November 7, 2015
နိဗ္ဗာန်နဲ့လောကီကျိုး တွဲဖက်ပြုတဲ့ ပါရမီကုသိုလ်
တယ်။ တစ်နေ့တော့ ညီဖြစ်သူက ကြံခင်းကိုသွားပါတယ်။ အပြန်ကျတော့ အိမ်မှာကျန်ခဲ့တဲ့
အစ်ကိုအတွက်တစ်ချောင်း၊ သူ့အတွက်တစ်ချောင်းဆိုပြီး ကြံနှစ်ချောင်း ခုတ်ခဲ့ပါတယ်။
         သူတို့ခေတ်က ကြံပင်ကို အရင်းကပဲဖြစ်ဖြစ်၊ အဖျားကပဲဖြစ်ဖြစ် မြှောက်လိုက်ရင် ကြံ
ရည်တွေ ထွက်ကျလာပါတယ်။ ဒါကြောင့် ညီဖြစ်သူက ကြံရည်တွေ အပြင်ထွက်မကျအောင်
ဖြတ်ထားတဲ့အပိုင်းကို သစ်ရွက်နဲ့ အုပ်ချည်ပြီး ယူခဲ့ပါတယ်။
          ဒီလိုနဲ့ ကြံပင်နှစ်ချောင်းကို ယူလာရင်း လမ်းမှာ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးနဲ့ တွေ့
ပါတယ်။ ညီဖြစ်သူက အရှင်မြတ်ကို ခေတ္တဆိုင်းခိုင်းပြီး သပိတ်ထဲကို ပါလာတဲ့ကြံနှစ်ချောင်းထဲ
က တစ်ချောင်းကို စိုက်ချလှူဒါန်းလိုက်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကလည်း နေရာမှာထိုင်
လျက် ဘုဉ်းပေးပါတယ်။
          အရှင်မြတ် တစ်ခါတည်းဘုဉ်းပေးတာကိုကြည့်ပြီး သဒ္ဓါတရားတွေ ပိုဖြစ်သွားပါတယ်။
ဒါကြောင့် အစ်ကိုဖြစ်သူရဲ့ ကြံချောင်းကိုကိုင်ရင်း “ အစ်ကို့အနေနဲ့ ကြံတန်ဖိုးကို ယူချင်ယူ၊ ဒါ
မှမဟုတ် ကုသိုလ်အဖို့ကို ယူချင်ယူ အစ်ကို့ရဲ့ ကြံချောင်းကိုလည်း လှူလိုက်တော့မယ် ” လို့
တွေးပြီး အစ်ကိုရဲ့ကြံချောင်းကိုပါ လောင်းထည့် လှူလိုက်ပါတယ်။ ဒုတိယကြံချောင်းကိုတော့  
အခြားပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေအတွက် အလှူခံလိုက်ပါတယ်။
         ညီဖြစ်သူကလည်း အရှင်မြတ်ကို ရှိခိုးဦးချပြီး “ ဘုရားတပည့်တော်သည် ဤကြံရည်လှူ
ဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် နတ်ပြည်၊ လူ့ပြည်တို့၌ စည်းစိမ်ကို ခံစားစံစား သုံး
ဆောင်ပြီးလျှင် အဆုံးဘ၀နောင်ကာလ၌ အရှင်မြတ်သိတဲ့တရားကိုသာ ရ ရပါလို၏ ” လို့ ဆု
တောင်းလိုက်ပါတယ်။ အရှင်မြတ်ကလည်း သင်ဆုတောင်းတဲ့အတိုင်း တောင်းဆုပြည့်စေ ” လို့
ဆုပြန်ပေးလိုက်ပါတယ်။ နောက်တော့အရှင်မြတ်လည်း ကောင်းကင်ခရီးနဲ့ ပြန်ကြွသွားပါတယ်။
ကောင်းကင်ခရီးနဲ့ ကြွသွားတဲ့ အရှင်မြတ်ကိုကြည့်ပြီး ညီဖြစ်သူက ပိုပြီးသဒ္ဓါတရားတွေဖြစ်သွား 
ရပြန်ပါတယ်။ 
          အိမ်ပြန်ရောက်တော့ အစ်ကိုဖြစ်သူကို အကြောင်းစုံ ပြောပြပြီး ကြံဖိုးကိုယူမလား၊ ကု
သိုလ်အဖို့ကို ယူမလားလို့ မေးပါတယ်။ အစ်ကိုဖြစ်သူက သူ့အတွက် လှူတဲ့ကြံရည်ကို အခြား
ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ ဘုဉ်းပေးဖို့ ယူသွားတာရယ်၊ ကောင်းကင်ခရီးနဲ့  ပြန်ကြွသွားတာ
ရယ်ကို ကြားလိုက်ရတော့ တစ်ကိုယ်လုံး ပီတိတွေ ဖြစ်သွားပါတယ်။
         ဒါကြောင့် လက်အုပ်ကလေးချီပြီး “ ဤကြံရည် လှူဒါန်းရသော ကုသိုလ်ကြောင့် ပစ္စေ
ကဗုဒ္ဓါအရှင်မြတ်တို့ သိအပ်သော တရားထူးကိုသာ ရ ရပါလို၏ ” လို့ ဆုတောင်းလိုက်ပါတယ်။
ညီအစ်ကိုနှစ်ယောက် ကုသိုလ်ပြုပြီး ဆုတောင်းတဲ့နေရာမှာ ညီက လူ့စည်းစိမ်၊ နတ်စည်းစိမ်၊
နိဗ္ဗာန်ရယ် ဆုတောင်းပါတယ်။ အစ်ကိုကတော့ နိဗ္ဗာန်တစ်ခုပဲ ဆုတောင်းလိုက်ပါတယ်။
         ဆုတောင်းကွာတော့ အကျိုးပေးလည်း ကွာသွားပါတယ်။ အစ်ကိုဖြစ်သူက ၀ိပဿီမြတ်
စွာဘုရားလက်ထက်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ရပြီး ရဟန္တာဖြစ်သွားပါတယ်။ ညီဖြစ်သူက
တော့ သူ့ဆုတောင်းအတိုင်း လူ့စည်းစိမ်၊ နတ်စည်းစိမ်တွေကို အပြည့်အ၀ ခံစားပြီး ဂေါတမ
ဘုရားရှင်လက်ထက်ကျမှ အရဟတ္တဖိုလ်ကို ရသွားပါတယ်။
         ကုသိုလ်ပြုတဲ့အခါ သတိထားရမှာက ဘ၀တဏှာ၊ ဘောဂတဏှာတွေမပါဘဲ ၀ိဝဋ္ဋကု
သိုလ်မျိုးဖြစ်တဲ့ ပါရမီမြောက်အောင် ပြုခဲ့ရင် စည်းစိမ်မျိုးစုံ ရနေဦးတော့ တရားနဲ့တွေ့လိုက်
ရင် အဲဒီ စည်းစိမ်တွေကို ချက်ချင်း စွန့်နိုင်၊ ခွါနိုင်ပါတယ်။ ပြောင်းပြန်အားဖြင့် ပြောရင်တော့
ပါရမီမြောက်အောင် မပြုခဲ့ရင် တရားနဲ့ တွေ့ပေမယ့် ကိုယ်ရထားတဲ့ စည်းစိမ်တွေကို မခွဲနိုင်၊
မခွာရက်၊ မစွန့်ရက် ဖြစ်နေကြပါတယ်။
         ဒါကြောင့် တရားချစ်ခင် သူတော်စင် သူတော်ကောင်းတို့ကလည်း ကုသိုလ်ပြုတဲ့အခါ
ဝိ၀ဋ္ဋကုသိုလ်မျိုးဖြစ်တဲ့ ပါရမီမြောက်အောင် ပြုနိုင်ကြပြီး ကောင်းသထက်ကောင်း၊ မြင့်မြတ်
သထက် မြင့်မြတ်အောင် ကျင့်ကြံအားထုတ်နိုင်ကာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံးပန်းတိုင်
 မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့ အလုပ်ကို ကိုးကားရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment