November 5, 2015

သီလအစွမ်း အံ့မခန်း

တစ်ခါတွင် ကာလိင်္ဂတိုင်း ဒဏ္ဍပူရပြည်ကြီး
တစ်ခုလုံး မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။တိုင်းသူပြည်သားများ မင်း၏
ဟစ်တိုင်သို့ လာပြီးအငတ်ဘေးကြီးငြိမ်းအေးပပျောက်အောင် လုပ်ပေးရန်
ဟစ်အော်တောင်းဆိုကြသည်။

အများ၏ အကြံပေးချက်အရမင်းကြီးသည်ဥပုသ်သီလစောင့်ကာ
ကျက်သရေရှိသောတိုက်ခန်းသို့ ဝင်ပြီးမြေစာမြက်ကို ခင်းအိပ်လေသည်။

သို့ သော် မိုးကား ရွာ၍မလာ။

တစ်ဖန် လောကီအယူအဆကိုအားသန်ကြသောဗေဒင်ဆရာတို့ က
ဣန္ဒပတ္တနိဂိုရ်ပြည်မိုးလေ၀သကောင်းမွန်နေခြင်းမှာအဉ္စန၀ဏ္ဏမည်သော
မင်္ဂလာဆင်ရှိသောကြောင့် ဖြစ်သည်။

ထိုဆင်ကို ရခဲ့လျှင် ဒဏ္ဍပူရမြို့ ကြီးတစ်ခုလုံးမိုးလေ၀သကောင်းလာမည်ဆိုသဖြင့်
မင်္ဂလာဆင်ကို သွားရောက် အလှူခံကြပြန်သည်။

ဆင်ကား ရခဲ့ပါ၏။ မိုးကား ရွာမလာ။

 
နောက်ဆုံး၌ ပညာရှိသူတော်ကောင်းများ၏
အကြံပေးချက်အရ အရိုးဆုံးဖြစ်သောနည်းလမ်းတစ်ခုဖြစ်သည့်
ဣန္ဒပတ္တနဂိုရ်ပြည်မှ ဂရုဓမ်တရားလေးပါးကိုကူးယူကျင့်သုံးသော အခါတွင်မှ
မိုးလေ၀သပြန်ကောင်းကာသာယာဝပြောခဲ့ပေသည်။

ဂရုဓမ္မတရားလေးပါး
- - - - -- - - - - - - -

၁။ တိုင်းသူပြည်သားတို့ သည် ၀ါတွင်းဝါပတစ်လလေးသီတင်း ဥပုသ်စောင့်ရခြင်း။

၂။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရခြင်း။

၃။ ရတနာသုံးပါးကို နေ့ ညမပြတ် ၀တ်ကပ်ဝတ်တက် ပြု၍ မေတ္တာတရားကို အထူးပွားများရခြင်း။

၎။ မိဘဘိုးဘွားဆရာသမားများကိုလည်းကောင်း ၊
အကျင့်သီလနှင့် ပြည့်စုံသော သူမြတ်တို့ ကိုလည်းကောင်း ၊
မင်္ဂလာတရားတော်နှင့် အညီရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။
 
မြန်မာပြည်တကောင်းမင်းလက်ထက်တွင်
.........
ယင်းဂရုဓမ္မလေးပါးကို အမိန့် ပြန်တမ်းထုတ်၍တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်း သိရသည်။

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) (သီလအစွမ်း အံ့မခန်း မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ(အနှိုင်းမဲ့စာတိုပေစများ )

No comments:

Post a Comment