May 1, 2014

ကလျာဏမိတ္တအရေးကြီးပုံ

အရှင်အာနန္ဒာကိုယ်တော်မြတ်က- မြတ်စွာဘုရား---သတ္တဝါတွေ သာဝကတွေ မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေးအတွက် ကလျာဏမိတ္တလို.ခေါ်ဆိုအပ်တဲ့ မိတ်ကောင်းဆရာသမားကောင်းအပေါ်၌ တဝက်လောက် မှီနေတယ်လို. တပည့်တော်သဘောပေါက်ပါတယ် ဘုရားလို. လျှောက်ထားတော့ မြတ်စွာဘုရားက-
အာနန္ဒာ---သင်ဒီလိုမပြောနဲ.၊ ဆရာသမားအပေါ်မှာ တစ်ဝက်လောက်မှီနေတာ မဟုတ်ဘူး။လုံးဝအကုန်လုံး ဆရာသမားအပေါ်မှာ မှီနေတယ်။ဘာဖြစ်လို.လည်းဆိုတော့ ဘုရားတည်းဟူသော ကလျာဏမိတ္တတစ်ဦးသည် လောကမှာ ပွင့်ထွန်းပေါ်ပေါက် မလာခဲ့ဘူးဆိုရင် ဒီသတ္တဝါတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြဘူး။
ဘာကြောင့်လဲ?- မဂ္ဂင်၈ပါးကျင့်စဉ်တရားဆိုတာ ဘုရားရှင်တို. ပွင့်ထွန်းတော်မူလာတဲ့ အခါကျမှ သိရှိခွင့်ကို ရရှိနိုင်ကြတယ်။ညွှန်ကြားပြသပေးမည့် ဘုရားရှင်ကဲ့သို.သော မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းရှိတဲ့ ပုဂ္ဂိုလ်ကသာ မဂ္ဂင်(၈)ပါးကျင့်စဉ်တရားကို ကျင့်နိုင်မှာဖြစ်တယ်။မဂ္ဂင်(၈)ပါးကျင့်စဉ်ကို စနစ်တကျ ကျင့်ပါမှလည်း နိဗ္ဗာန်ကို ရရှိနိုင်မှာဖြစ်တယ်။
ဒါကြောင့်ဘုရားရှင်က-
အာနန္ဒာ=ညီဘွားအာနန္ဒာ၊ ကလျာဏမိတ္တံ=မိတ်ကောင်းဆွေကောင်းအစစ် အဖြစ်ကြီးဖြစ်ပေသော၊၊မမံတိ=ငါဘုရားကိုသာလျှင်၊ အာဝဇ္ဇ=အစွဲပြု၍၊ဇာတိဓမ္မာ=ပဋိသန္ဓေတည်နေရခြင်း၊ဇာတိသဘောတရား ထင်ရှားရှိကြကုန်သော၊ သတ္တာ=သတ္တဝါတိုသည် ၊ဇာတိယာ=ပဋိသန္ဓေတည်နေရခြင်း ဇာတိသဘောတရားမှ ပရိမုစ္စန္တိ= လွတ်မြောက်သွားကြရကုန်၏။ ဇရာဓမ္မာ=အိုခြင်းဇရာသဘောတရား ထင်ရှားရှိနေကြကုန်သော၊ သတ္တာ=သတ္တဝါတို.သည် ဇရာယ= အိုခြင်း
ဇရာသဘောတရားမှ ပရိမုစ္စန္တိ= လွတ်မြောက်၍ သွားကြရာကုန်၏။ဗျာတိဓမ္မာ=ဖျားနာရခြင်း ဗျာတိသဘောတရား ထင်ရှားရှိနေကြကုန်သော သတ္တာ=သတ္တဝါတို.သည်၊ ဗျာဓိတော=ဖျားနာရခြင်း ဗျာတိသဘောတရားမှ ပရိမုစ္စန္တိ= လွတ်မြောက်၍ သွားကြရကုန်၏။ မရဏဓမ္မာ=သေကျေပျက်ဆီးရခြင်း မရဏသဘောတရား ထင်ရှားရှိနေကြရကုန်သော၊ သတ္တာ=သတ္တဝါအပေါင်းတို.သည်၊ မရဏေန=သေကျေပျက်စီးရခြင်း မရဏသဘောတရားမှ ပရိမုစ္စန္တိ=လွတ်မြောက်၍ သွားကြရကုန်၏။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသဓမ္မာ=စိုးရိမ်ပူဆွေးရခြင်း သောကတရား ၊ငိုကြွေးမည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊စိတ်ဆင်းရဲရခြင်း ဒေါမနဿဿဿဿသ၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသ တရားထင်ရှားရှိကုန်သော သတ္တာ=သတ္တဝါတို.သည် သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသေတိ=စိုးရိမ်ပူဆွေးရခြင်းသောကတရား၊ ငိုကြွေးမည်တမ်းရခြင်းပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်းဒုက္ခတရား၊စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသတရားတို.မှ ပရိမုစ္စန္တိ=လွတ်မြောက်၍ သွားကြရကုန်၏။
အာနန္ဒာ=ညီဘွားအာနန္ဒာ--၊ယဒိဒံ ကလျာဏမိတ္တကာ= အကြင်မိတ်ကောင်းဆွေကောင်းသမားကောင်းရှိသောသူ၏အဖြစ်သည် ဗြဟ္မစရိယံ=ဗြဟ္မစရိယဿ=အရိယမဂ် တည်းဟူသော မြတ်သောအကျင့်ကို ကျင့်ရခြင်း၏ သကလမေဝ=အားလုံးကိုပင် ပြီးစေနိုင်၏။
ဒီဒေသနာတော်အရ အိုနာသေရေး ဒုက္ခဘေးအဝဝတို.မှ လွတ်မြောက်ဖို.ရန်အတွက် သံသရာဝဋ်မှ လွတ်မြောက်ကြောင်း နိယျာနိက တရားကောင်းအစစ်ဖြစ်သော မဂ္ဂင်(၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ညွှန်ကြားပြသပေးမည့် ဆရာကောင်း သမားကောင်း မိတ်ကောင်းဆွေကောင်း ရှိဖို.ဟာ အလွန်အရေးကြီးပါတယ်။ သူတော်ကောင်းတို.အပေါ်၌ ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ရှိဖို.လည်းအလွန်လိုအပ်ပါတယ်။
ဓမ္မာ့မိတ်ဆွေတို. ဆရာကောင်း သမားကောင်း မိတ်ကောင်းဆွေကောင်းကို ဆည်းကပ်ခြင်း၊ညွှန်ကြားပြသမှုကို လိုက်နာကျင့်သုံးခြင်းဖြင့် သံသရာဝဋ်မှ လွတ်မြောက်စေဖို.-ဖားအောက်တောရဆရာတော်ဘုရားကြီး၏ စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး တရားတော် စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်
ဉာဏ်စိုး

No comments:

Post a Comment