March 14, 2015

နိဗ္ဗာန်ကို ရရောက်နိုင်သူ။


         မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို “ အရှင်ဘုရား နိဗ္ဗာန်ကို အလုံးစုံသော
ပုဂ္ဂိုလ်များ ရရောက်နိုင်ပါသလား ” ဟု မေးလျှောက်သောအခါ အရှင်နာဂသိန်မထေရ်က
“ မင်းကြီး အလုံးစုံသောပုဂ္ဂိုလ်တို့ မရရောက်နိုင်ပေဘူး” လို့ ဖြေတယ်။
         “ ဒါဖြင့် ဘယ်လိုပုဂ္ဂိုလ်များမှ ရရောက်နိုင်ပါသလဲဘုရား၊ ရှင်းလင်းမိန့်ကြားတော်မူ

ပါ ဘုရား ” လို့ ထပ်မံလျှောက်ထားတော့......အရှင်နာဂသိန်မထေရ်က “ မင်းကြီး အဘိ
ညေယျ အဘိဇာနာတိတဲ့.. ထိုးထွင်းပြီးသိရမယ့်တရားကို ထိုးထွင်းပြီးသိတဲ့ ပုဂ္ဂိုလ်မှသာ
နိဗ္ဗာန်ကို ရရောက်နိုင်တယ် ” လို့ ဖြေကြားတော်မူပါတယ်။
( အဓိပ္ပါယ်က = ပိုင်းခြားပြီး သိရမယ့်တရား၊ ပယ်ရမယ့်တရား၊ မျက်မှောက်ပြုရမယ့်တရား၊
                    ပွားများရမယ့်တရား လို့ ဆိုလိုပါတယ်။ )
( ၀ဏ္ဏကျော်ထင် ဦးဘိုးစိန်၏ တရားထူးရရန် နှလုံးသွင်းဆင်ခြင်နည်းမှ ကူးယူရေးသား
  ပူဇော်ပါသည်။ )
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment