May 23, 2014

လူတိုင်းအတွက် ဒါနပြုနည်း။

ဝစ္ဆ၊ ငါဘုရားသည် ဒါနကို ဤသို့ဟောတော်မူ၏။
အကြင်သူတစ်ယောက်သည် ထမင်းအိုးကို ရေဆေးကြောသောအခါ အိုးဆေးရေကို
ရေအိုင်၊ ရေမြောင်းထဲ၌ သွန်ပစ်ရာ၌ပင် “ ရေအိုင်ထဲမှာရှိသော ပိုးမွှားတွေ စားသောက်ကြ
ပါစေ” ဟူသော စိတ်စေတနာဖြင့် သွန်ပစ်လျှင် ထိုအိုးဆေးရေကို စေတနာဖြင့် သွန်ပစ်ခြင်း

ဟူသော အကြောင်းကြောင့် ကုသိုလ်ကောင်းမှု ဖြစ်သည်။ ဒါနမြောက်သည် လူပုဂ္ဂိုလ်အား
ပေးလှူရာ၌ အဘယ်ဆိုဘွယ်ရာ ရှိမည်နည်းဟု ငါဘုရား ဟောတော်မူ၏။ ။
                  (ပိဋကတ်တော်လာ ၀စ္ဆသုတ်)
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment