September 26, 2015

*ကုသိုလ်ရရုံနဲ့  မတင်းတိမ်နဲ့ 


ယခုအခါကာလသည် ဘုရားသာသနာနဲ့ ကြုံခြင်း၊
ဆရာကောင်းသမားနဲ့ တွေ  ကြုံရခြင်း၊ထောင်နိုင်
တဲ့ ဉာဏ်နားနဲ့ ပြည့်စုံခြင်း စသော ဒုလ္လဘတရား
များနဲ့ ပြည့်စုံနေသော ခေတ်ကောင်း အခါကောင်း
ကြီးဖြစ်ပါသည်။ဤသို့ သော ခေတ်ကောင်းကြီးတွင်
ကုသိုလ်ရရုံမျှဖြင့် မတင်းတိမ်ဘဲ နိဗ္ဗာန်ရသည်တိုင်
အောင် ကျင့်ကြံကြိုးစားပွားများအားထုတ်သင့်လှပါ
သည်။ထို့ ကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက
"တရားနာလာကြတဲ့ဒကာ ၊ဒကာမတွေ ကုသိုလ်ရရုံ
မနာကြပါနဲ့ ၊ကုသိုလ်ရတယ်ဆိုတာ တံမြက်စည်းလှဲ၊
ရေအိုးစင်တည်လဲ ကုသိုလ်ရပါတယ်၊ကုသိုလ်ရရုံနဲ့ 
မတင်းတိမ်ကြပါနဲ့ ၊သံသရာဝဋ်မှ ကျွတ်အောင် နိဗ္ဗာန်
ရောက်ကြောင်း နည်းယူမယ်ဆိုပြီး တရားကိုနာကြပါ၊
နာပြီး သိတဲ့အတိုင်းလည်းကျင့်ကြပါ "ဟု ဆုံးမတော်
မူပါသည်။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏အဆုံးအမ)

No comments:

Post a Comment