December 3, 2015

"ဘာကြောင့်လူလို့ ခေါ်ရတာလဲ လူမည်ပုံ-မမည်ပုံ"

ကုသိုလ် အကုသိုလ်တရားတို့ကို သိတတ်သောကြောင့် လူမည်၏။
(ကုသလာ ကုသလေဓမ္မေ မနတိ ဇာနာတီတိ မနုေဿာ)။
ကုသိုလ်ကို ကုသိုလ်မှန်းမသိသူတွေ၊ ဆိုလိုတာက သံဃာတော်အရှင်မြတ်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များက အမျိုးဘာသာ သာသနာအတွက် အလွန်အင်မတန်အရေးကြီးသည့် မြတ်စွာဘုရား ဝိနည်းဒေသနာတော်နှင့်အညီ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း အဆုံးအမကောင်းများကို ဟောပြောပြသခြင်း( ဓမ္မဒေသနာကုသိုလ်)၊ နာယူမှတ်သား လိုက်နာကျင့်သုံးခြင်း (ဓမ္မဒေသနာကုသိုလ်) အဲဒီကုသိုလ်တရားများအပါအဝင် တခြား တခြားသော ကုသိုလ်တရားများကို အကုသိုလ်လို့မြင်ခြင်း၊ အကုသိုလ်ဟု သိခြင်း၊ အကုသိုလ်တရားများကို ကုသိုလ်ဟုမြင်ခြင်း၊ ကုသိုလ်ဟု ယူဆခြင်း၊ ကုသိုလ်ဟု သိခြင်း၊ (ဥပမာ) ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားဝေဖန်ခြင်းအကုသိုလ်ကို ကုသိုလ်ဟု သုံးသပ်ကာ အကြိမ်ကြိမ်အဖန်အဖန် စော်ကားခြင်း၊ စတဲ့အမှုကို ပြုလုပ်လေ့ရှိသူက အထက်က ကုသိုလ် အကုသိုလ်တို့ကို သိတတ်သောကြောင့် လူမည်တယ်လို့ ဖွင့်ဆိုချက်နှင့် ဆန့်ကျင်ပါက လူမမည်ကြောင်း၊ လူလို့မခေါ်ဆိုနိုင်ကြောင်းထင်ရှားပါ၏။ လူမည်ချင်လျှင် လူပီသချင်လျှင် ကုသိုလ်တရားနဲ့ အကုသိုလ်တရားကို ကွဲပြားအောင် ကျင့်ကြံပါလေ။

ကာရဏာကာရဏံ မနတိ ဇာနာတီတိ မနုေဿာ၊
အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်ကို သိတတ်သောကြောင့် လူမည်၏။ ဆိုလိုတာက လှူဒါန်းပေးကမ်းခြင်းဆိုတဲ့ အကြောင်းတရားက ချမ်းသာကျိုးကိုဖြစ်စေခြင်း၊ သီလစောင့်ထိန်းခြင်းဆိုတဲ့ အကြောင်းတရားက အနာရောဂါကင်း အသက်ရှည်ခြင်းစတဲ့ အကျိုးတရားကိုဖြစ်စေခြင်း၊ ဝိပဿနာပွားများ အားထုတ်ခြင်းဆိုတဲ့အကြောင်းတရားက မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ကိုရောက်ခြင်းစတဲ့ အကျိုးတရားကိုဖြစ်စေခြင်း၊ စတဲ့ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်မှသာ လူလို့ခေါ်ပါတယ်။ နောက်ဥပမာတစ်ခု- ဆိုပါစို့ အမျိုးစောင့်ဥပဒေချမှတ်ခြင်းဆိုတဲ့အကြောင်းတရားက အမျိုး ဘာသာ သာသနာတည်တံ့တိုးတက်ပြန့်ပွားခြင်းစတဲ့ အကျိုးကိုဖြစ်စေခြင်း၊ မိမိဘာသာဝင်များနှင့်ရောင်းဝယ်ဖောက်ကားခြင်းဆိုတဲ့ အကြောင်းတရားက ထိုထိုအမြတ်ငွေများမှ အမျိုး ဘာသာ သာသနာကိုချီးမြှောက်ထောက်ပံ့မည်ဆိုပါလျှင် အမျိုး ဘာသာ သာသနာထွန်းကားပြန့်ပွားခြင်းဆိုတဲ့ အကျိုးတရား၊ မိမိဘာသာတူအချင်းချင်း ပေါင်းသင်းနေထိုင်ခြင်းဆိုတဲ့ အကြောင်းတရားက ဘာသာတူအချင်းချင်း စည်လုံးညီညွတ်ဆိုတဲ့အကျိုးတရားကိုဖြစ်စေခြင်း၊ မိမိဘာသာတူအချင်းချင်း အိမ်ထောင်ပြုပါက မိမိဘာသာ လူဦးရေ မလျော့ပါးတော့ဘဲ လူဦးရေတိုးတက်ခြင်းဆိုတဲ့ အကျိုးတရားများကိုဖြစ်စေခြင်း၊ စတဲ့ မှန်ကန်တဲ့ အကြောင်းတရားကို ဆန့်ကျင်ဘက်လုပ်လိုက်မည်ဆိုပါလျှင် အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတော့မည်မဟုတ်ပေ။ ထိုအခါ လူလို့ မဆိုနိုင်ကြောင်း လူဟု မခေါ်နိုင်ကြောင်းထင်ရှားပေ၏။

အတ္တာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ။
အကျိုးရှိ အကျိုးမဲ့ကို သိတတ်သောကြောင့် လူမည်၏။
ရဟန်းသံဃာတော်များ၊ မျိုးချစ်လူပုဂ္ဂိုလ်များ အမျိုး ဘာသာ သာသနာတည်တံ့ တိုးတက် ပြန့်ပွားရေး အတွက် ကိုယ်ကျိုးမဖက်ဘဲ ကြိုးစားလုပ်ဆောင်ခြင်းသည် ဘာသာ သာသနာ လူမျိုးအတွက် အကျိုးရှိမည့် လုပ်ရပ်ပင်ဖြစ်၏။ ထိုအကျိုးရှိမည့် လုပ်ရပ်ကို အကျိုးမဲ့လုပ်ရပ်ဟု မြင်ကြားသိနားလည်ပါက ထိုသူကို လူဟု မခေါ်ဆိုနိုင်ပါ။ ထို့ပြင် အကျိုးမဲ့လုပ်ရပ်ဟု သိနားလည်သူများက ဆန့်ကျင်ဘက်လုပ်ခြင်း တိုက်ခိုက်ခြင်း စော်ကားခြင်းအမှုတို့ကို ဆက်လက်ဆောင်ရွတ်မည်သည်ဖြစ်၏။ အဘယ်ကြောင့်နည်း အကျိုးရှိ အကျိုးမဲ့ကို ခွဲခြားသိတတ်တဲ့ ဥာဏ်ကင်းမဲ့သောကြောင့်တည်း။
မြတ်စွာဘုရားအဆုံးအမဖြစ်တဲ့ အပရိဟာနိယတရား(၇)ပါး
“အဌအပရိဟာနိယဓမ္မ=အပရိဟာနိယတရား” ခုနှစ်မျိုးသည် မြတ်စွာဘုရားရှင်မှ နိုင်ငံရေးနှင့် ပတ်သက်၍ ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊ “အပရိဟာနိယ”ပုဒ်ကို ပါဠိသဒ္ဒါနည်းဖြင့် (အ+ပရိ+ဟာ+အိယ)ဟုလေးပုဒ်ခွဲပြီး အဓိပ္ပါယ်ဖွင့်ရပါသည်၊၊
ဟာ=ဆုတ်ယုတ်ခြင်း၊ အ=မရှိခြင်း၊ဟု အဓိကကျသည့်ပုဒ်ရင်းနှစ်ပုဒ်မှ အနက်ပြန်လိုက်လျင် မဆုတ်ယုတ်ခြင်း၏အကြောင်း၊ သို့မဟုတ် “တိုင်းပြည် တိုးတက်ခြင်း၏ အကြောင်းခုနှစ်မျိုး”ဟု အဓိပ္ပါယ် ရပါသည်၊၊

“အပရိဟာနိယတရား(၇)မျိုး”
(၁) အမြဲမပြတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အလုပ်ကို ညီညီညာညာလုပ်ခြင်း၊
(၃) မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊
(၄) ကြီးသူကို ရိုသေလေးစားခြင်း၊
(၅) အမျိုးသမီးများကို မစော်ကားခြင်း၊
(၆) ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊
(၇) ပညာရှင်၊ သူတော်ကောင်းများကို ဖိတ်ခေါ်ခြင်းနှင့်၊
နိုင်ငံတွင်းရှိပညာရှင်နှင့် သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း၊ ဒီအဆုံးအမက မြတ်စွာဘုရားရှင်မှ နိုင်ငံရေးနှင့်ပတ်သတ်၍ ဟောပြောသင်ပြချက်ဖြစ်ပေသည်။ နိုင်ငံ ဘာသာ သာသနာ လူမျိုး တည်တံ့တိုးတက် ပြန့်ပွားအောင် နည်းမှန်စနစ်မှန် ချမှတ်ပေးတော်မူခဲ့သည့်အတိုင်း သံဃာတော်များ လုပ်ဆောင်နေခြင်းပင်ဖြစ်၏။ ဒီအဆုံးအမဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အကျိုးရှိစေမည့် အဆုံးအမပင်ဖြစ်၏။ ဒါကို အကျိုးမဲ့ဟု သုံးသပ်ကာ သံဃာတော်များအား ဝေဖန် စော်ကားနေသူတို့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြပါဦး။ ငါ.. လူမှဟုတ်ရဲ့လား၊ ငါ အမြီးများပေါက်နေပြီလားဆိုတာကို သေချာပြန်လည်ဆန်းစစ်ကြပါဦးလို့ ဆန္ဒပြုရင်း
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
လူအကြောင်းကို ထပ်မံ၍ရေးသားပါဦးမည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment