January 17, 2015

ကြည်ညိုစရာ အကောင်းဆုံး သာဝတ္ထိရွှေပြည်

သာဝတ္ထိမှာ ဝေနေယျတွေဟာ ဘုရားမှန်း တရားမှန်း
သံဃာမှန်းသိသိနဲ့  ဘုရားစကား တရားစကား
သံဃာ့စကား နားထောင်လိုက်နာကြတယ်။
အဲ့ဒီတုန်းက သာဝတ္ထိမှာ လူဦးရေ (တစ်ကုဋေ)လောက်ရှိတဲ့အထဲမှာ
သုံးပုံနှစ်ပုံ ခုနစ်သန်းခွဲကျော်ဟာ အရိယာတွေချည်းပဲလို့ ဆိုတယ်။

သူတို့ အပါယ်တံခါးပိတ်ကုန်ကြပြီ။ ဒီလောက်သန်းချီတဲ့လူတွေ
အရိယာဖြစ်တယ်ဆိုလို့  ဘုန်းကြီးဝတ်၊ မယ်သီလ၀တ်ပြီး
ကျင့်ခဲ့တာလို့ မထင်ပါနဲ့ ၊ သူတို့ လည်း ခင်ဗျားတို့ လိုပဲ
အိမ်ထောင်သားမွေးရင်းက ဘုရားစကားအဆုံးအမကို
ရိုရိုသေသေ တိတိကျကျ လိုက်နာကျင့်သုံးကြလို့ 
အရိယာတွေ ဖြစ်ကုန်တာပါ။ ၀ိသာခါကြီး ခုနှစ်နှစ် သမီးနဲ့ 
သောတာပန်တည်ခဲ့တာပါပဲ၊ ကြီးတော့  အိမ်ထောင်မပြုဘူးလား၊
ပြုလိုက်တာမှ မွေးလိုက်တဲ့ကလေးတွေ မြေးတွေတစ်သီကြီး။
ဒါပေမယ့် သူတို့ ရဲ့ ဘ၀နေနည်းက အာရုံ ခံစားမှုတွေနောက်
ကောက်ကောက်ပါလိုက်ပြီး မေ့မေ့မျောမျောကြီးနဲ့ နေတာ မဟုတ်ဘူး။
လောဘ ဒေါသ နဲ နေတာ မဟုတ်ဘူး။ တရားနဲ့ နေတာ၊
အပ္ပမာဒဆိုတဲ့ သတိ နဲ့  နေ
တာ။
နံနက်မှာ ဆွမ်း၊ ညနေမှာ ဆီမီး ပန်းနဲ့  ရေချမ်း သာဝတ္ထိတို့ ရဲ့ ဒါနခန်း။
အသွားတစ်ဖြာ အလာတစ်ခန်း သတိတန်းလန်း သာဝတ္ထိနေတို့ ရဲ့  ခြေချလမ်း။
အဲဒီလို ဘာလုပ်လုပ် လောကီပေါ်တွင် သတိတင်လျက်က တစ်ခါတည်း နှစ်လုပ်ပြီးစေတဲ့
ဘ၀နေနည်းနဲ့  နေခဲ့ကြတော့ အတ္တလည်းမကြီးသာ၊ မာနလည်း မကြီးသာ၊
ကိလေသာလည်း မ၀င်သာတော့ဘူး။
ဟော နံနက်လင်းတာနဲ့  ဆွမ်းအုပ်ကိုယ်စီရွက်ပြီး ဘုရားရှင်နဲ့ အရိယာအရှင်သခင်ကြီးတွေ
သီတင်းသုံးရာ ဇေတ၀န်ရွှေကျောင်းတော်ကြီးကိ
ု ဆွမ်းပို့ သွားကြပါတယ်။
ဒီလိုသွားရာမှာလည်း သွားသွားမှန်းသိ၊ ဘယ်ညာဖ၀ါး ဘယ်လိုသွားနေတယ်ဆိုတာ သိကြတယ်။
ကျောင်းရောက်တော့လည်း သတိမပြတ် မှတ်လျက်ကသာနေကြသတဲ့။
ဆွမ်းကပ်ပြန်တော့လည်း သတိမပြတ် မှတ်လျက်ကသာ နေကြသတဲ့။
ကိုယ့်အိမ်ကို ပြန်ရောက်လို့  အိမ်မှုကိစ္စလုပ်ကြတော့လည်း ရှုမှတ်မှု သတိကလေး
အမြဲကပ်ပါနေတယ်။ ဒီလိုနဲ့  တစ်နေ့ လုံး ဘာလုပ်လုပ် တရားနဲ့ သတိနဲ့ 
လုပ်နေတော့တာ၊ ဟော ညနေချမ်းရောက်လာပြန်တော့လည်း ဘုရားရှင်နှင့်
အရိယာအရှင်သခင်ကြီးများ သီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်ကိုလာပြီး..
တချို့ က သောက်ရေ၊ သုံးရေ ထမ်းလျက်က။ တချို့ က ချိုးရေ ၊ ခြေဆေးရေ
ရွက်လျက်က။ လက်တစ်ဖက်မှာတော့ ဆီမီး၊ နံ့ သာတိုင်တွေ ကိုင်လို့ ၊ လက်တစ်ဖက်မှာ
အမွှေးနံ့ သာနဲ့ ပန်းတွေကိုင်လို့  သွားကြ လှူကြ လုပ်နေကြတယ်တဲ့ ။
ဒါန ကုသိုလ် ဝေယျာဝစ္စ ကုသိုလ်တွေကို သတိနဲ့ အတူ ယူကြပြန်ရော။
အဲ့ဒီမှာ ပြောရဦးမှာပေါ့ဗျာ။
ပန်း ဆီမီး နံ့ သာတွေ ဘာ့ကြောင့် လှူတယ်ဆိုတာ
ဘုရားရှင်နဲ့  အရိယာအရှင်သခင်ကြီးတွေ ပန်းကြိုက်လို့ 
အမွှေးနံ့ သာ ကြိုက်လို့ မှ မဟုတ်ဘဲ။
ကြိုက်စိတ် မကြိုက်စိတ်တွေ ပယ်ထားပြီးပြီပဲ၊
ဒါ့ဖြင့် ဘာ့ကြောင့် ပန်း ဆီမီး နံ့ သာတွေ ကပ်လှူရသလဲ ဆိုတော့
- ပန်းကား ဘုရားနှင့် မိမိတို့ အကြား ကာခြားထားရန်
- ဆီမီးကား ဘုရားရှင်၏ အသရေတော် ဖူးမြော်ရန်
- နံ့ သာတိုင်ကား မိမိတို့  ကိုယ်ညစ်အနံ့ ဘုရားထံ မပျံ့ နှံ့ ရန်
ဒီလို ရယ်ရွယ်ချက်ကောင်းနဲ့  ကပ်လှူကြတာပါ။
ဒီလိုနဲ့  ဘုရားဖူး၊ တရားနာ၊ တရားလျှောက်လုပ်ကြပြီး အိမ်ပြန်ရောက်လို့ 
အိပ်ကြတော့လည်း အမှတ်သတိကလေးနဲ့  အိပ်ကြသတဲ့ ဗျ။
ဒီတော့ သာဝတ္ထိပြည်သူပြည်သားတွေရဲ့ တစ်နေ့ တာဆိုတာ အမှတ်သတိ
ရှိနေခြင်းရဲ့ တစ်နေ့ တာ။ ဒါ တစ်ရက်တည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊
တစ်သက်လုံး ဒီလိုနေသွားကြတာပါ။
ဒါကြောင့် သာဝတ္ထိ ပြည်သူပြည်သား အများစုဟာ သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်နဲ့  ဘုရားရှင်မြင်တွေ့ လိုတဲ့ 
သာသနာတော်တွင်းသားများအဖြစ်နဲ့  နေပြခဲ့ကြတယ်။
ဘုရားစကား နားထောင်လိုက်နာတဲ့ သာဝတ္ထိမှာ ဘုရားရှင်
အကြာဆုံးဝါကပ်တော်မူတာ ဒါကြောင့်ပေကိုး။
သြော် တိုင်ပြည်တစ်ပြည်၏ သုံးပုံနှစ်ပုံသော လူဦးရေများဟာ
အရိယာတွေချည်းပဲ ဖြစ်ခဲ့ပေရာ ရာဇ၀င်မှာ လွမ်းတသသ
ကြည်ညိုစရာ အကောင်းဆုံး သာဝတ္ထိရွှေပြည်ပါတကား။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သုဝဏ္ဏသျှမ်တောင်သြ၀ါဒ)

No comments:

Post a Comment