယ်။
♦ စိတ်လည်း စင်ကြယ်ရမယ်။
အသိအမြင်လည်း စင်ကြယ်ရမယ်။
ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။
အဲလို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။
အဲလိုစင်ကြယ်တဲ့စိတ်တွေ ဖြစ်လာအောင်
ခန္ဓာက ဖြစ်ခိုက်ဖြစ်ခိုက်ကလေးတွေကို ရှုမှတ်ရမယ်။
ပေါ်လာတယ်၊ သိလိုက်တယ်၊ ချုပ်ပျက်သွားတယ်။
ဖြစ်တိုင်းသိ၊ သိတိုင်း ပျက်နေတယ်။
ဖြစ်ပေါ်လာတာရော ပေါ်တိုင်းသိတဲ့ စိတ်ကလေးရော၊
ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်။
ဒါတင်ပဲလား၊ အားလုံးပါပဲ။ ရင့်ရော်မှု၊ ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။
ရှေးက ယခုလို စက်ခေတ်မဟုတ်တော့ မြင်းရထားတွေနဲ့ သွားရတယ်။
အင်မတန် လှပဆန်းကြယ် အောင် ပြုပြင်ထားတဲ့ ဘေးလောင်းတော်၊
ဘိုးလောင်းတော်တွေ လက်ထက်က အလွန်ဆန်းပြားတဲ့ မင်းစီး ရထားတွေဟာ
September 15, 2013
မပျင်းလုံ့လ အားထုတ်ကြ
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
“ဗာဟုသစ္စဉ္စ သိပ္ပဉ္စ- ဗဟုသုတနှင်ပြည့်စုံခြင်းသည် မင်္ဂလာတစ်ပါး”ဖြစ်ကြောင်း မြတ်စွာဘုရားဟောကြားတော်မူ ခဲ့၏။ ထို့ကြောင့် ဗဟုသုတတိုးပွားအောင် ဆည်းပူးလေ့လာခြင်းဖြင့် ကောင်းမွန်သောအကျင့်ကို ပျိုးထောင်အပ်၏။ ပျင်းနေလို့ မတော်ပေ။ ပျင်းလျှင် ဖျင်းမည်။ ဖျင်းလျှင် ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်မည်။ ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်လျှင် ဘေးကိုရောက်မည်။ ဘေးကိုရောက်ပြီးနောက် မြောင်းထဲကျသွားကာ လုံးဝ သုံးမရဖြစ်ပြီး လူ့ဘ၀ရကျိုးမနပ်ဘဲ ဘ၀နိဂုံးချုပ်ရပေမည်။ ထို ဒဿနလေးသည် ဆရာတော် အရှင်အာစာရာ လင်္ကာရ(ကိုးဘွဲ့ရဆရာတော်)၏ “ပ-ဖ-ဗ-ဘ-မ” ဒဿနလေးပဲဖြစ်ပါသည်။
အရာရာအောင်မြင်ဖို့ဆိုသည်မှာ ထက်သန်သောဝီရိယရှိဖို့လိုအပ်၏။ “၀ီရိယ ၀တော ကိံနာမ ကမ္မံ နသိဇ္ဈတိ”- ၀ီရိယရှိသောသူအတွက် မအောင်မြင်သည့်အရာဟူသည် မရှိပေ။ ထို့ကြောင့် အောင်မြင်လိုလျှင် ၀ီရိယ အရင်းခံရပေမည်။ ထက်သန်သောဝီရိယတရားရှိခြင်းသည် အောင်မြင်မှု၏သော့ချက်ဖြစ်၏။ ဆရာဝန်ဖြစ်လို လျှင် ဆရာဝန်ဖြစ်အောင် အားထုတ်ရမည်။ အင်ဂျင်နီယာဖြစ်လိုက အင်ဂျင်နီယာဖြစ်အောင် ၀ီရိယစိုက်ရပေ မည်။ မြတ်စွာဘုရားရှင်သည် သတ္တ၀ါအနန္တအပေါ်တွင် မဟာကရုဏာတော်ဖြစ်ကာ လမ်းမှန်ကိုညွှန်ပြနိုင်သည့် ဘုရားအဖြစ်သို့ ရောက်လိုသောကြောင့် ဘုရားဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပေသည်။ ဘုရားဖြစ်ဆေးစား၍ မဟုတ်။ ဓာတ်လုံးသောက်ပြီး ဘုရားဖြစ်ခဲ့ခြင်းလည်း မဟုတ်။ လေးအင်္သေချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး အသက်သွေးချွေးပေးဆပ်ပြီး ပါရမီတော်ဆယ်ပါးကို အပြားသုံးဆယ်ဖြင့် ဖြည့်ကျင့်အားထုတ် ၀ီရိယအမြဲမပြတ် စိုက်ထုတ်ခဲ့ရခြင်းဖြစ်၏။
အခြေခံပညာမူလတန်းတုန်းက သင်ယူခဲ့ရသည့် ယုန်နှင့်လိပ်ပုံပြင်လေးထဲတွင် ယုန်နှင့်လိပ် အပြေးပြိုင်ရာ၌ ၀ီရိယမပြတ်အားထုတ်သော လိပ်ကလေးက ပျင်းရိခြင်းအကျင့်ရှိသည့်ယုန်ကို အောင်နိုင်ခဲ့ပုံမှာ ၀ီရိယမပြတ်အားထုတ်ခြင်းသည် အောင်မြင်မှုပန်းတိုင်ရောက်ဖို့ အဓိကကျကြောင်း ပြသထားခြင်းပင်ဖြစ်သည်။ လိပ်၏ပြေးနှုန်းသည် ယုန်နှင့်ယှဉ်ပါက ကွာခြားလှသော်လည်း ပျင်းနေသူကို မပျင်းသူက ကြာလျှင် ကျော်သွားနိုင်သည့်သာဓကဖြစ် ၏။ ၀ီရိယရှိသူသည် လမ်းမှန်ကို လျှောက်လှမ်းနိုင်ပါလျှင် နိဗ္ဗာန်ကို လျင်မြန်စွာ ထိုးထွင်းသိမြင်နိုင်ကြောင်း မယွင်းမှတ်ယူထားပါလေ။
 မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သောဏာထေရီဖြစ်လာမည့် မုဆိုးမတစ်ဦးသည် သားသမီးကလည်းများ၊ စည်းစိမ်ဥစ္စာတို့ကလည်း သူ့တစ်သက် စားလို့မကုန်နိုင်လောက်အောင်ချမ်းသာသည့် သူဌေးမကြီးဖြစ်၏။ သားသမီးတို့က အိမ်ထောင်ကိုယ်စီရှိကြပြီး အမေမသေခင် အမွေကို ကြိုယူချင်နေကြသောကြောင့် အမေကို ဖျောင်းဖျကြသည်မှာ “အမေ့ အမွေတွေကို အညီအမျှ ခွဲဝေပေးလိုက်ပြီး အမေကတော့ သားသမီးတွေထံ အလည်လှည့်စားသောက်နေထိုင်ရင်း မြေးတွေကို ချစ်ခင်ယုယစွာ နေထိုင်ပါ အမေ”ဟူ၍ပြောဆိုကြရာ ထိုအတိုင်း ဆောင်ရွက်ပေးလိုက်သည့်အခါတွင် အသက်ခြောက်ဆယ်ကျော် အဖွားအိုကြီးခမျာ မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။ ချွေးမနှင့်သားမက်တို့၏ ငြူစူစောင်းမြောင်းအော်ဟစ် ခံရသည့်ဒုက္ခတို့ ရင်ဆိုင်ရပြီးနောက် ခွက်တစ်လုံးဆွဲ တုတ်တစ်ချောင်း ကိုင်ကာ တောင်းစားရသည့် အဖြစ်သို့ ရောက်ရပေတော့၏။ ကံကောင်းထောက်မ၍ မြတ်ဗုဒ္ဓသာသနာတော်တွင် မှီခိုအားထား ရာရသဖြင့် သောဏာထေရီအဖြစ် သာသနာ့ဘောင်မှာ နေခွ
September 13, 2013
လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားများ
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ကောင်းတာကျင့်တော့ ကောင်းကျိုးရ၊ မကောင်းတာကျင့်တော့ ဆိုးကျိုးရတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံယုံကြည်ကြတဲ့ ကံနဲ့ကံအကျိုးအပေါ် သက်ဝင်ယုံကြည်တတ်ကြခြင်း ကမ္မဿကတာ သမ္မာဒိဋ္ဌိအမြင်ပါပဲ။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာတွေ ခံစားချင်ကြလို့ ကောင်းမှုတွေ အားထုတ်နေတာမျိုးဆိုရင်လည်း ကိုယ့်ခန္ဓာ ကိုယ်ရောင်းစားနေသလို ဖြစ်နေမယ်။ အကျိုးတရားကို ဉာဏ်နဲ့သိပြီး ဒီဘ၀တွေရနေလျှင် ဒီဒုက္ခတွေက လွတ်မှာမဟုတ်၊ ကြုံပြီးရင်းကြုံ၊ ဆုံပြီးရင်းဆုံကြရကာ ဟိုဘ၀နဲ့ သွားပြီးဒုက္ခခံလိုက်၊ ဒီဘ၀နဲ့နေပြီး ဒုက္ခခံလိုက်နဲ့ ဒုက္ခနယ်ထဲက မလွတ်တမ်းနေခဲ့ကြတဲ့ သံသရာဝဲရဟတ်ကြီးက လွတ်မြောက်နိုင်ရန်အလို့ငှါ၊ ဒုက္ခအပေါင်းက ကင်းလွတ်ရာ အမှန်ဖြစ်တဲ့ နိဗ္ဗာန်ရရှိရန်အလို့ငှါ အားထုတ်မှသာလျှင် ဉာဏ်ပါတာကြောင့် ပါရမီဖြည့်ဆည်းခြင်း ဖြစ်နိုင်ပါတယ်။
ဘုရားလက်ထက်က ပုဏ္ဏားတစ်ဦးက မေးလျှောက်လို့ ဘုရားရှင်ဖြေကြားတော်မူတဲ့တရားကို ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များရဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ITBMU)တွင် ပရိယတ္တိ စာပေများသင်ယူနေကြသည့် စာသင်သားရဟန်းတော်များအား (၂၂)ကြိမ်မြောက်လစဉ်အလှူတော်၌ စာသင်သား ရဟန်းတော်ဟောကြားချီးမြှင့်လိုက်တဲ့တရားကို ဓမ္မဒါနရေးသားလိုက်ပါတယ်။ လောကီ အတွက်ရော လောကုတ္တရာအတွက်ရော ချမ်းသားကြီးပွါးကြောင်းတရားများက ဘယ်လိုတရားမျိုးတွေပါလဲ မေးလျှောက်တဲ့ အခါမှာ ဘုရားရှင်က လောကီအတွက် ချမ်းသားကြီးပွါးကြောင်းတရားက ၄ ပါး၊ လောကုတ္တရာအတွက် ချမ်းသာကြီးပွါးကြောင်းတရားက ၄ ပါးရှိကြောင်း ဝေဖန်ပိုင်း ခြား၍ ဖြေကြားတော်မူပါတယ်။
လောကီချမ်းသာကြီးပွါးကြောင်းတရား ၄ ပါး
၁) ဥဋ္ဌာနသမ္ပဒါ(ထကြွလုံ့လရှိခြင်း)။ ။“မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊ ကယ်မည့်သူ ဘယ်မရှိ၊ သေချာဒုက္ခ ရောက်မည်သိ”ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ။ ကြိုးစားအားထုတ်မှု လုံ့လမရှိလျှင်တော့ သူ့အတွက် အောင်မြင်မှု၊ ကြီးပွါးတိုးတက် မှုဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ချမ်းသာကြီးပွါးချင်ရင် လုံ့လရှိရမယ်၊ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ဒါမှ တိုးတက်အောင်မြင်မှာ သေချာပါတယ်။
၂) အာရက္ခသမ္ပဒါ(လုံ့လ၀ီရိယကြောင့်ရရှိသော စည်းစိမ်ဥစ္စာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း)။ ။ စီးပွါးဥစ္စာ တွေတော့ ရှာထားတယ်၊ ပြည့်စုံကြွယ်ဝလာတယ်။ ဒါနဲ့တင် မပြည့်စုံသေးပြန်ပါဘူး။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး”ဆိုတဲ့ ရန်သူမျိုးငါးပါးက အချိန်မရွေး ဖျက်ဆီးပစ် နိုင်တာကြောင့် ဘယ်လိုမျိုး စောင့်ရှောက်ထိန်းသိမ်းထားလျှင် လွတ်နိုင်မလဲ၊ ကာကွယ်ပြီးသားဖြစ်မလဲဆိုတာကိုလည်း တတ်ကျွမ်းနားလည် နေရမယ်။ ဆောင်ရွက်တတ်ရပါ့မယ်။ ဒါမှ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ယုတ်လျော့မသွားဘဲ ကြာရှည်စွာတည်တံ့နိုင်မှာပဲဖြစ်တယ်။ ရ,ထား သမျှ အကျိုးမရှိ ကိုယ်ကိုယ်တိုင် သုံးဖြုန်းပစ်နေလျှင်လည်း ရရှိထားသမျှ ဥစ္စာတွေဖျက်ဆီးပစ်ဖို့ ကိုယ်ကိုယ်တိုင် ရန်သူလည်း ဖြစ်နေတတ်ပါတယ်။ အပျော်အပါး၊ အသောက်အစား၊ အမော်အကြွားတွေ၊ အလောင်း
September 12, 2013
"စိုသော လက်ကို မခြောက်စေနဲ့ "
၁။ တတ်နိုင်သမျှ စကားနည်းပါ၊
၂။ ဥပေက္ခာ ပြုသင့်တာ ပြုပါ၊
၃။ တွေးတော ကြံစည် ပြုလုပ်မှု့တိုင်းမှာ စေတနာပါ - ပါစေ။
ကျမ္မာရေး အနေနဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာကို လုံးဝ မစားပဲ နေနိုင်အောင် ကြိုးစားပါ၊ ကိုယ်နဲ့ တည့်တာကိုတော့ လျော့စားပါ၊ ဒါဆို ကျမ္မာရေးလဲ ကောင်းပြီး အသက်ရှည်စွာ နေရပါလိမ့်မယ် - -
စာရေးသူ လက်ကိုင်ထားခဲ့တဲ့ ရှေးရှေးဆရာတော်ကြီးရဲ့ အဆုံးအမ သြ၀ါဒလေးဖြစ်ပါတယ်၊ စစ်ကိုင်းတောင်ရိုး ကျေးဇူးတော်ရှင် သာသနာပိုင် ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒဖြစ်မယ် ထင်ပါတယ်၊ ပရဟိတ -လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်လိုတယ် ဆိုရင် စကားနည်းနိုင်သမျှ နည်းပါစေ တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ စကားအများကြီးပြောရင် စကားထဲက အမှားတွေ ပါလာတတ်ပြီး ဘ၀က လက်ရှိအခြေအနေကနေ သုည ဖြစ်သွားတတ်တယ်၊
နှစ်ကတော့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကြီးငယ်တွေမှာ ဥပေက္ခာပြုထားနိုင်တာဟာလဲ စိတ်ချမ်းသာဖို့ နည်းလမ်းတစ်ခုပါပဲ၊ မဆိုင်ပဲ ၀င်ရှုပ်မိရင် သူများ ဓားခုတ်ရာ လက်ဝင်ရှိုသူလို ဓားစာခံ ဖြစ်တတ်ပါတယ်၊ သုံးနံပါတ် အနေနဲ့ ကိုယ်လုပ်လိုက်တဲ့ ကိစ္စ မှန်သမျှ ၊ ပြောစကားမှန်သမျှနဲ့ တွေးတော စဉ်းစားမှု့ တိုင်းမှာ စေတနာ ထားရပါမယ်၊ အလုံးစုံ ( တဖက်သား ထိခိုက်နစ်နာစေလိုတဲ့ စိတ်ထားဘယ်တော့မှ မထားရပါဘူး)
ဘုရားရဲ့ သားအရင်းပဲ ဆိုတဲ့ စိတ်နဲ့ စိတ်ဓာတ်တွေ ရုန့်ရင်း မောက်မာ မှာကို စိုးရိမ်တော်မူလို့ သားတော်ရာဟုလာလေး သာသနာ့ဘောင် ၀င်လာတဲ့ အခါမှာမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက အထူးသြ၀ါဒအနေနဲ့ ဆုံးမတော်မူထားတဲ့ ရာဟုလောဝါဒ သုတ္တန် ဆိုတာ ပိဋကတ်တော်မှာ အလေးထား ရတဲ့ ဒေသနာတစ်ခုဖြစ်နေဆဲပါ၊
ချစ်သား ရာဟုလာ - စကားတခွန်းကို ပြောတော့မယ် ဆိုရင် မပြောခင် စဉ်းစားလိုက်ပါ၊ အခု ငါပြောလိုက်မယ့် စကားတခွန်း ဟာ ကိုယ့်အတွက် အကျိုးမဲ့ ဖြစ်စေသလား ဒါမှမဟုတ် သူများအတွက် အကျိုးမဲ့ ဖြစ်စေသလား - တခုခု ထိခိုက်နေရင် အဲဒီစကားကို မပြောပါနဲ့၊
နောက်ထပ် ပြောနေဆဲ မှာလဲ သတိကပ်ပြီး စဉ်းစားလိုက်ပါ၊ အခု ငါပြောနေတဲ့ စကားဟာ - - --ပြောပြီးသွားရင်လဲ စဉ်းစားလိုက်ပါအုံး အခု ငါပြောပြီးသွားတဲ့ စကားတစ်ခွန်းဟာ --ကိုယ့်အတွက် သူများအတွက် အကျိုးမဲ့ ဖြစ်စေသလား - ပေါ့။
ပြောင်းပြန်အနေနဲ့ ကိုယ့်အတွက် သူများအတွက် တခုခု အကျိုးရှိစေတယ် ဆိုရင် ပြော သာ ပြောပါ - ဒါပေမယ့် အဲဒီစကား ဟာ ဟုတ်မှန်တဲ့ သစ္စာစကားလဲ ဖြစ်နေတယ်၊ အကျိုးလဲ ရှိစေတယ်၊
September 11, 2013
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိပြုတ်တရားတော်(၁) အရေးကြီးတဲ့အလုပ်၊ ကြီးသလိုလုပ်ပါ
အရေးကြီးတဲ့အလုပ်ကို ဒကာ ဒကာမတွေက နှေးနှေးလုပ်လို့ရှိရင်ဖြင့် အပြစ်တစ်ခုခုတော့ တွေ့မှာပဲဆိုတာ မှတ်ထားရမယ်နော် … (မှန်ပါ့) အရေးကြီးတဲ့အလုပ်ကို နှေးနှးမှ လုပ်ကြလို့ရှိရင် အပြစ်သင့်မှာပေါ့ … (မှန်ပါ့) အရေးကြီးတဲ့အလုပ်မလုပ်ပဲ နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးမှ ခေါင်းပြူပြီးအပေါ်တက်နိုင်ဖို့ မမြင်ပါဘူး … (မှန်ပါ့)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း ဟောပါတယ်၊ အရေးကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့ အလုပ်ကို အသာချိတ်ထားပါလို့ ဦးဘရှင်းတို့ကို ဆုံးမရတယ်၊ အရေးကြီးသောအလုပ် ဘာတုံးလို့ဆိုရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ငရဲမျိုးစေ့ဖြုတ်လိုက်၊ ကိုစောမောင် … ဘာဖြုတ်ရမတုံး…(ငရဲမျိုးစေ့ ဖြုတ်ရမှာပါ ဘုရား)။
ကိုစံလှတို့ မှတ်မိပါလိမ့်ဦးမယ်၊ ငရဲမျိုးစေ့ဘယ်သူပါလိမ့် (ဒိဋ္ဌိပါဘုရား) သက္ကာယဒိဋ္ဌိ … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ငရဲမျိုးစေ့ဘယ်သူပါလိမ့် … (သက္ကာယဒိဋ္ဌိပါဘုရား)။
ကောင်းပြီ - ဒီ သက္ကာယဒိဋ္ဌိလည်း ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော် မူပါတယ်၊ သံယုတ်ပါဠိတော်မှာ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ - သတ္တိယာဝိယ သြမဋ္ဌော ဒယှမာနောဝ မတ္တကေ သက္ကယဒိဋ္ဌိပ္ပဟာနာယ သတော ဘိက္ခုပရိဗ္ဗဇေ-လို့ဟောလိုက်တယ်၊ ပါဠိရွတ်နေ အပိုပါပဲ၊ မြန်မာလိုပြောလိုက်ပါဆိုတော့ ကိုစောမောင်ကို တစ်ယောက်သော ပိုဂ္ဂုလ်က အသွားမြမြထက်တဲ့ လှံကြီးနဲ့ ထိုးလိုက်တယ်နော် … (မှန်ပါ့)။
လှံအဝေးကနေပစ်လိုက်တယ်၊ ပစ်ထိုး-ထိုးလိုက်တဲ့အခါကျတော့ ကိုစောမောင်က အစွမ်းကုန်တော့ဖြင့် တိမ်းမှာပဲ…(မှန်ပါ့) ဒီထက်မြန်တဲ့အလုပ်ရှိရင် ဒီထက်မြန်သလိုပဲ တိမ်းရမှာပဲဆိုတဲ့ ဥစ္စာ အရှင်းသားပဲ … (မှန်ပါ့) ဒါ - အမြန်ဆုံးလုပ်ရမဲ့ကိစ္စပဲဆိုတာ အားလုံး ဒကာ ဒကာမတွေ သိကြမှာပေါ့ … (မှန်ပါ့)။
ဦးခေါင်းကို မီးဖွားလေးတစ်ခု တခြားကလွင့်လာပြီး ဒီအုန်းဆီတို့ လိမ်းထားတဲ့ ခေါင်းပေါ်မှာ မီးဖွားလွင့်ပြီး မီးလေးက ဖျတ်ဖျတ်နဲ့ မြန်မြန်လောင်တဲ့အခါကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီထက် ပျာပျာသလဲ လုပ်စရာကိစ္စ ရှိသေးရဲ့လား … (မရှိပါဘုရား) ထမင်းစာဖိတ်လည်း မသွားနိုင်ပါဘူး၊ ကလေးငိုနေလဲ …(မသွားနိုင်ပါဘူးဘုရား) ဘာကြောင့်တုံး၊ ဒါ-အရင်ငြိမ်းရမှာကိုးဗျ … (မှန်ပါ့) ဦးဘရှင် ဒါ-အရင်ငြှိမ်းမှာပဲ … (မှန်ပါ့)။
ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဥာဏ်နဲ့ ကြည့်ပါတယ်ကွာတဲ့၊ ဩော်-သက္ကာယဒိဋ္ဌိကို ဒီလိုအမြန်ဖြုတ်ပြစ်လိုက်၊ ဒီ-မီးငြိမ်းတဲ့အမြန်မျိုးနဲ့ ဥာဏ်နဲ့နှုတ်ပစ်၊ ဒီလှံကို ရှောင်သလို-အမြန်ရှောင်ပစ်လိုက်ပေါ…(မှန်ပါ့)။
အဲ့လောက် အမြန်ဟောတယ်လို့ သံယုတ်ပါဠိတော်မှာ ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီထက်မြန်စရာကော ရှိသေးရဲ့လား … (မရှိတော့ပါဘူး) ဘုရားက အရေးကြီးတဲ့အလုပ် ဖြေးဖြေးမလုပ်ပါနဲ့လို့ စကားခင်းခဲ့တယ်…(မှန်ပါ့)။
အရေးကြီးတဲ့အလုပ်ကို … (မြန်မြန်လုပ်ရမှာပါဘုရား) ဖြေးဖြေးလုပ်လို့ရှိရင် အပါယ်ရောက်သွား လိမ့်မယ်
သိကြားရှိခိုးခံ သူများ
သိကြားရှိခိုးထိုက်သူ
(သီတဂူစတား စာတိုပေတို)
စာမိတ်ဆက်
ငယ်ငယ်ကထဲက ခဏခဏ ကြားဖူးနေတဲ့ သုတ္တန်တစ်ခုဖြစ်သည်၊ စာရေးသူ တောင်မြို့မဟာဂန္ဓာရုံမှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာ ၁၃၀၀ ကျော်တို့အား ဆွမ်းကပ်ရန် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ဒကာ ဒကာမများအား နေ့စဉ် နံနက်တိုင်း တရားစကားများ ပြောကြားရာဝယ် “သိကြားမင်းက လူဝတ်ကြောင်တွေကို ရှိခိုးလေ့ရှိတဲ့အကြောင်း”ကို မကြာမကြာ ပြောလေ့ရှိသည်။ ယခု စာဖတ်ရင်း ထိုသုတ္တန်ကို ဖတ်မိသဖြင့် အလွမ်းပြေ အမှတ်တရ စာတိုပေတို မှတ်စု ပြုစုလိုက်သည်။
သိကြားမင်း ရှိခိုးခံရသူများ
၁။ ကြာမြင့်စွာကာလကထဲက မြတ်သော အကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်
၂။ ပရဟိတ စိတ်ရှိပြီး ဒါန၀တ်ရှိတဲ့ လူဝတ်သူတော်စင်များ
၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ
၎။ တရားသဖြင့် ရှာဖွေပြီး သား မယားကို ပြုစုသူများ။ (လင့်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ ကျေပွန်သူများ)
မိသားစုဘ၀လေးကို စင်စင်ကြယ်ကြယ်နဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သူကို သိကြားမင်း ရှိခိုးသတဲ့။
 အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်
သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကို ရှိခိုးလေ့ရှိသတဲ့၊ ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်၊ သူတို့တတွေဟာ ကျောင်းကိုပဲ သွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲ သွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိသည်။ သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏တပည့်ကောင်းများနည်းတူ အပြင်ထွက်ခါနီး လက်အုပ်ချီ ရှိခိုးလေ့ရှိသည်၊ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိနတ်သားက “အရှင်မင်းကြီး---အရှင်မင်းကြီးက ဘယ်သူ့ကို ဘယ်အကြောင်းကြောင့် ရှိခိုးနေတာလဲ၊ တကယ်ဆို မြေပြင်ရှိ ၀ိဇ္ဇာသုံးပါး အဘိဥာဏ်များရရှိပြီးသူများနှင့် ရေမြေတောတောင်ကို အစိုးရတဲ့ ဘုရင်တွေက အရှင်နတ်မင်းကြီးကို ရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာနတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊ ရှိခိုးကြရတယ် မဟုတ်လား”ဟု မေးတော့ သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး ရဟန်းသူတော်စင် လူ သူတော်စင်များ ဖြစ်ကြတယ်”ဟု အထက်ပါ အရှိခိုးခံထိုက်သူများကို စာရင်းလုပ် ထုတ်ပြလေသည်။
September 9, 2013
ဝိစိကိစ ၦာ၏ သေဘာ…(၂)…
ဝိစိကိစ ၦာ၏ သေဘာ…(၁)… မွ အဆက္
ဝိစိကိစ ၦာကို ပယ်ရှားနိုင်ရန် တရား (၆) ပါး ရှိလေသည်။
(၁) ဗဟုဿုတကာ - များသော အကြားအမြင်ရှိခြင်း
(၂) ပရိပုစ္ဆကတာ - အဖန်ဖန် မေးတတ်ခြင်း
(၃) ဝိနယေပကတညုတာ - ဝိနည်း၌ ကျွမ်းကျင် လိမ္မာခြင်း
(၄) အဓိမောက္ခဗဟုလတာ - ဆုံးဖြတ်နိုင်ခြင်း များခြင်း
(၅) ကလျာဏမိတ္တတာ - ကောင်းမွန်သော အဆွေခင်ပွန်းရှိခြင်း
(၆) သပ္ပါယကထာ - လျောက်ပတ်သည်ကို ပြောဆိုခြင်း
ဝိစိကိစ္ဆာကို ပယ်ရှားနိုင်စေရန် အကြားအမြင် ဗဟုသုတများစွာ ရရှိအောင် ကြိုးစားကြရမည်။ တရားဓမ္မနှင့် သက်ဆိုင်သော စာအုပ်စာပေမျာကို ဖတ်မှတ်ရမည်။ယခုခေတ်တွင် အင်တာနက်များ၌လည်း ဓမ္မ ဗဟုသုတ များစွာကို ရှာဖွေ လေ့လာနိုင်ပေသည်။ ထိုသို့ရှာဖွေ လေ့လာရာတွင် စာပေ အဆိပ်မသင့်ဖို့သာ အရေးကြီးပေသည်။ ဓမ္မနှင့် လွဲချော်နေသော စာပေများကိုဖတ်ရှုခြင်းဖြင့် အသိ အမြင် လွဲမှားမှုများ ဖြစ်စေတတ်သည်ကို သတိချပ်ရပေမည်။ မှန်ကန်သောစစ်မှန်သော ဓမ္မ ဗဟုသုတများကို လေ့လာခြင်းဖြင့် အကြားအမြင် အသိအမြင်များပြီး မိမိတို့၏ဝိစိကိစ္ဆာများ လွယ်လင့်တကူ ပါးသထက် ပါးလာပေမည်။
မိမိ မသိသေးသော၊ မရှင်းလင်းသေးသော၊ ဇဝေဇဝါ ဖြစ်နေသော၊သို့လော သို့လော ဖြစ်နေသော ဓမ္မရေးရာ ကိစ္စရပ်များကိုလည်း နားလည်တတ်ကျွမ်းသော ရဟန်း ပညာရှိ၊လူပညာရှိ စသည့် ပညာရှိ သူတော်ကောင်းများထံ ဆည်းကပ်နာယူ မေးမြန်း လျှောက်ထားကြရမည်။ရှုထောင့် အမျိုးမျိုးမှ သုံးသပ်ကာ ကြိမ်ဖန်များစွာ မေးမြန်း ဆွေးနွေး ကြရမည်။ သို့မှသာမှန်ကန်သော အဖြေကို တိတိကျကျ ရရှိလာမည်။ ဆရာမကူဘဲ သဗ္ဗညုတ ဉာဏ်တော်ကို ရနိုင်စွမ်း ရှိသည်မှာပါရမီဆယ်ပါးကို ပြီးပြည်စုံအောင် ကျင့်ကြံပွားများခဲ့သော ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းပင်ရှိသည်။ ဤဤထိုထို သတ္တဝါ ပုဂ္ဂိုလ်မှန်သမျှသည် ပညာရှိသူတော်ကောင်းများ ထံတွင် ဆည်းကပ်ပြီးမေးမြန်းလျှောက်ခြင်း မရှိဘဲ ဝိစိကိစ္ဆာ ကင်းစင်နိုင်ဖို့ရန် လုံးဝ မဖြစ်နိုင်ပေ။မိမိ ကိုယ်ပိုင် အသိ တစ်ခုတည်းဖြင့် မှန်သည် ဟု ဆုံးဖြတ်ချက် မချသင့်ချေ။ အမှားပေါ်အမှား ထပ်ဆင့်သွားတတ်သည်။
ဝိစိကိစ ၦာ၏ သေဘာ…(၁)…
ဝိစိကိစ ၦာ ဟူသည် နာမ်တရား စေတသိက် တစ်ခုပင် ဖြစ်သည်။ဝိစိကိစ္ဆာသည် ဟိုဟာ ဖြစ်လေသလား၊ ဒီဟာ ဖြစ်လေသလား၊ ဟုတ်မှ ဟုတ်ပ့ါမလား၊ အဟုတ်ပဲ ဖြစ်နေမလားစသည်စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် မချနိုင်ဘဲ အာရုံ၌ ယုံမှား တွေးတောခြင်းသဘောပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် စိတ်နှစ်ခွ ဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ခြင်း၊သို့လော သို့လော သံသယ ဖြစ်ခြင်း၊ အာရုံအပေါ် သံသယ ဖြစ်ခြင်း စသည်ဖြင့် အဓိပ္ပာယ် ပြန်ဆိုနိုင်လေသည်။ကိလေသာ ဆယ်ပါးတွင် ဝိစိကိစ္ဆာသည်လည်း အခန်းကဏ္ဍ တစ်ခုတွင် နေရာ ဝင်ယူထားသည် ဖြစ်ရာ ၄င်းနှင့်ပတ်သက်သည့် အခြေခံ သဘောတရားများကို သိထားရမည် ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ဝိစိကိစ္ဆာသည် ဓမ္မလမ်းကြောင်းတွင်ယုံမှားတွေးတောခြင်း ဟူသော ဆူးငြောင့် ခလုတ် တံသင်း ငုတ် သဖွယ် ဖြစ်နေသောကြောင့်ပင်တည်း။ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သည်။ ကုသိုလ်တရားတို့ကို နှိပ်စက် ခိုးယူ လုယက်တတ်သည်။ယုံမှား တွေးတော မဆုံးဖြတ်နိုင်ခြင်းဖြင့် အကုသိုလ် တရားတို့ကို နှောင်ဖွဲ့ထားတတ်ပြန်သည်။မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မမြင်အောင် ဖုံးကွယ်ထားတတ်သည်။ သတ္တဝါတို့၏ အဇ္ဈတ္တ အတွင်းသန္တာန်၌ကိန်းအောင်းနေပြီး အဆိပ်ကဲ့သို့ ဒုက္ခပေးတတ်လေသည်။ ထိုကြောင့် အကုသိုလ် စေတသိက် (၁၄)လုံးတွင် တစ်ခု အဖြစ် ဝိစိကိစ္ဆာစေတသိက် ပါဝင်နေသည်။
ဝိစိကိစ္ဆာဟူသော ယုံမှားသံသယ ဖြစ်ခြင်း ဆိုသည်မှာမည်သို့သော ကိစ္စ အကြောင်းအရာများကို ယုံမှားသံသယ ဖြစ်သနည်း ဟု မေးစရာ၊ တွေးစရာများရှိလာပေသည်။ အမှန်အားဖြင့် ဝိစိကိစ္ဆာ သည် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး၊ ကံနှင့်ကံကံ၏ အကျိုး၊ သံသရာလည်ခြင်း ပြတ်ခြင်း၊ ရှေးဘဝ နောက်ဘဝ၊ သစ္စာလေးပါး၊ ခန္ဓာ၊ အာယတန၊ဓာတ်၊ ပဋိစ္စသမုပ္ပါဒ် စသည်တို့၌ ယုံမှား သံသယ ဖြစ်ခြင်းသည် ဝိစိကိစ္ဆာ ဖြစ်သည်။ ဝိစိကိစ္ဆာသည် လိုချင်တပ်မက်မှု လောဘနှင့်လည်း ယှဉ်တွဲ၍ မဖြစ်၊ ဖျက်ဆီး ပျက်စီးစေလိုသော ဒေါသနှင့်လည်းယှဉ်တွဲ၍ မဖြစ်ပေ။ တွေဝေ မိုက်မဲစေသော မောဟနှင့်သာ ယှဉ်တွဲ၍ ဖြစ်သည်။
ဝိစိကိစ္ဆာ အတုလည်း ရှိသေးသည်။ လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော တစ်ဦးကို တစ်ဦးက မယုံကြည်ခြင်း၊ မသင်္ကာ ဖြစ်ခြင်း၊ သူသည် မိမိထင်ထားသည်နှင့်ဟုတ်ရောဟုတ်ပါ့မလား ဟု သံသယ ဖြစ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ထင်ယောင် ထင်မှား ဖြစ်ခြင်း၊မဝေခွဲနိုင်ခြင်း၊ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ခြင်း၊ မိမိ မသွားရောက်ဖူးသော လမ်းခရီးကိုသွားရာတွင် ဤလမ်းသည် မှန်ရော မှန်ပါ့မလား၊ ဖြစ်ရော ဖြစ်နိုင်ပါ့မလား တွေးတောပြီး စိတ်နှစ်ခွဖြစ်ခြင်း၊ ချစ်ခင်နှစ်သက်နေကြသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ငါ့ကွယ်ရာမှာ သူဖောက်ပြန်နေသလား၊ ငါ့အပေါ်မှာ ချစ်ခင်နှစ်သက်မှု ရှိရော ရှိပါသေးရဲ့လား ဟု တစ်ဦးကိုတစ်ဦး ယုံမှား သံသယ ဖြစ်ခြင်း၊ မယုံသင်္ကာ ဖြစ်ခြင်း စသည်တို့သည် ဝိစိကိစ္ဆာ အတုသာလျှင်ဖြစ်သည်။
September 8, 2013
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပုထုဇဉ်နှင့် ဒွန်းစဏ္ဍား
မဂ္ဂသစ္စာမှာ"အဓိမတေယျဋ္ဌ"သဘောရှိတယ်၊ "အဓိပတေယျဋ္ဌ"ဆိုတာမဂ်၏အဓိသီလ..အဓိစိတ္တ..အဓိပညာ
သိက္ခာ ၃-ခု ရဟန်းမှုတွင် သူ့ပြင်မရှိ..ကြီးဘိတုလတ်..အထွဋ်အထိပ်ဖြစ်သော သဘောကိုဆိုလိုတယ်၊
ဝေဒနာဖြစ်ဖြစ်..စိတ်ဖြစ်ဖြစ် ရှုတော့ ဖြစ်ပျက်ဒုက္ခတွေမြင်..ဖြစ်ပျက်ဒုက္ခတွေမုန်း..ဖြစ်ပျက်ဒုက္ခတွေဆုံးသွား
ရင်၊ မဂ်ဉာဏ်ပေါ်လာမယ်၊ မဂ်ဉာဏ်ပေါ်လာရင် အဓိသီလ..အဓိစိတ္တ..အဓိပညာဖြစ်တယ်၊ "အဓိ"ဆိုတာ
အကြီးအကဲ..လွှန်မြင့်မြတ်ခြင်း အဓိပ္ပာယ်ရှိတယ်၊ ဝိပဿနာ ရှုတုန်းမှာရှိတဲ့ သီလ..သမာဓိ (စိတ္တ) ပညာတို့
ဟာ သာမည သီလ သမာဓိ ပညာလောက်ပဲ ရှိသေးတော့၊ မခိုင်မြဲသေးဘူး၊ အလှုပ်မခံဘူး၊ စုတေပြီးနောက်
ပျက်စီးသွားနိုင်တယ်၊ မဂ်ဉာဏ်ပေါ်တဲ့အခါ ဖြစ်လာတဲ့ သီလ ကမာဓီ ပညာကတော့ ထူးကဲမြင့်မြတ် အကြီး
အကဲဖြစ်လာတဲ့"အဓိသီလ..အဓိစိတ္တ..အဓိပညာ"မျိုး ဖြစ်သောကြောင့် ခိုင်မြဲသွားတယ်၊ အလှုပ်ခံနိုင်တယ်
စုတေပြီးနောက်လဲ ဘယ်တော့မှ မပျက်စီးတော့ဘူး၊ ဒီတော့ ပုထုဇဉ်မှာ ရှိတာကတော့ သာမညသီလ သမာ
ဓိ ပညာလောက်ပဲ ရှိတာ၊ အရိယာ ဖြစ်လာတဲ့အခါမှာတော့ ဒါတွေဟာ အဓိသီလ အဓိစိတ္တ (သမာဓိ) အဓိ
ပညာ ဖြစ်သွားတယ်၊ အဲဒီတော့ အဓိသီလ အဓိစိတ္တ အဓိပညာ ဖြစ်ဖို့ရန်မှာ မဂ်ဉာဏ်ရမှ အရိယာဖြစ်မှ ဖြစ်
တယ်၊ မဂ်ဉာဏ်ရဖို့ရန်မှာ နိရောဓနိဗ္ဗာန်မြင်မှဖြစ်တာ၊ နိရောဓ..နိဗ္ဗာန်ချမ်းသာမြင်ဖို့ရန်လည်း ဒုက္ခသစ္စာ..
ဆင်းရဲမှုကို သေသေချာချာ သိမြင်မှ ဖြစ်တာ၊ ဒီတော့ ဆင်းရဲတာမြင်မှ ချမ်းသာတာ ထင်ရှားလာမယ်၊ ဆင်း
ရဲတာမှ မမြင်းဘူးတဲ့ပုဂ္ဂိုလ်မှာ ချမ်းသာတာမထင်ရှားဘူး၊ ချမ်းသာတမြင်မှလဲ ဆင်းရဲတာဟာ ပိုတင်ရှားမယ်
ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်၊ ဆိုတော့၊ ပုထုဇဉ်တွေဟာ မိမိတို့ရထားတဲ့ခန္ဓာ နေရာတဲ့ဘဝကို ဒုက္ခကြီးပဲလို့
မြင်ဖို့အရေးကြီးတယ်၊ ဒါမမြင်သေးသရွေ့တော့ တကယ့်ချမ်းသာ အစစ်ကိုလိုချင်မှာ မဟုတ်ဘူး၊ ဒါကြောင့်
ခင်ဗျားတို့ ဒုက္ခသစ္စာမြင်ဖို့အရေးအတွက်..သုဘရာဇာ..ဒွန်းစဏ္ဍားဘဝ အကြောင်းနဲ့အကျယ်တဝင့် ပြောပြ
မယ်။ "ဒွန်းစဏ္ဍား"မန္တလေးမှာ ရွာဟိုင်း သုဿန်ဆိုတာရှိတယ်၊ အဲဒီမှာ သုဘရာဇာ..ဒွန်းစဏ္ဍားတွေ ရှိတယ်၊
သူတို့မှာ ဒီအထဲမှာပဲမွေး၊ သူတို့ အဖေအမေတွေလဲ ဒီမှာအိမ်ထောင်ကျ..ဒီမှာမွေး ဒီမှာနေဆိုတော့၊ သူတို့
မှာ အထူးကြောက်လန့် တယ်လို့မရှိဘူး၊ ဘာကြောင့်တုံး၊ ဒီမွေး ဒီနေလိုပေါ့၊ သူတို့မှာ မသာ..အသုဘလာလို့
ရှိရင် ဝမ်းသာတယ်၊ အသုဘလာလေ ဝမ်းသာလေပဲ၊ သူတို့အဖို့ ဒါဟာလာဘ်ကြီးတစ်ခုဖြစ်နေတယ်၊ မြို့ထဲ
ကလူတွေကျတော့မသာ..အသုဘ ကိုယ့်လမ်းကသွားတာကို မကျေနပ်ဘူး၊ နှာခေါင်းရှုံကြတယ်၊ ကြောက်
ကြလန့်ကြတယ်၊ ဒီတော့ အမြင်တစ်မျိုးစီဖြစ်နေတာပေါ့၊ မြို့ထဲကလူတွေကအမြင်တစ်မျိုး၊ သုဘရာဇာ..ဒွန်း
စဏ္ဍားအမြင်က တစ်မျိုး၊ မြို့ထဲကလူတွေက အသုဘဆိုလို့ရှိရင် မင်္ဂလာမရှိ..ရွံစရာကြောက်စရာလို့ သ
ဘောထားကြတယ်။
အိုခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါလော့
… အိုခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ…
''(ငါသည်) အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ အဘယ် အကျိုးထူးကို စွဲ၍ ''(ငါသည်) အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။
ရဟန်းတို့ သတ္တဝါတို့အား ပျိုရွယ်ချိန်၌ ပျိုရွယ် မာန်ယစ်ခြင်းရှိ၏၊ ယင်းပျိုရွယ်မာန်ယစ်ခြင်းဖြင့် မေ့လျော့ ယစ်မူးကုန်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(အိုခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား ပျိုရွယ်ချိန်၌ ပျိုရွယ်မာန်ယစ်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်းဖြစ်၏။
ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ''ငါသည် အိုခြင်း သဘောရှိ၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။
ရဟန်းတို့ အရိယာတပည့်သည် ''ငါတစ်ယောက်တည်းသာလျှင် အိုခြင်း သဘောရှိသည် ငါတစ်ယောက်တည်းသာလျှင် အိုခြင်း သဘောကို မလွန်ဆန်နိုင်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တခြားဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် အိုခြင်း သဘော ရှိကုန်၏၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်ကုန်ချေ'' ဟု ဆင်ခြင်၏။
ထို (အိုခြင်း) အကြောင်းကို မပြတ်ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏။ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ် ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။
(အဘိဏှပစ္စဝေက္ခိတဗ္ဗ) ဌာနသုတ် –မှ၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။
        ဓမ္မဒါယာဒ by ဓမ္မဒါယာဒ အရှင်နန္ဒသာရ        ဆိုက်မှကူယူဖေါ်ပြပါသည်။
September 5, 2013
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ ဒဿနဋ္ဌအနက်(၃)
မဂ္ဂသစ္စာဟာ"ဒဿနဋ္ဌော"သဘောရှိတယ်၊ "ဒဿနဋ္ဌော"ဆိုတာ နိဗ္ဗာန်မြင်တဲ့ တရားလို့မှတ်ပါ၊ နိဗ္ဗာန်ကို
ဘယ်အချိန်မြင်မှာလဲ၊ ဒုက္ခဆုံးတဲ့အခါ မြင်လိမ့်မယ်၊ ဒုက္ခဘယ်အချိန်ဆုံးမှာတုံး၊ အဝိဇ္ဇာနဲ့ တဏှာဆုံးတဲ့
အချိန်မှာ ဆုံးမှာပဲ၊ အဲဒီတော့ အဝိဇ္ဇာ တဏှာဆုံး (ချုပ်) တဲ့အခါ..ဒုက္ခဆုံးမယ်၊ ဒုက္ခဆုံးရင် နိဗ္ဗာန်မြင်မယ်၊
ဒီ ၃-ချက်ကို မှတ်ထားပါ၊ ဒီတော့ "ဒဿနဋ္ဌော"မဟောခင် ဒုက္ခဆုံးဖို့ ပြအုံးမယ်၊ ခင်ဗျားတို့ ခန္ဓာမှာ ဒုက္ခတွေ
ရှိတယ်၊ အိုစရာ ဒုက္ခ၊ နာစရာ ဒုက္ခ၊ သေစရာ ဒုက္ခတွေ ရှိတယ်၊ မွဲစရာ..ကွဲစရာ ဒုက္ခတွေလဲရှိတယ်၊ မွဲ..ကွဲဆို
တာ သေတဲ့အခါ ကိုယ့်နောက်မလိုက်လာလို့ မွဲ..ကွဲ ဖြစ်ရတယ်၊ ဒီဒုက္ခတွေနဲ့ စိတ်မချ လက်မချ သောက
တွေ ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတွေလဲရှိတယ်၊ ဒါတွေဟာ ခင်ဗျားတို့ ခန္ဓာမှာ အို..နာ..သေ..အမွဲ
အကွဲတွေလဲရှိတယ်၊ "သောက"ဆိုတဲ့ စိုးရိမ်မှု၊ "ပရိဒေဝ"ဆိုတဲ့ ငိုကြွေးမှုလဲရှိတာပဲ၊ အကြောင်းရှိရင်မျက်
ရည်ထွက်လာတာပဲ၊ "ဒုက္ခ"ဆိုတဲ့ ကိုယ်၏ဆင်းရဲ့ခြင်း၊ "ဒေါမနဿ"ဆိုတဲ့ စိတ်၏ဆင်းရဲ့ခြင်း၊ "ဥပါယာသ"
ဆိုတဲ့ ပြင်းစွာပူပန်မှု၊ "ဒေါသ"ဆိုတဲ့ အလိုမကျမှုတွေရှိတယ်၊ အဲဒါတွေအားလုံးဟာ ဒုက္ခတွေပါလား၊ ဒုက္ခ
သစ္စာပါလားလို့ မှတ်ထား၊ ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော် ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ"ဧဝမေတဿ ကေ
ဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ"လို့ ဟောထားတာ၊ (ဧဝံ..ဤသို့လျှင်၊ ကေဝလဿ..ချမ်းသာ မ
ဖက်သော၊ ဒုက္ခက္ခန္ဓဿ..ဒုက္ခအစုကြီး၏၊ သမုဒယော..ဖြစ်ကြောင်းသည်၊ ဟောတိ..ဖြစ်၏၊) ဒီတော့ ခန္ဓာ
ကိုယ်ကြီးဟာ အဲဒါတွေစုနေလို့ခွဲမရတဲ့ ဒုက္ခအစုကြီးလို့မှတ်ထားပါ၊ အဲဒီ ဒုက္ခအစုကြီးဟာ ဘယ်ကဖြစ်လာ
တယ် ဆိုတာလဲသိရမယ်၊ ဒုက္ခဟာ မိမိပြုတာလား၊ မဟုတ်ဘူး၊ သူတစ်ပါး ပြုတာလား မဟုတ်ဘူး၊
အကြောင်းမရှိဘဲ အလိုလိုဖြစ်လာတာလား၊ မဟုတ်ဘူး၊ ဒီတော့ ဒုက္ခဟာ ဘယ်က ဖြစ်လာတာလဲ၊ ပဋိစ္စသမု
ပ္ပါဒ် ပါဠိတော်ကို ရွတ်ကြည့်၊ အဖြေတွေ့မယ်၊ "အဝိဇ္ဇာပစ္စယာသင်္ခါရာ"စသည်ရွတ်လိုက်တော့ အဆုံးမှာ
"ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ"(ဒုက္ခအစုကြီး၏ဖြစ်ကြောင်းတည်း) လို့တွေ့မယ်၊ ဒီပါဠိတော်အရ အဲဒီ
ဒုက္ခအစုကြီးဟာ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ အဝိဇ္ဇာ..သင်္ခါရ တွေက စတင်ဖြစ်လာတယ်၊ ပုဂ္ဂိုလ်သတ္တဝါက
 လုပ်တာမဟုတ်ဘူး၊ ဓမ္မမလုပ်တာ၊ အဝိဇ္ဇာသင်္ခါရဆိုတဲ့ ဓမ္မကလုပ်တာလို့ သေသေချာချာ မှတ်ထားပါ၊ ဒီ
တော့ ဒီဒုက္ခတွေကို စလုပ်တဲ့ ဓမ္မဟာ အဝိဇ္ဇာ (သစ္စာမသိမှု) ပဲ၊ ဒုက္ခဟူသရွေ့ဟာ အဝိဇ္ဇာအရင်းခံပဲ၊ ခင်ဗျား
တို့ရဲ့ သစ္စာမသိမှု..အဝိဇ္ဇာကြောင့် ..အို..နာ..သေ..မွဲ..ကွဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဆိုတဲ့ ဒုက္ခတွေ
တွေရတာ၊ အဲဒီတော့ ဒုက္ခတော့ ဒုက္ခဟာ အဝိဇ္ဇာဆိုတဲ့ဓမ္မက စတင်ပေါ်လာတာ ဖြစ်သောကြောင့်၊ မိမိပြု
တာလဲ မဟုတ်ဘူးလို့ မှတ်ရမယ်။
September 4, 2013
အနှိုင်းမဲ့အရိပ်နှင့်အနှိုင်းမဲ့ချမ်းသာ
သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့်
မိရိပ်ဘရိပ် ဆရာရိပ်ထက်
မင်းရိပ်သည်သာဆင့်ဆင့်သာ၏။
ထိုမှတစ်ဖြာ မြတ်စွာဟောကြား
တရားဆာဟာ အရိပ်မှာကား
လွန်စွာအေးမြ ချမ်းသာရ၍
မှီကြခိုသူ များဗိုလ်လူတို့
အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏။
အလွန်ပူပြင်းတဲ့ နွေရာသီကာလ လွင်တီးခေါင်အရပ်မှာ မောပန်းနွမ်းနယ်လျှက် ခရီးသွားလာနေ
သူတစ်ယောက်ဟာ သူရိန်နေမင်းရဲ့ အပူဒဏ်ကို အကာအကွယ်ပေးစေနှိုင်တဲ့ စိမ်းလန်းစိုပြေတဲ့သစ်တစ်
ပင်အောက်သို့ ရောက်သွားခဲ့ရင် အေးမြတဲ့ သစ်တစ်ပင်ရဲ့အရိပ်ဟာ အဲဒီသူအတွက် ကိုယ်စိတ်ချမ်းသာမှု
ကိုရှိစေပါတယ်။ ဒါပေမဲ့ သစ်ပင်ရဲ့အရိပ်ဟာ အမြဲထာဝရအေးမြမူကိုတော့ မပေးစွမ်းနှိုင်ပါ။ အချို့သော
ဆွေမျိုးတွေဟာ အခြားတစိမ်းသူတွေထက် ကိုယ့် အပေါ်မှာချစ်ခင်တတ်ကြပါတယ်။မကောင်းမူလုပ်နေတာ
ကိုတွေ့ရင်တောင် နောက်ထပ်မလုပ်မိအောင် ပြောဆိုတားမြစ်တတ်ကြပါတယ်။ တကယ်လို့လမ်းမှားသို့
ရောက်နေခဲ့ရင်လမ်းမှန်သို့ ရောက်အောင် ပြောဆိုဆုံးမပို့ ဆောင်ပေးတတ်ကြပါတယ်။ မိဘများပမာစောင့် ရှောက်တတ်ကြပါတယ်။ ဒါ့ကြောင့်ဆွေမျိုးတို့ရဲ့အရိပ်ဟာ သစ်ပင်ရိပ်ထက် ပို၍အေးမြပါတယ်။ မိဘတွေ
ဟာသားသမီးများအပေါ်မှာ ဗြဟ္မာကြီးတွေလို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မာစိုရ်တရား
လေးပါးနဲ့အညီစောင့်ရှောက်ကြပါတယ်။ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူလားမမြောက်ငယ်စဉ်ကာ
လကပင် နို့ချိုတိုက်ကျွေးယုယပေးကြပါတယ်။မသိတာကိုသိအောင် မလိမ္မာတာကိုလိမမ္မာအောင်ပန်းပုဆ
ရာများကဲ့သို့ ပြုပြင်ပေးကြပြီး သွန်သွင်ပြသ ဆိုဆုံးမတတ်တဲ့အတွက်ကြောင့် လက်ဦးဆရာလည်းဖြစ်ပါ
တယ်။ မိဘနှစ်ပါးရဲ့ သွန်သင်မူအရိပ်အာဝါသ အောက်မှာ ကြီးပြင်းလာကြတဲ့ သားသ္မီးတွေဟာလိမ္မာယဉ်
ကျေးပြီး စိတ်ချမ်းသာမူကိုရရှိကြပါတယ်။ ဒါ့ကြောင့်မိဘတို့ရဲ့အရိပ်ဟာ ဆွေမျိုးတို့ရဲ့အရိပ်ထက် သားသ္မီး
တွေအဖို့ ပို၍အေးချမ်းသာယာပါတယ်။
ပန်းချီဆရာဟာ ပန်းချီကားတွေကိုရေးဆွဲတဲ့အခါ အဝါရောင်နဲ့လိုက်ဖက်ညီတဲ့နေရာမှာအဝါရောင်
အနီရောင်နဲ့လိုက်ဖက်ညီတဲ့နေရာမှာ အနီရောင်စသဖြင့်လိုက်ဖက်ညီအောင် ရေးဆွဲကြပါတယ်။ အလားတူ
ဆရာများဟာ တပည့်တွေကို အတတ်ပညာတွေကိုသင်ပေးတဲ့အခါ စာပေအတတ်ပညာ ဝါသနာပါသူကို စာပေအတတ်ပညာ၊ လက်မူအတတ်ပညာဝါသနာပါသူကို လက်မူအတတ်ပညာစသဖြင့်စေတနာ၊ ဝါသနာ၊
အနစ်နာ၊ နာသုံးနာနဲ့ပြည့်စုံစွာ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊သင့်ရာအပ်ဖို့၊
ဆရာတို့ ကျင်ဖို့ဝတ်ငါးဖြာ” ဆိုတဲ့ဆရာကျင့်ဝတ်နဲ့ အညီဆုံးမသွန်သွင်ပေးကြပါတယ်။ ဒါ့ကြာင့်ဆရာ့ကျင့်
ဝတ်တရားငါးပါးနှင့်အညီ သွန်သွင်ပေးကြတဲ့ဆရာသမားတွေရဲ့ အရိပ်ဟာတပည့်တွေအဖို့ မိဘရိပ်ထက်
ချမ်းသာအေးမြစေပါတယ်။
တိုင်းပြည်ဖွံဖြိုးတိုးတက် စည်ပင်သာယာအောင် နိုင်ငံ့တာဝန်ကို မင်းကျင့်တရား(၁ဝ) ပါးနှင့်အညီ
တာဝန်ယူဆောင်ရွက်ပေးကြတဲ့ ရှင်ဘုရင်စတဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတွေရဲ့ အရိပ်အာဝါသအုပ်ချုပ်မှု
အောက်မှာနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကိုလုံခြုံ
စိတ်ချစွာနဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေထိုင်နိုင်ကြပါတယ်။ စိုးရိမ်သောကကင်းစွာလုပ်ကိုင်စားသောက်
နိုင်ကြပါတယ်။ ဒါ့ကြောင့် ရှင်ဘုရင် မင်းအစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတွေရဲ့အရိပ်ဟာတိုင်းသူပြည်
သားတွေအဖို့ ဆရာအရိပ်ထက် ပို၍အေးမြလှပါတယ်။ ကမ္ဘာပေါ်မှာ သိပ္ပံအတတ်ပညာတွေဟာများစွာတိုး
တက်လျှက်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအတတ်ပညာတွေနဲ့စိတ်ပိုင်းဆိုင်ရာကို နုညံ့သိမ်မွေ့ယဉ်ကျေးအောင်
မလုပ်နှိုင်ကြပါ။ဗုဒ္ဓတရားတော်ကသာသတ္တဝါတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုသိမ်မွေ့နူးညံ့လာအောင်လုပ်ဆောင်
ပေးနိုင်ပါတယ်။ ဗုဒ္ဓတရားတော်ဟာ မည်သူကမျှမပေးစွမ်းနိုင်တဲ့ ချမ်းသာစစ် ချမ်းသာမှန် အနှိုင်းမဲ့အမြိုက်
နိဗ္ဗာန်ချမ်းသာကိုပေးစွမ်းနိုင်ပါတယ်။ဒါ့ကြောင့် ဗုဒ္ဓတရားတော်ရဲ့အရိပ်ဟာဝေနေယျသတ္တဝါတွေအဖို့အရိပ်
တကာ့အရိပ်ထဲမှာအအေးမြဆုံး အနှိုင်းမဲ့အရိပ်ဖြစ်ပါတယ်။ဥာဏ်အမြော်အမြင်ရှိသူတွေဟာအေးမြတဲ့မ္မအ
ရိပ်ကိုခိုလှုံကြပါတယ်။ တရာဓမ္မနဲ့စိတ်ရဲ့ငြိမ်းချမ်းမူကို ရှာဖွေကြပါတယ်။
အနှိုင်းမဲ့အေးမြတဲ့တရားအရိပ်ကိုခိုလုံရန် ဘုရားထံသို့ချည်းကပ်လာသူတစ်ဦးကတော့ ကုက္ကုဋဝတီ
ပြည်ကြီးကိုစိုးစံအုပ်ချုပ်မင်းလုပ်တော်မူတဲ့ မဟာကပ္ပိနမင်းကြီးပဲဖြစ်ပါတယ်။ သူရဲ့တောင်ညာစံဒေဝီမဟေ
သီမိဖုရားက အနောဇာမိဖုရားကြီးဖြစ်ပါတယ်။ ဘုရင်ကြီးဟာ ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးနဲ့
စပ်တဲ့အကြောင်းအရာတွေကို အလွန်သိချင်၊ ကြားချင်နေတဲ့မင်းတစ်ပါးပါ။ဒါပေမဲ့ကုက္ကုဋဝတီနေပြည်တော်
မှာ ရတနာသုံးပါးမထွန်းသေးတာကြောင့် သူ့အနေနဲ့ရတနာသုံးပါးအကြောင်းကိုသိခွင့်မရဘဲဖြစ်နေပါတယ်။
မင်းစည်းစိမ်ထက်သာလွန်ကောင်းမြတ်ပြီး ဘဝရဲ့အနှစ်သာရကိုပေးစွမ်းနိုင်တဲ့အေးမြတဲ့တရားအရိပ်ကိုခိုလုံ
ချင်တာကြာခဲ့ပါပြီ။ ဒါပေမဲ့ယနေ့ထိအေးမြတဲ့တရားရိပ်ကိုရှာမတွေ့သေး။ ဘုရင်ဘဝမှာလိုလေသေးမရှိကာမ
ဂုဏ်စည်းစိမ်ချမ်းသာတွေကိုအပြည့်အဝခံစားရပေမဲ့လည်း ဒီစည်းစိမ်ချမ်းသာတွေဟာ အနှစ်မရှိအကာသာ
ဖြစ်ပြီးရေပွက်ပမာကဲ့သို့ တာရှည်မခံပျက်စီးတတ်တယ်ဆိုတဲ့သဘောကိုသူနားလည်နေပါတယ်။ဒါနဲ့ဘုရင်
ကြီးဟာရတနာသုံးပါးကိုချည်းကပ်ချင်နေတယ်။ အေမြတဲ့တရားဓမ္မအရိပ်ကိုခိုလုံချင်နေပါတယ်။တစ်နေ့မှာ
ဘုရင်ကြီးဟာ သူပိုင်ဆိုင်တဲ့ ဗလ၊ ဗလဝါဟန၊ ပုပ္ဖ၊ ပုပ္ဖဝါဟန၊ သုပတ္တအမည်ရှိတဲ့စီးတော်မြင်း ငါးစီးအနက်သူကိုယ်တိုင်စီးတဲ့သုပတ္တမြင်းကိုချန်လှပ်၍ကျန်မြင်းလေးစီးကို မြင်းစီးသူရဲကောင်းတွေကိုစီးစေ
ပြီး“အမောင်တို့……ရတနာသုံးပါးနဲ့စပ်တဲ့သတင်းစကားကိုကုက္ကုဋဝတီနေပြည်တော်ရဲ့အနီးပတ်ဝန်းကျင်မှာ
လေ့လာစူးစမ်းကြပါ။ လောကမှာရတနာသုံးပါးဖြစ်ထွန်းပေါ်ပေါက်နေပြီဆိုတဲ့ သတင်းစကားကိုကြားရရင် ငါ့ထံသို့ချက်ချင်းယူဆောင်လာခဲ့ပါ”လို့သူတို့တွေကိုပြောကြား၍ ကုက္ကုဋဝတီနေပြည်တော်ရဲ့ပတ်ဝန်းကျင်
နှစ်ယူဇနာ၊ သုံးယူဇနာဝေးတဲ့အရပ်ထိတိုင်အောင် ရတနာသုံးပါးရဲ့ သတင်းစကားကိုစူးစမ်းဖို့နေ့တိုင်းစေ
လွတ်ပါတယ်။ မြင်းစီးသူရဲကောင်းတွေဟာကုက္ကုဋဝတီပြည်ကြီးရဲ့ ပတ်ဝန်းကျင်သုံးယူဇနာဝေးကွာတဲ့အရပ်
ထိနေ့တိုင်းဆိုသလို စုံစမ်းပေမဲ့လည်း အဲဒီသတင်းစကားကိုမကြားရပါ။
တစ်နေ့မှာ ဘုရင်ကြီးဟာ သုပတ္တမြင်းကိုစီးပြီးအမတ်ပေါင်းတစ်ထောင်ခြံရံလျက်ဥယျာဉ်တော်သို့အ
လည်သွားကြပါတယ်။ အဲဒီအချိန်မှာ ခရီးဝေးမှလာကြတဲ့ကုန်သည်ငါးရာတို့ဟာ အလွန်ခရီးပင်ပန်းနေကြ
တဲ့အတွက် ကုက္ကုဋဝတီမြို့တော်သို့ဝင်ရောက်လာကြတာကို ဘုရင်ကြီးမြင်တဲ့အခါ “ဒီကုန်သည်တွေဟာအ
ဝေးမှလာကြတာဖြစ်တယ်။ သူတို့ထံမှာသတင်းစကားတစ်ခုခုတော့ကြားရပေမယ်”လို့အကြံဖြစ်၍ကုန်သည်
တွေကိုရှေ့တော်မှောက်သို့ခေါ်ခိုင်းလိုက်ပြီး ဘုရင်ကြီးက“အမောင်တို့....ဘယ်အရပ်ကလာကြတာလဲ”လို့
ကုန်သည်တွေကိုမေးမြန်းတဲ့အခါ သာတ္ထိပြည်မှလာကြကြောင်းလျှောက်ထားကြပါတယ်။ ဒီလိုဆိုရင် “အမောင်တို့ဆီမှာ တစ်စုံတစ်ခုသတင်းထူးတွေများဖြစ်ပေါ်မှုရှိသလား”လို့ထပ်မံမေးမြန်းရာ “သတင်းထူးက
တော့အထူးအထွေမရှိကြောင်းပါ အရှင်မင်းကြီး။ဒါပေမဲ့ သာဝတ္ထိမှာတော့မြတ်စွာဘုရားရှင်ပွင့်တော်မူနေပါ
တယ်”လို့လျှောက်ထားကြပါတယ်။ အဲဒီအခါဘုရင်ကြီးဟာ ဘုရားရှင်ပွင့်တော်မူနေပြီဆိုတဲ့သတင်းစကား
ကိုကြားလိုက်ရတဲ့ခဏမှာအလွန့်အလွန်ဝမ်းမြှောက်ဝမ်းသာဖြစ်၍ ပီတိငါးမျိုးလွှမ်းခြုံသွားတဲ့အတွက်ကြောင့်
ကုန်သည်တွေလျှောက်တင်တဲ့စကားကိုမမှတ်သားနိုင်ဘဲ မေ့လျော့စေခဲ့တယ်။ “ဘယ်သတင်းစကားမျိုးကို
လျှောက်တင်လိုက်သနည်း အမောင်တို့”လို့ နှစ်ကြိမ်သုံးကြိမ်ထပ်မေးရပါတယ်။ ကုန်သည်တွေကလည်း
“လောကမှာဘုရားပွင့်တော်မူနေပါပြီအရှင်မင်းကြီး”လို့ထပ်၍လျှောက်တင်ကြပါတယ်။ မြတ်စွာဘုရားရှင်ပွင့်
တော်မူနေပါပြီဆိုတဲ့သတင်းစကားကိုလျှောက်တင်ကြတဲ့အတွက်ကုန်သည်တို့အားဆုတော်ငွေအဖြစ်အသ
ပြာတစ်သိန်းပေးပါတယ်လို့မိန့်ကြားပါတယ်။ နောက်ထပ်ဘာသတင်းထူးတွေများရှိသေးလဲလို့မေးမြန်းရာ
လောကမှာ ဓမ္မရတနာ၊ သံဃရတနာတွေလည်းဖြစ်ပေါ်နေပြီဖြစ်ကြောင်းလျှောက်တင်ကြပါတယ်။ အဲဒီအခါ
လည်းဓမ္မရတနာဖြစ်ပေါ်နေပြီဆိုတဲ့သတင်းစကားကိုလျှောက်တင်တဲ့အတွက် အသပြာတစ်သိန်း၊သံဃရတ
နာဖြစ်ပေါ်နေပြီဆိုတဲ့သတင်းစကားကိုလျှောက်တင်တဲ့အတွက်အသပြာတစ်သိန်းဆုတော်ငွေပေးသနားပါတယ်လို့မိန့်ကြားပါတယ်။
နှစ်ရှည်လများစုံစမ်းထောက်လှမ်းနေတဲ့သတင်းစကားကို ဒီနေ့တော့ ထူးထူးခြားခြားကုန်သည်တွေ
ထံမှဘုရင်ကြီးကြားခဲ့ရပြီ၊ ဘုရင်ကြီးဟာဝမ်းသာနေလိုက်တာ။ ရတနာသုံးပါးသတင်းစကားတွေကိုကြားရ
တယ်ဆိုရင်ပဲ သူ့နောက်ကပါလာတဲ့ အမတ်တစ်ထောင်ကိုကြည့်လိုက်ပြီး “အမောင်တို့..ဒီနေ့ရတနာသုံး
ပါးသတင်းစကားကိုငါတို့ကြားရပေပြီ၊ အမောင်တို့ရဲ့စိတ်သန္တာန်မှာ ဘယ်လိုအကြံအစည်တွေရှိကြသလဲလို့
မေးမြန်းတဲ့အခါ အမတ်တွေကလည်း အရှင်မင်းကြီးအနေနဲ့ကရော ဘယ်လိုအကြံအစည်ရှိပါသလဲ၊ဘယ်လို
လုပ်ချင်ပါသလဲလို့လျှောက်တင်ကြပါတယ်။ အဲဒီအခါဘုရင်ကြီးက “အမောင်တို့…ငါဟာလောကမှာရတနာ
သုံးပါးဖြစ်ထွန်းပေါ်ပေါက်နေပြီဆိုတဲ့သတင်းကိုကြားရတဲ့အတွက်ကြောင့် ရွှေနန်းတော်ကိုမပြန်ချင်တော့ပါ။
ဒီနေရာကပဲ ဘုရားရှင်ရှိရာအရပ်သို့သွားရောက်၍ ရဟန်းပြုတော့မယ်”လို့မိန့်ကြားပါတယ်။
၉၆၉-ဆိုတာ ဘုရားဟောမဟုတ်ဘူး။ သူများဘာသာကို လိုက်ပြီးတုနေတာလို့ ပြောတဲ့သူတွေအတွက် သိစေချင်လို့။ ၉၆၉-ဆိုတာဘာလဲ။ ဘယ်လဲ?
ဘာသာတိုင်းမှာ သူ့ သင်္ကေတနဲ့သူ ရှိကြပါတယ်။ ဟိန္ဒူဘာသာမှာ အထွဋ်အမြတ်သင်္ကေတဟာ-ဥုံ-ဆိုတဲ့ စာလုံးပါပဲ..အဲဒီ ဥုံဆိုတဲ့ စကားလုံးဟာ သူတို့ရဲ့ ဘုရားသုံးဆူဖြစ်တဲ့ ဗြာဟ္မဏ၊ သျှီဝ၊ ဗိဿနိုးကို ကိုယ်စားပြုထားတဲ့ စကားလုံးဖြစ်တယ်။ ဥုံ ဆိုတဲ့စကားလုံးကို ကားမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ရေးထားရင် ဒီကားဟာ ဟိန္ဒူဘာသာဝင်ကား ဒီအိမ်ဟာ ဟိန္ဒူဘာသာဝင်ပဲလို့ သိကြရတယ်.....ခရစ်ယာမ်ဘာသာမှာ ရေရှုခရစ်ကို ကိုယ်စားပြုတဲ့အနေနဲ့ လက်ဝါးကတ်တိုင်ကို အထွဋ်အမြတ်ထားကြတယ်...လက်ဝါးကတ်တိုင်ကို လိုင်မှာ ဆွဲထားရင် သူဟာ ခရစ်ယာမ်ဘာသာဝင်ပဲလို့ သိကြရတယ်။ အိမ်ရှေ့မှာ လက်ဝါးကတ်တိုင် ထောင်ထားတာနဲ့ ခရစ်ယာမ် အိမ်ပဲလို့ အသိအမှတ်ပြုကြရတယ်။ မူစလင်ဘာသာမှာလည်း 786 ဆိုတဲ့ စကားလုံးကို အထွဋ်အမြတ်ထားကြတယ်။ လခြမ်းတံဆိပ် သင်္ကေတကို အသုံးပြုကြတယ် အဲဒါ အပြစ်လို့ ဆိုဖွယ်ရာ မရှိသလို ...သူ့ဘာသာနဲ့သူ သင်္ကေတလေးတွေပြုပြီး ဘာသာဝါဒတွေကို ထိန်းသိမ်းကြတယ် စည်းရုံးကြတယ်။ အဲဒါတွေဟာ အတုယူစရာဖြစ်ပါတယ်။ အတုယူစရာလည်းကောင်းပါတယ်။ ခု ဗုဒ်ဓဘာသာမှာ သင်္ကေတ ပြုစရာ မရှိတော့ အရဟံ ဆိုတဲ့ စကားလုံးကို သုံးပြီး အိမ်တွေမှာ ရေးကြပြုကြရတယ်။ ဒီလို ကပ်ရမယ် ပြုလုပ်ရမယ်လို့ ဘုရားရှင်က မဟောခဲ့ပေမယ့်လဲ ငါတို့ဟာ ဗုဒ်ဓဘာသာပါဆိုတဲ့ အသိနဲ့ ဘုရားဂုဏ်တော်ကို အထွဋ်တင်ပြီး ဘုရားရှင်ကို ဂုဏ်ပြုထားတဲ့ စကားလုံးအဖြစ်နဲ့ အရဟံ စကားလုံး သုံးနှုံးကြရတယ်။ ထို့အတူ သာသနာ့အလံတော်ကို ပြုလုပ်ရမယ်လို့ ဘုရားရှင် မဟောခဲ့ပါဘူး...ဒါပေမယ့် အမေရိကန် ရေတပ်ဗိုလ်မှုးကြီးတစ်ယောက်က ဘုရားရှင်ရဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုတဲ့အနေနဲ့ သာသနာ့အလံတော်ကို အရောင်ခြောက်မျိုးနဲ့ ပြုလုပ်ရရင် ကောင်းမှာပဲလို့ အကြံဖြစ်ပြီး တီထွင်ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ယနေ့အချိန်ထိ သာသနာ့အလံတော်ဟာ သာသနာတော်ကြီးကို ကိုယ်စားပြုတဲ့အနေနဲ့ အောင်လံတလူလူ လွှင့်ထူနေဆဲဖြစ်ပါတယ်။ ဘုရားဟောခဲ့တာ မဟုတ်ဘူးလို့ လက်မခံနိုင်စရာမရှိသလို ငြင်းပယ်ရန်ကော ရှိသေးလို့လား။ ရှေးကပြုလုပ်ခဲ့ကြတဲ့ ပညာရှင်တွေကို ဘယ်လောက် ဂုဏ်ပြုစရာကောင်းသလဲ။ကျေးဇူး အကြိမ်ကြိမ် အခါအခါ တင်ရမှာပါ။  ဘုရားမဟောဘူးဆိုပြီး သာသနာအလံတော်ကို မသုံးသင့်တော့ဘူးလား။ စဉ်းစားရပါလိမ့်မယ်။ အသောကမင်းကြီးဟာ  ဘုရားရှင်ရဲ့တရားတော်ကို ဓမ္မစက္ကပ၀တ္တနသုတ်ကို သင်္ကေတပြုပြီး  လှည်းဘီး သဏ္ဍန် သင်္ကေတပြုခဲ့ပါတယ်။ ဘုရားက ဒီလိုလုပ်ရမယ်လို့ မဟောခဲ့ပေမယ့် အဲဒါတွေဟာ အတုယူစရာတွေပဲပေါ့။ ခုလည်းပဲ ၉၆၉ ဆိုတဲ့ သင်္ကေတဟာ ဘာပဲဖြစ်ဖြစ် ကိုယ့်ဗုဒ်ဓဘာသာများအနေနဲ့ အတုယူစရာ အချက်တခုဖြစ်ပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ဗုဒ်ဓဘာသာအိမ်တွေမှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်  ကပ်ထားရင် အန္တရာယ်ကင်းပြီး ကံတောင် ပွင့်လင်းလာပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တော်တွေကို ကိုယ်စားပြုထားတဲ့ သင်္ကေတ ဂဏန်းတွေဖြစ်နေလို့ပါပဲ။ သူများဘာသာကို အတုယူတွေပြောပြော ကောင်းတာဆို ယူရမယ်။ မကောင်းတာ ပယ်ရမယ်”ဆိုတာ ဘုရားရှင်ရဲ့ဝါဒဖြစ်ပါတယ်။ ဒီအသုံးအနှုံးတွေဟာ သူတပါးကို နှိပ်ကွပ်ဖို့ မဟုတ်သလို ကိုယ့်ဘာသာ ကိုယ့်လူမျိုးတွေဟာ စည်းလုံးစေရန်အတွက် ကိုယ်စားပြုတဲ့ သင်္ကေတသာ ဖြစ်ပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ် အတွေး မမှားသင့်ပါဘူး။ ဒီလို ၉၆၉ ကိုသုံးလိုက်သောအားဖြင့် ကိုယ့်ဗုဒဘာသာ စည်းလုံးမှုရှိလာမယ်။ ငါ့တို့ဟာ ကိုယ့်ဘာသာကို ချစ်မြတ်နိုးရမယ်ဆိုတဲ့ အသိလေး ၀င်လာမယ်။ အဲဒါ စည်းလုံးမူပါပဲ။ နွားကွဲရင် ကျားဆွဲတယ် ဆိုတဲ့ စကားမပာ ကမ္ဘာပေါ်မှာ အရေအတွက် အလွန်နည်းပါးလှတဲ့ ဗုဒဘာသာဟာ စည်းလုံးမှုမရှိရင် မကြာခင် သာသနာ ကွယ်ပျောက်သွားပါလိမ့်မယ်။ စည်းလုံးမှု အင်အားမရှိခဲ့လို့ အိန္ဒိယနိုင်ငံမှာ ဘုရားပရိနိဗာန်စံပြီး မကြာမီ ဗုဒဘာသာဟာ ကွယ်ပျောက်ခဲ့ရပါတယ်။ အခြားသောနိုင်ငံတွေမှာလဲ ထိုနည်းတူစွာပါပဲ။ ဒါတွေဟာ သံဝေဂယူစရာ၊ သတိထားစရာအချက်တွေပဲ မဟုတ်ပါလား။...ကျေးဇူးကြီးမားတော်မူသော မင်းကွန်းဆရာတော်ဘုရားကြီး မိန့်တာကိုပဲ အားလုံးသတိရစေချင်ပါတယ်.....ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ ကျောင်းဆောက်တဲ့အခါ ပစ္စည်းဝယ်လာတဲ့ ကျောင်းဒကာတွေကို မေးတယ်။ မင်းတို့ ဒီပစ္စည်းတွေကို ဘယ်ဆိုင်က၀ယ်လာတာလဲလို့မေးတဲ့အခါ ကုလားဆိုင်က ၀ယ်လာတာ ဘုရားလို့ ဖြေကြတယ်။ ဘာလို့ဝယ်လာတာလဲလို့ ထပ်မေးတော့ ဈေးသက်သာလို့ လို့ဖြေကြပြန်တယ်။ ဆရာတော်ကြီး ထပ်မိန့်ပြန်တယ် မင်းတို့က ဈေးသက်သာတာပဲ သိတာလား။ ကုလားဆိုင်မှာဈေးဝယ်ရင် မင်းတို့ဝယ်လိုက်တဲ့အမြတ်အစွန်းဟာ ကုလားဗလီကိုပဲရောက်မှာပေါ့။ သူ့ဘာသာပဲ ကောင်းစားမှာပေါ့။ ဗုဒဘာသာဆိုင်မှာ ဈေးကြီးပါစေ ၀ယ်ရမယ်။ ဗုဒဘာသာဆိုင်မှာ ၀ယ်ရင် သူတို့မြတ်တဲ့အမြတ်အစွန်းဟာ ဘုရားကျောင်းကန်စတဲ့ သာသနာတော်အတွင်းမှာ အသုံးပြု လှူဒါန်းကြမယ် ဒီလိုဆို မင်းတို့လည်း ကုသိုလ်ရတာပေါ့ လို့ ဆရာတော်ကြီး မိန့်ကြားပါတယ်။ အလွန်တန်ဖိုးရှိတဲ့ စကားလုံးဖြစ်ပါတယ်။
၉၆၉-ဆိုတဲ့ ပြဿနာကို အငြင်းမပွါးကြပဲ..သဘောထားကြီးစွာ နားလည်နိုင်ကြပါစေ
...............
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ)
(၃-၂-၂၀၁၃)
                       ဓမ္မဒါယာဒ by ဓမ္မဒါယာဒ အရှင်နန္ဒသာရ        ဆိုက်မှကူယူဖေါ်ပြပါသည်။
*တိပိဋကဓရ၊ တိပိဋကကောဝိဓ၊ ဓမ္မဘဏ္ဍာဂါရိက ၊အဂ္ဂမမဟာပဏ္ဍိတ ကျေးဇူးတော် ရှင် ယော ဆရာတော် ဘုရားကြီး * ၏ အဆုံးအမများ (၁)
*တိပိဋကဓရ၊ တိပိဋကကောဝိဓ၊ ဓမ္မဘဏ္ဍာဂါရိက၊အဂမမဟာပဏ္ဍိတ ကျေးဇူးတော်ရှင်ယောဆရာတော်ဘုရားကြီး* ၏ အဆုံးအမများ (၁)
ဆရာတော် ဘုရားလောင်းလျာအား မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့၊ လက်ပံရွာနေ ခမည်းတော် ဥိးရဲနိုင်၊ မယ်တော် ဒေါ် တုတ်ခိုင် တို့မှ ၁၃၀၄ခု၊ တပေါင်းလပြည့်ကျော် (၆) ရက် ၊သောကြာနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာမောင်သာမောင် ဖြစ်ပါသည်။
          ၁၀ နှစ်သားတွင် လက်ပံရွာ အစိုးရမူလတန်းကျောင်း တွင် စာစသင်သည်။ စတုတ္ထတန်းအောင်ပြီး ၁၇ နှစ်သားတွင် သတတမတန်းအောင်သည်။ ၁၃၂၂ ခုနှစ် တွင် သာမဏေ ဝတ်ပြီး ၁၃၂၄ တွင် ရဟန်းဘဝ သို့ ရောက်သည်။ ဘွဲ့တော်မှာ အရှင် သိရိန္ဒာဘိဝံသ ဖြစ်ပါသည်။
ပထမကြီး တန်းကို နှစ်မခြားပဲအောင်မြင်ခဲ့ပါသည်။ ၁၃၂၇ ခုနှစ်တွင် ဓမ္မာစရိယ ဘွဲ့ ရရှိခဲ့ပါသည်။ ဆရာတော်သည် အောင်မြေသာစည် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသ ၊သံတော်ဆင့်ဆရာတော် ၊ ဘဒ္ဒနတတိလောက ၊မစိုး၇ိမ်တိုက်မှ ဘဒဒနတ စန္ဒောဘာသာဘိဝံသ၊ဘဒ္ဒန္တကောသလ္လ စသည့် ပိဋကတ် အကျော်အမော်များ ထံတွင် နေ့ဝါ၊ညဝါ သင်ယူတော်မူ ခဲ့ပါသည်။
စာချ၊စာဝါလိုက် ရင်း တိပိဋက စာမေးပွဲ ဖြေဆိုရာ ၁၃၄၆ ခုနှစ်တွင် တိပိဋက ဓရ၊ တိပိဋက ကောဝိဒ ဘွဲ့ရရှိခဲ့သည်။ ၁၃၅၁ ခုနှစ်တွင် ၊အဂမမဟာပဏ္ဍိတ ဘွဲ့ချီးမြှင့် ခံရသည်။ နိုင်ငံတော် အစိုးရက ဓမ္မဘဏ္ဍာ ဂါရိက ဘွဲ့တံဆိပ် ကပ်လှူခဲ့ပါသည်။
ဆရာတော်သည် နိုင်ငံတော် သံဃာ့ နာယက အဖွဲ့တွင် သာသနာရေးတာဝန်ထမ်းဆောင်ရင်း တိပိဋက ဘွဲ့ရများ ထွန်းပေါ်အောင်ပျိုးထောင်ပေးလျက်ရှိပါသည်။
*သတိ*(စိတ် သီတံ ၊စိတ်၏ သော့တံ)
-----------------------------------------------
စိတ်ကျကွဲတယ်ဆိုတာ...အကုသိုလ်ဖြစ်စေတာပဲ.. အဲဒီအခါသတိဝင်ထိန်းပေးရတယ်.. *သတိထားပါ* လို့ပြောတဲ့စကားကလည်းစိတ်ကိုကျမကွဲသွားအောင်သတိနဲ့ကိုင်ထားပါလို့ပြောတဲ့သဘော..
September 3, 2013
အသုဘနဲ့ မရဏာ နာနာပွားရမှာ...
မရဏာနုဿတိအား နာနာပွား...
ဒီနေ့သွားခဲ့ရတာကတော့ စိတ်မကောင်းစရာပါ...
ဘာလို့လဲဆို အသုဘမို့...
အသုဘမှ ရိုးရိုးအသုဘမဟုတ် မိမိကိုယ်ကိုမိမိ ဖြေရှင်းလိုက်ပြန်တာ...
သံသရာတစ်လျောက်က ပါလာတဲ့ကံ၏အကျိုးတရားတွေ မနည်းဘူးကိုး...
သူတို့ အကျိုးပေးတော့မယ်ဆိုရင် စိတ်တွေက ကပြောင်းကပြန်...
သီလမပေးခင်မှာပဲ...
သေသူအတွက်ရည်စူးပြီး ပြုလုပ်တာမို့ နားလည်အောင် ရှင်းပြပေးခဲ့ပါတယ်...
သေဆုံးသူကို အမျှပေးဝေမှာ ဖြစ်တဲ့အတွက် မိမိမှာ ပေးစရာရှိဖို့ လိုပါတယ်...
သူ့ကို ဘာတွေပေးမလဲ...
ကောင်းကျိုးချမ်းသာ ဖြစ်စေလိုတဲ့အတွက်...
ကောင်းမှုဆိုတာ ကိုယ်မှာရှိရမယ် ကောင်းမှုကို အရင်ပြုရမယ်ပေါ့...
ဒါကြောင့်...
ဒါနကုသိုလ် ဆွမ်းလှူဒါန်းတယ်...
သီလကုသိုလ် ငါးပါးသီလစောင့်ထိန်းကြမယ်...
ဘာဝနာကုသိုလ် တရားတော်တွေ နာကြားရမယ်...
မေတ္တာတရားတွေ ပွားများရမယ်...
ပြီးတော့မှ ဒီကုသိုလ်တွေကို သူ့ကိုမျှဝေပေးမယ်ပေါ့...
နောက်တစ်ခု သိထားဖို့ကတော့ သီလရှိသူကို လှူဒါန်းမှအကျိုးကြီးမှာမို့...
ဘုရားအမှူးရှိတဲ့ အရိယာသံဃာကို အာရုံပြုလို့ လှူဒါန်းကြရမယ်...
သေသူဟာ ဒကာဒကာမတို့လို မလုပ်နိုင် မကိုင်နိုင်တော့ဘူး...
ဒါ့ကြောင့် ဒကာမတို့က ကုသိုလ်လုပ် အမျှဝေပေးနေရတယ်...
ဒီတော့ အချိန်ရှိတုန်း လုပ်နိုင်တုန်း လုပ်သင့်တဲ့ကုသိုလ်တွေ လုပ်ထားကြရမယ်...
သေတော့မှ မိသားစုက လုပ်ပေးရတာ သေချာတဲ့အလုပ် မဟုတ်တော့ဘူးလေ...
ကိုယ်တိုင် လုပ်ကိုင်ပြီး ကုသိုလ်တွေ ယူသွားကြရမယ်...
အချိန်ဆိုတာ ကိုယ်ပိုင်တာ မဟုတ်ဘူး...
ဘုရားက မသိနိုင်ခြင်းအကြောင်း ၅-မျိုးရှိတယ်တဲ့...
ဘယ် ၅-လုံးလို့ မှတ်ထားပေါ့...
ဘယ် ၅-လုံးဆိုတာက...
ဘယ်အရွယ် ဘယ်ရောဂါ ဘယ်အချိန် ဘယ်သင်္ချိုင်း ဘယ်ဘဝ...တဲ့
ဘယ်အရွယ်မှာ သေမယ် ဆိုတာလဲ မသိနိုင်...
      ဘယ်ရောဂါနဲ့ သေမယ် ဆိုတာလဲ မသိနိုင်...
            ဘယ်အချိန်ခါ သေမယ် ဆိုတာလဲ မသိနိုင်...
                  ဘယ်သင်္ချိုင်းမှာ မြှုပ်နှံမယ် ဆိုတာလဲ မသိနိုင်...
                        ဘယ်ဘဝကို ရောက်မယ် ဆိုတာလဲ မသိနိုင်...
ပြောစရာရှိတာလေးတွေ ပြောဆိုပြီးနောက်...
အရှင်ပုဏ္ဏအကြောင်း ဇာတ်တော်လေးတစ်ခုပါ ပြောပြလိုက်ပါတယ်...
အဓိကတော့ အရှင်ကောင်းဟာ သူသွားတဲ့အရပ်ဒေသမှာပဲ သူဟာသေမယ်...
သို့သော် သေမယ်ဆိုတာကိုတော့ သူမသိဘူးပေါ့...
မသွားခင် မြတ်စွာဘုရားက နှလုံးသွင်းကောင်းရန် တရားဟောလိုက်ကြောင်း...
ဟောကြားလိုက်တဲ့ တရားကို နှလုံးသွင်းရင်းနဲ့ပဲ တရားထူးရပြီးနောက်
သွားရာ ရောက်ရာအရပ်မှာ တပည့်ဒကာတွေကို တရားဟောပေး
နောက်ဆုံးတော့ သူသွားလိုတဲ့နေရာ အရပ်ဒေသမှာပဲ သေဆုံးသွားပါတယ်...
ဆိုတဲ့အကြောင်းလေးပြောပြီး အမျှဝေပေးခဲ့ပါတော့တယ်...
ဒီစာကိုဖတ်ရတဲ့ ဒကာဒကာမတို့လည်း ပေါ့ပေါ့တန်တန်မနေကြနဲ့တော့...
နေ့စဉ် နေစဉ်ဆိုတာလိုပေါ့ ကုသိုလ်ရအောင်ယူနေပါ...
အသုဘနဲ့ မရဏာ...
မေတ္တာနဲ့ ဂုဏ်တော်ဟာ အမြဲပွားရမှာ...
မမေ့လိုက်ပါနဲ့ သူတော်ကောင်းတို့ရာ...
ဦးလောကနာထ
၁၁.၂၂.၁၁
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
                                    ဗုဒ္ဓတရားတော် ဆိုက်မှကူယူဖေါ်ပြပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိသာခနှင့် ဓမ္မဒိန္နာ အမေး-အဖြေ (၂) အလုပ်ပေးတရားတော်
မနေ့က ဝေဒနာတွေက ၀ိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာထေရီမက ဖြေလိုက်တယ် …။ (မှန်ပါ)၊ ဘယ်လို မေးလိုက်သတုံးဆိုတော့ သုခဝေဒနာ မရှုလို့ရှိရင် အဘယ်တရား ကိန်းပါသတုံး …။ (မှန်ပါ)၊ ဒုက္ခဝေဒနာ မရှုလို့ရှိလို့ရှိရင် အဘယ်တရား ကိန်းပါသတုံး …။ (မှန်ပါ)၊ ဥပေက္ခာဝေဒနာ မရှုလို့ရှိရင် အဘယ်တရား ကိန်းပါသတုံး … လို့ မေးလိုက်တယ်၊ ဓမ္မဒိန္နာထေရီမက သုခဝေဒနာဟာ မရှုဘဲထားလို့ရှိရင် တဏှာနုသယ လိုက်ပါတယ်တဲ့၊ ရှင်းပါပြီနော် …။ (မှန်ပါ)။
သုခဝေဒနာ မရှုကြရင် … (တဏှာလိုက်ပါတယ်ဘုရား)၊ တဏှာလိုက်တယ်ဆိုတာ သူကတော့ တိုးတိုးဖြေထားတာ …။ (မှန်ပါ)၊ ဒီက ဒကာ ဒကာမတွေ မှတ်ဖို့ရာကတော့ တဏှာ ဥပါဒါန် ကံ ကျအောင် လိုက်တယ်လို့ ယူလိုက် …။ (မှန်ပါ)၊ တဏှာ ဥပါဒါန် ကံကျအောင် လိုက်လို့ရှိရင်ဖြင့် ဘ၀လဲ ဆက်တော့မှာပဲဆိုပြီး ဇာတိကျအောင်လိုက်လိုက် …။ (မှန်ပါ)၊ ဇာတိကျအောင် လိုက်-လိုက်တော့ သုခဝေဒနာ မရှုတဲ့ ပုဂ္ဂိုလ်ဟာ တဏှာလိုက်တယ်။ တဏှာလိုက်တော့ ဥပါဒါန်က နိယာမသဘောနဲ့ လိုက်တယ်။ တဏှာလိုက်တော့ ဥပါဒါန်က နိယာမသဘောနဲ့ လိုက်တယ်။ ကံကလည်း နိယာမသဘောနဲ့ လိုက်တယ်။ ဇာတိကလည်း လိုက်တယ်။ အဲဒီ ဇာတိဟာ ဘယ်ဇာတိလည်းဆိုတဲ့ အခါကျလို့ရှိရင် သာယာပြီး သေသောကြောင့် များသောအားဖြင့် ပြိတ္တာဇာတိ …။ (မှန်ပါ)။
သုခဝေဒနာ မရှုကြရင် ဘာဖြစ်ကြမယ်ထင်သတုံး …။ (ပြိတ္တာဇာတိပါဘုရား)။
ဒါဖြင့် သုခဝေဒနာကို ပြုံးရွှင်ပြီးသကာလ သဘောကျနေတဲ့ ပုဂ္ဂိုလ်ဟာ တိုတိုပြောတော့ အာသ၀လိုပြောတော့ ကာမာသ၀လိုက်တယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ)။
ကာမာသ၀ ဆိုတဲ့ဥစ္စာဟာ လောဘကို ဆိုပါတယ်၊ ကာမာသ၀လိုက်လို့ရှိရင် ခင်ဗျားတို့ မှတ်စရာက ဘ၀ါသ၀လဲ လိုက်တာပဲ …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီဘုရား)၊ ဘုံဘ၀မှာလဲ ဒီလိုပဲ ပျော်ပျော်နေချင်သေးတယ် ဆိုတဲ့ ဘ၀ါသ၀ကော … (လိုက်ပါတယ်ဘုရား)၊ အဲ … ကာမာသ၀ ဘ၀ါသ၀ဟာ လိုက်တော့တာပဲ …။ (မှန်ပါ)။
အဲဒါကြောင့် မရှုမှတ်တဲ့ ပုဂ္ဂိုလ်မှာ ပြိတ္တာလမ်းကို သွားပါတယ်လို့ဆိုတော့ ရှုမှတ်တဲ့ ပုဂ္ဂိုလ်ကတော့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ ရှားမှရှား … (မှန်ပါ၊ ရှားပါတယ်ဘုရား)၊ မရှားဘူးလား …။ (ရှားပါတယ်ဘုရား)၊ သုခကလေးပေါ်တယ်ဆိုပြီး ပြုံးနေတာပဲ၊ ပြုံးပြီးသကာလ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ စားနေတာပဲ၊ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဒီဟာမျိုး နောက်ထပ်ဝယ်ဦးမယ် ဆိုတာ ပါလာတာပဲ …။ (မှန်ပါ)၊ နောက် ၀ယ်ဦးမယ်ဆိုတာ ဥပါဒါန် …။ (မှန်ပါ)၊ ၀ယ်မယ်ဆို အခုသွားမှ ဆိုပြီး ကာယကံနဲ့သွား၊ ၀စီကံနဲ့ ဈေးဆစ် မလာကြဘူးလား …။ (လာပါတယ်)၊ ဒါတွေက ဘာတွေတုံး …၊ ကမ္မဘ၀ …။ (မှန်ပါ)၊၊ ကာယကံနဲ့သွားတာလဲ ကမ္မဘ၀၊ ၀စီကံနဲ့ ဆစ်တာကော … (ကမ္မဘ၀ပါဘုရား)၊ ကမ္မဘ၀တွေပဲ၊ စေတနာဟံ ကမ္မံ ၀ဒါမိ - ဆိုတာ ဒါတွေ စေတနာကံ ပေါ်လာတယ် …။ (မှန်ပါ)၊။
အဲဒီ ကမ္မဘ၀က နောင် သေသည်၏အခြားမဲ့၌ သူက ဇာတိကို ကျေးဇူးပြုတယ် …။ (မှန်ပါ)၊ ဇာတိဆိုတော့ များသောအားဖြင့် လောဘတဏှာက လာတော့ ပြိတ္တာဇာတိပဲ ကျေးဇူးပြုမယ် …။ (မှန်ပါ)၊၊ များသောအားဖြင့် ဆိုပါတယ် …။ (မှန်ပါ)။
ဒါဖြင့် ဒုက္ခဝေဒနာမရှုတဲ့ ဒကာ ဒကာမတွေကျတော့ကို ဒေါသလိုက်တယ်လို့ မှတ်ရမယ်နော် …။ (မှန်ပါ)၊ ဒေါသလိုက်လို့ရှိရင် ဒေါသ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အ၀ိဇ္ဇာ၊ သင်္ခါရ။ သင်္ခါရပြီးတော့ ၀ိညာဏ်ဆိုတာလဲ ပဋိသန္ဓေ၀ိညာဏ်လို့ မှတ်ထားလိုက်ကြစမ်းပါ၊ ဇာတိပဲ မှတ်ပါ …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ)။
အဲဒီ ဇာတိကလဲ ဘာဇာတိတုံး မေးပြန်တော့ အ၀ိဇ္ဇာက လာသောကြောင့် များသောအားဖြင့် တိရစ္ဆာန်ဇာတိ …။ (မှန်ပါ)၊ သူကလဲ မသေးလှဘူး …။ (မသေးပါဘုရား)၊ သဘောပါကြပလား …။ (ပါ - ပါပြီဘုရား)။
ဒါက ဘာအာသ၀လိုက်လာသတုံးဆိုရင် အ၀ိဇ္ဇာသ၀လိုက်တာတယ် …။ (မှန်ပါ)။
ဒါကြောင့် ခင်ဗျားတို့ အာသ၀ဆိုတဲ့ ဥစ္စာသည် ဘုံအားဖြင့် ဘ၀ဂ်တိုင်အောင် လိုက်ပါတယ်၊ ဓမ္မအားဖြင့် သောတာပတ္တိမဂ်ရဲ့ ရှေးဂေါတြဘူတိုင်အောင် လိုက်တယ် …။ (မှန်ပါ)၊ ဒီတော့ အတော်ကန့်ကွက်နိုင်တဲ့ တရားပဲဆိုတာ ထူးထူးခြားခြားမှတ်ပါ …။ (မှန်ပါ)၊ မပယ်ရင်တော့ဖြင့် လိုက်မှာပဲ၊ ပယ်ရင်တော့ဖြင့် မလိုက်ကြဘူးလို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)။
အဲဒါကြောင့် ဒုက္ခပေါ်လဲ ခင်ဗျားတို့သည် ဖြစ်ပျက်ကို ရှုမိအောင် ရှုပါ။ သဘောပါပလား …။ (ပါ-ပါပြီ)၊ သုခပေါ်လဲ … (ရှုမိအောင် ရှုရပါမယ်)၊ ရှုမိအောင် ရှုရမှာပဲ၊ မရှုလို့ရှိရင် တိရစ္ဆာန်လမ်း၊ ပြိတ္တာလမ်း၊ အပါယ်လမ်းပဲဆိုတာ ငြင်းစရာ မလိုဘူး …။ (မှန်ပါ)၊ သဘောပါကြပလား …။ (ပါ-ပါပြီ)။
ဥပေက္ခာဝေဒနာကို မရှုမိပြန်ဘူး။ အ၀ိဇ္ဇာဘ၀ပဲ ပြန်လိုက်တယ် …။ (မှန်ပါ)၊ ဥပေက္ခာဆိုတာ အင်မတန် နူးညံ့သိမ်မွေ့တယ်၊ ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ သိနိုင်တာ။ ဥာဏ်မရှိတဲ့ ပုဂ္ဂိုလ် မသိဘူး …။ (မှန်ပါ)။
ဥပေက္ခာဝေဒနာပေါ်တာကို ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ သိတယ်။ ဥာဏ်မရှိတဲ့ ပုဂ္ဂိုလ် မသိပါဘူး၊ ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့လဲ အခု ဆရာသမားက ဟောထားတယ်။ မျက်စိ၊ နှာခေါင်း၊ လျှာ၊ ၀မ်းထဲမှာပေါ် တဲ့ ဥပေက္ခာဝေဒနာတွေ၊ ဒါတွေဟာ ဥပေက္ခာဝေဒနာတွေချည်းပဲလို့ မှတ်ကြပါ …။ (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ဥပေက္ခဝေဒနာ မရှုမိလို့ရှိရင်လဲ အ၀ိဇ္ဇာသ၀လိုက်တယ် …။ (မှန်ပါ)၊ အ၀ိဇ္ဇာသ၀လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရာပစ္စယာ ၀ိညာဏံဆိုတာက တရိစ္ဆာန်ဘုံမှာ ဖြစ်တတ်ပါတယ် …။ (မှန်ပါ)၊ ကြောက်စရာမကောင်းဘူးလား …။ (ကောင်းပါတယ် ဘုရား)။
လှူတဲ့တန်းတဲ့နေရာတောင်မှ သြော် … ဒါဟာ ကိုယ်ခန္ဓာဖြစ်စေ၊ လှူဖွယ်ဝတ္ထုဖြစ်စေ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တမခြံရံလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေတဲ့၊ အ၀ိဇ္ဇာသ၀ လိုက်သေးတာပဲ …။ (မှန်ပါ)၊ လှူတာ တန်းတာတောင်မှ ဘုံဘ၀ကို လိုချင်တာများကြတော့ အ၀ိဇ္ဇာသ၀ပါတယ် …။ (ပါ-ပါတယ်ဘုရား)။
ဒါကြောင့် မနေ့ကပြောခဲ့တယ်၊ အ၀ိဇ္ဇာသ၀က ဆုတောင်းခိုင်းတာ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်ရပါလို၏ ဆိုတော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟာ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမှန်း မသိတာက အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာက ဆုတောင်းခိုင်းတာ …။ (မှန်ပါ)၊ ဒါကြောင့် အ၀ိဇ္ဇာသည် တဏှာကိုလဲ ဖြစ်စေနိုင်တယ်၊ ရှင်းပလား …။ (ရှင်းပါပြီ)၊ မသိတော့ ဆုတောင်းတယ်။ မသိတာက ဘာတုံး …။ (အ၀ိဇ္ဇာပါ)၊ ဆုတောင်းတာ က … (တဏှာပါ)၊ တဏှာဆိုတော့ ကာမာသ၀ရော၊ သ၀ါသ၀ရောလိုက်တယ်။ အ၀ိဇ္ဇာသ၀လဲ လိုက်တယ် …။ (မှန်ပါ)၊ ရှင်းကြပလား …။ (ရှင်းပါပြီဘုရား)။
အဲဒီတော့ကို အလှူတစ်လှူမှာ လွတ်ကျွတ်အောင် လှူတဲ့အလှူဟာ ဒကာ ဒကာမတွေ ရှားမှရှားတယ် …။ (မှန်ပါ)၊ ၀ဋ်လည်တဲ့အလှူများတယ် …။ (မှန်ပါ)၊ ၀ဋ်လည်တာက ဒါနကလည်တာလား၊ ဒါနနောက်က အသိမရှိလို့ လည်တာလား ဆိုတာကိုလဲ ဦးသံဒိုင်တို့က အကဲခတ်ရမယ် …။ (ဒါနနောက် အသိမရှိလို့ လည်တာပါဘုရား)၊ အသိမရှိလို့လည်တာ၊ ဒါနကတော့ မလည်အောင်လှူရင် မလည်ပါဘူး၊ ဒါနကတော့ ဒါနံ ဥပနိဿာယ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ မဂ်အဘိဥာဏ်တောင် ကျေးဇူးပြုနိုင်တယ်လို့ ဘုရားက ဟောတော်မူတာပဲ …။ (မှန်ပါ)၊ ဟောပင်ဟောငြားသော်လဲ ဒကာ ဒကာမတွေ အဲဒီကျအောင် မလုပ်ကြဘူးတဲ့။ ဈာန်ကို ဖြစ်စေတယ်လို့ ဆိုလို့ရှိရင် ဈာန်ရစေတဲ့တရားကို ရှုပေးရမယ်၊ မဂ္ဂံဥပ္ပါဒေတိ ဆိုလို့ရှိရင် မဂ်လိုက်ပေးရမယ် …။ (မှန်ပါ)၊ ခင်ဗျားတို့က ဈာန်လဲ မလိုက် မဂ်လဲမလိုက်တော့ကို နောက်ဆုံးပိတ်မှာ ၀ိပဿနံဥပ္ပါဒေတိ … ၀ိပဿနာလေးလဲ လုပ်ပါဦး …။ မပါဘူးလား …။ (ပါ - ပါတယ်)၊ မဂ္ဂံဥပ္ပါဒေတိ … စသည်နဲ့ ဟောတော်မူတော့ သူက လည်စေနိုင်တာ မဟုတ်ပါဘူး သူက ဒီလိုထိအောင် အကျိုးအကြောင်း ဆက်နိုင်ပါတယ်လို့ ပြောတာကို ဒကာ ဒကာမတွေက သူ ဆက်တဲ့ဆီကို မသွားဘဲနဲ့ ကိုယ်ဆက်ချင်တဲ့ဆီကို ဆက်ပစ်လိုက်ကြတယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ) ကိုယ်ဆက်ချင်တာ ဆက်ပစ်လိုက်တော့ အ၀ိဇ္ဇာတို့၊ တဏှာတို့ ရောက်လာတယ် …။ (မှန်ပါ)၊ သဘောပါပလား …။ (ပါ-ပါပြီ)၊ ဘာလိုက်လာသတုံး …။ (အ၀ိဇ္ဇာတဏှာလိုက်ပါတယ်)။
အ၀ိဇ္ဇာတို့၊ တဏှာတို့ လိုက်တာတော့ အ၀ိဇ္ဇာက အ၀ိဇ္ဇာ ဘ၀၊ တဏှာက ကာမာဘ၀၊ ဘ၀ါသ၀။ အဲဒါတွေလိုက် လာတဲ့အခါ ဟို ပဋိစ္စသမုပ္ပါဒ် အ၀ိုင်းကြီးကနေပြီး မျက်စောင်းထိုးကြည့်တဲ့အခါ ကာမာသ၀ဟာ သုညာဘိ သင်္ခါရ သွားဖြစ်တာပဲ …။ (မှန်ပါ)၊ သဘောကျပလား …။ (ကျပါပြီ)။
ကာမာသ၀ဟာ ဘာဖြစ်သတုံး …။ (ပုညာဘိသင်္ခါရသွားပြီးဖြစ်ပါတယ်)၊ ပုညာဘိသင်္ခါရဆိုတော့ သွားရောပေါ့ …၊ (သင်္ခါရပစ္စယာ ၀ိညာဏံ။ ၀ိညာဏံ ဆိုတော့ ပဋိသန္ဓေ သက်သွားပြီ။ ပဋိသန္ဓေက ဇာတိ ဒုက္ခသစ္စာ …။ (မှန်ပါ)။
အဲဒီ ဒုက္ခသစ္စာ သွားလိုက်တော့ကို ဒါနက ဇာတိလုပ်တာလား …၊ ဒကာ ဒကာမတွေ သန္တာန်မှာရှိတဲ့ ပုညာဘိသင်္ခါရက လုပ်တာလား မေးလိုက် … (ပုညာဘိသင်္ခါရက လုပ်တာပါ)။
အဲဒီမှာ မယူတတ်၊ မစပ်တတ်လို့ မြတ်စွာဘုရား အလိုတော်မကျဘဲနဲ့ တဇွတ်ထိုး ဟောလို့ရှိရင်ဖြင့် ဒါကို ဒါနဟာ သံသရာရှည်တယ်ကွ … ပြောလေ့ရှိကြတယ် …။ (မှန်ပါ)၊ ဒါက ကျမ်းဂန်ကို မညှိတတ်လို့ ဖြစ်ရတာလို့ ဦးသံဒိုင်တို့ မှတ်ကြပါ …။ (မှန်ပါ)။
ကျမ်းဂန်ကတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်သူ့မှ မငဲ့ဘဲနဲ့ ဟောကြားတော်မူတဲ့ နိတတ္ထဒေသနာတော်မှာ ဒါနံ ဥပနိဿယ ဈာနံဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ သမာပတ္တိ ဥပ္ပါဒေတိ စသည်ဖြင့် ဟောကြားထားတယ် …။ (မှန်ပါ)၊ ဒါဟာ မမြင်ဘဲနဲ့ ဟောပါမလား …။ (မဟောပါဘုရား)၊ အဲဒါတွေကို သတိထားကြလို့ရှိရင် ဒါန လုပ်ကြတဲ့အခါ ဈာန်ကလေးလဲ ရှုပေးပါ၊ မဂ်ကလေးလဲ ရှုပေးပါ၊ ၀ိပဿနာကလေးလဲ လုပ်ပေးပါ ဆိုတဲ့ အဓိပ္ပါယ်ပါသားပဲ မဟုတ်လား …။ (မှန်ပါ)၊ မပါဘူးလား …။ (ပါ-ပါတယ်ဘုရား)၊ ပါပင်ပါငြားသော်လဲ ဒကာ ဒကာမတွေက ဒါနနဲ့ပဲ ကျေနပ်နေကြတယ်၊ စာဂါနုဿတိနဲ့ပဲ ၀မ်းမြောက်မှုနဲ့ ခရီးဆုံးနေကြတယ်၊ ၀ိပဿနာထိအောင် … (မပါ - ပါ ဘုရား၊ ၀ိပဿနာထိအောင် မပါတော့ ဒါနကနေပြီးတော့ ဗြဟ္မာဖြစ်အောင် ကျေးဇူးပြုလိုက်တယ်၊ သမထက သဘောကျပလား …။ (ကျပါပြီ)။
အဲဒီတော့ ဒါနက လုပ်တာလား၊ တရားဟောလိုလို့ ဖြစ်ရတာလား …။ (တရားဟောလိုလို့ ဖြစ်ရတာပါ)။
အဲဒါကြောင့် တရားနာ၊ တရားဟောပေမယ့်လဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ဆီကို ရောက်အောင် ဟောနိုင်တဲ့ ဆရာသမားကလဲ ရှားတယ်၊ နာနိုင်တဲ့ ပရိသတ်ကလဲ ရှားတယ်၊ သဘောကျ ပလား …။ (ကျပါပြီ)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ဆီရောက်အောင်သွားတဲ့ ပုဂ္ဂိုလ် ရှားနေ တော့ လမ်းခုလပ်လောက်တွင် ခရီးဆုံးသောင်တင်နေတတ်တယ် …။ (မှန်ပါ)၊ ကိုယ်သန်ရာကို ဆွဲငင်ရေးသားထားကြတဲ့ စာအုပ်ကလေးတွေ လောက်သာကြည့်ပြီး ဘုရားဟောအစစ် လိုရင်းထိအောင် မသွားနိုင်ကြလို့ရှိရင်လဲ ခင်ဗျားတို့မှာ တိမ်းတတ်၊ စောင်းတတ်မယ်ဆိုတာ မှတ်ကြရလိမ့်မယ် …။ (မှန်ပါ)၊ မမှတ်ထိုက်ဘူးလား …။ (မှတ်ထိုက်ပါတယ်ဘုရား)၊ ဒါလဲ အခုခေတ်မှာ အရေးကြီးနေပါတယ် …။ (မှန်ပါ)။
ကိုင်း … ဒါနဲ့ ၀ိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာ ထေရီမက ဖြေတဲ့အခါမှာ အနုသယသုံးပါး လိုက်တယ်တဲ့ …။ (မှန်ပါ)၊ သုခဝေဒနာနောက်က တဏှာ၊ ဒုက္ခဝေဒနာနောက်က ဒေါသ၊ ဥပေက္ခာဝေဒနာ နောက်က အ၀ိဇ္ဇာ၊ နေရာတိုင်းပဲ လိုက်သလားလို့ မေးတော့ နေရာတိုင်းတော့ မလိုက်ပါဘူးတဲ့၊ ရှင်းပလား …။ (ရှင်းပါပြီ)။
နေရာတိုင်း မလိုက်ဘူးဆိုတဲ့ဥစ္စာက ခုနင်က ၀ိပဿနာ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ်တုံး …။ (မလိုက်ပါဘုရား)၊ သုခဝေဒနာလာလဲ ဖြစ်ပျက်ရှုမယ်၊ ကျုပ်တို့က …။ (မှန်ပါ)၊ ဒုက္ခဝေဒနာလာလဲ … (ဖြစ်ပျက်ရှုပါမယ်)၊ ဥပေက္ခာလာလဲ … (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ နေရာတိုင်း လိုက်တယ်လို့ ဆိုလို့ရသေးရဲ့လား …။ (မရပါဘုရား)။
အဲဒါကိုလဲ ခွဲခြားပြီးသကာလ သိစေချင်လို့ ဓမ္မဒိန္နာနဲ့ ၀ိသာခတို့ အမေးအဖြေကို ဆရာသမားက ထုတ်ဆောင်ပြပြီး ဟောကြားနေပါတယ် …။ (မှန်ပါဘုရား)။
ဒါဖြင့် ၀ိပဿနာ မပါလို့ရှိရင်တော့ ခင်ဗျားတို့အတွက် လည်ရတယ်ဆိုရမှာပဲ၊ ဒါနက လည်ရတယ်လို့ … (မဆိုရပါဘုရား)၊ ဒါက တစ်နည်းဆုံးမ ဟောကြားတာ …။ (မှန်ပါ)။
ဒုတိယနည်းကို ဟောကြားပါဦးမယ်၊ ဒီအထဲသွင်းပြီးတော့ …။ (မှန်ပါ)၊ ဒုတိယနည်းကို သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ ဈာနံ ဥပ္ပါဒေတိ - မဂ္ဂံ - အဘိညံ - ဥပ္ပါဒေတိ။ မဂ္ဂံ၊ အဘိဘံတွေတောင် ပါပြီးသကာလ နေတာကို သူက အဲဒါကို မလိုချင်ဘဲနဲ့ ခုနကပြောတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာ လိုချင်ပြန်တော့ သူလိုချင်တာကို ဒါနက ကျေးဇူးပြုလိုက်ရတယ် …။ (မှန်ပါ)၊ သဘောကျပလား …။ (ကျပါပြီ)။
ဒါဖြင့် ဘုရားကတော့ နိဗ္ဗာန်ကျအောင် အကျိုးပေးတယ်၊ ဈာန်မဂ်ဖိုလ်ကျအောင် အကျိုးပေးနိုင်ပါ တယ်လို့ ဟောကြားပါလျက်သားနဲ့ ဈာန်မဂ်ဖိုလ်ကို သူ မလိုချင်ဘဲနဲ့ သူ အရွေးလွဲတာနဲ့ သံသရာလည် ကြောင်း ဖြစ်ပါတယ်။ …။ (မှန်ပါဘုရား)၊ ဒီတော့ ဒါနအတွက်ကြောင့်လား၊ အလှူရှင်မိုက်တာလား …။ (အလှူရှင်မိုက်တာပါဘုရား)၊ ဒါကိုလဲ အကဲခတ်ရလိမ့်မယ် …။ (မှန်ပါ)။
ဒါနက ဆိုးဝါးတာလား …၊ အလှူရှင်က အရွေးမတတ်လို့ ဖြစ်ရတာလား …။ (အလှူရှင်က အရွေးမ တတ်လို့ ဖြစ်ရတာပါဘုရား)။
ဒါကို ကိုယ့်အပေါ်တော့ အပြစ်မချဘဲနဲ့၊ တဇွတ်ထိုးပြောပြီးတော့ ဒါနဟာ သံသရာရှည်တယ်လို့ ပြောကြတော့ သြော် … ခက်ပါသေးတော့တယ်လို့ မဆိုထိုက်ဘူးလား၊ ဆိုထိုက်မလား …။ (ဆိုထိုက်ပါတယ်ဘုရား)။
ဒါဖြင့် အလှူ့ရှင်က အရွေးလွဲတတ်လို့လဲ ဒါနသည် လောကကြီးထဲလောက်ကိုသာ အကျိုးပေး နေတာပဲ …။ (မှန်ပါ)၊ သဘောပါကြပလား …။ (ပါ - ပါပြီဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ အရွေးလွဲမှုမှာလဲ အပြစ်ရှိတယ်၊ ၀ိပဿနာရှုဆိုတဲ့ နေရာမှာလဲ မရှုမိတဲ့ အပြစ်လဲသင့်တယ် …။ (မှန်ပါဘုရား)၊ သဘောကျပလား …။ (ကျပါပြီ ဘုရား)။
ဒီလို ယူမှသာလျှင် သူ့ဟာက ဘုရားသခင်ကိုတော်မြတ်ကြီး အလိုကျဖြစ်မယ် …။ (မှန်ပါဘုရား)။
ဒါဖြင့် ပြောဟောနေကြငြားသော်လဲ မောင်သစ်တို့၊ ဦးသံဒိုင်တို့ သြော် … သူက ဒီတွင် လမ်းဆုံးနေတာကိုးလို့ သူ့ကိုပဲ ချိန်ရမယ်၊ ကိုယ်က …။ (မှန်ပါ)။
ဒါကြောင့် ခင်ဗျားတို့ တရားနာတဲ့ ပုဂ္ဂိုလ်များကလဲ ကိုယ်က ဘာမှ အသိဥာဏ် အခံကလေး မပါဘဲနဲ့ နာလို့ရှိရင်လဲ တရားက သူများပါးစပ် လမ်းဆုံးတာပဲ …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ)။
သူများပါးစပ် လမ်းဆုံးဆိုတာက ပညာရှိတဲ့ ပုဂ္ဂိုလ်များက ဘုရားဟော ဓမ္မက္ခန်ကျအောင်၊ လမ်းမှန်ကျအောင် နေရာဌာနအလိုက် ဆိုဆုံးမရင်လဲ ကိစ္စမရှိဘူးပေါ့ဗျာ …။ (မှန်ပါ)၊ သို့သော် ဒါကလဲ ရှားမှရှားပဲ …။ (မှန်ပါ)၊ မရှားဘူးလား …။ (ရှားပါတယ်)။
အဲဒီတော့ သူများပါးစပ် လမ်းဆုံးနေတော့ ခင်ဗျားတို့သည်ကားလို့ဆိုရင် ဒါနက သံသရာရှည်တယ် လို့ ဟောလိုက်တဲ့ ဆရာနဲ့ တွေ့ပြန်တော့လဲ သူ သံသရာရှည်တဲ့ဘက်ကို လမ်းဆုံးနေတာပဲ …။ (မှန်ပါ)၊ ဒါနသည် ဈာန်မဂ်ဖိုလ်ကို ကျေးဇူးပြုတယ်၊ ဒါနဲ့ ပတ်သက်ပြီး သမထ၀ိပဿနာနဲ့ ခြံရံပြန်လို့ရှိရင်လဲ အမြတ်ဆုံး ဒါနပဲ၊ နိဗ္ဗာန်တိုင်အောင် ကျေးဇူးပြု အကျိုးပေးတယ်လို့ ကျမ်းဂန်တွေ မတွေ့ဖူး ပြန်တော့လဲ သူများပါးစပ် လမ်းဆုံးတဲ့ ပုဂ္ဂိုလ်က သူများ ဒါနကို ပယ်ပစ်လိုက်တယ် …။ (မှန်ပါ)၊ ပယ်ပစ်လိုက်တဲ့ အခါကျလို့ရှိရင် လမ်းဆုံးတဲ့ပုဂ္ဂိုလ်၏ စကားကို သူ ပယ်လိုက်တာလား၊ သူများပါးစပ် လမ်းဆုံးလို့ ပယ်လိုက်တာလား …။ အကုန်သိတဲ့ သဗ္ဗညုမြတ်စွာဘုရားရှင်၏ ဥာဏ်ကို လမ်းဆုံးတာလားလို့ မေးဖို့ လိုလာတယ် …။ (မှန်ပါ)။
