လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက
အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့
နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။
လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျိုးရိုးမကောင်း
ရင်လည်း နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ “ပိုက်ဆံတို့၊ မျိုးရိုးတို့ဆိုတာ လူ့ရဲ့
တန်ဖိုး အစစ်မဟုတ်ပါ၊ လူ့ရဲ့တန်ဖိုး ဆိုတာ အသိဉာဏ်ပါပဲ”
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment