November 17, 2015

သူတော်ကောင်းဆိုတာ သူတော်လို့ ကိုယ်ကောင်းတာလား..?

ဝေဒေဟိကာ ဂေါတမဗုဒ္ဓဘုရားအဖြစ်မရောက်ခင် ရှေးအခါ ကာလတုန်းက သာဝတ္တိပြည်မှာဝေဒေဟိကာ ဆိုတဲ့ အိမ်ရှင်မတစ်ဦးရှိတယ်။သူ့ကိုအများက ကိုယ်ကျင့်တရား ကောင်းတယ်။ စိတ်နေ သ ဘောထားကောင်းတယ်။ သိပ်ကိုစိတ်သဘော ထားပျော့ပျောင်းတာပဲလို့ ချီးကျူးကြတယ်။ ဝေဒေဟိကာ သူတော်ကောင်းစိတ်ရှိတယ်။ အပြောအဆိုကလဲ အင်မတန်ကောင်းတယ်။ ချိုချိုသာသာရှိတယ်။ ဆက်ဆံရေးမှာလဲ ဖော် ဖော်ရွေရွေနဲ့ အင်မတန် တော်တယ်။ တကယ့် သူတော်ကောင်းမလေးပဲလို့ အရပ်က၀ိုင်းပြီးချီး မွမ်းနေကြတယ်။ အဲဒီဝေဒေဟိကာရဲ့ အိမ်မှာ ကာဠီဆိုတဲ့ ကျွန်မ တစ်ယောက်ရှိတယ်။ ကာဠီဟာ ဘယ်အိမ်သွား သွား ဘယ်သူနဲ့ပဲတွေ့တွေ့ သူ့သခင်မဝေဒေဟိ ကာရဲ့ ကောင်းကြောင်းတွေ၊ သည်းခံတတ် ကြောင်းတွေ၊ စိတ်ကောင်းရှိကြောင်းတွေပဲကြား နေရတယ်။ ဒါနဲ့ကာဠီက စဉ်းစားတယ်။ ငါ့သခင် မဟာ တကယ်ပဲစိတ်သဘောထားကောင်းနေလို့ လား၊ ဒါမှမဟုတ်အိမ်မှုရေးရာ ကိစ္စတွေကို ငါက အကုန် ဆောင်ရွက်ပေးနေလို့ အချိုးကျ အဆင် ပြေနေလို့လား။ ဒါမှမဟုတ် အိမ်မှုရေးရာ ကိစ္စ တွေကို ငါကအကုန်ဆောင်ရွက်ပေးနေလို့ အချိုး ကျအဆင်ပြေနေလို့လား၊ စုံစမ်းဦးမယ်။ ဒီလိုကြံ ပြီးတော့ တစ်နေ့မှာ ကာဠီဟာ ခါတိုင်းလို အိမ်မှု ကိစ္စကိုလုပ်ဖို့စောစောမထပဲ ပေပြီးအိပ်နေတယ်။ ဝေဒေဟိကာ အိမ်ရှင်မ အိပ်ယာက ထလာပြီး အခြေအနေတွေကို ကြည့်တော့ ခါတိုင်းလိုမျက်နှာ သစ်ဖို့ကြည့်တော့ ခါတိုင်းလို မျက်နှာသစ်စရာ အ ဆင်သင့်မရှိဖြစ်နေတာ တွေ့ရတယ်။ မီးဖိုထဲမှာ ချုက်ရေးပြုတ်ရေး အတွက်လဲ လှဲကျင်းမထားတာ တွေ့ရတယ်။ ဒီတော့ ဝေဒေဟိကာက စဉ်းစား တယ်။ ဒီကနေ့ကာဠီဟာအိပ်ယာကမထသေးဘူး။ ခါတိုင်းလုပ်နေကျ အလုပ်တွေကိုလဲဘာမှမလုပ်ရ သေးဘူး။ နေမကောင်းလို့များလေလား ဒီလိုတွေး ပြီး သူက စိတ်မဆိုးသေးပါဘူး။ စိတ်ဆိုးစရာ အကြောင်းက မလုံလောက်သေးပဲကိုး။နေမကောင်း ရှိလို့နဲ့ တူပါရဲ့လို့ ကရုဏာကလေးနဲ့ သနားစိတ် တောင်ဖြစ်လိုက်သေးတယ်.။ ဒါနဲ့ နေမကောင်းလို့ထင်ပြီး ဝေဒေဟိကာက ကာဠီ ကိုသွားမေးတယ်။ ဘယ်လိုဖြစ်တာလဲ၊ နေမကောင်းဘူးလားလို့ မေး တော့ ကာဠီက ဘာမှမဖြစ်ပါဘူး၊ အိပ်ချင်လို့အိပ်နေတယ်လို့ ပြော လိုက်တယ်။ ဝေဒေဟိကာက ဘာမှတော့မပြောဘူး။ မျက်နှာ တော့ပျက်သွားတယ်။ ဒါကိုမြင်တော့ ကာဠီက ဒို့ သခင်မစိတ်ဆိုးတတ်သားပဲလို့တွေးတယ်။ ဒါပေမဲ့ မသေချာဘူး။ ထပ်စုံစမ်းဦးမှပဲလို့ တွေးပြီး နောက် နေ့မှာလဲ အိပ်ယာက စောစောမထပဲ ပေပြီး အိပ် နေတယ်.။ ဒီအခါမှာလဲ ဝေဒေဟိကာက မနေ့က လိုပဲလာပြီး ဘာကြောင့် မထတာလဲလို့မေးတော့ အိပ်ချင်လို့ အိပ်နေတာ သခင်မလို့ ကာဠီကပြန် ပြောတယ်။ ဒီအခါမှာ ဝေဒေဟိကာက နင်ငါ့အကြောင်းသိမယ်လို့ ကြိမ်းတယ်။ အရင်ကအပြောအဆိုယဉ်ကျေးပါတယ်ဆိုတဲ့ ဝေဒေဟိကာက အခု ကြမ်းတမ်းတဲ့စကား ပြော လာတာကို ကာဠီ သတိထားမိတယ်။ ဒါပေမဲ့ပိုပြီး သေချာအောင် နောက်နေ့မှာလဲ အိပ်ယာက စောစောမထပဲ ပေပြီးအိပ်နေတယ်။ နေ့မနက်မှာ ဝေဒေဟိကာာ လာမေးပြန်တယ်။ ကာဠီကလဲ မထချင်လို့အိပ်နေတာလို့ ပြောလိုက် တယ်။ ဒီတစ်ခါတော့ ဝေဒေဟိကာက စိတ်ဆိုး ဒေါသတွေဖြစ်ပြီး ကြိမ်းမောင်း ဆဲဆို ရုံသာမက တံခါး ကန့်လန့်နဲ့ ပေါက်လိုက်တာ ကာဠီရဲ့ဦးခေါင်း ပေါက်ကွဲသွားတယ်။ ဒီအခါမှာ ကာဠီဟာ အိမ်နီး နားချင်တွေဆီသွားပြီးကျမဖြစ်ပုံကိုကြည့်ပါဦး၊ အိမ် မှာ ခိုင်းစရာဆိုရင်ကျွန်မတစ်ယောက်ပဲရှိပါတယ်။ ဒီတစ်ယောက်တည်းရှိတဲ့ကျမကို အိပ်ယာကစော စောမထတာလေးနဲ့ ဒါလောက် ကြမ်းကြမ်းတမ်း တမ်း ရိုက်နှက်သင့်ပါသလား. အရပ်ကဖြင့်ချီးမွှန်း လိုက်ကြတာ မပြောပါနဲ့တော့။ ဝေဒေဟိကာဟာ တကယ့် သူတော်ကောင်းမလေးတဲ့။ သိမ်သိမ် မွေ့မွေ့ယဉ်ယဉ် ကျေးကျေး ပြောတတ် ဆိုတတ် တယ်တဲ့။ လူတွေကို ဆက်ဆံတဲ့ နေရာမှာ ဖော် ရွေတယ်တဲ့။ ပျော့ပျော့ပြောင်းပြောင်းနဲ့ စိတ်သ ဘောထားပြည့်ဝတယ်တဲ့။ အခုတော့ကြည့်ပါဦး။ အဲဒီရှင်တို့ရဲ့သူတော်ကောင်းမလေးက ဒီတစ် ယောက်တည်းရှိတဲ့ကျမကို ဒီလောက်ကြမ်းကြမ်း တမ်းတမ်း တံခါးကန့်လန့်နဲ့ပေါက်ရလား။ ကျမ မှာဦးခေါင်းပေါက်ကွဲရပါပြီလို့ တိုင်တန်းတယ်။ ဒီတော့မှ လူတွေက ဝေဒေဟိကာရဲ့သဘော ထားမှန်ကို သိလာတယ်။ ဒီအဖြစ်အပျက်ဟာ တကယ်တမ်း အဆင်မပြေတာတွေ မနှစ်ခြိုက် တာတွေနဲ့ ကြုံတဲ့အခါမှာ လူတော်လူကောင်း ဟုတ်မဟုတ်သိနိုင်ကြောင်း ဖော်ပြနေတာပဲ။ အိမ်ထောင်ရေးမှာလဲ ဒီလိုပဲ။ ပစ္စည်းဥစ္စာပြည့် စုံမှု၊ ရာထူးဌာနန္တရကြီးကြီး ရနေမှုတို့ ရှိတဲ့အခါ အိမ်ထောင်ရေးဟာ ပြေလည်နေတယ်။ ဇနီး မယားကလည်း သူလိုချင်တာကိုရ၊ ၀တ်ချင်ဆင် ချင်တာ ၀တ်ရ ဆင်ရဆိုတော့ သူ့ချစ်လင်ယော က်ျားကို ချစ်မြတ်နိုးစိတ်တွေရှိနေတယ်။ ချစ်မြတ်နိုးတဲ့အမှုအရာတွေကိုပဲပြနေတယ်။ ဒီတော့ဘ၀မှာ ဘယ်လိုအခက်အခဲတွေနဲ့ပဲကြုံ ကြုံ မညည်းမညူနဲ့ အေးအတူ ပူအမျှနေမယ် တကယ့် သစ္စာရှင်မလေး၊ အလိမ္မာတုံးလေးလို့ ထင်နေတယ်။ ဒါပေမဲ့တကယ်ဒုက္ခတွေ ဆင်းရဲ တာတွေနဲ့ကြုံလာတဲ့အခါကျတော့ အလိမ္မာ မလေးဟာ စကားပြောတာကအစ မယဉ်ကျေး တွေဖြစ်လာတယ်။ ကလန်ကဆန်တွေ လုပ် လာတယ်။ တကယ် အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတော့မှသာ တကယ့်ချစ်သူကောင်း၊ အဖော် ကောင်း၊ မိတ်ဆွေကောင်းဟုတ်မဟုတ်ဆုံးဖြတ် နိုင်တော့တာပဲ။ ဒါကြောင့်ပဲ အဆင်မပြေတာ တွေ အခက်အခဲတွေ ဘေးအန္တရာယ်တွေ မတ ရားမှုတွေစတဲ့ ဒုက္ခတရားတွေဟာ လူတစ်ဦးကို လူတော်လူကောင်းဟုတ်မဟုတ်၊ လူးစွမ်းလူစရှိ မရှိ စစ်ဆေးပေးနေတဲ့ မှတ်ကျောက်တွေပဲလို့ ဆိုနိုင်တယ်။ မိမိကိုယ်တိုင်လဲ ငါဟာ ဒုက္ခရဲ့ အစမ်းအသပ်ကိုဘယ်လောက်ခံနိုင်သူဖြစ်သလဲ၊ ဒုက္ခရဲ့အမှတ်ကျောက်တင် အဘယ်မျှ ခံနိုင်သူ ဖြစ်သလဲဆိုတာ ဆုံးဖြတ်ရမှာပဲ။ ပုဂ္ဂိုလ်တစ်ဦး ကပြောဖူးတယ်။ ဒုက္ခ အန္တရာယ်တွေ အခက်အခဲတွေဆိုတာ ပူ ပြင်းတဲ့ ရာသီဥတုနဲ့တူတယ်။ ပူပြင်းတဲ့ ရာသီ ဥတုဟာ နွားနို့ကိုတော့ချဉ်သိုးသွားစေတယ်။ ဒါပေမဲ့တချို့သောသစ်သီးတွေကိုတော့ချိုမြိန် စေတဲ့ သစ်သီးတွေအဖြစ်ရင့်မှဲ့စေနိုင်တယ်တဲ့။ ဒီနည်းတူပါပဲ အခက်အခဲတွေ ဘေးရန်အန္တရာယ် တွေစတဲ့ဒုက္ခတရားနဲ့ကြုံကြိုက်တဲ့အခါ စိတ်ဓါတ် ခိုင်ကြည်မှုမရှိသူတွေကတော့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ခိုင် ကျော်လွှားယင်း အောင်မြင်သူတွေ အရည်အသွေးမြင့်သူတွေ ဖြစ်လာတာပဲ။ ဒီတော့ ကြုံလာသမျှဒုက္ခနဲ့ ဒုက္ခရဲ့ အပေါင်းပါတွေဖြစ်တဲ့ အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေကို ကြံ့ ကြံ့ခိုင်ခိုင်နဲ့ကျော်လွှားဖို့ အားမာန်ကိုတင်းထားရ မှာပဲ။ တင်းကိုတင်းထားရမှာပဲဖြစ်ပါတယ်။ (နန္ဒသိန်းဇံ ခယောင်းလမ်းကိုဖြတ်ကျော်ခြင်း)


No comments:

Post a Comment