ဒါနဟာ စာဂလဲ …၊ ဒါကလေးလဲ မှတ်ပါဦး …။ (မှန်ပါ)၊ စာဂဆိုတာ စွန့်လိုက်တာ။ စွန့်လိုက်တယ် ဆိုရင် တဏှာသတ်တာပဲ။ ကိုယ့်ဥာဏ်သွင်း …။ (မှန်ပါ)၊ ကိုယ်က ဥာဏ်သွင်းပါ၊ ဘယ့်နှယ်တုံး …။ (တဏှာ သတ်တာပါဘုရား)။
ကဲ … ငါဟာ အဖြစ်မှ စွန့်လိုက်တဲ့ စာဂဖြစ်သွားတော့ ငါ့ဟာ အဖြစ်မှ ဖြုတ်လိုက်တဲ့ ဒိဋ္ဌိဆက်ကော မဖြစ်နိုင်ဘူးလား …။ (ဖြစ်နိုင်ပါတယ်)၊ လုပ်တတ်လို့ရှိရင် တဏှာသတ်၊ ဒိဋ္ဌိသတ်ကြီး ဖြစ်နိုင်ပါတယ် …။ (မှန်ပါ)၊ ကိုယ်မလုပ်တတ်ပြန်တော့လဲ ငါရှိလို့ ငါလှူတာပဲဆိုတော့လဲ ဒိဋ္ဌိက လာပြန်လာပဲ …။ (မှန်ပါ)၊ ငါလှူလို့ ငါခံစားရမှာပဲ ဆိုရင်လဲ သာယာတဲ့ တဏှာရော လာမှာပဲ။ မလာပေဘူးလား …။ (လာပါတယ်)။
အဲဒီတော့ ဘာအပေါ်မှာ မှီနေသတုံးဆိုတော့ ခင်ဗျားတို့ ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေတယ်လို့ မှတ်လိုက်စမ်းပါ …။ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် …။ (ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေပါတယ်ဘုရား)၊ ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေတယ်ဆိုတော့ တရားနာတာလဲ ရွေးရမယ် …။ (မှန်ပါဘုရား)၊ ဒါ သေသေချာချာမှာပြီနော် …။ (မှန်ပါ)။
ဘာဖြစ်လို့ ရွေးရမှာတုံးလို့ မေးတဲ့အခါ သူ ဘယ်အခြေအနေတွင် လမ်းဆုံးနေသတုံး၊ သူ သစ္စာဆိုက်သလား၊ မဆိုက်ဘူးလား အစရှိသည်နဲ့ ဒါကိုလဲ အမြဲတမ်း စဉ်းစားရမယ် …။ (မှန်ပါ)၊ ဒါကို စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အဖိုးတန်တယ်လို့ ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)၊ သစ္စာမသိသေးရင်တော့ … (အဖိုးမတန်လှသေးပါဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စာမသိတော့ ငါလဲ သံသရာရှည်ခဲ့ရတယ်၊ မင်းတို့လဲ သံသရာ ရှည်ခဲ့ရတယ်ဟု ဟောကြားတော်မူတာ …။ (မှန်ပါ)၊ ဒါကြောင့် သစ္စာသိပြီးမှ လုပ်ရင် အင်မတန် ကောင်းပါတယ်၊ သီလ ဆောက်တည်တယ်၊ သီလရှိပြီးမှ ၀ိပဿာ ကြိုးစားလို့ရတယ် …။ (မှန်ပါ)၊ သီလ မရှိလို့ရှိရင် … (ကြိုးစားလို့မရပါဘုရား)။
သီလရှိတဲ့ပုဂ္ဂိုလ် ဘာကို နှလုံးသွင်းရမှာတုံး …၊ ဒီနေ့ပဲ ဟောခဲ့ပါသေးတယ်။ ဘာ နှလုံးသွင်းရမှာတုံး …၊ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ သလ္လတော၊ အဃတော၊ ပရတော၊ ပရလောကတော၊ သုညတော။ အဲဒါတွေ နှလုံးသွင်းပေါ့ … တဲ့။ အရှင်မဟာကောဋ္ဌိက - က မေးလို့ ရှင်သာရိပုတ္တရာ ဖြေလိုက်တယ် …။ (မှန်ပါ)။
ဒီလို ဒေသနာတွေရှိတော့ သီလရှိပြီးတော့ ၀ိပဿနာလုပ်ပါ၊ ဒါ သောတာပတ္တိမဂ် ရနိုင်တယ်ဆိုတာ သေချာပလား …။ (သေချာပါပြီ)၊ ဒါကိုလဲ ဖြည့်စွက်ပြီးသကာလ ဒကာ ဒကာမတွေ မှတ်ကြပေါ့ …။ (မှန်ပါ)။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိသာခနှင့် ဓမ္မဒိန္နာ အမေး-အဖြေ (၁) အလုပ်ပေးတရားတော်
န အာဂစ္ဆတီ တိ အနာဂါမီ၊ အနာဂါမီ - အနာဂါမ် တည်ပြီးသော ပုဂ္ဂိုလ်သည်၊ န အာဂစ္ဆတိ - ကာမဘုံသို့ မလာဘူး၊ သူ ရထားတာကတော့ ကာမဘုံနဲ့ ထိုက်တန်တဲ့တရားကို မဟုတ်ဘူး၊ ကာမဘုံ ပယ်စွန့်ပြီးသား တရားကို ရထားတယ် …။ (မှန်ပါ)၊ ရွှေ ငွေ ကျောက်သံပတ္တမြား၊ သား မယား အာရုံ အလုံးစုံ အကုန်ချုပ်ငြိမ်းတဲ့ မဂ်ကို ရထားတယ်လို့ ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)။
ဒါနဲ့ ဒကာမက နံနက် မိုးလင်းလဲ ပြောလိမ့်မယ် ထင်ပါရဲ့လို့ စောင့်နေတဲ့အခါ မိုးလင်းတော့လဲ မပြော၊ ဒီတော့ သူ ငိုကာ ရယ်ကာနဲ့သွားပြီး ကျုပ်မှာ ဘာအဖြစ်ရှိသတုံးဆိုတဲ့ အမေးမျိုး သွားပြီး မေးလိုက်တယ်။ ဘာမှ အပြစ်မရှိပါဘူးဆိုတဲ့ စကားပြောလိုက်တယ်။ ငါ့မှာက ကုဋေလေးဆယ်ရှိတယ်၊ သင်က ပါလာတာလဲ ကုဋေလေးဆယ်ရှိတယ်။ ဒီပစ္စည်းတွေကို အစ်မကြီးအဖြစ်နဲ့လည်းကောင်း၊ နှမအဖြစ်နဲ့လည်းကောင်း၊ အမေအဖြစ်နဲ့လည်းကောင်း ငါ့ကို ကျွေးချင်ရာနဲ့ ကျွေး စားနေပါမယ်၊ ဒီပစ္စည်း တွေကို သင် အလိုရှိသလို လုပ်ပါတော့၊ ကာမရာဂ ကုန်သွားတော့ ပုံထားလိုက်တဲ့ အဓိပါယ် ပြောတာ …။ (မှန်ပါ) နောက်တစ်ခါ ပြောပြန်တာက တကယ်လို့ ဒီလိုမှ မပြုစုဘူးဆိုလို့ရှိရင်၊ နောက်အိမ်ထောင် တည်ထောင်ချင်လို့ရှိရင် ခွင့်ပြုပါတယ်၊ ဒီပစ္စည်းတွေနဲ့တကွပဲ ယူသွားခွင့်ပြုတယ်ဆိုတော့ ကာမအာရုံ ကုန်တယ်ဆိုတာ ဦးသံဒိုင် မပေါ်သေးဘူးလား …။ (ပေါ်ပါတယ်ဘုရား)၊ မဂ်သတ္တိ ဘယ်လောက်ကြီးတယ် ဆိုတဲ့ဥစ္စာ ပေါ်သွားပြီ …။ (မှန်ပါ)။
မဂ်သတ္တိ ဘယ်လောက်ကြီးတယ်ဆိုတဲ့ဥစ္စာ ပေါ်ပြီ၊ ကိလေသာကုန်ပြီလားလို့မေးတော့ ကာမကိလေသာ ကုန်ပါတယ်၊ ရူပ အရူပ ကိလေသာ ကျန်သေးတယ် မှတ်ရမယ်နော် …။ (မှန်ပါ)။
ဒါကြောင့် ကြိုးစားကြပါ-ကြိုးစားကြပါလို့ တိုက်တွန်းတာ၊ ဖြစ်ပျက်လုပ်နေတယ်၊ ဖြစ်ပျက်လုပ်သ လောက် ကိလေသာ ပါးတာပဲ၊ ဖြစ်ပျက်မုန်းတယ်၊ မုန်းတာက ပိုပြီး ပါးသွားတာပဲ၊ ဖြစ်ပျက်ဆုံးလို့ရှိရင် ဆုံးသလောက် ပိုပြီးပါးတယ်၊ အချည်းနှီးတော့ ဘယ်တော့မှ မဖြစ်ဘူးဆိုတာသေသေချာချာမှတ်ပါ …။ (မှန်ပါ)၊ ဒီ ရန်သူတွေကိုတော့ဖြင့် ၀ိပဿနာမဂ်ကလဲ နိုင်တာပဲ၊ လောကုတ္တရာမဂ်ကလဲ ပိုပြီး နိုင်တာပဲ …။ (မှန်ပါ)။
ဒါကြောင့် ဒီအလုပ်သည် ခင်ဗျားတို့ အိုဘေး၊ နာဘေး၊ သေဘေး တားတဲ့ အလုပ်ထဲမှာဖြင့် ဒီအလုပ်မှတစ်ပါး ရှင်းရှင်းပျောက်တဲ့ဆေး မရှိဘူးဆိုတာကို တရားပွဲ တစ်ပွဲလုံးက ဆုံးဖြတ်ချက် ချရမယ် …။ (မှန်ပါ)၊ ဒီအလုပ်မှတစ်ပါး ကိုးစားရာ၊ အားထားရာ မရှိဘူးဆိုတာလဲ ဆုံးဖြတ်ချက်ချ …။ (မှန်ပါ)၊ သောတာပန်တည်တယ်ဆိုတာ အပါယ် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို ရုန့်ရင်းတဲ့၊ ကာမဘုံမှာ ဖြစ်တဲ့ လောက ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ် တည်တယ်ဆိုတာ အပါယ် ပဋိစ္စ သမုပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို ရုန့်ရင်းတဲ့၊ ကာမဘုံမှာ ဖြစ်တဲ့ လောဘ ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ် တည်တယ်ဆို ကာမဘုံမှာ စွဲလမ်းတဲ့ လောဘ ဒေါသ မောဟ ကုန်သွားတာပဲဆို တော့ မောင်သစ် မလုပ်ထိုက်ဘူးလား …။ (လုပ်ထိုက်ပါတယ် ဘုရား)။
ဒါတွေကြောင့် ဆင်းရဲနေကြတာကိုး၊ ဒါတွေဟာ ဆင်းရဲကြောင်း သမုဒယသစ္စာရှိနေရင် ဒုက္ခသစ္စာက လာဦးမှာပဲ၊ အဲဒါတွေ သိပြီးသွားဖြစ်နေတော့ သြော် … ဒီအလုပ်မှတစ်ပါး တို့ကို ကယ်မည့် ယူမည့်သူတော့ မရှိပါကလား ဆိုတာကို ဆုံးဖြတ်ချက်ချပြီး မှတ်ရမယ် …။ (မှန်ပါ)၊ ယုတ်စွအဆုံး ၀ိပဿနာမဂ်တောင် အတော် ခရီးပေါက်တယ်ဆိုတာ မှတ်လိုက်စမ်းပါ …။ (မှန်ပါ)။
ကိုင်း … ဒါနဲ့ပဲ အိမ်ထောင်ပြုချင်လဲ ပြုတော့၊ ခွင့်ကောင်းကောင်း ပြုပါတယ် ဆိုပြီး ပြောလိုက်တော့ လောကုတ္တရာ တရားကို ယောက်ျားသာ ရနိုင်သလား၊ မိန်းမများလဲ မရနိုင်ဘူးလားလို့ မေးလိုက်တယ်၊ ဟာ … ဒါကတော့ အားထုတ်တဲ့လူ မှန်ခဲ့လို့ရှိရင် ယောက်ျား၊ မိန်းမ မရွေးပါဘူး၊ မဂ်ဖိုလ်ဆိုတာ ရနိုင်တာချည်းပဲလို့ ပြောလိုက်တဲ့အခါကျတော့ သူလဲ ဒီအလုပ်ကိုလုပ်ချင်တယ် ဖြစ်တာပဲ …။ (မှန်ပါ)။
ဒီလို လုပ်ချင်တယ်ဆိုလို့ရှိရင်ဖြင့် ဒီအကြောင်းကိုပဲ မျှော်လင့်နေတာ၊ ဒီအသံထွက်လာတယ်ဆို တော့ သိပ်ဝမ်းသာတယ်ဆိုပြီး သကာလ ဗိမ္ဗိသာရမင်းဆီသွားပြီး မနေ့က ပြောသလို ရွှေထမ်းစင်သွားပြီး ငှားတယ်၊ ဘုရားကျောက်ကို သွားဖို့ လမ်းရှင်းရန်ကိုလဲ ဘုရင့်ဆီမှာပဲ ခွင့်တောင်းပြီး သကာလ ရွှေထမ်းစင် နဲ့ထမ်းပြီး ဘိက္ခုနီမကျောင်းကို သွားကြတယ်။
ဘိက္ခုနီမကျောင်းရောက်တော့ ဘိက္ခုနီမတွေက စစ်ဆေးသေးတာပေါ့လေ၊ အကြင်လင်မယး မမျှတကြလို့ ဒီလိုဖြစ်လာတာလား၊ သို့မဟုတ် မျှတပါရဲ့လားလို့ မေးတဲ့အခါကျတော့ ၀ိသာခ သူဌေးက “ဒီဥစ္စာ သဒါသက်သက်ပါ၊ ဒီ့ပြင် ဘာမှ မပါဘူး” လို့ ပြောလိုက်တဲ့အခါကျတော့ ဘိက္ခုနီမတွေက သုံးဆယ့် နှစ်ကောဋ္ဌာသ သွန်သင်ပြသ နှလုံးသွင်းခိုင်းပြီး ခေါင်းရိတ်၊ ဘိက္ခုနီမ ပြုလုပ်ပေးကြတယ် ...။ (မှန်ပါ)၊ ဘိက္ခုနီမပြုလုပ်ပေးလိုက်တော့ သူမ အင်မတန်ချော၊ အင်မတန်လှတဲ့ ပုဂ္ဂိုလဲဖြစ်ပြန်၊ ပစ္စည်းကလဲရှိ၊ မိတ်ဆွေသင်္ဂဟကလဲ ပေါပြန်ဆိုတော့ ဆွမ်းခံပြန်သွားလဲ မအားရ၊ ကျောင်းနေပြန်လဲ ဧည့်သည်က မပြတ်၊ အလှူအတန်း အပေးအကမ်းတွေကလဲ များလွန်းလို့ ...။ (မှန်ပါ)၊ ငါသည် ဒါကြောင့် ဒီအလုပ်ကို လုပ်လာတာ မဟုတ်ဘူး၊ ဒီဟာတွေဟာ အန္တရာယ်တွေပဲဆိုပြီး သကာလ ဘိက္ခုနီမဆရာကြီးကို လျှောက်ထားခွင့်တောင်းပြီး သကာလ တောထဲသွားနေတယ်၊ တောထဲသွားပြီး ကမ္မဋ္ဌာန်းအားထုတ်တော့ ရက်မကြာခင်မှာဘဲ ဒီဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေမုန်းဆိုတော့ လေးခါလောက် မဂ်အဆင့်ဆင့် တက်တော့ ရဟန္တာမ ဖြစ်လာတယ်။ ခုနှစ်ရက်လောက်နဲ့ပဲ တောထဲက ပြန်လာခဲ့တယ် ...။ (မှန်ပါ)။
ပြန်လာတော့ ၀ိသာခသူဌေးက တွေးတယ်၊ အမျိုးသမီး မိန်းမများဆိုတာ ဖြစ်လွယ် ပျက်လွယ်ကိုး၊ အိမ်ပဲလွမ်းလွန်းလို့ ပြန်လာတယ်ထင်ပါရဲ့၊ အဝေးလဲ သွားသေးတယ်၊ ခုနှစ်ရက်လောက်နဲ့ ပြန်လာတယ်ဆို တော့ တွေးတယ်၊ ဟိုမှာ တရားထူးရလာတာကို သူကမှ မသိဘဲ ...။ (မှန်ပါ)၊ မသိလို့  ပြန်လာတဲ့အခါကျ တော့ သူ့စိတ်ထဲမှာ သူ ပြန်လာလို့ရှိရင် ခက်ချေရဲ့၊ ဘိက္ခုနီမ လူထွက်ဖြစ်နေရင် ရှက်စရာကြီး၊ ရှင်ဘုရင်ကစပြီး သိပြီးသားကိစ္စလဲဖြစ်တယ် ... စသည်တို့ကို တွေးတောပြီး ကျောင်းတော့ သွားဦးမှ ဖြစ်မယ်ဆိုပြီး ဘိက္ခုနီမကျောင်းတော်ကို သွားလိုက်တယ် ...။ (မှန်ပါ)။
သွားပြီးတော့ မပျော်မွေ့လို့ ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး၊ ပစ္စည်းဥစ္စာတွေ ငဲ့လို့ ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး ...၊ ဒါနဲ့ ပညာရှိသဘောနဲ့ မေးမှပဲဆိုပြီး ပုစ္ဆာ ပြဿနာကို စီစဉ်လိုက်ပါတယ်၊ သူကလဲ အနာဂါမ်ပုဂ္ဂိုလ်ကြီးဆိုတော့ စီစဉ်တတ်ပြီးသား ဖြစ်နေတယ်။
ဒါနဲ့ မေးလိုက်တယ်၊ သက္ကာယ-သက္ကာယဆိုတာ အရှင်ဓမ္မဒိန္နာ ဘာကို ခေါ်ပါသတုံးလို့ မေးလိုက်တယ်။ သက္ကာယတင်မေးလိုက်တယ်။ ဒိဋ္ဌိမပါသေးဘူး ...။ (မှန်ပါ)၊ အဲဒီတွင် ဟိုက ဖြေလိုက်ပါ တယ်။ သက္ကာယဆိုတာ ဥပါဒါနက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ်။ လောကီခန္ဓာငါးပါးကို ဆိုပါတယ် ...။ (မှန်ပါ)၊ လောကီ ခန္ဓာငါးပါး ပြောစမ်းပါဦးဆိုတော့ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၀ိညာဏုပါဒါနက္ခန္ဓာ ဆိုတဲ့ ယခုလက်ရှိ ခန္ဓာ ငါးပါးကို ဆိုပါတယ် ... လို့ ဖြေလိုက်တယ် ...။ (မှန်ပါ)။
မယုံသေးဘူး၊ ဟိုက ဖြေတော့ ဖြေနေတာပဲ၊ ဖြေပင်ဖြေငြားသော်လဲ စာသိနဲ့ ဖြေနေရင်လဲ ဖြစ်တာမျိုးကိုး၊ စာသိလောက်ကိုလဲ သူက မကြိုက်ဘူး၊ ဥာဏ်သိကို ကြိုက်တာ ...။ (မှန်ပါ)၊ စာက ကျက်ထားရင် ရတာကိုး၊ ကိုရင်ကလေးကဖြစ်ဖြစ် ကျက်ထားရင် ရတယ် ...။ (မှန်ပါ)။
ဒါနဲ့ သူစိတ်ထဲ မကျေနပ်တာနဲ့ သာဓု ... သာဓု ...၊ သက္ကာယတော့ဖြင့် ဖြေတတ်ပြီး ...။ (မှန်ပါ)၊ သူ ဖြေတတ်တာ အရေးမကြီးပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရေးကြီးတယ်၊ ဒကာ ဒကာမတွေ သိဖို့ရာက သက္ကာယဆိုတာ အခု ခန္ဓာငါးပါးလို့သာ မှတ်လိုက်ပါတော့...။ (မှန်ပါ)။
အခု ရှိနေတဲ့ ခန္ဓာငါးပါးကို ဘာခေါ်ကြမလဲ ...။ (ဥပါဒါနက္ခန္ဓာပါဘုရား)၊ သက္ကာယလို့သာ ခေါ်လိုက်ပါတော့နော် ...။ (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ယခု ခန္ဓာငါးပါးဟာ သက္ကာယ ဆိုတာ ဒကာ ဒကာမတွေလဲ သိပါပြီ။ သန္တော ကာယော သက္ကာယော။ သန္တော-ပရမတ္ထအားဖြင့် ထင်ရှားရှိသော။ ကာယောရုပ်နာမ် အစုအပေါင်းတည်း။ သက္ကောယော-ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစုအပေါင်းကို သက္ကာယလို့ ခေါ်ပါတယ်။
သာဓု ... သာဓု ... တဲ့၊ သက္ကာယသိလို့ ၀မ်းမြောက်တယ်။ ခင်ပွန်းဟောင်းဖြစ်သည့် ၀ိသာခ သူဌေးကြီးက ... (မှန်ပါ)၊ သက္ကာယကတော့ သိပါပြီ၊ သက္ကာယဖြစ်ကြောင်းကလေး ပြောစမ်းပါပြီး၊ တစ်ဆင့် တက်ပြီး မေးပြန်ပြီ ...။ (မှန်ပါ)၊ သက္ကာယတော့ သိပါပြီတဲ့၊ သက္ကာယဖြစ်ကြောင်းကလေး ပြောစမ်းပါဦးတဲ့ ...။ (မှန်ပါ)၊ သက္ကာယဖြစ်ကြောင်းဆိုတော့ တခြားမဟုတ်ပါဘူးတဲ့၊ သက္ကာယဆိုတာ ဆုတောင်း၊ တဏှာက လာတာ ...။ (မှန်ပါ)၊ ယာယံတဏှာ ပေါနောဗ္ဘ၀ိကာ နန္ဒီရာဂ သဟဂတာ တတြတတြာဘိ နန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘ၀တဏှာ ... ဒါကို ဓမ္မဒိန္ဒာထေရီမက ဖြေလိုက်ပါတယ် ...။ (မှန်ပါ)၊ သက္ကာယ ဖြစ်ကြောင်းဆိုတဲ့ ရုပ်နာမ် ဖြစ်ကြောင်းဟာ တဏှာက လာတာပါပဲ ...။ (မှန်ပါ)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးဟာ သက္ကာယနော် ...။ (မှန်ပါ)၊ အဲဒါ ဘယ်က လာတာတုံး ...။ (တဏှာကလာတာပါ)၊ ဒီ တဏှာသည်ကားလို့ဆိုရင် သက္ကာယဖြစ်ကြောင်းဆိုတဲ့ ဥစ္စာ ဖြေလိုက်ပါတယ်။
ဟုတ်ပါတယ်တဲ့။ သူ ဖြေပေမယ့်လဲ ကိုယ့်ဥာဏ်ထဲမှာလဲ သဘောကျနေဖို့ ဒကာ ဒကာမတွေက လိုပါတယ် ...။ (မှန်ပါ)၊ ဒီ လိုတဲ့ အခါကျတော့ စဉ်းစားကြည့်တာပေါ့၊ သြော် ... တဏှာ ဥပါဒါန် ကံမရှိဘဲနဲ့ ခန္ဓာမပေါ်ဘူး ...။ (မပေါ်ပါဘုရား)။
ဒါဖြင့် ဒီအထဲမှာ ကံဆိုတာလဲ ဥပါဒါန် လက်အောက်မှာ၊ ဥပါဒါန်ဆိုတာလဲ တဏှာ လက်အောက် မှာပဲ၊ သြော် ... သူ လက်သည်ပဲ၊ တဏှာ ဥပါဒါန် ကံတို့ကြောင့် သန္ဓေပေါ်လာတယ်ဆိုတော့ အရင်းကျကျ ရှာတော့ ... (တဏှာပဲတွေ့ပါတယ်ဘုရား)။
ဒါဖြင့် ဒီတဏှာ မသေသရွေ့ ခင်ဗျားတို့ သက္ကာယ ခန္ဓာကြီးဟာ ရှိနေမှာပဲ ...။ (ရှိနေမှာပါဘုရား)၊ ဒီတဏှာ မသေသရွေ့ သက္ကာယ ခန္ဓာကြီးဟာ ရှိနေလိမ့်မယ်ဆိုတဲ့ ဥစ္စာ မှတ်ထားပါနော် ...။ (မှန်ပါ)၊ ဒီခန္ဓာ ကြီး ရှိနေလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေးဟာတော့ သူ့အထဲကပါပြီးသားဖြစ်နေတယ်၊ မပါဘူးလား ...။ (ပါ-ပါတယ်)၊ အိုတတ်တဲ့ တရားတွေကလဲ သူ့အထဲမှာ ဇရာကပါတယ်၊ နာတတ်တဲ့ တရားတွေကလဲ သူ့မှာပါတယ် ...။ (မှန်ပါ)၊ မပါဘူးလား ...။ (ပါ-ပါတယ်ဘုရား) ဒါ ဘယ်သူတည်ထောင်လိုက်တာတုံး၊ ဘယ်သူက ဖြစ်နေတာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ ...။ (တဏှာက ဖြစ်စေတာပါ)။
တဏှာကဖြစ်စေတယ်၊ ဟုတ်သားပဲ၊ ဒကာ ဒကာတို့၏ ခန္ဓာကြီးဟာ ဘယ်သူက ဖြစ်စေတယ် ဆိုတာ ဘုံဘ၀တပ်နှစ်သက်တတ်တဲ့ တဏှာက ဖြစ်စေတယ်။ ဘ၀ကို တပ် မက် နှစ်သက်တတ်တဲ့ တဏှာက ဖြစ်စေတယ် ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
တဏှာက ဖြစ်စေတော့ ခင်ဗျားတို့ အခု တရားနာကြတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို သွားနေကြသတုံးဆို တော့ မပြောပါနဲ့တော့ ဘုရား၊ အိုဘေး၊ နာဘေး၊ သေဘေး၊ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးတွေ အကုန် အ၀ိုင်းခံနေရတယ် ...။ (မှန်ပါ)၊ သက္ကာယ ၀ိုင်းကြတယ်၊ ဒီသက္ကာယ ထဲမှာ ဒါတွေ အပြည့်အစုံ ရှိတယ်လို့ ဆုံးဖြတ်ချက်ချပါ ...။ (မှန်ပါ)။
သက္ကာယထဲမှာ ... (ဒါတွေ အပြည့်အစုံရှိပါတယ်ဘုရား)၊ အိုဘေး၊ နာဘေး၊ သေဘေး၊ မင်းဘေး၊ စိုးဘေး၊ ခိုးသူဘေးတွေရှိတယ် ...။ (မှန်ပါ)၊ အဲဒီတော့ မှတ်ထားလိုက်ကြပါ၊ အညှီရှိလို့ ယင်အုံတယ် ...။ (မှန်ပါ)။
ဘယ်လို မှတ်ကြမယ် ...။ (အညှီရှိလို့ ယင်အုံပါတယ်ဘုရား)၊ သက္ကာယရှိလို့ ခုနင်က ဘေးတွေ့လာတာ ...။ (မှန်ပါ)၊ သက္ကာယသာ မရှိဘူးဆိုရင် ...။ (ဘေးတွေ မလာပါဘုရား)၊ ဘေးမလာဘူး ဆိုတာ သေချာကြပလား ...။ (သေချာပါပြီ)။
သက္ကာယရှိပြီးသကာလ နေတော့ ခင်ဗျားတို့ လေတိုက်ပြန်တော့ လေတိုက်ပြန်ပြီ၊ နေပူပြန်တော့ ...။ (နေပူပါတယ်)၊ အပူဘေးသင့်တာပဲ ...။ (မှန်ပါ)၊ အေးပြန်တော့ကော ... (အေးဘေးသင့်ပါတယ်)၊ အဲဒီ သက္ကာယရှိနေလို့ဖြစ်ရတာ၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒီသက္ကာယကို သူ့ကို ဖြစ်စေတဲ့တရားက အယုတ်တမာတရားဖြစ်နေတော့ အယုတ် တမာ အမည်ပဲ ပေါ်တာပဲ ...။ (မှန်ပါ)။
ဘယ်လို မှတ်ကြမယ် ...။ (အယုတ်တမာအမည်ပဲ ပေါ်ပါတယ်)၊ ဒါပဲ ပေါ်ရမယ်၊ သူ့ကို ဖြစ်စေတဲ့ အကြောင်းက တဏှာကိုးဗျ ...။ (မှန်ပါ)၊ တဏှာဖြစ်စေတယ်ဆိုတော့ သူက အယုတ်တမာတရား၊ အယုတ် တမာတရားဖြစ်စေတော့ကို အယုတ်တမာ အကျိုးပေးပဲ သူက ဖန်ဆင်းတတ်တယ်၊ လုပ်တတ်တယ်၊ ကျေးဇူးပြုတတ်တယ်၊ သဘောပါကြပြီလား ...။ (ပါ-ပါပြီဘုရား)။
သြော် ... ဒါဖြင့် သူ မချုပ်သရွေ့ သက္ကာယမချုပ်ဘူး ...။ (မှန်ပါ၊ တဏှာ မချုပ်သရွေ့ ... (သက္ကာယ အချုပ်ပါဘုရား)။
ဒါကြောင့် ခင်ဗျားတို့ကို အလုပ်-လုပ်ကြပါ၊ အလုပ်လုပ်ကြပါဆိုတာက သက္ကာယအပြစ် မြင်လို့ရှိရင်ဖြင့် သက္ကာယ ဖြစ်ကြောင်းဟာ ခင်ဗျားတို့ သန္တာန်မှာ၊ ၀မ်းထဲမှာ နောက်က ဖြစ်ခဲ့ပြီးတဲ့ ဖြစ်ကြောင်းသတ္တိကတော့ မချုပ်ဘူး ထားပါဦး၊ အခု ၀မ်းထဲပေါ်မည့် သမုဒယတော့ ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာဥာဏ်က ချုပ်စေတာပဲ ...။ (မှန်ပါ)၊ တဒင်္ဂအားဖြင့် ချုပ်စေတာပဲ။ ချုပ်စေတော့ သြော် ... ဒါဖြင့် ဒီဟာ အားကိုးရာပါလား၊ အားထားရာပါကလား။ သက္ကာယဖြစ်တဲ့ ခန္ဓာကိုယ်ကြီး၏ ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် သက္ကာယနယ်က လွန်မြောက်မှာပဲ ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
သက္ကာယနယ်က လွန်မြောက်ချင်လို့ရှိရင် သက္ကာယဆိုတာ နာမည် သက္ကာယ။ သစ္စာဖွဲ့ရင် ဒုက္ခသစ္စာ။ ရှင်းပလား ...။ (ရှင်းပါပြီ)၊ ဒီ ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာဟာ ပါးရမှာပဲ၊ မပါးပေဘူးလား ...။ (ပါးပါတယ်ဘုရား)၊ အဲ ... သမုဒယသစ္စာ ပါးတယ်ဆိုရင်ဖြင့် ခင်ဗျားတို့ ဘာမှ မပူနဲ့၊ ဒုက္ခနည်းသွားတော့မှာပဲ ...။ (မှန်ပါ)။
ခင်ဗျားတို့ ဒီ့ပြင်ဟာကို မကြည့်ပါနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် အလွန်ခင်လို့ရှိရင် ဟို တစ်ယောက်မှာ အကြောင်းတစ်ခု မလျော်တာတွေ့လို့ရှိရင် စိတ်ထိခိုက်တာပဲ၊ မထိခိုက်ဘူးလား ...။ (ထိခိုက်ပါတယ်)၊ ဒါဟာ အလွန်ခင်လို့ရှိရင် အလွန်ထိခိုက်တာပဲ။ နည်းနည်းခင်ရင် ... (နည်းနည်း ထိခိုက်တာပါပဲ)၊ အလတ်စားခင်ရင် ... (အလတ်စားထိခိုက်ပါတယ်)။
အဲဒီကတည်းက သြော် ... သက္ကာယဖြစ်ကြောင်း၊ သမုဒ္ဒယ သစ္စာကြောင့် ဟိုမှာ သက္ကာယ ဖော်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာ သက္ကာယ ဖောက်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာ ဥပါဒါန် ကံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ မလာဘူးလား ...။ (လာပါတယ်)၊ အဲဒါ ဘယ်က လာတာတုံးလို့ မေးလို့ ရှိရင်ဖြင့် သက္ကာယဖြစ်ကြောင်းကို ခင်ဗျားတို့ကလဲ မပယ်နိုင်တဲ့အတွက် သက္ကာယမှာ၊ ဖောက်ပြန်သွားတဲ့ အခါမှာ၊ ခင်ဗျားတို့မှာ တဏှာတင် မကတော့ဘူး၊ သောက ပရိဒေ၀တွေ ပါလာတော့တာပဲ ...။ (မှန်ပါ)၊ မလာဘူးလား ...။ (လာပါတယ်)၊ သဘောကျပလား ...။ (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် သက္ကာယဖြစ်ကြောင်းတော့ သိပြီ။ ဒီတော့ ၀ိသာခသူဌေးက ကျေနပ်ပါတယ်၊ သူကလဲ သိပြီးသားကိုး ...။ (မှန်ပါ)၊ နောက်ဆင့် မေးပြန်တယ်။ အရှင်ဓမ္မဒိန္နာ ... သက္ကာယချုပ်ရန် ပြောစမ်းပါတဲ့။ သက္ကာယချုပ်ဆိုတာ တခြားမဟုတ်ပါဘူး၊ တဏှာချုပ်ရင် ချုပ်တာပါပဲတဲ့ ...။ (မှန်ပါ)။
တဏှာချုပ်ရင် သက္ကာယ ဘယ့်နှယ်တုံး ...။ (ချုပ်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတွေ သူ မချုပ်သရွေ့ ခန္ဓာမချုပ်ဘူး ...။ (မှန်ပါ)၊ သူ ချုပ်ရင် ... (ခန္ဓာချုပ်ပါတယ်)၊ ခန္ဓာချုပ်တယ်ဆိုတော့ သူဟာ လက်သည်ပါကလား၊ အိုဘေး၊ နာဘေး၊ သေဘေး တည်ထောင်တဲ့ သမုဒယချုပ်လိုက်လို့ရှိရင် သက္ကာယပါ ပြုတ်သွားတဲ့အတွက် အိုဘေး၊ နာဘေး၊ သေဘေးပါ ပျောက်တယ် ...။ (မှန်ပါ)။
ဒါဖြင့် တိုတိုမှတ်လိုက်တော့၊ သမုဒယချုပ်လို့ ဒုက္ခချုပ်တာပါ ...။ (မှန်ပါဘုရား)။
ဘယ့်နှယ် ဆိုကြမလဲ ...။ (သမုဒယ ချုပ်လို့ ဒုက္ခချုပ်တာပါဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အဲဒီဟာကလေး မှတ်လိုက်တော့၊ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတာ ပေါ်လာတယ် ...။ (မှန်ပါ)၊ တဏှာချုပ်ရင် ... (သက္ကာယချုပ်ပါတယ်)၊ ခန္ဓာက ချုပ်သွားတယ်၊ တစ်နည်း ... ခန္ဓာက ချုပ်သွားတယ်၊ တစ်နည်း ... ခန္ဓာရှိပေစေဦး ... ဘုရားမှာ ခန္ဓာကြီးနဲ့ တရားဟောနေတာပါပဲ။ မဟောဘူးလား ...။ (ဟောပါတယ်)၊ သို့သော် တဏှာချုပ်တဲ့အတွက် သူသည် ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ရောက်နေပြီ၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်မရောက်သေးဘူး၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ... (ရောက်ပါပြီဘုရား)၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ... (မရောက်သေးပါဘုရား)။
ဒါကို မှတ်ကြပါတဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ကိလေသာမာရ်ကိုသာ အောင်၍ ခန္ဓမာရ် မအောင်သေးဘူး၊ ပရိနိဗ္ဗာန်မစံရသေးတော့ ... (မှန်ပါ)။
ကိလေသမာရ်တော့ ... (အောင်ပါပြီဘုရား)၊ အောင်ပြီဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက အောင်တယ်၊ အဲဒီမှာ မဂ်လေးတန်နဲ့ ဖြတ်ချလိုက်တယ် ...။ (မှန်ပါ)၊ ခန္ဓမာရ်တော့ သူ့မှာ ဆွမ်းကျွေးရတုန်း၊ ကျောက်မောင်းဆင်ချမည့် လူနဲ့၊ အဆဲအရေးခံရတာနဲ့ မရှိဘူးလား ...။ (ရှိပါတယ်ဘုရား)၊ တော်တော်ကြာ  ကျလို့ရှိရင် ဘုရားမှာ လေနာထလို့ ထန်းလျက် ရေအိုးတွေနဲ့ ပုဏ္ဏားတွေက လှူရတဲ့ ကိစ္စတွေ မရှိဘူးလား ...။ (ရှိပါတယ်) အဲဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးရင် မောင်သစ် ဘယ့်နှယ်ဖြေပါ့မလဲ ...။ (ခန္ဓမာရ် မအောင်သေးလို့ပါဘုရား)။
အဲဒါကို ဘုရားမှာ မာရ်ငါးပါး အောင်တာကိုးဆိုတော့ သိမ်းကြုံးပြီး ခေါ်ထားတာ၊ ပရ်နိဗ္ဗာန်မစံခင် အောင်တဲ့မာရ်နဲ့ ပရိနိဗ္ဗာန်စံမှ အောင်တဲ့ မာရ်ကို မကွဲဘဲ ဖြစ်နေတယ် ...။ (မှန်ပါ)၊ ခန္ဓာမာရ်နဲ့ မစ္စုမာရ်ကို ပရိနိဗ္ဗာန်စံပြီးမှ အောင်တယ်၊ ကျန်တဲ့ ကိလေသာမာရ်၊ ဒေ၀ပုတ္တ မာရ်တို့ကိုတော့ အောင်ပါတယ်၊ အဘိသင်္ခါရမာရ်ဆိုတော့ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် နေတာကို တားမရပါဘူး၊ အဲဒီ မာရ်ကိုတော့ မနိုင်သေးဘူး ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။