March 28, 2015

အတင်းအဖျင်းမပြောနဲ့။


  ** စကားအတင်း အချင်းချင်းပြောနေခြင်းသည် သူပြောရာကိုယ်စွဲ၊ ကိုယ်ပြောရာသူစွဲ၊
အန်ဖတ်လဲစားသည်နှင့် ဘာမှမခြား။
  လောကကြီးဟာ သူဖြစ်ချင်တာတွေ ဖြစ်နေတာ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာမဟုတ်။
( အနတ္တသဘော )

  ဆိုင်လို့လဲ ၀င်မရှုတ်နဲ့၊ မဆိုင်လို့လဲ ၀င်မရှုတ်နဲ့။
  သူယုတ်မာတွေဟာ သူတစ်ပါးမကောင်းကြောင်း မမေးဘဲ ပြောတတ်ကြသည်။ မေးရင်လည်း
ချဲ့ကားပြောကြသည်။ ကောင်းကြောင်းတော့ မမေးရင် မပြောဘူး။ မေးရင် သိတာကို
လျော့ပြောတတ်ကြသည်။
  ပုထုဇဉ်တွေဟာ - သူတစ်ပါးအပြစ် ဇီးစေ့လောက်ကို မြင့်မိုရ်တောင်လောက် မြင်တယ်။
ကိုယ့်အပြစ် မြင့်မိုရ်တောင်လောက်ကျတော့ - ဇီးစေ့လောက်တောင် မပြောချင်ဘူး။
ဖုန်းကွယ်ထားတတ်ကြသည်။
  သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါး မကောင်း မပြောနဲ့၊ ကိုယ် တော်ကြောင်းလည်း
မပြောနဲ့။ (ဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment