September 30, 2015

နွားသတ်သမား။


           ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။  ကြည့်
လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီ အရိုးစုပြိတ္တာကြီးက ကောင်းကင်မှာသွားနေတာ။ ဠင်းတတွေ၊ စွန်တွေ၊
ကျီးကန်းတွေက သူ့ကို ၀ိုင်းဆိတ်နေကြတာတဲ့။ ဒိပြင်လူတွေမှာ ပကတိ မျက်စိနဲ့ ကြည့်လို့မမြင်ရဘူး၊
ရှင်မဟာ မောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့မြင်တာ၊ အသံကိုလည်း ဒိဗ္ဗသောတနဲ့ကြားလိုက်တာ ဖြစ်ပါတယ်။
         အဲဒီ အကောင်ကြီးဟာ ဒီလိုပဲ အော်ဟစ်ပြီးတော့ ကောင်းကင်ယံမှာ ပြေးလွှားနေရှာတာတဲ့။
ဒီလို ဆင်းရဲဒုက္ခရောက်နေသူ တရားနာလို့ တရားမရနိုင်ပါ။ သူ့အရိုးလေးတွေက မထိလိုက်နဲ့၊ ထိ
လိုက်ရင် သိပ်နာတာပဲ တဲ့၊ သူဟာ ဟိုဘ၀က နွားသတ်သမား ဖြစ်ခဲ့ပါတယ်။ နွားတွေသတ်ပြီး အရိုး
ကနေ အသားကိုခြစ်ယူဘူးခဲ့ပါတယ်။ ယူတဲ့အခါကျတော့ သူ့မျက်စိထဲမှာ အဲဒီအရိုးပုံကြီးပဲမြင်နေတာ၊
နွားသတ်သမား သေတဲ့အခါ ငရဲကျ၊ ငရဲက ပြန်လွတ်တဲ့အခါ အမဲရိုးတွေပဲ မျက်စိထဲမှာ မြင်နေတယ်၊
သေပြီး ငရဲက လွတ်လာတဲ့အခါ ပြိတ္တာ လာဖြစ်ပြန်ပါတယ်။
          အဲဒီလို အော်ဟစ်ငြီးငြူငိုကြွေးပြိတ္တာဘ၀ ရောက်နေတဲ့သူ တစ်ယောက်ဟာ တရားနာဖို့ တ
ရားကျင့်ဖို့ အခွင့်အလမ်း မရှိနိုင်ပါ။အဲဒီလို ဘ၀ကိုရောက်သွားပြီ ဆိုလို့ရှိရင် ကောင်းရာသုဂတိဘုံကို
ပြန်ရောက်ဖို့ဆိုတာ မလွယ်တော့ပါ။ တရားနာယူမှတ်သား ကျင့်ကြံပြီး ရလာမယ့် အခွင့်ကောင်းတွေ
လက်လွတ်ဆုံးရှုံးသွားရပါတယ်။ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ ။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်​။

No comments:

Post a Comment