March 18, 2015

လက္ခဏာရေး (၃) ပါး။


၁။ အနိစ္စလက္ခဏာ။    ။မတည်မြဲခြင်း အမှတ်အသား။
           ရုပ်နာမ်တို့သည် ခဏမစဲဖြစ်ပြီး ပျက်နေ၏။ ထို့ကြောင့် အနိစ္စလက္ခဏာရှိ၏။
၂။ ဒုက္ခလက္ခဏာ  ။    ။ ဆင်းရဲခြင်း အမှတ်အသား။
           ရုပ်နာမ်တို့သည် ဖြစ်ပြီး ပျက် ပျက်သွားသည့်အတွက်၊ ဆင်ရဲခြင်းသဘောဆောင်၏။ 

ပျက် ပျက်သွားသည့် ဒဏ်ချက်ဖြင့် ခဏမစဲ နှိပ်စက်နေခြင်းသည် ဆင်းရဲအမှန် ဖြစ်၏။
၃။ အနတ္တလက္ခဏာ။    ။ အစိုးမရခြင်း၊ အနှစ်သာရမရှိခြင်း။
           အတ္တဟူသော ငါ၊ လိပ်ပြာ၊ အသက်ကောင်မရှိခြင်း အမှတ်အသား၊ ဤခန္ဓာအစု၌
ရုပ်နာမ်နှစ်ပါးသာရှိ၏။ ရုပ်နာမ်တို့သည် သဘာဝအတိုင်းဖြစ်ပြီး ပျက်နေကြရာ မပျက်ပါနှင့်
ဟု တားဆီး၍ မရ။ ထို့ကြောင့် အစိုးမရ မိမိအလိုသို့ မလိုက်ပါ။ ဖြစ်ပြီး အကုန်ပျက်သွားသည့်
အတွက် တည်မြဲသော အနှစ်သာရဟူ၍ မရှိချေ။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား 
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment