September 21, 2015

အသေကောင်းချင်ရင် အနေကောင်းရမယ်။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
       ဗုဒ္ဓရှင်တော်မြတ်ဘုရားက “ ယနေ့လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ယနေ့ပင် အပူတပြင်း
လုပ်ဆောင်ပါ၊ နက်ဖြန်ခါ သေမည်ဆိုတာ ဘယ်သူမှ မသိနိုင်သလို သေမင်းနှင့်လည်း နေ့ရက်
အတိအကျ ချိန်းဆိုထားချက်မရှိဘူး” လို့ ဟောတော်မူပါတယ်။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ငါ
သေနိုင်တယ်-လို့ နှလုံးသွင်းပြီး သေခြင်းတရားကို လက်ခံထားရမှာပါ။ သေခြင်းတရားကို လက်ခံ

လိုက်ခြင်းဖြင့် ကြောက်လန့်ဖွယ်တရားဟု မမြင်တော့ဘဲ “ အမြဲမပြတ် နှလုံးသွင်းရမည့်တရား”
အဖြစ် သိရှိလာပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ကြရမှာပါ။
         ဒါကြောင့် သေခြင်းကို ကြောက်စရာအဖြစ်မမြင်ဘဲ မိမိ၏ဘ၀ကို မြင့်တက်လာအောင်၊
မိမိသန္တာန်မှာ ကောင်းမြတ်သောစိတ်များပေါ်လာအောင်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်
တစ်ယောက် မေတ္တာပွား ကရုဏာထားနိုင်အောင်၊ စိတ်ဆိုးစိတ်ညစ် စိတ်ပုပ်စိတ်ယုတ်များ ကင်း
နိုင်သမျှ ကင်းဝေးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်သောတရား-ဟု  ဉာဏ်ဖြင့်ဆင်ခြင်
စဉ်းစား၍ ထိုသေခြင်းကို ကောင်းမွန်သောသေခြင်းမျိုးဖြစ်အောင် တရားဓမ္မကို လက်ကိုင်ထား
ကာ လူမှာရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်သီလသိက္ခာကို ကျင့်သုံး၍ လူနဲ့တူအောင် ကောင်းကောင်း
မွန်မွန် နေထိုင်ခြင်းဖြင့် အနေကောင်းအောင် နေတတ်ဖို့လိုပါတယ်။ “ အနေကောင်းမှ အသေ
ကောင်းပါမယ်”။
 { အသောကသီတဂူကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်ဏ္ဍိတ(ဒီဃနိကာယ
ကောဝိဒ) ရေးသားပြုစုသော ၂၀၁၅ ခုနှစ် စက်တင်ဘာလထုတ် “သေရမှာ ကြောက်စရာလား” 
တရားစာအုပ်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment