March 12, 2015

သမထ နှင့်ဝိပဿနာ


သမထဆိုတာဘာလဲလို့မေးရင် သမထဆိုတာ
ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက်တရားများကြိုငိမ်
သက်ပျောက်ကင်းစေနိုင်တဲ့တရားလို့ အဓိပ္ပါယ်
ရတယ်။ စိတ်ဖိစီးမှု စိတ်လှုပ်ရှားမှုများကိုငြိမ်သက်
ပျောက်ကင်းစေနိုင်တဲ့ သမာဓိတရားဟာ သမာဓိ
ဘဲဖြစ်တယ်။ 


လူတွေရဲ့စိတ်ဟာအာရုံနဲ့ တွေ့ရင်လှုပ်ရှားယောက်
ယပ်ခပ်မှုတွေဖြစ်တယ်။အာရုံနဲ့တွေ့လို့ လောဘဖြစ်
ရင်လည်း စိတ်လှုပ်ရှားတာဘဲ။ယောက်ယပ်ခပ်တာ
ဘဲ။ဒေါသဖြစ်ရင်လည်းယောက်ယပ်ခပ်တာဘဲ။
မောဟဖြစ်ရင်လည်းတွေဝေပြီးယောက်ယပ်ခပ်တာ
ဘဲ။ဒီလိုစိတ်ယောက်ယပ်ခပ်မှုမျိုးတွေကို ငြိမ်သက်
ပျောက်ကင်းစေနိုင်တဲ့ ကမ္မဌာန်းအကျင့်ကို သမထ
လို့ခေါ်တယ်။
ဝိပဿနာဆိုတာဘာလဲမေးရင် ဝိပဿနာဆိုတာ
ထူးခြားတဲ့ဥာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်။
'ဝိ'-အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့်
'ပဿနာ'-ရှုမြင်တတ်သောဥာဏ်ကို ဝိပဿနာဟု
ခေါ်ဆိုခြင်းဖြစ်တယ်။တစ်နည်းအားဖြင့်ဝိပဿနာ
ဆိုတာ ထူးခြားစွာသိမြင်တတ်သောဥာဏ်ကိုခေါ်
တာဖြစ်တယ်။
ဘယ်လိုထူးခြားစွာသိမြင်တတ်သလဲဆိုရင် သာ
မာန်အားဖြင့် လူတွေကဘဝကိုချမ်းသာတယ်။
ကိုယ်ပိုင်တယ်လို့မြင်ကြတယ်။အဲဒီအမြင်တွေနဲ့မတူဘဲ ဘဝဆိုတာမမြဲဘူး။ဆင်းရဲတယ်။ကိုယ်မပိုင်
ဘူးလို့မြင်တယ်။အဲဒီလိုမြင်တဲ့အသိဥာဏ်မျိုးကို
ဝိပဿနာလို့ခေါ်တယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော"သမထနှင့်ဝိပဿနာ"
တရားတော်မှ။  တင်ပြသည်။

No comments:

Post a Comment