March 14, 2015

ကမ္မ၀ါဒ။


      မြတ်စွာဘုရား၏ ။ကမ္ပ၀ါဒကို နားလည်သဘောပေါက်လျှင် ဗေဒင်ဆရာ၊ နတ်ကတော်၊
ဘိုးတော် စသည်တို့၏ ညွှန်ကြားစေခိုင်းချက်အရ၊ ကံပွင့်လာဘ်ခေါ် အစီအမံများ အဆောင်
လက်ဖွဲ့များ၊ သိဒ္ဓိတင်ပစ္စည်းများကိုသာ ဆောင်နေသူများ မဖြစ်လာနိုင်တော့ပါ။

         အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရား၏ ကမ္မ၀ါဒကို နက်နက်နဲနဲ ထဲထဲဝင်ဝင် သိ
မြင်နားလည်လျှင် ထိုအပြုအမူများကို အဓိပ္ပါယ်ရှိသည်ဟူ၍ မယုံကြည်သောကြောင့်ပေ။
         ကံနှင့် တန်ခိုးကို မာဃဒေ၀ တွင် = =
     * အကြောင်းရှိရာ၊ အကျိုးလာ၏။
     * ကောင်းငှာ ဆိုးငှာ၊ ရှေးကြမ္မာလျှင်
     * ခွင့်သာရောင်ငြား၊ ထိုသူအားကို
     * ဘုရားမကယ်နိုင်စွာတည်း။ ။
         အကြောင်းကြောင့် အကျိုးဖြစ်သည်ကို ဘုရားက ပြုပြင်ပေးနိုင်ခြင်း မပြုပါ။ ကမ္ဘာ၌
အဓိကဘာသာကြီး (၄) ခုအနက်၊ (၃) ခုမှာ ဖန်ဆင်းရှင်ဝါဒ ဖြစ်၏။ ဗုဒ္ဓမြတ်စွာကမူ ဖန်ဆင်း
ရှင်ဝါဒကို လက်မခံ၊ ကမ္မ၀ါဒကိုသာ လက်ခံ၏။ ကမ္မ၀ါဒသည် အလုပ်ဝါဒဖြစ်၏။ ကမ္မဖလ
(အကျိုး)ဟူသည် ကိုယ်လုပ်ခ ကိုယ်ယူခံစားခြင်း ဖြစ်၏။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူ၍ 
      ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။ 

No comments:

Post a Comment