December 17, 2015

တရားပေါက်ရောက်ရန်မှာ

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အခါတစ်ပါး၌ ဗုဒ္ဓနှင့် ရှင်ပုဏ္ဍိယတို့သည် တရားပေါက်ရောက်နိုင်
ခြင်းနှင့် စပ်လျဉ်း၍ အမေးအဖြေ စကားပြောကြားတော်မူကြသည်။ 

ရှင်ပုဏ္ဍိယ 
မြတ်စွာဘုရား၊ လူတိုင်း တရားဉာဏ် ပေါက်ရောက်နိုင်ပါ 
သလားဘုရား။
ဗုဒ္ဓ 
လူတိုင်း တရားဉာဏ် မပေါက်ရောက်နိုင်ဘူး ချစ်သား။
ရှင်ပုဏ္ဍိယ 
ပေါက်ရောက်နိုင်ရန် ဘယ်အချက်ပေါ်မှာ တည်ပါသလဲဘုရား။
ဗုဒ္ဓ 
ယုံကြည်မှုရှိခြင်း၊ မရှိခြင်း အပေါ်မှာ တည်တယ် ချစ်သား၊ ယုံကြည်မှုရှိလာလျှင် သူတော် ကောင်းတို့ထံ၌ ဆည်းကပ်
နိုင်တယ်။
ရှင်ပုဏ္ဍိယ 
သူတော်ကောင်းတို့ထံ ဆည်းကပ်တိုင်း တရား သိနိုင်ပါ သလားဘုရား။
ဗုဒ္ဓ 
မသိနိုင်ဘူး ချစ်သား။ ထိုသူတော်ကောင်းနှင့် ဆွေးနွေးခြင်း၊ မဆွေးနွေးခြင်း အပေါ်မှာ တည်နေတယ်။
ရှင်ပုဏ္ဍိယ 
ဆွေးနွေးလျှင်ကော တရား သိနိုင်ပါသလားဘုရား။
ဗုဒ္ဓ 
ဆွေးနွေးတိုင်းလဲ တရားမသိနိုင်ဘူး ချစ်သား။ ကောင်းစွာ 
နား ထောင်ခြင်း၊ နားမထောင်ခြင်း အပေါ်မှာ တည်နေတယ်။
ရှင်ပုဏ္ဍိယ 
ကောင်းစွာနားထောင်တိုင်း တရား ရပါသလားဘုရား။
ဗုဒ္ဓ 
ကောင်းစွာနားထောင်တိုင်း တရား မရဘူး ချစ်သား။ မှတ်သားမှု ရှိခြင်း၊ မရှိခြင်းအပေါ်မှာ တည်နေပြန် တယ်။
ရှင်ပုဏ္ဍိယ 
မှတ်သားမှုရှိလျှင်ကော တရား ရပါမည်လားဘုရား။
ဗုဒ္ဓ 
မရနိုင်ဘူး ချစ်သား။ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်မှု၊ မဆင်ခြင်မှု 
ပေါ်၌ တည်ပြန်တယ်။
ရှင်ပုဏ္ဍိယ 
ဆင်ခြင်မှုရှိလျှင်ကော တရား ပေါက်ပြီလားဘုရား။
ဗုဒ္ဓ 
တရား မပေါက်သေးဘူးချစ်သား။ လက်တွေ့ကျင့်သုံးမှသာလျှင် 
တရား ပေါက်ရောက်နိုင်တယ်ချစ်သား။ သာဓု သာဓု သာဓု
ကျမ်းကိုး။   ။ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရ
ဝိပဿ      နာ၊ အတွဲ (၃+၄)။ 

No comments:

Post a Comment