တိရစ္ဆာန် ဖြစ်နေသူဟာ ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။
တိရစ္ဆာန်ဘုံဆိုတာ ငရဲလောက်တော့ မဆင်းရဲပါ၊ သို့သော် တို့တတွေ ရထားသလို နေထိုင်
သွားလာ မရတော့ ဆင်းရဲပါတယ်။ တိရစ္ဆာန်ဘ၀ဟာ အင်မတန်မှ ဒုက္ခရောက်ပါတယ်။ လူတွေအနိုင်
ကျင့်တာ ခံနေရတာဟာ တိရစ္ဆာန်တွေပဲ။ လူတွေက တိရစ္ဆာန်တွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်စား
သောက်ကြပါတယ်။
ကြက်တွေ ၀က်တွေ ခြေထောက်နှစ်ချောင်း ကြိုးနဲ့ပူးပြီး ချည်ထားရုံမကဘူး၊ ဇောက်ထိုးဆွဲ
ထားသေးပါတယ်၊ တစ်ချို့များ ကြက်တွေ ခြင်းထဲထည့်ပြီး အရှင်လတ်လတ် ကားပေါ်ကပစ်ချတာ
တွေတောင် တွေ့ဖူးပါတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တိရစ္ဆာန်တွေရဲ့ ဒုက္ခကို
“အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ” တဲ့။ တိရစ္ဆာန်တွေဆိုတာ ကြီးနိုင်ငယ်ညှင်း အချင်းချင်းသတ်ပြီး
တော့ စားနေကြတာတဲ့။ ဖား- ဖားချင်းစား၊ ငါး- ငါးချင်းစား ဆိုတာလိုအကောင်ကြီးရင် အကောင်
ငယ်ကို စားပစ်တာပဲ။ တိရစ္ဆာန်တွေဟာ အချင်းချင်း စားကြတယ်တဲ့၊ အားရှိတဲ့ အကောင်က အား
နည်းတဲ့အကောင်ကို စားပစ်ကြပါတယ်၊ အတော်ကြောက်စရာကောင်းတဲ့ဘုံ ဖြစ်ပါတယ်။
မြတ်စွာဘုရားက တိရစ္ဆာန်လောကဟာ ငရဲပြီးရင်တော့ အဆိုးဆုံးပဲတဲ့၊ အင်မတန်ဆိုးတဲ့
ဘ၀၊ လူတွေက ထင်ကောင်းထင်ကြပါမယ်၊ အိမ်မွေးထားတဲ့ ကြောင်ကလေးတွေ, ခွေးကလေး
တွေကို ကြည့်ပြီးတော့ သူတို့မှာ ဘာအလုပ်အကိုင်မှမရှိဘူး၊ ချမ်းချမ်းသာသာ စားနေကြရတယ်။
အနည်းစုကလေးကိုကြည့်ပြီး ထင်ကောင်းထင်ကြမယ်၊ တစ်ချို့မွေးထားတဲ့ ခွေးတွေများချမ်းချမ်း
သာသာ ကျကျနန နေကြရတယ်။ မွေးတာမှစပါယ်ရှယ် မွေးထားတာ။ စပါယ်ရှယ်ခွေးစာ ကျွေးရ
တယ်၊ ဟိုဟိုဒီဒီ သွားတဲ့အခါလည်း ကားကြီးစီးပြီး သွားရတယ်။ အိပ်တဲ့အခါမှာလည်း လူ့အိပ်ယာ
မှာလိုပဲအိပ်ရတယ်။ ဒါ ကံကောင်းတဲ့ တိရစ္ဆာန်တစ်ချို့ပါ၊ ချမ်းသာတဲ့လူက မွေးထားတဲ့ ခွေးတစ်
ချို့ကျတော့ ကံကောင်းတာမျိုး ရှိတော့ရှိတယ်။
သို့သော် တိရစ္ဆာန်ဘ၀ဆိုတာ ဘယ်လိုပဲ တရားဟောဟော၊ နားလည်နိုင်တဲ့ စွမ်းရည်သတ္တိ
အသိဉာဏ်က သူတို့မှာ မရှိပါဘူး။ သူတို့အတွေးထဲမှာ စားဖို့အိပ်ဖို့နဲ့ ကာမကိစ္စ ဒါပဲရှိပါတယ်၊ ဆန့်
ကျင်ဖက် အကောင်လာရင် ကိုက်ဖို့၊ ရန်ဖြစ်ဖို့ ဒါလောက်ပဲ သူတို့မှာ စဉ်းစားတတ်ပါတယ်။
ကောင်းတဲ့ကုသိုလ် ဖြစ်ဖို့ဆိုတာ အခွင့်အရေး မရှိပါ။ ဒါကြောင့်မို့လို့ တိရစ္ဆာန်ဘ၀ ရောက်
နေတဲ့ အချိန်မှာ ဘုရားပွင့် တရားဟောနေသော်လည်း တိရ စ္ဆာန် ဖြစ်နေသူဟာ အခွင့်အရေး
ဆုံးရှုံးနေပါတယ်။ ။
{ ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ အရှင်နန္ဒမာ
လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment