September 30, 2015

မာနနည်းလေ ပိုလှလေ


* လူတစ်ယောက်ရဲ့ အလှဆုံးအချိန်နဲ့ ချစ်စရာအကောင်းဆုံး အချိန်ကတော့ “မာန်မာန” ကင်းနေတဲ့ အချိန်ပါပဲ
* ကိုယ့်ကိုယ်ကိုတောင် တခါတစ်ရံ မာနကင်းနေတဲ့ အချိန်မှာဆိုရင် “ စိတ်ကလေးက အေးနေတယ်၊ လှနေတယ်၊ ကြည်လင်နေတယ် ”

* မာနဆိုတာ ကိလေသာအဆင့်မှာတော့ အနုသယသတ္တိမို့ အနာဂါမ်မှာတောင် အလွန်နူးညံ့ပြီး မြင်နိုင်ခဲတဲ့ မာနလေးကျန်နေပါသေးတယ်။

* သို့သော်လည်း အပြီးတိုင်မဟုတ်ရင်တောင် ခေတ္တခန မာနလေး ငြိမ်နေတဲ့ အချိန်ဟာ သိပ်ပြီး ချစ်စရာကောင်းတဲ့ အချိန်ပါပဲ။

* မာနကင်းတဲ့အပြုအမူကတော့ ချစ်စရာကောင်းတဲ့ အပြုအမူပဲပေါ့။

* တခါက သင်္ကန်းရုံရာမှာ အမှတ်တမဲ့ဖြစ်ပြီး မညီမညာဖြစ်သွားတဲ့ အရှင်သာရိပုတြာ ကိုယ်တော်မြန်ကြီးကို ၇-နှစ်သား ကိုယ်ရင်ကလေးက အပြစ်ပြပြီး ဝေဘန်ဖူးပါတယ်။

* မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ဝေဘန်ရမလားလို့ စိတ်မှာ ထားတော်မမူပဲ သင်္ကန်းကို အသေအချာပြင်ဝတ်လို့။

“ ကိုရင်လေး ၊ တပည့်တော် သင်္ကန်းရုံတာ အဆင်ပြေပါပြီလား ဘုရား ”
လို့ ၇-နှစ်သား ကိုရင်လေးကို ဆရာတင်ခဲ့ဖူးပါတယ်။

“ ရဟန္တာမို့ မာနကင်းပြီးသား ဖြစ်သော်လည်း အခြားအပြုအမူတွေထက် ဒီအပြုအမူလေးကို ပိုပြီးကြည်ညိုမိတာက မာန်မာနကင်းတာ အလွန်ထင်ရှားတဲ့ အပြုအမူလေးဖြစ်နေလို့ပါ့

ဒါကြောင့် ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကရော ချစ်ခင်မြတ်နိုးမှုကို ရချင်တယ်ဆိုရင်တော့ မာနကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပေါ့။

*** မာနနည်းလေ ချစ်စရာကောင်းလေပါပဲ ***
ရွှေဘုန်း… 17.June.2014 (CLB)
http://www.searchmyanmar.com/link/comment/cid/53569

No comments:

Post a Comment