October 8, 2016

လူအ


တစ်ချို့ လူတွေဟာ သူများတွေ တရားအားထုတ်ရာမှာ အေးအေးချမ်းချမ်း ရှိဖို့ 
လှူ ကြတယ် အဟာရအတွက် နေဖို့  အတွက် မပူမပင် မကြောင့်မကြ နေနိုင်အောင်
လှူ လိုက်ကြတာ။ ကိုယ်တိုင်ကြတော့ တရားအားမထုတ်ဘူး။

အဲ့လိုလူက "လူအ" ပဲ

သူများအေးချမ်းဖို့ ပဲ လုပ်တယ် ကိုယ်တိုင်အေးချမ်းအောင်တော့  အားမထုတ်ဘူး။
တကယ် မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်တာမျိုးပါ။
သူများကိုတော့ အေးတဲ့နေရာ အရိပ်ကိုသွားပါပြောပြီး ကိုယ်က နေပူထဲနေနေတာ
အနှစ်နာခံတဲ့သူရဲကောင်းလို့ သူကိုယ်သူ ထင်နေမယ်
တကယ်တော့ လဆိုရင်တော့
ကိုယ်ဘာသာအေးချမ်းအောင်နေပြီး သူများကိုပူချင်ပူ လို့  နေပူထဲမှာ ပစ်ထားတာလဲ
မှန်ကန် တဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။

ကိုယ်တိုင်လည်းအေးချမ်းအောင် အရိပ်ထဲရောက်အောင် လုပ်ရမယ်။ သူများကိုလည်း အရိပ်ထဲကို
လက်တွဲပြီးခေါ်ရမယ်။ ဒါမှ မှန်ကန်တဲ့လုပ်ရပ် ဖြစ်မယ်။

သူများကိုအေးချမ်းအောင်လုပ်ပါစေ ဆိုပြီး အရိပ်ထဲတွန်းပို့ 
ကိုယ်တိုင်ကတော့ နေပူမှာနေတယ် ဆိုရင်တော့
ကိုယ့်ကို ကိုယ်လူအ လို့  သိထားလိုက်ပေတော့။


ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ (အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် )

အလှူ ဒါန နဲ့ တင်းတိမ်ရောင့်ရဲ မနေကြပဲ ကိုယ်ကို တိုင် သစ္စာ တရားသိမြင်၍ သူတပါးကိုပါ လက်တွဲ
ဆွဲခေါ်နိုင်သူများဖြစ်ကြပါစေ။


No comments:

Post a Comment