October 5, 2016

ဘ၀ မှာ အနိုင်ရသူဖြစ်ဖို


ကဿပ ဘုရားရှင် လက်ထက်တော်အခါ က ရဟန်းတော် နှစ်ပါးရှိတယ်။
တစ်ပါးက ၀ိပဿနာ တရားအားထုတ်တယ် ဒါန ကောင်းမှူ လုပ်စရာမလိုဘူး။ဝိပဿနာ အကျင့်ပဲ ကျင့်မယ်
လို့  ဆိုတယ်။ တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့် ဒါန ကောင်းမှူ လုပ်သင့်တယ်။ သာရဏိယ ၀တ်
ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆပြီး ကိုယ်ရလာတဲ့ဆွမ်းသင်္ကန်းကို သီးတင်းသုံးဖေါ်တွေကိုမျှဝေလှူ ဒါန်းတယ်

ရဟန်းနှစ်ပါး ပျံလွန်တော်မူတော့ နတ်ပြည်မှာ သွားဖြစ်တယ်။ဝိပဿနာ အကျင့်သာကျင့်ပြီး ဘာမှမလှူ တဲ့ ရဟန်းက နတ်ဖြစ်ပေမယ့် လှူ ဒါန်းမှုပြုတဲ့ ရဟန်း ရဲ့ အဆင့်အတန်းကိုမမှီဘူး။လှူ ဒါန်းမှု ပြုတဲ့ ရဟန်း က
သက်တမ်းပိုရှည်တယ်။အဆင်းပိုလှတယ်။ ချမ်းသာသုခပိုများတယ်။ခွန်အားဗလပိုကြီးတယ်။ အစိုးရမှူလည်း
ပိုများတယ်။

နတ်ပြည်ကနေ လူပြည့်ရောက်တဲ့အခါ ဒါန ကောင်းမှု ပြုတဲ့ ပုဂ္ဂိုလ်က  ဘုရင့်သားတော်လာဖြစ်တယ်။
ဒါနကောင်းမှုမပြုခဲ့တဲ့ ပုဂ္ဂိုလ်က အထိမ်းတော်ရဲ့ သားလာဖြစ်တယ်။

ဒါက ဘာကိုပြဆိုလည်းဆိုရင် ၀ိပဿနာ ကျင့်ရင်ပြီးတာပဲလို့ တွေးပြီး ဒါန မပြုရင် ဘ၀ ရှုံးတယ်ဆိုတာကို
ပြဆိုတာပါပဲ။

အဓိက က မဂ်ဆိုဒ် ဖို့  ဖြစ်ပါတယ်။မဂ်ဖိုလ်ကို မရရင်တော့ ဒါန ကောင်းမှုပြုဖို့ လိုအပ်ပါတယ်။

သံသရာမှာလည်နေအုံးမယ့်သူတစ်ယောက်ဟာ ဒါန သီလ ကိုအထူးတလည်ဆောက်တည်ဖို့ 
လိုအပ်ပါတယ်။ အရိယာ မဂ် ကိုရထားပြီးရင်တော့ ဒါန ကောင်းမှု မပြုလည်း ကိစ္စ မရှိပါဘူး။
ကိုယ့်ပြုတဲ့ ဘာဝနာ အားကို ကိုယ့်ကိုကိုယ်ချင့်ချိန်ပြီး ဆင်ခြင်နိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။
ဘ၀ ဘ၀ သံသရာလည်နေအုံးမယ့်သူများဟာ အသိအဆင်ခြင် မရှိရင်တော့  အနိုင်ရသူမဖြစ်ပဲ
အရှုံးနဲ့ ရင်ဆိုင်ရမယ့်သူများသာဖြစ်လာမယ်ဆိုတာ သတိပေး တိုက်တွန်းလိုက်ပါတယ်။


ကျမ်းကိုး။      ။အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ( Ph.D)၏ နိုင်သူနှင့် ရှူံးသူ စာအုပ်ကိုမှီငြမ်းပါသည်။


No comments:

Post a Comment