မြတ်စွာဘုရားရှင်ဇေတ၀န် ကျောင်းတော် `၌ သီတင်းသုံးတော် မူစဉ်
သိကြားမင်းနှင့် တကွ နတ်အပေါင်းတို့ သည် စုဝေးရောက်ရှိကြကုန်၍
သိကြားမ င်း က“ဘုန်းတော်ကြီးမြတ်သောမြတ်စွာဘုရား…
ဤမည်သော ပြဿနာ လေးရပ် တို့ ၏ အနက် အဓိပ္ပါယ် ကို
ကျွန်ုပ် တို့ အား ထင်ရှားဖြေဆို ပါကုန် ’’ဟူ၍ လျှောက်ထားလေ၏။
မေးခွန်းပြဿနာ(၄)ရပ်
(၁)အလှူအပေါင်းတို့ တွင်အဘယ်အလှူသည်အမြတ်ဆုံးဖြစ်သနည်း။
(၂)အရသာအပေါင်းတို့ တွင် အဘယ် အရသာသည် အမြတ်ဆုံးဖြစ်
သနည်း။
(၃)မွေ့ လျှော်ခြင်းအပေါင်းတို့ တွင် အဘယ်မွေ့ လျှော်ခြင်းသည်
အမြတ်ဆုံးဖြစ်သနည်း။
(၄)တဏှာ၏ ကုန်ခြင်းအဆုံး`၌ ဖြစ်သောအရဟတ္တဖိုလ် ကိုသာလျှင်
အဘယ်ကြောင့်အမြတ်ဆုံးဟူ၍ခေါ်ဆိုအပ်သနည်း။
မြတ်စွာဘုရားရှင်သည်“ ကောင်းပြီသိကြားမင်း ငါ ဘုရားကား
ပါရမီတို့ ကို ဖြည့်ကျင့်၍စွန့် ခြင်းကြီးငါးမျိုးတို့ ကိုရဲရဲ ရက်ရက်
စွန့် လှူ ၍သင့်တို့ ကဲ့သို့ သော ပုဂ္ဂိုလ်တို့ ၏ယုံမှားကိုဖြတ်တောက်ရန် ပင်
သဗ္ဗညုတ ဉာဏ် တော်ကိုရအပ် သိအပ် ခဲ့ ပြီ …သိကြားမင်း…
သင်မေးအပ်သည့် ပြဿနာ လေးရပ် တို့ အဖြေ ကား----
(၁)အလှူခပ်သိမ်းတို့တွင် တရားအလှူ သည် အမြတ်ဆုံးဖြစ်၏။
(၂)အရသာခပ်သိမ်းတို့တွင်တရားအရသာသည် အမြတ်ဆုံးဖြစ်၏။
(၃)မွေ့ လျှော်ခြင်းခပ်သိမ်းတို့ တွင်တရားဖြင့် မွေ့ လျှော်ခြင်းသည်
အမြတ်ဆုံးဖြစ်၏။
(၄)တဏှာကုန်ခြင်း၏ အဆုံး`၌ဖြစ်သော အရဟတ္တဖိုလ်သည်ကား
(ခပ်သိမ်းသော ၀ဋ်ဒုက္ခ၏ကုန်ခြင်း ငြိမ်းခြင်းသို့ )ရောက်စေတတ်
သောကြောင့် ဧကန် အမြတ်ဆုံးဖြစ်၏။………..”.
ဟူ၍ မိန့် တော်မူလေ၏။
အမြတ်ဆုံးသောကုသိုလ်အမှူတို့ ကိုဆောင်ကြည်းနိုင်ကြသည်
ဖြစ်၍နိဗ္ဗာန်သို မျက်မှောက်ပြုနိုင်ကြပါစေသတည်း။
(ကိုးကား။ ။မဟာဗုဒ္ဓ၀င်-စတုတ္ထတွဲ(သိကြားမင်းမေးအပ်သည့်
ပြဿနာ လေးရပ် ကို ဖြေကြားတော်မူခြင်း) စာ-၂၄၈)
October 12, 2016
အမြတ်ဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment